Thursday, December 19, 2013

မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်

Photo: မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်
Thursday, December 19, 2013

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

" အမျိုးသားက ၁၃၅ ဦး၊အမျိုးသမီးက ၁၁ ဦး၊စုစုပေါင်း ၁၄၆ ဦး။ စနေနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနဲ့ ဂျိုရှူးထိန်းသိမ်းရေးစခန်းက ၁၅ ဦး ထပ်လာဖို့ ရှိတယ်။ အခုပါလာတဲ့သူတွေက ထိန်းသိမ်းရေးစခန်းတွေမှာ လပိုင်းလောက်နေခဲ့ ရတဲ့သူအများစုပဲ " ဟု သီတဂူ အထောက် အကူပြုအဖွဲ့မှ ဒေါက်တာမြတ်သူက ပြောသည်။

ပြည်တော်ပြန် ၀င်လာသည့်မြန်မာ ၁၄၆ ဦးမှာ ထိန်းသိမ်းရေးစခန်း ခုနစ်ခုမှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ပြန်လာသည့် မြန်မာများအတွက် သီတဂူအထောက်အကူပြုအဖွဲ့မှ တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

" အစ်မက ထားဝယ်ဘက်ကနေ မလေးရှားကို ကူးသွားတာ။ အောက်တိုဘာ ၁၇ ရက်မှာ အဖမ်းခံရတယ်။ နိုဝင်ဘာ ၂၇ ရက်မှာထိန်းသိမ်းရေးစခန်းကို ရောက်တယ်။ ဟိုမှာ မြန်မာအမျိုးသမီးတွေ အများကြီးကျန်သေးတယ်။ အရမ်းငိုခဲ့ရတယ် " ဟု ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ပြန်မည့် မမေသန်းက ပြောသည်။

သီတဂူဆရာတော်ဦးဆောင်သော သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်လီ မိတက်၏ ပူးပေါင်းလှူဒါန်းမှု အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိ
သောမြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (အခမဲ့ စင်းလုံးငှား ခရီးစဉ်) ဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး မြန်မာလူမျိုး ၁၂၀၀ ကျော်ခန့်ကို ပို့ ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခမဲ့စင်းလုံးငှားခရီးစဉ်များ အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ဇွန် ၂၉ ရက်၊ ဇူလိုင် ၅ ရက်နှင့် ၁၆ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက် နှင့်၂၄ ရက်၊ နိုဝင်ဘာ ၂၁ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်တို့တွင် မလေးရောက်မြန်မာများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး ခဲ့သည်။

နန္ဒ၊ 
စံတော်ချိန် နေ့စဉ်သတင်းစာ
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင် ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ် ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ABSDF ၂၅ နှစ်ပြည့် ငွေရတု မဂ္ဂဇင်းနှင့် ပြက္ခဒိန် ပြည်တွင်း၌ ထုတ်ဝေမည်

ကာလကြာရှည် စွာဖြစ်ပွား နေသော ပြည်တွင်း စစ်ရပ် တန့်ပြီး ငြိမ်းချမ်းရေးအား အထောက်အကူဖြစ်စေ ရန်နှင့် ABSDF ၏ဖြတ် သန်းမှုအားသိရှိစေရန်ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး) ၂၅နှစ်ပြည့် ငွေရတုမဂ္ဂဇင်းနှင့် ပြက္ခဒိန်တို့အား ပြည်တွင်း၌ထုတ် ဝေဖြန့်ချိသွားမည်ဖြစ် သည်။

လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်

Photo: လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်
Thursday, December 19, 2013

မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း လူကုန်ကူး ခံရသူ ၂၄၄ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။

လူကုန်ကူး ခံရသူများမှ ကယ်တင်နိုင်ခဲ့သူ ၂၄၄ ဦးရှိပြီး အသက် ၁၆ နှစ်အောက် ၃၃ ဦး နှင့် အသက် ၁၈ နှစ်အောက် ၂၅ ဦး ပါဝင် ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

