Saturday, March 15, 2014

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ
==== === ==== ===

ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

မတ်လ ၈ ရက်နေ့က မလေးရှားစစ်ဘက်သုံး ရေဒါတစ်ခုမှ ဖမ်းယူရရှိခဲ့သော အတည်မပြုနိုင်သည့် လေယဉ်တစ်စင်းသည် မလေးရှားကျွန်းဆွယ်အနောက်ဘက်ပိုင်းမှတစ်ဆင့် ပျံသန်းခဲ့သည်ဟု ဆိုသည်။ 

ခန့်မှန်းလမ်းကြောင်းအရ လေယာဉ်ကိုထိန်းချုပ်ထားသူက မလေးရှားနိုင်ငံ၏ အနောက်မြောက်စွန်းစွန်း ကုန်းတွင်းပိုင်းဖြစ်သည့် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံသို့ ၀င်ရောက်နိုင်သည့်လမ်းကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ အနောက်မြောက်ဘက်စွန်းစွန်း တောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဟူသည့် လမ်းကြောင်းနှစ်မျိုးဖြင့် မောင်းနှင့်ခဲ့ဖွယ်ရှိသည်ဟု ယနေ့ရရှိလာသော ဂြိုလ်တု သတင်းအချက်အလက်များ၏ အကိုးအကားဖြင့် သိရသည်။ 

“အသစ်ထပ်မံရရှိလာသော သတင်းအချက်အလက်များအရ လက်ရှိအချိန်တွင် လေယာဉ်၏ တည်နေရာအတိအကျကို ဖော်ပြနိုင်ခြင်းမရှိသေးပေမယ့် ရှာဖွေရေးအစီအစဉ်များအတွက် အလွန်အထောက်အကူဖြစ်လာခဲ့ပါတယ်”ဟု ၀န်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့သည်။

အောင်ဟိန်းခိုင်
ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

အောက်ပိုင်းသေသွားသော ရည်းစားဖြစ်သူကို သုံးနှစ်ကျော် စောင့်ရှောက် ခဲ့သည့် မိန်းကလေး မိဘများ၏ ဖိအားပေးမှုနှင့်ကြုံခဲ့ရ

မြန်မာ့သားကောင်း's photo.
၂၃နှစ်အရွယ် ယန်နာဆိုတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားအောက်ပိုင်းသေ သွားတာကြောင့် Suzhou မြို့က သူ့အလုပ်ကိုစွန့်ပြီး မွေးရပ်မြို့ Qionglai ကိုပြန်လာခဲ့ပါတယ်။

ရည်းစားကို ပြုစုမယ့်သူမရဲအစီအစဉ်ကို သဘောမကျတဲ့ သူ့မိဘတွေကတော့ ခေါင်းမာနေတဲ့ သူမနဲ့ သဘောတူညီလုပ်ခဲ့ပါတယ်။ သုံးနှစ်ပြည့်လို့မှ သူ့ရည်းစားကောင်လေး ယန်ဟွန်ဘိုသာ လမ်းပြန် မလျှောက်နိုင်ဘူး ဆိုရင်တော့ မိဘအိမ်ကိုပြန်လာခဲ့ဖို့ပါ။

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော

Photo: ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော 

March 15, 2014

ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။

ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ သမုဒ္ဒရာထဲမှာရှိနေတယ်ဆိုတဲ့ အရိပ်လက္ခဏာ တွေ ရထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အမေရိကန် ရုပ်သံလွှင့်ဌာနတွေကို ပြောနေတာပါ။

သူ့အဆိုအားဖြင့် သတင်းအချက်အလက်အသစ်တွေ ရလာတာကြောင့် လေယာဉ်ပျောက် ရှာဖွေရေးကို အိန္ဒိယသမုဒ္ဒရာမှာ အမေရိကန်က တိုးချဲ့လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ဂျေး ကာရ်နီ (Jay Carney) ကပြောပါတယ်။
အသေးစိတ်ကိုတော့ သူကမပြောပါဘူး။

အိန္ဒိယသမုဒ္ဒရာအထိ ရှာဖွေရေးလုပ်ငန်းကို တိုးချဲ့ဖို့ အတိအကျပြောမထားတဲ့ အခြေအနေတွေက တွန်းပို့ခဲ့တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်န် ဟူစိန် (Hishammuddin Hussein) က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ထဲက ဝေးလံခေါင်သီတဲ့နေရာမှာလည်း တိုးချဲ့ရှာဖွေနေတယ်လို့ သူကပြောပါတယ်။

ကပ္ပလီကျွန်းနဲ့ နီကိုဘာကျွန်းတွေပေါ်ကနေပြီးတော့ အိန္ဒိယစစ်ဘက်လေယာဉ်တွေက ရှာဖွေနေပါတယ်။ အဲဒီဒေသဟာ အများ အားဖြင့် လူမနေတဲ့၊ သစ်တောထူထပ်တဲ့ ကျွန်းပေါင်း ၅၀၀ ကျော်ရှိတဲ့နေရာပါ။ အိန္ဒိယသမုဒ္ဒရာတွင်း ရှာဖွေရေးလုပ်ငန်းမှာ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါ တယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။

ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ

EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး

Photo: EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး 

March 15, 2014

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး  Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။  သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို  နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း  အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို  တွေ့ဆုံမှာဖြစ်သလို  အတိုက်အခံခေါင်းဆောင်  NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီး ဦးကံဇော်နဲ့ တွေ့ဆုံတဲ့အခါ အီးယူနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ အကာကွယ်ပေးနိုင်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။  ဒါဟာ အီးယူက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး မကြာသေးခင်ကမှ ကုန်သွယ်ရေးဆိုင်ရာ  မူဝါဒ ပြုပြင်ပြောင်းလဲလိုက်တဲ့နောက်ဆက်တွဲအဖြစ် မနှစ်က ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့  လက်နက်ကလွဲလို့  ကျန်ကုန်ပစ္စည်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်တာမို့ EBA ခေါ် ဥရောပ ဘဏ်အဖွဲ့ဆီက  အခွန်အတုပ်ဆိုင်ရာ အထူးခံစားခွင့်တွေ ရမှာဖြစ်ကြောင်း အီးယူက ထုတ်ပြန်တဲ့ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။  မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေနဲ့ ILO အလုပ်သမား အဖွဲ့ကြီးက ပြဌာန်းထားချက်တွေကို ချိုးဖေါက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ဒီခံစားခွင့်ကို ရပ်ဆိုင်းပစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အိုင်အယ်လ်အိုရဲ့ ထောက်ခံမှုနဲ့ မနှစ်က ဇူလိုင်လမှာ ကန့်သတ်မှုတွေ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။  

အီးယူနဲ့ မြန်မာကုန်သွယ်ရေးဟာ ၂၀၁၂ ခုနှစ်မှာ ယူရို သန်းလေးရာကျော်ရှိနေရာကနေ  ၂၀၁၃ မှာတော့ သန်းပေါင်း ၅၇၀ လောက်ဖြစ်လာ ပြီး ၄၁ ရာနှုံးတိုးခဲ့ပါတယ်။  မြန်မာက အီးယူကို ကုန်ပစ္စည်းတင်ပို့မှုဟာလည်း ၃၅ ရာနှုံး တိုးလာခဲ့တာပါ။   ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ဂေါ့ခ်ျဟာ မတ်လ ၁၇ ရက်မှာ သူ့ရဲ့ အာရှ ၄ ရက်ကြာခရီးစဉ်ကို စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံအပြင်  ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်မှာဖြစ်ပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို တွေ့ဆုံမှာဖြစ်သလို

မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု

Photo: မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု 

March 15, 2014

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့ တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရေးသားပြုစုခဲ့တာပါ။ အဲဒါကို သမ္မတရုံးကနေတဆင့် လွှတ်တော်ကို တင်ပြခဲ့ပြီးနောက်၊ အခု ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ အခု ဥပဒေအတိုင်း ဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် ဟာ ပို လွတ်လပ် လာသလို၊ လုပ်ပိုင်ခွင့်တွေလည်း ပိုရလာတယ်လို့ မြန်မာနို်င်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

" အရင်ကတော့ ကျနော်တို့က သမ္မတ ပေးတဲ့ Mandate နဲ့ပဲ ကျနော်တို့ ဆောင် ရွက်တာပေါ့ဗျာ။ အခုကတော့ ဒီဥပဒေ ဆိုတဲ့ အခါ ကျရင် ယခင် ပေးတဲ့ Mandate  ထက်ပိုပြီးတော့ အများကြီးပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် လာတယ်။ ပိုပြီးတော့ အသေးစိတ်ဖြစ်လာတယ်။ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ ပေးအပ်လာတယ်။

ဆိုပါတော့ ကျနော်တို့ ကွင်းဆင်းပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုံစမ်းစစ်ဆေးမယ်ဆိုလို့ရှိရင် ကျနော်တို့ သက်သေခံ ခေါ်ယူခြင်း၊ သက်သေခံ စာရွက်စာတမ်းများ တောင်းယူခြင်း၊ သက်သေခံပစ္စည်းများ ကြည့်ရှု့ခြင်း၊ ဆိုတာတွေကတော့ သက်သေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ကျနော်တို့က လုပ်ခွင့်တွေ  ပိုမို ရရှိလာပါမယ်။"

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်စရာမလိုတော့ပဲ၊ စုံစမ်းစစ်ဆေးနိုင်ခွင့်ပေးထားတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကျေနပ်အားရမှုရှိတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကန့်သတ်ချက်တွေကတော့ ရှိထားတုန်းပဲလို့ Equality Myanmar ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"စုံစမ်းစစ်ဆေးပိုင်ခွင့်၊ ဒါကတော့ သူတို့ရှိနေပါတယ်။ အာဆီယံ အစိုးရများ ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ထက်တောင် ပိုမိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ့နေရာတွေမှာ ကျနော်တို့ ဘာတွေ တွေ့ရလဲဆိုရင် တချို့နေရာတွေ မှာ ကန့်သတ်ချက်လေးတွေတော့ ရှိနေပါတယ်။ အထူးသဖြင့် ကျနော်တို့  တရားစီရင်နေတဲ့အမှုတွေ၊ စီရင်နေဆဲအမှုတွေမှာဆိုလို့ရှိရင် လူ့အခွင့်အရေးကော်မရှင် က ဒါကို ကိုင်တွယ်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးရှိတယ်။

