Monday, February 24, 2014

စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်

Photo: စားကျက်မြေ ပြန်လည်ရရှိရေး ဒေးဒရဲတောင်သူ ၁၅ဝခန့် ဆန္ဒထုတ်ဖော်
Monday,February 24, 2014

ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုသည် ဒီရေကာတော စားကျက်မြေထဲသို့ ကျွဲနွားဆင်းကျောင်းသည့် ရွာသား ၄၄ ဦးကို တရားစွဲဆိုခြင်းနှင့် စားကျက်မြေ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နွားဆင်းကျောင်းခဲ့သည့် လယ်သမားများကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလက ပိုင်နက်ကျူးလွန်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“စားကျက်မြေတွေ အရင်ရှိခဲ့တာကို ပြန်ရလိုချင်တယ်။ စားကျက်မြေ ဒီရေကာတော မရှိတော့ ကျေးရွာတော်တော်များ ပင်လယ်အဝ ဖြစ်နေတော့ မုန်တိုင်းတို့ ဘာတို့ ဖြစ်လာရင် အကာအကွယ်မဲ့ နေတယ်။ အခု ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေထဲ ကို ကျွဲနွားတွေကျောင်းမိတဲ့ ရွာ(၄၄)ဦးကို တရားစွဲခံထားရတာတွေကို ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ"ဟု ညောင်လိန် ကျေးရွာက ဦးချိုလွင်က မဇ္ဈိမကို ပြော သည်။

ဒေးဒရဲမြို့ တောင်သူများက ဆန္ဒထုတ်ဖော်ရာတွင် စားကျက်မြေ ပြန်လည် ရရှိရေး၊ ကျွဲနွား စားကျက်များတွင် ကျူးကျော်လုပ်ကိုင် သူ ခရိုနီ လယ်သမားများဖယ်ရှာရေး၊ နိုင်ငံတော်သမ္မတ ချမှတ်ထားသော ဥပဒေကို အကောင်အထည်ဖော်ရေး၊ စားကျက်မြေ အတွင်း လွတ်လပ်စွာ ကျောင်းခွင့်ရရှိရေး၊ တောင်သူလယ်သမားများအပေါ် တရားစွဲဆိုထားသော ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇) ပိတ်သိမ်းရေးနှင့် ဧရာဝတီတိုင်း အတွင်း ပုဒ်မ (၄၂၇)၊ (၄၄၇)တို့ဖြင့် တရားစွဲဆို ခံထားရသော တောင်သူလယ်သမားများ အမှုမှ ကင်းလွတ်ခွင့်ပြုရေး စသော ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များနှင့် ဗွီနိုင်းများကိုင်ဆောင်ပြီး ကမ်းနားလမ်း (ဇတ်ဆိပ်)မှ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ သဇင်လမ်း၊ ပြည်တော်သာလမ်း၊ ဘုရားလမ်းသစ်တို့ကို လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကံ့ကော်လမ်းမှစုရပ်တွင် လူစုခွဲခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုသည် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ၁/၂ဝ၁၄ ဖြင့် တရားဝင် ခွင့်ပြုချက် ရပြီးဖြစ်သဖြင့် ရဲအင်းအား ၃ဝခန့်က လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

“ဒီရေကာ စားကျက် ပြန်လည်ရရှိရေးအတွက် တောင်းဆိုတာ။ ကျွဲနွားတွေ စားသောက်ဖို့ အခက်အခဲရှိတယ်။ ကျေးရွာ (၄ဝ) အတွက်လည်း သဘာဝဘေးအန္တရာယ် တခုခုအတွက် ကာကွယ်မှု ကင်းမဲ့နေသလို ဖြစ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီရေကာ စားကျက်မြေကို အရင်အစိုးရလက်ထက်က လယ်ယာလုပ်ခဲ့တယ်။ ဒီရေကာတောနဲ့ ပတ်သက်ပြီး လွှတ်တော်တွေ၊ ဝန်ကြီးချုပ် ဆီရော သက်ဆိုင်ရာကို တင်ပြထားတယ်။ အခုထိလည်း ဘာမှမလုပ်ပေးဘူး။ စားကျက်မြေ ဒီရေကာတာ ပြန်ထားစေချင်လို့ ဆန္ဒဖော်ထုတ်ရတာ စားကျက်မြေကို ကျေးရွာ(၄၇)ရွာလောက်က မှီခိုနေရတာ၊ မလုပ်ပေးရင် နေပြည်တော် အထိ ချီတက် ဆန္ဒဖော်ထုတ်မယ်”ဟု ကျုံတက်ကျေးရွာ မှာဦးဇော်ဝင်းမှ မဇ္ဈိမသို့ ပြောသည်။

ဒေးဒရဲမြို့ နယ်၊ တော်ကနိကျေးရွာအုပ်စု ညောင်လိန်ကုန်း ကျုံဒါတ်ကျေးရွာအုပ်စု၊ ဒီရေကာတောစားကျက်မြေတွေကို ၁၉၉၃ ခုနှစ် ခန့်က ကျေးရွာဥက္ကဋ္ဌများ တစ်ဧက(၅ဝဝဝ)ခန့်ဖြင့် ရောင်းစားခဲ့ပြီး ယခင်က ဧက(၂ဝ၈၄)ရှိသည့် စားကျက်မြေသည် ပင်လယ်တိုက်စားမှုကြောင့် ဧက ၁ဝဝဝကျော်သာ ရှိတော့သည်ဟု ညောင်လိန်ကျေးရွာမှ ဦးချိုလွင်က ပြောသည်။ လက်ရှိတွင် ယင်းစားကျက်မြေပေါ်ရှိ လယ်မြေဧက ၁ဝ၈၃ဧက ပေါ်တွင် လယ်သမား ၇၄ဦးက လုပ်ကိုင်စားသောက်လျှက်ရှိသည်။

Written by စည်သူမောင်မောင်
Mizzima - News in Burmese
ဒေးဒရဲမြို့နယ်မှ တောင်သူလယ်သမား အင်းအား (၁၅ဝ) သည် စားကျက်မြေ ပြန်လည်ရရှိရေး အတွက် ဒေးဒရဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်း ဇတ်ဆိပ်မှ စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက် နံနက် ၁ဝနာရီမှ ၁၁နာရီခွဲအထိ ဆိုင်းပုဒ်များ၊ ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် မြို့ ပတ် ဆန္ဒဖော်ထုတ်ခဲ့သည်။

ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

Photo: ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး
Monday,February 24, 2014

ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရှိရာ စခန်းနားမှာ မနေ့တုန်းက လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခံခဲ့ရာက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနေရာဟာ လူသွားလူလာများတဲ့ ဆူပါမတ်ကက်နားမှာ ဖြစ်တဲ့အတွက် အနည်းဆုံး လူ ၂၄ ယောက်လောက် ဒဏ်ရာရရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

စနေနေ့တုန်းကလည်း ဘန်ကောက်မြို့နားက Trat မြို့မှာ သေနတ်သမားတစ်ဦးက ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ် ကလေးမတစ်ဦးသေဆုံးခဲ့ရပြီး ၃၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဘန်ကောက်မြို့တွင်းရှိ ဆန္ဒပြစခန်းတစ်ခု လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရာက လူ ၇ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီလို အခြေအနေကြောင့် ဘန်ကောက်မြို့မှာ စစ်မြေပြင်ကြီးလိုတောင် ဖြစ်နေပြီလို့ တင်စားခေါ်ဝေါ်နေကြပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကတော့ ဒီအကြမ်းဖက်မှုတွေကို ရှုံ့ချလိုက်ပါတယ်။

ABC Radio Australia
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်
ဆန္ဒပြမှုတွေ ​ဆက်တိုက်ဖြစ်နေတဲ့ ​ထိုင်းနိုင်ငံမှာ ​ပြီးခဲ့တဲ့ ​ရက်တွေအတွင်း ​ပေါက်ကွဲမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လူသေဆုံးမှုတွေ ​ဖြစ်ခဲ့ပါတယ်။

တံဆိပ်ခေါင်းခွန်ဥပဒေပါ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းအတွက် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရက ပြင်ဆင်နေသည့် တံဆိပ်ခေါင်းခွန် ဥပဒေ၌ ပါဝင်သည့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ရမည့် အချက်မှာ အခွန်တိမ်းရှောင်မှုများ ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။

လူငယ်များတွင် အသံအိုးကင်ဆာဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေး၊ ချောင်းဆိုး အအေးမိသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးသူများဖြစ်

လူငယ်များတွင် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ များပြားနေပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း စသည့်ရောဂါများ မကြာခဏ ဖြစ်ပွားတတ်သူများနှင့် အရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ

Photo: ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေ
Monday,February 24, 2014

ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

“အခုလက်ရှိက နတ်မတောင်ကို လာမယ်ဆိုရင် တည်းခိုနိုင်တဲ့ ဟိုတယ်နှစ်လုံး ရှိပါတယ်။ ဆောက်လက်စ ဟိုတယ်တစ်လုံးရှိတယ်။ နတ်မတောင်ခြေဖြစ်တဲ့ မင်းတပ်မြို့နယ်ထဲက အေးစခန်းမှာ တစ်ခုရှိပါတယ်။ ကန်ပက်လက်မြို့ထဲမှာတော့ တည်းခိုခန်းတစ်ခု ရှိပါတယ်။ နိုင်ငံခြားသားဧည့်သည် လာရောက်တာနဲ့ လက်ရှိဟိုတယ် ရှိနေတာနဲ့တော့ လောက်နေတာပါပဲ။ အခု ဟိုတယ်ဇုန် လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုအခါ ကန်ပက်လက်မြို့ ဧရိယာအတွင်းတွင် ဟိုတယ်ဇုန် ဖွင့်လှစ်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး မြေဈေးများလည်း တက်နေသည်ဟု သိရှိရပါသည်။

“ကန်ပက်လက်မှာ အရင်စစ်အစိုးရ သိမ်းခဲ့တဲ့ မြေတွေကို အရင်က ပိုင်ရှင်တွေ ပြန်တောင်းတာ မရသေးဘူးလည်း ပြောတယ်။ အဲဒီနေရာမှာ ပြည်ခိုင်ဖြိုးက ဟိုတယ်ဇုန်လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဧက ၆၀ လောက်ရှိတယ်ပြောတယ်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ကန်ပက်လက်မြို့နယ်သည် နတ်မတောင် အမျိုးသားဥယျာဉ် ရှိသောကြောင့် နိုင်ငံခြားသားများ လာရောက်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ထောင်ဝန်းကျင်ခန့်သာ လာရောက်လေ့ရှိသည်ဟု သိရှိရပါသည်။

“နတ်မတောင်ကို လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေထဲမှာ သဘာဝပတ်ဝန်းကျင် အခြေအနေကို လေ့လာတဲ့သူတွေရှိတယ်။ တချို့ကတော့ ကျေးငှက်တိရစ္ဆာန်ကို စိတ်ဝင်တစား လာရောက်လေ့လာတဲ့သူတွေ ရှိပါတယ်။ အဓိက လာတာကတော့ အဲဒီနှစ်မျိုးပေါ့။ နှစ်စဉ် ဒီဇင်ဘာလနဲ့ နယူးရီးယားဆိုရင်လည်း ပြည်တွင်းကဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။ လက်ရှိဧည့်သည်လာတဲ့ အနေအထားနဲ့ ဟိုတယ်တွေနဲ့က အဆင်ပြေပါတယ်။ တစ်ခါတစ်ခါ ဆုံကြရင်တော့ အခန်းမရတာတွေ ရှိတတ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

နတ်မတောင်သို့ လာရောက်လည်ပတ်မှု စာရင်းများအရ ၂၀၁၂ ခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည်စာရင်းအရ ၈၀၀ ဦးအထိသာရှိပြီး ၂၀၁၃ ခုနှစ်အရောက်တွင် ၁၁၆၀ ဦးအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။

Eleven Media Group

ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ကန်ပက်လက်မြို့တွင် ဆောက်လုပ်နေသည့် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ချင်းပြည်နယ် နတ်မတောင်ခြေတွင် တည်ရှိသော ကန်ပက်လက်မြို့နယ် အတွင်းတွင် ဟိုတယ်များ တိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရှိရပါသည်။

နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်

Photo: နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်
Monday,February 24, 2014

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာသည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ယခင်က အိမ်ခြံမြေတိုက်တာ အဆောက်အအုံများ ဝယ်ယူပါက ရာခိုင်နှုန်း ၅ဝ ကျော် အခွန်ဆောင်ရသည့် စနစ်မှ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ ဝယ်ယူခွင့်ရခဲ့သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေမည်းများ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။ ထို့အတူ နှစ်စဉ်ပြုလုပ်နေသော ကျောက်ပွဲများ၊ သစ်မှောင်ခို၊ ဘိန်းမှောင်ခို စသည့်လုပ်ငန်းများမှ ငွေများလည်း အိမ်ခြံမြေဈေးကွက်အတွင်း အရင်းအနှီးများစွာ ထည့်ဝင်၍ ဝင်ရောက်လာသည့်အတွက် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းမှာ တစ်စတစ်စ ကောင်းလာခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် ဥပဒေအရ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိသော်လည်း နိုင်ငံသားအမည်ပေါက်နှင့် ဝယ်ယူမှုများ ရှိနေသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် မလိုအပ်ဘဲ ဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဥပဒေအရမူ ဝယ်ယူသူရော တစ်ဆင့်ခံ ဝယ်ပေးသူပါ အရေးယူ ခံရနိုင်သော်လည်း မြန်မာနိုင်ငံတွင် Law Enforcement အားနည်းသောကြောင့် ယင်းကဲ့သို့ လက်တစ်လုံးခြား ဝယ်ယူနေသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ တစ်စတစ်စ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်း ဒလမြို့အား ကိုရီးယားနိုင်ငံက ချစ်ကြည်ရေးအနေဖြင့် တံတားထိုးပေးမည်ဆိုသော သတင်းများကြောင့် တံတားထိုးမည့်ဧရိယာ ပတ်ဝန်းကျင်နေရာများ ဈေးအလွန်မြင့်တက်လာခဲ့ပြီး ကြည့်မြင်တိုင်၊ ဗားကရာဘက်တွင် တံတားထိုးမည်ဟူသော သတင်းများကြောင့် ယင်းဒေသရှိ လယ်မြေများလည်း ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

