Saturday, June 21, 2014

ကျောက်ပန်းတောင်းမြို့နယ်တွင် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်

ကျောက်ပန်းတောင်းမြို့ နယ်တွင် ဆက်သွယ်ရေးကေ ဘယ်ကြိုးဖြတ်သန်းရန် ယာမြေ တွင်မြေတူးစက်ဖြင့် တူးသည့် တရုတ်ကုမ္ပဏီဝန်ထမ်းအချို့နှင့် ဒေသခံအချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ၀င်ရောက်ညှိနှိုင်းပေးခဲ့ရကြောင်းသတင်းရရှိသည်။

ကျောက်ပန်းတောင်းမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဘိုစုကျေး ရွာအနီးတွင် ဇွန်လ ၂၀ ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ

Photo: ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ
Saturday, June 21, 2014

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်များ နှင့် ကိုက်ညီသူများ၏ လျှောက် လွှာများကို လက်ခံထားပြီး အဆို ပါလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်က အ ဆင့်ဆင့် စိစစ်ဆုံးဖြတ်သွားမည် ဟု သတင်းရရှိသည်။

ဗဟိုအဆင့်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န် ကြီးတို့က ဦးဆောင်ပြီး အခြား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အကဲဖြတ်မည် ဟု သတင်းရရှိသည်။

လက်ရှိ အခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တစ်မြို့နယ်တည်းတွင်သာ စတင်ခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကရိုဟင်ဂျာလူမျိုး အမည်ထည့်သွင်းမှ ကောက်ယူခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့် နေ ရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ချေ။

ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ လူ ဦးရေစာရင်း ကောက်ယူရေး လုပ် ငန်း (ဆွဲတင်စစ်)ကို အကောင်အ ထည်ဖော်ခဲ့သော်လည်း ဘင်္ဂါလီ လူမျိုးများအကြမ်းဖက်ကန့်ကွက် မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ သည်။

မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟ)

7 Day Daily
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက် ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား မချေမငံပြောဆိုပြီး ဓါးဖြင့်ခုတ်သူအား အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် အမှတ်(၁၁) ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ရဲတပ်ကြပ် ကျော်ကျော်(၃၄)နှစ်သည် ယာဉ်/လမ်းရှင်းလင်းရေး တာဝန်ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ဂုဏ်ဂျာအောင်(၁၉)နှစ် မောင်းနှင်လာသည့်

ရခိုင်ဝန်ကြီးချုပ် ဘာကြောင့် နှုတ်ထွက်ရသလဲ

 ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှာ နှုတ်ထွက်ခွင့်ပြု။ (Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB စာမျက်နှာ) 
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ တစ်ဦး နှုတ်ထွက်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်းကြည့်တော့ -

ကိုယ့်ကိစ္စ ကိုယ်လုပ်ဟု မြန်မာ အစိုးရက အမေရိကန်ကို ပြော

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်တွန်း ပြောဆိုချက်နဲ့ နိုင်ငံသားများက လွတ်လပ်စွာ ရွေးချယ်သူဟာ သမ္မတ ဖြစ်သင့် တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုနေမှုများ အပေါ် မြန်မာအစိုးရက အမေရိကန်တို့ ကိစ္စ မဟုတ်ဘူးလို့ ပြန် လည် တုံ့ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Jen Psaki က မြန်မာနိုင်ငံသားများ လိုလားတဲ့ သူကို နိုင်ငံ သားတို့က လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသင့်ကြောင်း၊ ဒါမှသာ လာမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းမှာ တည်ငြိမ်မှု ရှိစေမှာဖြစ်ကြောင်းလို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား

Photo: ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား
Saturday, June 21, 2014

မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ၀န်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေမှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ဟာ မဟာသန္တိသုခကျောင်းတိုက် အရေးကိစ္စမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်ပေးချက်တွေကို ကျော် လွန်ပြီး လုပ်ဆောင်တာတွေကြောင့် ဖမ်းဆီးအရေးယူတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်သူ့လွှတ်တော်ကို တက်ရောက်စဉ် သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

"မဟာသန္တိသုခကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့၊ မဟာသန္တိသုခဖြစ်စဉ်စပြီးတော့ ဖြစ်တဲ့အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ သာသနာဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ဝင်ရောက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်တဲ့ အနေအထားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်၊ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေဖြစ်တယ်၊ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်၊ ဒါကြောင့်မို့ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်တာပါ"