နောက်တခါ အစိုးရဌာနတွေ စစ်ဆေးခွင့်ရှိပေမဲ့ တချို့သော လျှို့ဝှက်ချက်လို့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းမျိုးကိုတော့ စုံစမ်းခွင့်မရှိဘူး ဆိုတာ တွေ့နေရတယ်။ နောက်တခုက အကျဉ်းထောင်တွေမှာ သွားမယ်ဆိုရင် အသိပေးရမယ်ဆိုတဲ့ အရာမျိုးဖြစ်နေတော့ တခါတလေ အဖြစ်မှန်တွေ ထိန်ချန်နိုင်တာတွေ ဖြစ်တယ်။

ဒီ့ထက်ပိုပြီးတော့ တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေတော့ ကျနော်တို့ နည်းဥပဒေမှာ ပါလာနိုင်ရင်တော့ ပိုမို အားကောင်းလာပါလိမ့်မယ်ခင်ဗျ။"

လက်ရှိလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကိုတော့ သမ္မတကနေ တိုက်ရိုက် ခန့်အပ်ထားတာဖြစ်တာကြောင့်၊ နိုင်ငံတကာရော ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့တွေက သူ့ရဲ့လွတ်လပ်မှု အပေါ် ဝေဖန်ထောက်ပြ ခဲ့ကြတာရှိပါတယ်။ အခုတော့ သမ္မတခန့်အပ်တဲ့ပုံစံမဟုတ်တော့ပဲ၊ ဥပဒေအတိုင်း တည်ရှိမှာဖြစ်တာကြောင့် လူ့အခွင့်အရေးကော်မရှင်ဟာ ပိုပြီး အားကောင်းခိုင်လာလာမယ်လို့ ဦးစစ်မြိုင်က သုံးသပ်ပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မယ့် အခွင့်အလမ်းတွေလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်။

အခုလာမယ့် ကော်မရှင်သစ်ဖွဲ့ပြီးသည်အထိတော့လက်ရှိ ကော်မရှင်ဟောင်းတွေ လုပ်ငန်း တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်လို့ ဥပဒေကြမ်းမှာ အပိုဒ် တပိုဒ်ဖော်ပြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့် ပိုရှိလာတယ်ဆိုပေမယ့် အစီရင်ခံမှုပိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိပါ့မလားဆိုတာကိုတော့ ဦးအောင်မျိုးမင်းက စိုးရိမ်တာတွေ့ရပါတယ်။

"အစီရင်ခံမှု အပိုင်းမှာကတော့ ကျနော်တို့ ဥပဒေကြမ်းထဲမှာ ကျနော်တို့ ဘာတွေ တွေ့ရသလဲဆိုရင် သမ္မတနဲ့လွှတ်တော်ကို တင်ပြရမယ် ဆိုတဲ့ဟာမျိုးဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ တတွေက ဖြစ်စေချင်တာကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ ပြည်သူလူထုတွေရော ဒါတွေကို မဖြစ်မနေ တင်ပြတဲ့အရာမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ကျနော်တို့ ထောက်ပြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေလည်း လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အကြံပေးချက်တွေ ဒါတွေကို သိဖို့လိုအပ်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဘယ်ဟာတွေကို လူ့အခွင့်အရေး အခြေအနေအဖြစ် သုံးသပ်လဲဆိုတာ သိသင့်တဲ့အတွက် ဒါတွေကို ပြည်သူလူထု ကို ထုတ်ပြန်ပေးဖို့အတွက် ဒါကိုတော့ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်ဗျ။"

အခု ဒီဥပဒေကြမ်းအရဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ကို ရွေးချယ်ရေး ဘုတ်အဖွဲ့ကနေ ခန့်အပ်ရွေးချယ်ရမှာပါ။ အဲဒီ ရွေးချယ်ရေး ဘုတ်အဖွဲ့မှာတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ၀န်ထမ်းရွေးခြယ်ရေးဌာနက တာဝန်ရှိသူတွေ ပါဝင်သလိုပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဖက်က ကိုယ်စားလှယ်တွေလည်း ပါဝင်ဖို့လိုလိမ့်မယ်လို့ ဦးအောင်မျိုးမင်း က တောင်းဆိုထားပါတယ်။

အခု ဒီ ဥပဒေကြမ်းကို သမ္မတရုံးကနေ တင်ပြပြီး လွှတ်တော်က အတည်ပြုခဲ့တာကြောင့်၊ ပြင်ဆင်မှုအချို့ရှိကောင်းရှိနိုင်ပေမယ့် သမ္မတအနေနဲ့ မကြာခင် လက်မှတ်ထိုးပြီး ဥပဒေ အတည်ဖြစ်လာနိုင်မယ်လို့ ဦးစစ်မြိုင်က ယူဆပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
 မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့ တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ

ပြည်ပရောက် မြန်မာများ သန်းခေါင်စာရင်း အတွက် စိုးရိမ်မှုရှိ

Photo: ပြည်ပရောက် မြန်မာများ သန်းခေါင်စာရင်း အတွက် စိုးရိမ်မှုရှိ

March 15, 2014

မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။

“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT) မှ တာဝန်ခံ မဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန(လ၀က) ဒု ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ညိုကမူ သန်းခေါင်စာရင်း အတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာပြည် ပြန်လာရန် မလိုကြောင်း ဧရာဝတီ ကို ပြောပြသည်။

“ပြန်လာရင် လမ်းစရိတ်ကုန်မယ်၊ ပြန်သွားရင် အလုပ်ဆက်ရ မရ ဆိုတာလည်း မသေချာဘူး၊ သူတို့တွေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင် တယ်၊ မြန်မာပြည်မှာ ကျန်တဲ့မိသားစုတွေကို သန်းခေါင်စာရင်း လာကောက်ရင် သေချာ ပြောပြဖို့တော့ လိုတယ်”ဟု ဒေါ်ခင်ခင်ညိုက ပြောသည်။

သန်းခေါင်စာရင်း ကောက်သည့်အချိန်တွင် အိမ်ထောင်စုဝင်ထဲမှ နိုင်ငံခြားသို့ သွားရောက်သူများရှိပါက အမည်၊ အသက်၊ ကျား/မ၊ ထွက်ခွာသည့် ခုနစ်၊ ရောက်နေသည့် နိုင်ငံကို အတိအကျ ဖြေကြားပေးရန် လိုကြောင်းလည်း ၎င်းက ရှင်းပြသည်။

သို့သော် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများနှင့် မိသားစုများသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး သတင်း အချက် အလက် အပြည့်အစုံကို မသိရှိကြသဖြင့် မြန်မာပြည်သို့ ပြန်လာရန် ပြုလုပ်နေကြောင်း၊ နိုင်ငံခြားသို့ အိမ်ထောင်စုလိုက် သွားရောက် အလုပ်လုပ်နေသည့် အိမ်ထောင်စု တစုလျှင် တဦး မြန်မာပြည်သို့ ပြန်လာသင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“သန်းခေါင်စာရင်းနဲ့ ပြန်လာချင်လည်း ရသလို မပြန်ချင်လည်း ရတယ်လို့တော့ ပြောထားပါတယ်၊ ဒါပေမယ့် ရှမ်းတွေက မိသားစု လိုက် ထိုင်းနိုင်ငံကို ရောက်နေတော့ တအိမ်တယောက်တော့ ပြန်လာရင် ပိုကောင်းတယ်လို့ ပြောထားပါတယ်”ဟု ဦးစိုင်းသန်းမောင် က ဆိုသည်။

ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား ၁ သန်းကျော်ရှိပြီး မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၅ သိန်းခန့် ရှိကြောင်း၊ သန်းခေါင် စာရင်း ကောက်သည့်အချိန် ကျေးရွာတွင် လူဦးရေ နည်းနေမည်ဆိုပါက နောက်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက် သွယ် ရေး၊ အမျိုးသားရေး ကဏ္ဍများ၌ အစိုးရ ထောက်ပံ့ရေးအစီအစဉ်တွင် အခက်အခဲဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြော သည်။

မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနစ်တွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး ယခု နှစ်ပေါင်း ၃၀ ကျော် ကြာမှ ပြန်လည် ကောက်ယူခြင်း ဖြစ်သည်။

ဧရာဝတီ
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။

“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု

မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည်

Photo: မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည် 

March 15, 2014 

ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွက် ရန်ကုန်တစ်မြို့လုံးတွင် ရေကစားမဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ် အလတ် ၃၆ ခုခွင့်ပြုပေးမည်ဖြစ်ပြီး မဏ္ဍပ်အကြီးများအား ပြည်လမ်းတွင် လေးခု၊ ကမ္ဘာအေး စေတီလမ်းတွင် ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၆ ခု ၊ ဆရာစံလမ်းတွင် သုံးခုခွင့်ပြုမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ ခု၊ ပြည်လမ်းတွင် သုံးခုနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ၁၀ ခုအပါအ၀င် သင်္ကြန်မဏ္ဍပ် အရေအတွက် ၅၀ ကျော်သာ ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင်မူ မဏ္ဍပ်ဆောက်လုပ်ခွင့်များကို နှစ်ဆနီးပါးပိုမိုခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။ ရှေးယခင်နှစ်များက မဟာရန်ကုန် သင်္ကြန်တွင် မဏ္ဍပ်များဖြင့် စည်ကားခဲ့သော အင်းလျားလမ်းကိုမူ ယခုနှစ်တွင်လည်း မဏ္ဍပ်များဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း၊ အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍ မဏ္ဍပ်ဆောက်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအတွက် စည်းကမ်းချက်များကိုလည်း ပြီးခဲ့သည့် နှစ်များအတိုင်း ထုတ်ပြန်ထားပြီး ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သိရသည်။

မဏ္ဍပ်ဆောက်လုပ်မည် ဆိုပါက မဏ္ဍပ်အကြီး တစ်ခုလျှင် အာမခံ စပေါ်ငွေအဖြစ် ယခင်နှစ်က ပေးသွင်းခဲ့ရသည့် နှုန်းထားဖြစ်သော ကျပ် ၇၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး မဏ္ဍပ်အလတ် တစ်လုံးလျှင် ကျပ် ၄၅ သိန်းပေးသွင်း ထားရမည်ဟု မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားစွာ မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ်  အကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များမှာ ဒဏ်ကြေးငွေကျပ်သိန်း ၅၅  အထိ ပေးဆောင်ခဲ့ရမှုများပင်ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့် မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group
ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

