Sunday, May 4, 2014

မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်

Photo: မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
Sunday, May 4, 2014

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလော က်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ

Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ
Sunday, May 4, 2014

ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပြီး တစ်ပတ်အ တွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ တရားမဝင်သစ်တန် ချိန် တစ်ထောင်ကျော် ဖမ်းဆီးရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏ သည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုမရပ်ဆိုင်းမီ လတစ်လ၏ သစ်ခိုးထုတ်မှုဖမ်းဆီးရရှိခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာဟနေခြင်းဖြစ်သည်။

‘‘ပုံမှန်ကာလတွေထက်များ တယ်။ အရင်တုန်းက ရက်တိုတို နဲ့ အဲဒီလောက်မဖမ်းမိဘူး’’ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တမလန်းသစ်များပေါက် ရောက်သည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် သစ်တန်ချိန်လေးရာ ကျော် ဖမ်းဆီးရရှိခဲ့ပြီး ကျန်ဒေသ များထက် ပိုများသည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် ရှမ်းပြည်နယ်သည် သစ်ခိုး ထုတ်မှု ဒုတိယအများဆုံးဖြစ် သည်။

‘‘ကချင်ပြည်နယ်မှာ အဲဒီ လောက် ဘယ်ဖမ်းရမလဲ။ သူ့ နယ်မှာ တရုတ်ပို့လွန်းလို့ တမလန်းသစ် မကျန်တော့တာ။ သူ့ဆီမှာ မကျန်တော့လို့ ဒီဘက် ပင်လယ်ဘူးမှာ အခုလာလာခုတ် ကြတယ်။ ခုတ်ထားတဲ့သစ်တွေ ကို ဧရာဝတီမြစ်ကျော်ပြီး ကချင် ပြည်နယ်ဘက်ပို့ကြတယ်။ အဲဒီ ကတစ်ဆင့် တရုတ်ကိုပို့ကြ တယ်’’ဟု ပင်လယ်ဘူးခရိုင်၊ ဝန်း သိုမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင် ကျော်စိုးက ပြောသည်။

တရားမဝင်သစ်ခိုးထုတ်မှု များ ဖမ်းဆီးရရှိသော်လည်း ပိုင် ရှင်မဲ့သစ်များဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်း အချက်ကို ဖော်ထုတ်ဖြေရှင်းမှ သာ တရားမဝင်သစ်ခိုးထုတ်ခြင်း ကို အရေးယူနိုင်သည့်ဥပဒေများ အသက်ဝင်လာမည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ် ရှားသူ Green Network မှ ဦးစောမိုးမြင့်က ပြောသည်။

‘‘ကားတွေနဲ့ အလုံးအရင်း ဖမ်းမိပေမယ့် အများအားဖြင့် ကားသမားတွေဖြစ်နေတယ်။ ဖမ်း မိတဲ့သူတွေဟာ အကိုင်းအခက် တွေဖြစ်နေတယ်။ ခေါင်ကြီးတွေ က လွတ်နေတယ်။ အဲဒါတွေ ဖမ်း ဆီးဖော်ထုတ်နိုင်မှသာ အောင် မြင်မယ်လို့ထင်ပါတယ်’’ ဟု ဦးစောမိုးမြင့်က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ အဖမ်း အဆီးများလာခြင်းတို့ကြောင့် နယ်စပ်သို့တင်ပို့သည့် သစ်ကား များအရေအတွက်နည်းသွား သောကြောင့် တရုတ်နယ်စပ်တွင် တမလန်းသစ်များ ဈေးမြင့်ခဲ့ သည်။ သစ်ဈေးမြင့်လာမှုကြောင့် တရားမဝင်သစ်ခိုးထုတ်သူများ များလာခဲ့သည်ဟု ပင်လယ်ဘူး ခရိုင်မှ ဒေသခံများက ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ် ဆိုင်းသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တရုတ်နယ်စပ် မူဆယ်မြို့နယ် တောလမ်းများမှ တစ်ဆင့် အလုံးလိုက်သော်လည်း ကောင်း၊ ခွဲခြမ်းစိတ်ဖြာပြီးသော် လည်းကောင်း ခိုးဝှက်၍ သစ်တင်ပို့နေသည်မှာ တစ်ရက်လျှင် ကားအစီး နှစ်ဆယ်ကျော်ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

7Day DAILY
ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး

Photo: တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး
Sunday, May 4, 2014

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

China၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗွီဘီ
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone

Photo: နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone
Sunday, May 4, 2014 

Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

The Amazing Spider-Man 2 ရဲ့မင်းသမီးဟာ ပူပန်သောကဖြစ်စေတဲ့အတွေးတွေနဲ့ အမြဲတန်းရုန်းကန်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိတ်ငြိမ်စေတဲ့နည်းလမ်းကိုသုံး၊ စိတ်ကိုလေ့ကျင့်ပေးပြီး အဲဒီ့ပြသနာတွေကိုဖြေရှင်းနိုင်လာပြီလို့ဆိုပါတယ်။

‘ကျွန်မဇန်န၀ါရီက စပြီးတရားထိုင်တာ။ ဒါကျွန်မဘ၀ကို လုံးဝပြောင်းလဲပစ်တဲ့အရာပါပဲ။ ကျွန်မတော်တော်လေးနှစ်သက်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ် ကျွန်မတရားထိုင်တယ်။ ဒါကျွန်မရဲ့စိတ်အတွက် အကောင်းဆုံးအရာဖြစ်လာပါတယ်။ ကျွန်မက တစ်ကိုယ်တည်း စိုးရိမ်ပူပန်မှုတွေ ရတတ်တယ်’ လို့ ပြောပါတယ်။

New York မြို့ Manhattan အရပ်မှာ အခြေချနေထိုင်တာဟာ သူမရဲ့စိုးရိမ်စိတ်တွေကို ငြိမ်းအေးစေနိုင်မယ်လို့ လည်း အသက် ၂၅ နှစ်အရွယ် Emma ကယုံကြည်နေပါတယ်။

‘ကျွန်မပြီးခဲ့တဲ့နှစ်က အိမ်မရှိခဲ့ဘူး။ New York မှာအိမ်ဌားပြီးနေလာတာ ငါးနှစ်ရှိပြီ။ ကျွန်မဟိုတယ်မဟုတ်တဲ့နေရာမှာနေနေတာပါ။ ကျွန်မအရမ်းစိတ်လှုပ်ရှားပါတယ်’ လို့ပြောပါတယ်။

Ref:starpulse.com
Trend Myanmar
Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ

Photo: မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ
Sunday, May 4, 2014

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ နှင့် ၂၈ ရက်တို့တွင် ပြည်မြို့ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်သည့် လွန်ဆွဲပွဲများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ထပ်မံ လွန်ဆွဲပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုအရ လုပ်တယ်။ ခုချိန်ထိ ပိတောက်ပွင့်နိုင်တဲ့ မိုးတောင် မရွာသေးဘူး။ မနှစ်ကတော့ လွန်ဆွဲပြီး နောက်နေ့ မိုးရွာတယ်။ ရာသီဥတုက အရမ်းပူနေတော့ ခုလည်း မိုးရွာမယ်လို့တော့ မျှော်လင့်တယ်” ဟု ရွာဘဲနယ် မြေအောင်သုခ ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဖေက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာလို့ အပူချိန် မြင့်တက်လာပြီး မိုးခေါင်တယ်။ ဒီလိုဖြစ်နေရတာတွေက လူတွေရဲ့ နေထိုင်ပြုမူမှုကြောင့် ဖြစ်နေတာပါ၊ ဒီပုံစံကို ဆင်ခြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းရမယ်” ဟု အစိမ်းရောင်မျိုးဆက် အတွင်းရေးမှူး ဦးမျိုးညိမ်းဇော်က မှတ်ချက်ပြုသည်။

အပူရှိန်မြင့်တက်မှုကြောင့် ပြည်မြို့တွင် သေဆုံးသူ အနည်းငယ် ပိုလာပြီး နာရေးကူညီမှုအသင်းများ အနေနှင့် တစ်ရက်လျှင် လူ ၁၀ ဦးခန့်ထိ နာရေးကူညီမှု ပြုလုပ်ပေးနေရကြောင်း မိုးမေတ္တာ နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးညီညီအောင်က ပြောကြားသည်။
“ကျွန်တော်တို့က ဆရာဝန် မဟုတ်တော့ ဒီလူတွေက အပူကြောင့် သေရပါတယ်လို့ တထစ်ချ မပြောနိုင်ဘူး။ အပူချိန် မြင့်တဲ့အတွက် နာရေးလမ်းကြောင်းကတော့ စိပ်လာတာတော့ အမှန်ပဲ” ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ အပူချိန် လွန်ကဲမှုများ ရှိသော်လည်း ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တိုက်ရိုက် ဖြစ်ပွားသည့် အပူရှပ်ရောဂါ လက္ခဏာဖြင့် သေဆုံးသူ မရှိဘဲ အရက်သောက်သုံးသူများနှင့် သက်ကြီးရွယ်အို အချို့သာ ဆုံးပါးမှုရှိကြောင်း ယင်းဆေးရုံကြီး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

Photo: NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
Sunday, May 4, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂၀ ဦးကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်

မြန်မာနိုင်ငံ ၌ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး၌ ၀င်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ ထဲမှ အမှတ်အများဆုံး ဦးရေ ၂၀ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ အစီအစဉ် ဖြင့် ဂျပန်နိုင်ငံ သို့ သီတင်းတစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို

Photo: ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို 
Sunday, May 4, 2014

သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့်သွင်းထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်မီတာခ ဈေးနှုန်း သက်သာစွာဖြင့် ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရန်၊ ရခိုင်သယံဇာတများကို ရခိုင်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်သူလူထုက လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်စီမံခွင့် ရရှိရန် စသည့် အချက်များလည်း ပါဝင်ကြောင်း မြို့နယ် ကိုယ်စားလှယ်များက ပြောကြားသည်။

ရခိုင်အမျိုးသားညီလာခံက နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွား၊ သဘာဝသယံဇာတ ခွဲဝေသုံးစွဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ မူဝါဒ ၁၆ ချက် ချမှတ်ထားကြောင်း၊ ယင်းမူဝါဒများတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်ကို အပြီးသတ်ရန် ဆွေးနွေးနေဆဲ ဖြစ်၍ မူကြမ်း အဆင့်တွင်သာ ရှိနေသေးပြီး မကြာမီ ပြည်သူလုထုကို ချပြသွားမည် ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ဦးခိုင်သုခက ပြောကြားသည်။

မူဝါဒမူကြမ်းတွင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အားကို လက်ရှိ အခြေအနေထက် သုံးဆ တိုးမြှင့်ပေးရန်၊ ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေတပ်များကို ပြည်နယ်အစိုးရက တိုက်ရိုက်စီမံခွင့် အခွင့်အာဏာပေးရန်၊ မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်ရပ်ရွာများ တိုးချဲ့ရန်နှင့် လုံခြုံရေး အထူးစီမံချက်ချ ဆောင်ရွက်ရန်၊ နယ်စပ်လုံခြုံရေးအတွက် မွတ်ဆလင် မဟုတ်သည့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်တပ် ဖွဲ့စည်း၍ အစိုးရ ကာကွယ်ရေးတပ်များ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကမ်းရိုးတမ်းနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် အဆင့်မြင့် လက်နက်များ၊ နည်းပညာများအပြင် ကမ်းရိုးတမ်း အမြန်ယာဉ်နှင့် အဆင့်မြင့် ရေတပ်သင်္ဘောများ၊ ကင်းလှည့်ရေယာဉ်များ၊ ရေဒါစခန်းများကို တိုးမြှင့်ပေးရန် အချက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်အစိုးရ၊ မီဒီယာ၊ နိုင်ငံတကာ သံတမန်များ စသည်တို့က နည်းလမ်းမျိုးစုံ အသုံးပြ၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းအချက်များကို အစိုးရက အကောင်အထည် မဖော်ပါက လူထုတိုက်ပွဲဖြင့်ပါ တောင်းဆိုမည် ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးလှစောက ပြောဆိုသည်။
“ဆုံးဖြတ်ချက်တွေက လေထဲမှာ ပျောက်သွားမှာ မဟုတ်ပါဘူး။ လူထုတစ်ရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ ဒီမူဝါဒတွေကို နိုင်ငံရေး အင်အားစုတွေက ရတဲ့နည်းလမ်းနဲ့ တောင်းဆိုသွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသား ညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် မူဝါဒ ဦးဆောင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပြီး ရန်ကုန်မြို့တော်တွင်လည်း မကြာမီကာလတွင် ရုံးခန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း တစ်ကျော့ပြန် ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

The Voice Weekly
သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတ များမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြု ရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့် သွင်း ထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းနှစ်ဦး လက်နက်ကိုင်များ ဖမ်းဆီး

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက် ကိုင် အဖွဲ့ အစည်းတစ်ခုမှ အာလမ်ကျေးရွာအုပ်စု အတွင်းရှိ ဒွန်ဂန်ကျေးရွာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်း မကြီးလမ်းပိုင်း တစ်နေရာတွင် မေလ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အာလမ်ကျေးရွာ ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

Saturday, May 3, 2014

မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်

Photo: မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
Saturday, May 3,2014

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။
http://www.trend.com.mm/ မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။ သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

ပြည်တွင်းသတင်းသမားများအတွက် ကျင့်ဝတ်များ စာနယ်ဇင်းကောင်စီထုတ်ပြန်

ပြည်တွင်းစာနယ်ဇင်းသမားများ လေးစားလိုက်နာသင့်သည့် သတင်းမီဒီယာကျင့်ဝတ်ကို ၂၇ချက်ကို မေလ ၃ရက် တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်လိုက်သည်။ စာနယ်ဇင်းကောင်စီက သတင်းမီဒီယာ ကျင့်ဝတ် များကို အတည်ပြုထုတ်ပြန်သည့် အခမ်းအနားကို မေလ ၃ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာကျင့်ဝတ်တွင် စာနယ်ဇင်းသမားတိုင်း လေးစားလိုက်နာရမည့် မီဒီယာဌာနများ၏ တာဝန်ဝတ္တရားများ၊ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှု၊ သတင်းရင်းမြစ်ကို ကာကွယ်ခြင်း၊ ကိုယ်ရေး လွတ်လပ်ခွင့်နှင့် အများပြည်သူအကျိုးစီးပွား၊ ရာဇ၀တ်မှုများ၊ လူမှုစံနှုန်းများနှင့်ဖီလာဖြစ်သေ အပြုအမူ များကို ဖြစ်ပေါ်စေသည့် သတင်းပေးပို့မှုများကို ရှောင်ကြဉ်ရမည့်အချက်၊ ပြည်သူလူထု အတွင်း ဖြစ်ပေါ်နေ သည့်ဆန္ဒပြမှုများနှင့် ပြည်တွင်း နိုင်ငံရေးမငြိမ်သက်မှုများကို သတင်းရေးသားရာတွင်လိုက်နာရမည့်အချက်၊ ရာဇ၀တ်မှုခင်းသတင်းများကို ရယူရာတွင် ရှောင်ကြဉ်ရမည့် အချက်များ၊
ရုပ်သံလွှင့် အစီစဉ်များခေါင်းစဉ် တပ်ခြင်းနှင့် မထုတ်လွှင့်မီ ကြိုတင်အသိပေးကြေငြာခြင်း အစရှိသည့် သတင်းသမားတိုင်းလိုက်နာရမည့် အချက်ပေါင်း ၂၇ချက်ဖြင့် သတင်းမီဒိယာကျင့်ဝတ်များကို တိကျ စွာ ပြဌာန်းထုတ်ပြန်ထားသည်။

နာမည်ကျန်နေရစ်မယ် ဆိုတဲ့အခွေကိုထွက်ရှိဖို့ပြင်ဆင်နေတဲ့ ဖြူဖြူကျော်သိန်း

Photo: နာမည်ကျန်နေရစ်မယ် ဆိုတဲ့အခွေကိုထွက်ရှိဖို့ပြင်ဆင်နေတဲ့ ဖြူဖြူကျော်သိန်း
Saturday, May 3,2014

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ခံရသလို ဘယ်လိုမြူးဇစ်ပုံစံ၊ ဘယ်လိုပါဖောင်းမန့်စ်တွေ၊ ဘယ်လိုဖက်ရှင်တွေနဲ့ တွေ့ရဦးမလဲဆိုပြီး ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ခံရသူကတော့ ဖြူဖြူကျေယ်သိန်းပါပဲ။ သူမရဲ့ ငါးခွေမြောက်အယ်လ်ဘမ်မှာ ကိုယ်ပိုင်သံစဉ်သီချင်း တွေချည်းပဲ ပါဝင်သွားမယ်လို့ သိရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းကို မေးဖြစ်ခဲ့တဲ့အခါ ‘ဟုတ်ပါတယ်။ အစ်မရဲ့အခွေတွေမှာ နာမည်ကြီး တေးရေးဆရာမတွေက သာ ရေးသားပေးခဲ့ကြတယ်။ ဒီအခွေမှာတော့ Underground တီးဝိုင်းတစ်ခုဖြစ်တဲ့ The Scare အဖွဲ့နဲ့ စီစဉ်ထားပါတယ်။ သီချင်းတွေကိုလည်း The Scare အဖွဲ့ကပဲ ရေးပေးထားတယ်။ The Scare အဖွဲ့ဝင်က နှစ်ယောက်တည်းပါ။ သူတို့နှစ်ယောက်နဲ့ ဒီအခွေထဲမှာ သီချင်းနှစ်ပုဒ်တွဲဆို ထားတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ပါဝင်သွားမယ်။ နာမည်ကျန်နေရစ်မယ် ဆိုပြီးTittle ပေးထားပါတယ်။ သူတို့ပဲတီးတယ်။ သူတို့ပဲ ဒီတစ်ခွေလုံးကို စီစဉ်ပေးထားတယ်။ သူတို့က အရင်ကတည်းက သီချင်းရေးတာ၊ သီချင်းဆိုတာ၊ တီးတာတို့ လုပ်နေတာကြာပါပြီ။ အစ်မအရင်ကတည်းကလည်း ဝါသနာရှင်တွေထဲကပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေထဲကပဲ ဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်သီချင်းအသစ်တွေ လိုချင်တယ်လို့ အကုန်လုံး သိအောင်ကြေညာ ထားတော့ မနှစ်က အစ်မဆီကို သီချင်းတွေ လာပြကြတယ်။ အဲဒီ့လာပြကြတဲ့သူတွေ ထဲကမှ သူတို့ရဲ့ သီချင်းတွေ အကုန်လုံးကို ကြိုက်သွားတယ်။ ပြီးတော့ အစ်မစဉ်းစားမိတာ တစ်ခုရှိတယ်။ ပရိသတ်တွေရဲ့သီချင်း ဘဝမှာ တစ်ခါလောက်တော့ နားထောင်ဖူးသွားသင့်တယ်လို့ ထင်တယ်လေ။ ဒါကြောင့်သူတို့နဲ့ လက်တွဲပြီးတော့ ဒီအခွေလေးကိုထုတ်ဖြစ်တာပါ’လို့ ဖြူဖြူကျော်သိန်းက ပြောပြသွားပါတယ်။
Myawady News မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ခံရသလို ဘယ်လိုမြူးဇစ်ပုံစံ၊ ဘယ်လိုပါဖောင်းမန့်စ်တွေ၊ ဘယ်လိုဖက်ရှင်တွေနဲ့ တွေ့ရဦးမလဲဆိုပြီး ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ခံရသူကတော့ ဖြူဖြူကျေယ်သိန်းပါပဲ။ သူမရဲ့ ငါးခွေမြောက်အယ်လ်ဘမ်မှာ ကိုယ်ပိုင်သံစဉ်သီချင်း တွေချည်းပဲ ပါဝင်သွားမယ်လို့ သိရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းကို မေးဖြစ်ခဲ့တဲ့အခါ ‘ဟုတ်ပါတယ်။ အစ်မရဲ့အခွေတွေမှာ နာမည်ကြီး တေးရေးဆရာမတွေက သာ ရေးသားပေးခဲ့ကြတယ်။ ဒီအခွေမှာတော့ Underground တီးဝိုင်းတစ်ခုဖြစ်တဲ့ The Scare အဖွဲ့နဲ့ စီစဉ်ထားပါတယ်။ သီချင်းတွေကိုလည်း The Scare အဖွဲ့ကပဲ ရေးပေးထားတယ်။ The Scare အဖွဲ့ဝင်က နှစ်ယောက်တည်းပါ။ သူတို့နှစ်ယောက်နဲ့ ဒီအခွေထဲမှာ သီချင်းနှစ်ပုဒ်တွဲဆို ထားတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ပါဝင်သွားမယ်။ နာမည်ကျန်နေရစ်မယ် ဆိုပြီးTittle ပေးထားပါတယ်။ သူတို့ပဲတီးတယ်။

