ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင် တပ်မတော်မှ ခလရ (၆၆)နှင့် ကေအိုင်အေတပ်ရင်း (၂၆ )တို့ နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နှစ်ဖက်တပ်များသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီကျော်တွင် ပြီးဆုံးသွားကြောင်း သိရသည်။ မိုင်းနောင်းကျေးရွာအနီးတွင်ဖြစ်ပွားမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြည်လည်တည်ငြိမ် လာကြောင်း ဒေသခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။