ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူမှုများ အရှိန်မြင့်လာကာ
မီးရှို့မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံရောက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကျေးရွာ များတွင် ဒီဇင်ဘာလ
၁၁ နေ့မှ စတင်ကာ ညကင်းများ ချထားရကြောင်း အဆိုပါ ဒေသခံ များထံမှ သိရှိရ သည်။
Friday, December 13, 2013
တာဆန်း တံတားပေါ် ညနေ ၆ နာရီကျော် ဖြတ်သည့် ယာဉ်ကို လုံခြုံရေး အစောင့်တပ် သေနတ်ဖောက် တားမြစ်ဟုဆို
မိုင်းပန်-မိုင်းတုံ ကားလမ်းပေါ်ရှိ သံလွင် တံတား (တာဆန်း) ပေါ် ဒီဇင်ဘာ ၉
ရက်နေ့ ညနေ ၆ နာရီကျော် ဖြတ်သန်း မောင်းနှင် သည့် ကိုယ်ပိုင်
မော်တော်ယာဉ်ကို သံလွင် အနောက်ခြမ်း လုံခြုံရေး တာဝန်ကျ တပ်၏ သေနတ်ပစ်ဖောက်
တားမြစ်ခံခဲ့ရကြောင်း တားမြစ်ခံရသူ မိုင်းတုံမြို့ တွင် နေ ထိုင်သော
မော်တော်ယာဉ်ပိုင်ရှင် ဦးတင်မောင်လတ်က ပြောကြားသည်။
13.12.2013 to 19.12.2013 အထိ ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော် လည်း ကျော် လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်း ရှိသည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီ သွားဖြစ် မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။
အကျိုးပေးဂဏန်း ၁၊၅၊၇
သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများ လက်ရှိအစိုးရကို ထိခိုက်စေဟု ပြန်ကြားရေး ထုတ်ပြန်
သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်
မညီညွတ်ဘဲ၊ လက်ရှိ အစိုးရကို ထိခိုက်စေသည်ဟုဆိုကာ ညိှနှိုင်းဆောင်ရွက်ရန်
ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ဒီဇင်ဘာ
၁၂ ရက်တွင် အကြောင်းကြားလိုက်သည်။
ပေါင်းတည်ထောင်ရှိ အချုပ်သားသုံးဦး အစာငတ်ခံ ဆန္ဒပြမှုစပြီ
ပေါင်းတည်ထောင်အတွင်း အမှုရင်ဆိုင်နေရသော အချုပ်သားသုံးဦးသည် ဒီဇင်ဘာ ၁၃
ရက်တွင် အစာ ငတ်ခံဆန္ဒပြမှုများ စတင်မည်ဟု ထိုသူတို့၏ မိသားစုဝင်များက
မဇ်္ဈိမသို့ တယ်လီဖုန်းမှတဆင့် ဒီဇင်ဘာ လ ၁၂ ရက်က အတည်ပြု ပြောကြားသည်။
ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉ ဂျာနယ်

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာ ကို နှိပ်ပါ
...
ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်းစုကြည်ဆို
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ
သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ
ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်
ပြောကြားသည်။
ပြည့်မှီအောင်အိပ်၊ ကောင်းကောင်းအိပ်ရင် ပိုကြည့်ကောင်းလာမယ်

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများ စွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆို တာက အသက်ရှူပိတ်တာ၊ ဟောက်တာ၊ နဲ့ တခြားအသက်ရှု လမ်းကြောင်း ပြဿနာတွေ မဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် တာကို ဆိုလိုတာပါ။
ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်း ၀ယ် မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက် အဆင့်တွင် တွေ့ ဆုံကြ မလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့ တက် လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့ အသင်း များနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။ အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်း ကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။
Thursday, December 12, 2013
အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေး က ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။
ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်

ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။
အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက်ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ် အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ် ၀တ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင် ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံ တန်ရုံ မသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
မြန်မာနိုင်ငံက EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ တွင်မှ လျှောက်ထားနိုင်မည်ဟုဆို
နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အဖွဲ့(EITI)၏ အဖွဲ့ ဝင်လောင်းနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လျှောက်ထား နိုင်မည်ဖြ စ်ကြော င်း သိရ သည်။
အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေး ဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။
တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ
ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် နိုင်ငံတကာ
စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော
ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် (UMFCCI ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က
ပြောပါတယ်။
ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော

