Friday, October 4, 2013

ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ

ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။

အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်း တွင် အောက် တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများလုယက်ကာထွက်ပြေးခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သည်။

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင် စစ်ဆေး ပြီ

မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံးဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှုစစ်အဖွဲ့ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်

Photo: ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်
===================================

Friday, October 4, 2013

မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာက အသိ အမှတ်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာတော့ လွတ်လပ်မှုဟာ ကြောက်စရာကောင်းလောက်ကို လွတ်လပ်နေ ပါတယ်။ နေ့စဉ်ထုတ်ဝေနေတဲ့သတင်းစာတွေ၊ အပတ်စဉ်ထုတ်နေတဲ့ ဂျာနယ်သတင်းတွေမှာ ရေးသားချက်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးကို နာမည်တပ်ပြီးဆဲရေးတိုင်းတွာခြင်းမပြုရုံတမယ်ပဲကျန်ပါတော့တယ်။ ဟိုတလောက ငြိမ်းချမ်းရေး ပွဲတော်မှာ လူရွှင်တော်တစ်ဦးပြက်လိုက် တဲ့ပြက်လုံးဟာ တော်တော်လေးကိုမိုက်ရိုင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေနွေးခန်းပြက်လုံးတစ်ခုပြက်ပါတယ်။

အဲဒီမှာပြောတဲ့စကားက..နေပြည်တော်မှာဗုံးကွဲတာ မြင်ချင်ပါတယ်… ဆိုပြီး ပြက်ချသွားပါတယ်။ ပြက်လုံးတစ်ခုဆိုတာပြက်လုံးရှိသလို ဖြေလုံးလဲရှိ ရပါ မယ်။ ဒါလူရွှင်တော်စစ်စစ်ကြီးတွေ ဆိုရင် သိပါတယ်။

အခုပြက်လုံးပျက်တဲ့သူဟာ လူရွှင်တော်တော့ စစ်စစ်မဖြစ်နိုင်ပါဘူး။ မြန်မာ နိုင်ငံမှာက ဇဗ္မူဒိပ်နိမိတ် ဆိုတာရှိ ပါတယ်။ အစောကပြောတဲ့ပြက်လုံးနဲ့ ပတ်သက်ပြီး ဖြေလုံးထုတ်သွားတာ မတွေ့လိုက် ပါဘူး။ ပြောရမယ် ဆိုရင် တော့ဒီမို ကရေစီခေတ်ရောက်နေပြီ၊ ငါတို့ပြောချင်သလိုပြောလို့ရနေပြီလို့ ယူဆထားပုံရပါတယ်။ အတိတ်က နာကြည်းချက်တွေ မကျေနပ်ချက်တွေဟာ ကိုယ့်ကြောင့်ဖြစ်ပေါ် လာ ရတာချည်းပါပဲ။ ကိုယ်တိုင်က ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာစရာမရှိ ပါဘူး။ အကြောင်းအကျိုး ဆိုတာဆက်စပ်ပါတယ်။

လူတွေရဲ့မကျေနပ်ချက်တွေဟာ တရားဥပဒေနဲ့ ဖြေရှင်းလို့ရတဲ့ခေတ်ဖြစ် နေပါပြီ။ နစ်နာချက်ရှိရင် တိုင်တန်း လို့ရပါတယ်။ မှန်မှန်ကန်ကန်တိုင်ရက် သားနဲ့မှအရေးမယူတာမျိုးရှိခဲ့ရင် ပွင့်လင်း မြင်သာစွာ ပြောလို့ရတဲ့ မီဒီယာတွေ အများကြီးရှိပါတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ အဖျက်သမား စိတ်ဓာတ်နဲ့အဖျက်တွေကိုပဲ မြင်နေ ပြောနေ လုပ်နေမယ် ဆိုရင်ဒီမိုကရေစီကို ဖျက်ဆီးရာရောက် ပါတယ်။

