Wednesday, November 27, 2013

ဗုဒ္ဓဘုရားရှင် မွေးဖွားရာ နေရာ အစစ်အမှန်ကို ရှာဖွေတွေ့ရှိ

 
ခတ္တမန္ဒူ နိုဝင်ဘာ ၂၆
မြတ်စွာဘုရားရှင်၏ ဖွားမြင်ရာနေရာ အစစ်အမှန်ကို သုတေသီများက ရှာဖွေတူးဖော် တွေ့ရှိ ခဲ့ပြီးနောက် မြတ်စွာ ဘုရားရှင်သည် သမိုင်းပညာရှင်များ ခန့်မှန်းထားသည်ထက် အနည်းဆုံး ရာစုနှစ် တစ်စုပိုမိုစောစွာ မွေးဖွားသန့်စင် ခဲ့ဖွယ်ရှိကြောင်း သိရသည်။

အမဲသားဈေး နှစ် ၄၀အတွင်း စံချိန်တင်မြင့်တက်

အိမ်ရှင်မများ နှစ်သက်စွာ ချက်ပြုတ်လေ့ရှိသည့် အမဲသားသည် နှစ်ပေါင်း နှစ်ပေါင်း ၄၀အတွင်း စံချိန်တင်ဈေးအဖြစ် တစ်ပိသာကို ၉၀၀၀ ကျပ်အထိ... ဖြစ်လာပြီး ဆက်လက်ဈေးတက်ရန် ရှိနေကြာင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
တစ်ရက်အတွင်း ပိသာ တစ်ရာကို ကျပ် သုံးသောင်းအထိ ခုန်တက်ခဲ့ကြောင်း လက်ရှိ အရိုးအသား ပိသာ ၁၀၀ကို၄၉၀၀၀၀ ကျပ်ရှိနေပြီး လက်လီဈေး တစ်ပိသာ ၅၀၀၀ ကျပ်မှ တစ်ပတ်ခန့်အတွင်း ၉၀၀၀ ကျပ်ဖြစ်သွားကြောင်း သမိုင်းဈေးမှ အမဲသားဆိတ်သားရောင်းသူ ဦးမောင်ရွှေကပြောကြားသည်။

ဝိုင်ယာကြိုးကိုဖောက်၍ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသူ ဓာတ်လိုက်သေဆုံး

လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ်ဝိုင်ယာကြိုးကိုဖောက်ကာ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)အတွင်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၂၄ ရက် ကအမျိုးသားတစ်ဦး လျှပ်စစ်မီးသွယ်ရန် အလုပ်သမားတန်းလျားသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ် ၀ိုင်ယာကြိုးကြီးတစ်ကြိုးကို ဖောက်နေစဉ် ဓာတ်လိုက်သေဆုံး သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်
Wednesday, November 27, 2013

Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ထားထက်ထက်က သူ့ဖေ့စ်မှာ အခုလို အသိပေးရေးထားပါတယ်။ 

မင်္ဂလာပါရှင်....မနက်ဖြန် ၂၇ ရက်နေ့မှာ ထားထက်ထက် Miss Grand International မှရရှိလာခဲ့သော ဆုကြေးငွေများထဲမှ တကယ်ကို ဆင်းရဲနွမ်းပါးသော မိဘမဲ့ကလေးငယ်လေးများဆီကို သွားရောက် လှူဒါန်း ရန် ရှိပါတယ်ရှင်....

မဟာသိပံ္ပဘုန်းကြီးကျောင်း အာနန္ဒာဘုရားအနီးမှာရှိတဲ့ မိဘမဲ့ကလေးများဟာ ဆိုရင် ကျောင်းထိုင် ဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့အတွက် ကလေးတွေက ကိုယ့်ဟာကိုယ် ရှာကြံစားသောက်နေရတယ် လို့သိရပါတယ်....

