Saturday, September 12, 2015

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို

ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊ မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့ အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့ ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊ လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊ ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

သမ္မတဦးသိန်းစိန် ဓာတ်ပုံကိစ္စ ဒါရိုက်တာမိုက်တီးကို ခေါ်ယူမေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ ပြန်ကြားရေးဝန်ကြီးဌာန အကြောင်းကြား

လူမှုကွန်ရက်စာမျက်နှာ တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြု ပြင်၍ တင်ထားသည့် မိုက်တီးအ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် သည် ဒါရိုက်တာမိုက်တီး သုံးစွဲ သည့် အကောင့်အစစ် ဟုတ်၊ မဟုတ် ကာယကံရှင်အား ခေါ်ယူ မေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထား ကြောင်း ပြန်ကြားရေး ၀န်ကြီးက ပြောသည်။
‘‘အကောင့်စစ် ဟုတ်၊ မဟုတ် ကာယကံရှင်ကိုခေါ်ပြီး မေးမြန်းပြီးတော့ အကြောင်းပြန်ကြားပေးဖို့ ရုပ်ရှင်အစည်းအရုံးကို စာထုတ်လိုက်တာပါ။ အဲဒီအကောင့်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအရ ဖေ့စ်ဘွတ်ခ်ကို Report လုပ်ထားပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
လူဦးရေ ၄၀၀ ကျော် Like လုပ်ထားသော မိုက်တီးအမည် ဖြင့် ဖန်ပေ့ခ်ျသည် ‘‘ဂျီဟတ်ဂျွန်၏ညီ ဂျီဟတ်ပြောင်အား သစ္စာဖောက်မှုဖြင့် ISIS ကွပ်မျက်’’ဟုရေးသားကာ ကွပ်မျက်ခံရသူ မျက်နှာတွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏မျက်နှာကို ပြုပြင်ဖန် တီးကာ တင်ထားခြင်းဖြစ်သည်။
ယင်းအကောင့်နှင့် ပတ် သက်၍ ဒါရိုက်တာမိုက်တီးက အဆိုပါဖန်ပေ့ခ်ျသည် အကောင့်အတုဖြစ်ကြောင်း၊ ယင်းအကြောင်းအရာကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအနေဖြင့် မျှဝေပေးစေလိုကြောင်း ၎င်းကိုယ်တိုင်အသုံးပြုသည့် ‘မိုက်တီး’ ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် စက်တင်ဘာ ၁၁ ရက်တွင် ရေးသား၍ အကူအညီ တောင်းထားသည်။

မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ

မက္ကာရှိ ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန် ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။

NLD ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ကယားပြည်နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးအဖြစ်နဲ့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD ကိုမဲပေးကြဖို့နဲ့ NLD ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မယ်လို့ မနေ့ညနေက လွိုင်ကော်မြို့ခံပြည်သူတွေကို မဲဆွယ်ဟောပြောစဉ်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဖားကန့်တွင် ရေမဆေးကျောက် ရှာသူနှစ်ဦး မိုးကြိုးပစ် ခံရပြီး သေဆုံး

ဖားကန့်မြို့နယ် လေးအိမ်စုတွင် ရေမဆေး ကျောက်ရှာဖွေပြီး ပြန်လာသည့် လူငယ်နှစ်ဦး စက်တင်ဘာ ၁၀ ရက်ညနေက မိုးကြိုးစက်ကွင်း မိကာ သေဆုံးသွားကြောင်း ဖား ကန့်မြို့မရဲစခန်းမှ သတင်းရရှိ သည်။
သေဆုံးသွားသူများသည် ကချင်ပြည်နယ် မိုးကောင်းမြို့ မှ ကိုဗိုလ်ဗိုလ်ဝင်းဆိုသူနှင့် မွန် ပြည်နယ် ကျိုက်ထိုမြို့မှ ဇော်လင်းဆိုသူဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။

Thursday, September 10, 2015

တောင်ကြီးမြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးမှုများစတင်


လာမည့်ရွေးကောက်ပွဲကာလအကြို မဲဆွယ်စည်းရုံးမှု များကို တောင်ကြီးမြို့တွင် ပါတီ အချို့စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က အမေ့ဂီတကားဖြင့်တောင်ကြီးမြို့တွင်းလှည့်လည်မဲ ဆွယ်စည်းရုံးခြင်း၊ လက်ကမ်းစာ စောင်များဝေငှခြင်းများပြုလုပ်ခဲ့ ပြီး စက်တင်ဘာ ၉ ရက်၌လည်း ကျောက်နီ၊ ရေပူ၊ တောင်နီကျေး ရွာများအထိ ကားဖြင့်လှည့်လည် စည်းရုံးလျက်ရှိကြောင်း တောင် ကြီးခရိုင်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

