Tuesday, December 18, 2012

သီပေါမြို့မှ ဗုဒ္ဓမြတ်စွယ်တော် ကျောက်မဲမြို့နယ် အတွင်း ဒေသစာရီ ကြွချီ

Photo: သီပေါမြို့မှ ဗုဒ္ဓမြတ်စွယ်တော် ကျောက်မဲမြို့နယ် အတွင်း ဒေသစာရီ ကြွချီ

Tuesday, 18 December 2012
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ အောင်မင်္ဂလာ ဘိုးတော် ကျောင်းတိုက် အတွင်းရှိ ဗုဒ္ဓစွယ်တော် တိုက်တွင် ကိန်းဝပ်စံပယ် လျက်ရှိသည့် လွန်ခဲ့သော နှစ်ပေါင်း (၁၂ဝ)ကျော်က စော်ဘ
ွားကြီး စောကြာခိုင် သီဟိုဠ် နိုင်ငံမှ ပင့်ဆောင် ခဲ့သော ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ် အပူဇော်ခံပွဲနှင့် ဒေသစာရီ လှည့်လည် အပူ ဇော်ခံပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ကျောက်မဲခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ဗုဒ္ဓမြတ်စွယ်တော်ကို သီပေါမြို့ ဘိုးတော်ကျောင်းတိုက် ပဓာန နာယက မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမိလိန္ဒအရှင် သူမြတ်ထံမှ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မျိုးဝင်းနှင့် ဥပဋ္ဌာကအဖွဲ့ များက ကျောက်မဲမြို့နယ် အတွင်း ဒေသ စာရီ လှည့် လည် အပူဇော်ခံရန် လွှဲပြောင်း လက်ခံယူသည်။

ထို့နောက် ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီ လှည့်လည် အပူဇော်ခံရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းစံတင့်၊ အတွင်းရေးမှူး ဦးမြသန်းနှင့် တာဝန်ရှိ သူများက ကျောက်မဲမြို့နယ် အတွင်းသို့ ဝတ်အသင်းများနှင့် ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များက လှည့်လည် အပူဇော်ခံရာ ဗုဒ္ဓနွယ်ဝင် သူတော်စင်များ စေတနာ ထက်သန်စွာဖြင့် ဦးခိုက် ပူဇော်လှူဒါန်း ကြကြောင်း သိရသည်။

မြ၀တီရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ အောင်မင်္ဂလာ ဘိုးတော် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓစွယ်တော်တိုက်တွင် ကိန်းဝပ် စံပယ် လျက်ရှိသည့် လွန်ခဲ့သောနှစ်ပေါင်း (၁၂ဝ)ကျော် က စော် ဘွားကြီး စောကြာခိုင် သီဟိုဠ် နိုင်ငံမှ ပင့်ဆောင်ခဲ့သော ဗုဒ္ဓမြတ် စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲနှင့် ဒေသစာရီလှည့်လည် အပူ ဇော်ခံ ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ကျောက်မဲခရိုင် အထွေထွေ

ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Photo: ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Tuesday, 18 December 2012
တကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့်သွင်း ခဲ့ပါတယ်။

Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီး
Sexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံ အင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေး ပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေညာပေး ခဲ့ပါတယ်။

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင် အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထား တာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ်ဆတ်ဆတ် လို့ ကြေညာပါတယ်။

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့် ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက် များနေဆဲ ဖြစ်ပါတယ်။

သို့ပေမယ့် တကယ် ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့ လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

 wikiတကယ်ပဲ လူစင်စစ်မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော်ဂျပန် ပေါ့တေးဂီတအဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့် သွင်းခဲ့ပါတယ်။
Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီးSexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံအင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေးပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး

ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

Photo: ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

Tuesday, 18 December 2012
ဂီတ လောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံရှင်မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။

