Monday, September 9, 2013

နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ

Photo: နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ
================================
Monday, September 9, 2013

ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လပ်ကီးဘော့စ် ထုတ်လုပ်ရေးက ဖြစ်ပြီး ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ် ညွှန်း မင်းခိုက်စိုးစံက ရေးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်း က နန်း ခင်ဇေယျာရဲ့ ပထမဆုံးဇာတ် ကားရိုက်ကူးမှုဖြစ်တာကြောင့် ရိုက် ကူးမှုနဲ့ ပတ်သက်ပြီး ခန့်စည်သူက “ကိုယ်ကဒီဇာတ်လမ်းကို ဖတ်ကတည်း ကအရမ်းသဘောကျတာ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ အက်တိုးပစ်အပျို စင်ဆိုတဲ့ ဝတ္ထုလေး။လွန်ခဲ့တဲ့ ၁ဝနှစ် လောက်ကတည်းကဖတ်ဖူးတာ။ ဇာတ် က မင်းသမီးဇာတ်ပဲ။ လက်ရှိမြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စား ပြုမက်ဆေ့ခ်ျပေးတဲ့ ဇာတ်လေးပါ။ ရိုက်ချင်နေတာကြာပါပြီ။ မင်းသမီး က နာမည်ရှိပြီးသားများတယ်။ ဒီ ဇာတ်က ခုရိုက်လို့လည်း သူတို့အ တွက်က ဒီထက်ပိုမလာဘူးလေ။ ဒါ ကြောင့် နန်းခင်ဇေယျာနဲ့တွေ့ပြီး ရိုက်မလားဆိုတော့ သူ အများကြီး စဉ်းစားတယ်။ သူ့ကြောင့် ရိုက်ကွင်း အနှောင့်အ ယှက်ဖြစ်မှာလည်း ကြောက်တယ်။ အိုက်တင်၊ ဒိုင်ယာ လော့ခ်တို့ဆိုတာ သူနဲ့ အသားမကျ သေးဘူး။ လုပ်ချင်စိတ်တစ်ခုရှိရင် ဖြစ်ပါတယ်လို့ ပြောပြတော့ သူက လက်ခံ လိုက်တာ။သူကလည်း သိပ် ဖြစ်ချင်တာ။မျက်နှာသစ်နဲ့ပဲ ရိုက်ချင် တော့ လုပ်ဖြစ်သွားတာပါ” လို့ ပြော ပြပါတယ်။

မင်းသမီးဇာတ်ဖြစ်ပေမယ့် မက်ဆေ့ခ်ျကောင်းတစ်ခုပေးနိုင်တဲ့ ဇာတ်လေးလည်းဖြစ်တာကြောင့် ရိုက်ကူးဖြစ်တာဆိုတဲ့ ခန့်စည်သူက “အဓိကက လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ပုံစံလေးလေ။ လူတစ် ယောက်ဘယ်လိုအခြေအနေ ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကိုယ်ပိုင်အရည် အသွေးကို အသိအမှတ်ပြုရမယ်။ သိက္ခာတရား၊ စာရိတ္တဆိုတာ ကိုပြော တာ။ ဒီလိုပေးချင်တဲ့မက်ဆေ့ခ်ျလေး ပါ။ မင်းသမီးဇာတ်ဖြစ်ပေမယ့် ကြည့် တဲ့ပြည်သူတွေကို မက်ဆေ့ခ်ျကောင်း ကောင်းပေးနိုင်တယ်။ နန်းခင်ဇေ ယျာက talent အလည်းရှိတယ်။ သူက လည်း ကြိုးစားမယ်ပြောတယ်။ နည်း နည်းတော့ ပြောပြသင်ပေးရမှာပေါ့။ စာအုပ်တွေလည်း သေသေချာချာ ဖတ်နေပါတယ်။ ပရိသတ် ရဲ့ အဆုံး အဖြတ်ကိုခံယူရမယ်။ ပရိသတ်ဆို တာ အမှန်ကန်ဆုံးတရားသူကြီးပဲ။ အချိန်တန်ရင် အနုပညာသမားဆို တာ ပရိသတ်ရဲ့ မှတ်ကျောက်တင်ခံ ရတာပဲ။ သူကြိုးစားမှု၊ ကံတရားပေါ် မှာလည်း မူတည်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ဇာတ်ကားမရိုက်ကူးခင် ဇာတ် လမ်းနဲ့ ပတ်သက်ပြီး ပါဝင်မယ့် သူတွေအားလုံး အတူတူေ ဆွးနွေး ဖြစ်သလို ဒီဇာတ်ကားမှာ နောက်ထပ် မင်းသမီး တစ်ယောက်ကိုလည်း ပဟေဠိဖွက်ထားပါသေးတယ်။

