Friday, December 6, 2013

အရေးကြောင်း ကင်းစေသော နည်းလမ်းများ

၁။ ပက်လက်အိပ်ပါ

သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရ၍ ချင်းလူမျိုးဒုက္ခသည် တစ်သိန်းကျော် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေဟုဆို

နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် မြန်မာနိုင်ငံ အတွင်းမှ ချင်းလူမျိုးဒုက္ခသည် တစ်သိန်းကျော် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ သည့် ချင်းအမျိုးသား ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ Chin Human Right Organization (CHRO) မှ ဦးလျန်ဘွေဆန်းက ချင်းအမျိုးသား ညီလာခံမှ ထုတ်ပြန်ချက်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ချင်းလူမျိုး ဒုက္ခသည်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့ ပြေကြားခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် နှင့် အဲဗာတန်တို့ ပွဲအပြီး နည်းပြ နှစ်ဦးရဲ့ ပြောစကား

ယနေ့မနက် အစောပိုင်းက ကစားခဲ့သည့် ပရီးမီးယားလိဒ်ပွဲစဉ် (14)အပြီးတွင် မန်ချက်စတာ ယူနိုက်တက် သည် အဲဗာတန် အသင်းကို အိမ်ကွင်း အရှုံးနှင့် အတူ ဇယားထိပ်မှာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် (12)မှတ် အကွာသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။အဲဗာတန်အား ရှုံးခဲ့သည့် ပွဲအပါအ၀င်လက်ရှိ ချန်ပီယံသည် ပရီးမီးယားလိဒ် နောက်ဆုံး (3)ပွဲတွင် (2)မှတ်သာ ရခဲ့သည် သလို ဝေဖန်မှု့များ ကိုလည် ဒေးဗစ်မိုယက်စ် ရင်ဆိုင်လာခဲ့ရပြီဖြစ်သည်။

လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ

ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အနက် နှစ်ဦး ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င် ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန် ချမှတ်ခဲ့ပြီး ပျက်ကွက် ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းမှာ ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်

ရဟန်းသံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းများမှာ ဥပဒေနှင့် မညီညွတ် သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန်ဖွရွာမှ ရွာသား ၂၀ ကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်းကို KIO ဗဟိုက မသိရှိသေးကြောင်း တုံ့ပြန်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိ မန်ဖွကျေးရွာမှ ရွာသား ၂၀ ဦးကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်း ကို KIO ဗဟိုက မသိရှိရသေးကြောင်း သိ ရှိရပါသည်။
" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့ KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ဆီရောက် တာ မရှိသေးဘူး " ဟု KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

Thursday, December 5, 2013

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ
Thursday, December 5, 2013

ကျွန်မတို့လင်မယား မစားရင်နေပါစေ ကလေးတွေအတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါစကားကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူးကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာပူးမောင်နှမ တို့၏ မွေးသမိခင်ဖြစ်သည်။ မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့်အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦးကို မွေးဖွားခဲ့ သည်။

သို့သော် ထိုအမြွှာညီအစ်ကို မှာ ကံမကောင်းစွာပင် မီးတွင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်း တွင် ကိုမြင့်ထွေးတို့လင်မယားသည် သမီးမိန်းကလေးနှစ်ဦးကို ရှေ့ဆင့် နောက်ဆင့် ထပ်မံမွေးဖွားခဲ့သည်။ ယခုအခါ သမီးကြီးမှာ အသက်ကိုးနှစ် အရွယ် တတိယတန်းကျောင်းသူ ဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ် အရွယ် လူမမည်အရွယ်ကလေးငယ် တစ်ဦးဖြစ်သည်။ ၂၀၁၃ မေ ၁ရရက် နံနက် ၁၁ နာရီခွဲခန့်တွင် မသီတာသည် သူမ ၏ လေးမြွှာပူး ရင်သွေးငယ် လေးဦးကို သထုံပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ သည်။ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေအရ ထိုနေ့ညနေပိုင်းတွင် ရန်ကုန် ဟယ်လ်ပင်ကလေး အထူးကု ဆေးရုံသို့ လွှဲပြောင်းဆေးကုသစေခဲ့ သည်။