နောက်တစ်နေရာကတော့ မြောက်ဒဂုံမှာရှိတဲ့ ချင်း မိဘမဲ့ဂေဟာပါ...ချင်း မိဘမဲ့ဂေဟာဟာလဲ အစား အသောက်ကအစလိုအပ်နေပြီး အလှူရှင် အရမ်းကို နည်းပါးနေတဲ့နေရာတွေဖြစ်ပါတယ်ရှင်....

ထားထက်ထက်နဲ့ အတူတူ အလှူပါဝင်ချင်သူများရှိရင် 0973038207 ကိုဆက်သွယ်ပေးပြီး ပါဝင် လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေရှင်..... လို့ ထားထက်ထက်က နှိုးဆော် တိုက်တွန်းထားပါတယ်။ 

ထားထက်ထက်နဲ့ ကုသိုလ် အတူပါဝင်ချင်သူတွေ ဆက်သွယ်လို့ ရပြီပေါ့နော်။ 


The Best National Costume Top 10 ပါဝင်ခဲ့တဲ့ ချင်းမိုင်မှာ ယှဉ်ပြိုင်ခဲ့စဉ်က ထားထက်ထက်၊ 
ဓာတ်ပုံ- လင်းသန့်
အိမ့်သံစဉ် 
ဧရာဝတီ
Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ငါးလောင်းပြိုင်လူသတ်မှု ယခင်စစ်အစိုးရ တာဝန်ရှိသူများနှင့် ပတ်သက် ဆက်နွှယ်မှုများ မတွေ့ရဟု ဒုဝန်ကြီးပြောကြား

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ ဆက်လက် စစ်ဆေးနေသော ငါးလောင်းပြိုင် လူသတ်မှုမှ ရရှိထားသည့် သက် သေအထောက်အထား သဲလွန်စ များမှာ ယခင်စစ်အစိုးရမှ တာ ဝန်ရှိသူများနှင့် ပတ်သက် ဆက် နွှယ်မှုများ မတွေ့ရကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ထုတ်ဖော်ပြောကြားလိုက်သည်။ နေပြည်တော်ရှိ Myanmar International Convention Center တွင် နိုဝင်ဘာ ၂၅ရက်က ဆူဇူကီးကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် မြန်မာ အစိုးရ သို့ ဆူဇူကီး ရဲတပ်ဖွဲ့ သုံး ဆိုင်ကယ်များ ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုကို ယခုကဲ့သို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ အကူအညီ ပေးသူများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ရှိနေဟုဆို

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက် ရှိနေ သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပ သမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ အရည်အချင်းကန့်သတ်ချက် မပြင်ရန် ဧရာဝတီတိုင်း ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ ဆုံးဖြတ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သမ္မတအရည်အချင်း ကန့်သတ်ချက်ကို မပြင်ရန် ဧရာဝတီတိုင်း လွှတ်တော်တွင် တိုင်းအမတ် ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ က ဆုံးဖြတ်လိုက်သည်ဟု ကော်မတီဝင်များက နိုဝင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြို့နယ်ဖွံ့ဖြိုးရေး အသုံးပြုမည့်ငွေ နွမ်းပါးရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်မည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ကျပ်သိန်း ၁,၀၀၀ ကို သင်္ဃန်းကျွန်းမြို့နယ်တွင် နွမ်းပါးရပ်ကွက်များ၏ လိုအပ်ချက်ကိုကြည့်၍ ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

မြို့နယ်ဖွံ့ဖြိုးရေး အသုံးပြုမည့်ငွေ နွမ်းပါးရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်မည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ကျပ်သိန်း ၁,၀၀၀ ကို သင်္ဃန်းကျွန်းမြို့နယ်တွင် နွမ်းပါးရပ်ကွက်များ၏ လိုအပ်ချက်ကိုကြည့်၍ ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ် သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား



Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network
သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ် ယူခြင်း သည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီ က ပြောကြား လိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူ ရန် ဆွေးနွေးနေကြောင်း ဖော်ပြ ခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဖွဲ့စည်းပုံနှင့် ၀ှိုက်ကတ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်နေကြောင်း သိရသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဗဟိုအလုပ် အမှုဆောင်များဖြစ်သည့် ဦးလှမြင့်၊ ဦးကျော်ထွန်းအောင်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး၊ ၀ှိုက်ကတ်ဆိုသည်မှာ ဥပဒေနှင့်ညီမညီ၊ ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရခိုင်လူမျိုးများနိုင်ငံရေးတွင် ပါဝင်သင့်သည့် အကြောင်းများ စသည်တို့ကို ရခိုင်ပြည်နယ်မြို့နယ် ငါးမြို့နယ်တွင် လိုက်လံဟောပြောနေခြင်း ဖြစ်သည်။

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၁၀၀ နီးပါးကို စတင် အရေးယူထားပြီ ဖြစ်တဲ့အကြောင်း အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။

Tuesday, November 26, 2013

၁၀၀၀ ကျပ်တန် ငွေစက္ကူအတု သုံးစွဲသူနှင့် ထုတ်လုပ်သူကို အမှုဖွင့်

မြန်မာနိုင်ငံတွင် ငွေကြေးတန်ဖိုး တတိယ အမြင့်ဆုံးဖြစ်သော ကျပ်တစ်ထောင်တန် ငွေစက္ကူများကို အတုလုပ်၍ ဈေးဆိုင်များတွင် ဝယ်ယူသူ အပါအဝင် လက်ဝယ်တွေ့သူ နှစ်ဦးနှင့် ငွေစက္ကူ ထုတ်လုပ် ဖြန့်ဝေသူ သုံးဦးတို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သန်လျင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်နေ့ စတင်အသုံးပြုခွင့်ရမည်

ဘုရင့်နောင်ခုံးကျော် နှစ်ထပ်တံတားကို နိုဝင်ဘာလ ၂၄ ရက်နေ့က မော်တော်ယာဉ် များ ဖြတ် သန်းခွင့် ပြုလိုက်ပြီးနောက် ရွှေဂုံတိုင် ခုံးကျော်တံတားကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှစ၍ မော်တော်ယာဉ်များကို စတင်အသုံးပြု ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တံတား ဆောက်လုပ်သည့် Capital Development Co.,Ltd. ၏ စီမံကိန်း ဒါရိုက်တာ ဦးအေးသော် က ပြောကြားသည်။

အမျိုးသားတွေ အတွက် အရေးကြီးဆုံးက ဘာလဲ သင်သိပါသလား

အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....
ဗီတာမင်စီ

လက်ဖက်ထုပ်ထဲက စိတ်ကြွဆေးတွေထွက်လာ



အဖမ်းခံရတဲ့မြန်မာနှစ်ဦး၊ သက်သေခံပစ္စည်းတို့ကို  မဲဆောက်ရဲစခန်းမှာ အခုလို တွေ့ရပါတယ် (ဓာတ်ပုံများ -မန်းမျိုးမြင့်)
စနေ့နေ့က နယ်စပ်မြို့မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားနှစ်ဦးထံကနေ စိတ်ကြွဆေး အလုံးရေ ငါးသောင်းကျော်  ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ကိုကို (၂၁)နှစ်နဲ့အောင်ထွန်းလေး(၂၅)နှစ်တို့ကို မဲဆောက်က အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတာလို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ သတင်းစာ ရှင်းလင်းပွဲပြု လုပ်ခဲ့ပါတယ်။

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ



အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။
(၁)ဂျုံမှုန့်အကြမ်း

ဆီးဂိမ်းမှစတင်ကာ ရဲတပ်ဖွဲ့သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ်များ အသုံးပြုမည်

မကြာမီကျင်းပမည့် ဆီးဂိမ်းပွဲနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လုံခြုံရေးယာဉ်တန်း၌ ရဲတပ်ဖွဲ့ သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ ကို အဓိကထား အသုံးပြုသွားမည်ဖြစ်သည်ဟု နိုဝင်ဘာ ၂၅ ရက်က နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးကြီးကျော်ထွေးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်များသည် ဆူဇူကီးကုမ္ပဏီမှ ထုတ်လုပ်သည့် DL650CC အမျိုး အစားဖြစ်ပြီး ထိုနေ့က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ဆူဇူကီးကုမ္ပဏီမှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်
Tuesday, November 26, 2013

အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာကိစ္စစီစဉ်နေ
မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။

အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်
အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

ချစ်သူသက်တမ်း
ချစ်သူသက်တမ်းက နှစ်နှစ်ရှိ ပြီ။ ကိုယ် က ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကိုယ့်အပေါ်မှာ သူက တကယ်လည်းချစ်တယ်။ နားလည်ပေးနိုင်တယ်။ သည်းခံေ ပးနိုင် တယ်။ ကိုယ်နဲ့ကအသက်ကသိပ်မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်ကရင့်ကျက်တယ်။ 

ကိုယ့်ထက်လည်းတွေးခေါ်နိုင်တယ်။ယောက်ျားလေးတစ်ယောက် အနေ နဲ့ အရည် အချင်းရှိတယ်။ ကိုယ့်ပေါ်မှာလည်း ညီမ တစ်ယောက်လိုမျိုး ညှာတာတယ်။ သူငယ် ချင်းတစ်ယောက်လိုမျိုးလည်းပေါင်းလို့ရတယ်။ တိုင်ပင်လို့ရတယ်။ ဘာပဲဖြစ်ြ ဖစ် ကံ ကောင်းတယ်လို့ ပြောရမှာပေါ့။တကယ် တမ်းဆိုသူက တအား သဝန်တိုတတ်တဲ့သူ။ ဒါပေမဲ့ ကိုယ် က မင်းသမီး တစ် ယောက် ဖြစ်တဲ့ အတွက် သူ့စိတ်ကို အကုန် လုံးလိုက်ပြီးတော့ လျှော့ပေးတယ်။ နားလည်ပေးနိုင်တယ်။ ကိုယ် ကို့ တန်ဖိုးထားတယ်။ နောက်ပြီးနှစ် ယောက် စလုံးက အတွေးအခေါ်ချင်းနီးစပ်တယ်။ ဘဝ ကို ဖြတ် သန်းချင်တဲ့ ပုံစံချင်းလည်း တူတယ် ဆိုတာ့လက်တွဲရတာစိတ်ချမ်းသာတယ်။ ကိုယ် က ဆယ်ကျော်သက်လည်း မဟုတ်တဲ့ အခါကျ တော့ ချစ်တာကတော့ အရင် ချစ်တယ်။ ချစ်တဲ့နောက်ပိုင်းမှာ ကိုယ်သူ့ကို လက်တွဲနိုင် မလားဆိုပြီး ဦးနှောက်က ပါလာတယ်။ ကိုယ့် ကိုလည်း နားလည်ပေးနိုင်တော့ လက်တွဲဖို့ကို ဆုံးဖြတ်ချက်ချလို့ရသွားတယ်။ သက်မွန်အိမ် ထောင်ပြုပြီးသွားရင်လည်း သူက ကိုယ် ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဘယ်အချိန် ထိ ဖြစ်ဖြစ်ပေးလုပ်ပါတယ်။ ဒါပေမဲ့ မလုပ် ချင်တော့ဘူးဆိုရင်လည်း ကိုယ့်သဘောပဲ။ သူ့ ဘက်ကတော့ တစ်ဖက် လူရဲ့ ဆန္ဒကို တား ချင်တဲ့ စိတ်မရှိဘူး။ ဘာလုပ်ချင်လဲ။ ကိုယ်လုပ် ချင်တဲ့ အပေါ်မှာ သူဖြည့်ဆည်းပံ့ပိုးပေး မယ်ဆိုတဲ့ စိတ်ပဲ သူ့မှာရှိပါတယ်။