အမျိုးသမီးတွေကို လွှတ်ပေးပါ


အခုတစ်လော အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာတစ်ဝန်းက ယုံ ကြည်ချက်ကြောင့် အကျဉ်းချခံ နေရတဲ့ အမျိုးသမီး ၂၀ ကိုလွှတ် ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ အမျိုး သမီး ၂၀ ထဲမှာ မြန်မာနိုင်ငံက မဖြိုးဖြိုးအောင်နဲ့ ဒေါ်နော်အုန်းလှတို့ပါလာပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၉၅ ခုနှစ် ဘေဂျင်းအနီး ဟွေရိုးမှာလုပ်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံက ဆုံးဖြတ်ခဲ့တဲ့အဆုံးအဖြတ် အနှစ် (၂၀)ပြည့်တဲ့ အနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံလို့ဆိုလိုက် တော့ ထောင်ထဲမှာတုန်းက အတွေ့အကြုံတွေကို သတိရစေပါတယ်။ အဲဒီညီလာခံအကြောင်း မသိခဲ့ပေမယ့် ထောင်ဝင်စာထွက် တဲ့တစ်နေ့မှာ ကျွန်မအဖေကို သူ့ ရဲ့မိတ်ဆွေတစ်ယောက်က ‘‘ခင် ဗျားသမီး တရုတ်ပြည်ရောက်နေ လား’’လို့မေးကြောင်း ပြောပါ တယ်။ ဖေဖေကမဟုတ်ကြောင်း ပြန်ဖြေခဲ့တယ်လို့ ပြောပြတော့ သားအမိ၊ သားအဖတွေစဉ်းစား မရဖြစ်ခဲ့ပါတယ်။

ရေဘေးကြောင့် ရှေးဟောင်းဒေသများပျက်စီးမှုစာရင်း ပြုစုရန် ပညာရှင်များ အကြံပြု


 မြန်မာနိုင်ငံတစ်ဝန်း တွင် ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုဒေသများ ၌ ထိခိုက်ပျက်စီးမှုများအား စာ ရင်းကောက်ယူမှုများနှင့် ပြန် လည်ပြင်ဆင်မှုများ ပြုလုပ်ရန် ရှေးဟောင်းသုတေသနပညာရှင် များက အကြံပြုသည်။

၂၀၁၅ ဇွန်လမှစ၍ သြဂုတ် အထိမြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားသော ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ၊ ပြုပြင်ထိန်းသိမ်းနေ ဆဲနှင့် တူးဖော်နေဆဲဖြစ်သော ယဉ်ကျေးမှု နယ်မြေများ၊ ရှေး ဟောင်းအဆောက်အအုံများပျက် စီးဆုံးရှုံးမှုများ ရှိ၊မရှိ ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြ တိုက်ဌာနများက ထုတ်ပြန်ပေး သင့်ကြောင်း ရှေးဟောင်းသုတေ သနပညာရှင်များကပြောသည်။

ရေကြီးမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်းရှိ ရှေးဟောင်း နယ်မြေများတွင် အနည်းနှင့်အ များ မြေအနေအထား ထိခိုက်နိုင် ပြီး အမြန်ဆုံးကွင်းဆင်း စစ်ဆေး သင့်ကြောင်း၊ အကယ်၍စိုးရိမ်စ ရာမရှိလျှင်လည်း အခြေအနေကို ထုတ်ပြန်သင့်ကြောင်း ပညာရှင် များကဆိုသည်။

လာမည့် ၂၅ နှစ်အတွင်း အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားမည်ဟု အီရန် အဓိပတိ ခြိမ်းခြောက်