ဒါ့အပြင် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို တာဝန်ကနေ နှုတ်ထွက်ခွင့် ပေးလိုက်ကြောင်းလည်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လစ်လပ်သွားတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ လက်ရှိသာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းကို ခန့်အပ်လိုကြောင်း မနေ့က ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

RFA
မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ၀န်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေ မှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု


Photo: လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု
Saturday, June 21, 2014

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ တင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းထားသော တစ်ပိုဒ်ချင်းစီအလိုက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် အတည်ပြုလိုက်တယ်။ ပြင်ဆင်တဲ့ အချက်က လာဘ်ပေးလာဘ်ယူမှု စာသားနေရာကို အဂတိလိုက်စားမှု စာသားအဖြစ် ပြောင်းလိုက်တာဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးစာသားနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ စကားကို အစားထိုးတာ။ အဓိကက အဲဒါပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အဲဒါတွေပါပဲ” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေတင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာများ ရှင်းလင်းဖတ်ကြားသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းတို့က သက်ဆိုင်ရာ အပိုဒ်အလိုက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

Eleven Media Group 

နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် 
လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့၍ တောင်းပန်

သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဇနီးဖြစ်သူ ဖေ့စ်ဘုတ်မှာ ဒေါ်အောင်ဆ န်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ရှယ်ခဲ့မိတဲ့ ကိစ္စ မနေ့တုန်းက လွှတ်တော် တက်နေတဲ့ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင် တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။ ဦးရဲထွဋ်က အဲဒီကိစ္စနဲ့ သူ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ တောင်းပန်ခဲ့ပြီး မနေ့က လူချင်း မျက်နှာချင်း ဆိုင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်စကားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ မရှိပါဘူးလို့ ခွင့်လွှတ်စကား ဆိုတယ်လို့ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်က ထပ်ရေးပြီး ပြောထားပါတယ်။ "ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်း ပန် တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့် လွှတ်ပေး မှု အပေါ် ကျေးဇူးတင်ပါတယ်။

Friday, June 20, 2014

သာသနာရေးဝန်ကြီး အစားထိုးခန့်ရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ အကြောင်းကြား

ရန်ကုန်(ဇွန်၊၂၀)။ ။ လစ်လပ်လျက်ရှိသော သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွ င် အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာကို ဇွန်လ ၂၀ ရက်က ပြည်သူ့လွှတ်တော် အမတ်များအား ဖြန်ဝေထားသည်။
လစ်လပ်သွားသည့် သာသနာရေးဝန်ကြီးနေရာတွင် ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သည့် ဦးစိုးဝင်းအား တာဝန် ပေးလိုသည်ဟု ဇွန်လ ၁၉ ရက် ရက်စွဲဖြင့် ရေးသားထားသော သမ္မတ၏ အကြောင်းကြား စာတွင် ဖေါ်ပြထားသ ည်။

ဥပဒေထက် ရင်သားများကပိုအရေးကြီးဟု ပြစ်ဒဏ်ချမှတ်ခံရသူ မော်ဒယ်တစ်ဦးဆို

ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။
“ကျွန်မရဲ့ ရင်သားတွေနဲ့ ရုပ်ရည်သွင်ပြင်က ဥပဒေထက် ပိုအရေးကြီးပါတယ်။ ကျွန်မရဲ့ အသက်မွေး အလုပ်က ဒီအပေါ်မှာ မူတည်နေတာပါ”ဟု ဆိုဖီဒဲဇယ်က The Sun သတင်းစာကို ပြောကြားခဲ့သည်။

ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်ခန်းဖောက်ပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွား

ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်းတွင် ဇွန် ၁၉ရက် နံနက် ၃ နာရီခန့်က အချုပ်ခန်းဖောက်ထွင်းပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။   


“ဇွန် ၁၉ ရက် မနက် တစ်နာရီလောက်မှာ ဖြစ်တာပါ။ အချုပ်ခန်းက ဆွေးနေတော့ ကြမ်းကနေဖောက်တာ။ အချုပ်ခန်းအဟောင်း နဲ့ အသစ်ရှိတယ်။

သက်သေထွက်ဆိုရန် နောက်ကျနေကြောင်းပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် မျက်လုံးတစ်ဖက် ပြင်းထန်စွာဒဏ်ရာရ

