Monday, January 6, 2014

၂၀၁၃ ခုနှစ်အတွင်း မန္တလေးခရိုင်၌ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ယမန်နှစ်ထက်လျော့ကျ

၆၉ လမ်းနှင့် မန္တလေးတက္ကသိုလ် ပတ်လမ်းတွင် ယာဉ်ကြောရှုပ်ထွေးမှုအား တွေ့ရစဉ်
၂၀၁၃ ခုနှစ် မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် လျော့ကျလာကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး) ၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၅၅၆ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၉၂ ဦး၊ ဒဏ်ရာရသူ ၆၅၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၀၁ မှုရှိခဲ့ရာတွင် သေဆုံးသူ ၁၈၆ ဦးနှင့် ဒဏ်ရာရရှိသူ ၄၉၂ ဦးရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိ

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ၏ ပြောကြား ချက်အရ သိရသည်။

ဝန်ကြီးချုပ်မှ ဇန်န၀ါရီ ၅ ရက် သူနာပြုတက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ယာဉ်တိုက် မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Saturday, January 4, 2014

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်

ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service ) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီလွတ်မြောက်


Photo: လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီလွတ်မြောက်
Saturday, January 4, 2014

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးမှ ၂-၁-၂၀၁၄ ရက်စွဲပါ အမိန့်စာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ  ၃ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွတ်မြောက်မည်ဟူသော သတင်းကြောင့် မိသားစုဝင်များက နံနက် ၄ နာရီကတည်းက စတင်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းလျက်ရှိပြီး ညနေ ၄ နာရီအချိန်တွင် ပြစ်ဒဏ်၏ လေးပုံသုံးပုံ ကျခံပြီးဖြစ်သော အမျိုးသမီး၊ အမျိုးသားများကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးခဲ့ရာ အကျဉ်းသား ၅၀၀ ခန့် လွတ်မြောက်ခဲ့ပြီး အများစုမှာ တစ်နှစ်ဝန်းကျင် ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆေးမှုဖြင့် ထောင်ကျနေသော သားဖြစ်သူကို လာရောက်ကြိုဆိုသော ဒလမြို့နယ်မှ အသက် ၆၇ အရွယ် အမျိုးသားတစ်ဦးက “သူက ၁၇ နှစ်ပဲ ရှိသေးတာ။ ဆေးရောင်းတဲ့သူကို သိလို့လိုက်ပြရင်း သူရောင်းတာပါဆိုပြီး အဖမ်းခံခဲ့ရပြီး ထောင် ၆ နှစ်ကျနေတာပါ။ အခုထောင်ထဲမှာ ၃ နှစ်ရှိပါပြီ။ အရင်တစ်ခေါက်က လျှော့ရက်လည်း ရထားပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ သူ့ပြန်လွတ်လာတော့ သူ့အတွက်ကုန်ကျနေတဲ့ ငွေတွေကို ဘုန်းကြီးဆွမ်းလောင်းတာတို့ ကုသိုလ်လုပ်လို့ ရတာပေါ့” ဟု ပြောကြားခဲ့သည်။

“မနက် ၁၀ နာရီလောက် ကတည်းက ရောက်နေတာပါ။ ယောက်ျားက ဖဲဝိုင်းမှာမိလို့ ထောင် ၆ လ ကျသွားပါတယ်။ အခုလွှတ်တဲ့ထဲမှာပါတော့ တစ်မိသားစုလုံး လာကြိုပါတယ်။ သူလွတ်လာတော့ ၀မ်းသာပါတယ်။ နောင်ကိုလည်း လောင်းကစားဝိုင်းမသွားဖို့ သင်ခန်းစာ ရလောက်ပါပြီ” ဟု ကျိုက်မရောမြို့နယ် တရာနာရွာမှ ခင်ပွန်းသည်ကို လာကြိုနေသော မိရင်ချမ်းက ပြောကြားသည်။

မော်လမြိုင်မြို့

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်နည်းတူ မော်လမြိုင် အကျဉ်းထောင်မှ အကျဉ်းသား ၁၉၉ ဦး (ကျား-၁၆၅၊ မ-၃၄) ကိုလည်း ဇန်န၀ါရီ ၃ ရက် မွန်းလွဲ ၁ နာရီမှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

“လူသတ်မှုနဲ့ ထောင်ကျတာပါ။ ဒေါသအလျောက် လုပ်မိတာပါ။ အခုတော့ နောင်တရပါပြီ။ မိသားစုတွေက လာမကြိုနိုင်ပါဘူး၊ ထုံးဖိုကပါ။ ဒီကနေ ကားနဲ့ပို့မယ်လို့ သိရပါတယ်” ဟု အနှစ် ၂၀ ထောင်ဒဏ်ကျခံရသူ ကိုသာထူးက ပြောကြားသည်။