လာမည့် ၂၅ နှစ်တွင် ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ ရှိတော့မည် မဟုတ်ဟု အီရန်၏ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ခြိမ်းခြောက် ပြောကြားလိုက်သည်။
မကြာသေးမီက အီရန်၏ နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သော်လည်း အနာဂတ် ကာလတွင် မကောင်းဆိုးရွား အမေရိကန်နှင့် မည်သည့် သဘောတူညီမှုမျှ ရယူမည် မဟုတ်ကြောင်းလည်း ခါမေနီက စက်တင်ဘာ ၉ ရက်တွင် ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နှင့် Twitterပေါ်၌ သဘောထားထုတ်ပြန် ရေးသားခဲ့သည်။
အီရန်၏ ဖွဲ့စည်းပုံအရ ခါမေနီသည် နိုင်ငံရေးနှင့် ဘာသာရေးတွင် အကြီးကျယ်ဆုံး အဓိပတိ ရာထူးနေရာကို ဆက်ခံရယူထားသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက အီရန်နှင့် ရယူထားသော သဘောတူညီမှုအရ အစ္စရေး၏ လုံခြုံရေးကို နောက်ထပ် အနည်းဆုံး ၂၅ နှစ်စာ အာမခံနိုင်ကြောင်း ကတိပြုထားရာ ခါမေနီက အစ္စရေးသည် နောက်ထပ် ၂၅ နှစ်အကြာတွင် ကမ္ဘာ့မြေပုံပေါ်၌ ရှိနေတော့မည် မဟုတ်ဟု ပြက်ရယ်ပြုသွားခြင်း ဖြစ်သည်။

သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ


‘‘အနုပညာအလုပ်တွေချည်း လုပ်မယ်ဆိုတာ အသည်းကွဲတာများလို့လည်း မဟုတ်ပါဘူး’’

သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ
Thursday, September 10, 2015

ကားရိုက်များလာတဲ့ သရုပ် ဆောင်ဟိန်းဝေယံက ၀ိညာဉ်စိမ်း ဇာတ်ကားမှာလည်း ပါဝင်သရုပ် ဆောင်မှာမို့ ထူးထူးခြားခြား ပြင် ဆင်ထားပုံများနဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးတွေ မေးမြန်းထားတာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

အခုရိုက်ကူးတော့မယ့် ၀ိညာဉ်စိမ်းရုပ်ရှင်ကားကြီးမှာ ဘယ်နေရာက ပါဝင်သရုပ် ဆောင်မှာလဲ။ ဒီဇာတ်ကားနဲ့ပတ် သက်ပြီး ရင်ခုန်နေပြီလား။

ပထမဆုံး စတင်အရေးယူခဲ့သည့် နိုက်ကလပ် ကခြေသည် အဖေါ်အချွတ်မယ်များ


ထိုင်းနိုင်ငံ ချွန်ဘူရီက ဘန့် လမုံ ရပ်ကွက်က နိုက်ကလပ်တခုကို စက်တင်ဘာ ၉ရက် မနက် ၁နာရီ တွင် ရဲနှစ်ဦး ၀င်ရောက် လာပြီး တဆိုင်လုံးအား မီးဖွင့် ခိုင်းခဲ့ပါတယ်။
ပြီးမှစင်ပေါ်မှာ အပေါ်ပိုင်း အ၀တ်မပါဘဲ ကနေတဲ့ အမျိုးသမီးသုံးဦးနဲ့ အထိမ်း မာမာစံ အသက်၄၅နှစ်ကိုပါ ဖမ်းပြီး ရဲစခန်းမှာ မဖွယ်မရာ ကပြ၍ လာရောက်ကြည့်ရူ့ သူများအောင် လိင်အသားပေး အကများနဲ့  ဆွယ်နေခြင်းအတွတ် တရားဆွဲ ဒဏ်ရိုက်ခဲ့ကြောင်း သိရပါတယ်။

ထိပ်သီးတွေ့ဆုံပွဲပြီးသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့်ရက် မသတ်မှတ်နိုင်သေး


- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်
ရေးထိုးနိုင်မည့် လက်နက်ကိုင်အဖွဲ့အရေအတွက်ကိစ္စ ညှိနှိုင်း။
- တပ်မတော်နှင့် မပြေလည်သော လက်နက်ကိုင်
အဖွဲ့သုံးဖွဲ့အတွက် သမ္မတအစီအစဉ်ရေးဆွဲ။
- NCA လက်မှတ်ရေးထိုးမည့်ရက် အတိအကျ မသတ်မှတ်နိုင်သေး။
- စက်တင်ဘာ ၂၉ တွင် လက်မှတ်ရေးထိုးရန် သမ္မတကကမ်းလှမ်း၊
အောက်တိုဘာ ၁၅ တွင် ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ တောင်းဆို။