''မွေးဖွားစကတော့ လူတွေစိတ် ဝင်စားလို့ ငွေကြေးနဲ့ အစားအစာတို့ လှူဒါန်းပေးကြတာ ရှိပါတယ်။ ခုတော့ လူတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ် နေလို့ ကျွန်တော်တို့မှာ ဒီကလေး လေး ဦးနဲ့ အတော်ဒုက္ခရောက်နေပါတယ်။ ပြီးတော့ ကလေးတွေရဲ့ နို့မှုန့်ဖိုးက လဲ အခုဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ လောက် ကုန်နေတယ်။ ကျွန်တော် တို့မှာ စားဖို့အနိုင်နိုင် သူတို့နို့မှုန့်ဖိုး ကို ဘယ်လိုရှာရမှန်းလဲမသိတော့ဘူး။ ကလေးတွေက ခုနစ်လသားအရွယ် ဖြစ်လာပြီဆိုတော့ စားသောက် နှုန်း တွေကလဲ တစ်နေ့ ထက်တစ်နေ့ တိုးတိုး နေပါတယ်။ တခြား ထမင်းနဲ့ဖြည့် စွက်စာတွေလဲ ထပ်ကျွေးနေရတော့ ကျွန်တော်တို့မှာ ဘယ်လိုမှ မတတ် နိုင်တော့ဘူး''ဟု ကိုမြင့်ထွေးက ပြောသည်။ ကလေးများအား အချိန်ပြည့် ထိန်းနေရ ၍ သူကိုယ်တိုင် အလုပ်မ လုပ်နိုင်ဖြစ် နေသောကြောင့် အိမ်တွင်း ရှိ မိသားစုဝင်ရှစ်ဦး၏ စားဝတ်နေရေး မှာ အလွန်ဒုက္ခရောက်လျက်ရှိနေ ကြောင်း ကိုမြင့်ထွေးက ဆက်ပြော သည်။ ''ကျွန်တော်က ရွာထဲမှာရှိတဲ့ ကျောက်မိုင်းမှာ နေ့စား အလုပ် လုပ် ပါတယ်။ မိန်းမကတော့ အုတ်ဖုတ် လုပ်ငန်းမှာ နေ့စားလုပ်ပါတယ်။ ခု တော့ နှစ်ဦးစလုံး ကလေးထိန်းနေရ လို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒါကြောင့် ဝင်ငွေလဲတစ် ပြားမှ မရှိတော့ဘူး''ဟု ယင်းကဆက် ပြောသည်။

