ရန်ကုန်၊ ဇူလိုင် ၂၅- ရန်ကုန်မြို့ လှိုင်သာယာစက်မှု ဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်အနီးရှိ မြေကွက်များကို လုပ် ငန်းရှင်များ ဈေးကြီးပေး ဝယ်ယူနေခြင်းကြောင့် ယခု နှစ်ပတ်အတွင်း ယမန်နှစ်ကဈေးထက် သုံးဆခန့်မြင့် တက်လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် များထံမှ သိရသည်။
''ကားလမ်းမဘေးက အိမ်ခြံမြေတွေဆိုရင် လုံးဝ မရောင်းတော့ဘူး။ ဝယ်တဲ့လူတွေကလဲ အရမ်း များလာတယ်။ ပုံမှန်ဈေးထက် ပိုပေးပြီးဝယ်နေကြတာ'' ဟု ဦးဆလိုင်းက ပြောသည်။
လှိုင်သာယာစက်မှုဇုန်အနီးရှိ တစ်ဧကပေါက် ဈေးမှာ ယမန်နှစ်က ကျပ် သိန်း ၅ဝဝ ဝန်းကျင်ခန့်ရှိ ခဲ့ရာမှ ယခုနှစ်ပတ်အတွင်း တစ်ဧက ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်အထိ ဈေးခေါ်လာကြောင်း ယင်းက ဆက် ပြောသည်။