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

Photo: လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ
Saturday, May 3,2014

မြန်မာ့လက်ဝှေ့ကို ဝါသနာပါလွန်းသဖြင့် နိုင်ငံအနှံ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ လိုက်လံထိုးသတ်ရင်း ရှုံးသည့်အခါ ပါလာသည့် အင်္ကျီ၊ ပုဆိုးလေးတွေကို ပေါင်နှံရောင်းချပြီး အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့သမားတယောက်ရဲ့ ဘဝ၊ မိဘတွေက လက်ဝှေ့ထိုးသည့် အလုပ် ကို လုံးဝ သဘောမတူသဖြင့် ရလာသည့် ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ဘာသာ ကြိတ်မှိတ် ဆေးကုရတဲ့ ဘဝ၊ လက်ဝှေ့ထိုးခြင်းဖြင့် အမြင့်ဆုံးဆုငွေ ကျပ် နှစ်ထောင်အထိ ရခဲ့ဖူးတဲ့ လက်ဝှေ့သမားတယောက်ရဲ့ ဘဝ စတဲ့ လက်ဝှေ့လောက ခရီးရှည်ကို ဖြတ် သန်းခဲ့ဖူးသော လက်ဝှေ့သမားကြီး ဦးဒေါင်းနီသည် ယခုအခါတွင် သူဝါသနာပါသော လက်ဝှေ့သမားဘဝနှင့် နီးစပ်သည့် လက်ဝှေ့ နည်းပြဆရာ၊ လက်ဝှေ့ဒိုင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းရင်း ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

မြန်မာ့လက်ဝှေ့လောက၌ “ဒေါင်းနီ” ဆိုသည့် နာမည်သည် တခေတ်တခါကတော့ ဒီနေ့ခေတ် လက်ဝှေ့သမားတွေဖြစ်သည့် တွေ့မရှောင်နှင့် လုံးချော တို့ကဲ့သို့ပင် နာမည်ကျော်ခဲ့ဖူးလေသည်။ လက်ဝှေ့ သမား ဒေါင်းနီဆိုပြီး မြန်မာ့ လက်ဝှေ့လောကတွင် မှတ် တိုင် တတိုင် ခိုင်မာစွာစိုက်ထူခဲ့သော ဦးဒေါင်းနီ သည် ယခုဆိုလျှင် အသက် ၆၃ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပါရမီ-ချော်တွင်းကုန်း လမ်းမကြီးနံဘေး ရပ်ကွက်လေး၏ လမ်းကျဉ်းလေးတခုထဲတွင်ရှိသော ၂၀ – ၆၀  ပေ အိမ်လေး တလုံးထဲတွင် ထိုင်နေသော ဦးဒေါင်းနီကို တွေ့ရသည်။ ကျန်းမာရေး သိပ်ကောင်းပုံမရသော ဦးဒေါင်းနီက သူဝါသနာပါသော လက်ဝှေ့လောက အကြောင်းကိုတော့ အားမာန်ပါပါပြောပြသည်။

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊ ဒုတိယအလံ၊ တတိယအလံတို့ ရခဲ့ဖူးတယ်” ဟု သူက ဧရာဝတီကို အစချီပြီးပြောပြခဲ့သည်။

ဦးဒေါင်းနီ လက်ဝှေ့စထိုးခဲ့သော ၁၉၇၀ ဝန်း ကျင်နှစ်များတုန်းကတော့ ဒီနေ့ခေတ်လို ရွှေခါးပတ် ဆိုတာ မပေါ်သေးဘဲ အလံလုပွဲဆိုတာပဲရှိသေးသည်။ ကြားပွဲ၊ ဒုတိယအလံ၊ တတိယအလံ၊ စတုတ္ထအလံ လုပွဲ ဆိုတာမျိုးတွေပဲ ရှိသေးသည်။

“ဦးတို့ခေတ်က လက်ဝှေ့သမားဖြစ်ဖို့ မလွယ်ဘူး၊ လက်ဝှေ့ထိုးမယ်ဆိုရင် ကြားပွဲအဆင့်ရှိတဲ့သူမှ၊ ကြားပွဲတွေထိုးဖူးမှ စင်ပေါ်တက် ထိုးလို့ရတာကိုး၊ ကြားပွဲလို့ခေါ်တဲ့ ၃ ချီပွဲလောက်တော့ ထိုးဖူးရမယ်၊ အဲဒီလောက် ထိုးကြိတ်လာခဲ့ပြီးတော့မှ စိန်ခေါ်ပွဲတွေ ဘာတွေတက်ထိုးသင့်တာ၊ အခုက ပွဲလေး ၁ ပွဲ၊ ၂ ပွဲထိုးရသေးတယ်၊ လက်ဝှေ့သမား အမည်ခံလိုက်ကြတာပဲ” ဟု ဦးဒေါင်းနီက လက်ရှိ လက်ဝှေ့လောက ကို ဝေဖန်သည်။

ဒီနေ့ခတ်မှာ လက်ဝှေ့ကောင်းကောင်း မထိုး တတ်မီ ငွေရေးကြေးရေး စကားပြောကြတာ၊ ကိုယ်နဲ့ ယှဉ်ပြိုင်ထိုးမယ့် လူရဲ့အဆင့် အတန်း အနေအထား စသဖြင့် မေးရမယ့်အစား ဈေးဘယ်လောက်ရမှ ထိုးမယ် ဆိုတာမျိုး ပြောကြတာ၊ ကိုယ်ကျွမ်းကျင် သလောက် ထိုက်တန်တဲ့ နှုန်းလောက်သာ ရမှာကို သတိမပြုကြတာမျိုးတွေ လက်ဝှေ့လောကမှာ အများကြီး ဖြစ်နေသည်ဟုလည်း သူက ဆိုသေးသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ပရော်ဖက်ရှင်နယ် ထိုးနိုင်တဲ့သူက ရာဂဏန်းပင် မရှိတော့ဘဲ သူတလူ ငါတမင်း ပုံမျိုးဖြင့် မြန်မာ့ လက်ဝှေ့က တဖြည်းဖြည်း တိမ်ကောလာနေပြီဟုလည်း သူ့အပြောအရ သိရသည်။

“ကြာရင် မြန်မာ့လက်ဝှေ့က ပျောက်သွား နိုင်တယ်၊ အခုလူတွေက လက်ခမောင်းတောင် ကောင်းကောင်း မခတ်တတ်ကြဘူး၊ အနည်းဆုံးတော့ အရန်ပွဲတွေလောက်တော့ ထိုးသင့်တယ်၊ တို့ တုန်းက တော်တော်လေးကို ထိုးယူရတာ၊ အလံလု ပွဲဆို တနေ့တည်း ၁၆ ယောက်ထိုးရတာ၊ ပတ်လည် ထိုးရတာ၊ တနေ့တည်း အပြတ်ပဲ၊ ရှုံးထွက် ထိုးရတာ၊ ဖိုင်နယ်ရောက်မှ ပိုက်ဆံက ၅၀ဝ၊ ၁၀ဝ၀ လောက် ရတာ” ဟု ဦးဒေါင်းနီက သူတို့တုန်းက အနေအထားနှင့် နှိုင်းယှဉ်ကာ ပြောပြသည်။