“မြေအမျိုးအစားတွေကတော့ ခွဲထားတယ်။ နောက်တစ်ခုရှိတာကတော့ ဒလနဲ့ ကြည့်မြင်တိုင်အပြင် သန်လျင်ဘက်လည်း ပြောသံကြားတယ်။ ဒီသန်လျင်ကတော့ တံတားဟောင်းရှိတာပေါ့။ အဲဒီဘက်မှာ တံတားတစ်စင်း ထိုးမယ်ဆိုပြီးတော့လည်း ဖြစ်တယ်။ သန်လျင်ကတော့ သိသိသာသာ မဟုတ်ပါဘူး။ နဂိုကတည်းက တံတားရှိပြီးသားကို တံတား-၁၊ တံတား-၂ ရှိတယ်။ ၂ ဆိုတာ ဒဂုံဆိပ်ကမ်းဘက်ကထိုးတာ၊ ကုလားဝဲကျေးရွာဘက်က ထိုးတာ။ အဲဒီကျတော့ ကွန်တင်နာသွားမယ့် တံတား။ ဒီဘက်ကတော့ ဘတ်စ်ကားတွေ၊ လူစီးတဲ့ယာဉ်တွေ ဖြတ်တဲ့နေရာကတော့ ဆောက်ထားတာတော့ ကြာပြီ။ အဓိကကတော့ အဲဒီနေရာနှစ်ခုပေါ့။ နောက်တစ်ခု ရွှေလင်ပန်းနဲ့ ဒဂုံမြောက်၊ အဲဒီဘက်လည်း တံတားထိုးမယ်ဆိုပြီး သတင်းထွက်တယ်။ အဲဒီဘက်မှာတော့ အကွက်မြေက သိပ်မများတော့ အဲဒီလောက်ထိ ဟော့မဖြစ်ဘူး” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ . . . . . 
“ဥပမာ-ဒလဘက်မှာဆိုရင် တံတားထိုးမယ့် ချဉ်းကပ်လမ်းနဲ့ နီးတဲ့နေရာတွေဆိုရင် တော်တော်တက်တယ်။ အရင်က ၄ဝ×၆ဝ ကို သိန်း ၂ဝဝဝ ကနေ အခု သိန်း ၄ဝဝဝ ရှိတယ်။ ဒလမှာပဲ ကျန်နေရာတွေကတော့ နဂိုကထဲက တက်ပြီးသား။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက တက်တယ်။ အခုတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အခုအစိုးရလက်ထက်မှာ မလုပ်တော့ဘူးဆိုတော့ နည်းနည်းငြိမ်သွားတယ်။ အခုဆိုရင် သိန်း ၃ဝ လောက်နဲ့ ဝယ်ထားတဲ့ အကွက်တွေက လေးဆလောက် တက်သွားတယ်။ သိန်း ၁၄ဝ လောက် ဖြစ်သွားတယ်။ အဲဒီ ၄ဝဝဝ လောက်ခေါ်တဲ့ နေရာတွေက အစတော့ သိန်း ၇ဝဝ လောက်ပဲရှိတယ်။ နောက်တော့ ၂ဝဝဝ၊ တံတားထိုးမယ်ဆိုတော့ ၄ဝဝဝ လောက်ဖြစ်သွားတယ်။ ကြည့်မြင်တိုင်ဘက်မြေတွေက လယ်မြေတွေများတယ်။ ဒါပေမဲ့ သူကဆယ်ဂဏန်းကနေ တစ်ရာဂဏန်းလောက် ဖြစ်သွားတယ်။ သူကတော့ နှစ်ဆလောက်ပဲ တက်တယ်။ ဦးစိုးသိန်းကတော့ အဲဒီနှစ်ခုလုံးကို သူတို့အစိုးရလက်ထက် မလုပ်တော့ဘူးလို့ ပြောတယ်။ ရွေးကောက်ပွဲက ၂ဝ၁၅ မှာ လုပ်မယ်ဆိုတော့ ဒီကြားထဲမှာ လုပ်မယ်ဆိုရင် ဒီ Plan တွေက ပြီးဖို့မလွယ်ဘူး။ ရန်ကုန်မြို့ကို တိုးချဲ့မယ်ဆိုရင် ခရမ်းတို့ပါပါတယ်။ စတုရန်းမိုင်နဲ့တွက်တာ။ ခရမ်းဘက်ဆိုရင် စတုရန်းမိုင်ဘယ်လောက်၊ သန်လျင်ဘက်ဆိုရင် ဘယ်လောက်စတုရန်းမိုင်နဲ့ တွက်ခဲ့တာရှိတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော အနေအထားများအရ လူဦးရေသိပ်သည်းမှုနှင့် Demand နှင့် Supply မမျှတသည့် အနေအထားများကြောင့် ရန်ကုန်မြို့အား ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တိုးချဲ့ရန် လျာထားချက်အရ ကြည့်မြင်တိုင် အနောက်ဘက် ၂၆ စတုရန်းမိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၃၈ စတုရန်းမိုင်၊ သန်လျင်နှင့် ခရမ်းတွင် ၅ဝ စတုရန်းမိုင်၊ ဒလ၊ တွံတေးတွင် ၃၇ ဒသမ ၅ စတုရန်းမိုင်၊ ရွှေပြည်သာ၊ မှော်ဘီတွင် ၃၉ ဒသမ ၉ စ တုရန်းမိုင်၊ ကော့မှူး၊ ကွမ်းခြံကုန်းတွင် ၂၉ စတုရန်းမိုင် ထပ်မံတိုးချဲ့လိုပါက ထပ်ချဲ့နိုင်သည့် နေရာများအဖြစ် လျာထားကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇ဝ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်း၊ ယာဉ်ရပ်နားစခန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် တင်ဒါခေါ်ယူရေး ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တင်ဒါထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံရှိ မြေဧက ၁ဝ ဒသမ ၉၃ ဧက၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရာဇဓိရာဇ်လမ်းရှိ မြေဧက ၄ဝ ဒသမ ၄၉၃ ဧက၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းရှိ ဝ ဒသမ ၃၆၄ ဧက စသည့်မြေနေရာများတွင် မြို့ပြအိမ်ရာ စီမံကိန်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ မြေ ၁၁ ဧကတွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန်၊ ဗိုလ်တထောင်မြို့နယ်အတွင်း မဟာဗန္ဓုလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေ ၃ ဒသမ ဝ၆၈ ဧကနှင့် ၄၅ လမ်းရှိ မြေ ၂ ဒသမ ၅၆၁ ဧကတို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ဝ ဒဿမ ၁ဝ၃ ဧကတွင် အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်း စသည့်လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ အခွန်မဆောင်ကြတာလဲ ရှိတယ်။ အခွန်ကို စနစ်တကျ ကောက်ခံနိုင်ဖို့လည်း လိုပါတယ်။ ငွေမည်းတွေ ငွေဖြူလုပ်ဖို့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတာတွေကြောင့်လည်း စက်မှုဇုန်မြေဈေးတွေ တခြားမြေဈေးတွေ တက်နေတာပါ” ဟုလည်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ် . . . . . 
“စီမံကိန်းတစ်ခု ရှိပြီဆိုရင် အဲဒီနေရာက မြေဈေးလိုက်တာ သဘာဝပဲ။ နေရာတစ်ခု ဖွံ့ဖြိုးလာတာနဲ့အမျှ တက်လာတာပဲ။ နောက်တစ်ခုက ဈေးခေါ်တာတွေကြောင့်လည်း ပါတာပေါ့။ တကယ်လို့ ဈေးခေါ်မယ်ဆိုရင်လည်း ဝယ်တဲ့သူလည်း ဝယ်နိုင်၊ ရောင်းတဲ့သူတွေလည်း အဆင်ပြေနိုင်မယ့် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားမျိုးပဲ ဖြစ်သင့်တာပေါ့။ အခုတော့ တချို့နေရာတွေက မတန်တဆဈေးတွေ ဖြစ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လိုအပ်ချက်တွေများတော့ တန်ဖိုးနည်းအိမ်ရာတွေ ဖော်တယ်။ အခု လှိုင်သာယာဘက်က တန်ဖိုးနည်း အိမ်ရာတွေကို သိန်း ၁ဝဝ၊ ၁၂ဝ ဈေးနဲ့ ရောင်းမယ်ဆိုတော့ ကြည့်မြင်တိုင်တို့ လှိုင်တို့ဘက်က တိုက်ခန်းဈေးတွေ လိုက်တက်တယ်။ ကွန်ဒိုတွေ ဈေးခေါ်တော့ တိုက်ခန်းဈေးက လိုက်တက်သလိုပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အစိုးရက စီမံကိန်းတွေဆိုပြီး အကောင်အထည်ဖော်တယ်။ အိမ်ရာတွေဆောက်တယ်။ ဆောက်လာတာနဲ့အမျှ ဈေးကလည်း လိုက်တက်နေတယ်။ ဒါတွေကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းပေးနိုင်မလဲ။ အစိုးရကပဲ လုပ်နိုင်မှာလေ” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“ထပ်တိုးချဲ့နိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အချို့က လယ်မြေတွေမပါသလို အချို့လွတ်နေတဲ့ နေရာတွေလည်း ရှိနေတယ်။ ဒါက ချဲ့လို့ရတဲ့ စတုရန်းမိုင်ကိုပဲ ဖော်ပြထားတာ။ အသေးစိတ်က ဒီမြေတွေ ဘယ်သူပိုင်မပိုင် ဆိုတာတော့ မသိပါဘူး။ ချဲ့မယ်ဆိုရင် ဒီလောက်အထိ ချဲ့လို့ရတယ်ဆိုတာ ပြောထားတာ” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

“အခု တန်ဖိုးနည်းအိမ်ရာတွေက ဈေးများတယ်။ သိန်း ၃ဝဝ ဆိုတာ မြို့ထဲမှာ မြင့်ရင်မြင့်ပါစေ။ အလွှာမြင့်မှာ နေလို့ရတယ်။ တစ်ခုရှိတာက မြို့ထဲကတော့ လက်ငင်းပေးဝယ်ရတယ်။ အဲဒီကတော့ Hire Purchase နဲ့ ရောင်းမယ်ပြောတယ်။ ဒါတော့ကွာတာပေါ့။ တွက်ကြည့်တာတော့ ဈေးကြီးနေတာပေါ့။ အခွန်ကတော့ အရင်တုန်းက ၁၅၊ အခု ၃၇ ဆိုတော့ ပိုများတာပေါ့။ သိန်း ၁ဝဝ တန်ဝယ်ရင် ၁၃၅ လောက် ဖြစ်နိုင်ပေမယ့် တစ်ခုရှိတာက အစိုးရဖြတ်တဲ့ဈေးက အပြင်ပေါက်ဈေးထက် နည်းတယ်ဆိုရင်တော့ ၂ဝဝ တန်လောက်ဝယ်ရင် ၂၃၇ လောက်ပေးရမှာပါ။ ဒါပေမဲ့ အချို့နေရာတွေ ဘာတွေကျတော့လည်း သိပ်မကွာဘူး။ ကမ္ဘောဇလမ်းတို့ ဘာတို့ဆိုရင်လည်း အပြင်ဈေးနဲ့ မကွာဘူး။ ဒါပေမဲ့ များတာပေါ့။ များတယ်ဆိုတာလည်း နှစ်ပိုင်းပေါ့။ အိမ်ခြံမြေဈေးနှုန်း မြင့်လာတဲ့အတွက် ဆောင်ရတဲ့ အခွန်နှုန်းကလည်း မြင့်လာတယ်။ အားလုံးခြုံကြည့်ရင်တော့ များပါတယ်။ ဒါကြောင့် အရောင်းအဝယ် အေးတာပေါ့။ လူလတ်တန်းစားတွေတောင် ဝယ်ဖို့က တော်တော်ခဲယဉ်းသွားတယ်။ မလွယ်တော့ဘူး” ဟု ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“လောလောဆယ်က အခွန်နှုန်း ကြီးမြင့်တဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေက မတက်တော့ဘူး ထင်တယ်။ တက်ဖို့လည်း သိပ်တော့မလွယ်ဘူး။ တကယ်လို့ ၂ဝ၁၅ နောက်ပိုင်းမှာ နိုင်ငံရေး အလားအလာတွေ ကောင်းလာရင်တော့ တစ်မျိုး၊ စောစောကပြောသလို တန်ဖိုးနည်းတွေချပြီး မြို့ကွက်တွေ ဖော်ပေးမယ်ဆိုရင် ထပ်မတက်နိုင်တော့ဘူး။ အဲဒီလိုမဟုတ်ဘဲ ဒီအထဲမှာပဲ အားလုံးက လည်နေမယ်ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တာပဲ။ အပြင်မှာချဲ့ပြီး သွားရေးလာရေး လွယ်ကူအောင် လုပ်ပေးနိုင်ရင်တော့ ကျသွားမှာပေါ့။ အခုတော့ ရှိတဲ့နေရာလေး တစ်ကွက်စာလောက်ကို လုပ်နေရတော့ အခုလိုပဲ တက်နေမှာပေါ့” ဟု ၎င်းကဆက်လက်ပြောပြသည်။