ကလေးငယ် များ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဇင်းကျိုက်နှင့် ပေါင် မြို့နယ်ရှိ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများက အခမဲ့ ကုသပေးလျက် ရှိသော်လည်း လိုအပ်သည့် အာဟာ ရအတွက် မည်သည့်အထောက်အပံ့ မှ မရရှိပုံကို မသီတာက ယခုကဲ့ သို့ ပြောပြသည်။ ''ကလေးတွေမွေးခါစ အချိန်တုန်း က မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန် တစ်အိတ်နဲ့ ဆီတစ်ပုံး လာလှူပေး သွားခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ နောက် ပိုင်းတော့ တစ်ခေါက်မှ မလာ တော့ ဘူး။ ပေါင်မြို့မှာရှိတဲ့ စိတ္တသုခနာရေး ကူညီမှုအသင်းကတော့ နို့မှုန့် ငါးပါ ကင်ကို ငါးကြိမ်တိုင်တိုင် လာလှူပေး ခဲ့တယ်။ ပြီးတော့ ငွေကြေးတချို့ကို လည်းလှူခဲ့တယ်။ ဒါပေမဲ့ အခုကလေး တွေရဲ့ နို့မှုန်သောက်တဲ့ပမာဏက နှစ် ရက် ကို တစ်ဘူး နှုန်းဖြစ်နေတော့ ဘယ် လိုမှ မလောက်တော့ဘူး။ လက်ထဲ မှာလဲ ပိုက်ဆံမရှိတော့ ဒီကလေးတွေ ကို ဘယ်လိုဆက်ကျွေးမွေးရမှန်းလဲ မသိတော့ဘူး''ဟု ယင်းကပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် အဆိုပါ လေးမြွှာ ပူးကလေးငယ်လေးဦး၏ ကျန်းမာရေး အတွက် လိုအပ်သည့် နို့မှုန့်ဘူးများ ကို ထောက်ပံ့ပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက UNICEF ကဲ့သို့ အဖွဲ့ များနှင့် ဆက်သွယ်ပေးပြီး သူတို့မိသား စု၏အခက်အခဲကို ကူညီပေးစေလို ကြောင်း ကိုမြင့်ထွေးက မေတ္တာရပ်ခံ ထားသည်။

ယင်းနှင့်ပတ်သက်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကို ရန်ကုန်တိုင်းမ်ဂျာ နယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ တာဝန် ရှိသူမှ ''ကျွန်တော်တို့ လူမှုဝန် ထမ်းဌာနအနေနဲ့ ဒုက္ခရောက် နေတဲ့ သူတွေကို အကူအညီပေးဖို့ တာဝန်ရှိ ပါတယ်။ အခုလို သုံးမြွှာပူးနဲ့အထက် မွေးဖွားတဲ့မိသားစုကို ကနဦး Initial Supporting အဖြစ် ငွေကျပ်ငါးသိန်း ထောက်ပံ့ဖို့ သတ်မှတ် ထားပါတယ်။ အဲဒီလေး မြွှာပူး ကလေးငယ် များကို မွေးဖွားပေးခဲ့တဲ့ မိဘများအနေနဲ့ လို အပ်တဲ့အကူအညီကိုရရှိဖို့ မွန်ပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ကို ဆက်သွယ်ပြီး အကူအညီတောင်း ခံဖို့ လမ်းညွှန်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ မွန်ပြည်နယ်လူမှုဝန် ထမ်းဌာန ဦးစီးမှူးထံ ဖုန်းဆက်ပြီး အဲဒီ ကလေးတွေကို အကူအညီပေး ဖို့ အကြောင်းကြားပေးပါမယ်''ဟု ပြန် လည်ဖြေကြားခဲ့သည်။

မင်းညီ
လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ

ွှThe Yangon Times 
ကျွန်မတို့လင်မယား မစားရင်နေပါစေ ကလေးတွေအတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါစကားကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူးကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာပူးမောင်နှမ တို့၏ မွေးသမိခင်ဖြစ်သည်။ မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့်အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦးကို မွေးဖွားခဲ့ သည်။

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ

အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲ ရှိသေးတယ်” ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ် သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်း ချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။

ပွင့်လင်းရာသီ အိမ်၊ ခြံ၊ မြေ ဈေးကွက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းကျ

စံနှုန်းသတ်မှတ်အပြီး အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။

အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက် စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်း စစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ



Photo: လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ
Thursday, December 5, 2013

အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးနှင့် ဆက်နွှယ်သဖြင့် တရားရင်ဆိုင်နေရဆဲ လူပေါင်း ၂၅၀ ရှိပြီး ပြစ်ဒဏ်ခံနေရဆဲ ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က The Daily Eleven ကို ပြောကြားသည်။