ဘရစ်တနီသည် ပြီးခဲ့သည့် နှစ်က သူမ၏ တေးအယ်လ်ဘမ်၊ ရေမွှေးနှင့် ကြော်ငြာများမှ ခန့်မှန်းခြေ အားဖြင့် အမေရိ ကန် ဒေါ်လာ ၅၈ သန်း ဝင်ငွေ ရရှိ ခဲ့ပြီးနောက် နံပါတ်တစ် နေရာကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ကန်ထရီး-ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်က ဝင်ငွေ ၅၇ သန်းဖြင့် ဒုတိယ နေရာ ရရှိခဲ့ပြီး R & B အဆိုတော် ရီဟန်းနားက ဝင်ငွေ ၅၃ သန်းဖြင့် တတိ ယ နေရာ ရရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဝင်ငွေ အကောင်းဆုံး နံပါတ် တစ်နေရာကို ရရှိခဲ့သော ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါသည် ယခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂ သန်းဖြင့် နံပါတ်လေး နေရာကိုသာ ရရှိ ခဲ့သည်ဟု သိရသည်။

မြ၀တီဂီတ လောကတွင်ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံ ရှင်မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။
ဘရစ်တနီသည် ပြီးခဲ့သည့် နှစ်က သူမ၏ တေး အယ်လ်ဘမ် ၊ ရေမွှေးနှင့် ကြော်ငြာများမှ ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ

အမေရိကန်သံအမတ် မြစ်ကြီးနားရောက်ရှိ၊ ကချင်အရေးမေးမြန်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်တဲ့ ၈ ဦး ပါအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက် ရှိပြီး ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ အတွက် Ion Ratiu Democracy Award ဂုဏ်ထူးဆောင် ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း အမေရိကန် အ ခြေစိုက် Wilson သုတေသနအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း များစွာ စွန့် လွှတ် အနစ်နာခံ ကြိုး ပမ်းခဲ့ပြီး အကြမ်းမဖက်တဲ့နည်းလမ်းကို ကိုင်စွဲ အသုံးပြုခဲ့တဲ့ အတွက် ဒီဆုကို ပေးအပ်တာ ဖြစ်တယ်လို့ Wilson Center အဖွဲ ဥက္ကဌ ဟာမန်ရဲ့ ပြောဆိုချက် ကို ကိုးကားပြီး အေဂျင်စီသတင်းတွေမှာ ဖော်ပြ ထားပါတယ်။ ထူးခြားမှုအနေနဲ့ Ion Ratiu ဒီမိုကရေစီဆုကို ရန်ကုန်က ပြည်သူတွေ ရှေ့မှောက်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ဇန်န၀ါရီ ၁၅ ရက်နေ့ကျရင် ပေးအပ်ဖို့ စီစဉ်ထားပါတယ်။

DVB TV News
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ အတွက် Ion Ratiu Democracy Award ဂုဏ်ထူးဆောင် ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း အမေရိကန် အ ခြေစိုက် Wilson သုတေသနအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရသည်။

(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာအတွင်း ထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူ ပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခုအခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြု ကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံခဲ့ရသည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ်မျိုးကို မီလာ ကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံး တစ်ခုက ယင်းအမှုအခင်းများနှင့် ပတ်သက်ပြီး ချန်နေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူခဲ့ခြင်း ဖြစ်သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။



 Planet News
စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိ ရသည်။
(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ ကွန်ပျူတာ အတွင်းထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခု အခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြုကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက်

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်

Tuesday, 18 December 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့  ပြည်သူ့ ဥယျာဉ်၌ ပြုလုပ် ဦးမည် ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း (၂) ခုကိုလေလံတင်ရောင်းချမည်ဟုသိရသည်။

Mizzimaအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့ ပြည်သူ့

ဂျက်လီ က ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် ကူညီမည်

Photo: ဂျက်လီ က ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် ကူညီမည်

Tuesday, 18 December 2012
မြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင် ဒဏ်ခံ ဒေသတွေ မှာ ပြန် လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ 