ချောင်းသာကမ်းခြေရောက် မယ်စကြဝဠာတို့၏ ပုံရိပ်များ

Wednesday, September 9, 2015

ရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ


မြို့နယ်အဆင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ နာရေးကို ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ရဲချုပ်တို့က စက်တင်ဘာ၏ မိုး ဖွဲဖွဲများအောက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ထိုမြင်ကွင်းက ရဲတပ် ဖွဲ့ဝင်များအတွက် ထူးဆန်းအံ့သြ ဖွယ်ဖြစ်နေပြီး ယခင်ကထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမရှိခဲ့ဟု လက်ရှိတာဝန်ထမ်းဆောင်နေ သည့် ရှေ့မီနောက်မီရဲတပ်ဖွဲ့ဝင်များကပြောကြသည်။ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်နှစ် ဦးဖြစ်သည်။ တရားခံပြေးကို တည်းခိုခန်းတွင် ဝင်ဖမ်းစဉ် တရားခံပြေးက ဓားနှစ်ချောင်းကိုဘယ်၊ ညာကိုင်၍ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။

သတင်းဌာန ဖေ့စ်ဘွတ်ခ်အတုပြုလုပ်သူများ ရှိနေသည်


7 Day News နှင့် 7Day Daily တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတုပြုလုပ်၍ တင်ထားသော သတင်းအမှားအချို့
‘‘ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် မိသားစုဝင်များ ထိန်းသိမ်းခံရ’’

‘‘မဘသဆရာတော်တွေ အတူနေစုံတွဲတွေကို လိုက်လံရှာ ဖွေပြီး လက်ထပ်ခိုင်း’’

‘‘တောင်ကျရေများကြောင့်  ဧရာဝတီမြစ်ကူးတံတား (ရတနာ ပုံ) ရေစီးနဲ့ အတူမျောပါသွား’’ အစရှိသည့် သတင်းများသည်ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း စာဖတ်သူတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့်ဖတ်ခဲ့ရသော သတင်းများဖြစ်သည်။

အိမ်ထောင်ရေးဖောက်ပြန်သူတို့ရဲ့အကြောက်ဆုံးရန်သူ တစ်လင်တစ်မယားစနစ်


မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအပေါ် ထောက်ခံသူများနှင့် ကွန့်ကွက်သူများပါ ရှိနေသည်။ဥပဒေများအကြောင်း ပြောခဲလှသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုအကြောင်း လူပြောများလှသည်။ မျိုးစောင့်ဥပဒေလေးခုအနက် နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပင် ဖြစ်သည်။
‘‘ခုနစ်နှစ်နော် ခုနစ်နှစ်၊ ၁၀ နှစ် ၁၀ နှစ်’’ယခုရက်ပိုင်းအတွင်း အိမ်ထောင်ရှင် အမျိုးသားများအကြား ရေပန်းစားလှသော စကား ဖြစ်သည်။ နောက်ပြောင်ပြောဆို ခြင်းဖြစ်သော်လည်း သတိပေးသံ စွက်နေသည်။
 ခုနစ်နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက (လင်ရော မယားပါ အကျုံးဝင်သည်)အိမ်ထောင်ရှိလျက် နောက်အိမ် ထောင်ပြုလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ဖြစ်သည်။ အိမ်ထောင်ရှိ လျက် တရားဝင် နောက်အိမ် ထောင်ပြုခြင်းမဟုတ်ဘဲ တိတ် တိတ်ပုန်းလျှင်လည်း ခုနစ်နှစ်ဖြစ် ၏။