မေမွန်မောင်
ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ စစ်တပ်ချထားခြင်းကို မဏိပူရအာဏာပိုင်များကန့်ကွက်

 မြန်မာ-အိန်္ဒိယနယ်စပ်၊ အိနိ္ဒယနိုင်ငံပိုင် ဟောင်လင်ဖိုင်ကျေးရွာတွင် မြန်မာဘက်မှ စစ်တပ်ချထားပြီး စခန်းဆောက်လုပ်ခြင်း ကိုမိုးရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ခရိုင်အာဏာပိုင်တို့က တမူးမြို့ အာဏာပိုင် များထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အိန်္ဒိယနိုင်ငံအခြေစိုက် Sangai Express သတင်းစာတွင် စက်တင်ဘာ ၈ ရက်က ဖော်ပြထားသည်။

အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား

Photo: အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား
 Monday, September 9, 2013

အိန္ဒိယတွင်   လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေးကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။   တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့်  လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

သို့သော်လည်း မကြာသေးမီက ထိုအမှုများကြောင့် ထိုကိစ္စအပေါ် သတိပြုအာရုံစိုက်မိ လာခဲ့ကြခြင်း ဖြစ်ပေသည်။ အိန္ဒိယ အမျိုးသမီးများသည်  ခေတ်မီစွာ ဝတ်စား ဆင်ယင်ကြသော်လည်း ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင် နေထိုင်သွားလာကြပြီး  မိမိတို့၏ လုံခြုံဘေးကင်းမှုအတွက် ကိုယ်ခံပညာရပ် များကိုလည်း  သင်ကြားလေ့ကျင့် ထားသင့် သည်ဟု ထင်မြင်မိသည်။ ယခုဆိုလျှင် အမျိုးသမီး တချို့သည် ကိုယ်ခံပညာ ရပ်တစ်ခုခုကို သင်ယူ လေ့ကျင့် နေကြပြီ ဟု ကြားသိရသည်။  အလွန်ပင် လုပ်သင့်သော  ကိစ္စဖြစ်သည်ဟု ထင်သည်။  

မီဒီယာများကလည်း အဆိုပါ သတင်း များကို ဖော်ပြပေးပြီး ထိုပြစ်မှု ကျူးလွန်သည့်လူကို  ဖမ်းမိသည့် နေရာတွင်ပင် လူထုက ကိုယ်ထိလက်ရောက် တစ်ယောက် တစ်ချက် ဆိုသလို ဝိုင်းဝန်း၍ ဆုံးမကြပုံများကို မီးမောင်းထိုး ပြလိုက်လျှင် အတင့်ရဲစွာ အမှုကျူးလွန်နေသူ တစ်စုအဖို့  ကိုယ်ရှိန်သတ် သွားစရာရှိပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း  ကဲရားလားပြည်နယ်ဆိုလျှင် နယူးဒေလီမြို့တော်မှာကဲ့သို့ မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိနိုင်၍ လုံခြုံစိတ်ချမှုမရှိသည့် ဒေသမျိုးမဟုတ်ပါ။  အမျိုးသမီးများကို အလွန်လေးစားစရာ အဖြစ် တွေ့ရသည့်