ဂျက်လီတည်ထောင်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး One Foundation ကနေ မြေငလျင်ကြောင့် ပျက်ဆီး သွားတဲ့ ကျောင်း ၃ ကျောင်းကို ပြန်လည်ဆောက်လုပ်ပေး ဖို့ စီစဉ်နေတယ်ဆိုတာ မြန်မာအခြေစိုက် တရုတ်ဘာသာနဲ့ရေးသားတဲ့ MMGP မီဒီ ယာ တခုက လွန်ခဲ့တဲ့ သတင်းပတ်က ဖော်ပြသွားပါတယ်။ 

ဒါပေမယ့် ဂျက်လီရဲ့ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာ မှာတော့ တရားဝင်ကြေငြာထားတာ မရှိပါ ဘူး။ 
“ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ်ဆိုတာတော့ ကျတော်တို့အတိအကျဖြစ်ဖို့ ဆွေးနွေး 
နေဆဲပါ၊ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” လို့ မင်းသား ဂျက်လီက ဧရာဝတီကို ယမန်နေ့က တယ်လီဖုန်းကတဆင့် ပြောပါတယ်။ 

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၁၁ ဦးသေဆုံး ခဲ့ပြီး အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ ပျက်ဆီးသွားခဲ့ ရတာပါ။ 

 ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ပျက်ဆီးသွားလို့ ကျောင်းဝန်းတွင်မှာ စာသင်နေရတဲ့ ကလေးများ၊ 

ဂျက်လီရဲ့ ဖောင်ဒေးရှင်းကတော့ ကျောင်းသားများများရှိတဲ့ ကျောင်းတွေကို ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်တဲ့။ 

Burma's Earthquakeမြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ်ခံ ဒေသတွေမှာ ပြန်လည်

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -

Photo: ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -
Tuesday, 18 December 2012

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထ
ားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Catမြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက်ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရ မြို့ကသမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြ ကွက် နေ ရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက်ထဲက ဓါးတွေ ဟာ ကြေးနဲ့ သွန်းလုပ်ထားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက် သွားပြီ။ သူခိုး အခိုးခံရတယ်လို့ဆိုတယ်။ခိုးတာကလည်းဓါးတွေကို ရသလောက်ဖြတ်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ်ငယ်သည့် ၂၇  နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖရန့်စကာ ပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထား အလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါ အထီးကျန်သည့် ဝေဒနာကို မခံစား ရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။ 

ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင်မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီ ရုပ်သံတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။  

http://www.myawady.net.mm/allnews/global/item/2140-2012-12-18-10-10-39
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ် ငယ်သည့် ၂၇ နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖရန့်စကာပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထားအလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါအထီး ကျန် သည့် ဝေဒနာ ကို မခံစားရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်အရွယ် အီရန်နိုင်ငံသား အမျိုးသားက ၎င်း၏အိမ်တွင် သူမအား အလိုမတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပါ သည်ဟု ရဲများကို တိုင်ကြားခဲ့ရာတွင် သူမအား ကြားနာ စစ်ဆေးချက် များအရ နောက်ဆုံး၌ သူမကိုယ်တိုင်က နှစ်ဦးသဘောတူ အတူနေ

ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင်ဖခင်ဖြစ်သူက ခြောက်နှစ်အရွယ် ၎င်း၏ သမီးအား အရက်အတင်းတိုက်ခဲ့ကာမတရားပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူကတိုင်ကြားခဲ့သည်ဟု သိရသည်။ ဖခင်နှင့် မိခင်ကွဲနေကြ ရာတွင် မိခင်က သမီးကို ပြုစုစောင့်ရှောက်နေရာမှ ဖခင်အား တလှည့် သမီးကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုခဲ့ပြီးနောက် ယင်းဖြစ်

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက်ကို ရွေးချယ်မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်ခဲ့တယ်လို့ သိရပါတယ် ။

သတို့သားက သူမေတ္တာသက်ဝင် ချစ်ခင်နေခဲ့မိသော အသက် (၁၇)နှစ်အရွယ် မိန်းကလေးနှင့် အသက်(၂၁)နှစ်အရွယ် အမျိုးသမီး နှစ်ဦးစလုံးကို ဧပြီ(၆)ရက်နေ့က Tikrit မြို့ရဲ့ မြောက်ဘက်ပိုင်းက Al Laqlaq ရွာလေးမှာ တပြိုင်တည်း လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရသည် ။

