Monday, May 13, 2013

ရန်ကုန်မြို့ ၌ မိုး အနည်း ငယ် သာ ရွာသော် လည်း ရေ လျှံမှုဖြစ်

Photo: ရန်ကုန်မြို့၌ မိုးအနည်းငယ်သာရွာသော်လည်း ရေလျှံမှုဖြစ်
Monday, May 13, 2013

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ် (၂၀)ခန့် 
ရွာသွန်း ပြီး နောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်
မြို့နယ် ၅၅လမ်းထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်မှ စတင်ရွာသွန်းခဲ့သောမိုးသည် မိနစ်အနည်း
ငယ်သာ ရွာသွန်းခဲ့သော်လည်း နေလည် ၁၁ နာရီအချိန်အထိ
ရေများ ကျဆင်း သွားခြင်းမရှိဘဲ ရေလျှံမှုကြောင့်ကားလမ်း၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီလိုသာရေလျှံနေမယ်ဆိုရင်တော့ လာမယ့် မိုးတွင်းလည်း အရင်နှစ်တွေတုန်းကလိုပဲရေမြုပ်မြို့ကြီးဖြစ်အုံးမှာပဲ"ဟု သာကေတမြို့နယ်မှ မြို့ လည်သို့ အလုပ်ဆင်းလာသော ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းမှ ဆက်လက်၍ "ရန်ကုန်မြို့လည်မှာ အရင်ကထက် 
လမ်းတွေ ပိုမိုကောင်းမွန်လာပေမယ့် ရေဆင်းမြောင်းတွေကို
ပြုပြင်တာတွေ မလုပ် တော့ ဘာထူးမှာလဲ အရင်အတိုင်းပဲပါ့"ဟု 
ဆိုသည်။

ရန်ကုန်မြို့သည် လွန်ခဲ့သော ဆယ်စုနှစ်မှစတင်ကာ မိုးသည်း ထန်ပါက ရေလျှံမှုအမြဲဖြစ်ပေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်ကြောင့် မြို့နေလူထုမှာ ယာဉ်ကြောပိတ်ဆိုခြင်း၊ ညစ်ညမ်းသောမြောင်း
ရေများထဲ၌ သွားလာနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်း 
သိရသည်။

မိုးဝင်း
မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ်(၂၀)ခန့် ရွာသွန်းပြီးနောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်း ထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

ဗိုလ် ချုပ် အောင် ဆန်း ဈေးကြီး အ ကြီး စား ပြင် ဆင် မည်

Photo: ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်
Monday, May 13, 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေး ဖြစ်သကဲ့သို့ ပန်းဘဲတန်း မြို့နယ်၏ ရှေး ဟောင်း အဆောက်အအုံ ၂၁ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ ၇ ရက်က စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာမြောက် ပန်းချီ ပန်းပုနှင့်မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်း ထွက် ကျောက်မျက် ရတနာများ၊ ရွှေ၊ ငွေ၊ ကြေးစသည့် လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။ 

ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည် တည်တံ့စွာ ထိန်းသိမ်းနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနက ရှေးမူမပျက် အကြီးစား ပြင်ဆင်တော့ မည် ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။ 

လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသ ကြည့်ရအောင်

Photo: လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသ ကြည့်ရအောင် 
Monday, May 13, 2013

(၁)တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော် တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ

သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံ(Finger 1)မှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။

(၂)စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?

လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စစာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ

ပုံ(Finger 2)မှာ ပြထားတဲ့ အတိုင်း လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။

(၃)ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?

အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံ(Finger 3 )မှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

(၄)အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?

New Jersey Memorial ဆေးရုံမှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ်စိုက် ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်း ဟာလည်း ဒီကုထုံးကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

သင်ရဲ့ ဘယ်ဘက်လက်ကို သင့်မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံ(Finger 4)မှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

(၅)နှာပိတ် နေပါ သလား?

လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

ပုံ(Finger 5)မှာ ပြထားတဲ့ အတိုင်း သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်း တိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။

SweSone Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

(၁)တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့်အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း ပင်လယ်ကမ်းစပ် မြို့နယ်များမှ ပြည်သူများမှာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်း လျက်ရှိပြီး ရေလုပ်ငန်း အဓိက လုပ်ကိုင်နေသူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်နားထားရ၍ စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေသခံတဦးက ဆိုသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် မိုးသားတိမ်တိုက်အချို့ တက်လာပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင် နေပူရှိန် ပိုမြင့်လာခဲ့သည်ကို တွေ့ရသည်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အတော်များများတွင် လေငြိမ်၍ အပူရှိန် မြင့်မားလာသဖြင့် သောက်သုံးရေများ
ပြတ်လပ်လျက်ရှိသည်။

“အစိုးရအနေနဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန် ကြေညာနေပါတယ်။ ဒေသခံတွေကလည်း သတိအနေ အထားမှာ ရှိတယ်။ မုန်တိုင်း လာမယ့်အနေအထား မတွေ့ရသေးပေမယ့် အပူရှိန် ပြင်းလာတာမို့ သောက်ရေ ရှားပါးမှု ပိုဆိုးလာတယ်။ အရင်ကထက်စာရင် အစိုးရက ပိုပြီးဂရုစိုက်တဲ့သဘော တွေ့ရတယ်” ဟု စစ်တွေဒေသခံတဦး က ပြောသည်။

မေလ ၁၁ ရက်နေ့မှစ၍ ပြည်နယ်အစိုးရ အဖွဲ့မှ မုန်တိုင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ကြေညာထားပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူဒေသခံတဦးက “ကျနော်တို့မြို့နယ်မှာ မနေ့ကစပြီး မုန်တိုင်းသတိပေးချက်တွေ ကျေးလက်ဒေသ အထိ
ကြေညာခဲ့တယ်။ ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ စက်လှေတွေအားလုံး ဆိပ်ကမ်းတွေမှာဝင်ရောက် နားခိုနေကြတယ်။ အပူရှိန်မြင့်လာပြီးတော့ လေတိုက်နှုန်း ကျဆင်းလာတယ်။ လူတွေက သတိနဲ့ နေကြတယ်။ မုန်တိုင်း မကျရေး ယတြာလုပ်တာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ မုန်တိုင်းလမ်းကြောင်းကျရာ မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းနား
ကျေးရွာများမှ ဒေသခံများမှာ ကုန်းတွင်းပိုင်း ဒေသသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း မောင်တောမြို့မှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာ သည်နှင့် အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက် မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု

Photo: မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု။
Monday, May 13, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