ရန်ကုန် လှည်းတန်းမှာ မကြာမီကဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဆိုရင် ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လှည်းတန်းမှာ ညဖက်ဆို အိမ်ရှေ့တွေ မှာကားတွေ ရပ်ပြီးညအိပ်ကြ ပါတယ်။ ညအိပ်ရပ်နားထားတဲ့ကားတွေရဲ့ ကားဘီးတွေကို လူတစ်စုက လိုက်ပြီးဖောက်ပစ်လိုက်ပါတယ်။ ကားဘီးတွေ လုံးဝသုံးမရအောင်ဖြစ်သွားပါတယ်။ အနည်းဆုံး ကား အစီး ၄၀ ကျော်ပါ တယ်။ ကားဘီးလိုက်ဖောက်နေတဲ့သူတွေ အတွက် ဘာတွေအကျိုးအမြတ် ရသွားသလဲ။ ဘာအဓိပ္ပာယ်နဲ့ လုပ်တာပါလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် စိတ်ပျက်ဖို့အလွန် ကောင်းပါတယ်။

နောက်တစ်ခုကတော့ နေပြည်တော်မှာဖြစ်ပျက်တာပါ။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှာ ရှိတဲ့ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကိုတရားဥပဒေ နဲ့အညီဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဇော်လတ်ရဲ့ မိသားစုတွေက ဓားပြ…သူခိုးအော်ဟစ်ခြင်း၊မီး…မီးအော်ဟစ်ခြင်း၊ ဇော်လတ်၏ဇနီးမမာသင်းက ၀တ်ဆင်ထားတဲ့ထမိန်ကိုချွတ်ပြီး မုဒိန်းကျင့်တယ်လို့ လိမ်လည်အော် ဟစ်ခြင်းကြောင့် ရွာသားတွေ ရောက်လာပြီးရဲတပ်ဖွဲ့ဝင်တွေကို တုတ်ဓား လက်နက် မျိုးစုံနဲ့ဝင်ရိုက်ခုတ် လိုက် လို့ရဲတပ်ဖွဲ့ဝင်(၇)ဦးဒဏ်ရာတွေရသွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ က၀ိုင်းပြီးဖမ်းဆီးချုပ်နှောင် ထားလိုက်ပါတယ်။နောက် တစ်နေ့ကျမှမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား နဲ့သွားရောက်ထုတ်ယူခဲ့ရပါတယ်။ အဲဒီမှာခေါင်းဆောင်ပါဝင်တဲ့ ဇော်လတ်က NLDပါတီဝင် ကျေးရွာစည်းရုံးရေးမှူးတစ်ဦးဖြစ်ပါတယ်။

NLD ပါတီဝင်တွေရဲ့ အနေအထိုင်မတတ်မှု၊လူပါးဝမှုတွေဟာ ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာချတဲ့လုပ်ရပ်တွေဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌလဲတာဝန် ယူထားတဲ့အတွက် ၀ဲကြီးရွာသားတစ်ချို့နဲ့ NLD ကဇော်လတ် ရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီနည်းလမ်းတကျဖြစ်ပါရဲ့လား။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ၊တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသူတစ်စုအပေါ်မှာဒီလိုမျိုးအုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနဲ့ညီညွတ်ပါသလား။

ဒီမိုကရေစီရတာမှမကြာသေးဘူး ပြန်ပြီးဆုံးရှုံးသွားမယ့် လုပ်ရပ်မျိုးကို တော့ ဆင်ခြင်သင့်လှပါတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဆိုရင် အလွန်ပဲ စိတ်ပျက် ဖို့ကောင်း ပါတယ်လို့ပြောချင် ပါတယ်။

https://www.facebook.com/photo.php?fbid=246406775507649&set=a.238865946261732.1073741828.100004149842479&type=1&ref=nf

မှကူးယူဖော်ပြသည်။
မြန်မာနိုင်ငံမှာ စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ကို ညင်သာစွာကူး ပြောင်းနိုင်ခဲ့ကြောင်း ကမ္ဘာက အသိ အမှတ်ပြုခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လွတ်လပ်မှုဟာ ကြောက် စရာကောင်းလောက် ကို လွတ်လပ်နေ ပါတယ်။

လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့် ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်

Photo: လမ်းကျပ်မှုနှင့် အခြားအခြေခံလိုအပ်ချက်များကြောင့်
ကပရနှင့် အကျိုးတူဆောင်ရွက်မည့်ကိုရီးယားကုမ္ပဏီ မှစီမံ ကိန်းပယ်ဖျက်
Friday, October 4, 2013

မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင်ထားသည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ တင်ဒါခေါ်ယူမှုတွင်ရန်ကုန်အခြေစိုက် Forever Green Light Co.,Ltd ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အခြေစိုက် Busan Bus Co.,Ltd နှင့် မန္တလေးအခြေစိုက်မိုးသောက်နှင်းကုမ္ပဏီလီမိတက်တို့မှတင်ဒါ အောင်မြင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်ကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံမှု ငွေပမာဏနှင့် အချက်အလက်တင်ပြဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း၊လက်ရှိတွင် ကုမ္ပဏီသုံးခုအနက် တောင်ကိုရီး ယားကုမ္ပဏီ Busan Bus Co.,Ltd မှာ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုနှင့်အခြားအခြေခံလိုအပ်ချက်အမျိုးမျိုးကြောင့် နုတ်ထွက်မည် ဖြစ်ကြောင်းသိရသည်။

“အဓိကကတော့ သူတို့စီးပွားရေးအတွက် တွက်ခြေမကိုက်လို့ဘဲ၊ မြို့တွင်းချဲ့ရမယ်၊ City Bus မှာသူတို့အရှုံးပေါ်ဖို့များနေတယ်၊ City Bus မှာအရှုံးပေါ်ပေမဲ့လည်း တခြားလုပ်ငန်းတွေက အမြတ်နဲ့ ပြန်ကာမယ် ဆိုတော့အဆင်ပြေမှာပါ၊ ဒါပေမဲ့သူတို့နိုင်ငံကစီးပွား ရေးလုပ်ငန်းရှင်များ အသင်းရဲ့တွက်ချက်မှုအရ မကိုက်ဘူးပေါ့၊ City Bus မှာဆိုရင် အထူးကားလည်းမဟုတ်ဘူး၊ ရပ်တင်မောင်းစနစ်နဲ့တိုင်းဒေသကြီးက သတ်မှတ်တဲ့နှုန်းအတိုင်းဆွဲရမှာဆိုတော့ သူတို့တွက်ခြေမကိုက် ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ဌာနကလည်း လုပ်ငန်းစဉ်တွေထဲမှာ City Bus ပြေးဆွဲမှုကိုအဓိကထား ဆောင်ရွက်ထားတယ်၊ လုပ်ကိုင်ခွင့်ပြုတုန်း ကလည်း Ciyt Bus ကို ဆောင်ရွက်မှ ပေးမယ်ဆိုပြီးတော့ တစ်ခါတည်းသဘောတူထားတယ်”ဟု ‘ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ကပရ)’မှ ဒုတိယအထွေထွေမန်နေဂျာ ဦးတင်ဝင်းမောင်က ပြောသည်။

ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်ရန်၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီသုံးခုနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ရန် သဘောတူညီခဲ့ပြီး မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု၊ အဝေးပြေးယာဉ် လိုင်း ပြေးဆွဲမှု၊ ကုန်စည်ပို့ဆောင်မှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ယာဉ်အပို ပစ္စည်းနှင့် ၀န်ဆောင်မှုစင်တာဖွင့်လှစ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် Forever Green Light Co.,Ltd မှ ငွေကျပ် သန်း ၇,၁၄၀၊ မိုးသောက်နှင်းကုမ္ပဏီလီမိတက်မှ ငွေကျပ် သန်း ၁,၅၀၀နှင့် ကိုရီးယားကုမ္ပဏီ Busan Bus Co.,Ltd မှ ငွေကျပ်သန်းတစ်သောင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကပရဌာန၏ထုတ် ပြန်ချက်များအရသိရသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအတွက် ဂျပန်နိုင်ငံ JCClကုမ္ပဏီလီမိတက်နှင့်ကပရတို့ပူးပေါင်းကာ ဆောင်ရွက် ရန်သဘောတူခဲ့ပြီး ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် JCCl မှဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Automobile Journal
မြို့တွင်း ယာဉ်လမ်းကြောင်းကျပ်တည်းမှုနှင့် အခြားအခြေခံအချက်လိုအပ်ချက်များကြောင့် ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန(ကပရ)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းအား တင်ဒါအောင်မြင် ထားသည့် ကိုရီးယားကားကုမ္ပဏီ Busan Bus မှပယ်ဖျက်လိုက်ကြောင်း ‘ကပရ’ မှသတင်းရရှိသည်။

"သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."

ဟဲလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ အလှူလုပ်ခဲ့ပါတယ်။ ဒီဂေဟာ မှာတော့ ရှမ်းပြည်ဘက်က မိဘမဲ့ ကလေးတွေ များပြီး ကလေးတွေကို သူငယ်ချင်းတွေ နဲ့အတူ သွားရောက် လှူဒါန်း ရတဲ့ အတွက် ပီတိလည်း ဖြစ်မိကြောင်း ဟဲလေးကပြောပါတယ်။

ခိုလှုံသူတွေရဲ့သင်္ဘော အီတလီမှာ နစ်မြုပ်

အာဖရိကမြောက်ပိုင်း ဒေသကနေ အီတလီ နိုင်ငံကို ပင်လယ် လမ်းကြောင်းကနေ ဝင်ရောက် လာသူတွေ ရဲ့ သင်္ဘောဟာ အီတလီ လန်ပီဒူစာ ကျွန်း အနီး ကမ်းလွန် တစ်နေရာမှာ မီးလောင် နစ်မြုပ် သွားတဲ့ အတွက် သေဆုံးသွား ခဲ့သူ လူပေါင်း ၉၀ ကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

အကယ်ဒမီဆု အတွက် ဆန်ခါတင် နောက်ဆုံးအဆင့် စစ်ဆေး နေဖြစ်ပြီဖြစ်


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အတွင်း ကျင်းပမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီ ဆုပေးပွဲ အတွက် ရုပ်ရှင် ဇာတ်ကားများ ဆန်ခါတင် စစ်ဆေးမှုဟာ နောက်ဆုံး အဆင့် စစ်ဆေးမှုကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှု တွေမှာ ပထမအဆင့် စစ်ဆေးခဲ့မှုမှာ ဆန်ခါတင် ဇာတ်ကား ၁၇ ကားရှိခဲ့ပြီး ယခုနောက်ဆုံး အဆင့် စစ်ဆေးမှု မှာတော့ ဆန်ခါတင်ရုပ်ရှင် ဇာတ်ကား ၇ ကားသာ ရှိတော့တယ်လို့ သိရပါတယ်။

သံတွဲ ဆူပူမှု အတွက် ရခိုင် ပါတီ ခေါင်းဆောင် ဖမ်းဆီးခံရ

ရခိုင် ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့ တိုက်ခိုက်မှု မတည်ငြိမ်မှု တွေနဲ့ ပတ်သက်ပြီး ရခိုင် ပါတီ ခေါင်းဆောင် တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။

ဒေသခံတိုင်းရင်းသားများ ကျီးလန့် စာစားလုပ်ကိုင်စားသောက်နေရသော်လည်း ရိက္ခာနှင့် ဆက်ကြေးငွေ များအား KIOမှဆက်လက်ကောက်ခံလျှက်ရှိ

ကချင်ပြည်နယ်ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော ဒေသခံတိုင်းရင်းသားများအား အောက်တိုဘာ ၂ ရက်နေ့မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံးမှ နှစ်စဉ်ကောက် ခံနေသော ဆန်၊ဆီ၊ဆား နှင့် ငွေကြေးတို့ကို လာရောက်ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ပုံကို ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်များတွင် အသုံး ပြုလျှင် ထောင်ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့် ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်း အမှတ် များ (ဆင်ယင်ပြ သမှု ကန့် သတ်ရေး)အက်ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းတွင် ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။

OIC လာရောက်ပါက ရခိုင်လူထုတစ်ရပ်လုံး ဆန္ဒပြမှု ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာ အရေးကိစ္စ ဆွေးနွေးရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Organization of Islamic Cooperation (OIC) လာရောက်မည်ဟု အင်တာနက် စာမျက်နှာပေါ်တွင် သတင်းများ ပျံ့နှံ့လျက် ရှိပြီး အမှန်တကယ် လာရောက်ပါကလည်း ရခိုင်လူထု တစ်ရပ်လုံး ဆန္ဒထုတ်ဖော် မှု ဖြစ်ပေါ် လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

နိုင်င်ငံတကာသတင်းတို


• ဗြိတိန်နိုင်ငံနှင့် ၎င်း၏ ကိုလိုနီဟောင်းများ စုပေါင်းထားသော ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၈ နှစ်အကြာ ရပ်တည်ခဲ့ပြီးဖြစ်သော ဂမ်ဘီယာနိုင်ငံကယင်းအဖွဲ့မှာ ခေတ်သစ်ကိုလိုနီအဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားကာ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အောက်တို ဘာ ၃ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ နုတ်ထွက်ကြောင်း ကြေညာချက်အား နိုင်ငံပိုင်ရုပ် သံမှတစ်ဆင့် ကြေညာခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ ထည့်သွင်းပြော ကြားသွား ခြင်းမရှိပေ။ ။