သထုံမြို့

အလားတူ သထုံအကျဉ်းထောင်မှ ၅၆ ဦး လွတ်မြောက်ခဲ့ပြီး အမျိုးသားအကျဉ်းသားများသာ ဖြစ်သည်ဟု သိရသည်။

ပခုက္ကူမြို့

ဇန်န၀ါရီ ၃ ရက်မှာပင် ပခုက္ကူ အကျဉ်းထောင်မှ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ သုံးဦးအပါအ၀င် ပြစ်ဒဏ်၏ လေးပုံတစ်ပုံခံစားပြီး အကျဉ်းသား ၇၁ ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်။

ပခုက္ကူ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၇၁ ဦးတွင် အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်ပြီး တပ်မတော်အက်၊ လောင်းကစားမှု၊ ရဲစည်း၊ မူးယစ်နှင့် အခြားပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် ထောင်ကျနေသူများဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)

ထို့အတူ ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသကြီး အကျဉ်းထောင်သုံးခုမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အကျဉ်းကျခံရသည့် အကျဉ်းသား ၄၉၂ ဦးကို ဇန်န၀ါရီ ၃ ရက် နံနက်က လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ခုမနက် ၉ နာရီကနေစပြီး လွှတ်ပေးပါတယ်။ အကျဉ်းသားအားလုံး ၃၀၃ ဦး လွှတ်ပေးတာပါ။ နိုင်ငံရေး အကျဉ်းသားတော့ မပါဘူး” ဟု သာယာဝတီ အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

၎င်းမြို့များအပြင် ပြည်အကျဉ်းထောင်မှ အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား ၇၁ ဦး၊ အမျိုးသမီးငါးဦး အသီးသီး လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကော့သောင်းမြို့

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှ အကျဉ်းသား ၁၀၇ ဦးအား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးခဲ့သည်။

“မူလအပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ရက်ပေးထားတာဆိုတော့ ကျန်တဲ့အပြစ်ဒဏ်တွေလည်း လျှော့ရက်ခံစားခွင့် ရကြပါတယ်။ သူတို့နေခဲ့တဲ့ကာလနဲ့ လျှော့ရက်တွက်လိုက်လို့ အကျုံးဝင်တဲ့သူတွေကို လွှတ်ပေးတာပါ။ ကျန်တဲ့သူတွေကတော့ ရက်ပြည့်မှ လွှတ်ပေးရမှာပေါ့။ အကျဉ်းသားအားလုံး လေးပုံတစ်ပုံ ခံစားခွင့်ပေးတယ်။ အကျဉ်းထောင်ထဲမှာပဲ နေရပြီး ချစ်ခင်နှစ်သက်တဲ့ သူတွေနဲ့ ဝေးနေရတော့ ဘယ်သူမှ မနေချင်ကြပါဘူး။ အခုလိုလွှတ်ပေးရတော့ ကျွန်တော်တို့လည်း တကယ့်ကိုဝမ်းသာပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကျဉ်းထောင်သုံးခုနှင့် ရဲဘက်စခန်း တစ်ခုရှိကာ ထားဝယ်အကျဉ်းထောင်မှ ကျား ၇၂ ဦး၊ မကိုးဦး၊ မြိတ်အကျဉ်းထောင်မှ ကျား ၈၆ ဦး၊ မ ၂၁ ဦးနှင့် ဆင်ဖြူရှင် ရဲဘက်စခန်းမှ ကျား ၉၃ ဦး၊ စုစုပေါင်း ၂၈၆ ဦး အပါအ၀င် တိုင်းဒေသကြီး တစ်ခုလုံးတွင် ၃၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု ဆိုသည်။

“မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ကျော်ကြားမှုနဲ့ ထောင် ၁၁ နှစ်ကျခဲ့တယ်။ ထောင်ကျတဲ့အချိန်မှာ ကိုယ်ဝန်ရှစ်လနဲ့ဆိုတော့ ထောင်ထဲမှာပဲ ကလေးမွေးခဲ့ရတယ်။ အခု သားကလေး နှစ်ခွဲကျော်သွားပါပြီ” ဟု လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြောင်းမြမြို့    