အတွက် မိန်းမသားများ အဖို့ လုံခြုံစိတ်ချရသည်ဟု သိရပါသည်။

တခြားနိုင်ငံများနှင့် ယှဉ်လျှင် အိန္ဒိယသည် အမျိုးသမီးများကို  လေးစားသော တိုင်းပြည်ဖြစ်သည်။ အိန္ဒိယတွင် မိန်းက လေးများကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် သဘောထားသည့် ရွာတစ်ရွာရှိသည်။ ရွာ၏အမည်မှ ပန်ချာလီပရာ ဖြစ်၏။ ထိုရွာ၌ မိန်းမတစ်ယောက်သည် ယောက်ျားအများကြီး ယူခွင့်ရှိပြီင်္း၊ ယောက်ျားများကတော့ မိန်းမတစ်ယောက် သာ ယူခွင့်ရှိသည့်နေရာ ဖြစ်လေ၏။ သတို့သမီးဘက်မှ မိဘများကို Dowry ခေါ်သည့် မင်္ဂလာကြေး အမြောက် အမြား ပေးရလေ့ ရှိသည်။

ရှေးခေတ်ကတည်းက အိန္ဒိယ တိုင်းရင်းသားများ ဒေသတွင် အမျိုးသမီးများက အဓိက ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။  သူတို့ကိုယ်တိုင်  ရွေးချယ်ပိုင်ခွင့် ရှိပြီး လက်မထပ်ဘဲ ယောက်ျား တစ်ယောက်ကို ယူပိုင်ခွင့် ရှိသည်။ ထို့အတူ ကွာရှင်း ပိုင်ခွင့်လည်းရှိသည်။  ဟာရာယားနား ဘက်က ရွာများ၌လည်း မိန်းမများပင် လွှမ်းမိုးသည်။ ဤအချက်က အိန္ဒိယသည် မိန်းမများကို  လေးစား တန်ဖိုးထားသည် ဆိုသည်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။

အိန္ဒိယသည် မိန်းမသားများ အတွက်  လုံခြုံစိတ်ချမှု မရှိသော တိုင်းပြည်ဟူ၍ ထင်မှတ်ပြောဆိုခြင်း ခံခဲ့ရသည်မှာ  မကြာသေးမီက နယူးဒေလီတွင် အသက် ၂၃နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် ကျောင်းသူနှင့် ယောက်ျားလေး သူငယ်ချင်း အဖော်နှစ်ဦးတို့ ဘတ်စကား စီးသွားရာ၌ ကားပေါ်တွင်ပါလာသော လူငယ်တစ်စုတို့က ဘတ်စကားပေါ်မှာပင်  အုပ်စုဖြင့် မုဒိမ်းကျင့်ပြီး ယောက်ျားလေး နှစ်ယောက်စလုံးကို သံတုတ်များနှင့် ရိုက်နှက်၍ မိန်းကလေးကို အဝတ်အစား ကင်းမဲ့ လျက် ကားပေါ်မှ ကန်ချထားခဲ့သော အမှုသည် ကမ္ဘာကျော် သွားသကဲ့သို့ ကမ္ဘာ့ အမျိုးသမီး ထုမှာ  ကြားရချက် မသက် သာသဖြင့် မိန်းမချင်း ကိုယ်ချင်းစာ၍   စိတ်မကောင်းဖြစ်မိ ကြရသည်။ အိန္ဒိယကိုလည်း   အမျိုးသမီး များအတွက် စိတ်မချရသော တိုင်းပြည် အဖြစ် ထင်မှတ်သွားစေခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် အုပ်ချုပ်ကွပ်ကဲမှု တာဝန်ရှိခြင်း အခြေခံမူများနှင့်ပတ်သက်၍  JVC က ၁၉၅၈ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့များ အက်ဥပဒေပုဒ်မ(၆) ကို အစားထိုး ပြင်ဆင်ရန် ထောက်ခံ တင်ပြသည်။ ယင်းပြဋ္ဌာန်း ချက်တွင်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မုဒိမ်းမှုနှင့် လိင်စော်ကားမှု ကျူးလွန်လျှင် တရားစွဲဆိုခြင်း မပြုမီ   ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟူ၍ ဖော်ပြထားရာ ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန် လျှင်လည်း သာမန် ရိုးရိုးတရားရုံး များတွင်သာ တရားစွဲ ဆိုရမည်ဟု ပြင်ဆင်လိုသည်။ အကယ်၍ မုဒိမ်းမှုကို အချုပ်ခန်းတွင် ကျူးလွန်သည် ဆိုလျှင် အထက်အရာရှိကိုပါ တာဝန်ရှိသူ အနေဖြင့် မုဒိမ်းမှု ကျူးလွန်သူ နှင့်အတူ အရေးယူ ရမည်ဟု ပြင်ဆင်လိုသည်။