ဆန္ဒပြမှုများ မကြာခဏဖြစ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နိုင်ကြောင်း တိုင်းလုံခြုံရေးဝန်ကြီး ပြော

ပြည်တွင်းတွင် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်နေပါက ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူများအနေဖြင့် တွန့်ဆုတ် သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

မိုးတွေ။လေတွေလျော့နည်းလာပြီး ရေတွေလည်း ပိုဆိုးမလာနှိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ရုတ်တရက်ထွက်ခွာ နှုတ်ဆက်လျက်ပါ
Weather News Update
3-10-2013
9:22 pm

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း"

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အစိုးရက ပြောပါတယ်။

ဖက်ဒရယ် နှင့် သေနတ်

ယနေ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ငါးခု၊ ပြည်ထောင်စု နယ်မြေတစ်ခု (နေပြည်တော်) တို့ ပါဝင် ပါတယ်။ ပြည်ထောင်စုနယ်မြေ သတ်မှတ်တာတော့ ပြည်နယ်၊ တိုင်းတွေမှာ သီးခြားလွှတ်တော်၊ သီး ခြားအစိုးရတွေ ရှိနေတာမို့ ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာနေရာ သီးခြားရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် မှာ ၀ါရှင်တန်၊ သြစတေးလျ မှာကင်ဘာရာ စသည်ဖြင့် ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာနေရာတွေကို သီးခြားထားသလိုပါဘဲ။ ဒါဟာ ဖက်ဒရယ်ရဲ့ သဘောတရားပါပဲ။

အစိုးရနဲ့ ကေအိုင်အိုတို့ ဒုက္ခသည်အရေး ဆွေးနွေးဖို့ရှိ


ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို-ကေအိုင်အေနဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ လာမယ့် အောက်တိုဘာလ ၈ရက်နေ့ ကျရင် ပြုလုပ်မယ့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲအတွင်းမှာ ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်တွေ၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အပါအ၀င် ခေါင်းစဉ် ၅ခုကို ဆွေးနွေး မှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

မိုးစက်ဝိုင် ရဲ့ ဆုရဓာတ်ပုံများအစုံအလင်ကြည့်နိုင်ပါပြီ

နိုင်ငံတော်သမ္မတ အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူးရယူထားဆဲ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပြောကြား

နိုင်ငံတော်သမ္မတ အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ ပါတီလုပ်ငန်းများ ၀င်ရောက်ဆောင်ရွက်ခြင်း မရှိတော့သော်လည်း တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူး ရယူထားဆဲဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က အောက်တိုဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ကေအိုင်အိုတို့ မူဘောင်ကွဲလွဲမှု ရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကေအိုင်အို အလုပ်အဖွဲ့ရုံးတွင် မြန်မာ့ငြိမ်းချမ်းရေး စင်တာနှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၃ ရက်တွင် ဒုတိယနေ့အဖြစ် ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ကွဲလွဲမှု ရှိနေကြောင်း သိရသည်။

သံတွဲပဋိပက္ခ အချိန်ကိုက်လုပ်သည်ဟု သမ္မတ ဦးသိန်းစိန်က သံသယဖြစ်


 သံတွဲမြို့ရောက် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်
 
ရခိုင်ပြည်နယ် ခရီးစဉ်သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်က သံတွဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ သူ့ ခရီးစဉ်နဲ့ အချိန်ကိုက်လုပ်ခဲ့သည်ဟုပင် သံသယ ဖြစ်စရာ အကြောင်းများ ရှိကြောင်း ယနေ့ည ၈ နာရီ သတင်းတွင် ကြေညာသွားပါတယ်။  

မိတ္ထီလာကန်ရေ မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက ဖောက်ချရန် စီစဉ်လျှက်ရှိ

စက်တင်ဘာ လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှု့ကြောင့် မိတ္ထီလာမြို့ မိတ္ထီလာကန်ရေမှာ လက်ရှိအချိန်တွင် မြင့်တက်နေပြီး မိုးဆက်လက် ရွာသွန်းပါက မိတ္ထီလာကန်ရေ ဖောက်ချနိုင်ရန် စိစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း


Photo: သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း
Friday, October 4, 2013

နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှုမရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြဌာန်းချက်တွေ အတိုင်း ပါတီတာဝန်တွေကို တရားဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ရှင်းလင်းတင်ပြခဲ့တာပါ။

"ပြည်ထောင်စုဝန်ကြီးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပုဒ်မများနဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသဖြင့် တရားဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားအပ်ပါသည်၊ ပါတီလုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်း တင်ပြအပ်ပါသည်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ပုဒ်မ ၂၃၂ တို့မှာ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ သူတို့ရဲ့ အစိုးရတာဝန်သက်တမ်းအတွင်း သက်ဆိုင်ရာပါတီအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ပြဌာန်းထားပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သမ္မတရုံးဝန်ကြီးရဲ့ ဖြေကြားချက်ဟာ တိကျတဲ့အဖြေမဟုတ်ဘူးလို့ ဒီနေ့ မေးမြန်းခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
"ပါတီတစ်ခုရဲ့ ဥက္ကဌတို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ဆိုတာ ဒါပါတီရဲ့အကြီးအကဲပဲ၊ ပါဝင်ဆောင်ရွက်နေတာပဲ၊ ဒါကြောင့်မို့လို့ အဓိပ္ဗာယ်ရှင်းရှင်းလင်းလင်းဖြစ်အောင်မေးတာ၊ အဲဒီအပေါ်မှာ အန်ကယ်တို့က ရှင်းရှင်းလင်းလင်းတိတိကျကျ လိုချင်တယ်လေ၊ ပါရင်လည်း ဥပဒေနဲ့အညီပါတယ်၊ မပါရင်လည်း ဥပဒေနဲ့မညီလို့ မပါဘူး၊ ဒါတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ခြင်းမရှိပါဘူးပဲဖြေတယ်၊ ပါဝင်နေသလား၊ မပါဝင်ဘူးလား ရှင်းရှင်းလင်းလင်းကို မပြောဘူး"

နောင်လာမယ့် အစိုးရတာဝန်ရှိသူတွေကြားမှာ အစိုးရတာဝန်နဲ့ ပါတီတာဝန် အငြင်းပွားစရာ မဖြစ်စေချင်တာကြောင့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာလို့ ဦးဝင်းမြင့်က ပြောပါတယ်။

RFA Burmese
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှု မရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလလယ်၌ ရှမ်းတိုင်းရင်းသားစာရင်း ကောက်ယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှမ်းလူဦးရေစာရင်း ကောက်ယူမှုကို အောက်တိုဘာလလယ်ပိုင်းမှ စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီမှ သိရသည်။

ကလေးမြို့ ရေဘေး လူ ၁၀ ကျော် ပျောက်ဆုံး


စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ် ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက် ယူနေ ဆဲဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံ (သူငယ်တန်း)+ ၅-၄-၃ စနစ်သို့ ပြောင်းလဲနိုင်ရန် စီမံချက် (မူကြမ်း) အား ပညာရေး ၀န်ကြီးဌာနမှ ရေးဆွဲနေ

အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံကို (သူငယ်တန်း) ကေဂျီ + ၅-၄-၃ စနစ်သို့ ပြောင်းလဲ အကောင် အထည် ဖော်နိုင်ရန် စီမံချက်(မူကြမ်း)အား ပညာရေး ၀န်ကြီးဌာနမှ ရေးဆွဲလျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။

ရဲတပ်ဖွဲ့ အချုပ်စခန်းများအား ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူသော အချက်များ ပါဝင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု

ရဲတပ်ဖွဲ့ အချုပ်စခန်းများအား အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုရ မည်ဟူသည့် အချက်များ အပါအ၀င် နိုင်ငံ တော်သမ္မတ၏ သဘောထားမှတ်ချက်များ ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းများအား ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထား မှတ်ချက်များနှင့် ညှိနှိုင်းပြင်ဆင် အတည်ပြုခဲ့ကြောင်း သိရသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (သံတွဲ) ဥက္ကဋ္ဌ အပါအ၀င် ရခိုင်တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထား

8.1.1

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း သံတွဲမြို့၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဦးစောလှိုင်(ခ) ဦးမောင်ပုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် ခြောက်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်း ထားပြီး အောက်တိုဘာ ၃ ရက်တွင် ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သည်ဟု ယူဆရသူငါးဦးအား ထပ်မံဖမ်း ဆီးခဲ့ကြောင်း သိရသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ




ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ် အား အုတ်ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။