အဲဒါကတော့ မောင်တောမြို့ဘေးက စီးဆင်းနေတဲ့ နတ်မြစ်အတွင်းဖက်ပိုင်း မြစ်ဝက (၂၂)မိုင်ဝေးတဲ့ ကုန်တွင်းပိုင်းရွာတစ်ရွာဖြစ်တဲ့ ငါးခူရကျေးရွာမှာ မုန်တိုင်းဒီရေတွေ ၀င်လာ တာ့ ရေ(၁၂)ပေလောက် ရုတ်တရက် လျပ်တပြက်ရေကြီးသလို မြင့်တက်လာခဲ့မှုကြောင့် အဲဒီတုံးက ဘင်္ဂါလီတွေကိုစောင့်ဖို့ နတ်မြစ်ဘေးမှာ တာဝန်ချထားတဲ့ နစကအဖွဲ့ဝင် (၂၀)ခန့်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ပုံကတော့ မုန်တိုင်းဝင်တော့ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဖက်ခြမ်းမှာကျနေတဲ့ မောင်တောမြို့ ကမ်းခြေတွေကို မုန်တိုင်းဒီရေတွေ ၀င်လာပါတယ်။ နတ်မြစ်ဝရောက်တော့ မြစ်အတွင်းကို အရှိန်အဟုန်နဲ့ ဆန်တက်သွားကြပါတယ်။ မြစ်အတွင်းပိုင်းကို မြစ်ဝက (၂၂)မိုင် လောက် ဆန်တက်လာအပြီးမှာ အထက်ကဆင်းလာတဲ့ရေတွေနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြီးတော့ (၁၂)ပေ လောက်မြင့်တဲ့ ရေတွေရုတ်တရက် မြင့်တက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ Inland Flooding ဆိုပါတော့။ နောက်ပိုင်း မုန်တိုင်းဒီရေခန့်မှန်းတဲ့ Model တွေလုပ်တော့ ဒါကို Estuary Effect လို့ခေါ်ပါတယ်။

အလားတူ အဖြစ်အပျက်မျိုး မကြုံရလေအောင် အခုလည်း နတ်မြစ်ဘေး မှာ နေထိုင်ကြ တဲ့ ပြည်သူတွေကို သက်ဆိုင်ရာများက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးထားဖို့လိုပါ လိမ့်မယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

Photo: ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ  ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည်  လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု  ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းအကြားဝင်ရောက် တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်မဟာဆန်မှာလမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

"ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

Photo: "ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။ 

အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ရှိတဲ့ မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာအရာရှိတွေက အာအက်ဖ်အေကို ပြောပါတယ်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ် ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။

"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်။ဘယ်လို လမ်းကြောင်းက သွားမယ်။အဓိကကတော့ စစ်တွေပေါ့လေ။စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ။၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့ စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့ တပြေး ညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်း သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။ 

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် (၁၁)ခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင် ဘုန်းကြီးကျောင်း၊ နှစ်မိုင် ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထား ကြောင်း သိရပါတယ်။ 

ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်း ထားတဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။

အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ

Photo: အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ
Monday, May 13, 2013

၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

ပါဝင်သော Polyphenol (Antioxidant) မှ ကင်ဆာကို ကာကွယ်ပေးသည်။ အ၀လွန်ခြင်းနှင့် အိုမင်းခြင်းကိုလဲ ကာကွယ်ပေးသည်။
Potassium, Folic Acid နှင့် vit C တို့လည်း ကြွယ်ဝ စွာပါဝင်သည်။
သွေးတိုးကို ကျစေသည်။

LDL မကောင်းသော Cholesterol ကို ကျစေသဖြင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးသည်။

ကံ့ကော်
Ref: epatrecipe

Health Updates Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား
================================================
ပြီးခဲ့သည့် လအတွင်း ဖမ်းဆီးမိခဲ့သည့် ကုဋေ (၂၀)ကျော် တန်ဖိုးပါဝင်သော ၅ ထောင်တန် အတုများ၏ အဓိက တရားခံ ဖြစ်သူမှာ KIA အဖွဲ့မှ ဖြစ်ကြောင်း၊ ၄င်းအား ဖမ်းဆီးရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရ တို့ မှ အလိုရှိနေသော်လည်း ကေအိုင်အေ အဖွဲ့မှ လိုင်ဇာဌာနချုပ်တွင် ထ...ား၍ ကာကွယ်ပေးထားသဖြင့် အခက်ကြုံ နေရကြောင်း သိရသည်။

အဆိုပါ ၅ ထောင်တန် အတုများအား သယ်ဆောင်လာသူ (၃) ဦးအား ဖမ်းဆီးရမိပြီးနောက် ငွေတု စက်များ နှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့သည်။ သတင်းကွင်းဆက်များအရ ယခုဖမ်းမိသည့် ငွေထက်(၂)ဆ ခန့် များပြားသည့် ကုဋေ (၄၀) ကျော် ၅၀၀၀ တန် ငွေစက္ကူအတုများ အဆိုပါ KIA အဖွဲ့မှ အရာရှိ တစ်ဦးနှင့် အတူ ပါသွားကြောင်း၊ မိမိတို့အနေဖြင့် သတင်းအတိအကျ ရသော်လည်း တရားဥပဒေသည် KIA လက်ထဲတွင် ရှိ နေသည့် လိုင်ဇာသို့ ၀င်၍ ရှာမရသောကြောင့် တားဆီးထိန်းသိမ်းရန် အခက်အခဲဖြစ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

KIA ဌာနချုပ်တွင် ၅ ထောင်တန် ငွေစက္ကူအတုများ အလုံးအရင်း ရှိနေမှုကြောင့် ကချင်ပြည်နယ် အတွင်း စီးပွားရေး သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး မြစ်ကြီးနားမြို့တွင်လည်း ၅ ထောင်တန်များ မသုံးရဲ သလောက် ဖြစ်နေကြောင်း သိရသည်။

၅ ထောင်တန် အတုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစား ဗဟိုတဏ်ဟု ဘ နှင့် တ မှားရိုက် ထားကြောင်း သိရသည်။
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး

Opposite Eye
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး

ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက် (၁၃-၅-၂၀၁၃)ရက်နေ နံနက် (၁၁း၅၅) နာရီအချိန်ထုတ်ပြန်ချက်

ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက်
(၁၃-၅-၂၀၁၃)ရက်နေ နံနက် (၁၁း၅၅) နာရီအချိန်ထုတ်ပြန်ချက်

01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ် 
(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။
အချိန် ည(၁၁း၁၅)နာရီ။ 
ရက် (၁၂-၅-၂၀၁၃)။

မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ 

ဒါဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

 နေ့လည်ပိုင်းတုံးကတော့ ကာလကတ္တားဘက်က လေပူတွေ တိုးဝင်လာလို့ အားတစ်ချက်လျော့သွား ခဲ့ရပါသေးတယ်။ အခုညပိုင်းမှာတော့ အားတွေပြန်ပျိုးပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ပြန်လည် ချီတက်နေပြီဖြစ်ပါတယ်။ 

ညနေပိုင်း(၃)နာရီခွဲ အချိန်တိုင်းတာချက်အရ တစ်နာရီ လေတိုက်နှုန်း တစ်နာရီ (၆၅)မိုင် ရှိနေပါတယ်။

အဆုံးအဖြတ်ကတော့ မနက်ဖန် (၁၃-၅-၂၀၁၃)ရက် ပါ။ နေ့လယ်(၁၂)နာရီခွဲမှာ အနောက်မြောက် ဖက် သွားနေရာကနေ မြောက်ဖက်ကို စလှည့်ပါလိမ့်မယ်။

 နောက်တော့ အရှေ့မြောက်ဖက်ကို တဖြည်းဖြည်း ပြောင်းသွားပါလိမ့်မယ်။ အဲဒီနောက်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဆီကို စတင် ဦးတည် ရွေ့လျှားတော့မှာဖြစ်ပါတယ်။

ကမ်းကိုဝင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနားက ၀င်မယ်လို့ခန့်မှန်းထား ပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၈၅-၁၀၅ မိုင် နှုန်းရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

 လေပြင်းကြောင့် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် (၁၈)ပေ နဲ့ မုန်တိုင်းဒီရေအမြင့်ကတော့ (၃-၅)ပေခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းပါဗျာ။

