လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊
စံပယ်လမ်းရှိ အိမ်တစ်လုံးတွင် အသက် ၂၂ အရွယ်ရှိ အမျိုးတစ်ဦးတည်း ရှိနေစဉ်
အမျိုးသားတစ်ဦးက ဓားထောက်ကာ လက်ပြန်ကြိုးတုပ်ပြီး လက်ဝတ်ရွှေထည်
ပစ္စည်းများကို အနုကြမ်းစီး လုယက်ခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
Sunday, September 6, 2015
အခြားဝန်ကြီးဌာနမှ အရာရှိများ ကျန်းမာရေး ဝန်ကြီးဌာနသို့ မခန့်တော့ကြောင်း ထုတ်ပြန်ချက် အတုဟုဆို
ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော်သားအရာရှိများ အပါအဝင် အခြားဝန်ကြီးဌာနမှ အရာရှိများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနသို့ ထပ်မံခန့်ထားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက် သတင်းထုတ်ပြန်ချက်သည် အစစ်အမှန် မဟုတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“သတင်းထုတ်ပြန်တယ် ဆိုတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်တာမဟုတ်ပါဘူး။ ခုကိစ္စကိုလည်း တာဝန်ရှိသူတွေဆီ ဆင့်ကဲတင်ပြလိုက်ပါ့မယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောကြားသည်။
ဆေးဝါးကုသရေးနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော စီမံခန့်ခွဲရေး တာဝန်ဝတ္တရားများ ဆောင်ရွက်နိုင်စေရန် ကျန်းမာရေး အသိပညာ အခြေခံရှိထားပြီး ဖြစ်သော ကာကွယ်ရေးဌာနမှ အရာရှိများကို ဖြည့်ဆည်း တာဝန်ပေးခန့်အပ်ခဲ့သော်လည်း အစိုးရအဖွဲ့ အကြံပေးများ၊ ဝန်ကြီးဌာန အကြံပေး၊ သမားတော်ဆရာများ၏ အကြံပေးချက်အရ အခြားမည်သည့် ဝန်ကြီးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ ပြောင်းရွှေ့လက်ခံ တာဝန်ပေးတော့မည် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“သတင်းထုတ်ပြန်တယ် ဆိုတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်တာမဟုတ်ပါဘူး။ ခုကိစ္စကိုလည်း တာဝန်ရှိသူတွေဆီ ဆင့်ကဲတင်ပြလိုက်ပါ့မယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောကြားသည်။
ဆေးဝါးကုသရေးနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော စီမံခန့်ခွဲရေး တာဝန်ဝတ္တရားများ ဆောင်ရွက်နိုင်စေရန် ကျန်းမာရေး အသိပညာ အခြေခံရှိထားပြီး ဖြစ်သော ကာကွယ်ရေးဌာနမှ အရာရှိများကို ဖြည့်ဆည်း တာဝန်ပေးခန့်အပ်ခဲ့သော်လည်း အစိုးရအဖွဲ့ အကြံပေးများ၊ ဝန်ကြီးဌာန အကြံပေး၊ သမားတော်ဆရာများ၏ အကြံပေးချက်အရ အခြားမည်သည့် ဝန်ကြီးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ ပြောင်းရွှေ့လက်ခံ တာဝန်ပေးတော့မည် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဆွံ့အနေသူအား သားမယားကျင့်
ရမည်းသင်း မြို့နယ်တွင် ဆွံ့အနေသူအား သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံက သိရသည်။
သြဂုတ်
(၃၀)ရက်နေ့ နံနက်ပိုင်း အချိန်တွင် မ......(၁၈)နှစ်သည် ရွာထဲသွားသည့်
အစ်မဖြစ်သူနောက်သို့ လိုက်သွားရာ တစ်ရွာတည်းနေ ဦး...... (၆၁)နှစ်မှ
မ.....(၁၈) နှစ်အား နေအိမ်ပေါ်သို့ အတင်းအဓမ္မ ခေါ်ဆောင်ကာ သားမယားအဖြစ်
ပြုကျင့်ခဲ့သည်။
လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လူသတ်သည်ဟုဝန်ခံခဲ့ရကြောင်း တရားရုံးတွင် တရားခံအဖြစ် စွပ်စွဲခံရသူထွက်ဆို

ထိုင်းနိုင်ငံ ခို တောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရသည့်အမှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံဘက်မှ တရားခံအဖြစ် စွပ်စွဲခံရသူ ကိုဇော်လင်းအား စက်တင်ဘာ ၂ ရက်က စတင်စစ်ဆေးခဲ့ရာတွင် လူသတ် သည်ဟု ဝန်ခံခဲ့သည်အထိ ရိုက်နှက်ညှဉ်း ပန်းနှိပ်စက်မှုများ ဖြစ်ခဲ့သည်ဟု မြန်မာသံ ရုံးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က စက် တင်ဘာ ၄ ရက်တွင် ဖလားဝါးနယူးစ် ဂျာ နယ်သို့ ပြောသည်။
