Tuesday, December 24, 2013

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေဘဲ လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။ လေပွတာ ကို အလွယ်တကူ သက်သာစေမယ့်နည်း လမ်းတွေရှိ ပါတယ်။ သင်နေ့စဉ်စားနေ ကျ အစားအစာတွေကို သတ်မှန်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့် ကျန်းမာရေး အခြေအနေကို လေ့လာနိုင် ပါတယ်။ နေ့တိုင်း လေပွတယ်လို့ခံစား နေရရင် သင်စားနေကျ အစားအစာတွေ ရဲ့ အစာစားနည်းပုံစံကို ငါးရက်လောက် ပြောင်းကာ စားပေးပါ။

ရေများများသောက်ပါ

တစ်နေ့တာ အတွက် လိုအပ်တဲ့ရေ ပမာဏထက် နည်းတာကြောင့် အစာမ ကြေတာနဲ့ မူးဝေတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ တစ်နေ့ကို ရေခြောက်ဖန်ခွက် လောက်သောက်ပေးပါ။ လေပွတာကို လည်း သက်သာစေနိုင်ပါတယ်။

မနက်စာစားပါ

အုတ်ဂျုံ ပါဝင်တဲ့ အစားအစာတွေနဲ့ ဥအမျိုးမျိုး၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ဒိန် ချဉ် စတာတွေကို နံနက်ပိုင်း အစားအစာ မှာ ပါဝင်အောင်စားပေးပါ။ မနက်စာစား သူတွေအနေနဲ့ တစ်နေ့တာဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး၊ စွမ်းအင်တွေကို လည်း ရရှိစေနိုင်ပါတယ်။

အစာအချို့ကို လျှော့စားပါ

အရောင်ချွတ်ထားပြီး ဖြူဖွေး အောင်ပြုလုပ်ထားတဲ့အစားအစာတွေ၊ သကြား၊ ကော်ဖီနဲ့ အယ်လ်ကိုဟောပါ ဝင်တဲ့ဖျော်ရည်တွေကို လျှော့သောက် ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်း ချက်နည်းဖြစ်စေဖို့ စာအုပ်တွေကိုလေ့ လာပြီး ချက်ပြုတ်ပါ။

ဖိစီးမှု နည်းပါစေ

စိတ်ဖိစီးမှုကြောင့် သင့်ကိုလေပွ စေတာမျိုး မဟုတ်ပေမယ့်။ စိတ်ဖိစီးမှု ကြောင့် အစာစားမှားရာကနေ လေပွစေ တတ်ပါတယ်။ စိတ်ဖိစီးမှုလျော့ပါးစေဖို့ လမ်းလျှောက်လေ့ကျင့်ခန်း၊ တရားထိုင် တဲ့လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း တွေနဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ် တဲ့လေ့ ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေး ပါ။ အချိန်ပြည့်ဆိုသလို လေ့ကျင့်ခန်းပြု လုပ်တာမျိုးမဟုတ်ဘဲ စိတ်ကိုပျော်ရွှင်စေ ဖို့ကို ဦးစားပေးပြီးလေ့ကျင့်ပေးပါ။ လေ့ လာမှုတွေအရ အပေါင်းအသင်းတွေနဲ့အ တူ လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် စိတ်ကိုပျော်ရွှင်စေနိုင်ပြီး တစ် ရက်မှာ ခြေလှမ်းပေါင်းတစ်သောင်း ကျော်လောက် လျှောက်ပေးသင့် တယ်လို့ ဆိုပါတယ်။

အခြားကုသမှု နည်းလမ်းများ

လက်ဖက်စိမ်းလက်ဖက်ရည် ပူပူ သောက်တာမျိုး၊ လာဗန်ဒါအရွက်ကို ရေ နွေးပူပူနဲ့ သောက်တာမျိုးတွေက လေပွ တာကို သက်သာစေနိုင်ပါတယ်။ ရေချိုး ဆားနဲ့ ရေခပ်နွေးနွေးထဲမှာစိမ်ချိုးပါ။ ကိုယ်ဝန်ဆောင်သည်ဆိုရင်တော့ ရေနွေး နဲ့ စိမ်ချိုးတာကို ရှောင်သင့်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ပါ