Friday, March 14, 2014

ကင်တားနား ဂျနီဗာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Photo: ကင်တားနား ဂျနီဗာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
Friday, March 14, 2014

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ဟာ မြန်မာနိုင်ငံအတွက် သူ ၆ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့စဉ် လေ့လာသုံးသပ်ချက်တွေနဲ့ ပါတ်သက်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှာ သတင်းစာရှင်းလင်းပွဲ အခုပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စ၊
ရခိုင်ပြည်နယ်ဖက်က အခြေအနေ၊ နယ်စပ်တိုင်းရင်းသားဒေသတွေမှာ
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေနဲ့ သတင်းထောက်တွေ၊
အခွင့်အရေး တောင်းဆိုနေတဲ့ သူတွေအပေါ်မှာ ဆက်လက်ဖမ်းဆီးမှုတွေနဲ့
ပတ်သက်လို့ အဓိကထားပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို
ပြီးခဲ့တဲ့လက နောက်ဆုံးသွားခဲ့အပြီး တွေ့ရှိချက်တွေကိုတင်ပြထားတဲ့
အစီရင်ခံစာကို Mr. Quintana က လူ့အခွင့်အရေးကောင်စီရဲ့ ၂၅
ကြိမ်မြောက်စည်းဝေးပွဲမှာ ဗုဒ္ဓဟူးနေ့ကပဲ တင်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ဟာ မြန် မာနိုင်ငံအတွက် သူ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် လေ့လာသုံးသပ်ချက်တွေနဲ့ ပါတ်သက်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှာသတင်းစာရှင်းလင်းပွဲအခုပြုလုပ်နေပါတယ်။

ခရီးသည်တင်ယာဉ်ရှေ့ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွား

မတ်လ (၁၄) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ရေတာရှည်မြို့နယ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း၌ ပျဉ်းမနားမှ တောင်ငူသို့ ထွက်ခွာလာသည့် ခရီးသည်တင်ဒိုင်နာယာဉ် ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် (၁၇) ဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘိုတောက်ထိန်လမ်း၊ မြို့ဦးမင်္ဂလာရပ်နေ အောင်အောင် (၃၂) နှစ်မောင်းနှင်သော ပျဉ်းမနား-တောင်ငူ ခရီးသည်တင် TOYOTA ၆က/------- ဒိုင်နာယာဉ်သည် ခရီးသည်များ တင်ဆောင်၍ တောင်ငူသို့ မောင်းနှင်လာစဉ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၂၀၁/၇ နှင့် ၂၀၃ /၀ အကြားတွင် ရှေ့ ၀ဲဘက်ဘီးပေါက်သွားရာမှ ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

မလေးရှားလေယာဉ်ပျောက်ဆုံးမှု မြန်မာ ပူးပေါင်း ရှာဖွေ

Photo: မလေးရှားလေယာဉ်ပျောက်ဆုံးမှု မြန်မာ ပူးပေါင်း ရှာဖွေ
Friday, March 14, 2014

မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံး သွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေတာမှာ အခုဆိုရင် မြန်မာနိုင်ငံကလည်း ပူးပေါင်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း တစ်ပတ်ရှိသွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကလည်း အခုလို ပူးပေါင်း ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ လောလောဆယ် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၈ ရက် စနေနေ့မနက်ပိုင်းက လမ်းခရီးမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူလေဆိပ်ကနေ ထွက်ခွာအပြီး ၁ နာရီအကြာမှာ ပျောက်ဆုံးသွားခဲ့တာပါ။

ဒီလေယာဉ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက သင်္ဘော ၄၂ စင်း၊ လေယာဉ် ၃၉ စင်းနဲ့ တောင်တရုတ်ပင်လယ်နဲ့ မလေးရှားကျွန်းဆွယ် တဘက်ကမ်း မိုင်ရာနဲ့ချီဝေးတဲ့ မလက်ကာ ရေလက်ကြားတို့မှာ အဓိက ရှာဖွေခဲ့ကြပေမဲ့ သဲလွန်စ တစုံတရာ မတွေ့ရတာကြောင့် လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ပြတ်သွားခဲ့တဲ့ နေရာကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယသမုဒ္ဒရာ အထိကို တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အိန္ဒိယသမုဒ္ဒရာထဲ ရှာဖွေတဲ့အခါ မြန်မာရေပိုင်နက်နဲ့လည်း ထိစပ်နေ တာကြောင့် မြန်မာနိုင်ငံ ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

"တကယ်လို့ သူတို့ရှာဖွေနေတဲ့ လေယာဉ်ပျံတွေ မြန်မာနိုင်ငံ ရဲ့ လေပိုင်နက်ထဲကို ဖြတ်ကျော်မယ်ဆိုရင် ဝင်ရောက်မယ်ဆိုရင် ကျနော်တို့ ဝင်ရောက်ခွင့်ပြုထားတယ်။ တပ်မတော်(ရေ) အနေနဲ့လည်း အဲ့ဒီ့ဘက်က ကိုယ့်ရဲ့ နယ်မြေတွေမှာ ပါဝင်ကူညီရှာဖွေပေးဖို့ သူတို့အောက်မှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ရေတပ် အနေနဲ့ စပြီးတော့မှ ပါဝင်ဆောင်ရွက်ဖို့၊ လုပ်ဖို့ဆိုပြီးတော့မှ ညွန်ကြားထားတယ်လို့တော့ သိတယ်။ သင်္ဘော အရေအတွက်၊ ဘယ်မှာရောက်နေတယ်ဆိုတာတော့ အဲ့တာတော့ ကျနော် Operation ကိစ္စတွေဖြစ်လို့ ကျနော် အသေးစိတ်မသိဘူးခင်ဗျ။ တပ်မတော်အနေနဲ့ကလည်း ဘယ်နေရာတွေကို လုပ်ပေးစေချင်လဲ ဒါတွေကို ညှိနေတာပေါ့နော်။ သူတို့ရှာမယ့်ဧရိယာနဲ့ ကျနော်ရှိတဲ့ဧရိယာနဲ့ ဒါတွေ ညှိနေတာပေါ့။"

တခါ မြန်မာလေကြောင်းညွှန်ကြားမှု ဦးစီးဌာနကလည်း - မလေးရှားနိုင်ငံ ကနေ မြန်မာလေပိုင်နက်အတွင်း လိုအပ်ရင် ၀င်ရောက် ရှာဖွေခွင့်ပြုဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အကူအညီတောင်းခံခဲ့တာကြောင့် - ၁ ပတ်တိတိ ရှာဖွေခွင့် မြန်မာ လေကြောင်းဘက်က ခွင့်ပြု ထားပြီး လောလောဆယ် မြန်မာ့လေပိုင်နက် ထဲ ဝင်ရောက် ရှာဖွေမှုတွေတော့ မရှိသေးဘူးလို့ မြန်မာလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောပါတယ်။

" ၁၁ရက်နေ့ကတည်းကလေ  မြန်မာလေပိုင်နက်ထဲမှာ လိုအပ်လာလို့ရှိရင် ဝင်ပြီးတော့ရှာဖွေခွင့်ပေါ့။ တောင်းတာရှိပါတယ်။ ရှိတော့ ကျနော်တို့က ခုနှစ်ရက်သက်တမ်းနဲ့ပေါ့။ သူတို့တောင်းတဲ့ လေယာဉ်ပျံ အမျိုးအစား ခြောက်မျိုးလောက်ရှိတာပေါ့။ ခြောက်မျိုးလောက်ကို ကြိုတင်ခွင့်ပြုချက် သဘောမျိုးပေါ့။ ခွင့်ပြုပေးထားတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိသေးတယ်။  ဟိုဘက်က လာမယ်။ ဘယ်တော့ လာမယ်ဆိုတဲ့ အဲ့ဒီ့ Flight နဲ့  တင်လာတာမျိုးတော့ အခုချိန်အထိ လှုပ်ရှားမှုမျိုးတော့မရှိသေးဘူး။

ကျနော့်ဆီ တင်ပြတောင်းခံဆိုတဲ့ အထဲမှာတော့ မလေးရှားလေတပ်က ပါတယ်။ နောက် သြစတေးလျလေတပ်ကပါတယ်။ ဆိုတာမျိုး လေယာဉ်ပျံတွေအရပေါ့။ တွက်လို့ရတာပေါ့။ အထူးသဖြင့်ကတော့ Search and Rescue အတွက်ကို သုံးတဲ့လေယာဉ်တွေပေါ့။"

ဒါ့အပြင် ပင်လယ်ရေကြောင်းဘက်ကဆိုရင်လည်း မြန်မာ့တပ်မတော် (ရေ) နဲ့အတူ ရေကြောင်းဦးစီးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေပြီး၊ အဓိက ရှာဖွေမယ့် မြန်မာ့ရေပိုင်နက်ဧရိယာနဲ့ပတ်သက်လို့လည်း ဦးဝင်းဆွေထွန်းက အခုလို ဆက်ပြောပြပါတယ်။

"အဓိက ပင်လယ်ပြင်ပဲဗျ။ ကျနော်တို့ဘက်နဲ့ဆိုင်တာဆိုရင်တော့ အဓိက ခုနကပြောတဲ့ Bay of Bengal ဧရိယာပေါ့။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဖြစ်မယ်။ ဟိုဘက်ဆိုရင် အိန္ဒိယဘက်က ပို့လဲကျွန်းတို့ ဘာတို့ဘက် နားလောက်အထိ ရောက်တဲ့ ဧရိယာပေါ့။ ဒါပေမဲ့ ဒီဟာကလည်း ခုနက ကျနော်ပြောသလိုပဲ အကြမ်းဖျင်း ရာထားတဲ့ ဧရိယာဝိုက်ကြီးကို လုပ်ထားတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က Facilitiesတို့ ဘာတို့ ညာတို့ က ကာကွယ်ရေးအတွက် တပ်ဖက်ကပေါ့။ တပ်ဖက်က လိုအပ်လာလို့ ဖြစ်ရင်လည်း ကူညီပေးကြမှာပါ။"