နိုင်ငံတော်သမ္မတက ယခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး အားလွှတ်ပေးမည်ဟု ပြောကြားထားသော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဥပဒေများဖြစ်သည့် ငြိမ်းစုစီ ဥပဒေဖြစ်သော ပုဒ်မ ၁၈၊ ၅၀၅ (ခ)တို့ဖြင့် လည်းကောင်း၊ အသင်းအဖွဲ့ ဥပဒေဆိုင်ရာ ပုဒ်မ ၆ ဖြင့် လည်းကောင်း တရားရင်ဆိုင်နေရသူများ များပြားနေခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ဦးလှရွှေက "နိုင်ငံရေး တင်းမာမှုတွေ လျော့သွားပြီလား၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ အောက်ခြေအထိ ထိရောက်နေပြီလား ဆိုတဲ့မေးခွန်းကို ဖြေဆိုစေချင်ပါတယ်။ အဓိကကတော့ စစ်မှန်တဲ့ Democratic Reform ဖြစ်မှသာလျှင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်သွားမယ်လို့ ယုံ ကြည်တယ်"ဟု ပြောကြားသည်။

တရားစွဲဆိုခံနေရသူများထဲတွင် အလုပ်သမားများလည်း ပါဝင်သောကြောင့် အလုပ်သမား အရေးဆောင်ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက အလုပ်သမားများ၏ ဘ၀အခြေအနေမှာ ဘာမှပြောင်းလဲမှု မရှိသည့်အပြင် အစိုးရအနေနှင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဘက်လိုက်ညှိနှိုင်းမှုများ ရှိနေဆဲဖြစ်သောကြောင့် အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ရှိနေမှာသာဖြစ်ကြောင်း ပြောကြားသည်။

တရားစွဲဆို ခံနေရသူများတွင် မြေယာ သိမ်းဆည်းခံနေရသည့် လယ်သမားများနှင့် မိမိအိုးအိမ်အား သိမ်းဆည်းခံနေရသောကြောင့် ဆန္ဒထုတ်ဖော်သူများလည်း ပါဝင်ကြောင်း ဦးရဲအောင်က ပြောကြားသည်။

အစိုးရအနေနှင့် ဖမ်းဆီးထားသူများ အားလွှတ်ပေးနေသော်လည်း ထပ်မံတရားစွဲဆိုနေမှုများ၊ ထပ်မံ ပြစ်ဒဏ်စီရင်နေမှုများနှင့် ပတ်သက်ပြီး နိုင်စစ်ကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ နိုင်စစ်ကော်မတီကနေ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ပြီး သမ္မတထံ တင်ပြတယ်။ သမ္မတက လွှတ်ပေးတယ်။နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းပြီး ပြစ်ဒဏ် ထပ်ချတယ်ဆိုတော့ နိုင်စစ်ကော်မတီက အလုပ်ရှုပ်တာပေါ့ဗျာ။ အစိုးရအဖွဲ့ထဲမှာရော၊ ကျွန်တော်တို့ ကော်မတီနဲ့ အလုပ်လုပ်တဲ့ နေရာမှာရော ချောချောမွေ့မွေ့ အလုပ်မလုပ်ရဘဲ ထိပ်တိုက်တွေ့နေသလိုမျိုး ဖြစ်နေတာပေါ့နော်။ နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားအကုန်လုံး လွှတ်မယ်ဆိုတာကလည်း ဒီလိုထိပ်တိုက်တွေ့နေတဲ့ ကိစ္စတွေကို ဖြေရှင်းမှသာ နိုင်ငံရေး အကျဉ်းသားကုန်မှာ ဖြစ်တယ်။ အချုပ်နဲ့ တရားစွဲဆိုခံထားရတဲ့ လူတွေကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက ဒီပုဒ်မတွေနဲ့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ရှိနေမှာပဲ ဖြစ်တယ်" ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေးအရ တင်းမာမှု လျော့ပါးစေရန်၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ထိရောက်စေရန် ပြောကြားနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်သည့်နေရာတွင် ရလဒ်များကို မတွေ့ရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများ အများအပြားရှိနေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း မျှော်မှန်းသလောက် လာရောက်ခဲ့ခြင်း မရှိသေးပေ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် ဖြေရှင်းစရာ ပြဿနာများအဖြစ် မြေယာပြဿနာများ၊ အလုပ်ရှင် အလုပ်သမား ပြဿနာများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေသည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် အများပြည်သူအနေနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ကုန်ရမည်ဟု ပြောဆိုခဲ့သည့်အပေါ် သံသယဖြင့် စောင့်ကြည့်နေသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ဝေဖန်မှုများ ရှိနေသည်။      