စက်တင်ဘာ ၂ ရက်နံနက်အ စောပိုင်းမှ စတင်ကာ တစ်နေကုန် စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''စက်တင်ဘာ ၂ ရက် နံနက် ၁ဝ နာရီမှာ စစစ်တယ်။ ထွက်ဆိုချက်က အ ကြမ်းဖျင်း ဇော်လင်းတစ်ယောက်တည်းကို ထိုင်းရဲ လေးငါးဆယ်ယောက်လောက်က သူအိပ်နေတဲ့ အခန်းထဲကနေ လက်ထိတ် တွေခတ်ပြီး ကားတစ်စီးနဲ့ အခန်းတစ်ခန်း ထဲ ခေါ်သွားတယ်။ အဲဒီအခန်းက အအေး ခန်းထဲမှာ လက်ထိတ်ခတ်ပြီး ထိုင်ခိုင်းတယ်။ အဝတ် ပေးမဝတ်ဘူး။ အင်္ကျီချွတ်ညှဉ်းပန်း နှိပ်စက်ပြီး လူသတ်လား၊ မသတ်ဘူးလား မေးတယ်။ ဇော်လင်းက သူမသတ်ဘူး။ သူ မသိဘူးပြောတယ်။ အဲဒါကို ဘာသာပြန်က ပြန်ပေးတာပေါ့။ နောက် သူ့ကိုရိုက်တယ်။ သူ့ကိုရိုက်တဲ့အချိန်မှာလဲ မျက်နှာကို အိတ် အမည်းတွေနဲ့ စွပ်ထားတယ်။ သူ အသက် ရှူလို့မရဘူး။ သွားတွေနဲ့ အဲဒီအိတ်ကို ကိုက် ဖောက်တယ်။ နောက်ထပ်တစ်အိတ် ထပ် စွပ်တယ်။ သုံးအိတ်လောက် စွပ်တယ်ပြော တယ်။ မျက်နှာကို အိတ်စွပ်ထားတော့ ဘယ် သူမှန်း သူမသိတော့ဘူး''ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။
ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ကွယ်လွန်

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအရ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသော နီပေါနိုင်ငံသား ချန်ဒရာဘဟာဒါဒန်ဂီသည် စက်တင်ဘာလ ၄ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ် အရွယ်ရှိပြီ ဖြစ်သော ဒန်ဂီသည် တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဆာမိုအာကျွန်းစုပေါ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အရပ်အမြင့် ၁ ပေနှင့် ၉ လက်မခွဲသာ ရှိသော ဒန်ဂီသည် ၎င်း၏ အသက် ၇၂ နှစ်အရွယ်၊ ၂၀၁၂ ခုနှစ် ဖေဖ်ာဝါရီလအတွင်းက ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နီပေါအနောက်ဘက်ဒေသ
ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ် အရွယ်ရှိပြီ ဖြစ်သော ဒန်ဂီသည် တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဆာမိုအာကျွန်းစုပေါ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အရပ်အမြင့် ၁ ပေနှင့် ၉ လက်မခွဲသာ ရှိသော ဒန်ဂီသည် ၎င်း၏ အသက် ၇၂ နှစ်အရွယ်၊ ၂၀၁၂ ခုနှစ် ဖေဖ်ာဝါရီလအတွင်းက ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နီပေါအနောက်ဘက်ဒေသ
Friday, September 4, 2015
ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမား က ဆီပူလောင်းပြီး ပိတ်လှောင်
ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်းနတ်ခရိုင်မှာ မြန်မာအလုပ်သမားတဦးက အလုပ်ရှင်ကို ဆီပူနဲ့ လောင်းပြီး အခန်းထဲ ပိတ်လှောင်ခဲ့တဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၃ ရက် ညနေပိုင်းက ချိုင်းနတ်ခရိုင် မနိုးရုမ်းမြို့နယ် ထာ့ချနွန်းရပ်ကွက်ထဲမှာ ကြက်သားကင်ဆိုင်ပိုင်ရှင် နန်းဆောင်ဆ၀စ်တာ ဖူဆီမာ (အသက် ၃၀) ကို သူ့ဆိုင်က မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်စိုး (အသက် ၁၉ နှစ်) က ဆီပူနဲ့ လောင်းပြီး အခန်းထဲ ပိတ်လှောင်ခဲ့တယ်လို့ မနိုးရုမ်းမြို့နယ်ရဲစခန်းက ဒု-ရဲမှူး မုန်းခွန်း ပန်တက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းအရ ညနေ ၆ နာရီအချိန် အခင်းဖြစ်ပွားရာနေရာကို သွားကြည့်ရာမှာ မျက်နှာ၊ လက်နဲ့ အခြား ခန္ဓာကိုယ်အနှံ့ တကိုယ်လုံးနီးပါး မီးလောင်အပူဖုတွေပြည့်နေတဲ့ နန်းဆောင်ဆ၀စ်တာကို တွေ့ရတဲ့အတွက် မနိုးရုမ်းမြို့နယ် ဆေးရုံကြီးကို အမြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။မောင်စိုးကတော့ သူဌေးမဟာ သူ့ကို နေ့စဉ်ဆဲဆိုနေတာကြောင့် သည်းမခံနိုင်လို့ ပြန်လုပ်မိကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ ၁၀ ဦးအနက် နှစ်ဦးကို ထောင် ၂ နှစ်ချ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ထွက်ပြေးတိမ်းရှောင်ကာ ရန်ကုန်မြို့ထဲ ဝင်ရောက်လာသော ဘင်္ဂါလီ ၁၀ ဦးအနက် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးကို စက်တင်ဘာလ ၁ ရက်နေ့က ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပေဒ ပုဒ်မ ၆ (၂)/ ၆ (၃) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မှော်ဘီမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