မေလ (၁၅)(၁၆)ရက်များကိုတော့h ရခိုငပြည်နယ် ကမ်းရိုးတန်းဒေသ နဲ့ ကမ်းလွန် ပင်လယ်ပြင် ဒေသတွေကိုတော့ ရေလှိုင်း နဲ့ လေပြင်းအန္တရာယ်ရှိနိုင်တဲ့ဒေသလို့ သတ်မှတ်ထားစေချင်ပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)
01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်(၁၃-၅-၂၀၁၃) ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။

ခရမ်း ချဉ် သီးက ဘာတွေ ကောင်း ကျိုးပေး သလဲ

Photo: ခရမ်းချဉ်သီးက ဘာတွေ ကောင်းကျိုးပေးသလဲ

မေလ ၁၃ ရက် ၂၀၁၃ 

ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရပါတယ်။ ဗီတာ မင်စီတွေကြွယ်ဝနေတာကြောင့် သင့်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ အခြားဗီတာမင်တွေ၊ မက်ဂနီ ဆီယမ်၊ ဖော့စဖရပ်နဲ့ ကော့ပါဓာတ် တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် အသုပ်တွေ၊ ဆင်းဒ၀စ်တွေနဲ့ ဟင်းလျာတွေမှာ အသုံးများကြတာ ဖြစ်ပါ တယ်။

ခရမ်းချဉ်သီးမှာ ကျန်းမာရေးအကျိုးပြုအာနိသင်တွေ ဘယ်လိုပါဝင် သလဲဆိုတာ ပြောပြလိုပါတယ်။
- ခရမ်းချဉ်သီးဟာ ကိုလက်စတီရော များနေခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

- ဓာတ်တိုးဆန့်ကျင်ပစ္စည်း လူကိုပင်း ပါဝင်နေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုယ်ခန္ဓာကလွယ်လွယ် ကူကူစုပ်ယူနိုင်ပြီး အရေပြားနဲ့ ဆံပင် အလှကို ပေးစွမ်းနိုင်ပါတယ်။
- ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခန္ဓာအနှံ့အပြားက ဆဲလ်တွေရဲ့ ဒီအင်အေကို ကာကွယ်ပေးနိုင်ပါ တယ်။
- ဗီတာမင်ကေနဲ့ ကယ်လစီယမ်ဓာတ် တွေ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

- လူကိုပင်းပါဝင်နေခြင်းဟာ ကင်ဆာရောဂါများဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
- ခရမ်းချဉ်သီးဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
- အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

သက်ကို 
Ref: medIndia

Health Updates Journal
ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ် ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရ ပါတယ်။

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင်သကဲ့သို့ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့သို့ သက်ရောက်မည် ဖြစ်ကြောင်း accu-weather.com က ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက် ဆိုင်ရာများအား ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကသက်ရောက်မည့် ဒေသဟု သတ်မှတ်ထားသည်။ အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်း ဖြစ်လာသည့် မေ ၁၁ ရက်မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်း၏ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေသန်းချီကာ လူမှုဘ၀ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု accu-weather.com ၌ သတင်းထုတ်ပြန် ထားသည်။

မုန်တိုင်းသည် လာမည့် ဗုဒ္ဓဟူးနေ့ (မေ၁၅ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။

Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင်မူ ထိခိုက်သက်ရောက်မည့် လူဦးရေ ခန့်မှန်းမှုကို မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ၈ ဒသမ ၆ သန်းဟု ဖော်ပြပြီး မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မူ category 1 အဆင့် သို့မဟုတ် ယင်းထက်မြင့်သော ပြင်းအားဖြင့် ၀င်ရောက်ပါက ထိခိုက်နိုင်ခြေရှိသော လူဦးရေမှာ ၁၃ ဒသမ ၄ သန်းဟု ဖော်ပြထားသည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်းထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပြဆိုထားသည်။

မဟာစင်၏ အမြင့်ဆုံး လေတိုက်နှုန်းများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၇၈ မိုင်ခန့်၊ မေလ ၁၃ ရက် နေ့ မွန်းလွဲပိုင်းတွင် ၈၄ မိုင်ခန့်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ၉၀ ခန့်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ မိုင်ခန့်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၁၀၂ မိုင်ခန့်၊ မေလ ၁၇ ရက်နေ့တွင် ၆၆ မိုင်ခန့် ရှိနိုင်သည်ဟု Myanmar Climate Change Watch တွင် ထုတ်ပြန် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင် ဘက်မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်ကြောင်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေ ၁၆ ရက် နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်းငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက် ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင် သကဲ့သို့ မြန်မာနိုင်ငံ ပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

Photo: အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်းရှင်များနှင့် ဘဏ်များကိုသာ နားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။

''LC ကတော့ အမှန်အတိုင်း ပြောရရင် ပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိတယ် ဆိုပေမဲ့ sanction လွတ်မှပဲ သူ့ကိုအပြည့်အ၀ အသုံးချခွင့်ရမှာပါ။ ဒါကြောင့် export မှာတော့ လောလောဆယ် TT နဲ့ပဲသွားနေတာ များပါတယ်။ TT နဲ့ ပို့ရတာကျတော့ လုပ်ငန်းရှင်ကို နှစ်ရင်းရင်းခိုင်းသလို ဖြစ်တယ်။ အခု L/C စနစ်ကို ပြောင်းနိုင်ရင် ဒါတွေမလိုတော့ဘူး။ ဒါကြောင့် အမေရိကန်အပေါ်မှာပဲ မူတည်နေပါတယ်။ အားလုံး ဒီအကျိုးကျေးဇူးကို ရဖို့ကျတော့ totally relax ဖြစ်မှပဲရမှာပါ။ တစ်ခါတုန်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ခွင့်ပြုပေးတယ်လို့ သူတို့ဘက်က ကြေညာထားပေမဲ့ အခုထိတော့ အရင်တုန်းက ပုံစံအတိုင်း သွားနေရတုန်းပါပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

ယင်းကဲ့သို့ စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်သော်လည်း အမေရိကန် အစိုးရအနေဖြင့် ပြည်တွင်းရှိ ဘဏ်လေးဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEB)၊ Myanmar Investment and commercial Bank၊ Asia Green Development Bank (AGD) နှင့် ဧရာဝတီဘဏ်တို့အား ကန့်သတ်မှုများကို ဖယ်ရှားပေးထားကြောင်းလည်း သိရသည်။

''အမေရိကန်က မြန်မာနိုင်ငံအပေါ် sanction နဲ့ ပတ်သက်ပြီး သိပ်ပြီး မတင်းကြပ်တော့ပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင် အများစုကတော့ L/C နဲ့ မသွားနိုင်ကြသေးပါဘူး။ ဒါကြောင့် export မှာ TT ကို သုံးနေကြတုန်းပါပဲ။ ဒီလို TT သုံးတာကလည်း ကိုယ့်နိုင်ငံက ကုန်သည်တွေ မနစ်နာဖို့ပါ။ အလိမ်မခံရအောင် ပို့ခိုင်းတဲ့သဘောပါ။ ဒါပေမဲ့ တကယ်တမ်းကြတော့လည်း သူတို့ကိုယ်တိုင် မထည့်ကြပါဘူး။ ဥပမာ အမေရိကန်က sanction လုပ်ထားတဲ့တောက်လျောက် မြန်မာနိုင်ငံက MFTB နဲ့ စင်ကာပူက UOB ( United Oversee Bank) နဲ့ OCBC(Oversea China Bank) ကနေတဆင့် ဆောင်ရွက်ကြတာ များတယ်။ ဥပမာ မြန်မာကပဲ ရောင်းတယ်ဆိုပါတော့ TT နဲ့ အိန္ဒိယကို ပို့တဲ့အခါ မြန်မာလုပ်ငန်းရှင်ကိုယ်တိုင် မထည့်ပါဘူး။ စင်ကာပူက ပွဲစားကုမ္ပဏီတွေပဲ ၀င်ထည့်ပေးသွားတာ။ ဒီအတွက် ပွဲစားခကုန်တာတွေတော့ ရှိပါတယ်။ ဖြစ်နိုင်ရင် LC ကို ကုန်သည်တိုင်းဖွင့်လို့ ရရင်တော့ ပိုကောင်းတာပေါ့'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေနှင့်မူ လတ်တလော အခြေအနေတွင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အခက်အခဲများများ မရှိတော့ကြောင်း၊ အီးယူငွေကြေးသုံး ကုန်သွယ်မှုများနှင့် အခြားငွေကြေးသုံး ကုန်သွယ်မှုများ အဆင်ပြေကြောင်းလည်း သိရှိရသည်။