အစာစားနည်းပုံစံ ပြောင်းလဲပြီး ငါး ရက်နဲ့ ၁ဝ ရက်ကြာတဲ့ အထိ လေပွတာ က မသက်သာဘူးဆိုရင်တော့ နားလည် တဲ့ဆရာဝန်တစ်ဦးရဲ့ အကြံကိုယူသင့်ပါ တယ်။ သင့်မှာ တခြားကျန်းမာရေးပြဿ နာတွေမရှိဘူးဆိုရင်တောင် ဝေဒနာ သက်သာစေဖို့ တိတိကျကျ ကုသမှုပေး နိုင်ပါလိမ့်မယ်။


Ref: Good Health
လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေ ဘဲ လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။

ရွှေ့ပြောင်းနိုင်သည့် တန်ဖိုးနည်းအိမ်များ ၂၀၁၄ ဧပြီတွင် ရောင်းမည်

ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင် စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်
Tuesday, December 24, 2013

လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ကို ဒီဇင်ဘာ (၂၁)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေးမှ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရေး အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံက ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲခွဲမှုတွင် အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက (၉)မဲဖြင့် အင်ဒိုနီးရှား (၄)မဲ၊ ဖိလစ်ပိုင် (၆)မဲတို့အား အသာရကာ အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆူဇူကီး ဖလားပြိုင်ပွဲ၏ ကျင်းပပုံအရ အုပ်စု(၂)စု ခွဲကာ ထိုအုပ်စုများကို အိမ်ရှင်နိုင်ငံ (၂)ခုတွင် သွားရောက် ကစားစေပြီး အုပ်စုအဆင့်မှ လွန်မြောက်လာသည့် အသင်းများကို ဆီမီးဖိုင်နယ် အဖြစ် အိမ်ကွင်း၊ အဝေးကွင်း ကစားစေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၆ ဆူဇူကီဖလား ပြိုင်ပွဲတွင် မြန်မာအသင်းမှာ မိမိတို့ ပါဝင်သည့် အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံမည် ဖြစ်ပြီး အခြား တစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

ဆူဇူကီး ဖလားပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလား ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စကာ ဆူဇူကီး ဖလားအဖြစ် ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ အနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တစ်ကြိမ်မှ လက်ခံဖူးခြင်း မရှိရာ ယခုတစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံမှုမှာ ပထမဆုံး အကြိမ် အိမ်ရှင်လက်ခံ ကျင်းပမှု ဖြစ်လာမည် ဖြစ်သည်။ ၂၀၁၂ ကမူ ဆူဇူကီးဖလား ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံခဲ့ဖူးသည်။ ဆူဇူကီးဖလားကို စင်ကာပူ အသင်းက (၄)ကြိမ်နှင့် အများဆုံး ဗိုလ်စွဲထားပြီး ထိုင်းအသင်းက (၃)ကြိမ် ရယူထားသည်။ မြန်မာ အသင်းမှာမူ အဆိုပါ ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးဘဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် စတုတ္ထ တစ်ကြိမ်သာ ရယူထားနိုင်သည်။

Soccer Myanmar
လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်


 

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိ သွားသည့် မြန်မာအမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံများက ဆုကြေး ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ကျပ်သိန်းတစ်ရာ 
ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

http://myanmaspectrum.blogspot.com/2013/12/blog-post_7222.html#more

Myawady News

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများ

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများစိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရေးသား လိုက်ပါတယ်။

(၁) ဇက်ကြောလျှော့ပေးပါ

စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အ ခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ် လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်

မန္တလေး မစိုးရိမ်တိုက်သစ်သံဃာတော်များ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မတိုက်ခိုက်ဟုဆို