မြန်မာ့လက်ဝှေ့မှာ လက်ခမောင်း ဘယ်လိုခတ် ရတာ၊ အဖြည်၊ အဖြုတ်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘဲ၊ ထိုးဆို တက် ထိုးကြပြီး ဘာပညာမှမပါ၊ ဗလာလက်သီး ဆိုတာမျိုးနှင့် ခုတ်တာလား၊ ထုတာ လား၊ ထောင်းတာလားဆိုတာတောင် မသိကြဘဲနှင့် လက်ဝှေ့ကို တက်ထိုးနေကြတာမျိုးတွေ တွေ့နေရပြီဟုလည်း သူက စိတ်ပျက်လက်ပျက် ပုံစံနှင့် ပြောသေးသည်။

“လက်ဝှေ့ဆိုတာက စထိုးကတည်းက နိုင်ရ မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝါသနာဆိုတဲ့ ခံယူချက် ရှိဖို့လိုတယ်၊ ပိုက်ဆံကတော့ လူတိုင်းလိုချင်တာ ပေါ့ကွာ၊ တို့ဆို လက်ဝှေ့ထိုးလာခဲ့တာ ဖအေသေ၊ မအေသေတောင် မမီဘူးလေကွာ၊ အခုက လက်ဝှေ့ သမား စိတ်ဓာတ် မရှိဘူး၊ ရေရှည်ကို မကြည့်ဘူး၊ ငါဆိုတဲ့စိတ်နဲ့ တကိုယ်တည်းကောင်းစားရေးပဲ လုပ်ချင်နေကြတာ။ အခုကြည့်လိုက်ရင် စင်ပေါ်မှာ အနစ်နာခံပြီး ထိုးခဲ့တဲ့သူက သိပ်မရှိတော့ဘူး” ဟု ဦးဒေါင်းနီက ဆိုသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ဝါသနာပါသူတွေ နည်းလာသည်ကတကြောင်း၊ နိုင်ငံတော်ရဲ့လက်ဝှေ့ အပေါ်မှာ ပံ့ပိုးမှု နည်းလာသည် က တကြောင်း၊ လက်ဝှေ့ပြိုင်ပွဲတွေ မလုပ်နိုင်တော့တာက တကြောင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် လက်ရှိ အချိန်တွင် မြန်မာ့လက်ဝှေ့ ပျောက်ကွယ်မည်ကိုပင် စိုးရိမ်နေရသည့် အခြေအနေကို ရောက်နေပြီဟုလည်း သူကပြောသည်။

“အခု နိုင်ငံတော်က လုပ်နေတဲ့ပုံစံက မြန်မာ့ လက်ဝှေ့ကို ပိုပျောက်အောင်လုပ်သလို ဖြစ်နေတယ်၊ အခု ဆီးဂိမ်းမှာတောင် မြန်မာ့ လက်ဝှေ့ဆိုပြီး မပါတော့ဘဲ မွေရိုးရာလက်ဝှေ့ အောက်မှာ သွားထိုးခဲ့ရတာ၊ ဘာပဲဖြစ်ဖြစ် မွေဖြစ်သွားတဲ့အတွက် ထိုင်း လက်ဝှေ့အောက်ကို ရောက်သွားရတယ်၊ မြန်မာ့ လက်ဝှေ့ ဆိုတဲ့ နာမည်ကို မခံနိုင်တော့ဘဲ မွေထိုင်း ဖြစ်သွားတာကိုတော့ လုံးဝ စိတ် မကောင်း ဘူး” ဟု သူ့ခံစားချက်ကို ပြောပြသည်။

“ဦးပြောနေတာ ၁၀ နှစ်လောက် ရှိပြီ။ ကြာလို့ ရှိရင် မြန်မာ့လက်ဝှေ့က ပျောက်လိမ့်မယ်လို့။ မြန်မာ့ လက်ဝှေ့က ထိုးမယ့်သူတွေရော၊ လက်ဝှေ့ရဲ့ ခံစားချက်တွေရော၊ နောက် ပြီးတော့ လက်ဝှေ့ပွဲ လုပ်တဲ့ သူတွေရော၊ အကုန်လုံးရဲ့အားတွေ လိုတယ်” ဟု သူ့ အမြင်ကို ဆိုသေးသည်။

ငွေရေးကြေးရေးကို အဓိကမထား ဘဲ ဝါသနာ တခုကိုသာ အရင်းတည်ပြီး မြန်မာပြည်အနှံ့ လှည့်လည် လက်ဝှေ့ ထိုး သတ်နေ ခဲ့ သော ဦးဒေါင်းနီသည် တခါတရံ လဲစရာပုဆိုး အင်္ကျီ မပြည့်စုံသော အခြေ အနေမျိုးကိုပင် ကြုံခဲ့ရဖူးသည်။

“လက်ဝှေ့ပွဲ နိုင်ရင်တော့ ဝယ်ဝတ်နိုင်ပေမယ့် ရှုံးတဲ့အခါမျိုးဆိုရင်တော့ ကိုယ့်ရှိတဲ့ အင်္ကျီ လေး၊ ပုဆိုးလေးတွေ ပေါင်နှံပြီး အိမ်ပြန် ရတာ၊ ဒီကြားထဲ မိဘက သဘောမတူတော့ အိမ်ပြန်ရင်လည်း မျက်နှာကောင်း မရဘဲနဲ့ ဒဏ်ရာတွေသာ အဖတ်တင်ခဲ့သေးတာ” ဟု သူက ပြန်ပြောင်း ပြောပြသည်။

လက်ဝှေ့ကို ဝါသနာ ကြီးလွန်းလှသော ဦးဒေါင်းနီသည် မြန်မာပြည်အနှံ့ လှည့်လည်သွားလာ ထိုးသတ်ရင်း သူ့အသက် ၃၂ နှစ်အရွယ်တွင်တော့ ကရင်ပြည်နယ် သံတောင် ဒေသဘက်ကို ရောက်ရှိခဲ့ကာ လက်ဝှေ့ပွဲတပွဲကို ထိုးသတ်ဖြစ်ခဲ့သည်။ ထို ပွဲတွင် ထိုစဉ် က နာမည်ကျော် လက်ဝှေ့သမားတဦး ဖြစ်သူ တိုင်းကျော် ဆိုသူနှင့် ထိုးသတ်ရင်း တိုင်းကျော် သည် သူ၏ထိုးချက်ကြောင့် သေဆုံး သွားခဲ့ရသည်။

“အဲဒီတုန်းက သူက ၂၇ နှစ်၊ ဦးက ၃၂ နှစ် လောက်ရှိတယ်၊ သူက လက်ဝှေ့ကျော်ပေါ့၊ အဲဒီပွဲ မှာ သူသေသွားတယ်၊ ငါလည်း တော် တော်စိတ် မကောင်းဖြစ်သွားပြီး နောက်ပိုင်း ၁ ပွဲ ၂ ပွဲထိုးပြီး မထိုးတော့ဘူး၊ သူက ကလေးနှစ်ယောက် ကျန်ခဲ့ တယ်၊ အဲဒီပွဲနိုင်တာ ပိုက်ဆံ ၁၅၀ ပဲ ရတာ” ဟု အတိတ်ကို ပြန်လည်မှန်းဆရင်း ဦးဒေါင်းနီက ဆိုသည်။

ရွှေ တကျပ်သားကို ၃၅၀ ကျပ် ပေးရသော ခေတ်တွင် လက်ဝှေ့ပွဲတွေ ယှဉ်ပြိုင်ထိုးသတ်ရင်း သူ အများဆုံးရခဲ့ဖူးသော ငွေမှာ ၂၀ဝ၀ ကျပ်ဖြစ် သည်ဟုလည်း ဦးဒေါင်းနီက ပြောသည်။

“အဲဒီနောက်ပိုင်း နားလိုက်တယ်၊ ဒိုင်ချုပ် ပြောင်းလုပ်တယ်၊ ထိုးခဲ့တဲ့သက်တမ်းတလျှောက်မှာ ရှုံးတာလည်း ရှိတယ်၊ နိုင်တာလည်း ရှိတယ်၊ နိုင်တာကတော့ များတယ်၊ ပထမဆုံး စထိုးတဲ့ပွဲက နိုင်တယ်၊ ဦးက ပညာအရည်အချင်းလည်း သိပ်မရှိဘူး၊ ဝါသနာအရ လက်ဝှေ့ပဲ လိုက်ထိုးခဲ့တာ”ဟု သူက ပြောသည်။

လက်ဝှေ့တမျိုးကိုသာ အသက်မွေးဝမ်းကျောင်း အဖြစ် ဝါသနာအရင်းခံ ထိုးခဲ့ပြီး အသက်ကြီးလာ၍ လက်ဝှေ့ မထိုးနိုင်တော့သော  ယခုအချိန်တွင်တော့ စားဝတ်နေရေး ပြဿနာကို ဦးဒေါင်းနီ ရင်ဆိုင်လာရသည်။

“လက်ဝှေ့ပဲ ထိုးစားလာတော့ အခု ဘာ အလုပ်မှလည်း ကောင်းကောင်း မလုပ်တတ်ဘူး၊ အိမ်ထောင်က အသက် ၃၂ နှစ်လောက် မှာ ကျ တယ်၊ ဒီကြားထဲ နှလုံးသွေးကြောကျဉ်းလို့ ဆေးရုံ တက်ရသေးတယ်” ဟု သူကဆိုသည်။

လက်ဝှေ့နဲ့ ပတ်သက်ပြီး ဖွဲ့ထားသည့် အဖွဲ့ချုပ်များထံမှလည်း မည်သည့် အထောက်အပံ့မျိုးမှ သူ မရရှိခဲ့ဘူးကြောင်းလည်း သိရ သည်။