ပြီးခဲ့သည့်ရက်များက  မွန်ဘိုင်းမြို့တွင် လိင်စော်ကားမှု သတင်းကြားရပြီးနောက် တွစ်တာမှ နေ၍ မွန်ဘိုင်း မြို့သူများ  မိမိကိုယ်ကို ဂရုစိုက်ရန်၊  လုံခြုံ ဘေးကင်းအောင် နေရန်ဟူ၍ တောင်းဆို သတိပေးချက်နှင့် ပတ်သက်၍ ဒါအဓိပ္ပာယ် မရှိ တာပဲ။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြပါ၊  ဂရုစိုက်ကြပါလို့ ပြောနေမည့် အစား  ယောက်ျားလေး တွေက အမျိုးသမီးများ အတွက် မွန်ဘိုင်းမြို့ကို ပိုပြီး လုံခြုံမှုရှိအောင် တစ်ခုခုတော့ ပီပီပြင်ပြင် လုပ်ပေးကြပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို စောင့်ရှောက်ဖို့ အချိန်ကျ ရောက်လာပါပြီ ဟူ၍သာ နှိုးဆော် တိုက်တွန်း ကြရန် လိုပါသည်။

မိန်းကလေးများကို လိင်စော်ကားမှုသည် လူမှုရေး ပြစ်မှုဖြစ်သည်။ ဤအပြစ်များမှ လွတ်ကင်းအောင် မည်သို့လုပ်ရမည် နည်း။ မီဒီယာများကရော အခြေအနေကို ကောင်းအောင် မည်သို့လုပ်ဆောင် မည်နည်း။ အသက်အရွယ် မရောက်သေး သူများ လိင်စော်ကားမှု ဖြစ်လျှင်လည်း လူကြီးများကဲ့သို့ စဉ်းစားမည်လော။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ စသည်ဖြင့် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟုသိရ၏။

တချို့ကလည်း အစိုးရပိုင်းရော  အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ အမျိုးသမီးများ အတွက်   အိန္ဒိယကို လုံခြုံ အောင်နှင့် ဘေးကင်းမှု ရှိအောင်လုပ်ရမည် သာဖြစ်ကြောင်း မွန်ဘိုင်းအမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေး မြို့တော်ကြီး ဖြစ်၍ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၄၅ဝဝဝရှိသည့်အနက် ၃ဝဝဝလောက်မှာ  ပြန်လည်ဖြည့်တင်း ခန့်အပ်ခြင်း မရှိသေးသဖြင့် နေရာလစ်လပ် လျက်ရှိနေသည်။