မောင်တောာမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ နံသာတောင်ရွာနေ ဦးလှသိန်း၊(၅၃)နှစ်ကို မောင်တောမြို့နယ် တရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ဒုရဲအုပ်မှ ခေါ်ယူလာစဉ် လမ်းတွင်ရုံးချိန်နောက် ကျနေကြောင်း ပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် ၀ဲဖက် မျက်လုံးပြင်းထန်စွာ ဒဏ်ရာရရှိကာ စစ်တွေမြို့သို့ ဆေးကုသမှုခံယူရန် မောင်တော မြို့နယ် ပြည်သူ့ဆေးရုံမှ ညွှန်းပို့ထားကြောင်း သိရသည်။

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီး

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီးKim Mills လို့ အမည်ရတဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါ တယ်။ သူမရဲ့ ရင်သားဟာအရွယ်အစားအားဖြင့် KK -Size ရှိပါတယ်။ ဒါကြောင့်မို့ သူမဟာ Size D လောက်ထိ ကျအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။

အရွယ်ကျလိုကျငြား အဆီ ၄ စတုန် လျော့လိုက်ပေမယ့် ကိုယ်အလေးချိန် သာ လျော့သွားပြီး ရင်သားအရွယ် ကျသွားခြင်း မရှိ ပါဘူး။ ဒါကြောင့်မို့ သူမဟာ ရင်သားခွဲစိတ်ဖို့ ဆာဂျရီ ကုန်ကျစရိတ်ကို NHS ကနေ တောင်းဆို ပါတယ်။ NHS ဆိုတာ ဗြိတိန်နိုင်ငံရဲ့ အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း

နိုင်ငံသားစိစစ်ရေးကဒ်ပြား ပန်းရောင် ရှိထားသူ ဘင်္ဂလီများကို တရားဝင်နိုင်ငံသား အဖြစ်သတ်မှတ်သွားမည်ဟု လ၀ကညွှန်မှူး ဦးတင်ချေ ဆို

-မြေပုံ၊ ဇွန်လ ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေလုပ်ငန်းအကောင်အထည်ဖော်မှု တတိယနေ့တွင် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာသူ ခိုးဝင်ဘင်္ဂလီ(၁၈၂)


ဦးရှိကြောင်း ညွန်ချုပ်ဦးမောင်မောင်သန်း မှ ပြောဆိုသည်ဟု ဒေသခံများက ဆိုသည်။

လဝကညွန်းမှူးဦးတင်ချယ်၏ ပြောပြချက်အရ ရခိုင်တစ်ပြည်လုံး ၁၉၈၂ ဥပဒေအတိုင်း နိုင်ငံသားလျှောက်ခွင့်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် လာဒ်ထိုး၍ ပိုက်ဆံပေး၍ ခိုင်းယူထာသော မှတ်ပုံတင် ပန်းရောင်(နိုင်)နှင့် သုံးခေါက်ချိုးကိုင်သူများသည် လုံးဝပြန်စစ်ဆေးစရာ မလိုပဲ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ကြောင်း ယခုစစ်ဆေးသည်မှာ အဖြူကဒ် နှင့် လုံးဝကဒ် မရှိသောသူများလျှောက်ထားမှုကိုသာ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး ရမည်ဟု ပြော ဆိုပါသည်။

သံဃာတော်ငါးပါးနှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ။

ဖမ်ဆီးခံ သံဃာတော် ငါးပါးကို သန္တိသုခကျောင်းတိုက် သုံးထပ်ကျောင်းဆောင်မှာ သင်္ဃန်းပြန်ဝတ် မယ်လို့ ဆရာတော် ဦးဝီရသူပြောကြောင်းသတင်းရရှိသည်

Yangon Media Group

ဗိုလ်ချုပ်မှူးကြီး ဇနီး ဒေါ်ကြိုင်ကြိုင် ဆေးကုသခံယူနေရ

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်မြို့ ဦးဝိစာရလမ်း အမှတ်(၂) တပ်မတော်ဆေးရုံ ကြီးတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း သတင်းရပါတယ်။