ဒါ့အပြင် ထိုသတို့သမီး နှစ်ယောက်စလုံးဟာလည်း သတို့သား၏ မောင်နှမဝမ်းကွဲတွေ ဖြစ်တယ်လို့ သိရပါတယ် ။

တစ်ညတည်း သတို့သမီးနှစ်ယောက်ကို တပြိုင်တည်း လက်ထပ်ခွင့်ပြုဖို့ သူ့ချစ်သူ သတို့သမီးလောင်းတွေကို စည်းရုံးသိမ်းသွင်းရာတွင် နှစ်ယောက်စလုံးကို ညီတူညီမျှ ချစ်နိုင်ရင် လက်ခံမယ်လို့ သတို့သမီးနှစ်ဦးစလုံးက သဘောတူခဲ့ကြတာဖြစ်ကြောင်း သိရသည် ။

အစ္စလာမ်ဘာသာ၏ ထုံးတမ်းဓလေ့အရ ဇနီးမယား လေးဦးအထိ တရားဝင်ယူကာ ပေါင်းသင်းနိုင်ကြောင်း သိရသည် ။ သို့ပေမယ့် ဇနီးမယားအားလုံး သာတူညီမျှ ခံစားခွင့် ရရှိရမည်ဟု ဖော်ပြပါရှိထားကြောင်း သိရသည် ။

http://gulfnews.com/news/region/iraq/iraqi-farmer-marries-two-women-in-one-night-1.1014411အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့ သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက် ကို ရွေးချယ် မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်

လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်မည်


“၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ”အရ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ ကျရင် တရားဝင် လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်တော့မယ်လို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် အမတ် ဒေါ်

ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့

Photo: ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့။ 
Monday, 18 December 2012

၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးကျော် လိုက်ပါလာသည့် ထိုင်းလေတပ်မှ C-130 အမျိုးအစားလေယာဉ်တစ်စီးသည် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာရန်ပြင်ဆင်ရာ လေယာဉ်အင်ဂျင် ၄ လုံးရှိသည့်အနက် ညာဘက်အတွင်း အင်ဂျင်ချို့ယွင်းပြီး မပျံသန်းနိုင်ဘဲ ခရီးစဉ်အားဖျက်သိမ်းခဲ့ကြောင်းသိရှိရသည်။ “ ထိုင်းအဖွဲ့က လေယာဉ် ၂ စီးနဲ့ လာပါတယ်။ ထိုင်းဝန်ကြီးချုပ်က ATR-42 အမျိုးအစားလေယာဉ်နဲ့ပါ။ ဝန်ကြီးချုပ်လေယာဉ်တက်သွားပြီး စီးပွားရေးလုပ်ငန်းရှင်တွေစီးလာတဲ့ ထိုင်းလေတပ်က လေယာဉ်တက်ဖို့အလုပ်မှာ လေယာဉ်အင်ဂျင်တစ်လုံး ချို့ယွင်းလို့ ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ခရီးသည်အားလုံးကိုထားဝယ်မှာရှိတဲ့ ဟိုတယ်တွေမှာ နေရာချထားပါ တယ်။ ထိုင်းလေတပ်က အင်ဂျင်နီယာတွေလည်း ချို့ယွင်းနေတဲ့ အင်ဂျင်တွေကိုဆောင်ရွက်နေကြတယ်” ဟု ထားဝယ်မြို့က တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

MON ၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ် ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀

နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း


Photo: နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း

Monday, 18 December 2012
ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်တိုက်ခိုက်ခွင့် ရရှိနေသောကြောင့် အထူးပင် သည်းခံစိတ် ထားနေရကြောင်း သိရှိရသည်။
KIA အနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ အမြတ်ထုတ်နေခြင်း ဖြစ်ကြောင်း၊ တစ်ဘက်မှ အမိန့်  နာခံနေရခြင်းကို အခွင့်ကောင်းယူ၍ ယခုလို တိုက်ခိုက်နေခြင်းမှာ မဖြစ် သင့်ကြောင်း၊ KIA ကို အမှန်တစ်ကယ် တိုက်စစ်ဆင်လျှင် (၁)ပတ်ပင် မကြာနိုင်ကြောင်း၊ ခွင့်ပြုချက် ရရှိပါက ယခု ပွင့်လင်းရာသီတွင်ပင် အမြစ်ပြတ်ချေမှုန်းရန် ဆန္ဒထက်သန် လျက်ရှိကြောင်း၊ တိုက်စစ်ဆင်လျှင် တရုတ်နိုင်ငံကိုပါ ညှိနှိုင်း၍ (၁)လအတွင်း အပြီး သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

KIA အနေဖြင့် နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာပါက ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိသည်ကို ပေါ်လွင်စွာ ပြသနေခြင်း ဖြစ်၍ အမိန့်တောင်းခံပြီး လဂျားယန်၊ လိုင်ဇာတို့ကို (၁)လအတွင်း ဆက်တိုက် သိမ်းပိုက်မည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ မြန်မာစစ်တပ်သည် သမ္မတဦးသိန်းစိန်၏ အမိန့် အတိုင်း လိုက်နာနေကြောင်း သိရှိရသည်။
Kachin Daily News ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်

ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင်

ချဖို့ ရှိနေပေမဲ့ မြန်မာနိုင်ငံအပေါ်ကိုတော့ လျှော့မှာ မဟုတ်ဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေး သိပ္ပံက အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကို ပြောပါတယ်။ Shinzo Abe

ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့မှ “အန္တရာယ်ဇုံ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

burmese-news-17-12-2012တရုတ် စက်မှုဇုံများ တည်ဆောက်မှုကြောင့် ရခိုင် ကမ်းရိုးတန်း တလျှောက် တွင် သဘာဝ ညစ်ညမ်းမှု များနှင့် ဒေသခံများဆိုးကျိုး

ဘုရားသုံးဆူ လူသတ်မှုတွင် တရားခံဟု ယူဆရသူကို ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်းဘုရားသုံးဆူမြို့ အမှတ် ၄ ဥဒေါင်းကန်ရပ်ကွက်တွင် ဒဏ်ရာများနှင့် သေဆုံး သွားသည့် ကိုလွင်လွင်နောင်အား

တရုတ်-ဂျပန် ဆက်ဆံရေး တရုတ် သတိပေး

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်း  တင်းမာခဲ့အသစ်တက်မယ့် ဂျပန် အစိုး ရသစ် အနေနဲ့ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြား အတိမ်းအစောင်းမခံတဲ့

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသ မဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက    ဝေဖန်ရှုတ်ချ

ဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ


Photo:ဲဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ
Monday, 17 December 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် ဗြိတိန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်
ဒေါ်လာဘီလီယံ များစွာ ကုန်သွယ်မှုအား ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် နိုင်ငံတကာ ကုမ္ပဏီနှင့် တရုတ် စစ်တပ်တို့၏ ဆက်နွယ်မှုကို သီတင်းပတ် နှစ်ပတ်အတွင်း စုံစမ်းဖော်ထုတ် လာမည့် အစီရင်ခံစာကို စောင့်စားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီသည် တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေသည့် အချက်နှင့် ပတ်သက်၍ ဗြိတိန် အစိုးရ အတွင်း စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် အဆိုပါ ကုမ္ပဏီအား အမည်ပျက် စာရင်း
ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတစ်ခု အရ သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် Huawei သည် နာမည်ကြီး ပစ္စည်းမျိုး မဟုတ်သော်လည်း ဥရောပရှိ ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏
လေးပုံတစ်ပုံကို ထိန်းချုပ်ထားကြောင်းနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ 4G စနစ် ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏ တစ်ဝက်ကို ပိုင်ဆိုင်ထားကြောင်း သိရှိရ ပါသည်။

မြ၀တီဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့်

ကမ္ဘာ့အရှည်ဆုံးကား

Photo: ကမ္ဘာ့အရှည်ဆုံးကား
Monday, 17 December 2012

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။

ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။

အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။

ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။
--
Ref: masefact

www.facebook.com/motors.com.mm

International news for myanmarပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ

Photo: ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ 
Monday, 17 December 2012

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က ဦးဆောင်ပြီး ပြုလုပ်သွား ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင်းသတင်းရဲ့ထုတ်လွင့်ပြသမှု မှာတော့ သောင်းနဲ့ချီတဲ့ လူထုဟာ မြို့တော်ရဲ့ Sun ဂူဗိမာန်ရှိရာ Kumsusan နန်းတော်အပြင်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတာကို မြင်ရပါတယ်။

လက်ရှိ မြောက်ကိုရီယားခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ Kim Joing Il ရုပ်အလောင်းကို အဲဒီဂူဗိမာန်မှာ မြှုပ်နှံထားတာပါ။ နောက် ခရာမှုတ်ပြီး သုံးမိနစ်ကြာ တိတ်ဆိတ်ငြိမ်သက် ဂုဏ်ပြုကြပါတယ်။ အဲဒါကို မြောက်ကိုရီယားတနိုင်ငံလုံးနဲ့ ပင်လယ်ပြင်က သင်္ဘောတွေမှာပါ တိတ်ဆိတ်ငြိမ်သက်မှုလုပ်ခဲ့ကြတာပါ။ မြောက်ကိုရီယားခေါင်းဆောင် Kim Joing Il ဟာ လွန်ခဲ့တဲ့တနှစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူဟာ မြောက်ကိုရီယားနိုင်ငံတည်ထောင်သူ ဖခင်ဖြစ်တဲ့ Kim Il Sung အရိုက်အရာကို ခံယူပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အောင်အောင်မြင်မြင်လွတ်တင်နိုင်ခဲ့တဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုမှာလုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်
အတော်များများလည်း ဒီ ဂုဏ်ပြုပွဲမှာ တွေ့ရပါတယ်။ KIM မိသားစုဟာ မျိုးဆက်သုံးခုမြောက် အထိ အခု မြောက်ကိုရီယားနိုင်ငံကို အုပ်ချုပ်နေတာ နှစ်ပေါင်း ၆၀ကျော်သွားပါပြီ။

ဗွီအိုအေမြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

Photo: အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ
Monday, 17 December 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ
်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေး
အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊ အမေရိကန်သံရုံးကနေ ကျနော်တို့ဆီကို လှမ်းပြီးအကြောင်းကြားတာပါ၊ အကြမ်းဖျင်းတော့ ဘာတွေဆွေးနွေး
မယ်ဆိုတာ မသိထားသေးဘူးခင်ဗျ၊ သူတို့ရောက်လာရင် ကျနော်တို့နဲ
့တွေ့ဆုံမယ်လို့ပဲ သိထားပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမေးလာရင် ကျနော်တို့သိသလောက် အားလုံးပြောဆိုဖို့ အစီအစဉ်ရှိပါတယ်၊ အေးချမ်းဖို့တည်ငြိမ်ဖို့အတွက်လေ၊ ဒါတော့ အဓိကဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်"

အမေရိကန်သံအမတ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်
အစိုးရအဖွဲ့နဲ့ တွေဆုံမှာဖြစ်သလို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ကချင်ပြည်နယ်ထဲက ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေနဲ့လည်း
တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကချင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ဘူးလို့လည်း မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်း
တွေက ဆိုပါတယ်။

RFA Burmese မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

စလစ်အမြင့်ဈေးရောက်နေချိန် ကားဈေးဆက်ကျဖွယ်ရှိနေ

Photo: စလစ်အမြင့်ဈေးရောက်နေချိန် ကားဈေးဆက်ကျဖွယ်ရှိနေ
Monday, 17 December 2012

ယခုရက်ပိုင်းအတွင်း ရန်ကုန်ကားဈေးကွက်သို့  နယ်ဝယ်လက်များမှ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀၀န်းကျင်ရှိ ကားများမှာ အ၀ယ်လိုက်လာကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းများရှိ  ကားအကျိုးဆောင်များထံက သိရသည်။