မန္တ လေးတိုင်း မဟာအောင်မြေမြို့ နယ်ရှိ မစိုးရိမ်တိုက်သစ်မှသံဃာတော်များ ဦးဆောင်ပြီး ဒေါ် အောင်ဆန်း စုကြည်နှင့် ၎င်း၏ NLD ပါတီအား တိုက်ခိုက်နေ သည်ဆိုသည်မှာ လုံးဝမဟုတ် ကြောင်း မစိုးရိမ်တိုက်သစ်မှ ဆရာတော်များက ပြည်သူများ အား အသိပေးကြေညာခဲ့သည်။
ဖေ့စ်ဘွတ်အကောင့်တစ်ခုတွင် ''မစိုးရိမ်တိုက်သစ်မှဘုန်း ကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက် တဲ့ စာတွေဝေနေပါသည်''ဟု ရေးသားထားသောကြောင့် မစိုး ရိမ်တိုက်သစ်မှ ဆရာတော်များ က ၎င်းတို့၏ဖေ့စ်ဘွတ်စ်စာ မျက်နှာ တွင် အသိပေးကြေညာ ခဲ့ခြင်းဖြစ်သည်။

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ
Monday, December 24, 2013

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

သူမဖြတ်သန်းမဲ့ Happy New Year နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲမိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

Trend Myanmar

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

INGO တွေထွက်ခွာကြဖို့ ရခိုင်ဒေသခံတွေ တောင်းဆို ရေးသားချိန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေ ထွက်ခွာပေး ဖို့ ဒေသ ခံပြည်သူ တွေက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသခံတွေအနေနဲ့ မြောက်ဦးမြို့မှာရှိတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ လှုပ် ရှားဆောင် ရွက်မှု တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် မြောက်ဦးမြို့ကနေ ထွက်ခွာပေး ဖို့ အခု လိုတောင်း ဆိုရ တာဖြစ်တယ်လို့ မြောက်ဦးမြို့လူမှုကွန်ယက်အဖွဲ့က ဦးထွန်းနေ၀င်းက အခု လိုပြောပါတယ်။

“ဒီ INGO နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြောက်ဦးမြို့က အချက် ၉ချက်တောင်းဆိုတယ်၊ အဲဒီထဲမှာ ကျနော်တို့ ကော်မတီတွေက INGO နဲ့ ပေါင်းစည်းပြီးတော့ လုပ်ဖို့အတွက်ကို ကျနော်တို့ request လုပ်တယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အကူအညီသွားပေးမဲ့နေရာတွေကို ဒီကကော်မတီက ကိုယ့်စရိတ်နဲ့ ကိုယ်

လစာနည်းပါး၍ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဒုစရိုက်မှုများ ကျူးလွန်လာ

လစာနည်းပါး၍ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဒုစရိုက်မှုများ ကျူးလွန်လာ
Tuesday, December 24, 2013

အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန်စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက လာဘ်ပေးလာဘ်ယူမှုများ ရှိလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆုံးရှုံးခြင်း၊ မိဘကျောင်းစရိတ် မတတ်နိုင်မှုကြောင့် ကလေးသူငယ်များ ပညာသင်ခွင့် ဆုံးရှုံးခြင်းနှင့် လူမှုရေးတာဝန် လစ်ဟင်းမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ ပြေလည်စေရန် အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းကို အခြေခံ၍ အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေမည့် အနိမ့်ဆုံး လုပ်ခလစာကို အမြန်ဆုံး သတ်မှတ်ရန် လိုအပ်နေသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) အနေဖြင့် အခြေခံ အလုပ်သမားများ၏ အထွေထွေ စားဝတ်နေရေး ကုန်ကျစရိတ်အား စစ်တမ်းကောက်ယူရာတွင် ဇနီး၊ ခင်ပွန်း၊ မူလတန်းအရွယ် ကလေးတစ်ဦး ပါဝင်သည့် မိသားစုတစ်စု၏ တစ်လတာ ကုန်ကျစရိတ် ပမာဏမှာ ကျပ် ၁၈၂၉၁၀ ရှိပြီး ယင်းတို့ လက်ရှိရရှိသည့် လစာဝင်ငွေနှင့် လုံလောက်မှု မရှိကြောင်း သိရသည်။

