သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့်
အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည်
စတင်မည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာ သုံးသပ်ရေး ကော်မတီ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု
အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေး များတွင်
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက် ရမည်
ဖြစ် သည်။