Eleven Media Group 

ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုရဲမင်းဦးအား ဗဟန်းတရားရုံး ရုံးချိန်းတွင် တွေ့ရစဉ်(ဓာတ်ပုံ-ဝေလင်းအောင်)
အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးနှင့် ဆက်နွှယ်သဖြင့် တရားရင်ဆိုင်နေရဆဲ လူပေါင်း ၂၅၀ ရှိပြီး ပြစ်ဒဏ်ခံနေရဆဲ ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က The Daily Eleven ကို ပြောကြားသည်။

ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် မြန်မာနိုင်ငံသား ထပ်မံရွေးချယ်ခံရ

အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းပါ ၂၀၁၃ခုနှစ် ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး ရွေးချယ်ခြင်း ခံခဲ့ရကြောင်း ယင်း အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြအမွေအနှစ်များထိန်းသိမ်းစောင့်ေ ရှာက်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ အာရုံစိုက်မှုရရန် ကြိုးပမ်းခဲ့မှုကြောင့် ယင်းသို့ရွေးချယ်ခံ ခဲ့ရခြင်းဖြစ် သည်။

တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ ဂိုဒေါင်တစ်ခုအား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းမျှ တွေ့ရှိ၍ တရားဝင် ဟုတ်-မဟုတ် စစ်ဆေးနေ

တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ ဂိုဒေါင်တစ်ခုအား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းမျှ တွေ့ရှိ၍ တရားဝင် ဟုတ်-မဟုတ် စစ်ဆေးနေ
Thursday, December 5, 2013

တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင် ဂိုဒေါင်အား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃  ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ် လည်ခန့် အပြည့်ရှိကြောင်းနှင့် နိုင်ငံခြားမှ တင်သွင်းထားသော ကြက်ဆင်သားအပါအ၀င် ဟိုတယ်သုံး အေးခဲအသားများကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

ယခုဖြစ်စဉ်အတွင်း တွေ့ရှိထားသော ၀ိုင်းပုလင်းအရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှဝင်ရောက် ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံထုတ်များ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်မှာ များပြားသောကြောင့် တရားဝင်- မ၀င်ကို ဆုံးဖြတ်စစ်ဆေးရန်အချိန် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ၀င်ရောက်စစ်ဆေးခံရသည့် ဂိုဒေါင်မှာ Premium Food Service ကုမ္ပဏီ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ  ဦးစိန်ဝင်းဆိုသူထံမှ ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း Mobile Team မှ သိရသည်။ အစစ်ဆေးခံရသည့် ဂိုဒေါင်ကို ဦးစီးဆောင်ရွက်နေသည့် ဒေါ်ဝင်းဝင်းတင့်က" ကျွန်မတို့က အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြမှာ ဖြစ်တယ်"ဟု ပြောကြားသည်။

Mobile Team အဖွဲ့မှ  လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း ခံထားရကြောင်း သိရသည်။

@[114803668557265:274:Eleven Media Group] 

တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေးနေသော Mobile  Team မှ တာဝန်ရှိသူတစ်ဦးကို ဒီဇင်ဘာ  ၄ ရက်က တွေ့ရစဉ်
တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင် ဂိုဒေါင်အား ၀င်ရောက် စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