အခုလို ဒေသတွင်းအရေးကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဟာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ဒါ ပထမဦးဆုံး အကြိမ်လည်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ အာဆီယံနိုင်ငံတွေကြားထဲမှာ သဘောတူညီ ထားချက်အရ မြန်မာနိုင်ငံဘက်က ပူးပေါင်း လုပ်ဆောင် တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုထဲမှာလည်း ဒီလိုမျိုး ရှာဖွေတဲ့ Search and Rescue SAR ကိစ္စတွေက ပါပြီးသားပဲလေ။ အဲ့တာကြောင့် ကျနော်တို့က  ချက်ခြင်း သူ့ဘက်၊ ကိုယ့်ဘက် ညှိနှိုင်းဆောင်ရွက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကဗျာ အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထဲမှာ ဒီလိုမျိုး အန္တရာယ်တွေ ကြုံလို့ရှိရင် ပူးပေါင်းဆောင်ရွက်တာတို့၊ ဝိုင်းဝန်းရှာဖွေတာတို့လုပ်ရမယ့် သဘောတူထားတဲ့ မူဘောင်တွေရှိပါတယ်။

သိပ်မကြာခင်က နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာလည်း ဒီကိစ္စကို ကျနော်တို့က ဆွေးနွေးခဲ့တာပေါ့နော်။ အဲ့ဒီ့တော့ အဲ့ဒီ့မူဘောင်တွေအတိုင်းပဲ ကျနော်တို့က ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။"

မလေးရှားအစိုးရဟာ အခုလို တခါမှ မကြုံခဲ့ဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်တဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ Boeing 777 လေယာဉ် ပြန်ရှာတွေ့ဖို့အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း (ဗွီအိုအေ မြန်မာဌာန)
မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံး သွားတဲ့ မလေးရှား ခရီးသည် တင် လေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေတာမှာ အခုဆိုရင် မြန်မာနိုင်ငံကလည်း ပူးပေါင်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း တစ်ပတ်ရှိသွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကလည်း အခုလို ပူးပေါင်း ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ လောလောဆယ် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ရှာဖွေရေး ဧရိယာ အိန္ဒိယ သမုဒ္ဒရာ ပါဝင်လာ

Photo: ရှာဖွေရေး ဧရိယာ အိန္ဒိယ သမုဒ္ဒရာ ပါဝင်လာ
Friday, March 14, 2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရာမှာ အခုအခါ အနောက်ဘက်ပိုင်းကို တိုးမြှင့်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာပါ ရှာဖွေနေတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်ပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းခဲ့တယ် ဆိုတဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက် တစုံတရာ ပေးဖို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး ဟစ်ရှာမူဒီန် ဟူစိန်က ငြင်းဆိုခဲ့ပါတယ်။

မလေးရှား လေကြောင်း ပျံသန်းမှု အကြီးအကဲ မစ္စတာ ရာမန်ကတော့ လေယာဉ်ကို ရှာဖွရာမှာ ဂြိုလ်တုက တဆင့် သတင်း အချက်အလက်တွေ ရယူဖို့ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ အခြေစိုက်တဲ့ မြေအောက် ငလျင်လှိုင်း တိုင်းတာရေး အဖွဲ့က လေယာဉ် ပျက်ကျမှုကနေ ပေါ်ထွန်းလာနိုင်တဲ့ ပယ်လယ်ကြမ်းပြင် လှုပ်ရှားမှုမျိုးကို တောင်တရုတ် ပင်လယ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရာမှာ အခုအခါ အနောက်ဘက်ပိုင်းကို တိုးမြှင့်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာပါ ရှာဖွေနေတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

ရွှေ့လျားစာကြည့်တိုက် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်

Photo: ရွှေ့လျားစာကြည့်တိုက် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်
Friday, March 14, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒုတိယမြောက် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲအခမ်းအနားကို ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ကလေးတွေဟာ စာပေမြတ်နိုးတယ်ဆိုတာကို တွေ့ရှိရကြောင်း အခုလို ပြောခဲ့ပါတယ်။

“ တစ်ချို့က ကျွန်မတို့နိုင်ငံက ကလေးတွေဟာ စာဖတ်လိုတဲ့စိတ်တွေများ အားနည်းနေသလားဆိုပြီး ထင်ကြပါတယ်၊ တကယ်တော့ အဲလို မဟုတ်ပါဘူး၊ ကျွန်မရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်မှာ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက်ပြီးကတည်းက တွေ့ရှိရတာက ကလေးတွေ စာဖတ်လိုစိတ် အားကြီးတယ်ဆိုတာပါပဲ၊ အရင်က သူတို့မှာ စာအုပ်တွေကို လက်လှမ်းမမီခဲ့တာကြောင့်သာ စာအုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာပါ “

နေပြည်တော်မှာဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်ယာဉ်ကို ဂျပန်ုနိင်ငံ Mazada Motor Corporation က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒါန်းတာပါ။

ဒီရွေ့လျားစာကြည့်တိုက်ဟာ နေပြည်တော် ပုပ္ပသီရိမြို့နယ်၊ ကျေးရွာပေါင်း ၂၀ကျော်က ကျောင်းသား ကျောင်းသူ တစ်သောင်းနှစ်ထောင်ကျော်ကို အသင်းဝင်ကြေးအခမဲ့နဲ့ စာအုပ်ငှားရမ်းသွားမှာဖြစ်ပါတယ်။ ကော့မှူးမြို့နယ်က ရွေ့လျားစာကြည့်တိုက်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကော့မှူးမြို့နယ်က ကျေးရွာအတော်များများမှာ စာအုပ်တွေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီလို့ သိရပါတယ်။

ရွေ့လျားစာကြည့်တိုက်ကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ဦးစီးပြီးစောင့်ရှောက်မှာဖြစ်သလို ဂျပန်ုနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ကူညီနေတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထည့်သွင်းပြောခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းဟာ ချင်းပြည်နယ်မှာ ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ပူးပေါင်းပြီး ငွေကျပ်သိန်း ၂၅၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

RFA Burmese
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် အမည်နဲ့ တည်ထောင် ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒုတိယမြောက် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကို ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ

Photo: မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ
Friday, March 14, 2014

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။

"မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုတွေ ပေါင်းပြီးတော့ လုပ်ကြတာပေါ့"

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေကိုလည်း ဆန္ဒပြပွဲမှာ တက်ရောက်လာသူတွေကို ဟောပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ဆုံစီမံကိန်းနေရာအပြင် အောင်မြင်သာကျေးရွာနဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CPI ကုမ္ပဏီရုံးရှေ့တွေကိုလည်း သွားရောက်ပြီး CPI ကုမ္ပဏီ အလိုမရှိကြောင်း၊ CPI ကုမ္ပဏီထွက်သွားဖို့နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးစတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာမြစ်ချောင်းများကွန်ရက် BRN အဖွဲ့က သံလွင်ရေကာတာ စီမံကိန်းတွေရပ်တန့်ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်နဲ့ တိုင်းရင်းသားသုံးသောင်းကျော် လက်မှတ်ထိုးပြီး ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆောက်လုပ်မှု ဆန့်ကျင်ရေးနေ့မှာ ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရက တရုတ်၊ ထိုင်းနို်င်ငံတို့နဲ့ ရင်းနှီးမြုပ်နှံပြီး သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်သွားမယ့် ရှမ်းပြည်နယ်ထဲက ကွမ်းလုံ၊ နောင်ဖါနဲ့ တာဆန်း ရေကာတာ၊ ကရင်နီပြည်နယ်ထဲက ရွာသစ်နဲ့ ကရင်ပြည်နယ်ထဲက ဟတ်ကြီးရေကာတာတွေဟာ သံလွင်မြစ်ပေါ်မှာမှီခိုနေကြတဲ့ သန်းပေါင်းများစွာသော လူသတ္တ၀ါတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့လည်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က တာဝန်ခံ စိုင်းခေးဆိုင်က ပြောပါတယ်။

ဒီရေကာတာ ၆ ခုကနေရရှိမယ့် လျှပ်စစ်ဓါတ်အား ၁၅၀၀၀ မီဂါဝပ်ဟာလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိမှာမဟုတ်ဘဲ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အတွက်သာ အကျိုးခံစားခွင့်ရမှာဖြစ်ပြီး လက်ရှိ ရေကာတာတည်ဆောက်မှုမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံကိန်းအကျိုးသက်ရောက်မှုကို ခံစားရမယ့် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးတာတွေမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြပြောဆိုထားပါတယ်။

RFA Burmese
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်း ဆန္ဒပြခဲ့ကြ ပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲ စစ်တွေတွင် လူပေါင်း ထောင်ချီတက်ရောက် နာယူ

Photo: ဆရာတော် ဦးဝီရသူ တရားပွဲ စစ်တွေတွင် လူပေါင်း ထောင်ချီတက်ရောက် နာယူ
Friday, March 14, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက ဆရာတော် အရှင် ဦးဝီရသူ၏ တရားပွဲတော်သို့ လူပေါင်းထောင်နှင့်ချီပြီး တက်ရောက် နာယူခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆရာတော် ဦးဝီရသူ တရားပွဲအား မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင်  ညနေ ၅ နာရီခွဲမှ ၁၀ နာရီထိ (၂) ကြိမ်တိတိ စစ်တွေမြို့  အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ပြုလုပ်ရာ တရားနာသူ များပြား လွန်းသဖြင့် ဘုရားရင်ပြင်တွင် မဆန့်၍  ၀င်္ကာဘာကွင်း အပြင်ဘက် ကွင်းပြင်တွင် ပရိုဂျက်တာဖြင့်  ပိတ်ကားထောင်ပြီး နာယူခဲ့ကြသည်ဟု စစ်တွေ ဒေသခံ ဦးလှမောင်က ပြောသည်။

“ ကျွန်တော်အထင်တော့ လူပေါင်း သောင်းနီးပါး ရောက်မယ်ထင်ပါတယ်။ ဘုရားကြီးရင်ပြင်မှာ ပရိသတ်အပြည့် အပြင် ၀င်္ကာဘာကွင်း ပိတောက်ပင်ကနေ လွတ်လပ်ရေးကျောက်တိုင်ထိ၊ နောက်တစ်ခါ ဘုရားကြီးနဲ့ ကျားရုပ်ကျောင်းကြား လမ်းမကြီး အပြည့် ပရိသတ်ကို ပရိုဂျက်တာနဲ့ ပြတယ်ဆိုတော့ ကျနော်က မခန့်မှန်းတတ်ဘူး။ လူတွေက အများကြီးပါ” ဟု သူက ပြောသည်။