ယခုလို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့မှုအရ မြောင်းမြအကျဉ်းထောင်မှ အကျဉ်းကျခံနေရသော ကျား ၁၂၅ ဦး၊ မ ၃၂ ဦး လွတ်မြောက်ခဲ့ပြီး သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲခဲ့သူ ကျားသုံးဦး၊ နှစ် ၄၀ အထက်မှ နှစ် ၄၀ သို့ ပြောင်းလဲကျခံရသူ ကျားတစ်ဦး၊ မလွတ်မြောက်သေးသော်လည်း လေးပုံတစ်ပုံအရ ခံစားခွင့်ရရှိသူ ကျား ၄၇၉ ဦး၊ မ ၇၁ ဦး ခံစားခွင့် ရရှိခဲ့သည်။                                     

သရက်မြို့

ထို့အတူ ဇန်န၀ါရီ ၃ ရက်၌ သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအ၀င် အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်ပေးခဲ့သော အကျဉ်းသားများထဲတွင် ရိုက်မှုလူသတ်မှု၊ ခိုးမှု၊ လောင်းကစားမှုများနှင့် အကျဉ်းကျနေသူ အများစု ပါဝင်ခဲ့ကြောင်း သိရပါသည်။

သရက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား သုံးဦးရှိသည့်အနက် တစ်ဦးကို လွှတ်ပေးခဲ့ပြီး ယခုလွတ်မြောက်လာသူမှာ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ကရင်တပ်မတော်မှ အရာခံဗိုလ်တစ်ဦး ဖြစ်သည်။

“ကျွန်တော့်ကို ၁၉၉၅ မှာ ဖမ်းပါတယ်။ အမှုတွေက လူသတ်မှု၊ ၃၀၂၊ ပုဒ်မ (၆)၊ ဓားပြမှု၊ ၃၉၅၊ မုဒိမ်းမှု ၃၇၆ နဲ့ ဖမ်းပါတယ်။ ကျွန်တော်မကျူးလွန်ဘဲနဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၅၇ နှစ် ချပါတယ်။ ထောင်ထဲမှာ ကျွန်တော့်မိတ်ဆွေနှစ်ဦး ကျန်ပါသေးတယ်။ စိုင်းဖုန်းနဲ့ ကိုအောင်ကိုလတ်ပါ။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်။ ထောက်လှမ်းရေး ၂၁ ဦးက နိုင်ငံရေးအကျဉ်းသားအဖြစ် တောင်းဆိုတာကို ကန့်ကွက်ပါတယ်။ သူတို့က နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး” ဟု လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုစန်းကိုဦးက ပြောကြားသည်။

အခြားနိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုစိုင်းဖုန်း၊ ကိုအောင်ကိုလတ်တို့၏ မိသားစုဝင်များ လာရောက်ခဲ့သော်လည်း လွတ်မြောက်ခြင်း မရှိသေးသဖြင့် ၀မ်းနည်းရကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ အကျဉ်းသားနှစ်ဦးအား တိုက်ပိတ်ထားကြောင်း ၎င်းတို့နှင့်အတူ နေခဲ့သော တောင်တွင်းကြီးမြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။ ယခုလွတ်မြောက်လာသူများထဲတွင် ဆေးမှုနှင့် ထောင်ဒဏ်ကျခံနေသူ (DKB) မှ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
    
ဟင်္သာတမြို့

အလားတူ ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းတွင် ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၁၀၂ ဦး လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ၇၇ ဦး စုစုပေါင်း ၁၀၂ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခွဲမှစကာ သုံးသုတ်ခွဲ၍ တစ်ဆက်တည်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတ အကျဉ်းထောင် ဦးစီးအရာရှိ (ထောင်မှူး) ဦးနေစိုးက “ဟင်္သာတထောင်မှာက နှစ်ကြီးသမား မရှိပါဘူး။ ၁၀ နှစ်အောက်တွေပဲ ရှိပါတယ်။ ရာဇ၀တ်မှုကြီး မရှိပါဘူး။ အဓိကကတော့ အသိပညာနည်းတဲ့အတွက် လုပ်မှားကိုင်မှားဖြစ်ပြီး ရောက်လာတဲ့ ကျေးလက်နေ ပြည်သူတွေက များပါတယ်။ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်က တရားရုံးကပေးတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံကို လျှော့ပေါ့ခံစားခွင့် ရတဲ့အတွက် လွတ်တဲ့သူရော၊ မလွတ်သေးဘဲ ကျန်ခဲ့ရသူတွေပါ တန်းတူညီမျှ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ခြေချုပ်အထိ ခံစားခွင့် ပေးထားပါတယ်။ မလွတ်သေးဘဲ ကျန်ရှိသူတွေရဲ့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်ရထားတဲ့ စာရင်းတွေကိုလည်း ဒီနေ့မွန်းလွဲ ၂ နာရီအရောက် ညွှန်ချုပ်ရုံးကို ပေးပို့သွားဖို့ ရှိပါတယ်” ဟု ဖြေကြားသည်။