လူကုန်ကူးခံရသူများတွင် ယောက်ကျားလေး ဦးရေ ၈၀ နှင့် မိန်းကလေး ၁၆၄ ဦး ပါဝင်ပြီး လူကုန်ကူးမှု ကျူးလွန်သည့် အမှုပေါင်း ၉၅ မှုကို အရေးယူခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၂၅၁ ဦးကို အရေးယူခဲ့ကြောင်း လည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များတွင် မိဘ အုပ်ထိန်းသူများ၏ ယုံကြည်မှု လွန်ကဲခြင်းများကြောင့် ကလေး သူငယ်များ လူကုန်ကူးခံရပြီး ခေါင်းပုံ ဖြတ်ခံရခြင်းများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များသည် မိသားစုအတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် လုပ် ငန်းခွင်ထဲသို့ စောစီးစွာ ၀င်ရောက်နေရပြီး မိဘများအနေဖြင့် ပွဲစားများမှ တဆင့် မိမိတို့၏ ကလေးများကို လုပ်ငန်းခွင်သို့ စေလွှတ်ခြင်းများသည်ကိုလည်း တွေ့ ရှိရသည်။

“ပွဲစား ပြောတာကို ယုံပြီးထည့်ပေးရင် လူကုန်ကူးခံရတာ များပါတယ်။ မိဘ အုပ်ထိန်းသူတွေ အနေနဲ့ အလုပ်အကိုင် အကြောင်း ကို သေသေချာချာ စုံစမ်းပြီးမှ ထည့်ပေးသင့်ပါတယ်”ဟု ကလေးသူငယ် အရေး ဆောင်ရွက်နေသည့် Anti Child Trafficking Networking Group ၏ စည်းရုံးလှုံ့ဆော်မှု တာဝန်ခံ ဦးအောင်ဇော်ထွေး က ပြောသည်။

ရဲမှူး ဒေါ်အေးအေးမြင့်က“၁၆ နှစ်အောက် ကလေးသူငယ်တွေကို ခေါင်းပုံဖြတ်တာမှာ ကလေးရဲ့ သဘောတူညီချက် ရှိသည်ဖြစ် စေ၊ ငွေကြေး သဘောတူညီမှုကို အုပ်ထိန်းသူနဲ့ လူကုန်ကူးသူတို့ ပူးပေါင်းရယူတာမျိုးတွေကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ ပုဒ်မ ၃/က နဲ့ အရေးယူပါတယ်”ဟု ပြောဆိုသည်။

ပြစ်မှု ထင်ရှားပါက လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ချမှတ်ပြီး ကျူးလွန်သူ တဦး သို့မဟုတ် သုံးဦး အထက်ပါရှိလျှင် အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ပြစ်ဒဏ်အရ နှစ်ဆတိုးပြီး ပုဒ်မ ၂၈ ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ စတင်ပြီး ချမှတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကလေးတွေက အယုံသွင်းရတာလွယ်တယ်၊ တခုခုနဲ့ မက်လုံးလေးတွေ ပေးလိုက်ရင် ကလေးတွေက ခေါ်ဆောင်ရလွယ်တယ်၊ အနိုင့်အထက်ကျင့်ပြီး ခေါ်ရင်တောင် ပိုလွယ်တော့ ကလေးတွေက အဓိက သားကောင်အဖြစ် ပိုပြီး လူကုန်ကူးခံနေရတာများတာကို တွေ့ရတယ်”ဟု ဦးအောင်ဇော်ထွေးက ပြောသည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၆ နှစ်အောက်သည် ကလေးသူငယ်ဖြစ်ပြီး ၁၈ နှစ်အောက်ငယ်သူကို အရွယ်မရောက်သေးသည့် လူငယ်ဟု သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂ က အသက် ၁၈ နှစ်အောက် ကျား၊မနှစ်မျိုးလုံးကို ကလေးသူငယ်ဟု သတ်မှတ် ထားကြောင်း တွေရှိရသည်။

ကလေးသူငယ်များမှာ တစုံတယောက်၏ အန္တရာယ်ပေးလာမှုကို ကာကွယ်ခုခံနိုင်သည့် ရုပ်ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရင့်သန်မှု မရှိသေးသည့်အတွက် မမွေးဖွားမီနှင့် မွေးဖွားပြီးအချိန်အထိ ဥပဒေအရ ကာကွယ် စောင့်ရှောက်ပေးခြင်းကို ခံယူနိုင် သူများဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။