အလယ်ပိုင်းမှာ မိုးကိုမျှော် ဘယ်သောအခါမှ ရွာပါ့မလဲ


ယခုနှစ်မိုးရာသီအတွင်း မကြာခဏ ကြားနေရသည့် မိုးသည်းထန်မှု၊ ရေကြီးမှုသတင်းများက သူ၏ ၀ါကြန့်ကြန့် စပါးခင်းများကို လှောင်ပြောင် နေသလားဟု ဦးသောင်းတစ်ယောက် တွေးနေမိ သည်။ သူ၏စပါးခင်းများအတွက် မိုးမြန်မြန်ရွာစေရန် ဆုတောင်းနေ သည်။ အချိန်မီ မိုးမရွာပါက စပါး ခင်းများ ပျက်စီးတော့ပေမည်။
‘‘မိုးက ရွာဖို့ကောင်းနေပြီ။ ဒီလိုပုံမျိုးနဲ့ဆို စပါးက အောင်ရေ တောင်ရမှာ မဟုတ်တော့ဘူး။ တခြားမှာဆို မိုးတွေရွာလွန်းလို့ ဒုက္ခရောက်နေကြတာ ဒီမှာကျမှ’’ ဟု ဦးသောင်းက ညည်းတွားသည်။
မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် တွင် ပါဝင်သော စစ်ကိုင်းမြို့နှင့် မိုင်အတန်ငယ်ဝေးသည့် မန္တလေး - မြစ်ကြီးနား ရထားလမ်းဘေးရှိ ခက္ခကျေးရွာနေ တောင်သူဦး သောင်းလေးတစ်ယောက် မိုးမျှော် နေစဉ်မှာပင် နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုး သည်းထန်နေသဖြင့် တစ်ကျော့ ပြန်ရေလွှမ်းမိုးမှုကို စိုးရိမ်နေရချိန် လည်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းများ စိုးရိမ်သောအရာ


ပါတီကြီးနှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ မဲဆွယ်စည်းရုံးရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်
ပြည်တွင်းသာမက ကမ္ဘာကပါ စောင့်ကြည့်နေသော ၂၀၁၅ရွေးကောက်ပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးကာလကို ရောက် ရှိနေပါပြီ။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလအမတ် လောင်း ၃၀၀ ကျော် စက်တင်ဘာ ၈ ရက်မှစတင်၍ မဲဆွယ်စည်းရုံး နိုင်ပြီဖြစ်သောကြောင့်ပင်။ သို့ သော် မဲဆွယ်စည်းရုံးကာလအတွက် စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။
‘‘ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တချို့ရယ်၊တချို့ သောသူတွေရဲ့ မဲဆွယ်မှုတွေက အောင်နိုင်ရေးအတွက် ကသိက အောက်ဖြစ်စေတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦး မောင်မောင်ဆွေကပြောသည်။
ထိုကာလအတွက် စိုးရိမ်ပူ ပန်နေသူမှာ ဦးမောင်မောင်ဆွေ တစ်ဦးတည်းမဟုတ်ပါ။

တောင်နှင့်မြောက်ကိုရီးယားတို့ အောက်တိုဘာတွင် မိသားစုများ ပြန်လည်ဆုံစည်းရန် သဘောတူ


တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့များသည် ညလုံးပေါက်ဆွေးနွေးခဲ့ပြီးနောက် ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ဆုံစည်းပွဲကို အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မြောက်ကိုရီးယား အပန်းဖြေတောင်စခန်းမြို့ ကမ်ဂန်တွင်  အောက်တိုဘာ ၂၀ နှင့် ၂၆ ရက်ကြား၌ ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့ သည်။

သမ္မတ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် နယ်စပ်မှ တရားမ၀င် သစ်တင်ပို့မှုများ လေးလပိတ်


သမ္မတဦးသိန်းစိန် တ ရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လာပြီး နောက် မြန်မာနိုင်ငံဘက်မှတရုတ် နိုင်ငံဘက်သို့ တရားမ၀င် သစ် တင်ပို့မှုကို လေးလကြာပိတ်ပင် ရန် ယူနန်ပြည်နယ် အစိုးရက မြန် မာသစ်ကုန်သည်များအား ခေါ်ယူ အသိပေးကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်သည် တ ရုတ်နိုင်ငံတွင် ကျင်းပသည့် နှစ် (၇၀) ပြည့်နှစ်ပတ်လည်အခမ်းအ နားသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိတက်ရောက်ခဲ့သည်။ ယင်းခရီးစဉ်မှပြန်လာပြီးနောက် မကြာမီမှာပင် ယူနန်ပြည်နယ်အ စိုးရက သစ်တင်ပို့မှုကို လေးလ ကြာ ရပ်နားထားရန် စက်တင်ဘာ ၇ ရက်၌ မြန်မာသစ်ကုန်သည် များအား ခေါ်ယူအသိပေးခဲ့သည် ဟု မြန်မာ-တရုတ်နယ်စပ်ဒေသ မှ မြန်မာအစိုးရ၀န်ထမ်းအချို့နှင့် သစ်ကုန်သည် အချို့က ပြော ကြားသည်။