“နောက်တစ်ခု မကျရတဲ့ အကြောင်းရင်းက မြို့ပြရွှေ့ပြောင်း နေထိုင်မှုလည်း ပါတယ်။ အခု တိုက်ခန်းတွေ ဘယ်လောက်ဆောက်ဆောက် လွတ်နေတာမှ မရှိတာ။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ စီးပွားရေး အနေအထားလည်း ကောင်းမယ်။ နိုင်ငံရေး အနေအထားလည်း ကောင်းမယ်ဆိုရင် ကျဖို့တော့ မရှိတော့ဘူး။ လောလောဆယ်မှာတော့ ဈေးနှုန်းက နည်းနည်းတန့်နေတာ” ဟု ၎င်းကဆက်လက် ပြောပြသည်။

“နိုင်ငံတကာ Project တွေ ဝင်လာရင်လည်း ကျမကျဆိုတာက သူတို့ Project ရဲ့ ဈေးနှုန်းပေါ်မူ တည်တာပေါ့။ အဲဒီတော့ အခုကျတော့ မြန်မာနိုင်ငံမှာ ကွန်ဒိုတွေ နည်းနေသေးတယ်။ ထားပါတော့ ကွန်ဒိုက သိန်း ၄ဝဝဝ၊ ၅ဝဝဝ။ နောက်အပြိုင်အဆိုင် များလာလို့ နိုင်ငံခြား ကုမ္ပဏီတွေက လျှော့ရောင်းရင် တစ်မျိုးပေါ့။ အခုက အဲဒီလို မလုပ်နိုင်ကြဘူးလေ။ အားလုံးက ကွန်ဒိုဆောက်လိုက်ရင် သူ့ရဲ့ Cost က အခုအသစ်တွေဆိုရင် One Square Feet ဆိုရင် နှစ်သိန်းပေးရမယ်ဆိုတော့ လျှော့မရောင်းနိုင်ကြဘူး။ အဲဒီလျော့အောင် ဆောက်နိုင်ဖို့လည်း အခက်အခဲရှိတယ်။ မြေဈေးနှုန်းနဲ့ဆိုတော့ မလွယ်ဘူး။ များသောအားဖြင့် မြေဈေးနှုန်းတက်တဲ့ အခါမှာ အိမ်ရှင်ကို ပြန်ပြီးတော့မှ အခန်းပေးအခန်းယူ နည်းသွားကြတာကိုး။ ကိုယ်ပိုင်ဆောက်တာ နည်းတယ်။ မြေဈေးနှုန်းမြင့်တော့ အခန်းဈေးနှုန်းတွေလည်း လိုက်မြင့်တာပေါ့” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအတွင်းက သတ်မှတ်ခဲ့ပြီးနောက် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်တွင် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ယခုသတ်မှတ်လိုက်သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာ အချက်အချာကျသည့် နေရာများတွင် ယခင်ပေါက်ဈေးထက် ပိုမိုနည်းပါးလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းကို အစိုးရအနေနှင့် အခွန်မှန်မှန်ကန်ကန် ဆောင်စေလိုခြင်း (သို့မဟုတ်) အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် ထိန်းချုပ်လိုခြင်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ရှိလာပြီး ရည်ရွယ်ချက် တိကျမှန်ကန်ရန် လိုအပ်ကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးနှုန်း ကျဆင်းချင်တယ်ဆိုရင် ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်တော့ ရှိမှာပဲ။ အဲဒီမှာ ရောင်းလိုအား၊ ဝယ်လိုအားမမျှတော့ ဈေးတွေတက်ကုန်တယ်” ဟု Estate Myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ်ရခြင်းမှာ မြေနေရာတန်ဖိုးအလိုက် တံဆိပ်ခေါင်းခွန်ကို အပြည့်အဝ ဆောင်စေရန်နှင့် အခွန်တိမ်းရှောင်မှုကို ထိန်းချုပ်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ သတ်မှတ်ပြီးပါက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလပေါက်ဈေးအလိုက် သတ်မှတ်ပေးထားသော်လည်း ယင်းသတ်မှတ်ချက်အတိုင်း အရောင်းအဝယ်ပြုလုပ်သူ မရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးများဖြင့်သာ အရောင်းအဝယ် ပြုလုပ်မှုများ ရှိလာကြောင်းလည်း သိရသည်။ လက်ရှိသတ်မှတ်ထားသော အိမ်ခြံမြေ အရောင်းဝယ်များအတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၃ဝ နှင့် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း ဝယ်ယူသူများမှာ အခွန်ကို အတိအကျ ပေးဆောင်ရမည် စိုးသောကြောင့် အမည်ပေါက် မပြောင်းဘဲ နားလည်မှုဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေ ကြီးမြင့်နေတယ်ဆိုတာ ဒီအိမ်ခြံမြေကို ဘယ်သူတွေ ပိုင်တယ်ဆိုတာ သိတဲ့အတိုင်းပဲ။ အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့တွင်းရှိ လူနေတိုက်ခန်းများကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာ သည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။
Photo: ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်အတွင်း စတင်မည်ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အမြန် ဆုံးရွေးချယ်နိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား
Monday,February 24, 2014

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

“ဟံသာဝတီလေဆိပ် စီမံကိန်း Short list စာရင်းမှာ ကုမ္ပဏီလေးခုကို ရွေးချယ်ထားပါတယ်။ နံပါတ် (၁) ဦးစားပေး ကိုရီးယားအင်ချွန်းလေဆိပ်။ ညှိနှိုင်းဆွေးနွေးနေတာ လေးငါးခြောက်လလောက် ရှိပြီ။ သူတို့နိုင်ငံက ထုံးစံသူတို့ တောင်းဆိုချက်တွေက ကျွန်တော်တို့ဗမာပြည်ရဲ့ Overall နဲ့ မကိုက်ဘူးပေါ့။ အဲဒါနဲ့ ခဏရပ်လိုက်တယ်။ ဒုတိယ ဦးစားပေးဖြစ်တဲ့ Yongnam ဆိုတဲ့ စင်ကာပူနဲ့ ဂျပန်နဲ့ပေါင်းထားတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးနေ တယ်။ နှစ်ပတ်လောက်ရှိပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ခန့်မှန်းထားကြောင်းနှင့် အဆိုပါလေဆိပ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးလေဆိပ်တို့ထက် ၁ဝ ဆပို၍ကြီး မားကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာမှာ ဧက ၁ဝဝဝ ခန့်သာရှိပြီး ဟံသာဝတီလေဆိပ် စီမံကိန်းမှာ ဧက ၉၆ဝဝ ခန့် အသုံးပြုသွား မည်ဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရ သည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းပြီးစီးခဲ့ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC  ကုမ္ပဏီနှင့် လေဆိပ်သစ်တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှုပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ် အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်သည်။  

Eleven Media Group

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက် မည်ဖြစ်ကြော င်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ဆိုသည်။

ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက် လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများ က ပြော ကြားသည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

Photo: မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
Monday,February 24, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့နားလည်မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