Car Show Room များတွင်မူ ယခုနောက်ပိုင်း အရောင်းအေးနေပြီး နယ် Car Show Room များမှာလည်း အရောင်းအေးနေကြောင်း သိရှိရသည်။ Car Show Room အများစုမှာ ယခုနောက်ပိုင်း ကားရောင်းအားထက် စလစ်ရောင်းအားနှင့် အရစ်ကျကား ရောင်းချမှုကိုသာ အားကိုးအားထား
ပြုလာကြောင်း သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ မန်နေဂျာ ဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။

ထို့အပြင် ကားဈေးကွက်အတွင်း စလစ်နည်းပါးလာမှုကြောင့် စလစ်ဈေးမှာ ကျပ်သိန်း ၉၀ မှ သိန်း ၁၀၀ အတွင်း တက်လာကာ ဈေးမြင့်မားမှုကြောင့် အ၀ယ်နည်း နေကြောင်း၊ ထို့ကြောင့် Car Show Room များသည် ယာဉ်ရောင်းဝယ်ရေးစခန်းများထက် ပိုမိုအရောင်းအေးခြင်းဖြစ်ကြောင်း ၄င်းက ယခုကဲ့သို့ဆိုသည်။

``အခုရက်ပိုင်း နယ်က အ၀ယ်တွေ နည်းနည်းတက်လာတယ်၊ ပခုက္ကူနဲ့ မြိုင်ဘက်က ၀ယ်လက် တွေများတယ်၊ ဘာလို့လည်းတော့ မသိဘူး၊ ဒါပေမဲ့ အခုလို အရောင်းအေးနေတဲ့ အချိန်မှာ ၀ယ်သူ ရှိတော့ တော်သေးတာပေါ့၊ နယ်ကလူတွေကတော့ ထုံးစံအတိုင်း ပါဂျဲရိုး(ဖားပြုတ်)တို့၊ လန်ခရူဇာတို့အကြိုက်များတယ်၊ အခုဒီရက်ပိုင်း နယ်က လာဝယ်သွားတာ လေးစီးလောက်တော့ ရောင်းရတယ်   ´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း ၀ယ်အားနည်း၍ရောင်းအား
များလာသည့် အခြေအနေ ကြောင့် ကားဈေးထိုးကျလာကြောင်း သိရှိရသည်။ တစ်စီးလျှင် ပျမ်းမျှ ၁၂ သိန်းမှ ၁၇ သိန်းဝန်းကျင် အထိ ဈေးကျလာကြောင်းနှင့် နောက်ပိုင်း ပိုမိုကျလာနိုင်ကြောင်း 
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကိုထွန်းက  ပြောသည်။

ယခုနောက်ပိုင်း လူကြိုက်များလာသည့်ကားများမှာ CALDINA( ကြက်တူရွေး)၊ COROLLA(DX 2WD) နှင့် HONDA CIVIC HYBRID ကဲ့သို့သော ကားများဖြစ်ပြီး ဈေးနှုန်းများမှာ သိန်း ၁၈၀ မှ ၂၀၀ ၀န်းကျင်ရှိကြောင်း၊ နယ်ကြိုက်ကားများမှာ BMW 3 SERIES ၊ NAVARA 4WD နှင့် PRADO LAND CRUISER ( 4 WD ) တို့ဖြစ်ပြီး ဈေးများမှာ သိန်းကျပ် ၂၀၀ မှ ၃၀၀ ၀န်းကျင်ဈေးရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့်
ပြုခဲ့ပြီးနောက်  ကားဈေးကွက်အတွင်း ဆက်တိုက်ဆိုသလို လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်းရှိခဲ့သည်။ အောက်တိုဘာလကုန်   နိုဝင်ဘာလအတွင်း
လေလံကားအမျိုးအားလုံး လက်ခံခဲ့သည့်အပြင် ယခု ဗ အက္ခရာများ အပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၈၀ မှ ၉၀ အတွင်း ရှိလာသည်။