လူ့ အခွင့်အရေး ပညာပေးရေး အဖွဲ့ Equality Myanmar ၏ တာဝန်ခံ ဖြစ်သူ ကိုအောင်ကလည်း“ကျနော်တို့ ကလေးအခွင့်အရေး နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပေးတယ်၊ မိဘတွေအနေနဲ့ စာအုပ်တွေဖတ်ပြီးရင် အရင်ကထက် ကလေးတွေကို ပိုဂရုစိုက်လာမယ်၊ ပညာရေးမှာ အားပေးလာမယ်၊ ကလေး လူကုန်ကူးမှု အန္တရာယ်တွေကိုလည်း မဖြစ်ခင် ကာကွယ် လာနိုင်မယ်”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က“ကလေးသူငယ် လူကုန်ကူးမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်နှင့် လူထုပညာပေး” အစီအစဉ်ကို မြန်မာနိုင်ငံ ကလေး ကူးသန်း ရောင်းဝယ်မှု ဆန့်ကျင်ရေး ကွန်ရက် Anti Child Trafficking Networking Group က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စက်မှုရိပ်သာ ၀န်းအတွင်း ကျင်းပရာ ဆွေးနွေး တင်ပြခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး United ACT, LCRWG, Bumar Art, TDH, Equality Myanmar အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများက အဓိက လှုပ်ရှား ဆောင်ရွက်နေသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် လူကုန်ကူးခံရနိုင်ဖွယ် သားကောင်အဖြစ် ကလေး ခုနှစ်သိန်း ခန့်ရှိပြီး ၄၄ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနှင့် အဓမ္မ ခိုင်းစေခြင်း ခံနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ အစီရင်ခံစာ အရ သိရသည်။

ကလေးသူငယ် များစွာ၏ နေအိမ်ဆုံးရှုံးမှု ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုများနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ကလေး အမြောက်အမြားရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ် တဦးအား ခိုင်းစားနေသည့် အမျိုးသမီးတဦးကို ယမန်နှစ် ဧပြီလ အတွင်းက လူကုန်ကူးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိစဉ် (ဓာတ်ပုံ – mgr.manager.co.th)

ဧရာဝတီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ် တဦးအား ခိုင်းစားနေသည့် အမျိုးသမီးတဦးကို ယမန်နှစ် ဧပြီလ အတွင်းက လူကုန်ကူးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိစဉ် (ဓာတ်ပုံ – mgr.manager.co.th)
မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း လူကုန်ကူး ခံရသူ ၂၄၄ ဦးကို ကယ် တင် နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။

အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးများ ထွက်ပေါ်လာတော့မည်

Photo: အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးများ ထွက်ပေါ်လာတော့မည်
Thursday, December 19, 2013

သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးထွက် ပေါ်လာတော့ မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင် များက လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က သုက်ပိုးများထိန်းသိမ်းထားသည့်နေရာမှသုက်ပို့ပြွန်သို့ ရွေ့ လျားမှု အား လေ့လာခဲ့ကြသည်။

ထိုအခါ ၎င်းတို့က သုက်ပိုးများသည် ယင်းကဲ့သို့ ပုံမှန်အတိုင်း ရွေ့လျားနိုင် ရန်အတွက် ပရိုတင်းနှစ်မျိုး ခန္ဓာကိုယ်မှထုတ်ပေး နိုင်ရန်လိုကြောင်း တွေ့ရသည်။ ထို့ ကြောင့် ကြွက်များတွင် ယင်းပရိုတင်း (၂)မျိုးအား မထုတ်ရန် တားထားသည့်အခါ၎င်းကြက်ထီးများသည်သန္ဓေမအောင်တော့ကြောင်း တွေ့ရသည်။

၎င်းကြက်များသည် သန္ဓေ မအောင်တော့သော်လည်း သာမန် ကြက် များကဲ့သို့ပင် လိင်ဆက်ဆံနိုင်ပြီး သန္ဓေမအောင်ခြင်းမှာလည်း ယာယီ သာဖြစ် ၍ အောင်စေချင်သည့်အချိန်တွင် ပြန်၍ သန္ဓေအောင်ေ စနိုင်ကြောင်း တွေ့ခဲ့ရသည်။

