Tuesday, October 22, 2013
နိုင်ငံတကာ အလှမယ်တွေ မြန်မာပြည်မှာ ပရဟိတလုပ်ဖို့ နန်းခင်ဇေယျာက ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့ နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှုံ့ဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
န၀တ လက်ထက်က သိမ်းဆည်းခဲ့သော လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေး
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ လက်ထက်က
နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်း ခဲ့သော လိုင်စင် သို့မဟုတ် ပါမစ်ဖြင့်
ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင်
သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ်
မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ပြောကြားသည်။
လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု
ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား
သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင်
စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့်
မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ
အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။
အနုပညာရှင်အသင်းနှင့်ခြေစမ်းမည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ
ရခိုင်အမျိုးသားကွန်ယက် Arakan National Network (RNN) ဖလားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှ တ်အဖြစ် ရုပ်ရှင်အစည်းအရုံးဝင် မြန်မာ အနုပညာရှင်များဘောလုံးအသင်းနှင့် 
နိုင်ငံရေးအကျဉ်းသားဟောင်း များဘောလုံးအသင်း ပထမဦးဆုံးအကြိမ်အဖြစ်
ရန်ကုန်အောင်ဆန်းကွင်း၌ အောက်တိုဘာ(၂၄)ရက်နေ့၌
ယှဉ်ပြိုင်ဘောလုံးကစားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးကိစ္စ ကရင်လူထုနဲ့ ကေအဲန်ယူ တွေ့ဆုံမည်
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ကရင်တိုင်းရင်းသားတွေရ
ရခိုင်ပြည်သူ လူထု၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အပါအ၀င် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် တောင်းဆို

မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့်
ကျောက်ဖြူ-ကူမင်း ရထား လမ်း စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း
လုပ်ကိုင်နေသည့် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန်
ရခိုင်ပါတီများနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ အရပ်ဘက်
အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်း များက အောက်တိုဘာ ၂၁ ရက်က
တောင်းဆိုချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်

လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ
ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ
မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခို ခန်းခ
နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။
ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ်
အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ်
လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး
တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက်
ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ
အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့်
ဒေသခံများထံမှ သိရသည်။
Monday, October 21, 2013
မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်

မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ် လို့ မလေးရှားအစိုးရက ကြေညာပါတယ်။
သုံးခွတွင် တစ်ရွာတည်းသားချင်း လှံဖြင့်ထိုး
သုံးခွမြို့နယ်ရှိ
ကျေးရွာတစ်ခုတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ရာမှ လှံဖြင့်
ထိုးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။
အမှုတွင် ယင်းနေ့ညနေ ၅ နာရီခွဲက မုဒိတာကျေးရွာနေ ကျော်မျိုးဦးသည် တစ်ရွာတည်းနေ အေးရွှေဆို သူ၏ နေအိမ် အနောက်ဘက်တွင် ငါးပိုက်ဖော်နေ ခဲ့ပြီး အေးရွှေနှင့် မောင်ဇော် (စုံစမ်းဆဲ) တို့က ၎င်းတို့ အိမ်ရှိ ၀ါးကိုင်းများအား ခုတ်ချခဲ့ရာ ကျော်မျိုးဦး ငါးဖော်သည့် နေရာသို့ ၀ါးကိုင်းများ ကျခဲ့သည်ဟုလည်း ဆိုထားသည်။
အမှုတွင် ယင်းနေ့ညနေ ၅ နာရီခွဲက မုဒိတာကျေးရွာနေ ကျော်မျိုးဦးသည် တစ်ရွာတည်းနေ အေးရွှေဆို သူ၏ နေအိမ် အနောက်ဘက်တွင် ငါးပိုက်ဖော်နေ ခဲ့ပြီး အေးရွှေနှင့် မောင်ဇော် (စုံစမ်းဆဲ) တို့က ၎င်းတို့ အိမ်ရှိ ၀ါးကိုင်းများအား ခုတ်ချခဲ့ရာ ကျော်မျိုးဦး ငါးဖော်သည့် နေရာသို့ ၀ါးကိုင်းများ ကျခဲ့သည်ဟုလည်း ဆိုထားသည်။
မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။
စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ

စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမားမလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ်ရေး လုပ်ငန်းများသည် ကုန်ကျ စရိတ်မြင့်မားခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရော က် နေ သည်။
ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည့်မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံ စည်ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်ရန်ကြံ စည် ခဲ့ကြောင်း တရားခံဟု ယူဆရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။
ဗြိတိန်မှ လူသိထင်ရှား မွတ်စလင်များကို ဆိုမာလီစစ်သွေးကြွများက ဗီဒီယိုဖိုင်မှတစ်ဆင့် ခြိမ်းခြောက်
ဗြိတိန်ရဲ့က နိုင်ငံအတွင်းရှိ လူသိများထင်ရှားသည့် မွတ်စလင်များကိုသည် အန္တရာယ်ရှိနေကြောင်း၊ သူတို့ကို အစ္စလာမ်၏ ရန်သူများအဖြစ် ဆိုမာလီ Shebab စစ်သွေးကြွများ၏ ဗီဒီယိုဖိုင်တွင် အမည်စာရင်းနှင့်တစ်ကွ ဖော်ပြထားသည်။ ယင်းဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၆ရက် အိစ်ဒ်နေ့က YouTube တွင် တင်ခဲသည်။ ဖိုင်သည် နာရီနှင့်ချီကြာမြင့်ခဲ့ပြီ
iPhone ၀ယ်ရန် အကြံနှင့် သမီးငယ်ကိုရောင်းသော တရုတ်စုံတွဲ
ရှန်ဟိုင်းရုံးတော်က တရုတ်လင်းမယားကို မိမိ၏ ရင်သွေးအား အွန်လိုင်းမှတဆင့်ရောင်းချသဖြင့် လူကုန် ကူးမှု ဥပဒေအရ ဖမ်းဆီးလိုက်ကြောင်း ရှန်ဟိုင်းနေ့စဉ်ထုတ် Jiefang သတင်းစာတွင် ရေး သား ထားသည်။
အောက်တိုဘာ ၁၈ရက် ရက်စွဲဖြင့် ထုတ်ဝေသည့် ယင်းသတင်းစာတွင် Mr. Teng နှင့် Ms. Zhang ဟု အမည်ပါသော ထိုတရုတ်လင်မယားသည် iPhone အပါအ၀င် အခြားပစ္စည်းများ ၀ယ်ယူရန် သူတို့၏ သမီးငယ်ကို ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သူတို့က ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကလေးငယ်၏ အနာဂတ် ပိုမိုတည်ငြိမ်ရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ် သည်ဟု ပြန် လည်ချေပလျှက် ရှိသည်။
အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....
Weather News Update
21-10-2013
2:37 am
ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။
ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ
နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့
အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရ ပါတယ်။
Weather News Update
21-10-2013
2:37 am
ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရ ပါတယ်။
21-10-2013
2:37 am
ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရ
၂၀၁၄ အတွက် Lamborghini Veneno အရေအတွက် သတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်ရောင်းချ သွားမည်
ကမ္ဘာကျော်ပြိုင်ကားများကို ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကားစွဲလမ်း
သူများက နှစ်စဉ်ကားသစ်ဝယ် ယူစီးမှုများ ရှိနေရာ ယခု ၂၀၁၄
ခုနှစ်အတွက် မော်ဒယ်သစ်ပြိုင်ကား တစ်စီးဖြစ်သည့် Lamborghini Veneno ကို
ဂျာမနီ နိုင်ငံမှ မိတ်ဆက်ပြသလိုက်သည်။
ဘရာဇီးလ်မြို့တော် ရီယိုသို့ ထောင်နှင့်ချီသော မိကျောင်းများ ကျူးကျော်လာ

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ သဘာဝ ရေကန်နှင့်
အင်းအိုင်များအတွင်း ကိုင်မန် (Caiman) မိကျောင်းများ ထောင်နှင့်ချီ
ကျူးကျော် ရောက်ရှိလာသည့်အတွက် တာဝန်ရှိသူများ ဗျာများလျှက် ရှိနေကြောင်း
သိရသည်။ ကိုင်မန်ဆိုသည်မှာ မိကျောင်းခေါင်းတို (Alligator) အဆက်အနွယ်
ဖြစ်သော် လည်း ယဉ်ပါးအေးဆေးပြီး အရွယ်အစားအားဖြင့် မကြီးမားလှသလို
တောင်အမေရိကတိုက်တွင်သာ အဓိက ရှင်သန် ကျက်စားသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။
ယခုအခါ ကိုင်မန်မိကျောင်း (၅၀၀၀)မှ (၆၀၀၀)ခန့် အရေအတွက်သည် ရီယိုမြို့သို့
ကျူးကျော်ဝင်ရောက်လာပြီး ၎င်းတို့ကို တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးနေရသည်။
ညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သည့် ကိုင်မန်တို့သည်
မိလ္လာကန်ကဲ့သို့ နေရာများတွင် ဝင်ရောက် ကျက်စားလေ့ ရှိသလို အချို့ ကလည်း
ရေ သန့် ရေကြည် ကန်များထဲ ရောက်ရှိနေသည်။
ဗုံးကွဲမှုတွေဟာ ပဋိပက္ခ မပြေငြိမ်းအောင် ရည်ရွယ်တာလို့ KNU ပြောဆို

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့
နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ
ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား
အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင်
စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင်အမျိုးသား အစည်းရုံးမှ
တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။
နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး
နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ
အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊
မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ မယ်တချို့ပါ။
မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့
အဖွင့်စာ မျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။
ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ
အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို
နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က
ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ
ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသား အစည်းအရုံး)က သုံးသပ်
ပြောဆိုလိုက်သည်။
အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက် (မန်ယူနိုက်တက် ၁-၁ ဆောက်သမ်ပ်တန်
ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့်
ဆောက်သမ်ပ်တန် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။
ရာသီအဖွင့် ဆိုးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာ
ဖြစ်သလို ဆောက်သမ်ပ်တန်ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေနဲ့
တာထွက်လှနေတဲ့ အသင်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ
ဖြစ်ပါတယ်။ အထူး သဖြင့် ဆောက်သမ်ပ်တန်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ
အကောင်းဆုံး ခံစစ် ဖြစ်နေပြီး တစ်ရာသီလုံးမှာ ပေးဂိုး ၂ ဂိုးတည်းသာ
ရှိခဲ့ပါတယ်။
ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော
ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU
အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင်
ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ
ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က
အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌
ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ်
အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU
ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း
ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး
ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။
ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်
မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့်
ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ
ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း
ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏
သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။
Subscribe to:
Posts (Atom)