ယခုကဲ့သို့ ဆရာတော် ဦးဝီရသူ တရားပွဲကို စစ်တွေ လူထု ထောင်နှင့်ချီပြီး တက်ရောက်နာယူကြခြင်းမှာ ဆရာတော်၏ ရပ်တည်ချက်နှင့် အမျိုးသားရေး ဆောင်ရွက်ချက် မှန်ကန်၍ ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဆရာတော် ဦးဝီရသူရဲ့ အမျိုးသားရေး ဆောင်ရွက်တာဟာ မှန်ကန်လို့၊ ပီးရင်းဆရာတော်ရဲ့ အမျိုးဘာသာ သာသနာတရားတော်ကို ကျနော်တို့က သဘောကျလို့၊ နှစ်သက်လို့၊ ကြိုက်လို့၊ ထောက်ခံလို့ တရားပွဲကို သွားကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆရာတော် ဦ၀ီရသူ၏ တရားပွဲတွင် စစ်တွေ လူထု ကြိုက်လောက်အောင် ဘာအကြောင်းအရာများ ထူးထူးခြား ပါဝင် ပါသလဲဟု မေးမြန်းရာ ဦးလှမောင်က ယခုလို ဆက်လက် ပြောဆိုသည်။

“ ကျနော်တို့က ရခိုင်လူထု ကျေနပ်အောင်ဆိုတာထက် ဆရာတော်ရဲ့ တရားတော်ဟာ လက်ရှိ မြန်မာနိုင်ငံသားတွေရဲ့ အမျိုးဘာသာ သာနာအကျိုး၊ အနာဂတ် မြန်မာနိုင်ငံရဲ့ အကျိုး၊ လက်ရှိ ဆောင်ရန်၊ ရှောင်ရန် စတဲ့ အချက်တွေ အပါအ၀င် နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီနေတဲ့ တရားတော် ဖြစ်တဲ့ အတွက် ဆရာတော် ဦးဝီရသူ ဟောကြားတဲ့ တရားဟာ အထူး တန်ဖိုးရှိလှပါတယ်” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်သည် လက်ရှိ အချိန်တွင် အထိအချ မခံနိုင်သော အခြေအနေတွင် ရှိနေသဖြင့် ဆရာတော် ဦးဝီရသူ ရခိုင်ပြည်နယ်တွင် တရားဟောပြောခြင်းဖြင့် ပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ရာ ရောက်နိုင်ကြောင်း သုံးသပ်ဝေဖန်မူများလည်း ထွက်ပေါ်နေသည်။

သို့အတွက် ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူးခင်ဗျား။ ဆရာတော်က ဦးဝီရသူက သူဟာသူ တရားလာဟောတာဘဲ။ နှစ်ဘက်ရန်ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ  တရားပွဲဘဲ။ ဘာသာရေး အရ လုပ်တဲ့ အတွက် ပြဿနာ ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။. အရင်ကလည်း ၉၆၉ ဟိုဆရာတော်ကြီးတွေ ဘူးသီးတောင်၊ မောင်တောထိတောင် လာဟော သွားတာဘဲ။ ဘာာမှ ပြဿနာ မရှိပါဘူး။ တရားတော်ကြောင့် ပိုပြီးတော့တောင် ပဋိပက္ခတွေ လျော့ကျသွားနိုင်တယ်။ တည်ငြိမ်သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု သူက ဆိုသည်။

ဆရာတော် ဦးဝီရသူသည် မတ် ၁၃ ရက်နေ့ နေ့လယ် တစ်နာရီမှ ၃ နာရီ အချိန်ထိ ပုဏ္ဍားကျွန်းမြို့ လောကမာရဇိန် သိမ်တော်ကြီးတွင် တရားလာရောက် ဟောကြားခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်နှောင်းက ပြောသည်။

“ ဆရာတော် တရားကတော့ အမျိုးဘာသာ သာသနာ တည်တံ့ရေး အတွက် ဟောတာပါ။ ဆရာတော်က အရေးကြုံရင် ကိုယ့်လူမျိုးအချင်းချင်း ညီညွှတ်မူတွေ ရှိရမယ်။ တစ်မျိုးသားလုံး ညီညွှတ်မူတွေ ရှိရမယ်။ အဓိက အားဖြင့် ညီညွှတ်ရေးကို ဟောတာပါ။ ကျနော်တို့ကတော့ ခုလို ဟောကြားတဲ့ အတွက် ဆရာတော်ရဲ့ တရားကို ကြိုက်ပါတယ်” ဟု ဆိုသည်။

ဆရာတော် ဦးဝီရသူသည် ပုဏ္ဍားကျွန်းတွင် တရားဟောပြောပြီးနောက် ညနေပိုင်းတွင် ကျောက်တော်မြို့သို့ ဆက်လက် ထွက်ခွာသွားသည်ဟု သိရသည်။

(နိရဉ္စရာ- ၁၄ မတ်လ ၂၀၁၄)

ဆရာတော် ဦးဝီရသူ တရားတော်ကို နာယူနေသော စစ်တွေ ပရိသတ် ( ဓါတ်ပုံ- Share Arakan News)
ဆရာတော် ဦးဝီရသူ တရားတော်ကို နာယူနေသော စစ်တွေ ပရိသတ် ( ဓါတ်ပုံ- Share Arakan News)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက ဆရာတော် အရှင် ဦးဝီရသူ၏ တရားပွဲတော်သို့ လူပေါင်းထောင်နှင့်ချီပြီး တက်ရောက် နာယူခဲ့ကြသည်ဟု သတင်း ရရှိသည်။

မန္တလေးသင်္ကြန် အတွက် မဲစနစ် ဖြင့် ကျုံးပတ်လည် တွင် မဏ္ဍပ် (၃၃) ခု နေရာ ချထား

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ မဟာ သင်္ကြန် အတွက် မဏ္ဍပ် များ ကို မတ်လ (၁၃) ရက် နေ့ နံ နက် (၁၀) နာရီ က မဲနှိုက်ချ ထားပေး ခဲ့ရာ ကျုံး ပတ်လည် တွင် မဏ္ဍပ် (၃၃) လုံး ချထား ပေး ခဲ့ပြီး၊ ထပ်မံ လျှောက်ထား ပါက ကျုံး အနောက်ဘက် နှင့် ကျုံးမြောက် ဘက်တွင် သာ နေရာ ချထား ပေးတော့ မည် ဖြစ် ကြောင်း မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန မှ တာဝန်ရှိ သူတစ် ဦးက The Messenger သ တင်းစာသို့ပြောသည်။ သင်္ကြန် ကာလရေ ကစား မဏ္ဍပ်အတွက် လာရောက် လျှောက်ထား မှုတွင် ကျုံးတောင် ဘက် (၂၆) လမ်းနေရာအတွက် လာရောက် လျှောက်ထား မှု (၂၃၅) ခု အထိ ရှိခဲ့ပြီး၊ ကျုံးအရှေ့ဘက် (၆၆) လမ်းတစ်လျှောက် တွင် လာရောက်လျှောက်ထားသူ (၁၈) ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ဆံပင် ပိဿသာချိန် (၅၀၀၀) ပါဝင် သည့် အကြီးဆုံး တံတားကို ယခုလ တွင် ဖွင့်လှစ်သွားမည်

ယင်းမာပင် ခရိုင်၊ ယင်းမာပင် မြို့နယ် တွင် ရွှေဆံပင် ဆရာတော်ကြီး မှ ကြီးမှူး ၍ လမ်းပန်း ဆက် သွယ်ရေး ကောင်းမွန် စေရေး အတွက် တံတား များ အဆက် မပြတ် တည်ဆောက် ခဲ့ရာ တွင် ယခု အခါ ဆံပင်ပိဿာချိန် (၅၀၀၀) ပါဝင် မည့် ရွှေမေတ္တာ တံတား ဖွင့်ပွဲ ကို ယခုလ (၂၄) ရက် နေ့ တွင် ပြုလုပ် သွား မည် ဖြစ်ကြောင်း ရွှေဆံပင် တံတား ဆောက် လုပ်ရေး ဂေါပက ရုံးမှ The Messenger သတင်းစာ သို့ ပြော သည်။

တရုတ်တွင် ဖြစ်ပွားနေသည့် H7N9 ကြက်ငှက်တုပ်ကွေး မကူးစက်ရန် ဆောင်ရွက်မည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဖြစ်ပွားနေပြီး ကူးစက်ရန် လွယ်ကူသည့် လူကို သေစေနိုင်သော H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပြည်တွင်းသို့ ကူးစက်မှု မရှိစေရေးအတွက် အဓိက ဖြတ်သန်း သွားလာရာ နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီးတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းကာ စာရင်းကောက်ခြင်း၊ ရောဂါပိုး စစ်ဆေးခြင်းနှင့် အသိပညာပေး သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူ ၁၀၀ ကျော် ဆန္ဒပြ

Photo: သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူ ၁၀၀ ကျော် ဆန္ဒပြ
Firday, March 14, 2014

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စုံကြင်းအုပ်စု အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ ကျော်က မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။

အုံတုံပင်ကျေးရွာက ဒေသခံတောင်သူတွေဟာ အုံတုံပင် ဘုန်းကြီးကျောင်းမုဒ်ဝကနေပြီး ပုသိမ်-မုံရွာ ကားလမ်းခွဲအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပြီး တောင်သူတွေမြေယာပေါ်မှာ အောင်ဇေယျမြို့သစ် အမှတ် ၅ နဲ့ ၆ ဖော်ဆောင်မှုကို သဘောမတူတာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အုံတုံပင်ကျေးရွာက လယ်မြေဧက ၇၀ ကို ၂၀၁၁ ခုနှစ်က သိမ်းယူပြီး ဒီနှစ်ကုန်ခါနီးမှာ မြေကွက် ၆၈၈ ကွက် ရိုက်ကာ တောင်သူတွေကို ၁ ဧက မြေ ၂ ကွက်နှုန်းနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့အတွက် လယ်ပိုင်ရှင်တွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကလည်း ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

ဒီဗွီဘီ

အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ်
အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စုံကြင်းအုပ်စု အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ ကျော်က မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြ ပါတယ်။

အမျိုးသမီးအများစုလုပ်ကိုင်သည့် အလုပ်ရုံများ အချိန်ပိုကြေးအပေါ် မှီခိုသည့် အခြေအနေပြောင်းလဲရန်လို

Photo: အမျိုးသမီးအများစုလုပ်ကိုင်သည့် အလုပ်ရုံများ အချိန်ပိုကြေးအပေါ် မှီခိုသည့် အခြေအနေပြောင်းလဲရန်လို
Firday, March 14, 201

