Friday, April 18, 2014

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းအတွင်း ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွား

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုသည် ယမန်နှစ်များထက် ပိုဖြစ်ပွားလာပြီး ယာဉ်မတော်တဆမှု နှင့် ယာဉ်တိမ်းမှောက်မှုများကြောင့်သေဆုံးသူဦးရေနှင့် ဒဏ်ရာရရှိသူဦးရေသည် ယမန်နှစ်များကထက်များလာကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ အမှတ် ၂ယာဉ်ထိန်းရုံးမှသိရသည်။
ယမန်နှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်း၌ ယာဉ်တိုက်မှု ၄၆ မှုအထိဖြစ်ပွားခဲ့ကာ သေဆုံးသူဦးရေသည်၎ ဦးရှိကာ ဒဏ်ရာရှိသူဦးရေသည် ၉၂

သင်္ကြန်ကာလ ချောင်းသာသို့ သွားနေသည့် ရွှေဆိုင်ပိုင်ရှင် မိသားစုအိမ်တွင် ကျပ်သိန်း ၇၀ ကျော်ဖိုး ခိုးယူခံရ

ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်ကာလအတွင်း ရွှေဆိုင်ပိုင်ရှင် မိသားစု ချောင်းသာကမ်းခြေသို့ မိသားစုလိုက် ခရီးသွားနေစဉ်အတွင်း သိန်း၇၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရဟု အမှုဖွင့် တိုင်တန်းမှုကို ကမာရွက်ရဲစခန်းက ဧပြီ ၁၇ ရက်တွင် စစ်ဆေးလျက်ရှိသည်။
အဆိုပါ အမှုကို ကမာရွက်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းနေ၊ ချိန့်ဆန်စိန်ရွှေရတနာရောင်းဝယ်ရေး ပိုင်ရှင်ဖြစ်သူ ဒေါ်အေးအေးစန်းက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

ကိုရီယားသင်္ဘောနစ်မြုပ်မှု ၊ ခရီးသည်များ ဘေးမကင်းမီ သင်္ဘောကိုစွန့်ခွာခဲ့သော ကပ္ပတိန်မှာ တာဝန်ရှိသလား.....

Photo: ကိုရီယားသင်္ဘောနစ်မြုပ်မှု ၊ ခရီးသည်များ ဘေးမကင်းမီ သင်္ဘောကိုစွန့်ခွာခဲ့သော ကပ္ပတိန်မှာ တာဝန်ရှိသလား.....

အောင်ဟိန်းခိုင် ၊ ဧပြီ ၁၈ ( ref: bbc,dailymail,cnn)

လက်ရှိအချိန်ထိ လူပေါင်း ၂၉၈ ဦးပျောက်ဆုံးလျက်ရှိသော ကိုရီယား သင်္ဘောနစ်မြုပ်မှုတွင် ခရီးသည်များ ဘေးကင်းရာသို့ မရောက်မီ ကိုယ်လွတ်ရုံးထွက်ပြေးခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်ကို အပြစ်တင်လျက်ရှိသည်။

 သင်္ဘော ပင်လယ်ရေအောက်သို့ မနစ်မြုပ်မီ လွတ်မြောက်ခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်တစ်ယောက် အဘယ့်ကြောင့် သင်္ဘောနစ်မြုပ်ခဲ့ရကြောင်းနှင့် ခရီးသည်များဘေးမကင်းမီအဘယ့်ကြောင့်သင်္ဘောကိုစွန့်ခွာခဲ့သလဲဆိုသည့် မေးခွန်းများနှင့်ရင်ဆိုင်နေရပြီဖြစ်သည်။

ကိုရီယား ပင်လယ်ရေကြောင်း လုံခြုံရေး အဖွဲ့အစည်း၏ ဥက္ကဖြစ်သူ ဘီမင်ဟွန် က "ကပ္ပတိန်ဟာ သင်္ဘောမနစ်မြုပ်မီ တစ်နာရီလောက်ကို အဓိပ္ပါယ် မဲ့တဲ့ လုပ်ရပ်တွေနဲ့ အချိန်ဖြုန်းခဲ့တယ်၊ ခရီးသည်တွေကို သူတို့ ရှိနေတဲ့ အခန်းလေးထဲမှာပဲ နေကြပါဆိုတဲ့ ညွန်ကြားချက်တွေက ခရီးသည်တွေကို ချောက်ထဲတွန်းပို့ခဲ့သလိုပါပဲ" ဟု ပြောကြားထားသည်။ 

သင်္ဘောနစ်မြုပ်ချိန်တွင်သင်္ဘောပေါ် တွင်ရှိနေခဲ့သော အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ မိမိတို့ရှိနေတဲ့ အခန်းထဲမှာပဲ နေကြပါဆိုတဲ့ ညွန်ကြားချက်ကို လျစ်လျူရှု့ပြီး သင်္ဘော၏ အပေါ်ပိုင်းသို့ ပြေးတက်
ခဲ့ပြီးနောက်မှာတော့ အသက်ရှင်လွတ် မြေက်လာခဲ့သည်။

 သူမ၏ ပြောကြားချက်အရ " ကျွန်မ အခန်းထဲမှာပဲ နေကြပါလို့ပြောနေတဲ့ ညွန်ကြားချက်ကို လျစ်လျူရှု့လိုက်တယ် ၊ဘာကြောင့်လဲဆိုတော့ သင်္ဘောက တစ်ဖြည်းဖြည်း နစ်နေပြီး ရေတွေက ကျွန်မ ရှိ နေခဲ့တဲ့ အခန်းလေးထဲကိုဝင်လာနေပြီး ၊ ဒါနဲ့ ကျွန်မလဲ သင်္ဘောရဲ့ အပေါ်ပိုင်းကို ရောက်အောင် ပြေးလွှားခဲ့ပြီး လူတွေ ရှိနေတဲ့ ပြတင်းပေါက်ကနေသင်္ဘောအပြင်ဘက်ကို ထွက်ခဲ့တာ ၊ ခဏနေတော့ ကယ်ဆယ်ရေးသမား တွေရောက်လာပြီး ကျွန်မကို ကယ်ခဲ့တာ" ဟု သူမ၏ အတွေ့အကြုံကိုပြောပြသည်။

သင်္ဘောကို မစွန့်ခဲ့ပါဘူးဟု ကပ္ပတိန် လီဂျန်ဆွတ်က ပြောကြားနေသော်လည်း အသက်ရှင်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ လီဂျန်ဆွတ် ဟာကယ်ဆယ်ရေးသမားများ၏ ကယ်ဆယ်ခြင်းကိုခံခဲ့ရသော ပထဦးဆုံးလူများစာရင်းတွင်ပါဝင်သည်ဟု ဆိုသည်။ 

သင်္ဘောနစ်မြုပ်ရာဒေသနှင့် အနီးအနားတွင်ရှိသော ဂျင်ဒိုကျွန်းပေါ်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းကို တောင်ကိုရီးယားသမ္မတနှင့် ၀န်ကြီးချုပ်တို့ကိုယ်တိုင် လာရောက်အားပေးစကားများပြောကြား
ခဲ့သော်လည်း ပျောက်ဆုံးလျက်ရှိသော ကျောင်းသား ကျောင်းသူများ အတွက် ပူဆွေးလျက်ရှိသော မိဘများနှင့် ဆွေမျိုးမိဆွေများ၏ ကြမ်းတမ်းသောစကားလုံးများနှင့် အပြုအမူများကို ရင်ဆိုင်ခဲ့ရသည်။ 

သမ္မတ ပတ်ဂွမ်ဟီး ကယ်ဆယ်ရေးစခန်းတို့ ရောက်ရှိချိန်တွင် "ဘာလုပ်နေတာလဲ၊ လူတွေက သေနေပြီး ၊ အချိန်တွေက တဖြည်းဖြည်း ကုန်နေတာ" ဟုကြွေးကြော်သံများ နှင့်အတူ လူထု၏ တိုးဝှေ့ တွန်းထိုးခြင်းကိုခံခဲ့ရသလို ၀န်ကြီးချုပ် ဂျွန်ဟွန်ဝန် မှာလည်း လူထု၏တိုးဝှေ့ တွန်းထိုးခြင်းကိုခံခဲ့ရပြီး ရေဗူးများနှင့် ပစ်ပေါက်ခြင်း များကိုခံခဲ့ရသည်။ 

အထက်တန်းကျောင်းသားကျောင်းသူ ၃၇၅ ဦးနှင့်အတူ ဆရာ၊ ဆရာမ များ အင်ချွန်မြို့မှ ကိုရီယား အပန်းဖြေကမ်းခြေကျွန်းဖြစ်သည့် ဂျေဂျူ ကျွန်းသို့ လေ့လာရေးခရီး ထွက်လာစဉ်အတွင် ယခုကဲ့သို့အဖြစ်ဆိုးနှင့်
ရင်ဆိုင်ခဲ့ရသည့်အတွက် ကျောင်းသားကျောင်းသူများ၏ မိဘများမှာ အထူးစိုးရိမ်ပူပန်နေကြသည်။ 