ကျားမ မရွေးဖြစ်ပွားတတ်သောခါးနာရောဂါ


ခါးနာရောဂါသည် ကျားမ မရွေးဖြစ်ပွား တတ်ပြီး ခါးနာခြင်းကြောင့် တခြားသောအရိုး ရောဂါများ ဆက်စပ်ဖြစ်ပွားတတ်သဖြင့်ခါးနာခြင်း ရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင် ရန် ဒေါက်တာအောင်ခင်ဆင့်က ယခုလိုပြောပြခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညက ပုဇွန်တောင်မြို့နယ် ရေကျော်၊ သဇင်လမ်းတွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် ၉၊ ၅လွှာ (B)တွင် ဒီဇင်ဘာ ၄ ရက် ည ၈နာရီဝန်းကျင်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်းဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။ လူသတ်တယ်လို့လည်း ကြားလိုက်ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦး က သေနေပြီး နောက်တစ်ဦးက ဒဏ်ရာရသွားပါတယ်။ နောက်တစ်ယောက်ကတော့ သတ်တဲ့ လူပါ။ သေတဲ့ လူက အိပ်နေချိန် စတီးဓားနဲ့ လည်ပင်းကို အလှီးခံရတယ်လို့ ပြောပါတယ်"ဟု လူသတ်မှု ဖြစ် ပွားသည့်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဆီးဂိမ်းစ်ကာလ ဒီဇင်ဘာ ၇ ရက်တွင် မဟာဗန္ဓုလ ပန်းခြံနံဘေး၌ ငါးကြိမ်မြောက် ဆန္ဒပြမည်

J.5.12
အောက်တိုဘာ ၂၆ ရက်က လေးကြိမ်မြောက် ဆန္ဒပြနေကြသော ၆၇ ရပ်ကွက် နေထိုင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဒီဇင်ဘာ ၇ ရက်၌ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အားတစ်ရာခန့်ဖြင့်  ငါးကြိမ်မြောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

Wednesday, December 4, 2013

ဆင်းရဲတွင်းနက်ထဲမှ ဆွဲထုတ်စေချင်ပါသည်

1469921_324966604313184_109178026_n 
ကိုရီးယားနိုင်ငံ Yeungnam တက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ်မှ ယနေ့ကိုရီးယားနိုင်ငံဖြစ်ပေါ် လာရခြင်း၏ အခြေခံအကြောင်းတရားသည် ဆဲလ်မာအူး(ခေါ်)အူးဒုန်စိတ်ဓာတ်ဖြင့် တည်ဆောက်ခဲ့ခြင်း ကြောင့် ဟု ပြောဆိုခဲ့ပါတယ်။ ဆဲလ်မာအူး(ခေါ်)အူးဒုန်စိတ်ဓာတ်ကို တစ်နိုင်ငံလုံးလိုက်နာ ကျင့်သုံး နိုင်အောင် ဖော်ဆောင် စည်းရုံး ခဲ့တာကတော့ ကိုရီးယားနိုင်ငံသမ္မတဟောင်း ပတ်ချွန်ဟီးဘဲဖြစ် ပါတယ်။ ပတ်ချွန်ဟီးဟာ သူ့တိုင်းပြည်တစ်ပြည်လုံး ဆင်းရဲဒုက္ခအတိရောက်နေရတာကို မကြည့်ရက်နိုင်တဲ့ အတွက် သူ့နိုင်ငံချမ်းသာဖို့အရေး၊ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့အရေး နေ့စဉ်နဲ့အမျှတွေးတောပြီး

ခြင်းလုံးပြိုင်ပွဲရပ်တည်မှုတွင်မြန်မာအမျိုးသမီးအသင်းက ထိပ်ဆုံးမှပြတ်ပြတ်သားသားဦးဆောင်နိုင်နေ

မြန်မာအမျိုးသမီး ခြင်းလုံးအသင်း ပထမအကျော့ (၁၆၈) မှတ် ဒုတိယအကျော့(၁၆၉)မှတ်၊ တတိယ အကျော့(၁၇၇)မှတ် စုစုပေါင်း ရမှတ် ( ၅၁၄ )မှတ်
=================