“ဒီမျိုးစောင့်ဥပဒေဟာ ရှင်းရှင်းပြောရင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ကိုယ့်တိုင်းရင်းသူလေးတွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ ရှိကိုရှိရမယ့် ဥပဒေ၊ နိုင်ငံတိုင်း၊ ဘာသာတိုင်းမှာရှိတယ်။ မွတ်ဆလင်ဆိုရင် လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် တရားမ၀င်ဘူးလို့ထိ ပြောထားတာ။ ဒီလို ဥပဒေကြီးတွေနဲ့ သူတို့ဘာသာမှာ ရှိနေတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာကျတော့ ၁၄ နှစ် မြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား၊ ဘာသာခြား၊ အသက်အရွယ်မရွေးနဲ့ တရားဝင်လက်ထပ်ခွင့်ပြုထားတဲ့ စည်းကမ်းကို သတ်မှတ်ထားတဲ့အခါမှာ သူများဘာသာနဲ့ ယှဉ်လိုက်ရင် သိပ်ရှက်ဖို့ကောင်းပြီးတော့ အောက်တန်းနောက်တန်းကျပြီးတော့ ကိုယ့်ဘက်က ခံဘက်ချည်းဖြစ်နေတယ်။ ကျွန်တော်တို့က သူများကို စော်ကားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကို ကာကွယ်တာ။ ကာကွယ်ဖို့ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ လက်ထပ်ပြီးစီးပါက စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာအတင်းအကျပ် ပြောင်းစေခြင်းများ မပြုလုပ်စေရန် ထိန်းကြောင်းရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲမှ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
Monday,February 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ် ဒေသခံများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး’ ဆိုင်းဘုတ်များ၊ နိုင်ငံအရေး အရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆(က/ခ)၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ” ပြင်ဆင်ပေး စသည့်ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲမှာ ယခင်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ် တွင် ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲများထက် ပြည်သူလူထုများပြားစွာ ပါဝင်ခဲ့ပြီး လူဦးရေအများဆုံး ပါဝင်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြရာတွင် တာမွေမြို့နယ် ကျောက်မြောင်းဈေး မီးပွိုင့်အနီးရှိ သင်္ဂလမ်းနှင့် ဒဂုံသီရိ လမ်းထောင့်မှစ၍ ဆန္ဒပြသူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများသို့ ၀င်ရောက်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွဲပေးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲပေးဖို့အတွက် ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးတတ်တယ်၊ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်တတ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့ လွှတ်တော်ကိုယ်စားတွေကတော့ နောင်တစ်ခါ အရွေးခံရင် ၇ ရာခိုင်နှုန်းတောင် မဲရမှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာပါ။ ပြီးတော့ နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) (စ)ကို ပြင်ဆင်သင့်ပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သက်ဆိုင်ရာအာဏာပိုင် အသီးသီးက မျက်နှာလွှဲ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေအားလုံး လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ဖြစ်လာပါလိမ့်မယ်ဟု” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ဆန္ဒပြပွဲအပြီးတွင် ပြောကြားခဲ့သည်။  

အလားတူ အဆိုပါနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး အပါအ၀င် နိုင်ငံရေးအရ ကန့်သတ်ဖိနှိပ် ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၃၀၀ ကျော်ဖြင့် မင်္ဂလာဒုံမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့မှ ကျိုက္ကလဲ့ဘုရားရှေ့ထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ် တို့တွင် သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ တို့တွင် ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်နှင့် တာမွေမြို့နယ်ပါ ၀င်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည် Monday,February 24, 2014

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြော ကြားသည်။

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။    

Sunday, February 23, 2014

MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း

Photo: MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း
Sunday, February 23, 2014

စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။

ဆန္ဒပြရခြင်း အကြောင်းရင်းက ဒုချီးရားတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေ ကို သတင်း အမှားတွေ ပေးခဲ့တယ်၊ ဆေးကုပေးတဲ့ အဖွဲ့ ဆိုပေမဲ့ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်တယ် လို့ MSF ကို စွပ်စွဲတာပါ။ မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ ကတော့ MSFဟာ ဆေးဘက်ဆိုင်ရာ အကူအညီ တွေ ကို ပံ့ပိုး ကူညီ ကုသပေးရာမှာ လူမျိုးစု၊ နိုင်ငံရေး အယူအဆ၊ ဘာသာကွဲ၊ တိုင်းရင်းသား စသဖြင့် ခွဲခြား ဆက်ဆံမှု မရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။ ကမ္ဘာ အနှံ့ နိုင်ငံပေါင်း ၆ဝ မှာ သန်းနဲ့ ချီတဲ့ လူတွေ အပေါ် ဒီပုံစံ နဲ့ဘဲ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးနေတဲ့ အကြောင်း၊ နိုင်ငံရေး မှာ ဝင်ရောက် စွက်ဖက်တယ် လို့ စွပ်စွဲတာ ကို ငြင်းဆိုကြောင်း ပြောပါတယ်။

ဒုချီးရားတန်း အရေးမှာလည်း MSF ဆေးခန်း ကို ရောက်လာတဲ့ သူတွေကို လိုအပ်တဲ့ ဆေးကုသမှု ပေးပြီး၊ အစိုးရ ကျန်းမာရေး ဌာန မှာ ဆက်လက် ကုသမှု ခံယူဖို့ ပြောပြီး၊ လူနာ စါရင်း ကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန ကို လွှဲပြောင်း ပေးကြောင်း၊ ဆေးကုသမှု ပြုရာမှာလည်း မွတ်ဆလင် တွေ ဘဲ ကုသပေးတယ်၊ ရခိုင်တွေ ကို ကုမပေးဘူး ဆိုတာ မဟုတ်မှန်ကြောင်း၊ ရခိုင်ပြည်နယ်မှာတင် ငှက်ဖျား ရောဂါသည်တွေ နဲ့ HIV ရောဂါသည် တွေ ကို ကုသပေးခဲ့ ရာမှာ လူမျိုးကွဲ၊ ဘာသာကွဲ ရယ် ခွဲခြားဆက်ဆံ ပြီး ကုသခဲ့တာ မရှိခဲ့ကြောင်း ဆိုင်မွန်တိုင်လာ က ပြောပါတယ်။

ဒုချီးရားတန်း ကိစ္စမှာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ က မေးမြန်းတာကိုဘဲ ဖြေကြားပြီး၊ မိမိ တို့ ဘက် က အသိပေးပါရစေ ဆိုပြီး ကမ်းလှမ်းတာ မဟုတ်ကြောင်း၊ ပွင့်လင်း မြင်သာမှု ကို အခြေခံ တဲ့ အဖွဲ့ဖြစ် လို့ စုံစမ်း စစ်ဆေးမှု တွေပြီးမှ၊ အာဏာပိုင်တွေ ကို အသိပေးပြီး၊ MSF အဖွဲ့အနေနဲ့ ကြေညာချက် နဲ့ စာတွေ ကို သက်ဆိုင်ရာ အဖွဲ့တွေ က တောင်းလို့ ပေးရပုံ၊ ဒေသ အာဏာပိုင်တွေ ရဲ့ ခွင့်ပြုချက် မရဘဲ ဘာမှ လုပ်မရပုံ၊ ဒါကြောင့် ဒေသ အာဏာပိုင်တွေ ကိုလည်း မေးမြန်းကြည့် စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့
MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့
စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။

ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား

Photo: ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား
Sunday, February 23, 2014

လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။

"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ အခြေခံကစပြီး ပြင်ဆင်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်၊ ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွှတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွပ်လပ်ပြီး၊ ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး အောင်မြင်တိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်"

ဒါ့အပြင် လက်ရှိအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ရေရာသေချာမှုရှိတဲ့ နိုင်ငံရေးပုံစံသစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးပုံစံသစ်နဲ့ ကိုက်ညီလာပြီလို့လည်းမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကနဲ့ အများပြည်သူ ပူးတွဲလုပ်ငန်းတွေမှာ အောင်မြင်မှုမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။

"လယ်ယာကဏ္ဍအပိုင်းမှာ ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သက်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ခုနက သမ္မတကြီး လမ်းညွှန်သလို public–private partnership ကို အကောင်အထည်ဖော်တဲ့နေရာမှာ ထိရောက်မှုမရှိခဲ့ဘူး၊ တကယ်ကို လက်တွေ့ကျကျ ဖြစ်မလာဘူးဆိုတာ သိရှိရပါတယ်၊ ဒီလို public–private partnership ဆိုတဲ့ကိစ္စမှာ ကျနော်တို့ private ဖိတ်ခေါ်တဲ့နေရာမှာ မိမိတို့ပြောတာကို နားထောင်ပြီး ဟုတ်ကဲ့ပြောမယ့်သူတွေကိုပဲ ဖိတ်ခေါ်ဆောင်ရွက်နေမယ်ဆိုရင်လည်း အောင်မြင်နိုင်ဖွယ်မရှိပါဘူး"

ဒီကနေ့ ဆွေးနွေးပွဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လယ်ယာလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ သားငါးမွေးမြူရေး၊ ကျောက်မျက်လုပ်ငန်း စတဲ့ လုပ်ငန်းအသီးသီးရဲ့ လိုအပ်ချက်အခက်ခဲတွေနဲ့ အစိုးရက ထောက်ပံ့လုပ်ဆောင်ပေးရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ကြပါတယ်။

RFA Burmese
လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံး ညီ ညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြော လိုက်ပါ တယ်။

ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်

Photo: ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်
Sunday, February 23, 2014