မွန်ဘိုင်းတွင် ယခုနှစ် ပထမနှစ်လ အတွင်းက ရဲတပ် ဖွဲ့အင်အား ၂၇၇၄ဝမှာ အရေးကြီး ပုဂ္ဂိုလ်များ အတွက် တာဝန်ချ ထားပေးခြင်းနှင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးကို လုပ်ဆောင် ပေးနေရခြင်း စသည်တို့ကြောင့် လမ်းများ၊ ရပ်ကွက် များတွင် လုံခြုံရေးအင်အား နည်းသွားခဲ့သည်ဟု ဆို၏။  မွန်ဘိုင်းမြို့ကြီးတွင် လူဦးရေ သန်း ၂ဝ ခန့်ရှိရာ ရဲအင်အားက နှစ်သောင်း ခန့်သာ ရှိနေသည်။ တကယ်တော့ လုံခြုံရေးအတွက် လူတစ်သိန်းရှိလျှင် ရဲအင်အား တစ်ရာ အနည်းဆုံးရှိ သင့်သည်။ ပိုမို၍ လုံခြုံမှု လုပ်ပေးနိုင်စေရန် ဆိုလျှင်  ရဲအင်အား ၁၆၅ယောက် ရှိသင့်သည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ထောက်ပြချက်အရ ဆိုပါက လူတစ်သိန်းရှိလျှင် ရဲတပ်ဖွဲ့အင်အား ၂ဝဝမှ ၂၅ဝအထိရှိမှသာ လုံခြုံရေးကို ကောင်းစွာ ဆောင်ရွက် နိုင်မည်ဟုဆို၏။

ဒါဆိုတရားရုံးတွေ ကရော ဘယ်လိုအခြေအနေ ရှိနေသလဲဟု ပြန်ကြည့်လျှင် အိန္ဒိယ တရားရုံးများသည် အမှုပေါင်းသန်း နှင့်ချီ၍ မစစ်ဖြစ်သေးဘဲ  အမှုလက်ကျန်များအဖြစ် ဆိုင်းငြံ့ဖစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် ကျူးလွန်

သော အမှုပေါင်း ၄၉၁၇ဝသည် မဟာရာရှတ ပြည်နယ် တစ်ခုလုံးတွင် မစစ်ဆေးရဘဲ အမှု လက်ကျန် ဆိုင်းငံ့ဖြစ် နေကြောင်း တွေ့ရသည်။  ဤအမှုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များ အကြားတွင် ၄ဝရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ 

မုဒိမ်းမှုပေါင်း ၁၄၄၁၄ မှုတွင်လည်း ၁၃၃၈၈ မှုမှာ မစစ်ဆေးရဘဲ အမှုလက်ကျန် အဖြစ် ဆိုင်းငံ့ နေသေးကြောင်း တွေ့ရသည်ဆို၏။ အစိုးရအနေဖြင့် နှစ်စဉ်တိုးလာသော လူဦးရေ နှင့်အညီ  အလုပ်အကိုင်များ အလုံအလောက် ရရှိရေး ကို ကြိုးပမ်း၍ အလုပ်အကိုင် အသစ်များကို ဖန်တီးပေးနိုင်ခဲ့ သော်လည်း နိုင်ငံအနေဖြင့်  အလုပ်လက်မဲ့များ ရှိနေကာ ဝန်ဆောင်မှု လုပ်ငန်းများ ပင်လယ်ကြောတွင်  တစ်ပြိုင်နက်တည်း မျောပြီး ရေနစ်နေသူပမာ ဖြစ်နေရသည် ဟုဆို၏။

ဤပြုပြင်ပြောင်းလဲမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့မဖြေရှင်း နိုင်ဘဲဖြစ်နေရ ပါသလားဟု ပြောစရာရှိ သည်။ မွန်ဘိုင်း ရဲတပ်ဖွဲ့အတွက် နှစ်စဉ် ဘတ်ဂျက်မှ ရူပီးငွေ  ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၁ သန်း)ခန့် ခွင့်ပြု ချက်ချထား ပေးလျက်ရှိသည်။ ဤဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေများအတွက် ဖြစ်သည်။

အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုရှိရေးအတွက် ရဲတပ်ဖွဲ့ကို ပြုပြင်မည်၊ တရားရုံး များတွင် တရားသူကြီး အသစ်များ ခန့်ထားမည်၊ တရားရုံး အသစ်များ ထပ်ဖွင့်မည်၊ စသည်တို့ကို လုပ်ပြန်လျှင်လည်း နိုင်ငံရေးအပိုင်းက ရှိနေသေး၍ အစိုးရသည် လုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်။ အိန္ဒိယ၏ ပြဿနာများကို ဆွေးနွေး အဖြေရှာရာ၌ အားလုံးက ဖြစ်ရိုး ဖြစ်စဉ်တွေပါဟု ပြောရပါမည်။  မုဒိမ်းမှုများ အမေရိကန် နိုင်ငံတွင်ဖြစ်သလို လာဘ်စားမှုများလည်း တရုတ် ပြည်တွင် ရှိနေသည်။  

အာဟာရ ချိုတဲ့မှုများလည်း အင်ဒိုနီးရှားတွင် ရှိနေသည်သာဖြစ်၏။ ရဲတပ်ဖွဲ့ကို ပြန်လည်ပြုပြောင်းလဲရန် ရှုပ်ထွေး၍ ပညာရေးကို ပြုပြင်ပြောင်းလဲရန်လည်း ရှုပ်ထွေးမည်ဖြစ်သည်။ အခွန်ကောက်ခံရေး ကလည်း ရှုပ်ထွေးမည်။  စသည်ဖြင့် လုပ်၍ မရနိုင်ဘဲဖြစ်နေသည်။

ရဲတပ်ဖွဲ့နှင့် တရားရုံးတွေကို ယခုချက်ချင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဟု ဆိုပါလျှင် မွန်ဘိုင်း၊  နယူးဒေလီနှင့်  အခြားဒေသဆိုင်ရာ အုပ်ချုပ်မှုအပိုင်းက  ပုဂ္ဂိုလ်များ အနေဖြင့် တရားဥပေဒ စိုးမိုးရေးကို တိုးတက် ကောင်းမွန် လာစေရန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သော အဆင့်များ ရှိနိုင်သည်။ လူမှုဝန်ထမ်းများ၊ လုပ်အားပေးများဖြင့် ဆောင်ရွက်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်ဖြင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခြင်းနှင့် အနီးအနား ဆင်ခြေဖုံး နေရာများကို လျစ်လျှူရှု မထားဘဲ စောင့်ကြည့် စနစ်များဖြင့် လုပ်ဆောင်မည် ဆိုလျှင် အတိုင်းအတာ တစ်ရပ် အထိ တိုးတက် ကောင်းမွန် လာနိုင်ပါသည်။   

 မြ၀တီ
အိန္ဒိယတွင် လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေး ကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။ တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့် လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

ဆီးရီးယားသို့ ရုရှား စစ်သင်္ဘော လေးစင်းစေလွှတ်


ရုရှား ရေတပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံအနီး မြေထဲပင်လယ် အရှေ့ခြမ်းသို့ စစ်သင်္ဘော လေးစင်း စေလွှတ် ခဲ့ကြောင်း Interfax သတင်း အေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန် ယာဉ်ထိန်းရဲအင်အား တိုးချဲ့ရန်လိုနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်သောကြောင့် တပ်ဖွဲ့ဝင်၅၀၀ ကျော် တိုးချဲ့သွားမည်ဖြစ်သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယ ရဲမှူးမျိုးမြင့်အောင်က စက်တင်ဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

စကော့တလန်တွင် ရှားပါး လိမ္မော်ရောင် ပုစွန်တုပ်ကြီး တစ်ကောင် ရှာဖွေတွေ့ရှိ


ပုစွန်မျိုးစိတ် ၁ဝ သန်းတွင် တစ်ကောင်သာ တွေ့ရှိနိုင်သည့် လိမ္မော်ရောင် ရှားပါးပုစွန်တုပ် တစ်ကောင်အား ငါးဖမ်းသမား တစ်ဦးက ဖမ်းမိခဲ့ပြီး စကော့တလန် အဏ္ဏဝါ ပြတိုက်သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။

အမေရိကန် ရေတပ်က အကြီးစား မောင်းသူမဲ့ လေယာဉ်များ လုပ်ငန်းတာဝန် ပိုမိုထမ်းဆောင် နိုင်ရန် အဆင့်မြှင့်တင်