လက်ရှိလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားလျက်ရှိသော စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ကြားသာ ရှိနေသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စံကောင်း၊ ဟုတ်စိန်ပီနံအိတ် စက်ရုံ၊ ၀မ်ဟောင်ဟမ့်(သုံးထပ်ကြီး) အထည်ချုပ်စက်ရုံ၊ Myanmar Yes သကြားလုံးစက်ရုံ၊ နျဆကငမန ဖိနပ်ချုပ်စက်ရုံ၊ Esquire ဖိနပ်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချုပ်စက်ရုံ၊ Myanmar hand some အထည်ချုပ်စက်ရုံ၊ north shore အထည်ချုပ်စက်ရုံနှင့် Great wall ဖိနပ်စက်ရုံတို့တွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အခြားအလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။ ''စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေ တော်တော်များများက အလုပ်ထုတ် ခံလိုက်ရပြီ'' ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။

@[114803668557265:274:Eleven Media Group] 

Myanmar Hand some အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်း အရ သိရသည်။
အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန် စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက

မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြ AFC ကို ကန့်ကွက်စာ ပို့မည်

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လု ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက် စာမျက်နှာက ဖေါ်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက် တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် များက ပြောကြားခဲ့သည်။

ပုဒ်မ (၁၈) အပါအ၀င် ပြည်သူလူထုအား နိုင်ငံရေးအရ တစ်ဖက်သတ်ဖိနှိပ်ထားသည့် ဥပဒေများအပေါ် ဆန္ဒထုတ်ဖော်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အပါအ၀င် ပြည်သူလူထု အပေါ် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ် မတရားဖိနှိပ်ထားသည့် ဥပဒေပုဒ်မများအား ကန့်ကွက်ဆန္ဒပြရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ဒီဇင်ဘာ ၂၄ ရက်(ယနေ့)၊ မွန်းလွဲ ၂ နာရီတွင် အဖွဲ့အစည်းပေါင်း ၅၀ ပါဝင်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းဆန္ဒပြအဖွဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ မဟန့်တားနိုင်

ထိုင်းအစိုးရဆန့်ကျင်ရေး ကန့်ကွက်နေသူတွေ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရှေ့မှာ စုရုံးပြီး နိုင်ငံတော်အလံတွေ ဝှေ့ယမ်းဆန္ဒပြနေစဉ်။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၃)
ထိုင်းနိုင်ငံမှာ မကြာခင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ သတ်မှတ် ထားတဲ့ နေရာကို နိုင်ငံရေးပါတီတွေ လာရောက် မှတ်ပုံမတင်နိုင်အောင် ဘန်ကောက်မှာ အတိုက် အခံ ထောင်ပေါင်းများစွာရဲ့ ကြိုးစားမှုဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။  မှတ်ပုံတင်အတွက် တနင်္လာနေ့ ကနေ သောကြာနေ့အတွင်း လာရောက်နိုင်ဖို့ စီစဉ်ထားတဲ့ အားကစားရုံ ကြီးကို နိုင်ငံရေး ပါတီတွေ မလာနိုင်အောင် ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

Photo: တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့
====================================

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7day Daily
တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲက ဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

Photo: ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
Monday, December 23, 2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