UWSA ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့ ရှိပါတယ်။

အခု လာမယ့် တနင်္လ࿿ာနေ့မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်ရေးမှာ လက်မှတ် ရေးထိုးဖို့ ကိစ္စတွေကို ဘယ် အချိန် ဘယ်အခါမှာ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ဆွေးနွေး ပြောဆိုဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကိုတော့ နိုင်ငံတော် အကြီးအကဲအဖြစ် သွားရောက် ဂါရဝပြု တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကိုလည်း UWSA ဘက်က တင်ပြ ဆွေးနွေးမယ့် ပုံရှိကြောင်း သူက ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့နဲ့ UWSA ညှိနှိုင်း ဆွေးနွေးတဲ့အခါတိုင်း ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကို အမြဲ တင်ပြ ဆွေးနွေးခဲ့ပေမယ့် နိုင်ငံတော် အကြီးအကဲတွေကို တင်ပြမယ်လို့သာ တုန့်ပြန်ခဲ့ကြောင်း၊ အခုတော့ ဒီကိစ္စကို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပြောဆိုခွင့် ရလာမှာမို့ အချင်းချင်း လိုလားချက်တွေကို ပိုမို သိလာတဲ့အတွက် ဖြေရှင်းဖို့ ရှေ့တလှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
UWSA ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့ ရှိပါတယ်။

ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်

 Photo: ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
Sunday, February 23, 2014

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့  ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက်သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

"အစိုးရယန္တရားကို ရပ်သွားအောင်လုပ်မယ်ပေါ့နော်။ သူတို့ပြောထားတာ ၁၃ ရက်နေ့က တစ်လပြည့်သွားပြီပေါ့နော်။ ဘာယန္တရားမှလည်း မပိတ်ဘူးဟေ့-တဲ့။ အဲ့ဒါ ထိုင်းလူမျိုးတွေကပဲ ပြောတာပေါ့နော်။ ဒါပေမဲ့ လမ်းမကြီးက ကားသွားလို့မရဘူး။ လမ်းမပေါ်မှာ ခြင်ထောင်လေးတွေ စီ စီ စီပြီးတော့ အိပ်နေတာ ပြွတ်သိပ်နေတာပဲ။ နေ့ရော ညရော ဆာလာဒမ်ရဲ့ ကွင်းကြီး ရှိတယ်မှတ်လား။ အဲ့ဒီ့မှာ မြက်ခင်းပြင် ကွင်းကြီး ပန်းခြံကြီး၊ အဲ့ဒီ့ဟာတွေအကုန်လုံး ဆာလာဒမ်ရဲ့ လမ်းလေးခွတွေ အကုန်လုံးဟာ တပ်စွဲထားသလိုမျိုး  ရှိတယ်။ ဆန္ဒပြတဲ့သူတွေကလေ။"

မေး။    ။ ဆိုတော့ အဲ့လိုမျိုး အခု ဆန္ဒပြမှုတွေကလည်း ဆက်တိုက် ရှိနေတုန်းပဲ။ နောက်ပြီးတော့ ဗုံးကွဲတာမျိုးလိုလည်း ရှိနေတယ်ဆိုတော့ အစ်မတို့လို အလုပ်သမားရေး လိုက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ အနေနဲ့ပေါ့နော်။ လုံခြုံရေး အခြေအနေ ဘယ်လိုများ ရှိလဲအစ်မ။

"လုံခြုံရေးက စိုးရိမ်ရတယ်။ လူစုလူဝေးရှိတဲ့နေရာမှ ဗုံးကွဲတာမဟုတ်ဘူးပေါ့နော်။ တဖက်နဲ့တဖက် အတိုက်အခံအချင်းချင်းဖြစ်ပြီးမှ ခွဲတဲ့ ဗုံးလည်း ရှိသလို ဘာမှမဟုတ်ဘဲ ကြားထဲကနေ ဝင်ခွဲတဲ့ဗုံးတွေကလည်း ရှိနေတာ။ အခုက။ ဆန္ဒပြပွဲကို ရှောင်သွားတယ်။ ကျမတို့က အန္တရာယ်မဖြစ်ချင်လည်း။ မလိုတမာတဲ့သူတွေက အဲ့လို လက်နက်တွေ ဖွက်ကိုင်ထားတယ်ဆိုရင် အချိန်မရွေး ပြဿနာရှိတယ်။ ရထားစီးရင်လည်း မြန်မြန်နဲ့ရောက် မြန်မြန်နဲ့ဆင်းဖို့ပဲ စိတ်ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရထားပေါ်မှာများ ဒီဗုံးတွေ ဖွက်သယ်လာရင် အချိန်မရွေး ရထားပေါ်မှာ ဗုံးကွဲနိုင်တယ်လေ။ ကျမလည်း သွားတော့ သွားနေတာ။ တော်တော်ကို ကြောက်တယ်။ တကယ်လို့များ ရထားပေါ်မှာဖြစ်ရင် သေပြီပေါ့နော်။ အမြဲတမ်း အဲ့ဒါတွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံမှာမှ လက်နက်ရှိတာမဟုတ်ဘူး။ အတိုက်အခံမဟုတ်တဲ့သူတွေမှာလည်း လက်နက်တွေ ကိုင်ထားကြတယ်လေ။အခုက။"

မေး။    ။ အဲ့တော့ အစ်မတို့က ဒီလိုရေရှည်ဖြစ်လာတယ်ဆိုရင် ဘယ်လို သတိပေးတာတွေရှိလဲ။ နောက်ပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိစ္စကို ဘယ်လိုဆောင်ရွက်ပေးဖို့ရှိလဲ။

"တစ်ယောက်နဲ့တစ်ယောက်လည်း ပြောကြတာပေါ့နော်။ နောက်ပြီးတော့ ဘယ်လိုပြောမလဲ။ အလုပ်သမားနဲ့ထိတွေ့ရတဲ့ အဆုတ်ရောဂါ ကွင်းဆင်းရတဲ့အချိန်တို့၊ သူတို့ကို ဆေးရုံလိုက်ပို့၊ ဆေးထုတ်ပေးတဲ့အချိန်တွေ၊ နောက်ပြီးတော့ အမျိုးသမီးဆွေးနွေးပွဲတွေ ကျမတို့ တစ်လမှာ တစ်ကြိမ်၊ လုပ်တဲ့အခါမှာပေါ့ အဲ့ဒီ့အခါမှာ ကြုံတိုင်းပဲ ဘန်ကောက်မြို့ဘက်ကို မသွားနဲ့။ ဘန်ကောက်မြို့မှာ ဒီလိုတွေရှိတယ်။ ကြုံရင်ကြုံသလောက်တော့ ပြောပြပါတယ်။ ကျမတို့ အလုပ်သမားတွေကို မတတ်သာလို့သာ သွားရတယ်လေ။ အဲ့လိုမျိုး။"

မေး။    ။ ဟုတ်ကဲ့ အစ်မ။ ထိုင်းမှာရှိတဲ့အလုပ်သမားတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေရော ထိခိုက်လာနိုင်တဲ့ အနေအထားရှိလားအစ်မ။

"ထိခိုက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေမှာဆိုရင် အော်ဒါတွေ သိပ်မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေက သူ့ဖောက်သည်တွေရှိမှ အလုပ်လုပ်လို့ရတယ်ဆိုတော့ နောက်ပိုင်းမှာ အော်ဒါမရှိရင် ပထမဆုံးက နေ့စားဆို နေ့ပဲ ခိုင်းမယ်။ ည OT မလုပ်နဲ့တော့ပေါ့။ သူတို့ အဲ့သလိုမျိုးပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ မာရှယ်လောလည်း ရှိနေတာကိုး။ အဲ့ဒီ့အခါ အိုတီကို ရုပ်တဲ့ အခါကျတော့ အဖြစ်သဘောမျိုး၊ အလုပ်သဘောမျိုးပဲ ဆင်းရတာမျိုးတွေဖြစ်တယ်။ အဲ့တော့ လုပ်သားတွေအတွက် ဝင်ငွေနည်းတာမျိုး ဖြစ်မယ်။

နောက်ပြီးတော့ ပသူနန်း တဝိုက်မှာ ဈေးရောင်းတဲ့ သူတွေက မြန်မာအလုပ်သမားတွေပဲ များတယ်။ ဈေးရောင်းတာ၊ ဟိုဘက်ဈေး၊ ဒီဘက်ဈေး ဈေးခင်းတ၊ ညဈေး စီလုံ ညဈေးခင်းတာ မြန်မာ လုပ်သားတွေပဲ မြန်မာပြည်သားတွေပဲ သူတို့အတွက်လည်း အရောင်းပါးတယ်ပေါ့နော်။ နောက်ပြီးတော့ အခြေအနေ အရ မြန်မြန်ဈေးသိမ်း လိုက်ရတဲ့အခါတွေလည်းရှိတယ်။ ညနေဆိုရင် သူတို့မြန်မြန်ဈေးသိမ်းတယ်။ နေ့လည် ၂ နာရီနောက်ပိုင်းဆို သိမ်းပြီးပေါ့နော်။ သိပ်ပြီးတော့ မရောင်းရဘူးပေါ့နော်။ အဲ့လိုမျိုး ကြာရင် ထိခိုက်ပါတယ်။ အလုပ်သမားတွေလည်း ထိခိုက်တယ်။ ထိုင်းအလုပ်ရှင်တွေလည်း ထိခိုက်တယ။"

