Monday, December 16, 2013

မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး မတန်တဆဈေးဖြင့် ရောင်းမစားကြပါနှင့်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သည့် ဆီးဂိမ်းပြိုင်ပွဲကြီး ကိုယခု ဆိုလျှင် မြန်မာနိုင်ငံ ကသာမက ပြိုင်ပွဲဝင် နိုင်ငံပေါင်း စုံကပရိသတ် များပါ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်သည်။

ပွဲစဉ်များအလိုက်ပါဝင်ယှဉ်ပြိုင်နေကြသည့် ကစားသ မားများကလည်း မိမိတို့၏နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ရန် အတွက် ဆုတံဆိပ်များဆာလောင် မွတ်သိပ်နေကြသည်။ ထို့နည်း တူပရိသတ်များကလည်း မိမိနိုင်ငံ၏ အားကစား သမား များကို အောင်မြင်မှုရစေချင်ကြသည်။

ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်ရန် တောင်းဆို

Photo: ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်ရန် တောင်းဆို
Monday, December 16, 2013

လူအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ထုတ်ရန်နှင့် အကာအကွယ်မဲ့နေမှုများအတွက် တောင်းဆိုရန် ရည်ရည်ချက်ဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင် မြစ်ကြီးနား ရဲတပ်ဖွဲ့ရုံးသို့ ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရန် တောင်းဆိုကြောင်း အဆိုပါအဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းကြည့်ရာ``ဟုတ်ပါတယ်၊ ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က အင်အားလေးသောင်းနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့် တောင်းတာပါ´´ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး လှရီမှ ပြန်လည်ပြောပြချက်အရ သိရှိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီမှစ၍ မြစ်ကြီးနား၊ ရှမ်းစု
(မြောက်)ရပ်ကွက်၊ ၀န်းသိုကျောင်း တိုက်ရှိ ဇော်ဂျွန်လမ်းမပေါ်တွင် ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ခန့်ဖြင့် စတင်စုဝေးပြီး ဇော်ဂျွန်လမ်းမကြီး အတိုင်း ဆမားလမ်းဆုံး-အောင်ဆန်းလမ်းဆုံ-ဇော်ဂျွန်လမ်းဆုံ-၀န်းသို ကျောင်းတိုက်ရှေ့သို့ ပြန်လည်ရောက်ရှိ မည့်လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများ ပြုလုပ်သွားရန် တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(ကချင်ပြည်နယ်) မှ ဦးခင်မောင်အေးက ``ဒီဇင်ဘာ ၁၁ ရက်နေ့ မှာ ကျင်းပပြုလုပ် ခဲ့တဲ့ အရေးပေါ် အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၃)အရ တပ်ပြလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ကချင် ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းမျိုးနွယ်စုအားလုံးရဲ့ သဘောဆန္ဒပါ´´ ဟု ဆိုသည်။

အဆိုပါ စီတန်းလှည့်လည်ပွဲတွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒဖော်ထုတ်ပွဲ၊ နိုင်ငံတော်အစိုးရ မှ လက်နက်မဲ့ ပြည်သူများအား အကာအကွယ်ပေးပါ။ KIO နှင့် KIA တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပေးပါ။ ငြိမ်းချမ်းရေးအမြန်ဆုံး ရအောင် ဖော်ဆောင်ကြပါ။ ဖမ်းဆီးခံရှမ်းလူငယ်များအား အမြန်ဆုံး ပြန်လွှတ်ပေး၊ KIO နှင့် KIA အဓမ္မလူသစ်စုဆောင်းခြင်း အလိုမရှိ၊ လက်နက်ရှိသူက လက်နက်မဲ့သူအား အနိုင်ကျင့် စော်ကားမှု အလိုမရှိ၊ မီဒီယာများ အမှန်တရားကို တရားမျှတစွာ ဖော်ပြကြပါဟူသော လက်ကိုင် ပိုစတာဗီနိုင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လှည့်လည်မည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဆက်လက် ပြောပြ သွားသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တောင်းဆိုထားသော စီတန်းလှည့်လည်ခွင့်ပြုလုပ်လိုသည့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံ၌ လက်ခံကျင်းပပြုလုပ်နေသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကျင်းပနေသော ကာလဖြစ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်ခမ်း
Shan News
လူအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ထုတ်ရန်နှင့် အကာအကွယ်မဲ့နေမှုများအတွက် တောင်းဆိုရန် ရည်ရည်ချက်ဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင် မြစ်ကြီးနား ရဲ တပ်ဖွဲ့ရုံးသို့ ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရန် တောင်းဆိုကြောင်း အဆိုပါအဖွဲ့ထံမှ သတင်းရရှိသည်။

နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ

နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ
Monday, December 16, 2013

ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို
အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။

“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်လောက်ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ကပြောသည်။

ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်းကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ၇ဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်”ဟု ကိုဗညားက ဆိုသည်။

“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်”ဟုလည်း ကိုဗညား ပြောသည်။

နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။

Irrawaddy
ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကိုအားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။

"မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့".

"မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့".
Monday, December 16, 2013

ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။

"စဖြစ်တာကတော့ ငုံးမွေးမြူရေးခြံဘက်က စပြီးဖြစ်တာပါ လေတိုက်ခတ်မှုကြောင့် ကြက်ခြံ တွေဘက်ကို မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့ရပါတယ်။" လို့ မုံရွာကြက်မွေးမြူရေး ဇုန်မှ လုပ်ငန်းရှင်တစ်ဦးက သလ္လာဝတီတိုင်းမ် ကို ပြောပါတယ်။
" ကျွန်တော်တို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနက တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ကိုယ်တိုင် မီးလောင်မှုဖြစ်ပွားရာကို အခုဘဲသွားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ဘယ် လောက်ဆိုတာ အတည်ပြုပြောကြားပေးလို့ မရသေးပါဘူး။ မီးလောင်မှုကတော့ လောလောဆယ်မှာ များတယ်လို့ဘဲ ကနဦးသိထားရပါတယ်" ဟု တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မီးသတ်ကားများ မီးသတ်ရဲဘော်များ၊ ချောင်းဦး၊ခင်မွန်၊ဘုတလင် မြို့များမှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း၍ မီးငြိမ်းသတ်လျှက်ရှိကြောင်း သတင်းများရရှိထားပါသည်။

ThanLarWaddy Times
ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီး တစ်ခုဖြစ် ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။

တရားမဝင် ကုန်သွယ်မှုများတွင် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေဟုဆို

တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ ပါဝင်ဆောင်ရွက် မှုများရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက် ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်းတာဝန်ရှိသူက ပြောဆို သွားသည်။

သတင်းပေးရန် ပျက်ကွက်မှုဖြင့် ကချင် အမျိုးသားနှစ်ဦး ကို ထောင်ဒဏ် ခြောက်လချမှတ်

မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးရမိသော ကချင်အမျိုးသား နှစ်ဦး ကို ကေအိုင်အေ အကြောင်း သတင်းပေးရန် ပျက်ကွက်မှု ပုဒ်မ ၂၀၂ ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် မြစ်ကြီးနား တရားရုံးက ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်သည်ဟု Kachin Lawyers Group မှ ရှေ့နေ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။

ပင်မလျှပ်စစ် ဓာတ်ကြိုးကို ဝင်တိုက်မှုဖြင့် ကုန်တင်ယာဉ်မောင်း ရှစ်ဦးကို အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆နာရီခန့်က မောင်းလာသော ကွန်တိန်နာနှင့် ကုန်တင်ယာဉ် ရှစ်စီးသည် ဗို့အား ၁၁၀၀၀ ရှိ ပင်မလျှပ်စစ် ဓာတ်ကြိုးများကို ဝင်တိုက်ပြီး ဝါယာရှော့ခ်ဖြစ်ကာ ထရမ်စဖော်မာ၊ ဓာတ်အားထိန်းစနစ်တို့ ပျက်စီး ဆုံးရှုံးမှုကြောင့် ကွန်တိန်နာ ယာဉ်မောင်း ရှစ်ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ထံမှ သိရှိရသည်။

မြန်မာ-အင်ဒိုနီးရှားပွဲစဉ် ဂိုးပြတ် မပြတ်သာ စောင့်ကြည့်ရမည်

အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီတွင် ပရိသတ် သုံးသောင်းကျော်ဆံ့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြမည့် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ၏ မြန်မာအသင်းနှင့် အင်ဒိုနီးရှားတို့၏ ပွဲစဉ်၌ မြန်မာအသင်း အနိုင်သေချာပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြော ကြားသည်။

မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်မှောင်ခိုဈေး ကမ္ဘာကျော် အဆိုတော် ရှိုးပွဲလက်မှတ်ခထက်ပင် မြင့်မား

မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ဆီမီးအဆင့် တက်ရောက်နိုင်ရေးအရေးပါသည့် ပွဲစဉ် တစ်ပွဲ ဖြစ်သော ထိုင်းအသင်းနှင့်ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားရာ ရိုးရိုးတန်း၊ အထူးတန်း ပွဲကြည့်စင် လက်မှတ်များသာမက VIP တန်းလက်မှတ်များပါမကြုံ ဖူးသည့်ဈေးနှုန်းများဖြင့် မှောင်ခိုလက်မှတ်များထွက်ပေါ်ခဲ့သည်။ မှောင်ခိုဈေးနှုန်းများမှာ ရိုးရိုးတန်း ၂၅,၀၀၀ကျပ်၊ အထူးတန်း ၃၅,၀၀၀ ကျပ်၊ VIPတန်း ၇၅၀၀၀ ကျပ်အထိပေါက်ဈေးရှိကြောင်း ထိုင်း-မြန်မာပွဲ ကို လာရောက်ကြည့်ရှုသည့် သာကေတမြို့နယ်မှ မြန်မာဘောလုံးပရိသတ် ကိုကျော်ကျော်က ပြောသည်။ “အခုပဲမှောင်ခိုရောင်းနေတာတွေ့ခဲ့တယ်။ လက်မှတ်လိုလား၊ ရိုးရိုးတန်းလား၊အထူးတန်း လား၊ VIP တန်းလားဆိုပြီး လိုက်မေးနေတယ်။ ဈေးတွေက ၂၅,၀၀၀၊ ၃၅,၀၀၀၊ ၇၅,၀၀၀တဲ့။ ကျွန်တော်ကတော့ မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး ၀ယ်ထားတဲ့လက်မှတ်နဲ့ ၀င်ကြည့်မှာပါ” ဟု ကိုကျော်ကျော် က ပြောသည်။