သမ္မတဖြစ်ရေးမဟုတ် နိုင်ငံ့အကျိုးအတွက် ကောင်းအောင် လုပ်နေခြင်းဖြစ်

သူရဦးရွှေမန်းက သမ္မတ ဖြစ်ရေးအတွက်လုပ်ဆောင်မှု များထက် နိုင်ငံနှင့်နိုင်ငံသား အကျိုးအတွက် လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟုပြောကြားသည်။ ''သမ္မတဖြစ်ရေးအတွက် လုပ် နေခြင်းမဟုတ် ပါဘူး။ နိုင်ငံနဲ့ နိုင်ငံသားများအတွက်၊ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် လုပ်ငန်းတွေဆောင် ရွက်နေခြင်း ဖြစ်တယ်''ဟုတိုကျိုမြို့၌ယနေ့ နံနက်မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည်ဟု ဦးဝီရသူ ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတွင် နေထိုင်ပြီး တိုင်းတစ်ပါးကို ချစ်ခင်သော မွတ်ဆလင် များကို စောင့်ကြည့်၍ မိတ်ဆွေဖြစ်အောင် စည်းရုံးသွားမည် ဖြစ်ကြောင်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေသည့် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တာဝန်ခံ အစ္စလာမ် ဘာသာဝင် ဦးရွှေကြည်တို့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပါ အချက် အပါအဝင် အချက်သုံးချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ

သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစား ရှိတတ်ကြ သည်။ သတင်းဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့ သို့ တစ်ကြိမ် တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြ မည်က မလွဲ။

ထိုင်းပြည်တွင်းရေး မငြိမ်သက်မှု မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်တွေ့နိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ် လျက်ရှိရာ မြန်မာရွှေ့ပြောင်း လုပ် သားများအပေါ် တိုက်ရိုက်ထိခိုက်ခြင်း မရှိသေးသော်လည်း လေးနှစ် ဗီဇာကုန်သူများအတွက်မူ သက် တမ်းတိုးရန် အခက်အခဲရှိနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

အင်တာနက် ပေါ်မှာ ပျံ့နေတဲ့ မူးယစ်ဆေးဝါး ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက တရားဝင် စာထုတ်

ဒီရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကျော် အနုပညာရှင်တွေရဲ့ တချိန်က မူးရစ်ဆေးဝါး သုံးစွဲခဲ့ကြတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ဒီကနေ့ နေ့စွဲနဲ့ စာထုတ်ပြီး ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။ 

အွန်လိုင်းပေါ်က အနုပညာရှင်တွေ မူးရစ်ဆေး သုံးစွဲမှု မှတ်တမ်းဆိုတာတွေ ပေါ်ထွက်ခဲ့အပြီး သက်ဆိုင်ရာ အနုပညာရှင်တချို့ကလည်း ဖေ့စ်ဘုတ်ပေါ်က ဖြေရှင်းမှုတွေရှိလာခဲ့တာတွေလဲရှိခဲ့ကြပါတယ်။ 

မခံမရပ်နိုင်အောင် သွားကိုက်လာ သောကြောင့် ထောင်ဖောက်ပြေးပြီး ဆေးခန်း သွားပြသော အကျဉ်းသား

By ပြည်မြန်မာ

သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင် နိုင်ငံသို့ ယနေ့ သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုဘတ်စ်အကွီနို (၃) ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်အထိ သုံးရက်ကြာမြင့်မည်ဖြစ်ကာ ၂၀၁၁ ခုနှစ် အစိုးရ သစ်လက်ထက် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းဆန္ဒပြသမားတွေ ၀န်ကြီးချုပ်ရုံးက ဆုတ်ခွာ