“ငါးပြားတစေ့မှ ခံစားခွင့်ပေးခဲ့တာ မရှိဘူး၊ တို့က လက်ဝှေ့ပွဲတွေမှာ လိုက်အော်ဟစ်ပေးနေတာ ဝါသနာပါလို့လိုက်လုပ်နေတာ၊ အမျိုးသမီးက ဈေးရောင်းပြီး ရှာကျွေးလို့ ထမင်းမငတ်တာ” ဟု သူက သူ့လက်ရှိ အခြေအနေကို နာကျည်းသံဖြင့် ဆိုသည်။

သို့သော် သူက မြန်မာ့လက်ဝှေ့ ခေတ်ကောင်းစဉ် ကာလတွေတုန်းကတော့ လက်ဝှေ့ပြိုင်ပွဲတွေမှာ နည်းပြလုပ်ရင်း ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများဆီသို့ ရောက်ရှိခဲ့ဖူးသူဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ က သူတို့ဆီတွင် လာရောက်နေထိုင်ရန် ကမ်းလှမ်းခဲ့ သည် ကို ငြင်းပယ်ခဲ့သူလည်း ဖြစ်သည်။

ယခုအချိန်တွင်တော့ ဦးဒေါင်းနီသည် မိဘ အမွေအနှစ်အဖြစ် ရရှိသည့် ငွေကျပ် ၄၀ဝ ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသော အိမ်ကလေးမှာနေထိုင်ရင်း မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် ခုံဒိုင်ချုပ်၊ နည်းပြချုပ် တာဝန်များယူရင်း မြန်မာ့လက်ဝှေ့ဖွံ့ဖြိုးရန် မျိုးဆက်သစ် များ များ မွေးထုတ်ရမည်ဟူသော စိတ်ကူး အိပ်မက်များနှင့် ဆက်လက်ရှင်သန် နေထိုင်လျက်ရှိသည်။

သူ နောက်ဆုံးပြောလိုက်သည့် စကားတခွန်းကတော့ သူ့ဘဝ သူ့အတွေ့အကြုံတွေ အားလုံးကို ကိုယ်စားပြုနေသည်။

“တို့နိုင်ငံမှာ လက်ဝှေ့ထိုးပြီးတော့ အသက် မွေးဝမ်းကျောင်း လုပ်လို့မရနိုင်ဘူး”
http://burma.irrawaddy.org မြန်မာ့လက်ဝှေ့ကို ဝါသနာပါလွန်းသဖြင့် နိုင်ငံအနှံ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ လိုက်လံထိုးသတ်ရင်း ရှုံးသည့်အခါ ပါလာသည့် အင်္ကျီ၊ ပုဆိုးလေးတွေကို ပေါင်နှံရောင်းချပြီး အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့သမားတယောက်ရဲ့ ဘဝ၊ မိဘတွေက လက်ဝှေ့ထိုးသည့် အလုပ် ကို လုံးဝ သဘောမတူသဖြင့် ရလာသည့် ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ဘာသာ ကြိတ်မှိတ် ဆေးကုရတဲ့ ဘဝ၊ လက်ဝှေ့ထိုးခြင်းဖြင့် အမြင့်ဆုံးဆုငွေ ကျပ် နှစ်ထောင်အထိ ရခဲ့ဖူးတဲ့ လက်ဝှေ့သမားတယောက်ရဲ့ ဘဝ စတဲ့ လက်ဝှေ့လောက ခရီးရှည်ကို ဖြတ် သန်းခဲ့ဖူးသော လက်ဝှေ့သမားကြီး ဦးဒေါင်းနီသည် ယခုအခါတွင် သူဝါသနာပါသော လက်ဝှေ့သမားဘဝနှင့် နီးစပ်သည့် လက်ဝှေ့ နည်းပြဆရာ၊ လက်ဝှေ့ဒိုင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းရင်း ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

“၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆုကို ထူးဖောင်ဒေးရှင်း ရရှိ”

Photo: “၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆုကို ထူးဖောင်ဒေးရှင်း ရရှိ”
Saturday, May 3,2014

ယနေ့ မေလ (၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ သမ္မတအိမ်တော်ဝင်း၊ ငုရွှေဝါ ခမ်းမတွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ ပထမဆု” ကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အဆိုပါ အခမ်းအနားသို့ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၊ အမှူဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတမှ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုကို ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လက်ခံရယူခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကျန်းမာရေး ပညာရေး အဆင့်အတန်းမြှင့်တင်ရန်၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ဆုများကို သက်ဆိုင်ရာ ဒေသများမှ အဆိုပြု တင်ပြလာသည့် အသင်းအဖွဲ့များအလိုက် လှုပ်ရှားဆောင်ရွက်မှု ကဏ္ဍများပေါ်တွင် မူတည်ပြီး စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။ အကောင်းဆုံးရွေးချယ်ခဲ့သည့် အသင်းအဖွဲ့များအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများ ၊ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ရပ်ရွာအတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမျိုးဘာသာမရွေး ကူညီဆောင်ရွက်ပေးနိုင်ခြင်း ၊ အခမဲ့နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာရေးကဏ္ဍ အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရန် အတွက် ဝေးလံခေါင်ပါးသည့် ဒေသများတွင် ပညာရေးအခြေခံ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်း၊ ချို့တဲ့သည့် ကလေးသူငယ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ လှူဒါန်းထောက်ပံ့ခြင်း၊ ကျောင်းနေပြင်ပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်း ၊ ကျန်းမာရေး အနေဖြင့် ဆေးရုံ၊ ဆေးပေးခန်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ လူနာတင်ယာဉ်များနှင့် အရေးပေါ်လူနာများအား အခမဲ့ကူညီပို့ဆောင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ၊
ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကဏ္ဍများတွင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လမ်းတံတားနှင့် အခြေခံအဆောက်အဦများ၊ လျှပ်စစ်မီးရရှိရေးနှင့် ရေကောင်းရေသန့်ရရှိရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ထားသည့် လူမှုရေးအဖွဲ့များ အထဲမှ ထူးဖောင်ဒေးရှင်းသည်
“နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆု” ကို ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရခြင်း ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် စတင်ဖွဲ့စည်းသည့် အချိန်မှစပြီး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်စေရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်၊ အထူးသဖြင့် ဝေးလံခေါင်ပါးသည့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး တို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းသည် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း ၊နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာစေခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကူညီပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ခြင်း စသည့် ထူးချွန်ပြောင်မြောက်သည့် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုအတွက် ရွေးချယ်ခဲ့ရခြင်းဖြစ်ပါသည် ဟုဆုရွေးချယ်ရေးအဖွဲ့မှ တင်ပြသွားခဲ့ပါသည်။
Today Myanmar ယနေ့ မေလ (၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ သမ္မတအိမ်တော်ဝင်း၊ ငုရွှေဝါ ခမ်းမတွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ ပထမဆု” ကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အဆိုပါ အခမ်းအနားသို့ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၊ အမှူဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတမှ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုကို ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လက်ခံရယူခဲ့ပါသည်။

စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားကို မှတ်တမ်းအနေနဲ့ 
မဟုတ်ဘဲ မှတ်တိုင်အနေနဲ့ ရိုက်ခဲ့တာဆိုတဲ့ ဒါရိုက်တာ ဝိုင်း

ဒါရိုက်တာ ဝိုင်းက “စေတန်ရဲ့ကချေသည်” ရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး မှတ်တမ်း အနေနဲ့ မဟုတ်ဘဲ မှတ်တိုင် အနေနဲ့ရိုက်ကူးခဲ့တာပါလို့ ပြောပြ ပါတယ်။
အဓိက အနေနဲ့ ဒီဇာတ်ကားထဲမှာ မျက်လုံးနဲ့အသံကို သရုပ်ဆောင်စေ ခဲ့တယ်လို့ ပြောပြတာကြောင့်
“ဒီဇာတ်ကားလေးက ကြည့်ရခဲတဲ့ အချစ်ကား ကောင်းတစ်ကားပါ။ ဇာတ်ညွှန်းပိုင်း ကို အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားတည် ဆောက်
ထား တယ်။ အစ်ကိုပြောတာထက် ကြည့်တာက ပိုပြီးခံစားရပါလိမ့်မယ်။ အန်နီမေးရှင်းအနေနဲ့ လည်း ထည့်ထားတယ်။ ကြည့်ရတဲ့ ၄ စက္ကန့်လေး အတွင်းမှာတောင် မျက်စိပသာဒ ဖြစ်အောင် စေတနာထားပါတယ်။ ဇာတ်ညွှန်း ပေးထားတော့ သရုပ်ဆောင် တွေ ရဲ့ သရုပ်ဆောင်မှုက ထူးခြားပြောင်မြောက်နေတာကို တွေ့ရမှာပါ။ သူတို့ကိုယ်တိုင်က ဒီဇာတ်ကားအပေါ် စိတ်ဝင်တစားရှိတာရယ်၊ တက်ကြွမှုရှိတာ ရယ်ကြောင့်ပေါ့။