'' အချို့လုပ်ငန်းတွေက သူ့နည်းသူ့ဟန်နဲ့ သူလုပ်လို့ရနေတာရှိတယ်။ ဘဏ်တွေထဲမှာလည်း လုပ်ရဲတဲ့ ဘဏ်တွေရှိတယ်။ နိုင်ငံထဲမှာလဲ လက်ခံတဲ့ နားလည်မှုနဲ့ လက်ခံပေးတဲ့ နိုင်ငံလည်း ရှိတယ်။ ဥပမာ ဂျပန်ဆို မရသေးဘူး၊ ဒါမျိုးလည်းရှိတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အမေရိကန်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် ဖြေလျော့ပေးမှုများ လုပ်နေသော်လည်း အလုံးစုံ ဖြေလျော့ပေးနေသော အနေအထားမျိုး မဟုတ်ဘဲ case by case သာ နားလည်မှုနှင့် ဖြေလျော့ပေးနေကြောင်း သိရှိရသည်။ ယခုအကြိမ် အမေရိကန်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြန်လည် revise ပြုလုပ်ထားပြီး ဆိုင်းငံ့ပေးခဲ့သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် targeted sanctions ကို ပြီးခဲ့သည့် ၂၀၁၃ မတ်လ နှစ်ရက်နေ့တွင် ထပ်မံသက်တမ်း တိုးလိုက်ကြောင်း၊ အဆိုပါ sanctions မှာ ယခင်စစ်အစိုးရ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်ပတ်သက်သူများအား ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စိစစ်မှုများ ပြုလုပ်ပြီး ဖြေလျော့ပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် လက်ရှိမြန်မာအစိုးရမှ ပေးထားသော ကတိက၀တ်များကို မလိုက်နာနိုင်ပါက စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ချမှတ်နိုင်သော ပြဋ္ဌန်းသတ်မှတ်ချက်များလည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကြား၊ ယခုအခါ ပိုမိုနွေးထွေးသော ဆက်ဆံမှုများ ရှိသော်လည်း မြန်မာနိုင်ငံအား သတိထား စောင့်ကြည့်သွားမည်ဖြစ်ပြီး အီးယူနိုင်ငံများကဲ့သို့ အလုံးစုံ ဖြေလျော့ပေးသွားမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့သော အနေအထားများကြောင့် လတ်တလောတွင် စီးပွားရေးပိတ်ဆို့မှုကို အလုံးစုံဖွင့်ပေးခြင်းမျိုး မဟုတ်ဘဲ နားလည်မှုနှင့်သာ case by case ခွင့်ပြုပေးသွားနိုင်သေးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့ လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်း ရှင်များနှင့် ဘဏ်များကိုသာနားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။

စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

Photo: စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန် မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်စဉ်က ပေ ၁၀၀ နှင့် အထက် မဏ္ဍပ်ကြီး တစ်ခုလျင် ကျပ်၇၅ သိန်းခန့်၊ ပေ ၁၀၀ အောက် မဏ္ဍပ်အလတ် တစ်ခုလျင် ကျပ် ၄၅ သိန်း အာမခံစပေါ်ငွေအဖြစ် ပေးသွင်းခဲ့ရပြီး အဆိုပါ စပေါ်ငွေများကို မေ ၁၃ ရက်မှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေများကို သင်္ကြန်အပြီးကာလ အစိုးရရုံးများ ပြန်လည်ဖွင့်ချိန်တွင် ချက်ချင်းထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ စည်းကမ်းဖောက်ဖျက်သော မဏ္ဍပ်များရှိမရှိ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှဓာတ်ပုံ မှတ်တမ်းနှင့်ဗီဒီယိုများကိုပြန်လည် ကြည့်ရှုကာ သုံးသပ်စိစစ်ခဲ့သည်။

ထိုသုံးသပ်ချက်များ အပေါ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ စိစစ်နိုင်ရန် ဆက်လက် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချက်များ ပြန်လည်ကျမှသာ အာမခံ စပေါ်ငွေများကို မေ ၁၃ ရက်မှ ပြန်ထုတ်ခွင့်ရမည် ဖြစ်သည်။

အာမခံစပေါ်ငွေများပြန်လည် ထုတ်ယူခွင့် ရရှိသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ပြည်လမ်း၊ ပါရမီလမ်းများပေါ်ရှိ မဏ္ဍပ်အတော်များများမှာ သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်းကြောင့် ဒဏ်ကြေးငွေ အများအပြား ပေးဆောင်ရကြောင်း၊ မဏ္ဍပ်အချို့မှာ ဒဏ်ကြေးအဖြစ် ငွေကျပ်သိန်း ၅၀ ကျော် အထိ ပေးဆောင်ရမှုများပင်ရှိကြောင်း သိရသည်။ ယင်းငွေများကို အာမခံစပေါ်ငွေမှ နုတ်ယူခံရမည်ဟု သိရသည်။

ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ မီရှယ် ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်းသွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေးငွေကျပ် ၁၂၃၉၀၀၀နှင့် သတ်မှတ်မဏ္ဍပ် အရွယ်အစားထက် ပိုမိုဆောက်လုပ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျပ်၂၅၀၀၀၀၀၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဖော်ပြခြင်း မရှိခဲ့၍ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ်ရှစ်သိန်း၊ စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၅ သိန်းကျော် ပေးဆောင်ရမည်ဖြစ်သည်။

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ရွှေဝါဖူး ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်း သွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေး ငွေကျပ် ၂၂၂၀၀၀၊ သတ်မှတ်ရေပိုက်ထက် ပိုသွယ်သည် ဟုဆိုကာ ရေသန့်ဌာနသို့ ငွေကျပ် ကိုးသိန်း၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ်ဖုန်းနံပါတ်များ ဖော်ပြခြင်းမရှိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်တွင် လင့်စင်ထိုးခြင်းကြောင့် ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ် ၁၀ သိန်း၊ စီစီတီဗီ ကင်မရာအတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၁ သိန်းကျော် နုတ်ယူခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