“ဖမ်းမိထားတဲ့ ၁၀ ယောက်မှာ ရှစ်ယောက်က အသက်မပြည့်သေးလို့ ရုံးတင်မစစ်ရသေးဘူး။ အခုအမိန့်ချခဲ့သူ အသက် ၂၂ နှစ် အရွယ်ရှိ အီဒီရစ်နဲ့ အမျိုးသမီးတစ်ယောက်ကို လဝက တာဝန်ရှိသူတွေက အမှုဖွင့်တိုင်ကြားခဲ့ပြီး ပြစ်မှုထင်ရှားလို့ ထောင်ချခဲ့တာ။ သူတို့ကို နောက်ထပ် စွဲဆိုထားတဲ့ အမှုတွေလည်း ရှိသေးတယ်” ဟု ယင်းတရားရုံးမှ ဝန်ထမ်းအမျိုးသမီး တစ်ဦးက ပြောကြားသည်။
ဦးစိုးသိန်းနှင့် ဦးအောင်မင်း တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ခြင်းသည် ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု ကြံ့ခိုင်ရေးပါတီဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ ကယားပြည်နယ်အတွင်း တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားခြင်း သည် ဥပဒေနှင့် ငြိစွန်းခြင်း မရှိကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်းဆွေက ဆိုသည်။
မူလ မိခင်ပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများကို လိမ်လည်မှုဖြင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောဆိုချက်ကို ၎င်းက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
Thursday, September 3, 2015
ရာဇ၀င်ထဲမှာပဲ အမေ့ကိုထားရစ်ခဲ့
၂ဝ၁၅ ၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကြီးကားနီးသည်ထက် နီးလာချေပေပြီ။ လက်ချိုးရေတွက်ရှိသော် ရက်ပိုင်းမျှသာလိုတော့၏။ တိုင်းသူပြည်သားများသည် NLDပါတီ အနိုင်ရရေး၊ NLDပါတီအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိုသာ လိုလားလျက်ရှိကြ၏။ သို့သော်
NLDပါတီဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးလိမ္မာပါးနပ်မှု မရှိခြင်းကြောင့် ပါတီတွင်းပြဿနာများ တိုးပွားလာနေသည့်အပြင် မီဒီယာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာစာမျက်နှာတွင်လည်း ကယ်တင်ရှင်သူရဲကောင်းအသွင် အထူးတလည်သူကောင်းပြုမှု မခံယူရတော့ပေ။
တရုတ်စစ်တပ် အင်အား သုံးသိန်းမျှ လျှော့ချသွားမည်ဟု သမ္မတ ကြေညာ
တရုတ်စစ်တပ် အနေဖြင့် တပ်ဖွဲ့ဝင် အရေအတွက် သုံးသိန်းမျှ လျှော့ချသွားရန် စီစဉ်ထားကြောင်း သမ္မတ စီကျင်းပင်က ပြောကြားသွားသည်။ဒုတိယက ကမ္ဘာစစ်တွင် ဂျပန်ကို အောင်နိုင်ခဲ့မှု နှစ်ပေါင်း ၇၀ ပြည့် တရုတ်အမျိုးသား အောင်ပွဲနေ့ အခမ်းအနား မိန့်ခွန်းတွင် သမ္မတက ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ကာ စစ်တပ်၏ ဖွဲ့စည်းပုံ၌ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်ခဲ့ရာ ယခုတစ်ကြိမ်သည် စတုတ္ထမြောက် စစ်အင်အား လျှော့ချမှုလည်း ဖြစ်လာသည်။“တရုတ် လွတ်မြောက်ရေး တပ်မတော်ဟာ တရုတ်ပြည်သူတွေရဲ့ စစ်တပ်ဖြစ်ပါတယ်။ တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ အရာရှိတွေ၊ အမျိုးသား၊ အမျိုးသမီး အမှုထမ်းတွေ အားလုံးဟာ တရုတ် ပြည်သူတွေအတွက် အလုပ်အကျွေး ပြုရမှာဖြစ်ပြီး နိုင်ငံရဲ့ လုံခြုံရေး၊ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို တာဝန်ယူနိုင်ရပါမယ်။ ဒါ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာလည်း တစ်တပ်တစ်အား ပါဝင်ရပါမယ်။ ဒီနေ့မှာတော့ တရုတ်အနေနဲ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်ဖွဲ့ဝင် အင်အားကို သုံးသိန်း လျှော့ချသွားဖို့ ကြေညာပါတယ်”ဟု သမ္မတစီက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားသည်။
ဈေးကွက်အတွင်းရောင်းချနေသည့် ပြည်တွင်းထုတ်သောက်ရေသန့် တံဆိပ် ၂၂မျိုးမှာ ဗက်တီးရီးယားပိုးများပါဝင်နေ
ဈေးကွက်အတွင်းရောင်းချ နေသည့် ပြည်တွင်းထုတ်သောက်ရေ သန့် တံဆိပ်၂၂ မျိုးမှာဗက်တီးရီးယား ပိုးများပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ပြည်တွင်းသောက် ရေသန့်လုပ်ငန်းထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားမှုများတွင်ပိုးတွေ့ရှိမှု ကြောင့် ထုတ်လုပ်ခွင့်မကျသည့် လုပ် ငန်းပေါင်း ၄ဝခန့်ရှိ၊ နေကြောင်းအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ)မှ ဒေါက် တာခင်ချစ်က ပြောသည်။