မိတ္ထီလာမြို့

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မိတ္ထီလာ အကျဉ်းထောင်မှ အကျဉ်းသား ၇၅  ဦး၊ အကျဉ်းသူ ၄၁ ဦး စုစုပေါင်း ၁၁၆ ဦး ဇန်န၀ါရီ ၃ ရက် နံနက်က လွတ်မြောက်လာခဲ့သည်။

“နိုင်ငံတော်ရဲ့ စေတနာကို အသိအမှတ် ပြုပေးခြင်းအားဖြင့် ပြန်သွားတဲ့ အချိန်ကစပြီး ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို တိတိကျကျ လိုက်နာပေးပါလို့ မှာကြားလိုပါတယ်” ဟု မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစ၀်နေလင်းက လွတ်မြောက်အကျဉ်းသားများကို မှာကြားခဲ့ကြောင်း သိရသည်။

“ကိုယ့်လယ်ကိုယ်လယ် ပြန်ထွန်လို့ ထောင်ခြောက်လ ကျခဲ့တာပါ။ လွတ်ရက်ကလည်း ဒီနေ့စေ့နေပါပြီ။ ကျွန်တော့်အပေါင်းအသင်းတွေ တစ်ခါတည်း မပါလို့ ၀မ်းနည်းရပါတယ်။ ဒေါ်သန္တာအောင်က သုံးနှစ်သုံးလကျတာ။ ဦးမင်းဆွေက နှစ်နှစ်ကျော်ကျတယ်။ သူတို့ကျန်နေသေးလို့ ၀မ်းနည်းနေပါတယ်” ဟု လွတ်မြောက်လာသော ဦးဘိုက ပြောပြသည်။

ကျိုင်းတုံမြို့

ဇန်န၀ါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၂၁၆ ဦးနှင့် အကျဉ်းသူ ၃၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။    

မြင်းခြံမြို့

မြင်းခြံမြို့တွင် ဇန်န၀ါရီ ၃ ရက်က လက်ရှိပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ရှိပြစ်ဒဏ်၏ လေးပုံတစ်ပုံအား ပြစ်ဒဏ်မှ ပေါ့လျှော့ပေးခဲ့၍ အကျဉ်းသားဦးရေ ၂၃၈ ဦး လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၂၃၈ ဦးပြစ်ဒဏ်လျှော့၍ လွတ်မြောက်ခွင့်ရရှိခဲ့ပြီး အမျိုးသား ၂၀၄ ဦး၊ အမျိုးသမီး ၃၄ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အကျဉ်းထောင်လေးခုနှင့် ရဲဘက်စခန်း နှစ်ခုတို့မှ အကျဉ်းသားပေါင်း ၈၄၀ ဦး လွတ်မြောက်ခဲ့ပြီး ပုသိမ်အကျဉ်းထောင်မှ ဦးမောင်ဝိတ်အပါအ၀င် အကျဉ်းသား ၂၅၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်အကျဉ်းထောင်မှ ကျား ၂၀၈ ဦး၊ မ ၄၆ ဦး၊ မြောင်းမြအကျဉ်းထောင်မှ ကျား ၁၂၄ ဦး၊ မ ၃၂ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ကျား ၇၇ ဦး၊ မ ၂၅ ဦး၊ မအူပင် အကျဉ်းထောင်မှ ကျားဦးရေ ၇၀၊ မ လေးဦး၊ ဖျာပုံအကျဉ်းထောင်မှ ကျားဦးရေ ၇၀ ဦး၊ မ ၁၂ ဦးနှင့် ကစကဲ ရဲဘက်စခန်းမှ ကျား ၈၇ ဦး၊ ဆားမလောက် ရဲဘက်စခန်းမှ ကျား ၈၅ ဦး၊ စုစုပေါင်း ကျား ၇၂၁ ဦးနှင့် မ ၁၁၉ ဦးတို့အား အကျဉ်းထောင်အသီးသီးမှ ယင်းနေ့နံနက်ပိုင်းမှစ၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ဦးမောင်ဝိတ်က “စိတ်ထဲမှာ ခံစားရတာတွေ များလွန်းလို့ ဘာကိုစပြောရမှန်းတောင် မသိတော့ပါဘူး။ ပထမဆုံးတော့ ကျွန်တော်တို့ကို လွတ်ငြိမ်းချမ်းသာပေးခဲ့တဲ့ သမ္မတကြီးနဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အတူနေခဲ့တဲ့ ကိုဇာဂနာကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြင်ပလောက မီဒီယာကနေတစ်ဆင့်  မြင်တွေ့ကြားသိခွင့် ရခဲ့တယ်။ မီဒီယာအားလုံး ရှေရှည်ရပ်တည်နိုင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး ထမ်းပိုးနိုင်တဲ့ဝန် ကျွန်တော်လက်လှမ်းမီသမျှ အကောင်းဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။ လေးလေးနက်နက် ကျွန်တော်ဆုတောင်းချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်းကင်းဝေးသော မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဒီနေရာကနေ ကျွန်တော်ဆုတောင်းပါတယ်။ တကယ်တော့ မှန်ခြင်းမှားခြင်း၊ အပြစ်ရှိခြင်း-မရှိခြင်း၊ အရေးယူခံရခြင်း-မခံရခြင်းဆိုတာဟာ ဘယ်သူက ဆုံးဖြတ်တာလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ လောကသဘာဝအရ သမင်ဆိုရင် ကျားစားပါတယ်။ ကျားဆိုရင် ဆိုးတယ်လို့ အပြောခံရပါတယ်။ ကျားဆိုးတော့ မုဆိုးလာရပါတယ်။ ဒါဟာလည်း လောကသဘာဝပါပဲ။ နောက်ဆုံးတော့လည်း မနက်ဖြန်ဟာ နောက်တစ်နေ့ပါပဲ။ ဆိုးခြင်းဟာလည်း မမြဲပါဘူး။ ကောင်းခြင်းတွေလည်း မမြဲပါဘူး။ အားလုံးဟာ အနိစ္စပါပဲ။ လွတ်သင့်တဲ့ သူတွေတော့ အများကြီး ရှိသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတို့ကို လွှတ်ပေးနိုင်ရင်တော့ မင်္ဂလာရှိတာပေါ့ဗျာ” ဟု အကျဉ်းထောင်ဝ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောပြသည်။