အချို့မဏ္ဍပ်များမှာလည်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၄၆ သိန်းကျော်၊ သိန်း ၄၀ ကျော်၊ ၃၉ သိန်းကျော်၊ ၃၇ သိန်းကျော်၊ ၂၈ သိန်းကျော်၊ ၂၆ သိန်းကျော်၊ ၂၂ သိန်းကျော်၊ ၁၈သိန်းကျော် စသည်ဖြင့် ပေးဆောင်ခဲ့ရပြီး အနည်းဆုံး ပေးဆောင်ရသည့် ဒဏ်ကြေးငွေမှာ ကျပ်နှစ်သိန်းကျော်ဖြစ်ပြီး မဏ္ဍပ် များအားလုံး စုစုပေါင်းဒဏ်ကြေးငွေအဖြစ် ဖြတ်ယူခံရမှုမှာ ကျပ် သိန်းပေါင်း ၈၆၀ ကျော်ဖြစ်သည်ဟု သိရသည်။     

ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံ စပေါ်ငွေ မှ နုတ်ယူ ခံရကြောင်း သိရသည်။

မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက လျှပ်တစ်ပြက် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးများ ကြုံနိုင်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သတိပြုရန်လို

Photo: မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက လျှပ်တစ်ပြက် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးများ ကြုံနိုင်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သတိပြုရန်လို

မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B (နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက်မည့် အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁ နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန် ကြေညာချက်သည် ၂၀၀၈ နာဂစ်၊ ၂၀၁၀ ဂီရိမုန်တိုင်းဒဏ် ဆိုးဝါးစွာ ခံစားခဲ့ရသည့် ဒေသခံများနှင့် မုန်တိုင်းအပေါ် စိတ်ဝင်တစား လေ့လာစောင့်ကြည့် နေကြသူများအဖို့ အရေးကြီး စောင့်ကြည့်စရာ ဖြစ်လာခဲ့သည်။

အထူးသဖြင့် ရခိုင်ရိုးမကို ကျော်၍ မြန်မာနိုင်ငံ အတွင်းပိုင်းသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် နောက်ဆက်တွဲ တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ခံခဲ့ရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ဒေသခံများအဖို့ အထူးသတိထားစရာ ဖြစ်လာခဲ့သည်။ အဆိုပါ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က သက်ဆိုင်ရာ ပညာရှင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေမှုကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိဘဲ ရခိုင်ကမ်းခြေ ဒေသသို့ ၀င်ရောက်လေ့ရှိသည့် မုန်တိုင်းများ၏ သဘောသဘာဝအတိုင်း ယူဆခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်း ဒေသကြီး အတွင်းရှိ စလင်းနှင့် မကွေးမြို့များ၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံ၊ ညောင်ဦးဒေသများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မုံရွာ၊ မြောင်၊ မြင်းမူ၊ ဘုတလင်မြို့များရှိ နေအိမ်နှင့် လယ်ယာကိုင်းကျွန်းများ ပျက်စီးဆုံးရှုံးမှု ကြီးမားကာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖြတ်ကျော် တိုက်ခတ်ခဲ့ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အောက်တိုဘာ ၂၃ ရက်နံနက် ၅ နာရီခွဲတွင် မကွေးတိုင်း ဒေသကြီး စလင်းမြို့အား ဗဟိုပြု တိုက်ခိုက်ခဲ့သဖြင့် ၎င်းပတ်ဝန်းကျင် ဒေသရှိ မင်းဘူးမြို့၊ မကွေးဒေသတို့တွင် နေအိမ်အဆောက်အဦများ သစ်ပင်ကြီးများ ပြိုလဲခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်း တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည်။ နံနက် ၆ နာရီခွဲတွင် မန္တလးတိုင်း ညောင်ဦးမြို့အား ဗဟိုပြုဖြတ်သန်း တိုက်ခိုက်ခဲ့ပြီး မုန်တိုင်းကြောင့် ညောင်ဦး လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအား ဖျက်သိမ်းခဲ့ရသည်။ ထိုနေ့နံနက် ၉ နာ ရီခွဲတွင် စစ်ကိုင်းတိုင်း ဘုတလင်မြို့ကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်အား ပျော့လာခဲ့သော်လည်း မုံရွာမြို့နှင့် အနီးတစ်ဝိုက် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် မြန်မာအလယ်ပိုင်း မိုးနည်းဒေသ တစ်လျှောက်တွင် ဆည်မြောင်းတာတမံများ အစီအရီ တည်ဆောက်ခဲ့သော်လည်း ၎င်းဆည်တမံများ၏ ရေ၀င်ရာ အရင်းအမြစ်များသည် ရခိုင်ရိုးမတွင် အခြေခံသည့် တောင်ကျချောင်းများ၊ ပဲခူးရိုးမတွင် အခြေခံသည့် တောင်ကျချောင်းများ၊ ရှမ်းကုန်းမြေမြင့်တွင် အခြေခံသည့် တောင်ကျချောင်းများ အပေါ်တွင် အခြေပြု ထားသဖြင့် အဆိုပါ ဒေသများတွင် မိုးရွာသွန်းမှု များပြားတိုင်း တောင်ကျချောင်းများ၏ ရေစီးဝင်မှုကို မထိန်းနိုင်ဘဲ ဆည်တာတမံများ၏ ခိုင်ခံ့မှု အားနည်းခြင်းကြောင့် ရေဖောက်ထုတ်ရခြင်းများ ရှိခဲ့သည်။

ဂီရိမုန်တိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်သည့် အချိန်ကာလကလည်း တောင်သူများ သီးနှံရိတ်သိမ်းချိန် ကာလဖြစ်သဖြင့် အဆိုပါ ဒေသရှိ ပြည်သူလူထုနှင့် တောင်သူများအဖို့ ပြင်ဆင်ချိန် ရသင့်ပါလျက် ပြင်ဆင်ချိန် မရဘဲ ပျက်စီးဆုံးရှုံးမှု အလွန်များပြားခဲ့ရသည်။

ယခုလည်း နိုင်ငံတကာ မိုးလေ၀သ ပညာရှင်များနှင့် စောင့်ကြည့်ရေး စင်တာများက အရေးတယူ စောင့်ကြည့်နေသော ''မဟာစင်'' အပူပိုင်းမုန်တိုင်း၏ အခြေအနေသည် ၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကဲ့သို့ပင် ရခိုင်ကမ်းရိုးတန်း ဒေသအား အမှန်တကယ် ၀င်ရောက်တိုက်ခတ်ခဲ့ပါက ထိုစဉ်ကကဲ့သို့ပင် ရခိုင်ရိုးမအား ဖြတ်ကျော်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လတ် တိုက်ခတ်ဖွယ် ရှိပေသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်သော မုန်တိုင်းများသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ၀င်ရောက်လေ့ မရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် သုံးလေးစု ၀န်းကျင်အတွင်း သဘာဝ သံယံဇာတနှင့် သဘာဝ သစ်တောများအား ကိုယ်ကျိုးစီးပွားအတွက် အလွန်အကျွံ ထုတ်ယူသုံးစွဲမှု များပြားခဲ့ခြင်းကြောင့် သဘာဝအရံအတားသည် ယခင် ယခင်ကာလများကထက် တစ်နှစ်ထက်တစ်နှစ် ပို၍ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်' 'မဟာစင်'' မုန်တိုင်း တိုက်ရိုက် ၀င်ရောက်နိုင်ဖွယ်ရှိသည့် ရခိုင် ကမ်းရိုးတန်း ဒေသနှင့် စစ်တွေဝန်းကျင် ဒေသတစ်ဝိုက်အား အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဂရုတစိုက် ဆောင်ရွက်မှု ရှိနိုင်သော်လည်း ၂၀၁၀ ခုနှစ်ကကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ကုန်းတွင်းမုန်တိုင်း အဖြစ်သို့ ဆက်၍၀င်ရောက်ခဲ့လျှင်မူ မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်စီမံ ထားသင့်သည်ကို ကြိုတင်၍ စဉ်းစားထားရန် လိုနေပြီဖြစ်သည်။