ပေ ၃၀၀ ထက် ကျော်လွန် ပါက လျှပ်စစ်ကြိုးသွယ်တန်း ပေးမည် မဟုတ်ဟုဆို

မိမိနေအိမ်သို့ လျှပ်စစ်မီးသွယ် တန်းရန် လျှောက်ထားလာပါက ပေ ၃၀၀အထက် ကျော်လွန်သောအိမ်များ ကို လျှပ်စစ်မီးသွယ်တန်းပေးမည် မဟုတ်ကြောင်း၊ ဒလမြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

16.12.2013

စားအုန်းဆီများကို ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန် ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဒီဇင်ဘာ ၁၄ ရက်တွင် UMFCCI ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဦးဝင်းမြင့်ကပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ပမှ စားအုန်းဆီများကို သင်္ဘောများအတွင်း လှောင်ကန်များဖြင့် တင်သွင်းလာ ကြကာ ဆိပ်ကမ်းအနီးရှိ ဆီလှောင်ကန်များတွင် သိုလှောင်ထားပြီးနောက် ဆီဝယ်ယူသူများက ပြန် လည်ဆေးကြောထားသည့် စက်သုံးဆီပီပါများ၊အက်ဆစ်နှင့် ဓာတုဆေးဝါးများထည့်သော ပီပါ အဟောင်းများဖြင့် ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း ယင်းကဆိုသည်။

ဦးဝင်းမြင့်က “စားအုန်းဆီရောင်းဝယ်တဲ့နေရာမှာ ဓာတုဗေဒဆေးပေပီခွံတွေကို သုံးနေတာတွေ့နေရပါ တယ်။ စားသုံးသူတွေ ကျန်းမာရေးထိခိုက်မှုဖြစ်လာခဲ့ရင် နောင်တစ်ချိန်မှာ တရားခံဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်ပကနေ ပီပါအခွံသွင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆီသွင်းတာကို ပီပါနဲ့တစ်ခါတည်းသွင်း တာဖြစ်ဖြစ်ဆောင်ရွက်ပြီး အားနည်းချက်တွေကို ပြင်ဖို့လိုပါတယ်”ဟုပြောသည်။

သို့ရာတွင် စားအုန်းဆီကို ပီပါဖြင့် တင်သွင်းခြင်းနှင့်  ပီပါအခွံလွတ်များသီး သန့်တင်သွင်းခြင်းတို့သည် ကုန်ကျစရိတ်ကြီးမြင့်ခြင်းများကြောင့် ဆောင်ရွက်ရန် အခက်အခဲရှိနေရာ ပီပါသန့်စင်ခြင်း လုပ်ငန်းအား စနစ်တကျရှိစေရန်နှင့် အက်ဆစ်ပေပါကဲ့သို့ အရိုးခေါင်းအမှတ်တံဆိပ်ပါသောပေပါများကို အသုံးပြုခြင်း မရှိစေရန် ကြပ်မတ်မှုများကိုသာ ကနဦး ဆောင်ရွက်နိုင်မည်ဟု မဇ္ဈိမ၏ မေးမြန်းမှုအား မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။

ဦးသိန်းဟန်က “အရင်တုန်းကတော့ ပီပါခွံအသစ်တွေနဲ့တင်သွင်းပြီး ရောင်းတဲ့အခါမှာ ပီပါခွံစရိတ်တွေ နဲ့ဆိုရင် ရှုံးတယ်။ အဲဒီအရှုံးကိုကာမိအောင် ရောင်းမယ်ဆိုရင်လည်း စားသုံးသူဆီမှာ ၀န်သွားပိတယ်။ အဲတော့ သိုလှောင်ကန်တွေ ရင်းနှီးမြှုပ်နှံပြီး သွင်းတာပေါ့။ ပီပါခွံသစ်တွေ သွင်းတာထက် အခြားစိတ် ချရတဲ့ နည်းလမ်းတွေသုံးပြီး ဆောင်ရွက်ဖို့တော့လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ပြည်ပမှစားအုန်းဆီတင်သွင်းရာတွင် အေးခဲအမှတ် ၈ (Cloud Point အဆင့်ရှိ အဆင့်မြင့်ဆီများကိုသာ တင်သွင်းခွင့်ပြုထားသော်လည်း ရေကြောင်းမှ သင်္ဘောမှတင်ဆောင်စဉ် ဆားငံရေများဝင်ရောက်ခြင်းကြောင့် အေးခဲအမှတ် ၁၀ ၊ ၁၂ သို့အထိ အရည်အသွေး ကျဆင်းမှုများ ရှိကြောင်း ဦးသိန်းဟန်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ပြည်ပမှစားအုန်းဆီ မက်ထရစ်တန်ချိန် သုံးသိန်းခန့် တင်သွင်းလျက်ရှိသည်။

Mizzima - News in Burmese
စားအုန်းဆီများကို ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန် ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။

ခန္တီးတွင် ငြိမ်းချမ်းရေးယူ နာဂလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးထပ်တောင်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင် တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)၏ နောက်ဆုံးထုတ်ပြန်ချက်........