ဆီး
ဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀
ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င်
ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့
တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။
အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို
မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ
အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး
မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။
ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့
နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး
ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင်
အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြားသည့်
တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ
ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ်လာရောက်ဖူးမြော်သူ
ဦးဝင်းနိုင်ဦး ကပြောသည်။
ဆီးဂိမ်းသို့ အာဆီယံဒေသတွင်း မှ လာရောက်သူ ထိုင်းအများဆုံးဖြစ်
ထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ဆန္ဒပြမှုပြင်းထန်နေသော် လည်း မြန်မာနိုင်ငံ တွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲသို့ လာရောက်သော ထိုင်းနိုင်ငံ သားအရေ အတွက် မှာ ကျန် အာဆီယံ နိုင်ငံများထက် အများဆုံးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီး ဌာနမှ သိရသည်။
KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ဖမ်းဆီး ခေါ်ဆောင်နေ မှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြား

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။
မန္တလေးမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာကပ်ခြင်း အရေးယူတော့မည်
မန္တလေးစည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်ငယ်များ
လိုက်လံကပ်နေခြင်း သည် မြို့အမြင် မတင့်တယ်ဘဲဖြစ်နေပြီး ဆီးဂိမ်းကာလတွင်
နိုင်ငံခြားသားဧည့်သည်များအတွက် မြို့၏ ဂုဏ်ကျက်သရေကို ပြသရမည်ဖြစ်သဖြင့်
ထိုကြော်ငြာရှင်များကို စာရင်းကောက်ယူကာ အရေးယူရန် စီ စဉ်လျက်ရှိသည်ဟု
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ဌာနခွဲ
မှူးဦးဇော်ဝင်းက ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြန်လွတ်လာသည့် မိကျောင်းကန်အရေး ဆန္ဒပြသူနှစ်ဦး ဆက်လက် တိုက်ပွဲဝင်မည်ဟု ကတိပြု
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ
ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ် ရာမှ အဖမ်းခံခဲ့ရသူ ခေါင်းဆောင်နှစ်ဦးသည်
ဒီဇင်ဘာ ၁၁ ရက်က သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့်
ပြန် လည်လွတ်မြောက်လာပြီး မြေများပြန်မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု
ကတိပြုလိုက် သည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ စဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်)
နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်
ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံး ကွင်းတွင် ကျင်းပခဲ့ကြောင်း
သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို

Orchid ဟိုတယ်တွင် ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ်
မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု
လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး
ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး
တွေ့ဆုံဆွေးနွေးပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်
နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ
ကျင်းပသောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရသည့်
ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌
ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက်
ဆီးဂိမ်းစ်အားကစားပွဲတော်ရက် အတွင်း လုံခြုံမှု ရှိစေရန် စစ်သင်္ဘော
ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့်
ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်
အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး
ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိ
မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း
လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက်
နိုင်ငံတကာအကူအညီများဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်
ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက
ပြောကြားပါသည်။
Wednesday, December 11, 2013
ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်း က၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက် ရှာဖွေ ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီမြစ် ပင်မရေ လမ်းဖွံ့ဖြိုးရေး ကျပ်သန်း ၄၀၀ ကျော် အကုန်ကျခံ၍ ရေလွှဲရေကာ လေးခု တည်ဆောက်မည် ဟုဆို
မန္တလေးတိုင်းဒေသကြီး
အတွင်း ဧရာဝတီမြစ် ပင်မရေလမ်း ဖွံ့ဖြိုးရေး အတွက် ရေလွှဲရေကာ လေးခု
တည်ဆောက်ရန် အတွက် ကျပ်သန်းပေါင်း ၄၀၀ ကျော် လျာထား
အသုံးပြုမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ရေအရင်းမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတာဝန်ရှိသူ ထံမှ သိရသည်။
Subscribe to:
Posts (Atom)