လူအုပ်၏ တွန်းထိုးတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် လူအုပ်အတွင်းမှပြန်လည်ထွက်ခွါရန်ကြိုးပမ်းခဲ့သော ၀န်ကြီးချုပ် ဂျွန်ဟွန်ဝန်မှာ ပျောက်ဆုံးလျက်ရှိသော ကျောင်းသား၏ မိခင်တစ်ဦးဖြစ်သူ၏ တားဆီးခြင်းခံခဲ့ရပြီး " ထွက်ပြေးဖို့ မကြိုးစားပါနဲ့ ၀န်ကြီးချုပ် ၊ ကျေးဇူးပြုပြီးရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို ကျွန်မတို့ကိုပြောပြခဲ့ပါ" ဟု တောင်းဆိုခြင်းကိုခံခဲ့ရသည်။

လက်ရှိအချိန်တွင်ပျောက်ဆုံးလျက်ရှိသော လူပေါင်း ၂၉၈ ဦးလုံး ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိနိုင်ပါက တောင်ကိုရီယားနိုင်ငံအတွက် စစ်အေးကာလအတွင်း အဆိုးရွားဆုံးသော လူအသေအပျောက်အများ
ဆုံး ဘေးအန္တရာယ် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိအချိန်ထိ တန်ချိန် ၆၈၂၅ အလေးချိန်ရှိသော Sewol သင်္ဘောနစ်မြုပ်ရခြင်း၏ အကြောင်းအရင်းကို မသိရှိနိုင်သေးသော်လည်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သင်္ဘောမနစ်မြုပ်မီ ကျယ်လောင်သောအသံကြီးကိုကြားခဲ့ရပြီးနောက် သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူများကတော့ သင်္ဘောဟာ ကျောက်တောင် သို့မဟုတ် နစ်မြုပ်နေသော အရာဝတ္တုပစ္စည်းတစ်ခုနှင့်တိုက်မိခဲ့ဖွယ်ရှိသည်ဟု ထင်မြင်ချက်များပေးလျက်ရှိသည်။ သို့သော် ယခုလက်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့၏ရုံးခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော ကပ္ပတိန် ၏ပြော ကြားချက်အရ သင်္ဘောဟာ ကျောက်တောင်နှင့်တိုက်မိခဲ့ခြင်း လုံးဝ မဟုတ်ပါဘူး ဟု ငြင်းဆိုလျက်ရှိသည်။ 

အခြားယူဆ ချက်တစ်ခုမှာတော့ သင်္ဘောဟာ တင်ဆောင်လာသော ကားအစီးရေ ၁၅၀ နှင့်အတူ အခြားသောကုန်ပစ္စည်းများ မှ ဟန်ချက်မညီတော့ဘဲ နစ်မြုပ်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။
သမ္မတ ပတ်ဂွမ်ဟီးကတော့ " ကျွန်မအနေနဲ့ ယခုဖြစ်စဉ်မှာ တာဝန်ရှိတဲ့ လူတွေအားလုံးကို မိမိတို့ လုပ်ရပ်အတွက် တာဝန်ယူဖို့ အမိန့်ပေးသွားမည်ဖြစ်ပြီး ရာထူးမှလည်း နှုတ်ထွက်ခိုင်းသွားမှာပါ" ဟုလူထုနှင့်တွေ့ဆုံစဉ်ပြောကြားထားသည်။ 

သို့သော်လည်း စိုးရိမ်စိတ်များနှင့်ပြည့်နှက်လျက်ရှိသော လူထုကြီးက သမ္မတပတ်ဂွမ်ဟီးကို ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေပုံများကို ၂၄ နာရီ တိုက်ရိုက်ထုတ်လွှင့်ပြသရန်နှင့် လက်ရှိအချိန်ထိ ကယ်ဆယ်ထားပြီးသော လူဦးရေ စာရင်းနှင့်ပျောက်ဆုံးနေသောလူဦးရေ စာရင်းကို အချိန်နှင့်တပြည်းညီ ထုတ်လွှင့်ပေးရန် တောင်းဆိုထားသည်။ 

ကယ်ဆယ်ရေး သင်္ဘောအစင်းရေ ၁၀၀ နှင့် ရေငုပ် သမားအယောက် ၅၀၀ ဖြင့် လုပ်ဆောင်နေသော ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း ဆိုးရွားလှသော ရာသီဥတုအခြေအနေနှင့် ပင်လယ်ပြင်အနေအထားတို့ကို ရင်ဆိုင်နေရပြီး သင်္ဘောနစ်မြုပ်သည့်နေ့တွင် ကယ်ဆယ် ထားနိုင်သည့် လူပေါင်း ၁၇၉ ဦးကိုသာ ကယ်ဆယ်ထားနိုင်ပြီး ပျောက်ဆုံးလျက်ရှိသော လူပေါင်း ၂၉၈ ဦးကိုတော့ ကယ်ဆယ်နိုင်ခြင်းမရှိသေးပေ။

ကမ်းခြေစောင့် တပ်ဖွဲ့၏ ကတော့ သင်္ဘောပေါ်တွင်ရှိနေခဲ့သော အသက် ကယ်လှေများ ဘာကြောင့်အသုံးပြုခဲ့သလဲနှင့် ကပ္ပတိန်က သင်္ဘော စတင်နစ်မြုပ်နေစဉ်မှာပင် အဘယ့်ကြောင့် ခရီးသည်များကို မိမိတို့ရှိနေသောအခန်းအတွင်းမှာပင် နေကြရန် ညွှန်ကြားခဲ့သလဲဆိုသည့် အချက်ကို စုံစမ်း စစ်ဆေးနေပြီဖြစ်သည်။

 နစ်မြုပ်ခဲ့သော သင်္ဘော Sewol ကို ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်း
တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေပေါင်း ၄၈၀ ရှည်လျားကာ အလွှာ ၅ ထပ် ပါဝင်သည်ဟု သိရသည်။ 

သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသော လူများ၏ ပြောကြားချက်အရ သင်္ဘောစတင်နစ်မြုပ်ချိန်တွင် သင်္ဘော၏ အပေါ်ဆုံးထပ်တွင် လူအနည်းငယ်သာရှိနေခဲ့ပြီး အလယ်ထပ်နှင့် အောက်ထပ်တွင် လူအများစု ရှိနေခဲ့ကာ သင်္ဘော စတင်နစ်မြုပ်သည်နှင့် လူအများဆုံးရှိသော အလယ်ထပ်နှင့် အောက်ထပ်မှာ ရေအောက်သို့စတင်နစ်မြုပ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ဂျေဂျူး ကျွန်းနှင့် အင်ချွန်း မြို့ကို တစ်ပတ် နှစ်ကြိမ် ပြေးဆွဲလျက်ရှိသာ ၎င်းသင်္ဘော၏ အများဆုံးတင်ဆောင်နိုင်သည့် ကုန်ပစ္စည်းပမာဏမှာ လူပေါင်း ၉၂၁ ဦး၊ ကားအစီးရေ ၁၈၀ နှင့် ကွန်တိန်နာ အလုံးရေ ၁၅၂ လုံးဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ရှိအချိန်ထိ လူပေါင်း ၂၉၈ ဦးပျောက်ဆုံးလျက်ရှိသော ကိုရီယား သင်္ဘောနစ်မြုပ်မှုတွင် ခရီးသည်များ ဘေးကင်းရာသို့ မရောက်မီ ကိုယ်လွတ်ရုံးထွက်ပြေးခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်ကို အပြစ်တင်လျက် ရှိသည်။

သင်္ဘော ပင်လယ်ရေအောက်သို့ မနစ်မြုပ်မီ လွတ်မြောက်ခဲ့သော ကပ္ပတိန် လီဂျန်ဆွတ်တစ်ယောက် အဘယ့်ကြောင့် သင်္ဘောနစ်မြုပ်ခဲ့ရကြောင်းနှင့် ခရီးသည်များဘေးမကင်းမီအဘယ့်ကြောင့် သင်္ဘောကို

ကိုရီးယားသင်္ဘော နစ်မြှုပ်နေတဲ့အပိုင်းထဲသို့ ဝင်ရောက်ကယ်ဆယ်ဖို့ ၁၀ ကြိမ်ထက်မနည်း ကြိုးစားကြပေမယ့်

တောင်ကိုးရီးယားနိုင်ငံ ​အာဏာပိုင်တွေ အနေနဲ့ ​နစ်မြုပ်သွားတဲ့ ​သင်္ဘောထဲကို ​ဝင်ရောက်နိုင်ခြင်း ​မရှိသေးဘူးလို့ ​သိရပါတယ်။