''ရေသန့်ဈေးကွက်မှာကြည့်ရင် Register လုပ်မထားတဲ့ သောက်ရေသန့်၊ မသန့်တဲ့သောက်ရေသန့် တွေအများ ကြီးပဲ။ FDA မှာလာပြီး အစစ်အဆေး ခံလိုက်တဲ့အခါမှာ သုံးခါကျတဲ့ရေသန့် မှတ်ပုံတင်တွေရှိတယ်။ Good Ma-nufacture Process လုပ်ပါဦးဆိုလဲ သေချာမလိုက်နာဘူး။ FDA က သုံး ခါစစ်ပြီး ပိုးတွေပါလို့ သုံးခါစလုံးကျ တဲ့ ပုဂ္ဂိုလ်တွေ ၄ဝလောက်အထိ ရှိ တယ်''ဟု ဆိုသည်။
ပုံမှန်အားဖြင့် သောက်ရေသန့်လုပ် ငန်း ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထား ရာ၌ ထုတ်လုပ်မည့် ပစ္စည်းနမူနာများကို FDA သို့ပေးပို့ စစ်ဆေးခံရပြီး ယင်း စစ်ဆေးမှုတွင် သုံးကြိမ်တိုင်တိုင်ပိုးတွေ့ ရှိထားသောလုပ်ငန်းများအား ထုတ် လုပ်ခွင့် ပေးမထားကြောင်း သိရသည်။
Wednesday, September 2, 2015
တရားဝင် မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ချမ်းသာလာတဲ့ သူ
ကနေဒါနိုင်ငံမှ Michael Straumietis လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ Instagram မှာ နာမည်ကြီးလာတဲ့ မူးယစ်ဆေးဝါး သူဌေး တစ်ဦး ဖြစပါတယ်။ အသက် ၁၉ နှစ်ကတည်းက Marijuana ဆေးခြောက် လုပ်ငန်းကို ကနေဒါနိုင်ငံမှာ လုပ်ကိုင်ပြီး ထောင်ထဲလည်း ဝင်ခဲ့ဖူးပါတယ်။
ပြန်ထွက်လာတဲ့ အချိန်မှာ ဆက်လက် လုပ်ကိုင်တဲ့ အခါ သူဟာ အခြားသူတွေနဲ့ မတူအောင် အပင်စိုက်ပြီး ဆေးကိုလည်း နည်းလမ်း အမျိုးမျိုး စိုက်ပျိုး ဖော်စပ် ပါတယ်။ သူထုတ်လုပ်တဲ့ Marijuana ဆေးခြောက်က အခြားနဲ့ပဲ အဟာရဖြည့် ဆေးခြောက် အဖြစ် ထုတ်လုပ်ပြီး ဖြန့်ချိ ပါတယ်။
အမေရိကန်မှာရော အနောက်နိုင်ငံ အများစုဟာ ဆေးခြောက်ကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်များ ပေးလိုက်တဲ့ အချိန်မှာ Michael ဟာ သူဌေး တစ်ဦး ဖြစ်လာပါတော့တယ်။ သူ့ ဘေးပတ်ပတ်လည်မှာ လှပျိုမေများကို အတွင်းရေးမှူး အဖြစ် ထားလို့ နေရာတကာ လျှောက်သွားပြီး ကိုယ်ပိုင် ဂျက်လေယာဉ်၊ ဇိမ်ခံကားများစွာ ရှိပါတယ်။
ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသား ၃၅ ဦး စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရ
ပခုက္ကူ နည်းပညာတက္ကသိုလ်မှ ရေဘေးကယ်ဆယ်ရေး သွားရောက်ကူညီသည့် ကျောင်းသားများနှင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ကျောင်းသား ၃၅ ဦးကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ဟုဆိုကာ စက်တင်ဘာလ ၁ ရက်နေ့က စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရသည့်စာ ထုတ်ပြန်ခဲ့ကြောင်း ယင်းကျောင်းသားများ ထံမှ သိရသည်။
“စီမံခန့်ခွဲရေး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လို့ ကျောင်းသား ၃၅ဦးကို စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်တာ တရားမျှတမှု မရှိဘူး။ ဆိုးသွမ်းပြီး ကျောင်းပျက် နေတဲ့ ကျောင်းသားတွေတော့ စာမေးပွဲ ဖြေဆိုခွင့်ရတယ်။ အခုဟာက ပရဟိတနဲ့ ကျောင်းသားသမဂ္ဂအရေး လှုပ်ရှားနေတဲ့ ကျောင်းသား အများစုကို ရွေးပြီး စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်တာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအရေးတွေကို ဦးဆောင်လှုပ်ရှားနေတာပါ။ ဒါပေမဲ့ စာမေးပွဲဖြေဆိုခွင့် ရတယ်” ဟု ပခုက္ကူနည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးထွဋ်ဝင်းက ပြောကြားသည်။
ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဦးရွှေမောင်၏ အယူခံ ပြည်နယ် ကော်မရှင် ထပ်မံပယ်ချ
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အဖြစ် ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သူ ဦးရွေမောင်ကို ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်မီဟုဆိုကာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချမှုကို မကျေနပ်၍ သြဂုတ်လ ၂၇ ရက်နေ့က အယူခံတက်လာသော ဦးရွှေမောင်ကို ပြည်နယ်ရွှေး ကောက်ပွဲ ကော်မရှင်က ထပ်မံ ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြက ဧရာဝတီသို့ ပြောသည်။
ထပ်မံ ပယ်ချခံရသည့် အကြောင်းရင်းမှာ ဦးရွေမောင် မွေးဖွားခဲ့စဉ်က သူ၏ မိဘ ၂ပါးမှာ နိုင်ငံသား မဖြစ်သေး၍ ကော်မရှင် ဥပဒေအရ ၀င်ရောက် အရွေးခံပိုင်ခွင့် မရှိကြောင်း ပြည်နယ် ကော်မရှင်က ပြောသည်။