ရွှေ့ပြောင်းအခြေချ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂ ပြောကြား


 ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးခဲ့ပြီး ကုလသမဂ္ဂကလည်း ဒုက္ခသည်များဆိုင်ရာ အကျပ်အတည်းအတွက် ကမ္ဘာနှင့်ချီသော ဖြေရှင်းမှုတစ်ရပ် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဥရောပသို့ ရွှေ့ပြောင်းအခြေချများ မကြုံစဖူး စုပြုံဝင်ရောက်နေချိန်တွင် ဂျာမနီသည် တစ်နှစ်လျှင် ခိုလှုံသူ ၅၀၀,၀၀၀ ခန့်ကို နှစ်အတန်ကြာ လက်ခံနိုင်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ လက်ထောက် ဆစ်ဂမာဂါဘရီရယ်က ပြောကြားခဲ့သည်။ သို့သော်လည်း သြစတြီးယား၊ ဆွီဒင်နှင့် ဂျာမနီကဲ့သို့ နိုင်ငံအနည်းစုပေါ်တွင် ဥရောပသမဂ္ဂက ဆက်လက်မှီခိုနေသည်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပ၏ မူဝါဒကိုပြောင်းလဲရန် လိုအပ်နေကြောင်း ဂါဘရီရယ်က ဆိုသည်။

ရွေးကောက်ပွဲတွင် မီဒီယာ ဘက်လိုက်မှု ရှိ၊မရှိ ပြန်လည်စောင့်ကြည့်ခံရမည်


 ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို မီဒီယာများကဖော် ပြရာတွင် ဘက်လိုက်ဖော်ပြခြင်း ရှိ၊မရှိ လေ့လာစောင့်ကြည့်မည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အ စည်းတစ်ခုဖြစ်သော Myanmar Institute for Democracy(MDI) က ထုတ်ဖော်ပြောကြားသည်။
‘‘ကျွန်တော်တို့ရဲ့စောင့်ကြည့် လေ့လာမှုတွေကို ပြည်သူတွေကို ပြန်ချပြမှာပါ’’ ဟု MDI ၏ စီမံ ကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော် ကပြောသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ နှစ်လကြာစောင့်ကြည့်တွေ့ ရှိချက်များကို ရွေးကောက်ပွဲမ တိုင်မီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲ အပြီး တစ်ကြိမ်ပြည်သူထံသို့ ပြန် လည်ချပြမည်ဖြစ်ကြောင်း ဦးမျိုး မင်းဇော်ကပြောသည်။
နိုင်ငံပိုင်မီဒီယာများအပါအ၀င် ရုပ်မြင်သံကြားလိုင်း ငါးခု၊ရေ ဒီယိုလိုင်း ရှစ်ခု၊ သတင်းစာနှင့်ဂျာ နယ် ၁၄ စောင်နှင့် အွန်လိုင်းမီဒီ ယာ သုံးခုတို့ကို MDI က အဖွဲ့ဝင် ၁၇ ဦးဖြင့် စောင့်ကြည့်မည်ဖြစ် သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြု

ပင်လုံကျောက်တိုင်တွင် ကတိသစ္စာပြုနေကြသည့် ကျားခေါင်းပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ

 နိုဝင်ဘာရွေးကောက် ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း)ပါတီမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း များ စက်တင်ဘာ ၈ ရက်က ပင် လုံမြို့ ပင်လုံကျောက်တိုင်၌ကတိသစ္စာပြုခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ မှ ၀င်ရောက် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌ၊ ပါတီ ၀င်များသည် ပင်လုံကျောက်တိုင် ၌ ကတိသစ္စာပြုခဲ့သည်ဟု ယင်းပါတီမှ သိရသည်။

မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးမှုများ တိုင်ကြားနိုင်


မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးပါက ရဲအရေးပိုင်မှု ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးညွှန်ကြားရေး မှူး ဦးသောင်းလှိုင်က ပြောသည်။
 ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ  မဲ ဆွယ် စည်းရုံးမှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို ဥပ ဒေတွင် အတိအလင်းပြဋ္ဌာန်းထား ကာ ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီးဖြစ်၍ ယင်းသတ်မှတ်ချက် များထက် ကျော်လွန်လုပ်ဆောင် ပါက သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ၎င်း က ဆိုသည်။
‘‘မဲဆွယ်စည်းရုံးရာမှာ သတ် မှတ်စည်းကမ်းချက်ချိုးဖောက်ရင် ရဲအရေးပိုင်မှုအဖြစ်နဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် အ ချက်အလက်သက်သေအတိအ ကျနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား လို့ရတယ်။ ကော်မရှင်က အရေး ယူလို့ရတဲ့ဖြစ်စဉ်ဆိုရင် စည်းမျဉ်း အရ အရေးယူမယ်’’ဟု ဦးသောင်းလှိုင်က ပြောသည်။

ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


  ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရှိရေးနှင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သွားရောက်မဲပေးရေးသည် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲအတွက် ပြည်သူများသို့ ပြောကြားသောမိန့် ခွန်းတွင် အဓိကအချက်အနေဖြင့် ထည့်သွင်းပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ရခြင်းသည် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ဆုံးဖြတ်ချက်ကို လက်ခံရန်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က “ ဒီမိုကရေစီဆိုတာဟာ ပြည်သူရဲ့ဆုံးဖြတ်ချက် ပြည်သူရဲ့ဆန္ဒကို အလေးထားရတဲ့စနစ်ပါပဲ။ ဒါ ကြောင့်မို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုထူထောင်ဖို့အတွက် ကြိုးစားခဲ့တာဟာဆိုလို့ရှိရင် အနှစ် ၃၀ နီးပါးရှိပါပြီ။ အခုထိပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိကယုံကြည်ပါတယ်။ အခုအချိန်မှာ အရေးကြီးတာကတော့ ကျွန်မ တို့ပြည်သူလူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ” ဟု ပြောကြားသည်။

ရှစ်လတာအတွင်း အမှု မပေါ်သေးသည့် လူသတ်မှုရှစ်မှုရှိ


ရန်ကုန်တိုင်းဒေသကြီး တွင် ၂၀၁၅ ရှစ်လတာကာလအ တွင်း လူသတ်မှု ၁၁၆ မှုဖြစ်ပွားခဲ့ ပြီး တရားခံမပေါ်သေးသည့် အမှု ရှစ်မှုရှိကာ အင်းစိန်မြို့နယ်သည် တရားခံမပေါ်သေးသည့် အမှုနှစ်မှုဖြင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်ပွားခဲ့သည့် လူသတ်မှု များအနက် တရားခံမပေါ်သေး သည်မှာ အင်းစိန်၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သန်လျင်မြို့နယ်များဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။‘‘လူသတ်မှုတွေ ဖြစ်တာ တော့ ဒီနှစ်ဖြစ်ပွားမှုကတော့ အ ရင်နှစ်တွေထက် ပိုနည်းတယ်။ ဒါပေမဲ့ တရားခံမပေါ်သေးတဲ့ အမှုတွေ လောလောဆယ်မှာ ရှစ် မှုအထိရှိတယ်။ အမှုကြီးတွေထဲ မှာ တိုးလာတာတော့ လုယက်မှု တွေ ပိုများလာတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ဇန်န၀ါရီ ၃ ရက် ညနေတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် (၁၂၃) လမ်း၊ တိုက်အမှတ် (၂၄)၊လေးလွှာတွင် နေထိုင်သည့် ဒေါ် မာဘီယာ (၇၀) နှစ်သည် နေအိမ် တိုက်ခန်းအတွင်း လက်နှစ်ဖက် ကြိုးတုပ်ခံရပြီး ပါးစပ်တွင် အ၀တ်ဆို့လျက် ဦးခေါင်းချိုစောင်း၌ ဒဏ်ရာရရှိကာ အသတ်ခံရပြီး တရားခံကို ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်


 ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှ စတင်ခွင့်ပြုထားရာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့၌ အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်ခဲ့ကြောင်း  သတင်းရရှိသည်။
  ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌  စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်ရာ အောင်နိုင်ရေး ဆိုင်းဘုတ်တွင် သမ္မတဦးသိန်းစိန်ဓာတ်ပုံနှင့် ပြည်ခိုင်ဖြိုးပါတီအလံကို ယှဉ်တွဲဖော်ပြကာ “ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်”ဆိုသည့် ဆောင်ပုဒ်ပါရှိသည်ကို တွေ့ရသည်။