ယခုအချိန်တွင်လည်း မုန်တိုင်း အခြေအနေကို ထိုစဉ်ကကဲ့သို့ပင် ပေါ့ဆတွက်ချက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ မုန်တိုင်းမ၀င်လာနိုင်ဟု ယူဆကာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အနေဖြင့် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့ဘဲ ဒေသခံပြည်သူများအား မုန်တိုင်းနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ထုတ်ပြန်ချက်များ အချိန်နှင့် တပြေးညီ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့လျှင် ရခိုင်ကမ်းရိုးတန်းဒေသနှင့် မုန်တိုင်းအရှိန် သက်ရောက်ဖွယ်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအဖို့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုသည် ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း ဒဏ်ခံရစဉ်ကထက် ပို၍ပျက်စီးဆုံးရှုံးမှု များပြားလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ဆည်မြောင်းတာတမံများနှင် မြစ်ချောင်းများသည် ၂၀၁၀ ပြည့်နှစ်ကထက်ပို၍ ယိုယွင်းပျက်စီးနေသည့် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းကုန်းမြေမြင့်တို့ရှိ တောင်ကျချောင်းတို့နှင့် ဆက်စပ်နေသဖြင့် မုန်တိုင်း ဖြစ်ပေါ်တိုင်းပို၍ သတိထားရတော့မည် ဖြစ်သည်။ မုန်တိုင်း ဖြစ်ပေါ်တိုင်း မုန်တိုင်းအဓိက ၀င်ရောက်ရာ ဒေသများအပြင် မုန်တိုင်းအကျိုး သက်ရောက်မှုရှိသည့် ဒေသများ အတွက်ပါ ကြိုတင်ပြင်ဆင်မှု မရှိလျှင် မုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာခြင်း၊ ရေကြီးခြင်းစသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကြောင့် ဆည်တာတမံ ကျိုးခြင်းများ ဒေသတစ်ဝန်း ရေဖုံးလွှမ်းမှုများ၊ လမ်းတံတားများ ကျိုးကျပျက်စီးမှုများအပြင် မည်သို့မှ အစားထိုး၍ မရနိုင်သော နိုင်ငံသားများ၏ အသက်အိုးအိမ် ဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်မူကင်းမဲ့ခြင်း ဖြစ်ပေါ်၍ ဒေသ၏ အကျိုးစီးပွားနှင့် တည်ငြိမ်တိုးတက်မှုကိုပါ ကိုင်လှုပ်လိမ့်မည် ဖြစ်ပေသည်။

ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ်
ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ်
မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B (နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက် မည့် အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁ နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။

Sunday, May 12, 2013

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းအား မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ ခိုလုံကြရန်နေရာများ

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းအား မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ 
ခိုလုံကြရန်နေရာများ
Sunday, May 12, 2013

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော်လည်း၊ မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား ပါသည်။

သို့ ဖြစ်ပါ၍ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန် အတွက် -

ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်၊ ဖရုံကာကျွန်း
(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်) ၊

ရခိုင်ပြည်နယ် သံတွဲမြို့ ၊ သဗြူချိုင်
(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့ နယ်၊ ဟိုင်းကြီးကျွန်း
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ပြင်ခရိုင် ချောင်းဝကျေးရွာ
(မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ကဒုံကနိကျေးရွာ
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်)၊

တည်နေရာများတွင် အချိန်မီ ခိုလုံကြပါရန် အသိပေး ကြေငြာအပ်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခို ကြရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ အသိပေး ကြေငြာထားပါသည်။

mmweather
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော် လည်း၊ မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား ပါသည်။

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ


Photo: ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ
Sunday, May 12, 2013

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က သိရှိရသည်။

“ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှအဆင့်မြင့် အရာရှိများ အောက်တိုဘာလအတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အဖွဲ့ များက ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့များက သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမှာ သန်း ၂၀၀ လောက်ရှိနေကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဒေါ်လှလှစိုးက ဆိုသည်။

ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးလျှက်ရှိကြောင်း ဒုရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားများတွင် အဓမ္မထိမ်းမြား ခြင်းမှာ (၆၀) ရာခိုင်နှုန်း ရှိကြောင်း မြန်မာအစိုးရကဘက်က တရားဝင်ထုတ်ပြန်ထားသည်။

မြစ်မခမီဒီယာ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေး မည် ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးအဖွဲ့က သိရှိရသည်။

မဟာစင်ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် ရခိုင်ပြည်နယ် မြို့နယ်များတွင်ကြေညာ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးလက်နှင့်မြို့ပြ ကွာခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် ဆောင်ရွက်နေ



Photo: တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးလက်နှင့်မြို့ပြ ကွာခြားမှုမရှိစေရန်
လုပ်ငန်းစဉ် ၈ရပ်ဖြင့် ဆောင်ရွက်နေ
Sunday, May 12, 2013

တိုင်းပြည်ဖံွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက် ကွားခြားမှုမရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင် ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်တွင် မန်းတွင်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင် ပြောကြား သည်။ အဆိုပါ လုပ်ငန်းစဉ် ၈ရပ်မှာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သားငါးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖံွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂလိက
 ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊
 ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးတို့ ဖြစ်ပြီး ကုလသမဂ ထောင်စုနှစ် ရည်မှန်းချက်နှင့် အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်ထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တိုးတက်မှုအတိုင်းတာ တစ်ခုထိရှိနေပြီဟု သမ္မက ဥိးသိန်းစိန်က ပြောသည်။

Popular Myanmar News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
တိုင်းပြည်ဖံွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက် ကွားခြားမှုမရှိစေရန် လုပ်ငန်း စဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင် ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်ဖွယ်မရှိပေမယ့် မုန်တိုင်းလေပြင်း တိုက်ခတ် ခံရနိုင်ဖွယ်ရှိတဲ့ ဧရိယာထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ပါရှိနေ

Photo: မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်ဖွယ်မရှိပေမယ့် မုန်တိုင်းလေပြင်း တိုက်ခတ် ခံရနိုင်ဖွယ်ရှိတဲ့ ဧရိယာထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ပါရှိနေ
Sunday, May 12, 2013

JTWC (ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး စင်တာ)ရဲ့ ဒီကနေ့မနက် ထုတ်ပြန်သတိပေးချက်အရ လာမယ့် ၁၂ နာရီ နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့အခါ ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အဲဒိ့နောက် လာမယ့် ၉၆ နာရီနောက်ပိုင်းကျရင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ အင်အားကောင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မြောက်ဘက်ကနေ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုလက်ရှိအချိန်အထိ တိုင်းထွာခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ
 မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်တိုက်ခတ်နိုင်ဖွယ် အခြေအနေ မရှိပေမယ့် JTWC သတိပေးချက်ထဲမှာတော့ မုန်တိုင်း လေပြင်း
တိုက်ခတ်ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း
ဒေသတွေ (ပုံပါစက်ဝန်းအတိုင်း) ပါဝင်နေဆဲဖြစ်ကြောင်း တွေ့မြင်ရပါတယ်။

Ref: JTWC+mmweather page

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
JTWC (ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး စင်တာ)ရဲ့ ဒီကနေ့ မနက် ထုတ်ပြန်သတိပေးချက်အရ လာမယ့် ၁၂ နာရီ နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့ အခါ ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဆင့် ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး
Sunday, May 12, 2013