အမျိုးသမီးအများစု ပါဝင်သည့် စက်ရုံအလုပ်ရုံ ၀န်ထမ်းများ၏ အခြေခံလစာ သတ်မှတ်ချက်မှာ တစ်နေ့လျှင် ကျပ် ၁၀၀၀ ကျော်သူသာရှိပြီး အများစုမှာ လစာထက် အချိန်ပိုကြေးအပေါ် မှီခိုအားထား နေရသည့်အတွက် ယင်းအခြေအနေအား ပြုပြင်ပြောင်းလဲနိုင်မှသာလျှင် အမျိုးသမီး ၀န်ထမ်းထုအတွက် ပိုမိုအဆင်ပြေသည့် လုပ်ငန်းခွင် ဖြစ်ပေါ်လာမည်ဖြစ်သည်ဟု မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFN)မှ အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံတကာတွင် တစ်နေ့လျှင် ၈ နာရီ၊ တစ်ပတ်လျှင် နာရီ ၆၀ အလုပ်လုပ်ရခြင်းဖြစ်၍ အချိန်ပိုကြေးသည် မူလလုပ်ခ လစာထက် ၂ဆ ပိုပေးလျက် ရှိသော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံတွင် အခြေခံ လစာ သတ်မှတ်မှုနှုန်း မရှိသေးသည့် အတွက် စက်ရုံအလုပ်ရုံ ၀န်ထမ်းများသည် ၎င်းတို့ရရှိသော အချိန် ပိုကြေးကိုသာ အားကိုး၍ အလုပ် လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။

““အခြေခံလုပ်အားခပေးတာ နည်းတာက ရှင်းရှင်းပြောရင် OT ကြေးကို နှိမ်ပေးချင်လို့၊ OT ကြေး ဆိုတာ မူရင်းလုပ်အားခထက် ၂ ဆပေးရမှာ။ မူရင်းလုပ်အားခ နှိမ်ထားရင် OT ကြေးက ၂ ဆပေး ရမှာပဲ။ OT မဆင်းရင် သေပြီဆိုတဲ့ဘ၀ ရောက်သွားရော။ တချို့ဆို အခြေခံလစာကို ၁၅၀၀၀ ခွဲပေးထားတယ်။ ပြီးမှ ရက်မှန်ကြေး ဘောနပ်စ် ဆိုပြီး ထပ်ပေးတယ်။ ရက်မမှန်ရင်တော့ မပေးဘူးပေါ့။ နိုင်ငံတကာ စံချိန်မှာဆို ၃ လပြည့်ရင် တရားဝင်ဝန်ထမ်း အဖြစ်သွားမယ်။ ဒါဆို အားလပ်ရက် လုပ်အားခ ခံစားခွင့် ရှိသွားတယ်။ လူမှုဖူလုံရေး လုပ်အားခ ခံစားခွင့် ရသွားတယ်။ ဒါဆို အလုပ်သမားတွေဘ၀ တိုးတက်လာမယ်”ဟု ဦးဇာနည်သွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အထည်ချုပ်စက်ရုံရှိ အထည်ချုပ် ၀န်ထမ်းတစ်ဦး၏ အခြေခံ တစ်လ၀င်ငွေမှာ ကျပ် ၃၀၀၀၀ ခန့်ရှိပြီး ကျွမ်းကျင်ကြေးမှာ ကျပ် ၂၀၀၀၀ ဖြစ်၍ အချိန်ပိုကြေးမှာ ၁၁၉၀၀ ဖြစ်ကာ လစာအပြင် အပိုထပ်ပေးသည့် ရက်မှန်ကြေး ဆုငွေမှာ ၁၅၀၀၀ ဖြစ်သည်။

အလုပ်တစ်ရက်ပျက်လျှင် လစာအပြင် အပိုထပ်ဆောင်းငွေများကိုပါ ဖြတ်သောကြောင့် ရက်အပြည့် လုပ်ပေးရခြင်း ဖြစ်သည်ဟု ဟာကျူရီ အထည်ချုပ်စက်ရုံမှ မဇာဇာတင်က““တစ်ရက်ပျက်ရင် ၂၀၀၀ ဖြတ်တယ်။ လစာအပြင် OT ကြေးရော ဘောနပ်စ်ရောပေါ့။ မိသားစုဝင်က ၅ ယောက်လောက် ရှိတယ်။ အောက်မှာ ကလေးတွေချည်းပဲ။ အလုပ်လုပ်တာက အစ်မ တစ်ယောက်ပဲရှိတယ်။ အကျပ် အတည်းဖြစ်တဲ့ အချိန်ဆို ခွင့်လည်း မရဘူးဆိုတော့ အဆင်မပြေဘူး။ အစ်မက အခုအလုပ်လုပ်တာ ၄ နှစ်ရှိပြီ။ ခွင့်တစ်ရက်မှ မယူဘူး။ လစာအပြင် OT ကြေးတွေ၊ ဘောနပ်စ်တွေရနေလို့ နည်းနည်း အဆင်ပြေတာ””ဟု ပြောသည်။

မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထောက်ကြံ့ သပြေညို ခန်းမတွင် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်၍ ကြွေးကြော်သံ ၅ ရပ် ဖြစ်သည့် အမျိုးသမီးများကို လုပ်ငန်းခွင်မှာ တန်းတူ ညီမျှမှု ရရှိရေး၊ လိင်ဆိုင်ရာအကြမ်းဖက်စော်ကားမှု မှန်သမျှကို ချက်ချင်းရပ်ဆိုင်းပစ်ရန်၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခွင့်နှင့် မိခင်ဆိုင်ရာ အခွင့်အရေး အပြည့်အ၀ ရရှိဖို့ရန်၊ ဆိုးရွားသည့် လုပ်ငန်းခွင် ရပ်ဆိုင်းရန် စသည်တို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ အမျိုးသမီးများ ဆုံးရှုံးနစ်နာမည့် အခွင့်အရေးများ မရှိစေရန် အမျိုးသမီး အခန်းကဏ္ဍကို မြှင့်တင်ပေးသည့် ကဏ္ဍတစ်ရပ် အနေနှင့် ဆောင်ရွက်ခဲ့သည်။

လုပ်အားရှင်စုစုပေါင်း ၂၂ သန်းတွင် ၇ သန်းသည် အမျိုးသမီးများဖြစ်၍ ကျန် ၁၅ သန်းမှာ အမျိုးသားများ ဖြစ်ကြသည်ဟု AFFN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် အလုပ်သမား လုပ်ခလစာ နည်းပါးမှုကြောင့် ဆန္ဒပြတောင်းဆိုမှုများ ၂၀၀ ကျော်ခန့်ရှိခဲ့ပြီး ခုံသမာဓိကောင်စီမှ အမှုပေါင်း ၅၆ ခုကို ဖြေရှင်းနိုင်ခဲ့ကာ အဖွဲ့ပေါင်း ၁၀၆ ဖွဲ့ကို နေပြည်တော် အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင်လည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရန် နေပြည်တော်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပညာရှင်များနှင့် အဖွဲ့အစည်းများ စုပေါင်း၍ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး ၎င်း အစည်းအဝေးတွင် တစ်အိမ်ထောင်စု လူ ၃ ဦးကို အလုပ်လုပ်ကိုင်နိုင်သူဟု သတ်မှတ်ပြီး လူတစ်ဦးစီ၏ အနိမ့်ဆုံး ရရှိနိုင်မည့် တစ်လ၀င်ငွေမှာ ၇၀၀၀၀ အဖြစ် သတ်မှတ်ရန် လျာထားသော်လည်း အလုပ်သမား အဖွဲ့အစည်းများကြား အငြင်းပွားလျက်ရှိသည်။

အေးမိုးကိုကို
Myanmartandawsint Newspaper
အမျိုးသမီးအများစု ပါဝင်သည့် စက်ရုံအလုပ်ရုံ ၀န်ထမ်းများ၏ အခြေခံလစာ သတ်မှတ်ချက်မှာ တစ်နေ့လျှင် ကျပ် ၁၀၀၀ ကျော်သူသာရှိပြီး အများစုမှာ လစာထက် အချိန်ပိုကြေးအပေါ် မှီခိုအားထား နေရသည့်အတွက် ယင်းအခြေအနေအား ပြုပြင်ပြောင်းလဲနိုင်မှသာလျှင် အမျိုးသမီး ၀န်ထမ်းထုအတွက် ပိုမိုအဆင်ပြေသည့် လုပ်ငန်းခွင် ဖြစ်ပေါ်လာမည်ဖြစ်သည်ဟု မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFN)မှ အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မေခမြစ်တစ်လျှောက် တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး

Photo: » မေခမြစ်တစ်လျှောက် တရားမ၀င်ရွှေတူးနေသော တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး
Firday, March 14, 2014

မေခမြစ်တစ်လျှောက်တွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၄၁ ဦးနှင့်အတူ ရွှေတူးရာ၌ အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားပစ္စည်းများကို ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးထားသော တရုတ်နိုင်ငံသားများအား မြစ်ကြီးနားမြို့နယ် အမှတ်(၁)ရဲစခန်းနှင့် ၀ိုင်းမော်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ပစ္စည်းများအား ၀ိုင်းမော်တပ် ခလရ (၅၈) တပ်ရင်းတွင် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးမှ (၄)ဖာလုံအကွာခန့်ရှိ မေခအရှေ့ ဘက်တွင် တရုတ်လုပ်ငန်းသားများမှ ရွှေတူးဖော်နေသည့်သတင်းရရှိပြီး ခလရ (၅၈)တပ်၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လ၀ကနှင့် ၀ိုင်းမော်မြို့ နယ် သတ္တုတွင်းဌာန တာဝန်ရှိသူများ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
          
‘‘လ၀ကအဖွဲ့ စစ်ဆေးနေတယ်။ အမှုဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်။ ပြစ်မှုကတော့ ပုဒ်မအပေါ်မူတည်မယ်’’ ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အထက်တန်းအရာရှိတစ်ဦးကဆိုသည်။
          
ယခုဖမ်းမိသည့် ရှငေါ်နှင့် မန်ဒေါင်းကျေးရွာများတွင် တရုတ်ကုမ္ပဏီမြေတူးစက်ကြီးများ၊ ရွှေဖောင်များနှင့် အခြားစက်ကြီးများဖြင့် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် ဒေသခံများ၏ လိမ္မော်ခြံများ၊ အိမ်ခြံမြေများမှာ ပျက်စီးကုန်ကြောင်း ဒေသခံများကပြောသည်။
          