ဝါရှင်တန် စက်တင်ဘာ ၇
အမေရိကန် ရေတပ်၏ အကြီးစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်အုပ်သည် လုပ်ငန်း တာဝန်များ ပိုမို တိုးမြှင့် ထမ်းဆောင်လျက် ရှိကြောင်း စက်တင်ဘာ ၆ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ကြေ ညာခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်
Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ သဘောတူညီချက်မရ

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှုမရခဲ့ကြောင်း UNFC ၏ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာကပြောသည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။

ယောက်ျားများကိုထိန်းနည်း


ယာက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း

အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက် များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား


ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်

လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်း ဖြစ် စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေ ရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၅၀၀ ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံမည်

8.1.1
သာကေတမြို့နယ် ဧရာဝဏ် လမ်းမကြီးနံဘေးရှိ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်

8.1.1
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများအား တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူး ရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်

8.1.1
နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်နေသည့် နေပြည်တော် လေဆိပ်ကို မြင်တွေ့ရစဉ်
နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျောညီသည့် အများသုံး ယာဉ်စနစ် မရှိခြင်းအပေါ် ပြည်သူများ ဝေဖန်

8.1.1
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျော ညီသည့် အများသုံးယာဉ် ပို့ဆောင်ရေးစနစ် မရှိခြင်းအပေါ် ပြည်သူများက ဝေဖန် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

8.1.1
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုး ချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။

Sunday, September 8, 2013

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်ရန် စီစဉ်ထားသော်လည်း ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေး

T-8-9
မန္တလေးမြို့ ဧရာဝတီ ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့်ဆိပ်ကမ်း ခြောက်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖြင့် တည်ဆောက်ရန် စီစဉ်ထားသော်လည်း ယခုချိန်ထိ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေးကြောင်း သတင်းရရှိပါသည်။

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်

O-8-9
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရား ၀င်ဖြစ်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ

H-8-9
မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်
စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ပြောကြား

B-8-9
ရန်ကင်းမြို့နယ်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေးပလက်ဖောင်းအား ကျော်လွန်ကာ မြောင်းထဲ သို့ ပြုတ်ကျခဲ့သည့် ယာဉ်တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိမှု မရှိသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံ

ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင် သံဃာအပါး ၂၅၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းမည်ဟု သိရသည်။

NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား အထင်လွဲမှားမှု မဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ပါတီ ရုံးချုပ်တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်ကျင်းပသည့် တိုင်းရင်းသားပါတီများနှင့် တွေ့ ဆုံဆွေးနွေးသည့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား အထင်လွဲ မှားမှုများ မဖြစ်ပေါ်စေချင်ကြောင်းနှင့် နားလည်မှုများသာ ရရှိစေချင်ကြောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို

V-8-9
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသား ပါတီ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)
NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက် ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။

တရားစီရင်ရေး ကဏ္ဍတွင် အကျင့်ပျက်မှုများ အမြစ်တွယ်နေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ၀န်ခံ

တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။

Saturday, September 7, 2013

နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ် အခန်းခများ နှစ်နှစ်အတွင်း သုံးဆတက်

8.1.1
ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ဖူးမြော် လေ့လာနေသော နိုင်ငံခြား ခရီးသွားဧည့်သည်များကို တွေ့ရစဉ်
နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ်အခန်း ခသည် နှစ်နှစ်အတွင်း သုံးဆတက်ခဲ့ကြောင်း ထိုင်းအခြေစိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းဌာန TTR Weekly ၏ ဖော်ပြချက်အရ သတင်းရရှိသည်။

အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ သတ်မှတ်မည့်အပေါ် လူအများက ဝေဖန်ကြ

8.1.1
 ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသည်လိုင်းကား စောင့်နေသူများကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည်

8.1.1
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်တွင် တည်ဆောက်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

8.1.1
စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

8.1.1
Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)
မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။