အမျိုး သမီးများအတွက် သန္ဓေတားဆေးမှာ ၁၉၆၀ခုနှစ်မှ စတင်တွေ့ရှိသော်လည်း အမျိုးသားများ အတွက် ဆေးများမှာမူ ဆဲလ်များအား ထာဝရပျက်စီးသွားစေသောကြောင့် မအောင်မြင် ခဲ့ကြသေးပေ။

မိုင်ကိ
ref:Netdoctor.co.uk
Health Updates Journal
သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက် ကိုယ်ဝန်တားဆေးထွက် ပေါ်လာတော့ မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင် များက လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က သုက်ပိုးများထိန်းသိမ်းထားသည့်နေရာမှသုက်ပို့ပြွန်သို့ ရွေ့လျားမှု အား လေ့လာခဲ့ကြသည်။

အမေရိကန်အရေးယူမှု ကို မြန်မာ အစိုးရ တုံ့ပြန်

အမေရိကန်အရေးယူမှု ကို မြန်မာ အစိုးရ တုံ့ပြန်
Thursday, December 19, 2013

မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အရာရှိ တယောက်နဲ့ စီးပွားရေး လုပ်ငန်း ၃ ခုကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တရပ် အင်္ဂါနေ့က ပြုလုပ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။

အရေးယူပိတ်ပင်ခံရသူတွေကတော့ ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ အေးရှ မက်တဲလ် ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီ၊ အိတ်ဇဲလန့်စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယား နဲ့ မြန်မာနိုင်ငံ ဟာ သံတမန် အဆက်အသွယ် ရှိတဲ့ အကြောင်း၊ နိုင်ငံတကာ နဲ့ ချစ်ကြည်ရင်းနှီးစွာ ရှိတဲ့ မူဝါဒ ကြောင့် ဖြစ်ကြောင်း၊ ဒါပေမယ့် အစိုးရသစ် တာဝန်ယူပြီးတဲ့ နောက်မှာ မြောက်ကိုးရီးယား နဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ ဆောင်ရွက် တယ် လို့ နိုင်ငံတော် သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဂျပန် အာဆီယံ နှစ် ၄၀ ဆက်ဆံရေး အခန်းအနား မှာလည်း မြောက်ကိုးရီးယား ကို အနုမြူ ကင်းမဲ့ဇုံ အဖြစ် ဆောင်ရွက်ရေး ကိုလည်း သမ္မတ ဦးသိန်းစိန် က ထောက်ခံခဲ့ ကြောင်း ဦးရဲထွဋ် က ပြောပါတယ်။ အရေးယူ ဒဏ်ခတ် စါရင်း ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦး ဆိုသူ၊ တပ်ထဲ ရှိမရှိ ဆိုတာလည်း မပြောနိုင်၊ တသီးပုဂ္ဂိုလ် နဲ့ ကုမ္ပဏီ တွေ ကို အရေးယူတာ ဖြစ်တဲ့ အတွက် လောလောဆယ် မှတ်ချက် မပေးနိုင်သေးကြောင်း လည်း ဦးရဲထွဋ် က ပြောပါတယ်။

ဒီကိစ္စ ကြောင့်လည်း မြန်မာ အမေရိကန် ဆက်ဆံရေး ကို ထိခိုက်မှု မရှိနိုင်သလို၊ အစိုးရ ရဲ့ ရပ်တည်ချက် ကို အမေရိကန် က သဘောပေါက်ပြီး ဖြစ်ကြောင်း၊ အမေရိကန် ရဲ့ စိုးရိမ်မှု ကိုလည်း မြန်မာဘက် က နားလည်ကြောင်း လည်း နိုင်ငံတော် သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အရာရှိ တယောက်နဲ့ စီးပွားရေး လုပ်ငန်း ၃ ခုကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တရပ် အင်္ဂါနေ့က ပြုလုပ်လိုက် ပါတယ်။ မြောက် ကိုရီးယား နဲ့ လက်နက် ကုန်သွယ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။

ရွှေရရှိရန် သေချာလျက်ရှိသော မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို နိုင်ငံတော်အလံများ လွှင့်ထူ၍ သောင်းသောင်း ဖြဖြကြိုဆို ဂုဏ်ပြု