ဒါကတော့ ထိုင်းနိုင်ငံတွင်းဆန္ဒပြပွဲတွေကြောင့် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ အလုပ်သမားရေးကူညီပေးနေသူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန် (ဗွီအိုအေ)

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၄)
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက် အခံတွေ က ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင်လုပ်မယ် လို့ ကြွေးေ ကြာ် ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေး ပါဘူး။

မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ

Photo: မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ
Sunday, February 23, 2014

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်နှစ်ယောက်ကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် မူးယစ်နှိမ်နင်းရေး ထောက်လှမ်းရေးတွေက Guzman ကို သီတင်းပတ်အတော်ကြာ ခြေရာခံ လိုက်နေခဲ့တာပါ။

သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲနဲ့ ဖမ်းမိလိုက်တဲ့အချိန် မတိုင်ခင်မှာ Guzman ဟာ ပုန်းအောင်းတဲ့နေရာ အများအပြားနဲ့ တူးမြောင်း လိုဏ်ခေါင်းတွေကနေတဆင့် အဖမ်းမခံရအောင် ရှောင်နေနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေးတွေက ယူဆပါတယ်။

မက္ကဆီကိုနယ်စပ်ကိုဖြတ်ပြီး ကိုကိန်း၊ ဆေးခြောက်နဲ့ ဘိန်းဖြူ တန်ချိန်ပေါင်း များစွာကို ခိုးသွင်းခဲ့မှုအပါအဝင် စွဲချက်အများအပြား နဲ့ Guzman ကို အမေရိကန်က အလိုရှိနေတာပါ။ သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းဟာ မြောက် အမေရိကတိုက် တဝန်း ကျယ်ပြန့်တဲ့အပြင် ဥရောပနဲ့ သြစတြေးလျတိုက်တွေ အထိ ချဲ့ထွင်ထားပါတယ်။

မက္ကဆီကိုမြောက်ပိုင်းက မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့ လမ်းကြောင်းတွေကို အပိုင်စီးကြရင်း Sinaloa မူးယစ်ဂိုဏ်းနဲ့ တခြားမူးယစ်ဂိုဏ်းတွေအကြား သွေးချောင်းစီးလူသတ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Guzman ကို ဖမ်းမိလိုက်တာဟာ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံသားတွေအတွက် အောင်ပွဲတစ်ခုဖြစ်တယ်လို့ အမေရိကန် ရှေ့နေ ချုပ် Eric Holder က ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်
ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်
ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

ကံပေါက်ရွာတဝိုက် ပတ်ဝန်းကျင်ထိန်းသိမ်းပေးဖို့ တောင်းဆို


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ရွာနဲ့ အနီးတဝိုက် ရွာတွေက ရွာသား တစ်ထောင်လောက်ဟာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အသုံးပြုနေတဲ့ ရွာလမ်းကို ကတ္တရာ လမ်းခင်းပေးဖို့ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပေးဖို့ နိုင်ငံခြားကုမ္ပဏီ (၃)ခုကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေးကင်းလွတ် ခွင့်ပေးရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန်  (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာထားငွေမှ ကျပ်သန်း ၁၀၀၀ ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်

မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာ ထားငွေကျပ် သန်း ၁၂၆၉၄ ဒသမ ၅၂၆ အနက် ကျပ်သန်း ၁၀၂၄ ကို ဖြတ်တောက်ရန် ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီက ပြည်ထောင်စု လွှတ်ေ တာ် ၌ အဆိုတင်သွင်းခဲ့သည်။

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)၏ ဘတ်ဂျက်တောင်းခံမှုအား ထက်ဝက်လျှော့ရန် ဆွေးနွေး

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် သာဂရအကြီးစားစက်ရုံ၏ ဘတ်ဂျက်တောင်းခံထားသည့်ငွေမှ ထက်ဝက်လျှော့ချရန် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက် မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်

Photo: အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်
Sunday, February 23, 2014

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသော အဲဗာတန်နှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင်ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည်။ အီတူး၊ အော်စကာ၊ ဟာဇက်၊ ဝီလီယံ၊ လမ်းပတ်၊ မာတစ်တို့နှင့် လူစုံပါဝင်ခဲ့သည့် ချယ်လ်ဆီးအသင်းက ပွဲစကတည်းက အဲဗာတန်ကို ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ဟောင်းဝပ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သောကြောင့် မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့သည်။ ချယ်လ်ဆီးအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်စေမည့် အဖိုးတန် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၃ မိနစ်တွင် လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းဂိုးကို လမ်းပတ်၏သွင်းဂိုး (သို့မဟုတ်) ဟောင်းဝပ် Own Goal သတ်မှတ်ရန် အငြင်းပွားခဲ့သော်လည်း တယ်ရီ၏ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များတွင် အိမ်ကွင်း၌အသီးသီး ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်နှင့် မန်စီးတီးတို့ကလည်း နိုင်ပွဲများရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့သည်။ အာဆင်နယ်အသင်းက ဂျီရော့ (၅၊ ၃၁ မိနစ်)၊ ရိုဆစ်စကီး (၄၂ မိနစ်)၊ ကိုစီယယ်လ်နီ (၅၇ မိနစ်) တို့၏ ဂိုးများဖြင့် ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီးကလည်း ယာယာတိုရေး (မိနစ် ၇ဝ) ၏ တစ်လုံးတည်းသောဂိုးဖြင့် စတုတ်စီးတီးကို အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် ဖူလ်ဟမ်အသင်းက ဝက်စ်ဘရွန်းနှင့် သရေတစ်မှတ်စီခွဲယူခဲ့ရပြီး ဝက်စ်ဟမ်းအသင်းမှာမူ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့သည်။

Eleven Media Group

ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

Photo: ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
Sunday, February 23, 2014

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့်အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းကို စတင်ပြုလုပ်သည့်အချိန်မှ စတင်ကာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာမှုများလာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ခရီးသွားလုပ်ငန်းများမှာလည်း အဆိုပါစီမံကိန်းကြောင့် ပိုမိုဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

“စီးပွားရေးကြောင့်လာကြတဲ့ ခရီးသွားတွေ များလာတယ်။ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေက ဂေဟစနစ်ကို ပျက်စီးမှာစိုးလာတဲ့အတွက် Eco Tourism ကို လုပ်ဆောင်ဖြစ်တာပါ။ ဒီလို Eco Tourism ကို လုပ်ဆောင်ရတာကလည်း စီးပွားရေးအတွက်လာတဲ့ ဧည့်သည်တွေကို ခရီးသွားနေရာသစ်တွေ ပို့ဆောင်ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားအောင်လို့ ဒီလိုလုပ်ဆောင်ဖြစ်တာပါ။ ပြီးတော့နိုင်ငံခြားသားတွေကို ထားဝယ်ကို ဘာကြောင့်လာသလဲလို့ အမြဲတမ်းကျွန်တော်မေးကြည့်တယ်။ ထားဝယ်က တခြားနေရာနဲ့ မတူဘူးတဲ့။ တောတောင်ရေမြေ သဘာဝကောင်းတယ်။ နေရာလည်း ကျယ်တယ်။ လူဦးရေလည်း နည်းတယ်။ ဆွစ်ဇာလန်တို့၊ ဟော်လန်တို့ အရမ်းမျက်စိကျနေကြတယ်။ သူတို့နိုင်ငံမှာ မတရားအေးတယ်လေ။ ရာသီဥတုဆိုးရွားတော့ ဒီမှာ အပန်းလာဖြေကြတာပေါ့”ဟု ထားဝယ်ခရီးသွားလုပ်ငန်းမှ ဦးထိန်လင်း၏ ပြောကြားချက်အရသည်။

လက်ရှိ ထားဝယ်မြို့တွင် နိုင်ငံခြားသား ဧည့်သည်များကို ပို့ဆောင်ရန် မောင်းမကန်ကမ်းခြေနှင့် စက်မှုဇုန်ဖော်ဆောင်မည့် နေရာအပြင် ထားဝယ်ရှိရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းရာဇ၀င်များစွာရှိသော နေရာများသို့ ခရီးသွားများကို ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။ ယင်းအပြင် ခရီးသွား ဖွံ့ဖြိုးလာပြီး နောက်ပိုင်းတွင် ထားဝယ်မြို့၌ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ငါးလုံး၊ အခန်းပေါင်း ၁၇၉ ခန်း ရှိကြောင်း ၂၀၁၃ ခုနှစ် စာရင်းများအရ သိရသည်။ ခရီးသွား ဖွံ့ဖြိုးလာမှုကြောင့် ထိုဒေသရှိဒေသခံများမှာ ခရီးသွားလုပ်ငန်းအကြောင်းကို ပိုမိုသိရှိလာစေရန်အတွက် ခရီးသွားဆိုင်ရာအကြောင်းအရာများကို လေ့လာချင်ကြောင်းလည်း သိရသည်။