‘‘မြစ်ဆုံစီမံကိန်းပြီးမှသာ ဒီမှာရွှေမှော်ရှိလာတယ်။ အရင်တုန်းကတော့ သွားဖမ်းမယ်ဆိုရင်လည်း ကေအိုင်အေနဲ့ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမှ သွားဖမ်းလို့မရဘူး။ အခုမှ လွတ်လွတ်လပ်လပ်သွားလို့ လာလို့ ရလို့ အခုမှ သွားဖမ်းတာ’’ဟု ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
          
‘‘ရှငေါ်ရွာက ရွှေကျင်လို့ ပျက်သွားပြီ။ ဒီမှာရွှေကျင်နေတာက ဆယ်နှစ်လောက်တောင် ရှိနေပြီ။ အရင်တုန်းကတော့ တရုတ်တွေနဲ့ အစိုးရပေါင်းပြီး လာဘ်ပေး၊ လာဘ်ယူမှုနဲ့ လုပ်လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုကျတော့ ဒီမိုကရေစီခေတ်လည်း ရောက်လာတေ့ လာဘ်ပေး၊ လာဘ်ယူမှုလည်း ပပျောက်အောင်၊ အပေါ်ကလည်း ဖိအားပေးလို့ အခုလိုသွားဖမ်းတာနေမှာပါ’’ဟု ချီဖွေမြို့ ဘာသာရေးဆရာမတစ်ဦးကပြောသည်။
          
မတ်လ ၈ ရက်တွင် ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား ရန်ကျန်းမီး (၂၇)နှစ်နှင့်အတူတရုတ် နိုင်ငံသား ၃၂ ဦးနှင့် မတ်လ ၉ ရက်တွင် ရှင်းလော် (၄၃) နှစ် အပါအ၀င် တရုတ်နိုင်ငံသား ကိုးဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
          
ဝိုင်းမော်မြို့နယ်နောင်ချိုကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများက တောင်အောက်၌ လိုဏ်ဂူဖောက်ကာ ရွှေတူးဖော်နေသော်လည်း သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေးကြောင်း နောင်ချိုဒေသခံတစ်ဦးကပြောသည်။
          
လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်း မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုထုတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးခန့် ဖမ်းဆီးအရေးယူခဲ့သည်။

Author: မရန်
7DAY DAILY
မေခမြစ်တစ်လျှောက်တွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၄၁ ဦးနှင့်အတူ ရွှေတူးရာ၌ အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားပစ္စည်းများကို ဖမ်းဆီးထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။

ကယားပြည်နယ်တွင် လူနာတင်ကားတစ်စီးသာရှိ၍ အရေးပေါ်အခြေအနေ များတွင် အခက်အခဲဖြစ်နေ

Photo: ကယားပြည်နယ်တွင် လူနာတင်ကားတစ်စီးသာရှိ၍ အရေးပေါ်အခြေအနေ များတွင် အခက်အခဲဖြစ်နေ
Firday, March 14, 2014

ကယားပြည်နယ်တွင် ဆေးရုံကြီးကိုးခုရှိသော်လည်း အရေးပေါ်လူနာတင်ကားတစ်စီးသာရှိနေရာ အရေးပေါ် အခြေအနေများတွင် ဆေးရုံတင်နိုင်ရန်အခက်အခဲဖြစ်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ကယားပြည်နယ်၏မြို့နယ်များဖြစ်သော လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ ရွာသစ်၊ ဘော်လခဲ၊ မော်ချီး၊ ဖားဆောင်း၊ မယ်စဲအစရှိသည့်မြို့နယ်များတွင် ဆေးရုံကြီးများရှိသော်လည်း အရေးပေါ်လူနာတင်ကားမှာ လွိုင်ကော်ဆေးရုံကြီး တစ်ခုတွင်သာရှိကြောင်း သိရသည်။

''တော်ရုံနေမကောင်းဖြစ်တာမျိုးက ဘာမှမဖြစ်ပေမယ့် အရေးပေါ်အခြေအနေဆို ဆေးရုံကြီးကိုပို့ဖို့ ရွာမှာကားက မရှိ အရေးပေါ်လူနာတင်ကားမရှိတော့ တော်တော်ဒုက္ခရောက်ရတယ်။ ရွာဆေးခန်းတွေမှာက နေမကောင်းဖြစ်ရင်တောင် ဆေးမစုံတာနဲ့ ဆေးမှူးမရှိဖြစ်နေတာ''ဟု ဘော်လခဲမြို့နယ်တွင်နေထိုင်သူ ဦးဖြိုးက ပြောသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ် ပါက ဆေးရုံပို့ရန်ကားမရှိ၍ ဆိုင်ကယ်ဖြင့်ပို့ဆောင်နေကြရကြောင်း ¤င်းက ဆက်ပြောသည်။

မြို့ပေါ်တွင်နေထိုင်သူများအနေဖြင့် အခက်အခဲမရှိသော်လည်း ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် လမ်းခရီး ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းသည်လည်း အခက်အခဲတစ်ခုဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

''အရေးပေါ်ဆေးရုံတင်ကားမလုံလောက်တာတော့ အမှန်ပဲ။ ထပ်ချပေးမယ်ဆိုရင် ပိုအဆင်ပြေသွားမယ်''ဟု ကယား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအရေးပေါ်တင်ကားလိုအပ်နေမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် ကယားပြည်နယ်အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်နီလူငယ်များသမဂ္ဂအနေဖြင့် လည်း ဆေးရုံ၊ ဆေးခန်းများနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း သိရသည်။

''ကျွန်တော်တို့အဖွဲ့အနေနဲ့ အရေးပေါ်ကားမှမဟုတ်ပါဘူး။ ဆေးရုံတွေမှာ ဆရာဝန်မလုံလောက်တာတွေ၊ ဆေးဝါး နဲ့ ဆေးရုံအသုံးစရိတ်ဈေးကြီးတာတွေ၊ ကျေးလက်ဆေးခန်းတွေမှာလဲ ဆေးဝါးနဲ့ဆရာဝန်လိုအပ်ချက်တွေရှိနေတာကို ဆောင် ရွက်ပေးဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပါတယ်''ဟု ကရင်နီလူငယ်များသမဂ္ဂအဖွဲ့မှ ကိုဥတ္တရာအောင်က ပြောသည်။

The Flower News Journal Vol-10 , No.11
Yangon Media Group
ကယားပြည်နယ်တွင် ဆေးရုံကြီးကိုးခုရှိသော်လည်း အရေးပေါ်လူနာတင်ကားတစ်စီးသာရှိနေရာ အရေးပေါ် အခြေအနေများတွင် ဆေးရုံတင်နိုင်ရန်အခက်အခဲဖြစ်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို

Photo: မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို
Firday, March 14, 2014

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များမှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသော မသင်္ကာဖွယ်ရာ လူ လေးဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ ကို စစ်ဆေး ရာတွင် ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၀န်ခံ ထွက်ဆိုထားကြောင်း၊ ပြစ်မှုကျူးလွန် စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းရမိပြီးဖြစ်သော်လည်း အ သုံးပြုခဲ့သည့်သေနတ်များနှင့် လုယူ သွားသည့်ရွှေများကိုမူ ပြန်လည်မသိမ်း ဆည်းနိုင်သေးသောကြောင့် အမှုကို ခိုင်မာစွာတည်ဆောက်၍ တရားစွဲ ဆိုတင်ပို့နိုင်ရန်အတွက် အဓိကကျ သည့် သက်သေ ခံပစ္စည်းများကို ဆက် လက်ရှာဖွေလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ဒီမိုကရေစီ တူ ဒေးသို့ပြောသည်။

““အခုဖမ်းဆီးရမိထားတဲ့သူတွေ ရဲ့ ထွက်ဆိုချက်အရတော့ ပြစ်မှုကျူး လွန်ရာ မှာ သူတို့အပါအ၀င် ခုနစ်ဦး ဖြစ်ပြီး သေနတ်တွေကိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီကနေ ငှားလာတာလို့ သိရပါတယ်။ အခုလွတ် နေသေးတဲ့သူသုံးဦးကလဲ အဲဒီအဖွဲ့ အစည်းထဲကဖြစ်ပြီး လုယက်သွားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ သေနတ်တွေ ကလဲ အဲဒီအဖွဲ့အစည်း ထဲမှာပဲရှိတယ် လို့ ပြောပါတယ် ။ လောလောဆယ် မှာ တော့ သက်သေခံပစ္စည်းအနေ နဲ့က တော့ ရွှေဆိုင်တစ်ဆိုင် ကိုရောင်းထား တဲ့လက်စွပ်နှစ်ကွင်းကို သွားရောက် သိမ်းဆည်းထားပြီး ဆိုင်ကနေ အရည် ကျိုထားတာကို တွေ့ရပါတယ်။ အခု လက်ရှိ အနေအထား အရတော့ အဲဒီ အဖွဲ့အစည်းထဲက သေနတ်တွေကို သက်သေခံပစ္စည်းအနေနဲ့ တောင်းဖို့ အတွက်ကတော့ အဆင်မပြေသေး တာကြောင့် အခုမိထားတဲ့သူတွေကိုပဲ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ် ဆောင်နေပါတယ်””ဟု ယင်းက ဆက် လက်ရှင်းပြသည်။

KSA [--Democracy today Daily Newspaper--]
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များ မှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသ၀န်ကြီးချုပ်ယာဉ်တန်းကို လုပ်ကြံသူများအား ဆုငွေထုတ် ဖမ်းရန်စီစဉ်

ရန်ကုန်၊ မတ် ၁၃ - မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်လုပ်ကြံသူများ ကို ဆုငွေထုတ်ကာ ပြည်သူများ၏အ ကူအညီဖြင့် ဖမ်းဆီးနိုင်ရန်စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။

မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ

Photo: မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ
Firday, March 14, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးတဲ့ နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့  ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို မူလလေယာဉ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ အနောက်ဖက် အတော်ဝေးဝေးနေရာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ အထိ တိုးချဲ့ပြီး ရှာဖွေနေပါတယ်။