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်တိုက်ခန်းများကို ဖောက်ထွင်းသည့်အမှု ၁၅ မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။

၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ်ကျခံလျက် ရှိရာမှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့ ပြောင်းရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်
 ဒီဇင်ဘာ ၅ ရက်တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည် နေအိမ်အတွင်းသို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော မည်သည့်သော့များကိုမဆို အချိန်မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့် ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီတွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို  ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့နယ် များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ချုပ်ရမန်များ ရယူပြီး
 ဆောင်ရွက်နေစဉ်  မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံထွက်ပြေး လွတ်မြောက်ခဲ့သည်။

ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရားခံတွေကို အမှုaပါင်း ၂၆ မှုနဲ့ ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ မေလဆန်းပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ" ဟု မေ ၁၁ ရက် နံနက်ပိုင်းက
 ပြောသည်။
Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။

အက်ဖ်အေဖလားသိမ်းပိုက်ပြီး ၀ီဂန် သမိုင်းသစ်ရေးထိုးနိုင်ခဲ့

Photo: အက်ဖ်အေဖလားသိမ်းပိုက်ပြီး ၀ီဂန် သမိုင်းသစ်ရေးထိုးနိုင်ခဲ့
Sunday, May 12, 2013

၁၉၆၀ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခြေထောက်ကျိုးခဲ့ဖူးတဲ့ ၀ီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဝှီလန်အတွက်သမိုင်းတစ်လျှောက် အက်ဖ်အေဖလား ရခဲ့တာက အချိုမြိန်ဆုံးအောင်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၃နှစ်အတွင်း အက်ဖ်အေဖလား ၂လုံးယူပြီး ဖလားလက်မဲ့ရာသီ မကြုံရဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီးအတွက် အခုပွဲကတော့ စိတ်ပျက်စရာပါပဲ။

ပွဲအစ ၂မိနစ်မှာပဲ အဂူရို ဂိုးသွင်းခွင့် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ၀ီဂန်ကလည်း မန်စီးတီးထက် ခြေစွမ်းပို ကောင်းနေခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ပွဲချိန် ၉မိနစ်မှာ အရူနာကွန်းရဲ့ ဖန်တီးမှုကနေ မက်မာနာမန် ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်သွားခဲ့ပါတယ်။

ဒါပေမဲ့ နောက်မိနစ် ၂၀အကြာမှာ တီဗက်ဇ် အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ၀ီဂန်ဂိုးသမား ဂျိုးရိုဘယ် လက်စွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ဂိုးမရခဲ့ဘဲ ပွဲချိန် ၈၄မိနစ်မှာ ဇာဘလက်တာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၀ီဂန်အတွက် အနိုင်ဂိုးကိုတော့ မယ်လိုနီရဲ့ ထောင့်ကန်ဘောကနေ ၀တ်ဆန်က ခေါင်းတိုက်သွင်း ခဲ့တာဖြစ်ပါတယ်။

ရိုးရာလေး
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၁၉၆၀ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခြေထောက်ကျိုးခဲ့ဖူးတဲ့ ၀ီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဝှီလန် အတွက် သမိုင်းတစ်လျှောက် အက်ဖ်အေဖလား ရခဲ့တာက အချိုမြိန်ဆုံးအောင်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၃နှစ်အတွင်း အက်ဖ်အေဖလား ၂လုံးယူပြီး ဖလားလက်မဲ့ရာသီ မကြုံရဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီးအတွက် အခုပွဲကတော့ စိတ်ပျက်စရာပါပဲ။

KIA ၊ တရုတ်ငွေတုဂိုဏ်းများနဲ့ သတ်ပုံမှားတဲ့ ငါးထောင်တန်

ယခုလဆန်းပိုင်းမှစတင်ပြီး မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော (၅၀၀၀)တန်ငွေစက္ကူများကို အတုပြုလုပ်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအတွင်းရှိ ငွေတုဂိုဏ်းများအကြောင်း ရေးသားထားမှုများ အင်တာနက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိတဲ့ နယ်စပ် တစ်လျှောက် မှာ တရုတ်အခြေစိုက် ငွေတုလုပ် ဒုစရိုက်သမားများနှင့် ပူးပေါင်းပြီး မြန်မာ့ငွေစက္ကူ အတုများ ကို ပြု လုပ်နေခြင်းသည် မြန်မာ့ငွေကြေးဈေးကွက်ကို တိုက်ရိုက်မထိခိုက်နိုင်သော် လည်း ပြည်သူ လူထု အတွက်

တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်ဆန် ၀င်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူမှု လျော့ကျ

Photo: တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်ဆန် ၀င်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူမှု လျော့ကျ

မြန်မာ့ဆန်ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများအပြား တင်ပို့လျက်ရှိရာ လက်ရှိကာလ၌ တရုတ်ဈေးကွက် အတွင်းသို့ ဗီယက်နမ်ဆန်များ ၀င်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူမှု လျော့ကျနေကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရှိရသည်။

သို့သော်လည်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်ဝင်ရောက်မှု အနေဖြင့်လည်း ယခုတစ်ပတ်အတွင်း သုံးပုံတစ်ပုံခန့်အထိ လျော့ကျသွားကြောင်း၊ အလားတူ ပြည်တွင်းဆန် ဈေးကွက်မှာ ဆန်ဈေးများ အကြမ်းရော အချောပါ တက်ရိပ်ပြနေသော်လည်း အရောင်းအ၀ယ် အေးလျက်ရှိကြောင်းလည်း ဘုရင့်နောင် ကုန်စည်ဒိုင်၊ တာဝန်ရှိသူများထံမှ သိရှိရသည်။

"ပြည်တွင်းဆန်ဈေး အခြေအနေက အောက်ဘက်မှာ ဈေးတက်ပြီး ဒီမှာ ဈေးအေးနေတယ်။ အရင်က တရုတ်ကို များများ ပို့နေရလို့ ပြည်တွင်းဈေးတက်တယ်။ အဓိကကတော့ ဗီယက်နမ် နယ်စပ်ကဆန်တွေ တရုတ်ကို ၀င်လာတယ်။ ရထားလမ်းပေါက်တဲ့အတွက် ဈေးသက်သာတော့ ဗီယက်နမ်က ဈေးလျှော့ရောင်းနိုင်တယ်။ ကျွန်တော်တို့ဆီကဆန်က သူတို့ရောင်းတဲ့ ဈေးနူန်းအတိုင်း လိုက်မရောင်းနိုင်ဘူး။ တရုတ်ကလည်း ဈေးသက်သာတာပဲ ၀ယ်မှာပေါ့။ ဒါကြောင့် ပြည်တွင်းဆန်ဈေးကွက်က အရောင်းအ၀ယ် အေးသွားရတာပါ" ဟု မူဆယ်ဆန်စပါး ကုန်သည်အသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက ပြောပါသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်သို့ မေလပထမပတ် အတွင်းက ပုံမှန်အားဖြင့် တစ်နေ့လျှင် ဆန်အိတ်ရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ၀င်ရောက်လေ့ရှိကြောင်း၊ မေလ ဒုတိယပတ် အတွင်းတွင်မူ ဆန်အိတ်ရေ ၁၀၀၀၀ ၀န်းကျင်သာ ၀င်ရောက်လျက် ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်မြို့ ၀ါးတန်းလမ်းရှိ ဆန်ကုန်စည်ဒိုင်သို့မူ မေ ၆ ရက်နေ့က စုစုပေါင်း ဆန်အိတ်ရေ (၇၆၃၅၆) အိတ်၊ မေ ၇ ရက်နေ့တွင် (၄၁၂၆၀) အိတ်၊ မေ ၈ ရက်နေ့တွင် (၅၁၈၃၅) အိတ်၊ မေ ၉ ရက်နေ့တွင် (၅၁၅၁၅) အိတ် ၀င်ရောက်ခဲ့သော်လည်း မေ ၁၀ ရက်နေ့တွင်မူ ဆန်အိတ်ရေ (၄၁၇၅၆) အိတ်သာ ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။