ဦးမောင်ဝိတ်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီက မူးယစ်မှု ၁၅-၁၆ (င) ဖြင့် ထောင် ၁၅ နှစ် ကျခံရန် အမိန့်ချမှတ်ခံရပြီး ဧည့်စာရင်းမတိုင်မှုကြောင့် လ၀က ဥပဒေ ၁၃ (၁) ဖြင့် ထောင်သုံးနှစ်ကျခံရန် အမိန့်ချမှတ် ခံခဲ့ရသည်။ ပြစ်ဒဏ်အား သီးခြားစီ နှစ်ရပ်ပေါင်း ၁၈ နှစ်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရပြီးနောက် ယနေ့ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခဲ့ရာ ထောင်ထဲ၌ ငါးနှစ်ခွဲကျော် နေခဲ့ရသည်ဟု သိရသည်။    

ကလေးမြို့

ကလေးမြို့နှင့် တမူးမြို့နယ် အတွင်းရှိ ရဲဘက်စခန်းမှလည်း အကျဉ်းသား ၃၅၆ ဦး လွတ်မြောက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်လာသည်ကို တွေ့ရစဉ်

Eleven Media Group
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးမှ ၂-၁-၂၀၁၄ ရက်စွဲပါ အမိန့်စာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၃ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

Friday, January 3, 2014

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။
““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေး ရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်းချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပခုံးတံဆိပ်ကိုင်ကာ ဆဲဆိုခဲ့သူ အရက်ဘား တာဝန်ခံဟောင်းကို အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၃၀ ခန့်က စားသောက်ဆိုင် တစ်ခု၏ အရက်ဘား တာဝန်ခံ အသက် ၂၉နှစ် အရွယ် ကိုရဲနိုင်က အရက်မူးလာကာ လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်သိန်း၏ ပခုံးရှိ ရာထူးတံဆိပ်ကို ကိုင်ကာ ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားမှာ အရက်မူး၍ လသာမြို့မ ရဲစခန်းရှေ့သို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် လသာမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး တင်သိန်း၏ ပခုံးရှိရာထူး တံဆိပ်ကိုကိုင်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။

““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေးရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်း ချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေး သွားရန် တောင်းဆို ခဲ့ရခြင်းဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည် မိမိ၏မျှော်လင့်ချက် အရ တောင်းဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ဇန်နဝါရီ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုး မှုရှိရေးဆွေးနွေးပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းချက် ကို ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှစ်သစ်ကူးည ရဲတစ်ဦးကို အရပ်သားခြောက်ဦးက ၀ိုင်းဝန်းရိုက်နှက်