လူပေါင်း ၂၃၉ဦး လိုက်ပါလာတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းတဲ့ မလေးရှားလေကြောင်းခရီးစဉ်အမှတ် ၃၇၀ဟာ စနေနေ့ မနက် အစောပိုင်းမှာပဲ စတင်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ဘိုအင်း 777 ပျောက်ဆုံးလေယာဉ်ကို နိုင်ငံပေါင်း ၁၂နိုင်ငံက လေကြောင်းကရော၊  သဘောင်္တွေကိုပါ သုံးပြီး ရှာဖွေနေကြပေမဲ့ အခုထက်ထိ အစအနတောင် မတွေ့ရသေးပါဘူး။

အာဏာပိုင်တွေက စက်ချို့ယွင်းမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာလား၊ အကြမ်းဖက်သမားကြောင့်လား၊ လေယာဉ်မှူးရဲ့ သေကြောင်းကြံစည်မှုကြောင့်လားဆိုတဲ့ တွက်ဆချက်တွေအပါအဝင် ဘယ်တွက်ဆချက်မျိုးကိုမှ လက်မခံသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။

MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ

Photo: MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ
Firday, March 14, 2014

မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။ လေယာဉ်ပေါ် ပါသွား သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” ဟု ၎င်း က ပေကျင်း ဟိုတယ် မှ ပြောကြား လိုက်သည်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိသည်။

Source: AFP
ဓာတ်ပုံ-AFP
Messenger News Journal
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်

Photo: ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်
Firday, March 14, 2014

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာ ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် The Voice နှင့် တွေ့ဆုံစဉ်၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ကူးပြောင်းမှု ဖြစ်စဉ်များတွင် လစ်လပ်နေသော နေရာများကို ဝင်ရောက် ဖြည့်ဆည်း ပေးနိုင်ရန်အတွက် လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ဒါပေမဲ့ ဒီ ၂၀၁၅ ကို ဝင်ပြိုင်မှာလား၊ ဘယ်လို ပုံစံနဲ့ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ အမည်ကိုလည်း ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဦးကိုကိုကြီးသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဟောပြော ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံထားသည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ရေးရာ ကိစ္စရပ်များတွင် ဝင်ရောက် ပါဝင်လာရန် ကမ်းလှမ်းခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။

The Voice Weekly
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ လုပ်ကိုင်နေရာမှ လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချ ထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

တရားမ၀င် အန်ဂျီအိုအဖွဲ့တွေ ပိတ်ပင်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည် နယ် အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး

Photo: ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး
Firday, March 14, 2014

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထားရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေးအတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မှန်မှန်ကန်ကန် မဲပေးနိုင်ခွင့်ရရှိအောင်လည်း ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ဟာ မဲပေးပိုင်ခွင့်ရှိတယ်၊ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ မဲပေးနိုင်ဖို့ဆိုရင် မဲစာရင်းပါမှရမယ်၊ မဲစာရင်းမပါလာရင် လူ့အခွင့်အရေး ဆုံးရှုံးရမယ်၊ ဒါမျိုးတွေမဖြစ်အောင် မဲပေးပိုင်ခွင့်ရှိသူ မဲပေးမယ်၊ မဲပေးတဲ့အခါမှာ ပယ်မဲတွေမဖြစ်အောင် ဒါတွေကို ပညာပေးဖို့ဖြစ်ပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတကာမှာဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေသာမက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့၂၀၁၀ ခုနှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့အားနည်းချက်၊ လစ်ဟာချက်တွေကို ပြင်ဆင်ပြီး၂၀၁၄-၂၀၁၈ မဟာဗျူဟာ စီမံကိန်းတစ်ခု ရေးဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းရဲ့ အခန်း ၁၂ ခန်းမှာ ဥပဒေရေးရာ မူဘောင်၊ ကော်မရှင်ဖွဲ့စည်းပုံ၊ ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေး၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေး စတဲ့ အချက်တွေပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက မဲဆန္ဒရှင်ပြည်သူတွေကို အသိပညာပေးရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ မသန်စွမ်းလူ့အဖွဲ့အစည်းတွေ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Equality myanmar၊ လောကအလင်းနဲ့ ရှေ့နေများကွန်ရက်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

RFA Burmese
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူအားထားရတဲ့ လူထုကိုယ်စားလှယ်တွေ ရွေးကောက်နိုင်ရေး အတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါ တယ်။

တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ

Photo: တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ
Firday, March 14, 2014

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆိုသလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။

၂၀၁၄ ၊ မတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ နေ့လည် (၂)နာရီအချိန် နိုင်စင်ရွာ တယန်စွပ်ရွှေမော် အရှေ့ဘက်ကမ်းတွင် ရွှေကျင်လုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီး - မြို့သစ်ကြီးကျေးရွာက ဝေလင်းဦး၊ အောင်မျိုးလွင်၊ ကိုရှိုင်း စတဲ့ ရှမ်းလူငယ် (၄)ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးကို KIA ယူနစ်ဖောင်းများ ၀တ်ဆင်ထားသော ရင်း(၄) တပ်ခွဲ(၄)မှ ဗိုလ်ကြီးအောင်မိုင်နှင့် (၉)ဦးပါအဖွဲ့သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ ဆီးစစ်ရန် အကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်၊ မတ်လ (၁၀) ရက်နေ့တွင် ရင်း(၄)ကို လိုက်သွားပြီး ဒုတပ်ရင်းမှူးနဲ့ တွေ့တော့ ကလေးတွေ မရောက်ဘူးပြောလို့ ပြန်လာခဲ့ပါတယ်။ (၁၂) ရက်နေ့ တစ်ခါပြန်သွားတော့ ရင်း(၄) KIA ရုံးအုပ်က တပ်မဟာ(၁)ကို စစ်သင်တန်းတက်ဖို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောတယ်လို့ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပင်လုံအုပ်စု မော်ဟဲရွာမှ တယန်စွပ်မှော်တွင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူ ကျင်းပိုင်းရှင် ဦးဝင်းသိန်းက ပြောဆိုပါတယ်။

“အခု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကိုလည်း အသိပေး တိုင်ကြားပြီး အကူအညီတောင်းထားပါတယ်။ ဆက်လက်ပြီး (စ.အ.ဖ)နှင့် သက်ဆိုင်ရာကိုလည်း တိုင်ကြားသွားမယ်၊ ကျွန်တော့်ကလေးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့လည်း KIA ကို တောင်းဆိုချင်ပါတယ်” လို့ ရွှေကျင်းပိုင်ရှင် ဦးဝင်းသိန်းက ဆက်လက်ပြောဆိုပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အလိုမတူပဲ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ရှေ့တန်းမှာ သေခိုင်းမဲ့ကိစ္စ ကျွန်တော်တို့ ဘယ်လိုသဘောတူပေးမလဲ၊ အဲဒါ ပြောတာကတော့ လိုင်ဇာကနေ လက်နက် (၃၀၀)လောက် ပို့လိုက်ပြီလို့ ကြားတယ်၊ KIA တပ်မဟာ(၁)မှာ ရှမ်းကလေးတွေ (၅၀)လောက်ရှိတယ်လို့လည်း ကြားတယ်၊ ကချင်လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ရှမ်းကလေးတွေ အကုန်လုံး FRC ဖြစ်သွားမယ်လေ၊ ပန်ဆက်က ရှစ်တန်းကျောင်းသူ ၁၅ နှစ်အရွယ် ကလေးမဆိုရင် ကျည်စွမ်း KIA စခန်းမှာ ချုပ်ထားတယ်လေ၊ တုံပလွေက ကလေးမနှစ်ယောက်ဆိုရင်လည်း ဈေးကအပြန်မှာ KIA က ဆိုင်ကယ်နဲ့ အတင်းအဓမ္မဖမ်းပြီး အင်ဖာဘာစခန်းကို ပို့ထားလိုက်တယ်၊ တယန်စွပ်မှော်က (၂၀)ကျော်လောက် ပါသွားတာ၊ အခုဟာက ကိုယ်နဲ့ ဆက်စပ်တဲ့လူလောက်ပဲ အတိအကျ သိရတာ၊ အဲဒီတော့ ကျွန်တော်တို့က တပ်ကို အားကိုးရမလား၊ အစိုးရကို အားကိုးရမလား၊ ဘယ်ဆီကို အားကိုးရမလဲ၊ အဖွဲ့အစည်းတိုင်းကတော့ ပြောပြလိုက်ရင်လည်း ဟုတ်သလိုလိုကြည့်ပဲ” လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄၊ ၉၊ ၁၁ ရက်နေ့တွေမှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်က ဗန်းမော်အနီး - သိန်လင်ရွာ၊ မန်စီမြို့နယ် - ပန်ဆက်၊ မိုင်းခေါင်ရွာနှင့် မိုးကောင်းမြို့နယ် - မြို့သစ်ကြီးကျေးရွာတို့က ရှမ်းမျိုးနွယ်စု လူငယ်တွေကို တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး တယန်စွပ်မှော်မှာ ဖမ်းဆီးစုဆောင်းခံရတဲ့ လူငယ်တွေကတော့ -

၁။ မောင်ဝေလင်းဦး အသက်(၁၇)နှစ်၊ မိဘ - ဦးဇော်ထွေး+ဒေါ်ဌေးရီ၊ ရှမ်း၊ ဗုဒ္ဓ၊ နမ္မတီး၊ မြို့သစ်ကြီး။
၂။ မောင်အောင်မျိုးလွင် အသက်(၁၇)နှစ်၊ မိဘ - ဦးမြင့်လွင်+ဒေါ်မိတူး၊ ရှမ်း၊ ဗုဒ္ဓ၊
နမ္မတီး၊ မြို့သစ်ကြီး။
၃။ ကိုရှိုင်း အသက်(၁၆)နှစ်၊ မိဘ - ဦးသစ်ခိုင်+ဒေါ်အေး၊ ရှမ်း၊ ဗုဒ္ဓ၊
နမ္မတီး၊ မြို့သစ်ကြီး။
၎။ မောင်မြင့်ဇော် အသက်(၁၈)နှစ်၊ ၅/ပလဘ(နိုင်)၀၉၁၂၈၅၊ မိဘ- ဦးဝင်းမောင်+ဒေါ်ခင်တင့်၊ ရှမ်း၊ ဗုဒ္ဓ၊ ပင်ခါးရွာ၊ ပင်လယ်ဘူးမြို့နယ်နှင့်
၅။ ဖိုးရှင်း ရခိုင်တိုင်းရင်းသားတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက် ပိုင်းတွေ မှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆို သလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။