"လတ်တလောမှာ တရုတ်ဘက်က ဈေးလျှော့ဝယ်ချင်တဲ့သဘော ရှိတဲ့အတွက် အ၀ယ်နည်းနေတယ်။ တရုတ်က အ၀ယ်နည်းတော့ ပြည်တွင်းအရောင်းအ၀ယ်လည်း အေးတယ်။ ဒါကြောင့် တရုတ်ဘက်မှာ ၁၀၀၀ လောက် ကျပြီး ပြည်တွင်းဈေးကွက်မှာ ဆန်က ၁၀၀၀ လောက် တက်လာတယ်။ ဘုရင့်နောင်မှာဆိုရင် ဆန်အ၀င် ထက်ဝက်လောက်ကျပြီး ဆန်ဈေးမာနေတယ်။ ဒါပေမယ့် သင်္ဘောတင်မယ့် သူတွေနဲ့ ကုန်သည် အ၀ယ်ကတော့ ပုံမှန်ရှိနေပါတယ်" ဟုလည်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အများဆုံးဖြစ်သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မေလပထမပတ်အတွင်း ကုန်စည်စီးဆင်းမှုမှာ နှေးကွေးနေပြီး အရောင်းအ၀ယ် အေးလျက်ရှိနေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

မူဆယ်ဆန်ဈေးကွက်၌ ဧည့်မထဆန်၊ ဆန်ကွဲ၊ ငစိန်ဆန်၊ ကောက်ညှင်းဆန်တို့သာ အဓိက အရောင်းအ၀ယ် ဖြစ်နေပြီး မေလ ပထမပတ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဆန်တန်ချိန် ၉၈၀၀ ကျော် ၀င်ရောက်လာသော်လည်း မူဆယ်မြို့တွင်း ဆန်ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

(ဓာတ်ပုံ - မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် မြန်မာနိုင်ငံမှ ဆန်များအား တရုတ်ကုန်သည်များ လေ့လာကြည့်ရှုနေစဉ်)
(ဓာတ်ပုံ - မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် မြန်မာနိုင်ငံမှ ဆန်များအား တရုတ် ကုန်သည်များ လေ့လာကြည့်ရှုနေစဉ်)
မြန်မာ့ဆန်ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများအပြားတင်ပို့လျက်ရှိရာ လက်ရှိကာလ၌ တရုတ်ဈေးကွက်အတွင်းသို့ ဗီယက်နမ်ဆန်များဝင်ရောက်နေမှုကြောင့် မြန်မာ့ဆန် ၀ယ်ယူ မှု လျော့ကျနေကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရှိရသည်။

ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်

Photo: ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက်
 (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်

(Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်။

(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂)ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင်ဗျာ) 

ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အနောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံးပါဘဲ။

 အမှန်တော့ ၀ိုက်တော့မယ့်သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။ 

အဲဒီနောက် မေလ(၁၃)ရက်နေ့ နံနက်အစောပိုင်း ကြီးအထိ အသွားနှုန်းတွေ လျော့လာမယ်။ ဒါဟာ ကွေ့တော့မယ် လက္ခဏာပါဘဲဗျာ။ 

အဲ…မေလ(၁၃)ရက်နေ့လယ်ပိုင်းမှာ စကွေ့ပါပြီ။ မြောက်အရှေ့ ယွန်းယွန်း(NNE) ကိုပါ။ 

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဖက်ဆီကိုပါ။ ပထမတော့ မေလ(၁၃-၁၄) နှစ်ရက်လုံး တစ်နာရီင်္ (ဂ-၉) မိုင် နှုန်းလောက်နဲ့ပါဘဲ။

 အဲ..မေလ(၁၅)ရက် နံနက် အစောကြီးကစပြီး ဂီယာကြီးထိုးပြီး အရှေ့မြောက်ဖက်ကိုလာမယ်လို့ ခန့်မှန်းရပါသဗျ။ လေတိုက်နှုန်းတစ်နာရီ မိုင်(၁၀၀)နှုန်းလောက်နဲ့ ချီတက်လာမှာဖြစ်ပါတယ်။ 

မုန်တိုင်းအရွယ်ကလည်း အချင်းဝက် မိုင်(၁၂၀)လောက်ရှိနေနိုင်ပါပြီ။

ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တို့တွေကတော့ target တွေပေါ့ဗျာ။ 

ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာဆန်သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။

 လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီးချင်းကောင်းပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။

ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ 

Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်။ 

Dr. Tun Lwin (MCCW)
(Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန် ထုတ်ပြန်ချက်။

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်

Photo: အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
Sunday, May 12, 2013

တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အမေရိကန်ရေတပ်ရဲ့ အဝေးထိန်းလမ်းညွှန်ပါ Missile ဒုံးခွင်းလက်နက်နဲ့ Missile ဒုံးလက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တင်သင်္ဘောတွေလည်း 7th. Fleet အမှတ် (၇) ရေတပ်အုပ်စု နယ်မြေကို ဆိုက်ရောက် ခဲ့ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။

Indo-Asia-Pacific ဒေသတကြော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်ဖို့ အတွက် ရေကြောင်းမဟာမိတ်တွေနဲ့ အတူ စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ ဒီနှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ထိပါးဖို့နဲ့ ကျူးကျော်ဝင်ရောက်ဖို့ဖြစ်ပြီး ပုံမှန်အကြီးအကျယ်ခြိမ်းချောက်နေတဲ့ တုန့်ပြန်မှုဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။ 

VOA Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယား စွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ ဒီပူးတွဲ စစ်ရေးလေ့ ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

"၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်မုန်တိုင်းသတင်းထုတ်ပြန်ချက်"

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင်(၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့၏ အရှေ့တာင်ဘက်မိုင်(၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ 

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

Photo: ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး 
Sunday, May 12, 2013

မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ၀င်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့  နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ၀င်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး  မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ၀င်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ  ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ၀န်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း  ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။ 

VOA Burmese
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့

အ ပူ ပိုင်း မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံး ရ သတင်း များ

Photo: အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ
Sunday, May 12, 2013

မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက်လက် ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့ ညနေ ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၅၀ ခန့်အကွာ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရသည်။ မုန်တိုင်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ဖြစ်သော်လည်း မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်တွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

"ည ၇ နာရီတုန်းက ထုတ်ပြန်ချက် အတိုင်းပါပဲ။ အခု ထုတ်ပြန်ချက်အသစ် မရှိသေးပါဘူး" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၁ ရက်နေ့ ည ၁၂ နာရီက ပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်းအပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေးမုန်တိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင် ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိလင်္ကာနိုင်ငံက ပေးထားခြင်းဖြစ်သည်။ လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမို သတိပြုရလေ့ ရှိသည်။ ၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ် ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
မေ ၁၁ ရက် ည ၁၂ နာရီ အချိန်ထိ ဆိုင်ကလုန်း "မဟာစင်" ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် အားကောင်းသော ဆိုင် ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ ည ၁၂ နာရီအထိ ဆက် လက် ခန့်မှန်းထားသည်။