မြစ်ကြီးနားတွင် သတ္တုလာရှာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ပြည်နှင်ဒဏ်ပေးမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တနိုင်းရတနာနယ်မြေသို့ တရားမ၀င် ၀င်ရောက်သည့် တရုတ်နိုင်ငံသား ၁၈ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ဒဏ်ငွေကျပ် ငါးသိန်းစီ ပေးဆောင်စေ ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပြည်နှင်ဒဏ် အမိန့် စောင့်ဆိုင်းနေသည်ဟု မြို့နယ်ဦးစီးအရာရှိ ဦးစိုးနောင်က ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ပြော သည်။
“ဥပဒေအရတော့ ၁၄ ရက်တစ်ခါ အချုပ်ထဲမှာချုပ်ထားရမှာ ဒါပေမဲ့ နိုင်ငံခြားသားလည်း ဖြစ်တာကြောင့် ဟိုတယ်မှာ တည်းခိုခွင့်ပြုထားတာ အမိန့်ကျတာနဲ့ လာရာလမ်းအတိုင်းပို့ဖို့ ကျွန်တော်တို့က မြစ်ကြီးနား ကနေ မန္တလေးတိုင်းလ၀ကကို လွှဲမယ်။ သူတို့ကနေတစ်ဆင့် လာရာ တရုတ်ပြည်ကို ပြန်ပို့မယ်”ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံမှအမျိုးသမီးတစ်ဦး ကလေးလိုချင်လွန်းလို့ အမျိုးသား ၂၀ နှင့်အတူအိပ်ခဲ့ဖူးကြောင်းးးး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးက သူမသည် ကလေး လိုချင် လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့ ဖူးကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။
အသက် ၂၅ နှစ် ရှိပြီ ဖြစ်သော လာရာ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး အရ ကလေး ရနိုင်ရန် အလွန် ခက်ခဲ မည်ဟု သိလာ ပြီးနောက် ထို အဖြေကို လက်မခံ ချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း မသိသည့် လူစိမ်းများနှင့် လိင် ဆက်ဆံခဲ့ကြောင်း လာရာက ဆိုသည်။

ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး

များသောအားဖြင့် ယောက်ျားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေ ကို ရေး သားကြ တာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက် တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကိုယ်ပိုင် ကားသည် မိုင်တိုင်အမှတ် ၁၀ ကြားအရောက်တွင် လမ်းကွေ့ကြောအားကွေ့စဉ် ယာဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောတန်းများကို တိုက်မိခဲ့သည်။
 

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ
Monday, December 23, 2013

လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်
ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀)အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

“ကျွန်တော်က (၁၀)အိမ်စုမှူးလည်းဖြစ်တော့ ကိုယ့်ရပ်ကွက်သားတွေပဲ ဆိုပြီးတော့ မင်းတို့တွေကွာ ညဥ့်နက်နေပြီ မဆူကြပါနဲ့တော့
ပြန်ကြပါတော့ကွာလို့ပြောတာကို ဒီကောင်တွေက ခင်ဗျားက ဘာကောင်မို့လို့ပြောရ တာလဲ ဆိုပြီးတော့ဆက်သောင်းကျန်းနေပါတယ်၊
ဒါနဲ့ ကျွန်တော်လည်း (၉း၁၅)နာရီ အချိန်မှာ ရဲစခန်းကို ဖုန်းဆက် တိုင်လိုက်တာ၊ ဒါကို ဒီကောင်တွေကသိသွားပြီး ခင်ဗျားကဘာမို့လို့ ဖုန်းဆက်ရတာလဲ၊ သတ္တိရှိရင် ခြံတံခါးဖွင့်ပြီးထွက်ခဲ့ဆိုပြီး ခဲတွေ ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်တော့တာပဲ၊ အဲဒါတွေခြံထဲမှာရှိသေးတယ်၊ ကျွန်တော် မရှင်းခိုင်းသေးပါဘူး၊ ကျွန်တော်ကတော့ သူတို့ပစ်ပေါက်တဲ့ ဘီယာပုလင်းထိပြီး ဘယ်ချိုစောင်းကွဲသွားတယ်၊ ချုပ်ထားရပါတယ်” ဟု (၁၀)အိမ်စုမှူး ဦးရန်နိုင် က ပြောသည်။