ဂျာမနီနှင့် ပေါ်တူဂီ ယူရိုခြေစစ်ပွဲအောင်ရန် နီးစပ်လာ


လာမည့်နှစ် ပြင်သစ် နိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများ၌ ဂျာမနီနှင့် ပေါ်တူဂီတို့ ခြေစစ်ပွဲ အောင်ရန် ပိုမိုနီးစပ်လာပြီး မြောက်အိုင်ယာလန်က အိမ်ကွင်း တွင် ဟန်ဂေရီနှင့် သရေကျခဲ့၍ ခြေစစ်ပွဲအောင်ရန် စောင့်ဆိုင်းရ ဦးမည်ဖြစ်သည်။
ဂလက်ဆောမြို့တွင် ကစား သောပွဲ၌ ဂျာမနီက စကော့တ လန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီး သောမတ်စ်မူလာက နှစ်ဂိုး သွင်းယူခဲ့သည်။
မူလာသည် ခြေစစ်ပွဲ နှစ်ပွဲ ၌ သုံးဂိုးသွင်းယူထားကာ ဂျာ မနီအသင်းက အသင်းခြောက် သင်းပါ အုပ်စု (D) တွင် ၁၉ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။ ကျန်ရှိသော အိုင်ယာလန် နှင့် ဂျော်ဂျီယာတို့ပွဲတွင် တစ် မှတ်ရရုံဖြင့် ဂျာမနီခြေစစ်ပွဲ အောင်ပြီဖြစ်သည်။
ယင်း၏နောက်တွင် ပိုလန် က  ၁၇ မှတ်ဖြင့် ဒုတိယလိုက်နေ သည်။ အိုင်ယာလန်က ၁၅ မှတ် ဖြင့် အုပ်စု တတိယ ရယူထား သည်။

အချက်သုံးချက်လုပ်ပေးမည်ဟူသောကတိဖြင့် NDF မဲဆွယ်

NDF ပါတီက ဒဂုံမြို့သစ်(၄၇)ရပ်ကွက်ဓမ္မာရုံ၌ မဲဆွယ်ပြောကြားနေစဉ်

 ရွေးကောက်ပွဲအနိုင်ရ ပါက အချက်သုံးချက်မဖြစ်မနေ ဆောင်ရွက်ပေးမည်ဟူသော က တိဖြင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)က စက်တင် ဘာ ၈ ရက်တွင်  စတင်မဲဆွယ် လိုက်ပြီဖြစ်သည်။
မိမိတို့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ အနိုင်ရရှိ ပါက ပြည်သူများ၏ စားဝတ်နေမှု ပြေလည်စေရေး၊ ကျေးရွာများအ နှံ့ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ဈေး နှုန်းများ တည်ငြိမ်ကာ ငွေကြေး တန်ဖိုးမြင့်တက်လာစေရေး စ သည့်အချက်များကို ဆောင်ရွက် ရန် စီစဉ်ထားကြောင်း ပါတီဥက္က ဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ဇေယျာလွင်နှင့် ပိုင်ရဲသူ စာမေးပွဲဖြေဆိုခွင့်ရ


အခြေခံဥပဒေပြင်ဆင် ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံထားရ သည့် တကသကျောင်းသားခေါင်း ဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင် ရဲသူတို့ကို စက်တင်ဘာ ၈ ရက်က ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာ တရားသူကြီး က ၎င်းတို့နှစ်ဦးအား စာမေးပွဲဖြေ ဆိုခွင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
စီးပွားရေးတက္ကသိုလ် ကျောင်းသား ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသား ကို ပိုင်ရဲသူတို့သည် စက်တင်ဘာ ၁၇ ရက်တွင် စာမေးပွဲများ စတင်ဖြေ ဆိုရမည်ဖြစ်သည်။
ပန်းဘဲတန်းတရားရုံးက ၎င်း တို့နှစ်ဦးအား စာမေးပွဲဖြေဆိုခွင့် ပြုလိုက်သော်လည်း အင်းစိန် ထောင်ဦးစီးနှင့် ပညာရေးဝန်ကြီး ဌာနက စာမေးပွဲဖြေဆိုခွင့်မပြု သေးကြောင်း ကိုပိုင်ရဲသူက ပြောသည်။