ရှမ်းနီ သတင်းဌာန

Photo: ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)၏ နောက်ဆုံးထုတ်ပြန်ချက်........

ရှမ်းနီ သတင်းဌာန

ရှမ်းနီအမျိုးသားများဆန္ဒပြမည်.....

ရှမ်းနီ သတင်းဌာန

Photo: ရှမ်းနီအမျိုးသားများဆန္ဒပြမည်.....
ရှမ်းနီ သတင်းဌာန

မြန်မာ့ဖွံ့ဖြိုးရေး ဆက်လက် ထောက်ပံ့သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံများ စတင်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ထောက်ပံ့သွားမည်ဟု တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံပြီး နောက် ၀န်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်း ၅၀ ရာခိုင်နှုန်းခန့် တူညီမှုရှိဟုဆို

တိုင်းရင်းသားများဘက်မှ ပထမအဆင့် ရေးဆွဲပြီးသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ် စဲရေးဆိုင်ရာ မူကြမ်းကို ဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နှစ်ဘက်သဘောတူညီမှု ၅၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေး အဖွဲ့ (NCCT)၏ ဒုတိယခေါင်းဆောင် စောကွယ်ထူးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမ ကို ပြော သည်။

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ


မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာ ခဏ ရေသောက် ပေးရပါမယ်။

ဖွဲ့စည်းပုံပြင်ပြီး ပြန်လည် သင့်မြတ်ရေးရဖို့ ဒေါ်စု မျှော်မှန်း


ဖွဲ့စည်းပုံပြင်ပြီး ပြန်လည် သင့်မြတ်ရေးရဖို့ ဒေါ်စု မျှော်မှန်း
Monday, December 16, 2013

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထုသဘောထားကောက်ခံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြု ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ NLD ပါတီကနေ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ လူထု သဘောထားကောက်ခံမှုတွေ ပြုလုပ်နေတာပါ။ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ပဲခူးတိုင်း သာယာဝတီခရိုင် မြို့မအားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး - NLD ပါတီအနေနဲ့ ပြောဆိုနေတာဟာ တိုင်းပြည်အနာဂတ် ကောင်းမွန်ဖို့အတွက် ဖြစ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှသာလျှင် ရှေ့ကို တိုးနိုင်တက်မယ်ဆိုတာကို ယုံကြည်လို့ပဲ။ ကျမတို့ ဒီလိုယုံကြည်လို့ လုပ်တဲ့ဟာကို တချို့က ကျမတို့ကို ဘယ်လိုဝေဖန်လဲဆိုတော့ တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တယ်လို့ ဝေဖန်တဲ့သူလည်း ရှိပါတယ်။ အဲဒီတော့ ကျမကပြောချင်တယ်။ နိုင်ငံတနိုင်ငံမှာ ဥပဒေဘောင်အတွင်းကနေပြီးတော့ ပြည်သူလူထု ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲနိုင်အောင်လို့၊ မထိန်းသိမ်းထားနိုင်ရင် မထိန်းသိမ်းထားနိုင်တဲ့သူတွေရဲ့ အားနည်းချက်ပဲလို့ ကျမ ဒီလို ပြောချင်ပါတယ်။ ကျမတို့အနေနဲ့ မတည်ငြိမ်အောင် လုံးဝမလုပ်ဘူး။ အဲဒီတော့ ကျမတို့ကို နိုင်ငံကိုမတည်ငြိမ်အောင်လုပ်တယ်လို့ ပြောတဲ့ ပုဂ္ဂိုလ်များဟာ ပြုပြင်ပြောင်းလဲသင့်တာကို မပြုပြင် မပြောင်းလဲခြင်းဟာ ပိုပြီးတော့ မတည်ငြိမ်အောင်လုပ်တာ ဖြစ်နေတယ်ဆိုတာကို သဘောမပေါက်ဘူးလို့ ကျမတို့ထင်တယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဟန့်အတား တစ်ခုလို ဖြစ်နေတယ်ဆိုတာကိုလည်း -
“အဲဒီတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာဟာ ကျမတို့နိုင်ငံမှာဆိုရင် အချက်ကြီးနှစ်ချက်ပေါ့- တိုင်းရင်းသားများအကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများအကြား ညီညွတ်ရေး၊ နောက်ပြီးတော့ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်အကြား ညီညွတ်ရေး၊ ပြည်သူတွေနဲ့တပ်မတော်အကြား ရင်ကြားစေ့ရေး ဖြစ်တယ်။ ဒီဟာကို ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ဆိုတာမှာ တကယ့်အဟန့်အတားကြီးကတော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်လို့ ကျမတင်ပြချင်ပါတယ်။”
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း ဖွဲ့စည်းပုံမပြင်ဘဲနဲ့တော့ မျှတမှုဆိုတာ ရနိုင်မှာမဟုတ်ဘူးလို့ အခုလို ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲတစ်ခုဟာ လွတ်လပ်ရမယ်၊ တရားမျှတရမယ်ဆိုပြီးတော့ ဒီမိုကရေစီစနစ်ကို၊ ဒီမိုကရေစီတန်ဖိုးထားတွေကို ယုံကြည်တဲ့ပုဂ္ဂိုလ်တွေအားလုံး ပြောတယ်။ အဲဒီတော့ ကျမကိုလည်း မေးပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေက မေးကြတာပေါ့နော်။ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီးတော့ လွတ်လပ်မယ်လို့ ထင်သလား-လို့ ကျမကိုမေးတယ်။ ကျမကတော့ ရှင်းရှင်းပဲပြောလိုက်တယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ပြောချင်တာက မဲပေးမယ့်နေ့ ကျလို့ရှိရင်တော့ ပြည်သူတွေဟာ မဲပေးပိုင်ခွင့် လွတ်လွတ်လပ်လပ်ရပါလိမ့်မယ်။ ရဖို့လည်း အခြေအနေများပါတယ်လို့ ဒီလိုပဲ အမှန်အတိုင်း ကျမက ပြောပါတယ်။ သို့သော်လည်း တရားမျှတဖို့ဆိုတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျမ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။”