Photo: ရွှေရရှိရန် သေချာလျက်ရှိသော မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို နိုင်ငံတော်အလံများ လွှင့်ထူ၍ သောင်းသောင်း ဖြဖြကြိုဆို ဂုဏ်ပြု
Thursday, December 19, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင် ရွက်လှေပြိုင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် ယနေ့ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြီးချိန်တွင် Half Rater (open) နှစ် ယောက်တွဲ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်အတွဲက ပွဲစဉ်တစ်လျှေက် ထိပ် ဆုံးမှ ရပ်တည်လျက်ရှိကာ ယနေ့ပြိုင်ပွဲအပြီးတွင် ရွေရရှိရန် သေချာသွားပြီ ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၆)နိုင်ငံမှ အားကစားသမားများက ပြိုင်ပွဲ အားကစား(၁၂)မျိုးကို ယှဉ်ပြိုင်လျက်ရှိကြပြီး Half Rater (open) အမျိုးသားနှစ်ယောက်တွဲ၊ INT´L 420 (Boys)၊ INT´L 420 (girls)ပြိုင်ပွဲ၊ INT´L 470 (Men)နှင့် INT´L 470 (Women)ပြိုင်ပွဲ၊ RS 1 (win surfing) ပြိုင်ပွဲများမှာ ပြိုင်ပွဲပြီးဆုံးရက် ဒီဇင်ဘာ(၂ဝ)ရက်နေ့ထိ ပွဲစဉ်အလိုက် အမှတ်ပေးစနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
ရွေတံဆိပ်ရရှိရန် သေချာသလောက်ရှိသည့် Half Rater(open) နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ပန်းဝင် လာသော အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဘုန်းကျော်မိုးမြင့်အတွဲနှင့် ရွက်လှေအား မြန်မာပရိသတ်များ က မြန်မာနိုင်ငံ အလံလွှင့်ထူ၍ အားပါးတရ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


MOI Webportal Myanmar မှ
Popular Journal
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင် ရွက်လှေပြိုင်ပွဲကို ဧရာဝတီ တိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေတွင် ယနေ့ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြီးချိန်တွင် Half Rater (open) နှစ် ယောက်တွဲ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်အတွဲက ပွဲစဉ် တစ်လျှေက် ထိပ် ဆုံးမှ ရပ်တည်လျက်ရှိကာ ယနေ့ပြိုင်ပွဲအပြီးတွင် ရွေရ ရှိရန် သေချာ သွားပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် အအေးလွန်ကဲသဖြင့် အိမ်ရာမဲ့ အမျိုးသားတစ်ဦး သေဆုံး

မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍ မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေး တိုင်းဒေသကြီး အမရပူရ မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန် ပတ်လမ်း ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး အဆုတ်အအေး မိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ထိုင်းအမျိုးသမီးအသင်းကို မြန်မာအသင်း ရှုံးနိမ့်မှုနဲ့ အားပေးစကားတချို့

 
 မနေ့က မြန်မာ- ထိုင်း အမျိုးသမီး ဘောလုံးပွဲ အပြီးမြင်ကွင်းတခု၊ ဓာတ်ပုံ- မြန်မာဘောလုံး အဖွဲ့ချုပ် စာမျက်နှာ
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မနေ့က ထိုင်း-မြန်မာအမျိုးသမီး ဘောလုံးပွဲမှာ ထိုင်းက ၁၁- မြန်မာက ၁၀ ဂိုး နဲ့ မြန်မာ အမျိုးသမီးအသင်း ရှုံးနိမ့်ခဲ့ပါတယ်။

ရုပ်ရှင်သမားများ အနေအထိုင် ဆင်ခြင်ရေး

~
 
ရုပ်ရှင်လောကသားတွေ အနေအထိုင် ဆင်ခြင်ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးတွေက စာ တစောင် ထုတ်ပြန် မေတ္တာရပ်ခံလိုက်ပါတယ်။