သင်္ဘောနစ်မြုပ်ခဲ့တဲ့ အတွက် ​လူပေါင်း ​ရာနဲ့ချီ ​ပျောက်ဆုံးနေပြီး ​နစ်မြုပ်နေတဲ့ ​သင်္ဘောထဲကို ​ဝင်ရောက်ဖို့ ​ကြိုးစားကြပေမယ့် ​ရာသီဥတု အခြေအနေ၊ ​ဒီရေအခြေ အနေ၊ ​ရေစီးသန်မှု

အရက်သေစာသောက်စားပြီး နေအိမ်ရှေ့တွင်အပေါ့သွားနေသော ခင်ပွန်းဖြစ်သူအား တားမြစ်ခဲ့သည့် ဇနီးကို ခင်ပွန်းမှ ဓါးနှင့်ထိုး

၁၇.၄.၂၀၁၄ ရက်နေ့ ၂၁၄၀ အချိန် သန်လျင်မြို့နယ်နေ ဒေါ်လှမြင့်သည် သား/သမီးများနှင့် အတူ နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးထွန်းလှမှာ အရက်သေစာသောက်စား မူးယစ်ကာ နေအိမ် သို့ ပြန်လာရောက်ရှိပြီး အိမ်ရှေ့တွင်အပေါ့စွန့်သဖြင့် ပတ်ဝန်းကျင်၌ သားပျို၊ သမီးပျိုများရှိ၍ ထိုသို့ မပြုလုပ်ရန် ဟန့်တားပြောဆိုရာမှ စကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူ ဦးထွန်းလှမှ အရိုးအသွား(၉) လက်မခန့်ရှိဓါးနှင့်ထိုးခဲ့သဖြင့် ဒေါ်လှမြင့်တွင် ယာရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်

ရေပက်ကစားသူများခြင်းနှင့် စပွန်ဆာရရှိ၍ ယခုနှစ် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်အများစု အမြတ်ရ

ရေပက်ကစားသူများခြင်းနှင့် စပွန်ဆာရရှိ၍ ယခုနှစ် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်အများစု အမြတ်ရ 

ရေပက်ကစားသူဦးရေများခြင်းနှင့် စပွန်ဆာ အခက်အခဲမရှိ ရရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် အများစု အမြတ်ရခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံမှ သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ် ၁၂ ခု၊ ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၈ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်သုံးခု၊ ဆရာစံလမ်းတွင် မဏ္ဍပ်လေးခု၊ သိမ်ဖြူယာဉ်မောင်းသင်ကွင်းရှေ့တွင် မဏ္ဍပ်သုံးခု အပါအ၀င် တစ်မြို့လုံးတွင် မဏ္ဍပ် ၁၀၀ နီးပါးရှိခဲ့ပြီး အဓိက ရေကစားမဏ္ဍပ်အများစု တည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် ရေပက်ကစားသူ များပြားခဲ့သည်။

“ကျွန်တော်တို့ သူငယ်ချင်း အယောက် ၂၀ လောက်စုပြီး မဏ္ဍပ်ဆောက်ခဲ့ကြတာ။ ဒီနှစ်မဏ္ဍပ်အတွက် စပွန်ဆာလည်း အခက်အခဲမရှိ ရခဲ့တယ်။ ဒီနှစ် တော်တော်စည်တယ်လို့ ပြောရမယ်။ ရေလာပက်တဲ့သူလည်း များခဲ့တဲ့အတွက် အမြတ်ရတယ်လို့ ပြောရမှာပါ” ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယခင်နှစ်သင်္ကြန်သည် လုံခြုံရေး အခြေအနေများကြောင့် သင်္ကြန်အပေါ် စိတ်ဝင်စားမှု နည်းခဲ့ပြီး မဏ္ဍပ်များကို စပွန်ဆာပေးလိုသည့်ကုမ္ပဏီ နည်းပါးခဲ့၍ စပွန်ဆာအတွက် အခက်အခဲများရှိခဲ့ကာ ပြီးခဲ့သည့်သင်္ကြန်က ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင် ရေပက်ကစားသူများခဲ့၍ အမြတ်ရခဲ့သော်လည်း ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ကစားသူ နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှလွဲ၍ အများစုမှာ စပွန်ဆာရရှိခဲ့ကြပြီး ယခင်နှစ်ကဲ့သို့ အခက်အခဲ မရှိခဲ့ကြောင်း၊ စပွန်ဆာပေးလိုသူများမှာလည်း ပိုမိုစည်ကားမည်ဟု မှန်းထားခဲ့သည့် ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များအား ပိုပေးခဲ့သည်ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

“အမြတ်ဆိုတာကထက် အရင်းကျေတယ်ဆိုရုံပဲ။ စပွန်ဆာမရခဲ့လို့ပါ။ စပွန်ဆာတွေကလည်း ကမ္ဘာအေးစေတီလမ်းကို ပိုပြီးပေးချင်ခဲ့တဲ့ အတွက်ပါ။ ကန်တော်ကြီးပတ်လမ်းမှာဆိုရင် စပွန်ဆာမရတာ မဏ္ဍပ်ငါးခုလောက် ရှိတယ်။ မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်အမြတ်ပိုနည်းတယ်။ ဒါတောင်မှ လက်မှတ်ရောင်းအားကောင်းလို့။ ကျွန်တော်တို့ လက်မှတ်အစောင် ၁၅၀၀၊ ၂၀၀၀ နီးပါးလောက် ရောင်းခဲ့ရတယ်။ တချို့မဏ္ဍပ်တွေကျတော့ လက်မှတ်ရောင်းအားမကောင်း၊ စပွန်ဆာလည်း မရတော့ ရှုံးတာရှိတယ်” ဟု ကန်တော်ကြီးပတ်လမ်းရှိ Play Boyz မဏ္ဍပ်မှ ကိုအောင်စိုးဟိန်းက ဆိုသည်။

ရေကစားမဏ္ဍပ်ကြီးများ အများဆုံးတည်ရှိသည့် လမ်းများအနက် ကမ္ဘာအေးစေတီလမ်းသည် လမ်းအကျယ်အ၀န်း အနေအထားများကြောင့် ရေပက်ကစားသူ၊ ရေပက်ခံသူ အများဆုံးနှင့် အစည်ကားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းသင်္ကြန် ဖြစ်ခဲ့သည်ဟု ဆိုကြသည်။

“ဒီနှစ် လူလာလည်းများတယ်။ စပွန်ဆာလည်းပေးတော့ အရှုံးမရှိဘူး။ အမြတ်ရတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ အမြတ်ရရှိမှု သိပ်မကွာပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းတွင် ဆောက်လုပ်ခဲ့သည့် Black Jack မဏ္ဍပ်မှ စီစဉ်သူတစ်ဦးက ဆိုသည်။

ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင်လည်း သတ်မှတ်ထားသည့် ရေကစားသူ အရေအတွက်ထက် ကျော်လွန်ရရှိခဲ့ပြီး မဏ္ဍပ်တစ်ခုဆိုလျှင် တင်ဆောင်သည့် လူဦးရေပမာဏ များပြားခဲ့ခြင်းကြောင့် မဏ္ဍပ်မှာ အောက်သို့အိကျသွားခဲ့ပြီး ညတွင်းချင်း မဏ္ဍပ်အား ပြန်လည်ပြုပြင်ခဲ့ရသည်ဟု ရေပက်ကစားသူ အသိုင်းအ၀ိုင်းမှ သိရသည်။

“ဒီနှစ်က အရမ်းကြီး မြတ်တယ်လို့တော့ မဟုတ်ပါဘူး။ စပွန်ဆာလည်းရတာ့ ဆိုးတော့မဆိုးပါဘူး။ စီးပွားဖြစ် လုပ်တာမဟုတ်တော့ အရမ်းကြီး မမြတ်ပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းရှိ 14-Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်ကလည်း ဆိုသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်တွင် ရေပက်ကစားသည့် လက်မှတ်ခများမှာ ယခင်နှစ်များကထက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် သင်္ကြန်မတိုင်မီကပင် All Day လက်မှတ်တစ်စောင်လျှင် ကျပ် ၆၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ယခင်နှစ်များက အများဆုံး ၄၀၀၀၀ အထိသာ ရှိခဲ့သည်။ မဏ္ဍပ်အများစုတွင် မဏ္ဍပ်သင်္ကြန်အတတ်နေ့ လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။ 

(ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ ရေပက်ခံမဏ္ဍပ် တစ်ခုရှေ့တွင် ရေကစားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))
ရေပက်ကစားသူဦးရေများခြင်းနှင့် စပွန်ဆာ အခက်အခဲမရှိ ရရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် အများစု အမြတ်ရခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံမှ သိရသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ် ၁၂ ခု၊ ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၈ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်သုံးခု၊ ဆရာစံလမ်းတွင် မဏ္ဍပ်လေးခု၊ သိမ်ဖြူယာဉ်မောင်း သင်ကွင်းရှေ့တွင် မဏ္ဍပ်သုံးခု အပါအ၀င် တစ်မြို့လုံးတွင် မဏ္ဍပ် ၁၀၀ နီးပါးရှိခဲ့ပြီး အဓိက ရေကစား မဏ္ဍပ်အများစု တည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်း

ဆိုးရွားသည့် ရာသီဥတုနှင့်ရင်ဆိုင်နေရသည့် ကိုရီယားသင်္ဘောမှောက် ကယ်ဆယ်ရေးလုပ်ငန်း

Photo: ဆိုးရွားသည့် ရာသီဥတုနှင့်ရင်ဆိုင်နေရသည့် ကိုရီယားသင်္ဘောမှောက် ကယ်ဆယ်ရေးလုပ်ငန်း

အောင်ဟိန်းခိုင် ၊ ဧပြီ ၁၇

 ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကိုရီးယားနိုင်ငံ အနောက်တော်ပိုင်း ကိုရီးယားကမ်းလွန်တွင် လူပေါင်း ၄၇၇ ဦးနှင့်အတူ နစ်မြုပ်ခဲ့သောကူးတို့သင်္ဘောပေါ်မှ ပျောက်ဆုံးလျက်ရှိသော လူများကိုကယ်ဆယ်ရန်အတွက် ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

 အင်ချွန်းမြို့မှ ထွက်ခွါလာခဲ့သော ကူးတို့သင်္ဘောပေါ်တွင် လေ့လာရေးခရီးထွက်လာကြသည့် အထက်တန်းကျောင်းသား၊ကျေင်းသူအများစုပါလိုက်ပါလာခဲ့သောကြောင့် ပျောက်ဆုံးလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်ဆွေမျိုးမိတ်ဆွေသင်္ဂဟ တို့မှာ စိုးရိမ်ပူပန်လျက်ရှိသည်။ ယခုလက်ရှိထုတ်ပြန်ချက်များအရ ကူးတို့သင်္ဘောနစ်မြုပ်ရာတွင်ပါဝင်ခဲ့သော လူပေါင်း ၄၇၇ ဦးအနက် ၁၇၉ ဦးကို ကယ်တင်နိုင်ပြီးဖြစ်သော်လည်း ၂၉၈ ဦးခန့်မှာ ယခုချိန်ထိ ပျောက်ဆုံးလျက်ရှိသည်။ ပျောက်ဆုံးလျက်ရှိသော ၂၉၈ ဦးအနက် လူပေါင်း ၁၀၀ ခန့်ကို ဇောက်ထိုးအနေအထားဖြင့် နစ်မြုပ်လျက်ရှိသော ကူးတို့သင်္ဘောပေါ်တွင် ပိတ်မိနေသည်ဟု မျှော်လင့်ရသည်။ အထက်တန်းကျောင်းသား၊ကျောင်းသူအများစုပါဝင်သော ပျောက်ဆုံးလျက်ရှိသူများကို ကယ်တင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ရေငုပ်သမားများသည် အပူချိန် ၁၀ ဒီဂရီ ဆဲလ်စီးယပ် မှ ၁၃ ဒီဂရီ ဆဲလ်စီးယပ် အထိအေးသော ပင်လယ်ရေပြင်အတွင်း အပူတပြင်းရှာဖွေနေကြသည်။ရေတပ်နှင့် ကမ်းခြေစောင့် တပ်မှ ရေငုပ်သမားများကလည်း သင်္ဘောပေါ်တွင်ပိတ်မိနေသော လူများကိုကယ်တင်နိုင် ရန်အတွက် နစ်မြုပ်နေသော သင်္ဘောအတွင်းသို့ ၀င်ရောက်ရန် ၁၀ ကြိမ်ခန့်ကြိုးပမ်းခဲ့ကြသော်လည်း ရေအောက်ရှိဆိုးရွားလှသော မြင်ကွင်းအခြေအနေနှင့် ရေခဲမတက် အေးလှသော ပင်လယ်ရေအနေအထားများကြေင့် အောင်မြင်ခြင်း မရှိသေးပေ။ ဆိုးရွားလှသော ရာသီဥတုအခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ရပြီး ယနေ့ ၁၇ ရက်နေ့ အစောပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်သည်။

 သေဆုံးပြီ ဟု အတည်ပြုထားသည့် လူကိုးဦးနှင့်အတူ ပျောက်ဆုံးလျက်ရှိသော ကျောင်းသားကျောင်းသူများကို စိုးရိမ်ပူပန်လျက်ရှိသော မိသားစု ၀င်များကို ယနေ့ နံနက်ပိုင်းတွင် တောင်ကိုရီယားသမ္မတ ပတ်ဂွမ်ဟီး ကိုယ်တိုင် လာရောက်တွေ့ဆုံအားပေးခဲ့သည်။
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကိုရီးယားနိုင်ငံ အနောက်တော်ပိုင်း ကိုရီးယားကမ်းလွန်တွင် လူပေါင်း ၄၇၇ ဦးနှင့်အတူ နစ်မြုပ်ခဲ့သောကူးတို့သင်္ဘောပေါ်မှ ပျောက်ဆုံးလျက်ရှိသော လူများကိုကယ်ဆယ်ရန်အတွက် ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

အင်ချွန်းမြို့မှ ထွက်ခွါလာခဲ့သော ကူးတို့သင်္ဘောပေါ်တွင် လေ့လာရေးခရီးထွက်လာကြသည့် အထက်တန်းကျောင်းသား၊ကျေင်းသူအများစုပါလိုက်ပါလာခဲ့သောကြောင့် ပျောက်ဆုံးလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်ဆွေမျိုးမိတ်ဆွေသင်္ဂဟ တို့မှာ စိုးရိမ်ပူပန်လျက်ရှိသည်။ ယခုလက်ရှိထုတ်ပြန်ချက်များအရ ကူးတို့သင်္ဘောနစ်မြုပ်ရာတွင်ပါဝင်ခဲ့သော လူပေါင်း ၄၇၇ ဦးအနက် ၁၇၉ ဦးကို

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် ၂၀၀ နီးပါးပိုများ

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ၁၂၈ ဦး၊ သေဆုံးလူနာ နှစ်ဦး၊ သင်္ကြန်အကျနေ့တွင် ၁၅၉ ဦး၊ သေဆုံးလူနာ သုံးဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၈၉ ဦး၊ သေဆုံးလူနာ တစ်ဦး၊ သင်္ကြန်အတက်နေ့တွင်၂၁၈ ဦး၊ သေဆုံးလူနာ လေးဦးအထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၈ ဦး၊ သေဆုံးလူနာ သုံးဦးအထိ ရှိခဲ့သည့်အတွက် ယခုနှစ်လူနာဦးရေမှာ ယခင်နှစ်ကထက် ပိုများခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အရိုးအကြော၊ ခွဲစိတ်အပါအ၀င် အခြားအထူးကု ဆရာဝန်များနှင့်အတူ အရေးပေါ် အထူးကုဆရာဝန်များကပါ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် အထူးကု ဆရာဝန်များ အပါအ၀င် အခြားကျန်းမာရေး ၀န်ထမ်းများ၊ အထွေထွေ လုပ်သားများကိုပါ ယခင်နှစ်များထက် အင်အားနှစ်ဆ တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါး၊ စက်ပစ္စည်းများကိုလည်း ယခင်ကထက် တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သင်္ကြန်ရက်အတွင်း အရိုး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီးတွေအပြင် အရေးပေါ် အထူးကု ဆရာဝန်တွေကိုပါ ပူးတွဲတာဝန် ချထားပေးခဲ့တယ်။ ဒါကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် စလုပ်တာပါ။ မြန်မာနိုင်ငံမှာ အရေးပေါ် အထူးကုဘွဲ့ရထားတဲ့ ဆရာဝန် ၁၈ ဦးထဲက ခြောက်ဦးကို ဒီနှစ်မှာ စပြီးတာဝန်ပေးတာပေါ့။ ၀န်ထမ်းအင်အားတွေအပြင် ဆေးဝါးကအစ အားလုံးတော်တော်များများကို ယခင်နှစ်တွေကထက် ပိုပေးနိုင်ခဲ့တယ်။ နောက်သင်္ကြန်ရက်အတွင်း အရေးပေါ် ကြီးကြီးမားမား ဖြစ်ခဲ့ရင်လည်း လုပ်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာပပက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိ ပြည်တွင်း၌ အရေးပေါ်ပြုစုကုသ အထူးကုဆရာဝန်များကို ပြီးခဲ့သည့်နှစ်များက လေ့ကျင့်မွေးထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရေးပေါ်ပြုစုကုသမှုပညာ ဒီပလိုမာ ရရှိထားသူ ၁၈ ဦးရှိကြောင်းနှင့် လာမည့် ၂၀၁၅ ခုနှစ်အတွင်း အရေးပေါ် ပြုစုကုသ အထူးကုဆရာဝန်များအပြင် အရေးပေါ် ပြုစုကုသ အထူးကုသူနာပြုများ စတင်မွေးထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ခံထွက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 Eleven Media Group
ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ယခင်နှစ်ထက် ၂၀၀ နီးပါး ပိုများခဲ့ပြီး လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦးအထိ ရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရ သည်။

ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်လိုင်းမှ ယာဉ်မောင်းဖမ်းမမိသေး

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၂ ဦး မီးလောင် သေဆုံးသည့် ဖြစ်စဉ်တွင် ခရီးသည်များ အား ကားတံခါးပိတ်၍ ထွက်ပြေး တိမ်းရှောင် နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို ဖမ်းဆီး မမိသေးကြောင်း သတင်း ရရှိသည်။

 ဧပြီ ၁၂ ရက်နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးအား ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ

ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး အတွင်း သင်္ကြန်ကာလ ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုး သမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အမှုတစ်မှုမှာ သင်္ကြန်အကျ နေ့ ဧပြီ ၁၄ ရက် ညနေတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမျိုးသားတစ်ဦးက တစ်လမ်းတည်းနေ မိန်းကလေးတစ်ဦးကို ရေပက်စဉ် ပါးပြင်အားနမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့နမ်းမိခဲ့၍ နှစ်ဖက်မိသားစု စကားများရန်ဖြစ်ကာ နမ်းခဲ့သူ၏ မိခင်ကို အနမ်းခံရသူ၏ အစ်မက

ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ


ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ

NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့မနက်မှာ ပြောပါတယ်။

ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ဥရောပကနေ မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ညနေမှာပဲ ဆရာဦးဝင်းတင်ကို သွားရောက်ကြည့်ရှုခဲ့ ပါတယ်။  အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး နိုင်ငံခြားသွားရောက် ကုသမှု ခံယူရေးကိစ္စတွေကိုလည်း မိသားစုဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်ပင်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့ အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က အာဖက်အေကို ဒီကနေ့ သောကြာနေ့ မနက်မှာ ပြောပါတယ်။
ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည် နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။
ဥရောပကနေ မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ညနေမှာပဲ

ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား


ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပြီလား

ဧပြီလ ၁၇ ရက် ၂၀၁၄ ခုနှစ်

Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့  တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့  ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
 ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့ လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical Teams တွေ ဖွဲ့စည်း လိုက်တော့ KIA အဖွဲ့ကတော့ ငြိမ်းချမ်းရေးလုပ်တော့မှာပါလားဆိုပြီး ကချင်ပြည်နယ်က လူထုအားလုံးက ၀မ်းပန်းတစ်သာ ဖြစ်ခဲ့ကြရပါတယ်။ မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တုန်း ကဆိုရင် ငြိမ်းချမ်းရေး ရစေချင်လွန်းလို့ ဆွေးနွေးပွဲလာတဲ့ KIA အဖွဲ့ကို လမ်းခရီးတစ်လျောက်မှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါသေးတယ်။

ငြိမ်းချမ်းရေး ရနိုးရနိုးနဲ့ တိုက်ပွဲ ဖြစ်နတဲ့ စစ်ဘေးရှောင် ဒုက္ခ အမျိုးမျိုးတွေကြားထဲကနေ ကချင်း ပြည်နယ် လူထုက အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လေး ငါး လလောက်ကစပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာတွေ လျော့သွားလို့ ကိုယ့်နေရပ်ကို ပြန်ပြီး နဂိုအတိုင်း အေးအေးဆေး  ဆေး လုပ်ကိုင် စားသောက်မယ်လို့ ကြံတုန်း အခုတစ်ခါ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွါပြေးကြရပြန်ပါပြီ၊ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာပါဘဲ၊ သူတို့နယ်မြေတွေမှာ အေးချမ်းနေပြီး ကျွန်တော်တို့ နယ်မြေမှာကျမှ မအေးချမ်း တာဟာ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုးလားစိတ် မရှိတာကြောင့် ဖြစ်တယ်ဆိုတာ အထူးပြောစရာ မလို တော့ပါဘူး။
 အခုဆိုရင် အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်လာတာ ၃ နှစ် ပြည့်လုနီးပါကြာခဲ့ပါပြီ၊ ဒီကြား ထဲမှာ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ အကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။ ဆွေးနွေး မှုလုပ်တိုင်း လည်း ငြိမ်းချမ်းရေးလုပ်နိုင်ပါစေ၊ ငြိမ်းချမ်းရေး ရပါစေလို့ အဓိက ဒုက္ခခံစားနေရတဲ့ ကချင် လူထုက ဆုတောင်းပွဲတွေပြုလုပ်ပြီး အဖြေကို အမြဲနားစွင့်နေခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေသာ ပြီးသွား ပါတယ်၊ ကျွန်တော်တို့ မျော်လင့်နေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေက အခုချိန်ထိ ထွက်မလာခဲ့ပါဘူး။

မြန်မာပြည်အရပ်ရပ်က ညီအစ်ကို မောင်နှမ အားလုံကလည်း ကျွန်တော်တို့ ပြည်နယ် အေးချမ်း ပါစေဆိုတဲ့ ဆန္ဒနဲ့ ကူညီထောက်ပေးတာတွေ၊  ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဂီတပွဲ၊ ဆုတောင်းပွဲ တွေ အားသက်တရော လုပ်ပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်နေ တိုင်းရင်းသား မောင်နှမများ အားလုံးက အထူးကျေးဇူးတင် ပါတယ်ဆိုတာကို ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ်။

သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ KIA အဖွဲ့ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့  စိတ်ဆန္ဒကို မျက်ကွက်ပြုပြီး နယ်စပ်တစ်လျောက်မှာမှောင်ခိုလုပ်ငန်း လုပ်ကိုင်ပြီး ၊ အသိပညာ မကြွယ် ၀သေးတဲ့ ကချင်ပြည်နယ်နေလူထုကို ကချင်ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ဆိုတဲ့ စကားလုံးနဲ့ စည်းရုံး သိမ်းသွင်းထားတဲ့  လက်နက်ကိုင် အာဏာတည်မြဲရေး၊ KIA အဖွဲ့ကောင်းစားရေးကို ရှေ့ ရှု လုပ်ကိုင် နေတဲ့ အဖွဲ့ပဲ ဖြစ်တယ်ဆိုတာ  ဒီကနေ့မှာ ကျွန်တော်တို့ နားလည်ခဲ့ကြပါပြီ။ ငြိမ်းချမ်းရေးလိုလားနေတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ ဆန္ဒကို ဒီအတိုင်းမျက်ကွယ်ပြုထားပြီ ဒီပုံစံအတိုင် အကြမ်း ဖက်တဲ့ လုပ်ငန်းတွေနဲ့ တိုက်ပွဲတွေကိုပဲ ဆက်လက်ပုံဖော်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်ပြည်နယ်လူထုက ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်သင့်ပါပြီ.....

မောင်ရေချမ်း ( မြစ်ကြီးနား)
Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့ ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့ ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးရယူလိုစိတ် မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့ လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical Teams တွေ ဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု

Photo: ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု
Friday, April 18, 2014

 ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အနောက်နိုင်ငံတွေ အနေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကို အားပေးတဲ့အနေနဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မက မြန်မာအစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း တွေ ဘက်ကိုလည်း သူတို့ရဲ့ ထောက်ခံမှုတွေ ကို ဖြန့်ထားတယ် လို့ ဆိုပါတယ်၊ ဒါ့ကြောင့်မို့ ဖွဲ့စည်းပုံဥပဒေ ပြင်ရေး မှာ အစိုးရနဲ့ စစ်တပ် က ပူးပေါင်းပါဝင်လာအောင် နိုင်ငံတကာ က ဖိအားပေးတာမျိုး ဖြစ်မလာ နိုင်ဘူး လို့ သူက သုံးသပ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအင်အားစု တွေ အတွင်းမှာလည်း ညီညွတ်တဲ့ အင်အားစု မျိုး မရှိတဲ့အချက် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်က ဒီမိုကရေစီ အင်အားစုအားလုံးကို မစုစည်းထားနိုင်တာ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့လည်း ဆက်ဆံရေး အေးနေတာ စတဲ့ အကြောင်းတွေကလည်း နိုင်ငံတကာ က ကူညီဖို့လျော့ကျလာစေတဲ့ အကြောင်းတွေလို့ မြင်တဲ့အကြောင်း ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့်

သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများ ကွင်းဆင်းလေ့လာမည်

တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကွင်းဆင်လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဦးရှုမောင်က" သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ကျန်ခဲ့တာမျိုး ရှိသလား၊ လွဲချော်သွားတယ် ဆိုရင်လည်း ဘယ်လိုအတိုင်းအတာအထိ လွဲချော်သွားနိုင်သလဲ။ ဘယ်လောက် အတိုင်းအတာအထိ လွဲမှားထားသလဲဆိုတဲ့ အနေအထားကို ကျွန်တော်တို့ သေချာလေး ဖြစ်သွားစေဖို့လေ့လာတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့လုပ်နေတယ်။ အဲဒါကတော့ ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေမှာ

သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား

Photo: သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား 

Friday, April 18, 2014

ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော်လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ်စဉ်က ပေးသွင်းထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ အနေဖြင့် စည်ကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အရေးယူနိုင်ရန်အတွက် မဏ္ဍပ်မဆောက်လုပ်မီ အာမခံစပေါ်ငွေများ တင်ထားရပြီး ယခုနှစ်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီးတစ်ခုလျှင် ကျပ် ၇၅ သိန်း၊ ပေ ၁၀၀ နှင့် ၅၀ ကြား မဏ္ဍပ်အလတ်တစ်ခုလျှင် ကျပ် ၄၅ သိန်းနှင့် ပေ ၅၀ အောက် မဏ္ဍပ်အသေးတစ်ခုလျှင် ကျပ်သိန်း ၃၀ ပေးသွင်းထားရသည်။ သင်္ကြန်ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုများ ရှိခဲ့ပါက အဆိုပါငွေများထဲမှ နုတ်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ငွေကို သင်္ကြန်ကာလအပြီး အစိုးရရုံးများ ပြန်ဖွင့်ချိန်တွင် ထုတ်ပေးမည်ဟုလည်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ ဆရာစံလမ်းတွင် လေးခုအပါအ၀င် ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီးတွင် သတ်မှတ်ရက်ထက် နောက်ကျဖျက်သိမ်းမှုကြောင့် အရေးယူခဲ့သည့်မဏ္ဍပ် မရှိခဲ့ဘဲ အခြားအကြောင်းအရာများဖြစ်သည့် မဏ္ဍပ်များတွင် လင့်စင်ထိုးခြင်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုရရှိခြင်း၊ သစ်ပင်များ ပျက်စီးခဲ့ခြင်း၊ မဏ္ဍပ်များတွင် တာဝန်ခံမည့်သူများ၏ ဖုန်းနံပါတ်များကို ဖော်ပြမှုမရှိခဲ့ခြင်း၊ အရွယ်အစား ပိုမိုဆောက်လုပ်ခဲ့ခြင်းများကြောင့် အာမခံစပေါ်ငွေထဲမှ ဒဏ်ကြေးငွေများ နုတ်ယူခံခဲ့ရကာ အနည်းဆုံး ကျပ်နှစ်သိန်းကျော်မှ အများဆုံး ကျပ် ၅၅ သိန်းအထိ နှုတ်ယူခံခဲ့ရပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းမှ မဏ္ဍပ်များ အများဆုံး ပေးဆောင်ခဲ့ရကြောင်း၊ ယင်းသို့ ဒဏ်ကြေးရရှိငွေမှာ ကျပ်သိန်း ၈၆၀ ကျော် ရှိခဲ့သည်ဟု ပြီးခဲ့သည့်နှစ် သင်္ကြန်အပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။ 

Eleven
ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်းမှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန် မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

မဏ္ဍပ်များအား ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သပ်ရပ်စွာ ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ငါးရက်ထက် ကျော် လွန်၍ ဖျက်သိမ်းခြင်း မပြုလုပ်ပါက မဏ္ဍပ်များ စတင်ဆောက်လုပ် စဉ်က ပေးသွင်းထားသည့် အာမခံစပေါ်ငွေ အားလုံးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုလည်း အဆိုပါကော်မတီ၏

Tuesday, April 15, 2014

ထာဝရငြိမ်းချမ်းရေးအတွက် သဘောထားကွဲနေသော KIO/KIA

ဧပြီလ ၁၅ ရက် ၂၀၁၄ ခုနှစ်
အစိုးရ၏ ပစ်ခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အားရစရာဟု ဆိုရပေမည်။ MPC တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ဧပြီလ ပထမပတ်အတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အတိုင်းအတာကိုကြည့်ပြီး ပြည်သူများ အားမလို အားမရ ဖြစ်မိသည်။ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်ကို KIO/KIA အဖွဲ့က လက်မခံနိုင်သည်ကိုလည်း အံ့သြမိသည်။
အစိုးရက တစ်ပြည်လုံးအတိုင်းအတာဖြင့် ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် ရည်မှန်းချက် လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်လိုသည်။ ငြိမ်းချမ်းရေးကို အစိုးရက လိုလားသကဲ့သို့ ပြည်သူတွေကလည်း လိုလားသည်။ ခေတ်အဆက်ဆက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတော့ ပြည်သူတွေသာ ဒုက္ခရောက်ပြီး ဆင်းရဲတွင်း နက်လာသည်။ တိုင်းပြည်လည်း တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံနိုင်ငံများတွင် မျက်နှာမလှဖြစ်ခဲ့ရသည်။

စကားများရန်ဖြစ်ပြီးဓါးဖြင့်ထိုးကာဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်တွင် ဒဂုံတောင်မြို့နယ်၊ (၅၅)ရပ်ကွက်နေ မ၀င်းဝင်းမြင့်မှ ၎င်းသည် ခင်ပွန်းဖြစ်သူ ကိုကိုနိုင်နှင့်အတူ တစ်လမ်းတည်း
နေ မယဉ်ယဉ်မွှေး၏နေအိမ်တွင်ရှိနေစဉ် ကြက်ဖ(ခ)မိုးကျော်ကျော်၊(၁၉)နှစ်၊ (ဘ)ဦးကျော်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူရောက်ရှိလာပြီး ၀ါးလုံးကိုင်ကာ ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့အား ရန်ပြုစိန်ခေါ်ခဲ့ကြောင်း၊ အနီး
ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖြန်ဖြေပေးသဖြင့် ကြက်ဖ(ခ)မိုးကျော်ကျော်မှာ
ပြန်သွားခဲ့ပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကာ ခင်ပွန်းဖြစ်သူ
အား ဓါးဖြင့်ထိုးခဲ့၍ ၀ဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့
ကြောင်း၊ ထိုအချိန်တွင် ကြက်ဖ(ခ)မိုးကျော်ကျော်၏အစ်ကိုဖြစ်သူ
ကျော်သူအောင်၊ (၂၅)နှစ်၊ (ဘ)ဦးကျော်ညွန့်ရောက်ရှိလာပြီး ၎င်းအား သံတူရွင်းဖြင့်ရိုက်နှက်ခဲ့၍ ၀ဲဘက်လက်နှင့်ဂုတ်ပိုးတို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ်သို့ပြန်ပြေးစဉ် ကြက်ဖ(ခ)
မိုးကျော် ကျော်၏အစ်မ ဖြစ်သူ မသီသီသော်၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ညွန့်မှ
နေအိမ်ပေါ်သို့ရောက်ရှိလာပြီး ၎င်းအားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုကိုနိုင်မှာလည်း ရရှိသည့်ဒဏ်ရာဖြင့် သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ပြီး ၎င်းမှာလည်း ပြင်ပလူနာ
အဖြစ် ဆေးကုသခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၄၅၁/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ
များဖြစ်သည့် ကြက်ဖ(ခ)မိုးကျော်ကျော်၊ ကျော်သူအောင်နှင့် မသီသီသော်
တို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ

Photo: ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ
Tuesday, April 15,2014

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize)  ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။   ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို  သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့  အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။  ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး  ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့  အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။

အထူးသတင်းအတွက် ဆုကိုတော့  ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့  ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။  ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့  အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။

ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။  ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer  အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။  ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။  လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်
ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize)  ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး

Photo: မြန်မာနိုင်ငံ လက်နက်တင်ပို့မှု တားမြစ်ချက် EU သက်တမ်းတိုး
Tuesday, April 15,2014

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
 
မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးလိုက်တဲ့အကြောင်း Luxembourg မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက အင်္ဂါနေ့မှာပဲ ဆုံးဖြတ်ခဲ့တာပါ။ သက်တမ်းတိုးလိုက်တဲ့ အရေးယူဒဏ်ခတ်မှု အစီအစဉ်မှာတော့ ပြည်တွင်းက ဖိနှိပ်တဲ့လုပ်ရပ်တွေမှာ အသုံးချနိုင်မယ့် လက်နက်နဲ့ စစ်ပစ္စည်းတင်ပို့မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က အုပ်ချုပ်နေတာတွေ အဆုံးသတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိကဝတ်တွေနဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်မှာတော့ EU နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုအများစုကို ဖယ်ရှားပေးခဲ့တာပါ။
 
ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့တာ၊ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးတွေမှာတော့ အနောက်နိုင်ငံတွေက သတိထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံတခုအဖြစ်နဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပြန်လည် လက်ခံထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)
ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးများအား EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်စု ပြင်သစ်ရောက်

Photo: ဒေါ်စု ပြင်သစ်ရောက်
Tuesday, April 15,2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ် စံတော်ချိန် နေ့လည် ၁၂ နာရီလောက်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီညနေပိုင်းမှာပဲ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာရော ဘာအစီအစဉ်တွေ ရှိပါသေးလဲ ဆိုတာကိုတော့ ပြင်သစ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်းက အခုလိုပြောပါတယ်။

“ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Program -  သူတို့ပြောချက်အရ သမ္မတနဲ့တွေ့မှာက ဒီနေ့ညနေ ၆ နာရီ၊ ၄၀ မှာ တွေ့မယ်။ မနက်ဖြန်ကတော့ အစီအစဉ်တွေ များတယ်။ ဒေါ်စုက နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ သမ္မတနဲ့လည်းတွေ့မယ်လေ။ သမ္မတအိမ်တော်မှာ နောက်ပြီးတော့ သူက အဓိက-က ပြင်သစ်စစ်တပ်ရဲ့ မြင်းတပ်မတော်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဘုရင်ခံ အခမ်းအနားတွေ ဘာတွေကျရင် ပြင်သစ်က မြင်းတပ်မတော်ကို သုံးတုန်းပဲလေ။ အဲဒီကိုလည်း သူ သွားဖို့ရှိတယ်။ နောက် ပြင်သစ်ကဆို စစ်တပ်ရဲ့ သေနာပတိချုပ် အကြီးအကဲကြီးတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အဲဒါတွေ အကုန်လုံးကတော့ မနက်ဖြန်မှ တွေ့မှာ။

“အန်တီစုက လာတယ်ဆိုပေမယ့် သူ့ရဲ့ ပရိုဂရမ်တွေက အရမ်းကို ကြပ်နေတယ်။ ကြပ်နေတဲ့အခါကျတော့ သူက ဘာပြောသလဲဆိုတဲ့အခါကျတော့ အစကတော့ တွေ့ချင်တယ်ပေါ့နော်။ မြန်မာတွေနဲ့လည်း အမှတ်တရ နှုတ်ဆက်ချင်တယ်ဆိုတဲ့အခါကျတော့ သူက ဘယ်လိုမှကို မတွေ့ဖြစ်ဘူး-တဲ့။ ပြီးတော့ သူက ချက်ခြင်းပဲ ၁၆ ရက်နေ့ကို ပြန်မယ်။ ပြန်မယ်ဆိုတော့ ၁၄၊ ၁၅၊ ၁၆ - သုံးရက်လို့ ပြောပေမယ့် တကယ်တန်း သူရတာကတော့ ၁ ရက်ပဲ ရတယ်။”

ပြင်သစ်အခြေစိုက် မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်း ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် (ဗွီအိုအေ မြန်မာပိုင်း)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ် စံတော်ချိန် နေ့လည် ၁၂ နာရီလောက်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီညနေပိုင်းမှာပဲ ပြင်သစ် သမ္မတ ဖရန် ဆွာ အော်လွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာရော ဘာအစီအစဉ်တွေ ရှိပါသေးလဲ ဆိုတာ ကိုတော့ ပြင်သစ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းက မခင်ဇင်မင်းက အခုလိုပြောပါတယ်။

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်မိသားစု စကားများ ရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး

၁၄.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ေ န ဒေါ် လွင်လွင်မာ မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာ အား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း(ခ)ဇင်မီလေး၊ (၂၉)နှစ်၊ (ဘ)ဦးစိုးဝင်းမှ တူဖြစ်သူအား ပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများကြစဉ် မဇင်မီမီထွန်း(ခ)ဇင်မီလေးမှ အရိုးအသွား(၄)လက်မ ခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်ကောက်ဝတ်နှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်တင်တင်မော်အား ဆိပ်ကြီးခနောင်တိုမြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးအား အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

လေယာဉ် ရှာဖွေဖို့ လူမဲ့ ရေငုပ်သင်္ဘော အသုံးပြု

Photo: လေယာဉ် ရှာဖွေဖို့ လူမဲ့ ရေငုပ်သင်္ဘော အသုံးပြု
Tuesday, April 15,2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံး အကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကို သုံးပြီး ရှာဖွေဖို့ စီစဉ်နေကြပါတယ်။

အဲဒီ ရေငုပ် သင်္ဘောဟာ ပျောက်ဆုံး လေယာဉ်ရဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကနေ ထုတ်လွှတ်တဲ့ အချက်ပြ အသံလှိုင်း လာရာ နေရာလို့ ယူဆရတဲ့ သြစတြေးလျ ကမ်းခြေ အနီးက အိန္ဒိယ သမုဒ္ဒရာ ရေအောက် ကြမ်းပြင်ကို လျှပ်တိုက် သွားမှာ ဖြစ်ပါတယ်။

လေယဉ် ရှာဖွေရေး ဆိုင်ရာ သြစတြေးလျ တာဝန်ခံ အရာရှိ တစ်ယောက် ကတော့ အခုချိန်လောက် ဆိုရင် Black Box မှာ ပါတဲ့ ဘက်ထရီအား ကုန်လောက်ပြီလို့ ထင်ရကြောင်း ပြောပါတယ်။

ရှာဖွေရေး လုပ်နေတဲ့ လက်ရှိ နေရာအတွင်းမှာ ဆီတွေကို တွေ့ရတယ်လို့ ဆိုပေမယ့် ဒါဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 က ဟုတ် မဟုတ် စမ်းသပ်နိုင်ဖို့ ရက်အတန် ကြာလိမ့်ဦးမယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံး အကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကို သုံးပြီး ရှာဖွေဖို့ စီစဉ်နေကြပါတယ်။

Monday, April 14, 2014

မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

Photo: မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
Monday, April 14, 2014

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။
မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေစုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြောပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "
ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

RFA Burmese
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီ တီရှပ်တွေ ၀တ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။ မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြော ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ

Photo: နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ
Monday, April 14, 2014

နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတွေ အတော်များများကိုပါ ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် လူ ၁၂၀ ကျော်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

Nyanya ဘတ်စ်ကား ရပ်နားစခန်းမှာ မြို့ထဲကို သွားမယ့် လူတွေ အပြည့် အသိပ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဘယ်အဖွဲ့ကမှ ခုချိန်ထိ ထုတ်ဖော် မပြောသေးပါဘူး။

ဒါပေမယ့် အစ္စလာမ်မစ် Boko Haram အဖွဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဘူဂျာမှာ အရင်က တိုက်ခိုက်ခဲ့မှုတွေကို သူတို့အဖွဲ့က လုပ်ခဲ့ပါတယ်။

BBC Burmese
နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ

Photo: ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ
Monday, April 14, 2014

နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

မိမိနိုင်ငံကို တိုးတက်အောင် လုပ်ရမည့်အစား ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ ဒေါ်စုလုပ်နေသည်။ ကြိုးပမ်းနေသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာဖြစ်နေလို့လဲဟု ကျွန်တော်တွေးကြည့်မိသည်။ လေ့လာမိသည်။ တိုင်းပြည်ရပ်တည်လို့ မရလို့လား။ စနစ်ဆိုးတွေရှိနေလို့လား။ တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးကျိုးရှိရှိအသုံးချသင့်သည်ဟုကျွန်တော် ထင်ပါသည်။ ယခုတော့ ဒီလိုမဟုတ် တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စရပ်များကို ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ရမည့်အချိန်တွင် ဒေါ်စု ဘာလုပ်နေသလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်ကို ဒေါ်စု မေ့နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေးဇူးကန်းသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်မည့်သူအတွက် အရည်အချင်း သတ်မှတ်ချက်မှာ နိုင်ငံအတွက်ဖြစ်သည်။ နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းသူ၊ ပြည်ပနိုင်ငံရဲ့ ကျေးဇူး သစ္စာကို ခံယူတဲ့သူကို ခေါင်းဆောင်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုရမှာလား။ အရပ်ကတို့ရဲ့.. စဉ်းစားလဲကြည့်ပါဦး။ ဒေါ်စုမဟုတ်ဘဲ အခြားတစ်ယောက်ဆိုရင် လက်ခံမှာလား။ ကိုယ်ကျိုးကြည့်လှချည်လား။ ဘာလို့ ကုလားဖြူကို လင်တော်ခဲ့ပါသလဲ။ ယူထားတာက နိုင်ငံခြားသား.. လုပ်ချင်တာက သမ္မတ.. မွေးထား တာက ကပြားတွေ… ပြင်ချင်တာက ၅၉(စ) ပြီးတော့ ဗုဒ္ဓဘာသာကို ဆန့်ကျင်ပြီး ကိုးကွယ်သူတွေ… ဒေါ်စု နိုင်ငံခြားသားကိုယူတာ အပြစ်မပြောလိုပါ။ ဒါပေမဲ့ တိုင်းပြည်အရေးမို့ ကျွန်တော်ပြောရခြင်း ဖြစ်သည်။