စစ်တွေမြို့မှ သတင်းထောက် မင်းအောင်ခိုင် ပေးပို့သည်။
The Irrawaddy
Tuesday, September 1, 2015
နေပြည်တော်ရှိ ကေတီဗွီခန်းများ ည ၁၁ နာရီ ပိတ်သိမ်းရမည်
လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ စတင် မဲဆွယ်စည်းရုံးနိုင်မည့် စက်တင်ဘာ ၈ ရက်ကစကာ အစိုးရရုံး စိုက်ရာနေပြည်တော်ရှိ ကာရာအိုကေ (ကေတီဗီ) ခန်းများ ည ၁၁နာရီအထိသာ ဖွင့်ခွင့်ပြုတော့မည်ဟု ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးကြီး ဝင်းချွန်က ပြောဆိုလိုက်သည်။
နိုဝင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ကာရာအိုကေ(ကေတီဗီ)ခန်းများ ဖွင့်လှစ်ချိန်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။“ဖောက်ခွဲရေးလုပ်တဲ့သူတွေက အပြင်စားသောက်ဆိုင်မှာ စားသောက်ပြီး ကေတီဗွီမှာ ညလုံးပေါက်နေမယ်။ သူ သတင်းထောက်လှမ်းစရာရှိတာကို ထောက်လှမ်းမယ်။ ပိုင်ပြီဆိုရင် အဲ့ဒီကနေ သူထွက်ပြီးလုပ်မယ်။ ပြီးရင် ဒီအထဲမှာပဲ ပြန်ခိုနေမယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့က ရှာဖွေရ၊ ကာကွယ်တားဆီးရတာ ခက်ခဲပါတယ်” ဟု ဒုရဲမှူးကြီးက ဆိုသည်။
ဘားအံစက်မှုဇုန်အနီး စုပေါင်းအိမ်ယာ တစ်လ ၃ သောင်းကျပ်ဖြင့် အရစ်ကျရောင်းပေးမည်
ဘားအံစက်မှုဇုန်အနီးရှိ မြေလွတ်မြေရိုင်း ဧက ၂၀ ပေါ်တွင် The Infrastructure of Myanmar ကုမ္ပဏီနှင့် မြဌေးကြွယ်လင်းကုမ္ပဏီတို့ ပူပေါင်းအကောင်အထည်ဖော်မည့် စုပေါင်း အိမ်ယာစီမံ ကိန်းမှ ပေ ၂၀ x ၃၀ တိုက်ခန်းတစ်ခန်းလျှင် တစ်လ ၃သောင်းကျပ်ဖြင့် နှစ် ၃၀ အရစ်ကျ ရောင်းချ ပေးမည်ဟု IM ကုမ္ပဏီ၏ ကရင်ပြည်နယ်တာဝန်ခံ ဦးမောင်မောင်ဝင်း ကပြောသည်။
ဘားအံမြို့ မှ ၅ မိုင်ခန့်အကွာရှိ ယင်းစီမံကိန်းမှ အခန်းပေါင်း ၂၅၆၀ ခန်းရောင်းချပေးမည်ဖြစ်ပြီး တစ်ခန်းလျှင် နှစ် ၃၀ အရစ်ကျဝယ်လျှင် ကျပ် ၁၀၈ သိန်း ကျသင့်မည် ဖြစ်သော်လည်း လက်ငင်း ၀ယ်ယူ လျှင်မူ ကျပ်သိန်း ၈၀ ကျသင့်မည်ဟု သြဂုတ်လ ၃၁ ရက်နေ့ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသော သတင်းစာရှင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင်း မြို့နယ်အချို့ ရေကြီးမည့်အန္တရယ် စိုးရိမ်နေရ
ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းနှင့် မြစ်ကြီးနားမြို့နယ်များတွင် ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်း မှုကြောင့်မြစ်ရေများမြင့်တက် လာနေရာဒေသခံများ သတိနှင့်နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာခြင်းကြောင့် ဧရာဝတီမြစ်ရေနှင့် တနိုင်းမြစ်ရေတို့ မြင့်တက်လာခြင်းဖြစ်သည်။“မြစ်ကြီးနားမှာ မိုးရွာတာ ၄ ရက်၊ ၅ရက်ရှိပြီ။ ဧရာဝတီမြစ်ကလည်း နည်းနည်း ကြီးလာပြီ။ အရမ်း စိုးရိမ်စရာတော့ မရှိသေးပေမဲ့ လူတွေက သတိနဲ့ စောင့်ကြည့်နေကြတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
တနိုင်းဒေသတွင်လည်း တနိုင်းမြစ် ပေ ၂၀ ကျော်ခန့် မြင့်တက်နေပြီ ဖြစ်၍ မြစ်နဘေးတွင် နေထိုင်နေသော ကျေးရွာများကိုလည်း အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ သတိပေး ခေါ်ယူမှုများရှိနေသည် ဟုကက်သလစ်အသင်းတော်မှ ဆရာအင်ဖန်နော်တောင် ကပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာအား ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်
သီလဝါအထူးစီးပွားရေးဇုန်အတွက် မြေဟက်တာ ၂၄၀၀ သတ်မှတ်ထားသော်လည်း ယခုအခါ ၁၀ ဟက်တာ ထပ်တိုး လိုက်သဖြင့် စုစုပေါင်း ဟက်တာ ၂၄၁၀ ဖြစ်သွား သည်။
တိုးချဲ့လိုက်သည့် ၁၀ ဟက်တာကို လက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသော သီလဝါအထူးစီးပွားရေးဇုန် ဟက်တာ ၄ဝဝ ထဲတွင် ထပ်မံပေါင်းထည့်မည်ဟု သြဂုတ် ၃၁ ပြန်ကြားရေးသတင်း တစ်ပုဒ်ကဖော်ပြသည်။
တိုးချဲ့လုပ်ဆောင်မည့် နေရာသည် စီမံကိန်းနှင့် ဆက်စပ်လျက်ရှိပြီး လူနေအိမ်မရှိသည့်နေရာဖြစ်သည်ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်ဟုဆိုသည်။