အပြစ်မရှိတဲ့သမီးလေးကို ရေထဲလွှင့်ပစ်ပြီး သတ်ခဲ့တဲ့ ရက်စက်လှတဲ့ မိခင်



အပြစ် မရှိ တဲ့ကလေးငယ် ကို ရေထဲ စွန့်ပစ်ပြီး သတ်ပစ် ခဲ့တဲ့မိခင်ကိုပြင်သစ် ပြည်သူတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါနိုင်ငံကနေ လာရောက်ပြီး ပြင်သစ် နိုင်ငံမှာ အခြေကျ နေထိုင်နေ တဲ့ ကာဘူးဟာ သူ့ရဲ့ဘ၀နဲ့ လိုက်လျောညီထွေမှု မရှိတာမို့ ကလေး ငယ်ကို ရေထဲ စွန့်ပစ်ဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အသက်ဟာ (၁၅) လသာ ရှိသေးပြီး သမီးလေး ဖြစ် တယ်လို့ သိ ရပါတယ်။ ကာဘူးရဲ့သမီးငယ် အဒီ လိုင်ဒီဟာ ပြင်သစ်နိုင်ငံ ရှိ ရေ လက်ကြားတစ်ခုမှာ သေ ဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကို ငါးဖမ်း သမား တွေက တွေ့ရှိခဲ့ခြင်းဖြစ်ပါ တယ်။

အသိပေးကြေညာချက်

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် ၂၂ - ၁၂ - ၂၀၁၃ ရက်နေ့ မွန်းတည့် ၁၂း ၀၀ နာရီ အချိန်မှ အခမ်းအနားပြီးဆုံးချိန်အထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဧရီယာသို့ ဝင်ရောက်နိုင်သည့် အောက်ပါနေရာ လမ်းဆုံရှစ်ခုတွင် ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးကြေ ညာအပ်ပါသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Thursday, December 19, 2013

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အမှတ် (၄၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့) မှတပ်ဖွဲ့ ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တွေ့ရှိသူ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျ အိမ်ယာနေ ဇာနည်ဝင်း (၃၃) နှစ်နှင့် အတူနေ မစောနန်းခိုင် (၃၂) နှစ်တို့ (၂) ဦးအား ရှာဖွေ စစ်ဆေးခဲ့သည်။ 

ထိုသို့ရှာဖွေခဲ့ရာ ဇာနည်ဝင်း၏ လက်အတွင်းမှ ဂျာနယ်စက္ကူ ဖြတ်ပိုင်းဖြင့် ထုပ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးဆေးပြား (၁၉၈) ပြား၊ အစိမ်းရောင် (၂) ပြား၊ စုစုပေါင်းဆေးပြား (၂၀၀) ပြား၊ လက်ကိုင်ဖုန်း (၁) လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀) သိန်းအား သိမ်းဆည်း ရမိခဲ့သောကြောင့် ဇာနည်ဝင်းနှင့် စောနန်းခိုင်တို့အား ရန်ကင်းမြို့မရဲစခန်း၊ မယ (ပ) ၉ / ၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ / ၁၉ (က) /၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြ၀တီ  
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အမှတ် (၄၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့) မှတပ်ဖွဲ့ ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တွေ့ရှိသူ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက် ၊ အောင်ဇေယျ အိမ်ယာနေ ဇာနည်ဝင်း (၃၃) နှစ်နှင့် အတူနေ မစောနန်းခိုင် (၃၂) နှစ်တို့ (၂) ဦးအား ရှာဖွေ စစ်ဆေးခဲ့သည်။

ဦးရဲထွဋ်ရဲ့ အမှားပြင်ဆင်ချက်

Myanmar Online News's photo.

သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မနေ့က ပို့စ် တခု တင်ခဲ့တာမှာ ဗြောင်လိမ်သလားဆိုပြီး အွန်လိုင်း ပရိသတ်က ဝိုင်းပြီး ဝေဖန် သြဘာပေးခဲ့ကြပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ မှားယွင်းချက်ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ယာယီရပ်ဆိုင်း

ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှု အဆင်မပြေ၍ ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့တွင်းနှင့် ဒလဘက်ခြမ်းအား ဆက်သွယ်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ကူညီကာ တည်ဆောက်ပေး မည်ဟု နိုင်ငံတော်သမ္မတက ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်စဉ်တွင် ညှိနှိုင်း သဘော တူခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကေအိုင်အေမှ ဖမ်းဆီးသွားသူများအနက် ၂၂ ဦး ပြန်လည်လွတ်မြောက်