မင်္ဂလာပွဲအစီအစဉ်
၂ဝ၁၄ခုနှစ်ထဲမှာတော့ မင်္ဂလာ ကိစ္စကို မှန်းထားတယ်။ ဒါပေမဲ့ နည်းနည်းကပ်သွား တော့လိုက်ပြီးစီစဉ်နေရတာတွေရှိနေတယ်။ အနီးကပ်ရင်တော့ပရိသတ်တွေကို အသိ ပေးမှာပါ။စီစဉ်လို့အဆင် ပြေရင် တော့ဖြစ်သွားမှာပေါ့။ ၂ဝ၁၄ ထဲမှာပဲ စီစဉ်ဖြစ်မှာပါ။
စိတ်ချမ်းသာမှုနဲ့အတူ  ဘဝတစ်ခု  တည်ဆောက်ချင်
အရပ်အမောင်း အနေနဲ့ လိုက်ဖက်မှု ရှိတယ်လို့ ပြောကြပါ တယ်။ အဓိကက တော့ စိတ်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တယ်ဆိုရင် တောင်မှ စိတ် ချင်းအဆင် မပြေရင်မဖြစ်ဘူးလေ။ ကိုယ့် အနေနဲ့ စိတ်မချမ်းသာတဲ့ အလုပ်မျိုးမလုပ်ချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အနု ပညာသမားတစ်ယောက်ဖြစ် တဲ့ အတွက် ခံစား လွယ်တယ်။ စိတ်ရော၊ လူရော ဒီအလုပ်ကို လုပ်ရတဲ့အချိန်မှာတအားပင်ပန်း နေပြီဆိုတော့ဘဝတစ်ခုတည် ဆောက်တဲ့အခါမှာ စိတ်ချမ်းချမ်း သာသာလေးပဲ နေချင်တော့ တယ်။

အိမ်ထောင်ဖက်ကို ရွေးချယ်
သူကအိမ်တွေဒီဇိုင်းဆွဲတဲ့ ဗိသုကာ၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တစ် ယောက်ပါ။ သက်မွန်တို့အိမ်ဆောက် မယ်ဆိုတော့ သူ့ဆီမှာအိမ်ဒီဇိုင်းတွေ သွား အပ်ရင်း နဲ့စပြီး တွေ့သွားတာပါ။ အစက တော့တအားခင်ဖြစ်တယ်။သူ့ကို အဖြေ ပေးဖို့စဉ်းစားတုန်းကအကြာကြီး တော့ မဟုတ်ပါဘူး။ သူပရိုပို့စ်လုပ် တော့ကိုယ်လည်း သူ့ကိုမြင် တဲ့ အချိန် ကတည်းကစိတ်ဝင်စားတယ်။  နှစ် ယောက်စလုံးက ကိုယ့်ဘဝကို ကိုယ် တည်ဆောက်ပြီး ရုန်းကန်လာရတဲ့ ဘဝသမားတွေဖြစ်တဲ့အတွက် တစ် ယောက်ကိုတစ်ယောက်နားလည်မှုတွေလည်း အများကြီးရှိပါတယ်။

လွင်လွင်ထွန်း
Popular Journal
အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲ ဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာ ပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ ဆန္ဒနဲ့ အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ ဒီမိုကရေစီ စစ်မှန်သည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် UNFC ပြောကြား


နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ စစ်မှန်သည့် ဒီမိုကရေစီဟု ယုံကြည်ကြောင်း အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် လိုအပ်ကြောင်း လည်း နိုင်ဟံသာက ဆက်လက် ပြောကြားသည်။

ကရင်ပြည်နယ်တွင် ရော်ဘာခြံပိုင်ရှင်နှင့် သားသမီးသုံးဦး မီးလောင်သေဆုံးမှု ဖြစ်စဉ်အား စစ်ဆေးရာ ဓားဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲစစ်ဆေး

ကရင်ပြည်နယ် သံတောင်မြို့နယ်၊ လိပ်သို မြို့နယ်ခွဲ ကျေးရွာတစ်ရွာရှိ ရော်ဘာခြံ တစ်ခြံအတွင်း ရော်ဘာခြံ ပိုင်ရှင်နှင့် သားသမီး သုံးဦးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေမှုကို စစ်ဆေးရာ ဓားဒဏ်ရာ များ တွေ့ရှိ ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲ စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ၀င်းစိန်က နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားသည်။