အဆိုပါမူးယစ်ရမ်းကားနေသူ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိသူ ၎င်းတို့(၃)ဦးအား မြို့မရဲစခန်းမှ(ပ)၅၃၂/၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၅၊ ၁၁၄ အရ အမှုဖွင့် အရေးယူဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

စိုးမင်းနိုင်
The Myanma Age
လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာ ပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀) အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိ ရသည်။

နှစ် ၃၀ အတွင်း မြို့ပေါ်နေလူဦးရေ နှစ်ဆတိုးလာပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေ ၂၃ သန်းကျော်သည်အထိ တိုးတက်လာနိုင်

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ် ၃၀ အတွင်း မြို့ပေါ်နေ လူဦးရေမှာ နှစ်ဆ တိုးတက် လာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ၁၉၈၀ တုန်းက မြို့ပေါ်နေလူဦးရေဟာ ရှစ်သန်းကနေ အခု ၁၆ သန်းအထိ ရှိလာတယ်။ နှစ်ဆတက်လာတယ်” ဟု သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။

KIA စုဆောင်းတဲ့ တပ်သားသစ် ကလေးငယ်တွေလည်းပါ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကနေ ဒီလဆန်းပိုင်းက တပ်သားသစ် ခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံရွာသားတချို့ မကြာသေးခင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အခုလို KIA က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားသူတွေထဲမှာ အသက် မပြည့်သေးတဲ့ ကလေးငယ်တချို့လည်းပါဝင်ပြီး တပ်သားသစ် စုဆောင်းရေးမှာ ကျန်နေသေးသူတွေ လွတ်မြောက်ရေး နိုင်ငံတကာကို အကူအညီတောင်းခံသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။

ATM ကတ်ဖြင့် ငွေထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ရခြင်းကြောင့် သုံးစွဲသူများ အခက်တွေ့

E-23-12
ATM ကတ်ဖြင့် ငွေထုတ်နေသူတစ်ဦးကို တွေ့ရစဉ်
ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲ တွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲ များ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေ လို့ ငွေ ထုတ် လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိကွင်း၌ စည်ကားစွာ ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံအား ဆီးဂိမ်းစ်အလံ လွှဲပြောင်းပေးအပ်

S-23-12
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက် ချီးမြှင့်ခဲ့ပြီး (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြား၍ ဆီးဂိမ်းစ်ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။ အခမ်းအနားတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံအား

Sunday, December 22, 2013

ပုဂ္ဂိုလ်ရေး အားပြိုင်မှုများ ရှိသော်လည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုရှိဟု အမေရိကန်သုံးသပ်

မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် အာဏာသုံးရပ်နှင့် နယ်ပယ်အလိုက် အဓိက တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ မဏ္ဍိုင်အချင်းချင်း အားပြိုင်မှုများ ရှိနေသော်လည်း အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် ပုံမှန် တိုးတက်မှု ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သုံးသပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့် ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

တမာရွက်ရဲ့ထူးကဲတဲ့ အာနိသင်များ

တမာရွက်မှာ ဆေးဖက်ဝင် အာနိသင် တွေရှိတယ် ဆိုတာ လူအများစုက သတိပြု မိကြ ပါတယ်။

တမာရွက်တင် မက တမာခေါက် တွေကို အိန္ဒိယမှာ အလွန် ထင်ရှားတဲ့ ဆေးဖက်ဝင် ပစ္စည်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တမာရွက်ကို များများ စားရင် အကြောတက် တယ်လို့ ရှေးလူကြီးတွေ က ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေး သင့်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်

နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ICRC အနေဖြင့် ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေး ခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

DSC 0089mmk
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး အပြီး ကော်မတီဝင်များအား တွေ့ရစဉ်
မကြာမီ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူများ ပြန် လည်လွတ်မြောက်လာဖွယ်ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် များ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။