ဆက်လက်အကောင်အထည်ဖော်မည့် ဟက်တာ ၂ဝဝဝ အား မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း Strategic Environmental Assessment – SEA နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း များဂျပန်နိုင်ငံရှိ ERM Environmental Resource Management အဖွဲ့နှင့် မြန်မာနိုင်ငံက E-Guard Environmental Services အဖွဲ့မှ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်နေသည်။
ဆူဒန်သမ္မတ ဘာရှီးယား၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး
ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှီးယားအပေါ် ဒါဖာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်တရားရုံး(အိုင်စီစီ)က တရားစွဲဆို ထားသော်လည်း တရုတ်သို့ သွားရောက်ရန် ၄င်းက စီစဉ်ထားမှုနှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ကြောင်း သြဂုတ် ၃၁က ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာရှီးယားသည် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် စစ်အောင်နိုင်မှုအဖြစ် စက်တင်ဘာ ၃တွင်ပြုလုပ်မည့် အခမ်းအနားများကို တက်ရောက်ရန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်းနှင့် တွေ့ရန်အတွက် တရုတ်သို့ သွားရောက်မည်ဟု ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀တွင် ထုတ်ပြန်ခဲ့သည်။
တရားရေးနှင့် ရင်ဆိုင်နေရစဉ် ဘာရှီးယား၏ ခရီးသွားလာမှုကို မထောက်ခံသင့်ဟု အမေရိကန်က ဆက်လက်ယုံကြည်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်တိုနာက သတင်းထောက်များကို ၀ါရှင်တန်တွင် ပြောကြားခဲ့သည်။
ဂူဂဲလ်က ပြိုင်ဘက်များကို နှိပ်ကွက်နေသည်ဟု အိန္ဒိယစွပ်စွဲ
ကြော်ငြာများကို ရှာဖွေရာမှာ ၄င်း၏သြဇာကို အလွန်အကျွံ အသုံးပြုသည်ဟု အိန္ဒိယအာဏာပိုင်များက အင်တာနက်ဘီလူးကြီး ဂူဂဲကို စွပ်စွဲခဲ့သည်။သုံးနှစ်ကြာ စုံစမ်းစစ်ဆေးမှုမှာ ဂူဂဲက ၄င်း၏ ကိုယ်ပိုင်ဝန်ဆောင်မှုများကိုသာ တရားမျှတမှုကင်းမဲ့စွာ အသားပေးဖော်ပြလွန်းသည်ဟူသည့် ၀ဘ်ဆိုက်သုံးလေးခုက တင်သွင်းလာသော တိုင်ကြားချက်များ အပေါ် ဗဟိုပြုနေသည်။
ယခုအိန္ဒိယအာဏာပိုင်များ၏ စွပ်စွဲမှုများမှာ ရှာပုံတော်ဘီလူးကြီး ဂူဂဲ အမေရိကန်နှင့် ဥရောပတွင် ရင်ဆိုင်နေရသည့် အခြားစွဲချက်များနှင့် အတူတူပင် ဖြစ်သည်။သို့ရာတွင် ဆန်ဖရန်စစ္စကိုအခြေစိုက် ဂူဂဲကုမ္ပဏီကမူ အိန္ဒိယတွင် မည်သည့်မသမာမှုမျှ မပြုလုပ်ခဲ့ကြောင်း ယုံကြည်နေသည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယပြိုင်ဆိုင်မှုကော်မရှင် ၏တွေ့ရှိချက်များကို ဂူဂဲ အနေဖြင့် ၁၀ရက်အတွင်း ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။
အီရတ်တပ်ဖွဲ့ဝင်လေးဦးကို အိုင်အက်စ်က အရှင်လတ်လတ်မီးရှို့သည့် ဗီဒီယိုထုတ်ပြန်
အီရတ်ရှီးယားစစ်သားလေးဦးကို အရှင်လတ်လတ်မီးရှို့သည်ကို ပြသသည့်ဆိုသည့် ဗီဒီယိုတစ်ခုကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်လိုက်သည်။
အိုင်အက်စ်၏ မီဒီယာတပ်ဖွဲ့က အနောက်ပိုင်းရှိ အန်ဘာပြည်နယ်တွင် ရိုက်ကူးခဲ့သည့် သြဂုတ် ၃၁က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတွင် လိမ္မော်ရောင် အထက်အောက် တစ်ဆက်တည်းဝတ်စုံဝတ် အီရတ် စစ်သားလေးဦးက ၄င်းတို့မှာ သူလျိုဖြစ်ကြောင်း ၀န်ခံခဲ့ပြီး ၄င်းတို့ကို ခြေနှင့်လက်ကြိုးချည်ကာ အပေါ်မှကြိုးနှင့် တွဲလောင်းဆွဲထားစဉ် အကြမ်းဖက်သမားတို့က အောက်မှ မီးရှို့သည်ကို ပြသထားသည်။
အီဂျစ် တူတပ်ခမန်ဘုရင်ကြီးမှာ တမလွန်ဘ၀နတ်ဘုရားနှင့် တူစေရန် လိင်အင်္ဂါထောင်လျက်သားနှင့် မြှုပ်နှံခံခဲ့ဟုဆို
ယင်းကဲ့သို့ ထာဝရထောင်မတ်နေခြင်းက ဘုရင်ကြီးတပ်ကို တမလွန်ဘ၀၏ နတ်ဘုရား အိုဆီးရစ်နှင့် ဆင်တူစေသည်ဟု အီဂျစ်ရေးရာကျွမ်းကျင်သူ ဆာလီမာ အစ်ခရန်က ယုံကြည်နေသည်။
သို့ဆိုလျှင် ဘာ့ကြောင့်လဲဟု မေးကြလိမ့်မည်။ ဤလုပ်ရပ်မှာ ဖခမည်းတော် အာဂျီနာတင်၏ နတ်ဘုရားတစ်ပါးတည်းဘာသာတရားတစ်ခုကို ထူထောင်ရန် ကြိုးစားမှုကို တန်ပြန်သည့်လုပ်ရပ်ဟု ကိုင်ရိုရှိ အမေရိကန်တက္ကသိုလ်မှ ပါမောက္ခ ဧဂျစ်ဗေဒပညာရှင် ဆာလီမာ အစ်ခရမ်က ပြောကြားခဲ့သည်။