ဒါပေမဲ့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို လွှတ်တော်တွင်းမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုလည်း လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံပြင်ဆင်ဖို့ဟာ တပ်မတော်နဲ့ပြည်သူကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေတာ မဟုတ်တဲ့အတွက် တပ်မတော်သားတွေ နဲ့လည်း ထောက်ခံဖို့လိုအပ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့ပါတယ်။

ပဲခူးတိုင်းတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်က လူဦးရေသောင်းနဲ့ချီ တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးနဲ့ပတ်သက်ပြီး လူထုသဘောထားကောက်ယူရာမှာ အများစုကတော့ ပြင်ဆင်ရေးကိုသာ အဓိက ထောက်ခံခဲ့ကြတယ်လို့ ဒေသခံ တချို့က ဗွီအိုအေကို ပြောပြပါတယ်။ ဒါ့အပြင် ဒီဖွဲ့စည်းပုံပြင် ဆင်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က လက်မခံခဲ့ရင် NLD ဘက်က ဘာတွေ ဆက်လက်ဆောင်ရွက်မလဲဆိုပြီး တက်ရောက်လာသူတွေထဲက မေးမြန်းခဲ့ကြရာမှာတော့ NLD အနေနဲ့ ရှေ့ဆက်ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး အမြဲပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသွားခဲ့ပါတယ်ရှင်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သာယာဝတီပြည်သူများ တွေ့ဆုံပွဲ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံကို ဗဟန်း NLD ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

VOA
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါ တယ်။ ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထု သဘောထားကောက်ခံမှု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အတွက် မေးခွန်းတစ်ခု . . .၊ ၀န်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေ ကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ

S-16-12
ရန်ကုန်မြို့ရှိ တရားရုံးတစ်ရုံးတွင် လာဘ်ငွေပေးရန် မလိုကြောင်း အသိပေးစာ ထုတ်ပြန်ထား သည် ကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် မတ်လက ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် အစီရင်ခံစာအပြီး ဒုတိယမြောက် ထွက်ပေါ်လာသည့် အစီရင် ခံစာ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Y-16-12
သာယာဝတီမြို့တွင် ပြုလုပ်သော လူထုဆန္ဒသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်း လင်းပြောကြားစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေးအတွက် အကြီးမား ဆုံးသော အဟန့်အတား ဖြစ်နေဦးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး ဒေသလုံးဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ အခမ်းအနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်း စရာ များကို ဆွေးနွေးပြောဆိုစဉ် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Sunday, December 15, 2013

27th SEA Games Official at 15/12/2013 2:25 PM

ယနေ့ မြန်မာစံတော်ချိန် 11:55 အထိ နိုင်ငံအလိုက်ရပ်တည်မှု့


ယနေ့ မြန်မာစံတော်ချိန် 11:55 အထိ နိုင်ငံအလိုက်ရပ်တည်မှု့

ပွဲကတော့ ကြည့်ကောင်းနေပါပြီ။ ထိုင်းတို့ ရှေ့မှာ ကျောက်ချနေပြီး ဒီမနက်မှာတင် မြန်မာက ရွှေ(2) ခုထပ်ယူလိုက်တဲ့ အတွက် ထိုင်းကို ပခုံးခြင်း ယှဉ်လိုက်ပါပြီ။ အဲ့ဒီလိုပဲ ဗီယက်နမ်ကလဲ ဒီမနက်မှာ (၃)ခု ထပ်ရတာမို့ ပြိုင်မြင်း (၃) ကောင်ဖြစ်သွားပြီလို့ ဆိုရမှာပါ။ အင်ဒိုကလဲ လျော့တွက်လို့ မရပါဘူး၊ အချိန်မရွေး ကျော်တက်နိုင်ပါတယ်။ သူကငွေမှာ အများဆုံးရထား သူမို့လား။