ထို့ကြောင့် ဘ အက္ခရာကားများ အပ်နှံခွင့်ရပါက ပြောင်းလဲလာမည့် ကားဈေးကွက်ကို  ကောင်းသည် ဆိုးသည် သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ၀ါရင့်ကားပွဲစားများထံက သိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup ယခုရက်ပိုင်းအတွင်း ရန်ကုန်ကားဈေးကွက်သို့ နယ်ဝယ်လက်များမှ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀၀န်းကျင်ရှိ ကားများမှာ

ကျောက်ဖြူ အထူးစက်မှုဇုန် ရခိုင်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေဟု အစီရင်ခံစာဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စက်မှုဇုန်စီမံကိန်း တည်ဆောက်ခြင်းသည် ရခိုင်ကမ်းရိုး တန်းဒေသအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင့် ရေနံစောင့်

စမ်းချောင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား


စမ်းချေင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား
( Eleven media group )

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။                     

ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်းက ပြောပြသည်။

အက်ကွဲမှုဖြစ်ပွားခဲ့သော အခန်းပိုင်ရှင် ဒေါ်နုရည်ဇင်က ''ကျွန်မဒီမှာနေတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ နေကတည်းက တိုက်ကအသစ် ဖြစ်ပါတယ်။ ဖြစ်တာကတော့ အောက်က မြေကျွံသွားတယ်လို့တော့ ပြောနေကြတယ်။ ပြီးတော့ ကျွန်မတို့အခန်းပဲ ဖြစ်သွားတာပါ။ ကျန်တဲ့အခန်းတွေတော့ ဘာမဖြစ်ပါဘူး'' ဟု ပြောပြသည်။

လက်ရှိတွင် အဆောက်အအုံ၌ နေထိုင်သူများကို ကြိုတင်ကာကွယ်သောအနေဖြင့် ပြောင်းရွေ့ခိုင်းဖို့အတွက် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏ ကန်ထရိုက်ကို ပြန်လည်ပြုပြင်ခိုင်းထားကြောင်း မု့န်လက်စောင်း (တောင်ရပ်ကွက်) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်ကျော်ဦးက ပြောပြသည်။

ယင်းအဆောက်အအုံ၏ ပထမထပ်တွင်ရှိသော NLD ဆန်းမေတ္တာ ပညာဒါနကျောင်းမှ မြို့နယ်ကိုယ်စားလှယ် ဦးဇမ္ဗုစိုးက ''ချက်ချင်း ပြောင်းရမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစီစဉ်မှာလဲတော့ မသိဘူး။ အခုဒီမှာက တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ ရှိတယ်။ စားမေးပွဲကလည်း နီးလာပြီဆိုတော့ စိတ်တော့မကောင်းပါဘူး။ ကျောင်းသားဦးရေက ၆၀ နီးပါးလောက် ရှိပါတယ်'' ဟု ပြောပြသည်။

အထက်ပါ အဆောက်အအုံသည် ပြီးခဲ့သော ၂ ရက်ခန့်ကတည်းက အက်ကွဲကြောင်းများ ပေါ်နေကြောင်း သိရပြီး ယနေ့မှသာ အက်ကွဲကြောင်းများ ကြီးသွားသည်ဖြစ်ကြောင်းကို ယင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ရတနာမြေ ဆောက်လုပ်ရေးမှာ ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ပြင်ဆင်နေပြီး ယင်းအဆောက်အအုံကို ၂၀၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ် တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက် အအုံ၏ နောက်ဘက် တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်

ကျွန်မကနှင်းဆီပါ မောင်’ ဇာတ်ကားတွင် သက်မွန်မြင့် ငြင်းဆန်သည့် ဇာတ်ဝင်ခန်းသည် ဒါရိုက်တာမှ ဖြည့်စွက်တဲ့ အခန်းသာဖြစ်ကြောင်း စာရေးဆရာမ ပုညခင် ပြောပြီ



ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် မှာ သက်မွန်မြင့် ကနမ်းရမယ့် ဇာတ်ဝင် ခန်းကို ရိုက်ကူးဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး “ကျွန်မက နှင်းဆီပါမောင်” ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း