ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ လူအခွင့်အရေးစံနှုန်းကို လိုက်နာပြီး ပြည်သူလူထုကို လေးစားသော တပ်မတော် (Professional Army) ဖြစ်ရန် လိုအပ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗြိတိန်သံအမတ်ကြီး နေအိမ်တွင် ဗြိတိန်ပြည်ထဲရေး ဝန်ကြီး Rt.Hon. Lynne က တိုက်တွန်းပြောကြားသည်။
Saturday, January 17, 2015
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ မဖြေရှင်းနိုင်မှုအပေါ် မန္တလေးမြို့တွင် ရဟန်းရှင်လူ ၁၀၀၀ ခန့်က ဆန္ဒထုတ်ဖော်ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး ပြုလုပ်
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လယ်သမား၊ ကျောင်းသား၊ အလုပ်သမား ပြဿနာများ ဖြေရှင်း မပေးနိုင်မှုအပေါ် မန္တလေးမြို့တွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက အင်အား ၁ဝဝဝ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီ ကျော်က မဟာမုနိဘုရားကြီး တောင်ဘက်ရှိ အလယ်တိုက်ကျောင်းမှ စတင်ခဲ့ပြီး လှည့်လည်ဆန္ဒ ထုတ်ဖော်မှုအပြီးတွင် ဦးပွားဘုရား အနောက်ပေါက်ရှိ မြေကွက်လပ်၌ ဒေသဆိုင်ရာ လူထုအစည်းအဝေး (မန္တလေး) ကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ သံတံတားထိပ်နေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၉ နာရီချိန်ခန့်တွင် ဆိပ်မူကျေးရွာမှယူမာကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အား အစိုးရတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာ လက်လုပ်မိုင်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ ဆိပ်မူအစိုးရတပ်စခန်းနှင့် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် သံတံတားထိပ်နေရာသို့အရောက် ဆိုင်ကယ်မောင်းလာသော လူနှစ်ဦးအား ရပ်တန့်ရှာဖွေရာ တစ်ဦးမှာ ထွက်ပြေးသွားပြီး ကျန်တစ်ဦးအား မိုင်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။
မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့် ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာလည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းပုံရိပ်ဟု ယူဆရသောအရာကိုတွေ့ရှိဟုဆိုပြန် အတည်မပြုနိုင်မီ ခေါင်းလောင်းတွေ့ပြီဟု မပြောသင့်ကြောင်း ပညာရှင်အချို့ပြော

ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်အတွင်း ရေအောက် ပေ ၄၀၌ တွေ့ရှိရပြီဖြစ်ကြောင်း ရှာဖွေသူပုဂ္ဂလိက သင်္ဘောအရာရှိဟောင်းဦးကျော်ဝင်း ကပြောသည်။
‘‘ပုံရိပ်တစ်ခုတွေ့တယ်။ လတ္တီကျူ့ လောင်ဂျီကျူ့တွက်ပြီး ပြီ။ စက်ဝိုင်းခြမ်းနှစ်ထပ်ဖြစ်နေတဲ့ အရိပ် တစ်ခုကို ခေါင်းလောင်းလို့ တွက်ထားတယ်။ ရေအောက် ကြမ်းပြင်မှာ ထိပ်ဝတစ်ခြမ်းမြုပ် နေတာ ထူးခြားတယ်။ ဒီနေ့သက် သေပြဖို့လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။
ရာဇာမင်းကား ဓားပြတိုက်သူ ငါးဦးအား သေဒဏ်ချမှတ်ပြီး တစ်ဦးကို တစ်ကျွန်းချ
မြန်မာတွင် ဘာသာရေးနှင့်ပတ်သက်၍ သည်းခံနိုင်စွမ်းနည်းပါးမှု အမေရိကန်သတိပေး

အမေရိကန်လူ့အခွင့် အရေးအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေချိန်၌ ဘာသာ ရေးနှင့် ပတ်သက်၍ သည်းခံနိုင် စွမ်းနည်းပါးသည့် လက္ခဏာများ တိုးပွားလာနေပြီး ထိုဖြစ်ရပ်များ ကြောင့် နိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ပျက်စီးနိုင် ကြောင်း သောကြာနေ့က သတိ ပေးပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမှန်သိရန် သုတေသနစတင်ပြုလုပ်
ဒေါ်အောင်ဆန်းစု ကြည်အပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအ ဖွဲ့အစည်းများကထားရှိသည့် သဘောထားအမှန်ကို သိရှိနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့က သုတေသနပြုလုပ်နေကြောင်း သတင်းရရှိကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့ရှိ နိုင်ငံရေး ပါတီသုတေသန ဌာနက လက်ရှိတွင် နိုင်ငံရေးပါတီများထံ ကွင်းဆင်းကာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့် သဘောထားအား သုတေသနပြု လုပ်လျက်ရှိသည်ဟု ဗဟိုသုတေ သန လမ်းညွှန်အဖွဲ့မှ သိရသည်။
မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်အား ကျပ်သိန်း ၂၅၀၀၀ ကျော် လိမ်လည်သည်ဟုဆိုကာ ဗဟန်းရဲစခန်း၌ ထပ်မံအမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၂၅၃၆ သန်းကျော် (သိန်း ၂၅၀၀၀ ကျော်) လိမ်လည်သွားသည်ဟုဆိုကာ ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။
Friday, January 16, 2015
သင့်ကြောင့် ဘာသာရေး လူမျိုးရေး မုန်းတီးမှု မဖြစ်ပါစေနဲ့
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက် သတင်းတွေ ထဲမှာ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ် စရာကောင်းတဲ့ သတင်း တစ်ပုဒ် ဖော်ပြပါရှိလာပါတယ်။ သတင်းမှာ ဖော်ပြထားတာက ဆော်ဒီအာရေး ဗီးယား အလံ စတစ်ကာတစ်ခုကို အိမ်စီးကားမှန် မှာကပ်ပြီး မောင်းနှင်နေတာကို အကြမ်းဖက် တံဆိပ် ဖြစ်တယ်ဆိုပြီး အင်တာနက် Facebook စာမျက်နှာမှာ ဖော်ပြပျံ့နှံ့ခဲ့တာကို အကြောင်းပြုပြီး အဲဒီကားကို ယာဉ်ထိန်းရဲက ဖမ်းဆီးစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။ အဲဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ပြဿနာ ဘယ် လောက်အထိ ကြီးကျယ်သွားပါသလဲ၊ အကိုင်အတွယ် မတတ်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တင်ပြသွားပါ့မယ်။
လုံးခင်းရဲစခန်းနှင့် ရဲကင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲ ကလေးငယ်တစ်ဦးအပါအ၀င် သုံးဦးဒဏ်ရာရ
ဇန်န၀ါရီ ၁၅ ရက် ည ၇ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းနှင့် မြို့ပေါ် ရဲကင်းတစ်ခုတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်။
ဒေသတွင်း ရဲစခန်းနှင့် ရဲကင်းများတွင် သေနတ်နှင့် ကျည်အသင့်အနေအ ထားဖြင့် လုံခြုံရေး စောင့်နေသည်။ အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို စိစစ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။
အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ
ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက ပြောကြားသည်။
ဇန်နဝါရီလ ဒုတိယပတ် အတွင်းတွင် တပ်မတော် နယ်မြေခံ တပ်မတော်တပ်ရင်းမှ ဝင်ရောက်ဖမ်း ဆီးရာတွင် ဘက်ဟိုးယာဉ် နှစ်စီး၊ လုပ်ဒါနှစ်စီး၊ မြေသယ်ယာဉ် ၁၀ ဘီးကား ခြောက်စီး၊ သံဖောင်ဇက် ရေယာဉ်တစ်စီး၊ ရွှေတူးဖော်သည့် စက်ဖောင်တစ်ခု၊ ဆီပီပါ အလုံး ၂၀ တို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။
ရက် ၆၀ အထိ တုံ့ပြန်မှုမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ ကျောင်းသားများ ဆက်လုပ်သွားမည်

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည့် တက္ကသိုလ်ကျောင်း သားများက အစိုးရ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည့် ရက် ၆၀ ပြည့်မည့် ဇန်န၀ါရီ ၁၆ ရက်အထိ တုံ့ပြန်မှု ကို စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းခြင်း မပြုပါက သပိတ်မှောက်ဆန္ဒပြမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိ အတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရရှိခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသားများက ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်မှစတင်၍ လေးရက်ကြာ သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ရက်ပေါင်း ၆၀ အတွင်းအစိုးရနှင့်တာဝန်ရှိသူက သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျက် ရှိသော သပိတ်မှောက်ဆန္ဒပြုမှု ပုံစံထက် ပိုမိုပြင်းထန်၊ ကျယ်ပြန့်၊ ကြီးမားသည့် သပိတ်တိုက်ပွဲများ ဖော်ဆောင်တုံ့ပြန်သွားမည်ဟု ကြေညာ၍ သပိတ်မှောက်ဆန္ဒပြမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။
ကြံ့ခိုင်ရေးပါတီဝင် လယ်သမား ခှနစ်ရာကျော် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည် ဟုဆို
လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လယ်သမား(၇၀၀)ကျော်သည် လယ်ယာမြေအရေး အစိုးရက မဖြေရှင်းပါက လာမည့်မတ်လကုန်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟု ထိုဒေသရှိ ပါတီဝင်လယ်သမား ခေါင်းဆောင်များကပြောသည်။