Football Café

ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား

စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက်
The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။

ညည တောက်ခေါက်သံတွေထွက်တဲ့ သစ်ကိုနိုင်တဲ့ သစ်မင်း


သစ်‌မင်း ပုံပါ။ သစ်‌ဆိုးဝါးဆိုး‌တွေကိုနိုင်‌နင်းတယ်‌လို့ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ။ သစ်‌၀ါး‌တွေ ဆိုတာကလည်း ‌တောမှာ‌ပေါက်‌ကြတယ်‌။

အချို့သစ်‌၀ါး‌တွေက အန္တရာယ်‌ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့ အရိပ်‌အ‌ငွေ့‌တွေပါလာတတ်‌ကြပါတယ်‌။ အဲလိုသစ်‌၀ါးမျိုးနဲ့ ‌ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌နေကြသူများအတွက်‌ မ‌ကောင်း‌တော့ ပါဘူး။ ပြဿနာဖြစ်‌တာ များလာ ပါတယ်‌။ သတိပြုမိရင်‌ ညည‌တောက်‌‌ခေါက်‌သံလိုမျိုး ကြာရတတ်‌ပါတယ်‌။ ဒါကတကယ်‌ပါ လက်‌သမား‌တွေသိကြပါတယ်‌။

ထိုင်းအသင်းထိပ်ဆုံးမှဦးဆောင်လိုက်သည့် ၂၀၁၃ ဆီးဂိမ်းစ် အားကစားပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု နောက်ဆုံး အနေအထား´´

Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါး ဆက်နွှယ်နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး

Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးဆက်နွယ်နေမှုများနှင့် ပတ်သက်၍ အဆိုပါဖြစ်စဉ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီး ကိုကိုအောင် က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက် စာမျက်နှာများတွင် ၂၀၀၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် စိုးမြတ်သူဇာ(ခ)မစိုးအား အစစ်ခံချက်နှင့် ၂၀၀၈ ခုနှစ် မေ ၂၈ ရက်တွင် စံပယ်ကိုကို (ခ)မဇာဇာသိမ့်(ခ)န၀ရတ်တို့၏ အစစ်ခံချက်များကို ဖော်ပြထားသည်။

တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိနေအိမ်တစ်လုံး၌ လက်လုပ် ဗုံးပေါက် ကွဲမှု ဖြစ် စဉ်နှင့် ပတ်သက်၍ နောက်ဆုံးထပ်မံ စစ်ဆေးတွေ့ရှိချက်အရ လက်လက်ဗုံးတရားခံ စစ်ဆေး ရာ၌ တောင်ကြီးမြို့ ၊ကံသာရပ်၊ဂျိုးဖြူလမ်းတွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊ (၅၃)နှစ်၊ (ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ

စင်္ကာပူမော်ဒယ် ၃ ဦး လမ်းပေါ်မှာ တိုက်ခိုက်ခံရ
Saturday, December 14, 2013

ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာ
မှာ ရေးထားပါတယ်။ 

သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

Ziyi Kuek ဆိုတဲ့ တယောက်က FHM မဂ္ဂဇင်းမော်ဒယ်ပါ။
အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ်မှာ ကော်ဖီဆိုင်ထိုင်ဖို့အသွား ပြဿနာဖြစ်တယ် လို့ သတင်းမျာ ရေးထားပါတယ်။

ဆိုင်ရောက်ခါနီး လူဆယ်ယောက်လောက်ပါတဲ့ အုပ်စုတခုနဲ့တွေ့ရမှာ သူတို့ထဲက အမူးလွန်နေသူတဦးက ကားကို ရှေ့က ပိတ်ရပ်တယ်လို့ ဆိုတယ်။

ဟွန်းတီးပေမယ့် ဖယ်မပေးဘူး၊ ကားမှန်ကို ထုနှက်တယ် ကားဘေးကို ကန်တယ်လို့ ဆိုတယ်။
အဲဒီနောက် ကားဆက်မောင်းလာရာမှာ ဟိုလူက ကားနောက်လိုက်လာပြီး ကားကို ကန်ကျောက်တယ်၊ ကားတံခါးကို ဆွဲဖွင့်ပြီး ရန်ရှာတယ်၊ ဒါနဲ့ ပြဿနာ တက်ကြတယ်လို့ သတင်းမှာ ရေးပါတယ်။