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး

=====================

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုးခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။ နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင်ပါတယ်။

ဟိုးဟိုးကျော် အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုးခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ပရီးမီးယားလိဂ် သွင်းဂိုး(၄၀)ကျော် သွင်းယူနိုင်ခဲ့သည့် ကစားသမားများအား ပွဲကစားချိန် မိနစ်အလိုက် တွက်ချက်ခဲ့ရာတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီမှာ ၂၁၃၁၃မိနစ်ကြာ ကစားခဲ့ရာ၌ ၁၇၅ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဂိုးသွင်းရန် (၁၂၁.၈)မိနစ်ကြာမြင့်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းမှာ ၁၂၁၇၈မိနစ်တွင် (၉၅)ဂိုး ရရှိခဲ့ခြင်းကြောင့် (၁၂၈.၂)မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်ခဲ့ကာ (၁၁၉.၅)မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမား(၁၀)ဦး

၁။ ။ အဂူရို (၄၅)ဂိုး (၅၃၇၉)မိနစ် (၁၁၉.၅)

၂။ ။ ဟင်နရီ (၁၇၅)ဂိုး (၂၁၃၁၃)မိနစ် (၁၂၁.၈)

၃။ ။ နစ္စတယ်ရွိုင်း(၉၅)ဂိုး (၁၂၁၇၈)မိနစ် (၁၂၈.၂)

၎။ ။ ဗန်ပါစီ (၁၂၉)ဂိုး (၁၇၂၃၉)မိနစ် (၁၃၃.၆)

၅။ ။ စတာရစ်(၄၅)ဂိုး (၆၅၁၈)မိနစ် (၁၄၄.၈)

၆။ ။ အလန်ရှီးယား (၂၆၀)ဂိုး (၃၈၁၈၃)မိနစ် (၁၄၆.၉)

၇။ ။ ဆိုးလ်ရှား (၉၁)ဂိုး (၁၃၉၂၆)မိနစ် (၁၅၃)

၈။ ။ အိုဝင် (၁၅၀)ဂိုး (၂၃၀၃၃)မိနစ် (၁၅၃.၆)

၉။ ။ ဆွာရက်ဇ်(၄၇)ဂိုး (၇၂၄၂)မိနစ် (၁၅၄.၁)

၁၀။ ။ အီယန်ရိုက် (၁၁၃)ဂိုး (၁၇၇၈၁)မိနစ် (၁၅၇.၄)

http://yoyarlay.com/sport/football/38908-2013-11-25-18-04-42
ဇော်ထွန်း(ရိုးရာလေး)
စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ၀င်ရောက်စီးနင်း

အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို စီးထားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဘန်ကောက် မြို့တော်မှာ ဘဏ္ဍာရေး ဝန်ကြီးရုံးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra အစိုရပြုတ်ကျအောင် တဆင့်တိုးပြီး ကြိုးစားတဲ့အနေနဲ့ တခြားဒါဇင်နဲ့ချီတဲ့ အစိုးရအဆောက်အဦးတွေကိုပါ ဆက်ပြီးသိမ်းပိုက် မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်နေပါတယ်။

Monday, November 25, 2013

ဧရာဝတီတိုင်း အစိုးရ လာမည့် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း တွင် ပြည်သူ့အကျိုးပြုလုပ်ငန်း နည်းပါးဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြလာသော ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားငွေ စာရင်းတွင် ပြည်သူလူထု အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ နည်းပါးပြီး အုပ်ချုပ်မှုစရိတ် များနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင် က ပြောကြားသည်။

မောင်တော စည်ပင်ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ဗလီမီးလောင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့မ စည်ပင်သာယာဈေးနှင့် မောင်တော-ဘူးသီးတောင် ကားလမ်းဘေး ရှိ ဗလီဟောင်းတစ်လုံး နိုဝင်ဘာလ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ် သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။