နှစ်သစ်ကူးညတွင် အသံချဲ့စက် ဆောင်းဘောက်များဖြင့် ကခုန်နေသူများက ဆူညံခြင်းမပြုလုပ်ရန် တားမြစ်သူ ရဲတပ်ကြပ်တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၄၅ မိနစ်က သန်လျင်မြို့နယ် မြို့ဟောင်း အလယ် ရပ်ကွက်၊ ကမ်းနားဈေးရှေ့တွင် ရပ်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ကြပ် လွင်ဦးနှင့် ရဲတပ်ကြပ် သန့်ဇင်တို့ကို ဗိုလ်ချုပ်နေ၀င်းလမ်း၊ စိန်လရောင် စားသောက်ဆိုင်ရှေ့တွင် လူခြောက်ဦးတို့ က ဆောင်းဘောက်များဖွင့်၍ ပတ်ဝန်းကျင်လူများအား နားမခံနိုင်လောက်အောင် အော်ဟစ် ဆူညံနေ ကြောင်း တိုင်တန်းလာသည်။

ဂျာမနီက မြန်မာတွင် မီးရထားနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ရန် စိတ်ဝင်စား

ဂျာမနီကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မီးရထားပြေးဆွဲခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပါ အ၀င် အခြေခံအဆောက်အအုံကဏ္ဍ ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂျာမန်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူသုံးကုန်နှင့်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတို့ ကိုပါ မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စိတ်ဝင်စားမှုများရှိနေပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမန်နိုင်ငံခြားရေး ၀န်ကြီး Guido Westerwelles ၏ မြန်မာခရီးစဉ်အတွင်းရရှိခဲ့သော သဘောတူညီမှုများ၏ ရလဒ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း၌ ဂျာမနီနှင့် မြန်မာနှစ်နိုင်ငံစီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ သိသာစွာပေါ်ထွက် လာကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံနေရပြီး ဇန်န၀ါရီ ၁ ရက်ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အကြမ်းဖက် သတ်ဖြတ်ခြင်း ခံနေရပြီး ဇန်န၀ါရီ ၁ ရက် (အင်္ဂါနေ့) ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းစာ Bernama ၏ ဖော်ပြချက်အရ သိရသည်။

အင်္ဂါနေ့နံနက် အစောပိုင်းက မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Pandan Malim ပလာဇာ၊ အစား အသောက် ရောင်းချသည့်နေရာတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံး ခဲ့ရပြီး ၎င်းအား မလေးရှားနိုင်ငံသား သုံးဦးက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း Bernama သတင်းစာက ဖော်ပြခဲ့သည်။

လွတ်လပ်ရေးနေ့လွတ်ငြိမ်းခွင့် ထောက်လှမ်းရေးနှင့် နိုင်ကျဉ်း မပါနိုင်ဟုဆို

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် လက်ကျန်နိုင် ကျဉ်းစိစစ်ရေးကော်မတီ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မလွတ်မြောက်နိုင်ဟု ကော် မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ်၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ကို ကော်မတီမှ တင်ပြထားသည့် ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် မျှော်လင့်နေကြ သည့် အကျဉ်းကျခံ နိုင်ကျဉ်းတစ်ဦးတစ်ယောက်မှ မပါသည့်အပြင် တပ်မတော်ထောက်လှမ်းရေး၊ နယ် စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့(နစက)မှ အကျဉ်းကျခံရသူများ တစ်ဦးမျှလွတ်မြောက်ရန် မရှိကြောင်း ကော် မတီဝင် ဦးရဲအောင် က ဆိုသည်။

Thursday, January 2, 2014

ခွင့်ပြုချက် မရှိဘဲ သစ်ပင်များ ခုတ်ပါက တန်ဖိုးငါးဆ ပေးလျော်ရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ရန်ကုန်မြို့တော် ကြီး၏ စိမ်းလန်းစိုပြည် သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သစ်ပင်ခုတ်ခြင်း၊ သစ်ပင် ပုံသွင်းခြင်း၊ ကိုင်းများ ဖြတ်ညှိခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ခွင့်ပြုချက်မရှိဘဲ သစ်ပင်များ ခုတ် ထွင်ခြင်း အတွက် တန်ဖိုးငွေ ငါးဆပေး လျော်ရမည် ဖြစ်ကြောင်း သိရသည်။

(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Photo: (၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Thursday, January 02, 2014