လူအုပ်ထဲကတယောက်က သူ့ကို ဆက်မလုပ်ဖို့ ရပ်ဖို့ ပြောသေးတယ်လို့ ဆိုတယ်။ သို့သော်လည်း အဲဒါထက် ပိုပြီး မဟန့်တားကြဘူး မဆွဲကြဘူး တဲ့။
ခပ်လှမ်းလှမ်းဆိုင်ထဲက ပရိသတ်များကလည်း ဒီတိုက်ခိုက်မှုကို ၀င်ရောက် ဟန့်တားခြင်း မရှိဘူးလို့ ဆိုတယ်။

မော်ဒယ်တွေက အဲဒီလူကို ပြန်ပြီးတိုက်ခိုက်ချိန်မှာ ရဲကား ရောက်လာတယ်၊ ဟိုလူလည်း ထွက်သွားတယ်လို့ ဆိုတယ်။
ဘယ်သူမှန်း မသိရတဲ့ အဲဒီလူကို သူတို့ တရားစွဲချင်တယ်၊ ကား ဘော်ဒီ အပျက်အစီးအတွက် လျော်ကြေး တောင်းလိုတယ်၊ အဲဒီနေရာမှာ ရဲပတ္တရောင်လှည့်တာ နည်းနေတယ်လို့ မော်ဒယ်တွေက ဆိုပါတယ်။

FHM မဂ္ဂဇင်းမော်ဒယ် Ziyi Kuek က သူ့ဖေ့စ်ဘုတ်မှာ သူတို့ ဒဏ်ရာရပုံတွေကို တင်ထားပါတယ်။

ဧရာဝတီblog ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊ Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်း များစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ ဒီယာဉ်မတော် တဆမှုဖြစ်စဉ်မှာ မြန်မာဘီယာကုမ္ပဏီက ကုန်ကြမ်းလို့ ယူဆရတဲ့ ဖွဲနုတွေကြောင့် ဖြစ်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က အခု ဖွဲနုတွေကိုယူပြီး စမ်းသပ်စစ်ဆေးနေ ပါပြီ။ အတည်ပြုချက်ရတာနဲ့ မြန်မာဘီယာ ကုမ္ပဏီကို ဥပဒေကြောင်းအရ အရေးယူ သွားမှာပါ” ဟု မင်္ဂလာဒုံမြို့နယ် စည်ပင် သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေး မှူးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ် တွက် ဦးကျော်သင်း အသက် (၅၁) နှစ်နှင့် မအေးအေးလှိုင် အသက် (၂၃) နှစ်တို့မှာ အခင်းဖြစ်သည့်နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိသည့် လူနာ ၁၁ ဦးအား အင်းစိန်ဆေးရုံတွင် အရေးပေါ်ကုသနေရ ကြောင်း မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ကျရဲတပ်ကြပ်က အတည်ပြု ပြောကြားသည်။

ခုံးကျော်တံတားမှ ရထားသံလမ်း ပေါ်သို့ ထိုးကျခဲ့သည့် ခရီးသည်တင်ယာဉ် မှာ ပ/---- ရန်ကုန်-မှော်ဘီ ခရီးသည် တင်ယာဉ်ဖြစ်ပြီး အရှေ့မှ စလစ်ဖြစ်နေ သော အဲလ်ကမ္ဘောဇကားအားရှောင်လိုက် ရာမှ တံတားသံဘောင်များအား ဝင်တိုက် ဖြတ်ကျော်ကာ အမြင့်ပေ ငါးဆယ်ကျော် ရှိသော ရထားသံလမ်းပေါ်သို့ ထိုးကျသွား ခြင်းဖြစ်ကြောင်း သိရသည်။

ဤကဲ့သို့ ယာဉ်များတိမ်းမှောက်မှု မဖြစ်ခင် နှစ်ရက်၊ သုံးရက်ပိုင်းတွင် အဆိုပါ ဖွဲနုများကြောင့် ယာဉ်များလမ်းလျော်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ယာဉ်တိုက်မှုအား လာရောက်ကြည့်ရှုသူများက ဆိုသည်။

စောင့်ကြည့်သတင်းဂျာနယ် ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော

Photo: တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော
Sunday, December 15, 2013

ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အလေးအနက်ထား ဖော်ဆောင်နေချိန်မှာ တပ်မတော်နဲ့ NLD ကြား ယုံမှားသံသယတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေကို သတိထားကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက လူထုသဘောထားရယူပွဲမှာ သူ့မဲဆန္ဒရှင်ပြည်သူလူထုကို သတိပေးပြောဆို လိုက်တာပါ။  စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာရေးကို အလေးအနက်ထား လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံခိုင်မာရေးမှာလည်း ပြည်သူ့အားကို အဓိက လုပ်အပ်တယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း အခြေခံဥပဒေဆိုင်ရာ လူထု သဘောထားရယူပွဲမှာ ပင်တိုင်ဆွေးနွေးသူထဲက တစ်ဦးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ၊ တပ်မတော်နဲ့ NLD ကြားမှာ စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါတွေကိုလည်း သတိထားဖို့ ဆိုတဲ့အကြောင်း ပြောတယ်။ အမှန်ကတော့ ဒါ တပ်မတော်နဲ့ ပြည်သူကြားမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ NLD က တောက်လျှောက် လုပ်နေတာပေါ့နော်။ ပြည်သူဆိုတဲ့နေရာမှာ တပ်မတော် သားတွေလည်း ပြည်သူထဲမှာ ပါတယ်ပေါ့။ ဒါကိုလည်း ပြောပါတယ်။ နောက်တခါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ် ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့လိုတယ်၊ ဒီဟာကိုလည်း ဆွေးနွေးပါတယ်။ နောက်တခါ- NLD အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူသာ အဓိကကျတဲ့အတွက် ပြည်သူကို အားကိုးသမှုနဲ့ပေါ့နော်- ပြည်သူကို အဓိကထားပြီး ပြည်သူတွေ ဆန္ဒနဲ့ ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ဒါတွေလည်း ဆွေးနွေးပါတယ်ခင်ဗျ။”