တာမွေတွင် လူဝတ်လဲခံ သံဃာငါးပါးကို ရုံးထုတ်လာပြီ


လူဝတ်လဲပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးကို တာမွေတရားရုံးသို့ ဇွန်လ ၂၀ရက် နံနက် ၁၀နာရီ ၁၅မိနစ်တွင် ခေါ်လာလာပြီဟု ထို နေရာတွင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ ကုသပေးလျက်ရှိပြီး ငွေကြေးတစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။
အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ အဆိုပါကိစ္စရပ်များကို မသိရှိဘဲ ၀န်ထမ်းများက ငွေကြေးတောင်းခံခြင်းများရှိနေသောကြောင့် ယခုကဲ့သို့ ပြည်သူများသိရန် ရည်ရွယ်ခြင်းဖြစ်သည်။

သာသနာရေး အကြံပေးအဖွဲ့ အရှက်ပြေဖွဲ့ခြင်းဟု ရွှေည၀ါမိန့်

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းတွင် သာသနာရေးအကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အရှက်ပြေလုပ်ခြင်းဖြစ်သည်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဇွန် ၁၉ ရက်တွင် ဝေဖန်လိုက်သည်။
မဟာသန္တိသုခကျောင်းတိုက်ကို ၀င်ရောက်စီးနင်းမှုဖြစ်ပွားအပြီး သာသနာရေးဦးစီးဌာန အကြံပေး ဦးအံ့မောင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များနှင့် သမ္မတရုံးအကြံပေးဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တစ်ပတ်အကြာ ဇွန် ၁၈ ရက်တွင် သမ္မတ၏ သာသနာရေးအကြံပေး အဖွဲ့ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်

ငွေကြေးအလွဲသုံးစာမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သို့သော်လည်း ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲတာနဲ့ ပတ်သတ်လို့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ငွေကြေးအလွဲသုံးစား ပြုမှုဖြင့် ဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ဥတ္တရသိရီမြို့နယ် ဘုရားကုန်းရဲစခန်း မှုခင်းလက်ခံဌာနက ရဲတပ်ကြပ်ကြီး ဇော်ဝင်းက အတည်ပြုပါတယ်။
ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဖမ်းဆီးထိန်းသိမ်းထားလို့ အစိုးရအဖွဲ့ တာဝန်ရှိသူများက အတည်ပြုထားပါတယ်။

ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု စသည်တို့အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း RFA သတင်းအရ သိရှိရသည်။
ဦးဆန်းဆင့် ပြုတ်သွားရခြင်းနှင့်ပတ်သက်၍ Eleven Media Group ဖော်ပြချက်တွင် “သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်” ဟူ၍ ဦးဆန်းဆင့်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကို ကိုးကား၍ သတင်းဖော်ပြထားကြောင်း တွေ့ရှိရသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာများတည်ဆောက်မှုကို အစိုးရက တစ်ဖက်သတ်အမြင်ဖြင့် ပြုလုပ်နေသည်ဟု ဆို

အမြန်ဆုံးတည်ဆောက်တော့မည်ဟု ကြေညာထားသော သံလွင်မြစ်ပေါ်ရှိ ရေကာတာများအားလုံးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု စစ်တမ်းများ (EIA/SIA) မရှိဘဲ တစ်ဖက်သတ်အမြင်နှင့်သာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်မှ ကိုစောသာဘိုးက မဇ္ဈိမကို ပြောသည်။

သန္တိသုခအရေး သမ္မတဖြေရှင်းရန် ပီနန်ဆရာတော် စာပို့မေတ္တာရပ်ခံ

ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က တာမွေ နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းကာ သံဃာတော်များအား ဖမ်းဆီးခဲ့ခြင်း၊ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာ ငါးပါးအား အတင်းအဓမ္မ လူဝတ်လဲ ရုံးတင်တရားစွဲခဲ့သည့်ကိစ္စ ကိုယ်တိုင်ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ ဇွန် ၁၇ ရက်က မေတ္တာရပ်ခံစာပိုခဲ့သည်ဟု ပီနန်ဆရာတော်က ဇွန် ၁၉ ရက် တွင် မဇ္ဈိမကို မိန့်သည်။
“ဒီကိစ္စကိုမြန်မြန်ရှင်းပေးပါ။ တစ်ကမ္ဘာလုံးကလည်း ယူကျုံးမရနဲ့ စိတ်မချမ်းမသာ ဖြစ်နေတယ်”ဟု ဆရာတော်ကမိန့်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ - နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ခုနှစ်၊ ဇွန်လ၁၉ရက် ရက်စွဲပါအမိန့်ထုတ်ပြန်ချက်ဖြင့် တာဝန်မှရပ်စဲခြင်းခံ လိုက်ရသော သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်အား သက်ဆိုင်ရာမှ တရားဥပဒေ နှင့် အညီအရေးယူနိုင်ရေးအတွက် လိုအပ်သောခေါ်ယူစစ်ဆေးမှုများ စတင် ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