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့

အမေရိကန်နိုင်ငံ တဝှမ်းရှိ ရုပ်ရှင်ရုံ ပိုင်ရှင်များထံမှ ကောက်ယူသော စစ်တမ်းအရ (၂၀၁၃)ခုနှစ်အတွင်း ရုံဝင်ကြေး အမြင့်မားဆုံး ရရှိစေသည့် အနုပညာ ကြယ်ပွင့်အဖြစ် မင်းသမီး ဂျနီဖာလောရင့်စ်က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ထိုအခါ အများစုက အကယ်ဒမီဆုရှင် မင်းသမီး ဂျနီဖာကို ထိပ်တန်းနေရာတွင် ညီညီညွတ်ညွတ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သလို The Hunger Games: Catching Fireနှင့် American Hustleတို့ကလည်း ရုံဝင်ကြေး မြင့်မြင့်မားမား ရရှိစေခဲ့သည်။

ရုပ်ရှင်ရုံပိုင်ရှင် အများစုက ဂျနီဖာသည် မိမိတို့အတွက် အကျိုးအမြတ် အဖြစ်ထွန်းစေဆုံး အနုပညာရှင်အဖြစ် မှတ်ချက်ပေးခဲ့ပြီး ဒုတိယ နေရာတွင်မူ ဆန်ဒရာဘူးလော့ခ်ကို သတ်မှတ်ခဲ့ကြသည်။ သူမ၏ The Heatနှင့် Gravity ဇာတ်ကားနှစ်ခုလုံး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့သည်။ ထို့နောက် ထိပ်တန်း(၅)နေရာတွင် ဝါရင့်မင်းသား (၃)ယောက်ဖြစ်သည့် ဘရက်ဒ်လေကူးပါး၊ တွမ်ဟင့်ခ်စ်နှင့် ဒန်ဇယ်လ် ဝါရှင်တန်တို့က အစဉ်လိုက် ပါဝင် ရပ်တည်နေခဲ့သည်။ ထို့နောက် အဆင့်(၆)မှ (၁၀)ထိ နေရာများကိုမူ လီယိုနာဒို ဒစ်ကာပရီယို၊ တွမ်ခရုစ်၊ ဘရက်ဒ်ပစ်တ်၊ ဟုဂ်ျဂျက်မန်းနှင့် မယ်လစ်ဆာ မက္ကာသီတို့က ရယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network 
 Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။

KIA အား ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှာ သဘောထားကြေညာချက်ထုတ်ပြန်

PhotoPhoto

KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက် ၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောကြေညာချက်ကို ဇန်န၀ါရီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရှိရပါသည်။

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာပြီး ဈေးေ ကာင်း ရကြသည်ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက်များ က ပေါင်ပို ချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများက ပြော ကြားသည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။

အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

Photo: အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
Thursday, January 2, 2014

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်ရှေ့အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇)လက္မခန့်ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံးတံတားအောက်သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်းဘရိတ်အားဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည်ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ)တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

အမျိုးသမီးမောင်းနှင်သည့် တက္ကစီကို အုတ်သဲကျောက်ကားက ၀င်တိုက်

ပုဇွန်တောင်မြို့နယ် ဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင် အမျိုးသမီးမောင်းနှင်သည့် တက္ကစီ အငှားကားကို အုတ်သဲကျောက်ယာဉ်တစ်စီးက အရှိန်လွန်ပြီး ၀င်တိုက်မှုတစ်ခု ဒီဇင်ဘာ ၃၁ ရက် နံနက် က ဖြစ်ပွား ခဲ့သည်။

နံနက် ၁၁ နာရီ ၄၀ အချိန်တွင် ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာ သော ၄က/ ၄၄၈၇ ဒိုင်ဟက်စု အဖြူရောင် (ငှား) အုတ်သဲကျောက်တင်ယာဉ်က အိုးရှင်းမှတ်တိုင် အနီး အရောက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တစ်ရက်အတွင်း သေမှုသေခင်း ခုနစ်မှုဖြစ်

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၃၁ ရက်အတွင်း သေမှုသေခင်းပေါင်း ခုနစ်ခုထိ အမှုဖွင့်စစ်ဆေးနေရပြီး မိမိ ကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှု သုံးမှုထိပါဝင်နေသည်ကို တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ တွင် တွေ့ရှိ ရသည်။
ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အိမ်အမှတ် (၆၀/ က)တွင် နေထိုင်ဖြစ်ပြီး နေအိမ်ရှေ့ ကုက္ကိုပင်တွင် အမြင့်ခုနစ်ပေခန့်ရှိ သစ်ပင်ခွ ဆံတွင် အရှည် ၁၀ ပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ နှစ်ပင်လိမ်ပိုးကြိုးအား အသုံးပြုလျက် ဒူးထောက်ထိုင် အနေ အထားဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။