ဂျာမနီမှာ ဒေါ်စု ပြောသွားတာရှိသည်။ နိုင်ငံကို Myanmar လို့ ခေါ်တာမှားကြောင်း… Burma လို့ ခေါ်ရမှာဖြစ်ကြောင်း ပြောသွားသည်။ ဒေါ်စု ရဲ့ အတွင်းစရိုက်က အစိုးရကို ဆန့်ကျင်ရရင် ကျေနပ်နေတော့ သည်။ Burma ကနေပြီး Myanmar ပြောင်းတော့ ဘာဖြစ်လဲ။ ဘာထိခိုက်သွားလို့လဲ။ Myanmar ကို Myanmar ခေါ်တော့ ဘာဖြစ်လဲ။ ဒေါ်စုက မျက်နှာဖြူကို လင်တော်ထားတော့ သူ့အမျိုးတွေ Burma လို့ ခေါ်တာကို သဘောကျနေတာ ဖြစ်မယ်နဲ့တူသည်။ အရေးကြီးတာ တိုင်းပြည်တိုးတက်ဖို့ပါပဲ။

တိုင်းပြည်တိုးတက်အောင်လုပ်ရမည့်အစား လူကြီး မပီသတဲ့အလုပ်၊ သေးသိမ်သည့်အလုပ်များကိုသာ ဒေါ်စု လုပ်နေတော့သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒေါ်စုလို လူမျိုးကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုရမှာလား။ ဒေါ်စုက သူ့ကိုယ်သူ လူထုခေါင်းဆောင် ဟု ပြောသည်။ ဘာကိုကြည့်ပြီး လူထုရဲ့ ခေါင်းဆောင် ဟု ပြောပါသလဲ။ ဒေါ်စု အနားလာပြီး ပြည်ပက သူတောင်းစားလို တောင်းစားနေခဲ့တဲ့ အဖွဲ့တွေက ဒေါ်စုကို လူထုခေါင်းဆောင် ဟု အမည်တပ်ထားခြင်းသာ ဖြစ်ပေတော့သည်။ အထင်ကြီးစရာဆိုလို့ မတွေ့ရ။ တိုင်းပြည် အတွက် ဘာမှအလုပ်အကျွေးပြုမှု မရှိခဲ့။

မြန်မာပြည်ကို ဒေါ်စုပြန်ရောက်ချိန်မှ ယနေ့အထိ ဒေါ်စု ဘာအလုပ်လုပ်နေပါသလဲ။ ပညာသာ တတ် သည်။ ဘာမှမလုပ်ပါ။ ပြည်သူ့အကျိုးပြုတဲ့ လုပ်ငန်းကိုလည်း မလုပ်။ နိုင်ငံအကျိုးပြုတဲ့လုပ်ငန်းကိုလည်း မလုပ်။ မျက်နှာဖြူကို လင်တော်ပြီး ပြည်ပမှ ပေးစာ၊ ကမ်းစာကိုသာ စားနေခဲ့တာ နှစ်(၂၀)ကျော်လာပြီ ဖြစ်သည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတာမျိုးလဲ မရှိခဲ့။ ပြည်ပနိုင်ငံများ၏ အလိုကျ သံကုန်ဟစ်ကြွေးပြီး ပြည်ပထောက်ပံ့ကြေးများကို ရယူခြင်းဖြင့် ကိုယ်ကျိုးရှာနေတော့သည်။

ထိုင်းဘုရင် သမီးတော် မဟာချက်ကရီသီရိဒုံနှင့် နှိုင်းယှဉ်ပါက ဒေါ်စုသည် မိုးနဲ့ မြေ ကွာခြားနေ ပါသည်။ မျိုးချစ်ခေါင်းဆောင်ကြီး၏ သမီးတစ်ယောက်ဖြစ်သော်လည်း.. နိုင်ငံခြားသားကိုလင်တော်… နိုင်ငံခြား မှ ပေးကျွေးမှုကို ခံယူနေသောသူကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားများ လက်ခံနိုင်ပါမည်လား။ အဖြေကို ပြည်သူကပင် သက်သေတည်ပါလိမ့်မည်။ ဒေါ်စုကို အကြံပေးလိုပါသည်။ တိုင်းပြည်တိုးတက်ရေး အတွက် လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ပြည်သူကောင်းစားရေးအတွက် လုပ်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဒေါ်စု လုပ်နေတဲ့ အလုပ်တွေကို ပြည်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရတာ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဘာလုပ် သင့်တယ်။ ဘာလုပ်ထိုက်တယ်ဆိုတာကိုတောင် ခွဲခွဲခြားခြား မသိနိုင်သူကို ကျွန်တော်မည်သို့ ထောက်ခံရမည် နည်း။

လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်မည်ဆိုပါလျှင်…..

ပေးပို့သူ - မောင်စည်သူ
နေ့စဉ်သတင်း
နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို


Photo: ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို
Monday, April 14, 2014

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်းဆိုခဲ့သည်။

ကော်စတာသည် အက်သလက်တီကို အတွက် ဒုတိယဂိုး သွင်းယူချိန်တွင် ဘယ်ဘက်ဂိုးတိုင်နှင့် တိုက်မိခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမား အနေဖြင့် ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆီမြွန်နီက အတည်ပြုခဲ့သည်။

ထို့အပြင် အက်သလက်တီကိုကလည်း ကံကောင်းလွန်းသည့် ဒီယေဂို ကော်စတာသည် ဂိုးတိုင်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဒဏ်ရာ တစ်ခုသာ ရရှိခဲ့ကြောင်း တရားဝင် Twitter account မှတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဆီမြွန်နီက “ဒီယေဂိုရဲ့ အခြေအနေက ကောင်းပါတယ်။ ဒီဒဏ်ရာက သူ့အတွက် ဘာမှ မပြေပလောက်ပါဘူး” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး ဂီတာဖေးနှင့် ပွဲစဉ်တွင် အသင်း၏ ပရော်ဖက်ရှင်နယ် ခြေစွမ်းနှင့် ပတ်သက်၍ အံ့အားသင့်မိကြောင်း ဆီမြွန်နီက ချီးကျူးခဲ့သည်။

“ဆုဖလား ရရှိဖို့က ကျွန်တော်တို့ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်ဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီအယူအဆကို လက်ကိုင်ထားဆဲပါ။ ဆုဖလားရဖို့ဆိုတာ ရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှု အထူးသဖြင့် အသင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားတို့အပေါ်မှာ မူတည်ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမဲ့ ကစားသမားတွေဟာ အရေးပါတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာတွေ ဖြစ်ဖို့ နောက်ထပ် ၅ ပွဲပဲ ကစားရပါတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ အယ်ချီနဲ့ ကစားရမယ့် ပွဲကို အာရုံစိုက်နေပါတယ်” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်း ဆိုခဲ့သည်။

ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ

Photo: ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ
Monday, April 14, 2014

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီးအရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကွန်ကရစ်တုံးနှင့်ယာဉ်တို့ ပျက်စီးသွားခဲ့ သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ချမ်းမြေ့ဦးကို ဗဟန်းမြို့မရဲစခန်း (ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေ သူ မော င်းနှ င် လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီး အရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့

 
ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden Myanmar) လေယာဉ်က အပြည်ပြည်ဆိုင် ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ ၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ် ရန် အသေးစား ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

Photo: KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ
Monday, April 14, 2014

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။

"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး စိတ်ပါဝင်စားတဲ့သူများ မိတ်ဆွေများနဲ့ ဖြစ်နိုင်လို့ရှိရင်တော့ ဒီမှာရှိတဲ့အစိုးရပိုင်းက တာဝန်ရှိတဲ့သူများကို ကျနော်တို့အခြေအနေလေး တင်ပြနိုင်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ လေးယောက်လာပါတယ်"

ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာလို့သိရပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေ၊ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၂ ရက်ကြာ နေထိုင်မယ်လို့သိရပါတယ်။

RFA Burmese
မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေရာရွှေ့ပြောင်းသည့်လေယာဉ်မှ ရပ်ထားသောလေယာဉ်ကို တိုက်မိ


၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ လေယာဉ် ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့် သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။