သမ္မတရာထူး ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သင့်လျော်ဟု အမျိုးသမီးအဖွဲ့များ ထုတ်ပြန်

လက်ရှိအချိန်တွင် နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးတာဝန်ဖြစ်သော သမ္မတရာထူးတာဝန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်သာ အသင့်လျော်ဆုံးဖြစ်သည်ဟု ယူဆကြောင်း အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ က ၎င်း၏ မွေးနေ့ ဇွန် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ

မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။

ကျပ် တစ်သောင်းတန် ငွေစက္ကူအတုဖြင့် လူသုံးကုန် ပစ္စည်း လိုက်လံ ၀ယ်ယူနေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်အတွင်း ငွေစက္ကူကျပ် ၁၀၀၀၀ တန်အတုများ ကိုင်ဆောင်၍ လူသုံးကုန် ပစ္စည်းများ လိုက်လံ ဝယ်ယူနေသူ အမျိုးသား တစ်ဦးကို ဇွန် ၁၆ ရက် ည ၉ နာရီက သတင်းအရ လိုက်လံ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ည ၈ နာရီခန့်တွင် အမှတ်(၄၇) ဗဟိုရ်စည်လမ်း၊ ၁၉ ရပ်ကွက်အတွင်းရှိ၊ အနန္တမေတ္တာ ဆေးပစ္စည်း အရောင်းဆိုင် တစ်ဆိုင်၌ အော်ရာမင်းဂျီ ဆေးကတ် နှစ်ကတ်ကို ၁၉၀၀ ကျပ်ဖြင့် ဝယ်ယူသွားသော အမျိုးသား တစ်ဦးက ငွေ ၁၀၀၀၀ ကျပ်တန်ဖြင့် ကျသင့်ငွေအား ရှင်းလင်းပေး သဖြင့် ဆိုင်ရှင်ဖြစ်သူက ပိုငွေကျပ် ၈၁၀၀ အား ပြန်လည် ရှင်းလင်းပေးခဲ့သည်။

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး


Photo: ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး
Friday, June 20, 2014

 မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကိုကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ပြောတယ်။ သူ တို့ကိုမေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေတစ်သောင်းခွဲလောက်ကုန် တယ်တဲ့။ ထိုင်းအာဏာပိုင်တွေ ကလည်း သူတို့ကို အရေးယူသွား မယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော   ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက်     တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများက ပြောသည်။

သို့သော် အဖမ်းခံရသူအများ စုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ   မြန်မာသံရုံးရှိ    သံ အမတ်ကြီး ဦးဝင်းမောင်ထံ ဆက် သွယ်မေးမြန်းရာ မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံစစ်တပ်က ဖမ်း ဆီးထားခြင်းမရှိကြောင်း၊ မြန်မာ နိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။ နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည်မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က   ပြော ကြားသည်။

ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့်မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
7Day Daily 

မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မည်

ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက် ၍ ရဟန်းရှင်လူများ ယခုလ ၂၀ ရက် နောက်ဆုံးထား၍ အကြံပြု ချက်များ ပေးပို့ရန် ကြေညာချက် များ ထုတ်ပြန် ခဲ့ရာ ပေးပို့လာသောအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ အကြံပြုချက်များ ပြင်ဆင်ခြင်းအပါအဝင် မူလ ပြဋ္ဌာန်းချက်များ ပါဝင်သော ဥပဒေ ကြမ်းကို အပြီးသတ်ပြုစုရေးဆွဲမှု များ ပြုလုပ်မည်ဖြစ်ပြီး ယခုလ ၃၀ရက် နောက်ဆုံးထား၍ နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် တာဝန်ရှိသူတစ်ဦးကပြောသည်။

ဝန်ကြီးဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာသဘောထားကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲလိုက်ကြောင်း နေပြည်တော်အသိုင်း အ၀ိုင်းက ပြောပါတယ်။