ဘဏ္ဍာရေးအခက်အခဲကြောင့် ပန်းလှိုင်မြစ် အသက်ပြန်ဝင်ဖွယ်မရှိ

တိမ်ကောလာသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိလာပြီဖြစ်သည့် ပန်းလှိုင် မြစ်အား ပြန်လည်တူးဖော်ပေးရန် လွှတ်တော် တွင်းတောင်းဆိုမေးမြန်းမှု ရှိသော်လည်း အစိုးရမှ အကောင်အ ထည်ဖော် ပေးနိုင်သည့်အခြေအနေမရှိဟု သက်ဆိုင် ရာဝန်ကြီးဌာနမှ ဖြေဆိုမှုအရ သိရသည်။
ကုန်စည်သွားလာစီးဆင်းနိုင်ရေးအတွက် ယင်းမြစ်ကို ပြန် လည်တူးဖော် ပေးရန် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဧပြီ ၂၉ ရက်နေ့က ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်း အ ဝေး၌ မေးမြန်းကာ တောင်းဆိုခဲ့သော် လည်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က အခြားသော အရေးကြီး မြစ်များကို ထိန်းသိမ်းဆောင်ရွက်နေရ၍ ဘဏ္ဍာငွေမရှိသဖြင့် တူးဖော်ပေးနိုင်မည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ဝန်ကြီး၏ အဆိုအရ ပန်းလှိုင်မြစ် ကမ်း၌ ကျူပင်၊ ကိုင်းပင် များ ပေါက် ရောက်ခြင်း၊ မြစ်တွင်းကျားပိုက်ထောင် ခြင်း များကြောင့် မြစ်ကောရသည်ဟု သိရသည်။ယင်းမြစ်ပြန် လည်ရှင် သန်ရေး ဆောင်ရွက်မည်ဆိုပါက မြစ်ကြောင်း ပြန်တူးခြင်းအပြင် ရေပိုရေလျှံများ စွန့် ပစ်ရန် ချောင်းငယ်များလည်း တူးဖော်ရန်လိုအပ်ခြင်း တို့ကြောင့် ကုန်ကျ စရိတ် ကြီးမြင့်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် မြစ်ကြီး များ ရေလမ်းကြောင်း ကောင်း မွန်ရေးကို ဦးစားပေးဆောင်ရွက် ရမည် ဖြစ်သဖြင့် ယင်းကိစ္စရပ်ကို အကောင် အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ဝန်ကြီးက ပြောသည်။

ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်းလည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ် ဖွင့်မည်

နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးနိုင်သည့် ဟိုတယ်အရေအတွက် နည်းပါးနေမှုကို ဖြည့်ဆည်းပေးရန် ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင် ဈေးဝယ်စင်တာတွင် ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်း လည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်ကို ၂၀၁၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

လက်နက်ကိုင်များ သိမ်းပိုက်ထားသော မြို့ကို ပြန်လည်ရယူရန် ယူကရိန်းအစိုးရ အကြီးအကျယ် ထိုးစစ်ဆင်


ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားကို လိုလားသော လက်နက်ကိုင်များ သိမ်းပိုက်ထားရာ နယ်မြေများထဲမှ Slaviansk မြို့ကို ပြန်လည်ရယူရန် ယူကရိန်းအစိုးရက အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ပြုလုပ်လျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Donetsk ပြည်နယ်၊ Luhansk ပြည်နယ်နှင့် Kharkiv ပြည်နယ်များရှိ မြို့များကို ရုရှားလိုလားသော လက်နက်ကိုင်များက သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ယခု ယူကရိန်းအစိုးရက ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၏ ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများ၏ အိမ်ငှားရမ်းခများ ဧပြီလမှစ၍ တိုးမြှင့်ကောက်ခံမည်

ရန်ကုန်မြို့ရှိ ၀န်ထမ်းအိမ်ရာဖြစ်သည့် ရွှေဂုံတိုင်အိမ်ရာကို ပြန်လည်မပြုပြင်မီက တွေ့ရစဉ်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲထားသည့် ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ အိမ်ငှားရမ်းခများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှုန်းထားသစ်များဖြင့် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
"မဆလခေတ် လက်ထက်ကတည်းက ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ အလားတူ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ ကျွန်တော်တို့ ယခင်ကောက်ခံခဲ့တဲ့ အိမ်လခနှုန်းထားတွေက အခုခေတ်နဲ့ပြန်ပြီး ကြည့်မယ်ဆိုရင် အင်မတန် နည်းပါးနေပါတယ်။ ပြည်သူ့အိမ်ရာတွေ ၀န်ထမ်းအိမ်ရာတွေဟာ နှစ်ကာလ ကြာမြင့်လာတာနဲ့အမျှ ပြုပြင်ထိန်းသိမ်းမှု နည်းပါးလာတာနဲ့အမျှ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်တာတွေ တွေ့လာရမယ်။ ဒီအတွက် ကျွန်တော်တို့က သင့်တော်တဲ့ ရန်ပုံငွေထုတ်ပြီးတော့ ပြုပြင်ရမယ့် အနေအထား ရှိလာပါတယ်။ 


တောင်ငူမြို့ မြကျွန်းသာလမ်း မီးလောင်မှု ထမင်းပေါင်းအိုးမှ စတင်လောင်ကျွမ်းကြောင်း စစ်ဆေးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြကျွန်းသာ ၂ လမ်းတွင် မေလ (၁) ရက်နေ့ မွန်းလွဲ ၁ နာရီက လူနေအိမ်တစ်ခုမှ လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျား၊ မ စုစုပေါင်း ၉၀ နီးပါး မီးဘေးဒုက္ခ ရောက်ခဲ့ရသည့် ဖြစ်စဉ်မှာ အဆိုပါလမ်းနေ ဦးကိုကိုနိုင် (ခ) ကိုပေါလ်၏ နေအိမ်မှ ထမင်းပေါင်းအိုးဖြင့် ထမင်းချက်စဉ် စတင် လောင်ကျွမ်းခဲ့ကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးထင်အောင်လင်းက ပြောကြားသည်။
“စစ်ဆေးပေါ်ပေါက်ချက်အရ အခင်းဖြစ်ပွားချိန်မှာ ဦးကိုကိုနိုင်ရဲ့ နေအိမ်မှာ ထမင်းပေါင်းအိုးနဲ့ ချက်ပြုတ်ထားတဲ့ အခြေအနေ တွေ့ရတယ်။ သူတို့အိမ်က စတင်လောင်ကျွမ်းတယ် ဆိုတာလည်း မျက်မြင်သက်သေတွေ ရှိပါတယ်။ အခု သူတို့လည်း ဝန်ခံထားပြီးပါပြီ” ဟု မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တောင်ငူမြို့နယ် အမှတ်၂ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းအရာရှိ တစ်ဦးက ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ ခန့်တွင် မီးညွှန့်ကျိုးကာ ညနေပိုင်းတွင် မီးလုံးဝ ငြိမ်းသွားကြောင်းနှင့် မီးလောင်မှုကြောင့် လူနေအိမ် ၁၈ လုံး အပါအဝင် အနီးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဓမ္မစကူလ်း စာသင်ကျောင်းဆောင် တစ်ဆောင် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျား/မ စုစုပေါင်း ၈၉ ဦးကို ယင်းရပ်ကွက်ရှိ ကန်တော်ကျောင်းနှင့် ပွတ်စု ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Samsung ကုမ္ပဏီမှ Apple ကုမ္ပဏီသို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန် တရားရုံး စီရင်ချက်ချ

 KD 01
မူပိုင်ခွင့် နှစ်ခုအားချိုးဖောက်မှုဖြင့် Samsung သည် Apple သို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန်အတွက် အမေရိကန်တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။
ကာလီဖိုးနီးယား ဂျူရီမှ နည်းပညာ ကုမ္ပဏီကြီး နှစ်ခုပါဝင် ပတ်သက်နေသည့် နောက်ဆုံး တရားစီရင်မှုများနှင့် ပတ်သက်ပြီး ၎င်းစီရင်ချက်ကိုဆန်ဂျိုဆေးရှိ ဗဟိုတရားရုံးသို့ သောကြာနေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
လနှင့်ချီ ကြာမြင့်ခဲ့သော တရားစွဲဆိုမှုတွင် Apple မှ ရရှိထားသော စမတ်ဖုန်း အင်္ဂါရပ်အချို့၏ မူပိုင်ခွင့်ကို Samsung မှ ဖောက်ဖျက်နေကြောင်း စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်းရုံးမှပင် Apple သည် Samsung ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ၁၅၈၀၀၀ ကို ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။
Apple ကုမ္ပဏီသည် “Slight to Unlock” စသည့် လုပ်ဆောင်မှုမျိုး ပါဝင်သော ၎င်း၏ မူပိုင်ခွင့် ၅ ခုအား Samsung မှ ဖောက်ဖျက်ခြင်းအတွက် နစ်နာကြေးအမေရိကန်ဒေါ်လာ ၂.၂ ဘီလျံကို တောင်းဆိုထားခဲ့သည်။ 

ကလေးသူငယ်များအား ဂေဟာသင်တန်း ကျောင်းများတွင် ထားရှိခြင်းသည် အန္တရာယ်ရှိနိုင်

Photo: ကလေးသူငယ်များအား ဂေဟာသင်တန်း ကျောင်းများတွင် ထားရှိခြင်းသည် အန္တရာယ်ရှိနိုင်
Friday, May 02, 2014

မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိရသော အချက်များအရ မိဘမဲ့ဂေဟာများတွင် ရောက်ရှိနေသော ကလေးသူငယ်များသည် မိသားစု၏ ချစ်ခင်ကြင်နာ မှုများကို မရရှိရုံမက ၄င်းတို့အတွက် အန္တရာယ်များပင် ဖြစ်စေနိုင်ကြောင်း ယူနီဆက်ကပြောသည်။