နိုင်ကျဉ်း ၃၅ ဦးကျော် ရာဇ၀တ်မှုစွဲချက်များကြောင့် ထောင်မှမလွတ်သေးဟုဆို

နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ၂၀၁၃ ခုနှစ်အတွင်း သမ္မတ ကတိပြုခဲ့သည့်အတိုင်း ဧပြီ လမှ ဒီဇင်ဘာလအထိ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စိစစ်မှုဖြင့် ၃၅၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပုဒ်မခုနစ်ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းတို့ ဆောင် ရွက်ပြီးဖြစ်သော်လည်း ရာဇ၀တ်မှုစွဲချက်များဖြင့်တွဲဖက်၍ ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦးကျော် အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသေးသည်ဟု နိုင်/ကျဉ်းကော်မတီဝင် ဦးရဲအောင်က ဇန်န၀ါရီ ၁ ရက်တွင် အတည်ပြု ပြောဆိုသည်။

“အခု ထောင်ထဲမှာ နိုင်ငံရေးပုဒ်မမကျန်ပေမယ့် ရာဇ၀တ်ပုဒ်မနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေး တယ်။ ဒါတွေအတွက်ကိုလည်း ကော်မတီက ဆွေးနွေးပြီး တင်ပြထားပြီ ဘယ်လိုပုံစံနဲ့ လွှတ်ပေးမယ်ဆို တာကိုပဲ မသိတာ”ဟု ၎င်းက ပြောသည်။

စစ်တွေမြို့နယ်တွင် တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး

တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်တွေမြို့နယ် မှန်စီရဲကင်းတွင် တာဝန်ကျနေသော တပ်သားသန့်ဇင်ဝင်းနှင့် တပ်သားကျော်ကျော်မိုးတို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရဲကင်းနောက်ဘက် သုံးဖာလုံအကွာရှိ တရုတ်သင်္ချိုင်းသို့ ရောက်ရှိခဲ့ရာ အုတ်ဂူများ ဖျက်ဆီးနေသော ဘင်္ဂါလီရှစ်ဦးအား တွေ့ရှိ သဖြင့် တားမြစ်ရာမှ သံတူးရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် ရောက်ရှိခဲ့ရာ ဆိုင်ကယ်တိုက်မှုအပါအ၀င် ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ရှိ



ဒီဇင်ဘာ ၃၁ ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် လာရောက်ကုသခဲ့ရာ ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ပါဝင်ကြောင်း အရေးပေါ်ဌာန မှတ်တမ်းများအရ သိရသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယောက် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂ နာရီကျော် နောက် ပိုင်း၌ အရေးပေါ်ဌာန ပြင်ပလူနာဌာနတွင် ကုသပေးရသည့် လူနာ ၆၅ ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား



ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေ စက်မရှိသောကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြပြီး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။

ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး၊ မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ရေစုပ်စက်များ မရှိသောကြောင့် နံနက် ၆ နာရီကျော်သည်အထိ အချိန်လေးနာရီကျော်ကြာ မီးလောင် ကျွမ်းမှု အားကောင်းခဲ့ပြီး အနီးရှိ ဘီတွတ်ကျေးရွာ ကြာကန်ကျေးရွာ၊ လပွတ္တာမြို့များရှိ မီးသတ်ရဲဘော်များ လာရောက်အားဖြည့် ကူညီငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံများကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ



ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"
Wednesday, January 1, 2014

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။

လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ။

မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။

သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။

ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။

အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။
-----
Credit To: Medical Facts
MOI Webportal Myanmar

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။

လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်ကနေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို UN နှင့် ဗြိတိန်နိုင်ငံတို့မှ ကြိုဆိုခဲ့ပြီး လွှတ်ပေးရန် ကျန်နေသူများ ရှိသေးကြောင်း ထောက်ပြ

သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဗြိတိန်နိုင်ငံ တို့မှ အသီးသီး ထုတ်ပြန်ခဲ့သည်။

မတရားအသင်း အက်ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၊ နိုင်ငံတော် သစ္စာဖောက် မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဥပဒေ ခုနစ် မျိုးဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို

အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။
1000 Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့ စုစည်း ခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည် ပြည်သူလိုလားသည့် အရပ်သား အစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း ပုသိမ်မြို့တွင် ကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။