ကော့မှူးမြို့နယ် အားကစားကွင်းတွင်းက အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ သဘောထားဆန္ဒခံယူပွဲကို တက်ရောက်လာကြတဲ့ ကော့မှူးမဲဆန္ဒရှင် ပြည်သူတွေဆီက အခြေခံဥပဒေနဲ့ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး သဘောထားခံယူရမှာတော့ အများစုက ပြင်ဆင်ရေးကို တခဲနက် ထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

“ဆန္ဒရယူတဲ့အခါမှာ ၉၉ % လောက်ကို ပြင်ဆင်ရေးဘက်ကို ထောက်ခံကြတယ်ဗျ။ အသစ်ရေးဆွဲချင်တဲ့သူက လက်ထောင်တဲ့သူတွေကို ကျနော် ကြည့်တာ အားလုံးထဲမှာ ဒီ ၃ သောင်းလောက် တက်တဲ့အထဲမှာ ဆယ်ယောက်ထက် မပိုဘူးဗျ။ အဲဒီတော့ ၉၉ % လောက်ကို ကော့မှူးက ပြင်ဆင်ရေးဘက်မှာ ဆန္ဒရှိတာပဲ။”

တက်ရောက်လာတဲ့ ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံမေးမြန်းကြတဲ့အခါ ပြည်သူဘက်က လွှတ်တော်တွင်း လူနည်းစုဖြစ်တဲ့ အတိုက်အခံအင်အားစုအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေ ဘယ်လို ရှိနိုင်သလဲဆိုတာကို မေးမြန်းခဲ့ကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကို သူကပြောပြပါတယ်။

“ပြည်သူဘက်က မေးတဲ့အခါကတော့ဗျာ- ဒီဟာ မပြင်လို့ရှိရင် ကျနော်တို့က လွှတ်တော်ထဲမှာ အနည်းစု၊ အများစုက အာဏာရပါတီဖြစ်နေတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်လို့ရှိရင် ဘယ်လို အခြေအနေမျိုးနဲ့ နိုင်ငံရေး သွားမလဲဆိုတာကို ကျနော်တို့ခေါင်းဆောင်ကတော့ ပြောပါတယ်။ တရား ဥပဒေဘောင်အတွင်းကပဲ ပြင်ဆင်ရေးကို လုပ်သွားမယ်။ ဥပဒေဘောင် အတွင်းကပဲ နိုင်ငံရေးကို ဆက်ပြီးတော့ လျှောက်လှမ်းသွားမယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကို ပြောပါတယ်ဗျ။”

ပြည်သူ့သဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဥပဒေ ပညာရှင် ဦးဌေးဦးတို့ သုံးဦး ပင်တိုင်ဆွေးနွေးခဲ့ကြပြီး သူ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား စတာတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောပါတယ်။

“လူထုနဲ့တွေ့တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လို သန္ဓေတည်လာသလဲပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေဇစ်မြစ်ပေါ့။ ၁၉၉၃ အမျိုးသား ညီလာခံစပြီးတော့ ၂၀၀၄ ညောင်နှစ်ပင်ညီလာခံမှာရော၊ ၁၉၉၃ ကျိုက္ကဆံ အမျိုးသားညီလာခံမှာရောက ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲခွင့် မရဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ခွင့် မရခဲ့ဘူးပေါ့ဗျာ။ ဒီမိုကရေစီအခွင့်အရေးမရတာတွေ၊ လူ့အခွင့်အရေး အာမခံချက် မရှိတာတွေ၊ ပြည်ထောင်စုမူ ကင်းလွတ်နေတာတွေ၊ တန်းတူညီမျှတဲ့အခွင့်အရေး မရတာတွေ၊ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒိရုပ်ကလည်း မူလကတည်းကိုက မကောင်းဘူးပေါ့ဗျာ။ အဲဒါတွေပါ ကျနော်ဆွေးနွေးပါတယ်။”

ဒီဇင်ဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးတင်ဦး၊ အပါအဝင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း) တို့က ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းပုံ အတွင်း ပြင်ဆင်သင့်တဲ့ အချက်တွေကို လူထုကို သွားရောက် တွေ့ဆုံရှင်းလင်းဆွေးနွေးကြမယ်လို့သိရပါတယ်။


VOA
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော ဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ် တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။