မေလ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြု လုပ်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar Servey Research က ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိဘမဲ့ဂေဟာ စုစုပေါင်း ၁၄၇ရှိရာ မှတ်ပုံတင်ပြီးဂေဟာမှာ ၁၁၁လုံး မှတ်ပုံတင်ဆဲဂေဟာမှာ ၁၃လုံးနှင့် မှတ်ပုံတင်မရှိသေးသောဂေဟာမှာ ၂၃လုံးဖြစ်ကြောင်းသိရသည်။

ဂေဟာများတွင်ရောက်ရှိနေသော ကလေးများမှာ အမိရောအဖရောမရှိသူ ၂၄၇၈ဦး ဖခင်မရှိသူ၁၉၆၁နှင့် မိခင်မရှိသူ၁၆၁၂ ဦးအပြင် အခြားအခြေ အနေအကြောင်းကြောင့် ၆၆၃ဦးရှိကာ အိရောအဖပါရှိ လျက် ဂေဟာ သို့ ရောက်ရှိလာသူမှာ ၅၅၀၉ ဦးဖြစ်ပြီး စုစုပေါင်း၏ ၄၄ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ထို့အပြင် ဂေဟာတွင် ရောက်ရှိနေသော ကလေးများမျာ စားဝတ်နေရေး အဆင်ပြေနိုင်သော်လည်း မိဘဆွေမျိုးများ၏လုံခြုံနွေးထွေးသော မေတ္တာ မရရှိခြင်းကြောင့် ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု များနှေးကွေးနိုင်သည့်အပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများအထိပါ အန္တရာယ်ရှိနိုင်သဖြင့် ယူနီဆက်အနေနှင့်ကလေးများအား မိသားစုနှင့်အတူ ကြီးပြင်းလာရေးအတွက်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်သဇင်ဦး

Popular Myanmar News Journal မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိရသော အချက်များအရ မိဘမဲ့ဂေဟာများတွင် ရောက်ရှိနေသော ကလေးသူငယ်များသည် မိသားစု၏ ချစ်ခင်ကြင်နာ မှုများကို မရရှိရုံမက ၄င်းတို့အတွက် အန္တရာယ်များပင် ဖြစ်စေနိုင်ကြောင်း ယူနီဆက်ကပြောသည်။
မေလ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြု လုပ်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ Myanmar Servey Research က ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိဘမဲ့ဂေဟာ စုစုပေါင်း ၁၄၇ရှိရာ မှတ်ပုံတင်ပြီးဂေဟာမှာ ၁၁၁လုံး မှတ်ပုံတင်ဆဲဂေဟာမှာ ၁၃လုံးနှင့် မှတ်ပုံတင်မရှိသေးသောဂေဟာမှာ ၂၃လုံးဖြစ်ကြောင်းသိရသည်။

လိင်ပိုင်း ပုံတွေနဲ့ ငွေညှစ်တဲ့အဖွဲ့ ဖိလစ်ပိုင်မှာ ဖမ်းဆီး

Photo: လိင်ပိုင်း ပုံတွေနဲ့ ငွေညှစ်တဲ့အဖွဲ့ ဖိလစ်ပိုင်မှာ ဖမ်းဆီး
Friday, May 02, 2014

ကမ္ဘာတဝန်း ချိတ်ဆက်ပြီး ဝက်ဘ်ကမ် တွေကနေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပုံတွေ ရယူပြီး လူတွေကို ငွေညှစ် အကျပ်ကိုင်တဲ့ လူပေါင်း ၆၀ နီးပါး ပါဝင်တဲ့ အဖွဲ့ကို ဖိလစ်ပိုင်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ လူမှုကွန်ရက် တွေကို သုံးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဝက်ကမ်တွေကနေ တဆင့် ပို့ပေးလာအောင် လူတွေကို ဖျားယောင်း တိုက်တွန်း ခဲ့ကြတယ်လို့ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲတွေက ပြောပါတယ်။

အဲဒီ ပုံတွေ ရလာပြီးနောက် ပို့ပေးလာကြ သူတွေကို ငွေညှစ်ပြီး ငွေမပေးရင် သူတို့ ပုံတွေကို သူငယ်ချင်း၊ ဆွေမျိုးတွေဆီ အဲဒီ ပုံတွေ ပို့လိုက်မယ်လို့ အကျပ်ကိုင်ကြပါတယ်။

မနှစ်တုန်းက အဲဒီလို အကျပ်ကိုင် ခံခဲ့ရတဲ့ စကော့တစ်ရှ် ဆယ်ကျော်သက် တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

ဖိလစ်ပိုင် ဆိုက်ဘာပြစ်မှု ဌာန အကြီးအကဲ သတင်းစာ ရှင်းလင်းစဉ်
ဖိလစ်ပိုင် ဆိုက်ဘာပြစ်မှု ဌာန အကြီးအကဲ သတင်းစာ ရှင်းလင်းစဉ်
 ကမ္ဘာတဝန်း ချိတ်ဆက်ပြီး ဝက်ဘ်ကမ် တွေကနေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပုံတွေ ရယူပြီး လူတွေကို ငွေညှစ် အကျပ်ကိုင်တဲ့ လူပေါင်း ၆၀ နီးပါး ပါဝင်တဲ့ အဖွဲ့ကို ဖိလစ်ပိုင်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အဖွဲ့ဟာ လူမှုကွန်ရက် တွေကို သုံးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဝက်ကမ်တွေကနေ တဆင့် ပို့ပေးလာအောင် လူတွေကို ဖျားယောင်း တိုက်တွန်း ခဲ့ကြတယ်လို့ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲတွေက ပြောပါတယ်။ အဲဒီ ပုံတွေ ရလာပြီးနောက် ပို့ပေးလာကြ သူတွေကို ငွေညှစ်ပြီး ငွေမပေးရင် သူတို့ ပုံတွေကို သူငယ်ချင်း၊ ဆွေမျိုးတွေဆီ အဲဒီ ပုံတွေ ပို့လိုက်မယ်လို့ အကျပ်ကိုင်ကြပါတယ်။
မနှစ်တုန်းက အဲဒီလို အကျပ်ကိုင် ခံခဲ့ရတဲ့ စကော့တစ်ရှ် ဆယ်ကျော်သက် တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ပါတယ်။

 ဘီဘီစီ(မြန်မာပိုင်း)

အမြင့်ပေ ၃၆,၀၀၀ တွင် ကလေးမွေးဖွားမှုကြောင့် လေယာဉ် အရေးပေါ် ဆင်းသက်ရ

British Airways လေကြောင်းလိုင်းမှ Boeing 777 အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းသည် နိုက်ဂျီးရီးယားမှ ဗြိတိန်သို့ ပျံသန်းလာစဉ် စပိန်နိုင်ငံ မာယော့ကာတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ သို့သော် လေယာဉ် အရေးပေါ်ဆင်းသက်ရခြင်းမှာ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုနှင့် အခြား ထိတ်လန့်စရာ ကိစ္စကြောင့် မဟုတ်ဘဲ မင်္ဂလာရှိသည့် ဖြစ်ရပ်တစ်ခုကြောင့်ဟု သိရှိရသည်။ အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် ၃၁ နှစ်အရွယ်ရှိ ယူဂျန်ဝါ အိုဇီဟ် အမည်ရှိ အမျိုးသမီးသည် အမြင့်ပေပေါင်း ၃၆,၀၀၀ ၌ လေယာဉ် ပျံသန်းနေစဉ်အတွင်း သားယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့မှုကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ သူမသည် ဇာတိမြို့ဖြစ်သည့် နိုက်ဂျီးရီးယားမြို့တော် အဘူဂျာမှ လန်ဒန် ဟီးသရိုးလေဆိပ်ကို ပျံသန်းသည့် လေယာဉ်ပေါ်တွင် လိုက်ပါလာစဉ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ အိုဇီဟ်မှာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၆ ပတ် (၆ လနှင့် ၂ ပတ်) သာ ရှိနေသေးပြီး လမစေ့မီ ကလေးမွေးဖွားခဲ့ခြင်းလည်း ဖြစ်သည်။

ဆလိုဗီယန့်စ်မြို့မှာ ယူကရိန်း ဆက်လက် စစ်ဆင်

Photo: ဆလိုဗီယန့်စ်မြို့မှာ ယူကရိန်း ဆက်လက် စစ်ဆင်
Saturday, May 3, 2014

ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဆလိုဗီယန့်စ် Sloviansk မြို့မှာ ယူကရိန်း တပ်ဖွဲ့တွေက ရုရှား လိုလားသူ လက်နက်ကိုင်တွေကို ဆက်လက် စစ်ဆင် တိုက်ခိုက်နေပါတယ်။

ပြည်ထဲရေး ဝန်ကြီး အာဆန် အာဗားကော့ဗ် Arsen Avakov က မြို့တခွင်က စခန်း ၉ ခုကို အစိုးရ တပ်တွေ ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောသလို၊ ရုရှား လိုလားသူ အင်အားစုတွေကလည်း အဲဒီမှာ သူတို့ ဆက်လက် ထိန်းချုပ် ထားတုန်းပဲလို့ ပြောနေပါတယ်။

