![]() |
| မိုးကုတ်မြို့ |
ယခုရက်ပိုင်း အတွင်း မိုးကုတ်မြို့၌ လူတစ်စုက လူနေအိမ်များကို လူခြေ
တိတ်သော ညဥ့်သန်းခေါင်ကျော် အချိန်များတွင် လိုက်လံ မီးရှို့နေသောကြောင့်
ဒေသခံများ ထိတ်လန့် နေကြကြောင်း မိုးကုတ်မြို့ခံ များကပြောသည်။
‘‘မီးကဆက်တိုက်လိုလို လိုက်ရှို့နေတော့ အခုဆို ဒေသခံတွေ ကြောက်နေကြတယ်။ အရင်ကလည်း မီးရှို့မှုတွေ ဖြစ်ခဲ့ဖူးတော့ ညဘက်တွေမှာ ကောင်းကောင်းတောင် မအိပ်ရဲကြဘူး ဖြစ်နေတယ်’’ဟု မိုးကုတ် မြို့ခံတစ်ဦး ကပြောသည်။
နှစ်ရက်ဆက်တိုက် ရှို့မီးနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် မီးသတ်ဌာန၊ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ ပူးပေါင်းပြီး ၀န်ထမ်း အင်အား သုံးကာ နေ့၊ ညနှစ်ဆိုင်းခွဲ၍ လုံခြုံရေးလုပ်ငန်းများ