“ဒီပါတီက မှန်မှန်ကန်ကန် မရပ်တည်နိုင်ရင် အယုံအကြည်မရှိတော့ဘူး။ သုံးလပိုင်းကုန်လို့မှ မစစ်ဆေးပေးရင် ပါတီဝင်နုတ်ထွက်ပွဲ တစ်ခါတည်း လုပ်မယ်” ဟု ကြံ့ခိုင်ရေးပါတီဝင် လယ်သမားခေါင်းဆောင် ကိုထက်ဇော်လင်း က ဆိုသည်။
၅၀၀၀ တန် အတု အစစ် အလွယ်တကူ ခွဲခြား နည်း

အပေါ်ပုံက ငွေစက္ကူ အစစ် ဖြစ်ပြီး အောက်ပုံက ငွေစက္ကူ အတု ပါ။
ငွေစက္ကူ အစစ်နဲ့  တော်တော်တူတဲ့ (scan ဖတ်ပြီး print ထုတ်ထားတာ မဟုတ်တဲ့) ၅၀၀၀ တန် အတုတွေကို ထိုင်း- မြန်မာ နယ်စပ်မှာ ရိုက်နှိပ်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းလာပြီး သုံးစွဲမှု ပြုနေကြပါတယ်။
"ငွေစက္ကူ အတု အစစ် အလွယ်တကူ ခွဲခြားနည်း"
(၁) ငွေစက္ကူ အသားကွာပါတယ်။ အစစ်ထက် အတုက စက္ကူသား နည်းနည်းပို ချောပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် အဖွဲ့အား KIA က ခေတ္တထိန်းသိမ်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အား ဖမ်းဆီးခေါ်ဆောင်
ရန်ကုန် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကမန်းဒူးနော်နှင့် အဖွဲ့အား ကေအိုင်အေအဖွဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းသုံးဦးကိုမူ ဖမ်း ဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် နှင့်အဖွဲ့ဝင် ၁၂ဦးပါသည့် အဖွဲ့သည် ဇန်နဝါရီ ၁၄ရက် နံနက် ၁၁နာရီ မိနစ် ၂ဝအချိန် ခန့်တွင် ကချင်ပြည်နယ် အတွင်းရှိ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင် ရွက်ရန်အတွက် ဖားကန့်မှတစ်ဆင့် ဖားကန့်-ဝှေခါ-ညောင် ပင်-လုံးတုံ- ဟိုပင်လမ်းကြောင်းအတိုင်း ထွက်ခွာလာရာ လမ်းပန်းဆက် သွယ်ရေးဝန် ကြီးလိုက်ပါလာသော ယာဉ်တန်းအား ကေအိုင်အေ အင်အား ၄၀ ခန့်က ဝှေလုံတောင်ပေါ်အရောက်တွင် တားဆီးခဲ့ပြီး ဝန်ကြီးနှင့် အဖွဲ့ဝင်များအား ကားပေါ်မှ ဆင်းစေကာ ဖမ်းဆီးစစ် ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် လိုက်ပါလာသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကိုမူ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA ခေါင်းဆောင်များ တွေ့ဆုံမည်
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ခေါင်းဆောင်များ တွေ့ဆုံ မည်ဖြစ်ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။
အဆိုပါတွေ့ဆုံမှုကို ဇန်နဝါရီလ ၁၈ ရက်နေ့၌ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ ပျှမ်းမျှတစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀ ခန့်သာရှိရာ အိမ်နီးချင်းအာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေ
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုကြား ကွာဟမှုကြောင့် အလုပ်သမားတို့၏ ကုန်ထုတ်စွမ်းအားနိမ့်ကျမှုနှင့် စိုက်ပျိုးရေးမှရရှိသော ဝင်ငွေများနိမ့်ကြမှုတို့ကို ထင်ဟပ်လျက်ရှိကြောင်း စိုက်ပျိုးရေးမှ ရရှိသောဝင်ငွေသည် ပျှမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ဝဝ ခန့်သာရှိပြီး အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေကြောင်း OECD ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာထင်လင်းဦး၏ ငါးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ -က၊ ၂၉၈ တို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် စာရေးဆရာ ဦးထင်လင်းဦး၏အမှုအား ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင်စစ်ဆေးခဲ့ပြီးနောက် အာမခံလျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ထပ်မံပယ်ချခဲ့ပြီး အမှုရုံးချိန်းအပြီးတွင် စာရေးဆရာ ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် စာရေးဆရာဦးထင်လင်းဦးက ချောင်းဦးမြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံတွင် ချောင်းဦးမြို့နယ် သံဃနာယကဥက္ကဠဦးဆောင်သော ဆရာတော်များအား ကန်တော့တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် စာရေးဆရာဦးထင်လင်းဦးက ချောင်းဦးမြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံတွင် ချောင်းဦးမြို့နယ် သံဃနာယကဥက္ကဠဦးဆောင်သော ဆရာတော်များအား ကန်တော့တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး
Subscribe to:
Posts (Atom)