ယူကရိန်း ရဟတ်ယဉ် နှစ်စီးဟာ ယူကရိန်း အစိုးရ အဆိုအရ မြေပြင်က ဝေဟင်ပစ် ဒုံးလက်နက်တွေနဲ့ ပစ်ချခံခဲ့ရတယ်လို့ ယူဆရပြီး လေယာဉ်မှူးတွေ သေဆုံးခဲ့ကြပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ ရဟတ်ယာဉ်တွေကို ပစ်ခတ်ခဲ့သူလို့ ယူဆရတဲ့ လူ ၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုမှာ လက်နက်တွေ ကောင်းကောင်း တပ်ဆင်ထားပေမယ့် အသေအချာ လေ့ကျင့် ပြင်ဆင်ထားတဲ့ အဖျက်သမားတွေ၊ အကြမ်းဖက် သမားတွေရဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ရွှေ့ပြောင်းရလွယ်တဲ့ လေယာဉ်ပစ် မီဆိုင်း လက်နက်တွေကို သုံးပြီး ယူကရိန်း ရဟတ်ယာဉ်တွေကို သူတို့ ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ YURIY POVKH က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဆလိုဗီယန့်စ် Sloviansk မြို့မှာ ယူကရိန်း တပ်ဖွဲ့တွေက ရုရှား လိုလားသူ လက်နက်ကိုင်တွေကို ဆက်လက်စစ်ဆင်တိုက်ခိုက်နေပါတယ်။ပြည်ထဲရေး ဝန်ကြီးအာဆန် အာဗားကော့ဗ် Arsen Avakov က မြို့တခွင်က စခန်း ၉ ခုကို အစိုးရ တပ်တွေ ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောသလို၊ ရုရှားလိုလားသူအင်အားစုတွေကလည်းအဲဒီမှာသူတို့ ဆက်လက် ထိန်းချုပ် ထားတုန်းပဲလို့ ပြောနေပါတယ်။

ကားလမ်းအတက်တွင် ယာဉ်နောက်ပြန်လိမ့်ကျ၍ သေဆုံး၊ ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့ နယ်၊ ကျောက်တံခါးရွာအနီး ပေါက်-ကျောက်ထုကားလမ်းတွင် ပခုက္ကူမှ ကျောက်ထုသို့ မြိုင်မြို့နယ်၊ တောင် ဆုံရွာနေ ကြည်လင်(၂၉)နှစ် မောင်းနှင်လာသော ၂ခ/xxxx “ကျားမင်း” ခရီးသည်တင်မှန်လုံ အမြန် ယာဉ်သည် ကားလမ်း အတက်တွင် မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျ၍ ကျောက်ထုမြို့နယ်၊ မင်းကြည် ရွာနေ ယာဉ်နောက်လိုက် ကျော်ဟိန်း(၃၁)နှစ်မှ ဂျမ်းတုံး ခုသော် လည်းမရဘဲ ကားလမ်းယာဘက် ပေ ၂၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ကြည်လင်တွင် ဦးခေါင်း ကြေမွဒဏ်ရာနှင့် ကျောက်ထုမြို့နယ်၊ နှောရွာနေ လှိုင်မင်းထွေး(၁၄)နှစ်၌ ဦးခေါင်း ပြတ်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တစ်ရွာ တည်းနေ မ၀င်းလှ(၅၀)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ၀ဲလက်မောင်း နာကျင်ဒဏ်ရာများ ရရှိ၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲမှု ပြီးစီးပြီဖြစ်၍ ပြည်သူသို့ မကြာမီချပြကာ အကြံပြုချက်များ ရယူမည်

ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲမှုမှာ ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းများကို ပြည်သူသို့ ချပြကာ အကြံဥာဏ်များ ရယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မေ ၂ ရက်က ပြောကြားသည်။အဆိုပါဥပဒေများ ရေးဆွဲရေးအတွက် ကော်မရှင်တစ်ရပ်ကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် မတ် ၇ ရက်က ဖွဲ့စည်းပေးခဲ့ပြီး အစည်းအဝေး သုံးကြိမ်ပြုလုပ်ကာ ဥပဒေကြမ်းများကို အပြီးသတ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိရေးဆွဲထားသော ဥပဒေကြမ်းများမှာ ကော်မရှင်၏ ဥပဒေမူကြမ်းများသာဖြစ်ပြီး ပြည်သူများ၏ အကြံဥာဏ်များကို ရယူပြီးပါက လိုအပ်သည်များကို ပြန်လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဦးမြင့်ကြိုင်က ပြောကြားသည်။

တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ခေါ်ဆောင်လာစဉ် ဖမ်းမိ


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးအား တရုတ်အမျိုးသားနှင့် ပေး စားရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိသဖြင့် စည်းရုံးစုဆောင်းသူနှင့် ခေါ်ဆောင်လာသူတို့အား ဧပြီ ၃၀ ရက်က မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် ကန်ပတ်လမ်းနေ ဒေါ်ရင်လေး ၏ အိမ်တွင် တည်းခိုနေသူ မနော်ဝါး အယ်မူး(ခ)ပိုပို(တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျသူ)က အမျိုး သမီးငယ်များအား တရုတ်အမျိုးသားများနှင့် လက်ထပ်ပေးရန် လာရောက် စည်းရုံး ခေါ်ဆောင်နေကြောင်းသတင်းအရ တပ်ဖွဲ့စု(မန္တလေး)က တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အောင်မြေသာစံမြို့နယ် တာဘောင်လမ်း (၁၁ လမ်းနှင့် ၁၂လမ်း) ကြား၌စောင့်ဆိုင်းနေစဉ် ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲတွင် မနော်ဝါးအယ်မူး(ခ)ပိုပိုတို့ ငှားရမ်းစီးနင်းလာသည့် မန္တလေး- မူဆယ် ပြေး ဆွဲသော အမြန်ယာဉ်ငယ်ဗင်ကားအဖြူရောင်အား တားဆီး၍ မနော်ဝါးအယ်မူး(ခ)ပိုပိုနှင့်အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးတို့အား တပ်ဖွဲ့စု(မန္တလေး)ရုံးသို့  ခေါ်ဆောင်ပြီး တွေ့ဆုံ မေးမြန်းခဲ့ သည်။

ကန်လူ့အခွင့်အရေး လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

Photo: ကန်လူ့အခွင့်အရေး လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်
Saturday, May 3, 2014

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  Sewall ဟာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးဖြစ်တဲ့ Judith Cefkin တို့ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာဒေသ အခြေအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုန်း မပေါ်ပေါက်အောင် အဖြေရှာတာတွေနဲ့  လူကုန်ကူးမှု တိုက်ဖျက်ရေးအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိဖို့ လူ့အခွင့်အရေးလေးစားဖို့ ကျိုးစားမှုတွေမှာ ကူညီပံ့ပိုးပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် Nigeria နိုင်ငံကို သွားရောက်မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall နဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးဖြစ်တဲ့ Judith Cefkin တို့ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့အ စည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာဒေသ အခြေအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုန်း မပေါ်ပေါက်အောင် အဖြေရှာ တာတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိဖို့ လူ့အခွင့်အရေးလေးစားဖို့ ကျိုးစားမှုတွေမှာ ကူညီပံ့ပိုးပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် Nigeria နိုင်ငံကို သွားရောက် မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ရုရှားကိုပိုမိုဒဏ်ခတ်ဖို့ ကန်နဲ့ဂျာမဏီပူးတွဲ သတိပေး

Photo: ရုရှားကိုပိုမိုဒဏ်ခတ်ဖို့ ကန်နဲ့ဂျာမဏီပူးတွဲ သတိပေး
Saturday, May 3, 2014

ယူကရိန်းနိုင်ငံက အခြေအနေတွေကို သံတမန်ရေးအရဖြေရှင်းဖို့အတွက် လုပ်စရာရှိတာတွေကို ရုရှားနိုင်ငံက မလုပ်ဘူးဆိုရင် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေလုပ်ပြီး ရက်ပိုင်းအကြာမှာပဲ ခေါင်းဆောင် ၂ ယောက်ဟာ သောကြာနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံခေါင်းဆောင်ပိုင်းက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်အောင် ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်နဲ့ ဥရောပ သမဂ္ဂအနေနဲ့ သံတမန် နဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအ၀င် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခပ်မြန်မြန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ ဂျာမနီအနေနဲ့ ဒါမျိုးလုပ်ဖို့ မလိုလားပေမယ့်လည်း၊ ရုရှားအနေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ် မာကယ်လ်က အလေးပေးပြောကြားသွားပါတယ်။ ဘယ်လမ်းကိုသွားချင်လဲဆိုတာ ရုရှားအပေါ်မှာပဲ မူတည်တယ်လို့ ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဂျာမနီဝန်ကြီးချုပ် အင်ဂလာမာကဲလ် (ဝဲ) နဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား(ယာ)
ဂျာမနီဝန်ကြီးချုပ် အင်ဂလာမာကဲလ် (ဝဲ) နဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား(ယာ)
ယူကရိန်းနိုင်ငံက အခြေအနေတွေကို သံတမန်ရေးအရဖြေရှင်းဖို့အတွက် လုပ်စရာရှိတာတွေကို ရုရှားနိုင်ငံက မလုပ်ဘူးဆိုရင် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေလုပ်ပြီး ရက်ပိုင်းအကြာမှာပဲ ခေါင်းဆောင် ၂ ယောက်ဟာ သောကြာနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံခေါင်းဆောင်ပိုင်းက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်အောင် ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်နဲ့ ဥရောပ သမဂ္ဂအနေနဲ့ သံတမန် နဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအ၀င် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခပ်မြန်မြန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ ဂျာမနီအနေနဲ့ ဒါမျိုးလုပ်ဖို့ မလိုလားပေမယ့်လည်း၊ ရုရှားအနေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ် မာကယ်လ်က အလေးပေးပြောကြားသွားပါတယ်။ ဘယ်လမ်းကိုသွားချင်လဲဆိုတာ ရုရှားအပေါ်မှာပဲ မူတည်တယ်လို့ ပြောလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)