“ထားဝယ်မှာ ခရီးသွားဖွံ့ဖြိုးလာဖို့အတွက် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေကနေပြီး ကျွန်တော်တို့ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့အတွက် ကျွန်တော်တို့ကို လာရောက်တိုင်ပင်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တွေက သွားရောက် သင်ကြားပေးသွားမှာပါ”ဟု Ruby Land ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထားဝယ်သို့ လာရောက်သော နိုင်ငံခြားသားများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပိုမိုဝင်ရောက်လျက်ရှိကာ ထိုင်း နှင့်ဂျပန်လူမျိုးများ ၀င်ရောက်မှု ပိုမိုများပြားလာပြီး တရုတ်နှင့်အနောက်နိုင်ငံမှ နိုင်ငံခြားသားဧည့်သည်များလည်း ၀င်ရောက်လျက်ရှိလာကြောင်း သိရှိရသည်။

Eleven Media Group

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့် အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန် အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု

Photo: ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု
Sunday, February 23, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိလာသောငွေများအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော်မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးဆောင်ရွက်ရန် တင်ပြလျာထားတောင်းငွေများထဲ၌ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ တင်ပြထားသည့် RC အဆောက်အအုံ အမျိုးအစားအတွက် PAE တစ်ပေပတ်လည်ဈေးနှုန်းမှာ အခြားဦးစီးဌာနများကဲ့သို့ ကျပ် ၁၈၀၀၀ နှုန်းမဟုတ်ဘဲ ၂၀၀၀၀ နှုန်းဖြစ်ပြီး ၂၀၀၀ ပိုများနေသည့်အတွက် ၀န်ကြီးဌာနအား ပြန်လည်စိစစ်တင်ပြစေခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကိုယ်စား ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးက ဆွေးနွေးပြောကြားသည်။

ထိုသို့ ပြန်လည်စိစစ်ရာအန္တရာယ်ရှိ ကျောင်းများ၊ ဥပဓိရုပ်မကောင်းသည့်အတွက် ပြုပြင်ရမည့်ကျောင်းများ၊ ကျောင်းသားဦးရေတိုးလာသည့်အတွက် တိုးချဲ့ဆောက်ရမည့်ကျောင်းများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတင်ပြသည့် ကျောင်းများအားလုံး PAE ပြင်ဆင်တွက်ချက်သည့်အခါတွင် ကျပ်ငွေ ၃ ဒသမ ၄၅၀၆  ဘီလျံပိုမိုထွက်ရှိလာကြောင်း သိရသည်။

"လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်အရရော ကျန်ဦးစီးဌာနများနှင့်လည်း တစ်ပြေးညီ ဖြစ်ရန်အတွက်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူပြီးတော့ ပိုထွက်လာတဲ့ ၃ ဒသမ ၄၅၀၆  ဘီလျံကို အရေးကြီးလိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းများကို ဦးစားပေးပြီး ဆောင်ရွက်ရန် ညှိနှိုင်းရရှိခဲ့ပါတယ်။ အခုရရှိတဲ့နှုန်းထား အကြမ်းဖျင်းတွက်လိုက်တဲ့အခါမှာ အန္တရာယ်ရှိကျောင်းပေါင်း ၈၃ ကျောင်း ပိုမိုလျာထားနိုင်ကြောင်း တွေ့ရှိရပါတယ်"ဟု ဒေါက်တာမြဦးက ပြောကြားသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ အဆိုပြုလျာထားသော အန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းပြီး အသစ်တည်ဆောက်မည့် ဦးရေ ၂၂၀ အစား ၃၀၃ ကျောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

အလားတူပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ဆောက်လုပ်နေသည့် အဆောက်အအုံများသည် မြေပြန့်ဒေသဖြစ်ပါက RC ကျောင်းဆောင် အဆောက်အအုံများအစား အုတ်ညှပ်ကျောင်းဆောင် အဆောက်အအုံများ ဆောက်လုပ်သင့်ပြီး တစ်ပေပတ်လည် (PAE) မှာ ကျပ် ၁၀၀၀၀ နှုန်းဖြစ်သင့်ကြောင်းနှင့် RC ကျောင်းဆောင် အဆောက်အအုံအမျိုးအစား ဆောက်လုပ်ပါကလည်း တစ်ပေပတ်လည်နှုန်းထားမှာ ကျပ် ၁၆၀၀၀ (သို့မဟုတ်) ၁၈၀၀၀ နှုန်းသာဖြစ်သင့်ကာ လျှော့ချသင့်ကြောင်း ကော်မတီကိုယ်စား ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က အဆိုပြုတင်ပြခဲ့သည်။

ထို့အပြင် ကျောင်းဆောင်များဆောက်လုပ်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ခေါ်ယူမည့်တင်ဒါသည် အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ခရိုင်မြို့နယ်အတွင်း၌ရှိသည့် ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ဦးစားပေးပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူများ၊ အထောက်အကူပြု ကော်မတီများ ပူးပေါင်းပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူမှုကို စိစစ်ဆောက်ရွက်သင့်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အဆိုပြုခဲ့သည်။

Eleven Media Group

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရစဉ်
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေး ချမ်းေ ရး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရ စဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိ လာသောငွေ များအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော် မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေ သဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ် စတင်


ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်
နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြု ထားသော်လည်း ကျန်း မာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများ ကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်)
ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်း မကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land  အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ မှ သိရသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူ များကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဖေဖော်ဝါရီ ၂၂ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေး ကင်း လွတ်ခွင့်ပေး ရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန်  (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်

Photo: အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်
Sunday, February 23, 2014

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
    
ယခင်ကျင့်သုံးသည့် အလုံးစုံမော်တော်ယာဉ်အာမခံစနစ်သည် ယာဉ်ပိုင်ရှင်မှ အာမခံကုမ္ပဏီများတွင် တစ်ပြိုင်နက်ထားရှိခဲ့ပြီး လျော်ကြေးငွေကိုလည်းထားရှိသည့် အာမခံကုမ္ပဏီများထံမှ ရရှိခဲ့သည်။ ယခု knock for knock agreement တွင်မူ ကုမ္ပဏီတစ်ခုတည်းတွင်သာ အာမခံထားရှိရမည်ဖြစ်ပြီး လျော်ကြေးငွေကိုလည်း ကုမ္ပဏီတစ်ခုတည်းမှသာ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
    
"knock for knock agreement က ကုမ္ပဏီနှစ်ခုမှာထားရင်လည်း တစ်ခုကပဲလျော်မှာပါ။ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း အာမခံကုမ္ပဏီတစ်ခုတည်းမှာသာ အာမခံထားရှိဖို့လိုပါတယ်။ ကုမ္ပဏီဘယ်နှခုမှာပဲထားထား တစ်ခုတည်းကသာ ပေးလျော်မှာဖြစ်ပါတယ်။ ဥပမာ- အေကုမ္ပဏီမှာထားတဲ့ကားနဲ့  ဘီကုမ္ပဏီမှာ ထားတဲ့ကားနှစ်စီးတိုက်ရင် သက်ဆိုင်တဲ့ကုမ္ပဏီကပဲ ကိုယ့်ကားကိုကိုယ် ပေးလျော်ရမှာပေါ့။ အေဘက်ကကားက အာမခံထားပြီး တစ်ဖက်ကကားက အာမခံမထားရင်တော့ နှစ်ခုလုံးကို ပေးလျော်ပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
    
ယခုရေးထိုးခဲ့သည့် အာမခံကုမ္ပဏီများမှာ First National Insurance၊ Grand Guardian Insurance Public Co,ltd၊ IKBZ Insurance Public Co,ltd၊ Global World Insurance၊ အောင်သစ္စာဦး အာမခံ၊ ဧရာမြန်မာ အာမခံနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။         
    
အလုံးစုံမော်တော်ယာဉ် အာမခံထားရှိထားသော မော်တော်ယာဉ်များအနေဖြင့် ယာဉ်အန္တရာယ်ဖြစ်ပါက ဖြစ်ရပ်တစ်ခုလျှင် အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ကာ အဆိုပါယာဉ်ကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့လျှင် လူတစ်ဦးလျှင်ကျပ် ၁၀ သိန်း ပေးလျော်ကြောင်း သိရသည်။

Eleven Media Group

ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်း ကသာ ပေးလျော်မည့် စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံ ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။