နောင်ပြင်ရန် ခက်တဲ့အမျိုး
တစ်ချိန်တုန်းကမူ တက်တူးဆေးမင်ကြောင် အရုပ် ထိုးသည်ဆို သည်မှာ မြို့ပေါ်လူတန်းစားများ ကြားဝယ် ခပ်ရှားရှားဖြစ်၏။ ကြမ်းကြမ်းရမ်းရမ်း အမျိုးသား များ၊ လမ်းသရဲများလောက်သာ ထိုးလေ့ရှိသည်ဟု အများက ယူဆကြသည်။ အမေရိကန်နိုင်ငံ မှာဆိုလျှင် ၁၉၈၀ မတိုင်မီက လူတစ်ရာလျှင် တစ်ယောက် လောက်သာ တက်တူးထိုးခြင်း နှင့် နားဖောက်ခြင်း ရှိခဲ့ပါသည်။
သို့သော် ယခုအချိန်တွင် အမေရိကန်လူမျိုး ဆယ်ယောက် မှာ တစ်ယောက်လောက်က ကိုယ်ပေါ်မှာ တက်တူးများ ရှိနေ ပြီဟု ဆိုပါသည်။ အသက် (၂၅) နှစ် အသက်(၃၀)နှစ်အကြားရှိ အမေရိကန်လူငယ် သုံးပုံတစ်ပုံ မှာလည်း တက်တူး (သို့ မဟုတ်) နားပေါက်နှင့် ခန္ဓာကိုယ် တစ်နေရာရာမှာ အပေါက်ဖောက်၊ နားကွင်းဖောက်ထားတာရှိနေပြီဟု လေ့လာသုတေသနပြုချက်များအရ သိရပါသည်။ ပုံစံအမျိုးမျိုး နှင့် တက်တူးဆိုင်တွေကလည်း ဆံပင်ညှပ်ဆိုင်။ လက်သည်း၊ ခြေသည်း အလှပြင်ဆိုင်များကဲ့သို့ လူစည်ကားရာ နေရာအနှံ့မှာ ရှိ လာလေသည်။
အဖြေကောင်းလို့ သရဖူ ထိုက်ထိုက်တန်တန်ရသွားတဲ့ Miss Myanmar International ဆုရှင် အမရာငြိမ်း
Miss Myanmar International သရဖူဆုကြီးကို ရရှိနိုင်မည့် အဆုံးအဖြတ်ဖြစ် သော ပြိုင်ပွဲ၏နောက်ဆုံးအဆင့် တွင်ဖြေဆိုခဲ့ရသည့် ဉာဏ်စမ်း မေးခွန်း၏အဖြေမှာ မိမိကိုယ်တိုင် က နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ် ၍ အလွယ်တကူဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သရဖူဆုရှင် အမရာ ငြိမ်းကပြောသည်။‘‘ညီမတို့အားလုံးက ဖိုင်နယ် မှာ ခရီးသွားနဲ့ဆိုင်တဲ့မေးခွန်းမေး မယ်လို့ပဲ မျှော်လင့်ထားကြတာ။ ခရီးသွားနဲ့ပတ်သက်ရင် ညီမက အရမ်းအားနည်းပါတယ်။ အခု ပြိုင်ပွဲပြိုင်တော့မယ့်အချိန်မှ ခရီး သွားနဲ့ပတ်သက်ပြီး အများကြီး လေ့လာခဲ့တာ။ ဒါပေမဲ့ နိုင်ငံရေး ကျတော့မတူဘူး။ အမေရော၊ အဖေရောက နိုင်ငံရေးအရမ်း စိတ်ဝင်စားတယ်။ ညီမကိုယ်တိုင် လည်း ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးကို စိတ်ဝင်စားတဲ့အထဲ မှာပါတယ်’’ဟု ၎င်းကပြောသည်။
၂၀၁၅ အမ်တီဗီ တေးဂီတဗီဒီယိုဆုတွေ သိမ်းကျုံးဆွတ်ခူးသွားတဲ့ တေလာဆွစ်ဖ်
အမေရိကန် နိုင်ငံ လော့စ်အန်ဂျလိစ်မြို့၌ သြဂုတ် ၃၀ ရက်ညက ကျင်းပခဲ့ သော ၂၀၁၅ အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲတွင် ထူးခြားသောဖျော်ဖြေတင်ဆက်မှုများနှင့် အမှတ်တရကာလများပြည့်နှက် ခဲ့သည်။၂၀၁၅ အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲည၏ ဆုအများဆုံး ပိုင်ရှင်မှာ အသက် (၂၅)နှစ် အရွယ်ရှိ အဆိုတော်မလေး တေလာဆွစ်ဖ်ဖြစ်သည်။ တေလာဆွစ်ဖ်သည် နာမည်ကျော်ကြား လူကြိုက်များသော Bad Blood တေးဂီတဗီဒီယိုဖြင့် ယင်းဆုပေး ပွဲ၏ဂုဏ်ရှိန်ကျော်ကြားသောဆုဖြစ်သည့် တစ်နှစ်တာ အကောင်း ဆုံးတေးဂီတဗီဒီယိုဆု ကို ဆွတ်ခူးရရှိခဲ့သည်။ တေလာဆွစ်ဖ်နှင့်အဆိုတော်ကန်းဒရစ်လာမားတို့ ပူးပေါင်းတင်ဆက်ထားသော Bad Blood တေးဂီတဗီဒီယိုသည် ယင်းဆုပေးပွဲမှ ချီးမြှင့်သော အကောင်းဆုံးတင် ဆက်မှုဆုကိုရရှိခဲ့သည်။ တေလာဆွစ်ဖ်သည် Blank Space တေးဂီတဗီဒီယိုဖြင့်လည်း အကောင်းဆုံးအမျိုးသမီးတေးဂီတဗီဒီယိုဆုနှင့် အကောင်းဆုံးပေါ့ပ်တေးဂီတဗီဒီယိုဆုတို့ကို ရရှိခဲ့သည်။
Monday, August 31, 2015
ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပညာပေးဟောပြောသောခရီးတွင် လူအချို့ ဆန္ဒပြ၊ အဖွဲ့အချို့က ဒေသခံများအား ငွေနှင့်ဆန်ပေးထမင်းကျွေးကာ ဘုရားဖူးခေါ်ဆောင်မှုလည်းရှိ
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
သြဂုတ် ၃၀ ရက်က နေပြည် တော်ကောင်စီနယ်မြေ မြို့နယ်လေးခုရှိ ဒေသခံများနှင့် ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်စဉ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဇမ္ဗူသီရိမြို့နယ် ရှိ ပြည်သူတစ်ဦးကပါတီများအ နေဖြင့်ရပ်ရွာဖွံ့ဖြိုးမှုကိုအကြောင်း ပြပြီး မဲဆွယ်စည်းရုံးနေမှုသည် ဥပဒေနှင့်ညီညွတ်မှုရှိလားဟု ဒေါ် အောင်ဆန်းစုကြည်အား မေးမြန်း ခဲ့ရာ..
နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လွတ်လပ်ခွင့်ပေးရန် ထေရ၀ါဒကွန်ရက် တောင်းဆို
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန်အတွက် အစိုးရကို တောင်းဆို ကြောင်း ထေရ၀ါဒဓမ္မကွန်ရက်က သြဂုတ် ၃၀ ရက် နိုင်ငံတော်ဘာ သာနေ့တွင် ထုတ်ပြန်သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဘာသာ နေ့အခမ်းအနားများကို ၂၀၁၃ မှ စတင်ကျင်းပခဲ့သော်လည်း အစိုး ရအနေဖြင့် လွတ်လပ်စွာ ကျင်းပ ခွင့်မပြုဘဲ ကန့်သတ်မှုများ ရှိခဲ့ ခြင်း၊ နိုင်ငံတော် ဘာသာနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပခွင့်မပြု ခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ကွန်ရက်သဘာပတိ ဓမ္မစက္ကဦးမောင်မောင်က ပြော ကြားသည်။
ထေရ၀ါဒဓမ္မကွန်ရက်တွင် မြို့နယ်အဖွဲ့ခွဲများ၊ မနောဖြူ၊ ဗ လငါးတန်၊ မျိုးချစ်သွေး၊ ၀ံသပါ လ စသည့် လူမှုရေးပရဟိတအဖွဲ့ ပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၁၃၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်
ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။
ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။
အရပ်သားကို မဖွယ်မရာ ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် စခန်းမှူးတစ်ဦးတိုင်ကြားခံရ
ရဲစခန်းရှေ့တွင် ဆိုင်ကယ် စီးရင်း သူငယ်ချင်းအချင်းချင်း ဆဲ ဆိုသွားသည့် အရပ်သားတစ်ဦး ကို ဖမ်းဆီး၍ မဖွယ်မရာ ဆက် ဆံခဲ့သည်ဟုဆိုကာ သဲကုန်းမြို့ နယ် အင်းမနယ်မြေ ရဲစခန်းမှူး အား အရေးယူပေးရန် ပြည်ထဲ ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ် တို့ထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။သြဂုတ် ၂၄ ရက် ညပိုင်း တွင် အင်းမနယ်မြေရဲစခန်းရှေ့ ရန်ကုန်-ပြည်ကားလမ်းမကြီး ပေါ်တွင် မောင်ဆန်းနှစ်ဦးနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ကယ် မောင်းနှင်သွားရင်း အချင်းချင်း ဆဲဆိုသွားကြောင်း၊ ၎င်းတို့နှစ်ဦး ကို အင်းမနယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ကာ ရဲစခန်းသို့ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖမ်းဆီးခံရသူ မောင်ဆန်းနှစ်ဦး၏ အဒေါ်ဒေါ်ခင်ခင်ညိုက ပြောသည်။
Saturday, August 29, 2015
အောင်သူကို ပြည်ပကလပ်များ ကမ်းလှမ်းမှုမရှိသေး
၂၀၁၄ အာဆီယံလူငယ်အကောင်းဆုံးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူက ပြည်ပထွက်ကစားရန် ဆန္ဒရှိသော်လည်း ပြည်ပ ကလပ်အသင်းများမှ ကမ်းလှမ်းမှုမရှိသေးကြောင်း သတင်းရရှိသည်။ ‘‘ပြည်ပထွက်ကစားဖို့ အတွက် ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုမရှိတဲ့အခါ ကစားချင် တယ်ပြောလည်း အလကားပဲ။ ပြည်တွင်းက ကစားသမားတွေ ပြည်ပထွက်ကစားတဲ့သူနည်း တော့ ပြည်ပကလပ်တွေကလည်း ကမ်းလှမ်းမှုမရှိဘူး။ အဖွဲ့ချုပ်ကို တောင်းဆိုချင်ပါတယ်။ ပြည်ပ ကလပ်တွေနဲ့ချိတ်ဆက်ပေးဖို့ အတွက်။ ဒါမှ ပြည်တွင်းကစားသမားတွေအတွက် လမ်းပွင့်သွားမှာ’’ဟုအောင်သူကပြောသည်။
Subscribe to:
Posts (Atom)
