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၇၊ ၈၊ ၁၃ ရက်များတွင် ဖမ်းဆီးခေါ်ဆောင် သွားသူများအနက် ၂၂ ဦး ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပြန်လည် လွတ်မြောက် လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံများက The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။

Wednesday, December 18, 2013

မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ

Photo: မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ
Wednesday, December 18, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်ကို ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်း တွင် ယနေ့နံနက် ၁၁ နာရီက စတင်ယှဉ်ပြိုင်သည်။ စတုတ္ထနေ့ ပထမပွဲစဉ်အဖြစ် ကမ္ဘောဒီးယား နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စင်ကာပူအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

စတုတ္ထနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ထိုင်းနှင့်မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မလေး ရှားအသင်းက ထိုင်းအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ယှဉ်ပြိုင်ခဲ့ သော ပွဲစဉ်များအပြီးတွင် မလေး ရှားအသင်းက ၁၂ မှတ်၊ စင်ကာပူ အသင်းက ၉ မှတ်၊ ထိုင်းအသင်း က ၇ မှတ်၊ မြန်မာအသင်းက ၄မှတ်၊ အင်ဒိုနီးရှားအသင်းက ၃မှတ်ရရှိပြီးကမ္ဘောဒီးယားအသင်း က အမှတ်မရရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အမျိုးသားဟော်ကီ အုပ်စုပတ်လည် စတုတ္ထနေ့ပွဲစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်း၊ စင်ကာပူနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

Ref: The Union Daily
(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ

Photo: နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ
Wednesday, December 18, 2013

ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။

ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

အသက်စွန့်ပြီး ရိုက်ကူးနေစဉ် မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။ ကံကောင်းပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ ကျည်ဆည်ပေါက်သွားတဲ့နေရာကို မြင်တွေ့ ရမှာပါ။

Nokia ဖုန်း Hardware အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2 တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။

Ref: phonearena
အောင်ခမ်း ( ရိုးရာလေး )
ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်
ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင် လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒလမြို့ နှစ်လုံးထီဒိုင် အမျိုးသမီးကို ထောင်ဒဏ်သုံးနှစ်၊ခြောက်လ ချမှတ်

နှစ်လုံးထီးဒိုင်ကိုင်နေသော အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒလမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ခြောက်လကျခံစေရန် ဒီဇင်ဘာ ၁၁ ရက်က အမိန့်ချမှတ်လိုက် သည်။

ပြိုင်ကားမောင်းသူတစ်ဦးက ရပ်ထားသည့် ကားကို ဖျက်ဆီးဟုဆိုကာ အမှုဖွင့်

ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိခိုက် စေသည်ဟုဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေးသည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်
Wednesday, December 18, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....
၎)ဆရာဝန်ကသင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ...
ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာအိပ်ချင်လာပြီဆိုရင်ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ...ဒီပုံစံဟာသင့်အစာအိမ်ကို
အစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေသင့်လည်ချောင်းထဲကမထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇)သင်သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freezeဟာခံတွင်းနံရံမှာရှိတဲ့အာရုံကြောကိုအလွန်အမင်းအေးစေတဲ့အခါဦးနှောက်ကခန္ဓာကိုယ်
တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃)သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာလက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Myanmaalinn
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေ ကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ခေါ်ပြောကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ဖိတ်ခေါ်ခြင်းမျိုး တရုတ်နိုင်ငံ ဘက်က ပြော ကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ
Tuesday, December 17, 2013

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက်  မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။     ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။

ဖြေ ။     ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။

မေး။     ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။

ဖြေ ။     ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့  ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။

အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။

ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။

ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။

ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။

မေး။     ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။

ဖြေ။     ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။

ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင်  U -၁၉၊ U- 22  လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊  ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။

မေး။     ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့  ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။     ။

AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)

ဧရာဝတီ
ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်း အထန် ပြင်ဆင် ကြိုးစားခဲ့သည်။

မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်


မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက် အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။

သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး

ပူးပေါင်းရေးအတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက ပြောပါသည်။