Photo: ထိုင်းဆန္ဒပြသမားတွေ ၀န်ကြီးချုပ်ရုံးက ဆုတ်ခွာ
Wednesday, December 4, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ထိပ်တိုက် ရင်မဆိုင်ချင်ဘူးဆိုပြီး ရုပ်သွားပြီးတဲ့နောက် အတိုက်အခံ ဆန္ဒပြသူတွေက အင်္ဂါနေ့မှာ အစိုးရရုံးချုပ်နဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေထဲကို ၀င်ရောက်ခဲ့ကြပါတယ်။
 
အလံတွေဝှေ့ယမ်းပြီး ခရာတွေမှုတ်နေတဲ့ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်တဲ့ အစိုးရရုံးချုပ်နဲ့ မြို့တော် ရဲတပ်ဖွဲ့ အဆောက်အဦးတွေ အပြင်ဘက် ကွင်းပြင်ထဲမှာ ပြည့်နှက်သွားပါတယ်။
 
ခဏတာ ကြာပြီးတဲ့နောက် ဆန္ဒပြသူတွေ ပြန်ထွက်သွားကြပြီး ထိပ်တိုက် ပဋိပက္ခဖြစ်တာမျိုး မရှိခဲ့ပေမဲ့ သူတို့ရဲ့တောင်းဆိုချက် တွေရဖို့ ဆက်ပြီး တွန်းသွားမယ်လို့ ဆန္ဒပြသူတချို့က အခိုင်အမာ ပြောပါတယ်။
 
ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရက်အတော်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးတဲ့နောက် အဆောက်အဦးတွေအပြင်က သံဆူးကြိုး အတားအဆီးတွေကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ ဖယ်ရှားခဲ့တာပါ။ ဒါကို ဗျူဟာ အပြောင်းအလဲတစ်ခုအဖြစ် မြင်ကြပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ မျက်ရည်ယိုဗုံးတွေကို အသုံးပြုမှာမဟုတ်ဘဲ ထိပ်တိုက်တွေ့တာကို ရှောင်ရှားရေး အစိုးရမူဝါဒနဲ့အညီ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ရဲချုပ် Kamronwit Thoopkrajang က ပြောပါတယ်။

ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့နဲ့ အစိုးရအုပ်ချုပ်ရေးကို ရွေးကောက် တင်မြှောက်မထားတဲ့ ကောင်စီတခုလက်ထဲ လွှဲပေးဖို့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်လျော နိုင်ဘူးလို့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

VOA
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ထိပ်တိုက် ရင်မဆိုင်ချင်ဘူးဆိုပြီး ရုပ်သွားပြီး 
တဲ့နောက် အတိုက်အခံ ဆန္ဒပြသူတွေက အင်္ဂါနေ့မှာ အစိုးရရုံးချုပ်နဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေထဲကို ၀င်ရောက် ခဲ့ကြပါတယ်။
အလံတွေဝှေ့ယမ်းပြီး ခရာတွေမှုတ်နေတဲ့ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်တဲ့ အစိုးရရုံးချုပ်နဲ့ မြို့တော် ရဲတပ်ဖွဲ့ အဆောက်အဦးတွေ အပြင်ဘက် ကွင်းပြင်ထဲမှာ ပြည့်နှက်သွားပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ၂၀၁၃ ခုနှစ် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင် မြန်မာနိုင်ငံ၏ အကျင့်ပျက် ခြစားမှု အခြေအနေ အဆင့် ၁၇၂ မှ ၁၅၇ သို့ ၁၅ ဆင့်မြင့်လာ

ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို နှစ်စဉ်ထုတ်ပြန် ပေးလျက်ရှိသော ပွင့်လင်းမြင် သာမှု အဖွဲ့အစည်း (Transparency International) က ၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ပြီး ယမန်နှစ်ကထက် အခြေအနေ တိုးတက်လာခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်

W-4-12
နိုဝင်ဘာ ၂၈ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးညွန့်)
ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာ တို့ ရွှေ တံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။