Wednesday, September 9, 2015

သတင်းဌာန ဖေ့စ်ဘွတ်ခ်အတုပြုလုပ်သူများ ရှိနေသည်


7 Day News နှင့် 7Day Daily တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတုပြုလုပ်၍ တင်ထားသော သတင်းအမှားအချို့
‘‘ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် မိသားစုဝင်များ ထိန်းသိမ်းခံရ’’

‘‘မဘသဆရာတော်တွေ အတူနေစုံတွဲတွေကို လိုက်လံရှာ ဖွေပြီး လက်ထပ်ခိုင်း’’

‘‘တောင်ကျရေများကြောင့်  ဧရာဝတီမြစ်ကူးတံတား (ရတနာ ပုံ) ရေစီးနဲ့ အတူမျောပါသွား’’ အစရှိသည့် သတင်းများသည်ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း စာဖတ်သူတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့်ဖတ်ခဲ့ရသော သတင်းများဖြစ်သည်။

အိမ်ထောင်ရေးဖောက်ပြန်သူတို့ရဲ့အကြောက်ဆုံးရန်သူ တစ်လင်တစ်မယားစနစ်


မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအပေါ် ထောက်ခံသူများနှင့် ကွန့်ကွက်သူများပါ ရှိနေသည်။ဥပဒေများအကြောင်း ပြောခဲလှသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုအကြောင်း လူပြောများလှသည်။ မျိုးစောင့်ဥပဒေလေးခုအနက် နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပင် ဖြစ်သည်။
‘‘ခုနစ်နှစ်နော် ခုနစ်နှစ်၊ ၁၀ နှစ် ၁၀ နှစ်’’ယခုရက်ပိုင်းအတွင်း အိမ်ထောင်ရှင် အမျိုးသားများအကြား ရေပန်းစားလှသော စကား ဖြစ်သည်။ နောက်ပြောင်ပြောဆို ခြင်းဖြစ်သော်လည်း သတိပေးသံ စွက်နေသည်။
 ခုနစ်နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက (လင်ရော မယားပါ အကျုံးဝင်သည်)အိမ်ထောင်ရှိလျက် နောက်အိမ် ထောင်ပြုလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ဖြစ်သည်။ အိမ်ထောင်ရှိ လျက် တရားဝင် နောက်အိမ် ထောင်ပြုခြင်းမဟုတ်ဘဲ တိတ် တိတ်ပုန်းလျှင်လည်း ခုနစ်နှစ်ဖြစ် ၏။

အလယ်ပိုင်းမှာ မိုးကိုမျှော် ဘယ်သောအခါမှ ရွာပါ့မလဲ


ယခုနှစ်မိုးရာသီအတွင်း မကြာခဏ ကြားနေရသည့် မိုးသည်းထန်မှု၊ ရေကြီးမှုသတင်းများက သူ၏ ၀ါကြန့်ကြန့် စပါးခင်းများကို လှောင်ပြောင် နေသလားဟု ဦးသောင်းတစ်ယောက် တွေးနေမိ သည်။ သူ၏စပါးခင်းများအတွက် မိုးမြန်မြန်ရွာစေရန် ဆုတောင်းနေ သည်။ အချိန်မီ မိုးမရွာပါက စပါး ခင်းများ ပျက်စီးတော့ပေမည်။
‘‘မိုးက ရွာဖို့ကောင်းနေပြီ။ ဒီလိုပုံမျိုးနဲ့ဆို စပါးက အောင်ရေ တောင်ရမှာ မဟုတ်တော့ဘူး။ တခြားမှာဆို မိုးတွေရွာလွန်းလို့ ဒုက္ခရောက်နေကြတာ ဒီမှာကျမှ’’ ဟု ဦးသောင်းက ညည်းတွားသည်။
မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် တွင် ပါဝင်သော စစ်ကိုင်းမြို့နှင့် မိုင်အတန်ငယ်ဝေးသည့် မန္တလေး - မြစ်ကြီးနား ရထားလမ်းဘေးရှိ ခက္ခကျေးရွာနေ တောင်သူဦး သောင်းလေးတစ်ယောက် မိုးမျှော် နေစဉ်မှာပင် နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုး သည်းထန်နေသဖြင့် တစ်ကျော့ ပြန်ရေလွှမ်းမိုးမှုကို စိုးရိမ်နေရချိန် လည်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းများ စိုးရိမ်သောအရာ


ပါတီကြီးနှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ မဲဆွယ်စည်းရုံးရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်
ပြည်တွင်းသာမက ကမ္ဘာကပါ စောင့်ကြည့်နေသော ၂၀၁၅ရွေးကောက်ပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးကာလကို ရောက် ရှိနေပါပြီ။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလအမတ် လောင်း ၃၀၀ ကျော် စက်တင်ဘာ ၈ ရက်မှစတင်၍ မဲဆွယ်စည်းရုံး နိုင်ပြီဖြစ်သောကြောင့်ပင်။ သို့ သော် မဲဆွယ်စည်းရုံးကာလအတွက် စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။
‘‘ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တချို့ရယ်၊တချို့ သောသူတွေရဲ့ မဲဆွယ်မှုတွေက အောင်နိုင်ရေးအတွက် ကသိက အောက်ဖြစ်စေတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦး မောင်မောင်ဆွေကပြောသည်။
ထိုကာလအတွက် စိုးရိမ်ပူ ပန်နေသူမှာ ဦးမောင်မောင်ဆွေ တစ်ဦးတည်းမဟုတ်ပါ။

တောင်နှင့်မြောက်ကိုရီးယားတို့ အောက်တိုဘာတွင် မိသားစုများ ပြန်လည်ဆုံစည်းရန် သဘောတူ


တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့များသည် ညလုံးပေါက်ဆွေးနွေးခဲ့ပြီးနောက် ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ဆုံစည်းပွဲကို အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မြောက်ကိုရီးယား အပန်းဖြေတောင်စခန်းမြို့ ကမ်ဂန်တွင်  အောက်တိုဘာ ၂၀ နှင့် ၂၆ ရက်ကြား၌ ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့ သည်။

သမ္မတ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် နယ်စပ်မှ တရားမ၀င် သစ်တင်ပို့မှုများ လေးလပိတ်


သမ္မတဦးသိန်းစိန် တ ရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လာပြီး နောက် မြန်မာနိုင်ငံဘက်မှတရုတ် နိုင်ငံဘက်သို့ တရားမ၀င် သစ် တင်ပို့မှုကို လေးလကြာပိတ်ပင် ရန် ယူနန်ပြည်နယ် အစိုးရက မြန် မာသစ်ကုန်သည်များအား ခေါ်ယူ အသိပေးကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်သည် တ ရုတ်နိုင်ငံတွင် ကျင်းပသည့် နှစ် (၇၀) ပြည့်နှစ်ပတ်လည်အခမ်းအ နားသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိတက်ရောက်ခဲ့သည်။ ယင်းခရီးစဉ်မှပြန်လာပြီးနောက် မကြာမီမှာပင် ယူနန်ပြည်နယ်အ စိုးရက သစ်တင်ပို့မှုကို လေးလ ကြာ ရပ်နားထားရန် စက်တင်ဘာ ၇ ရက်၌ မြန်မာသစ်ကုန်သည် များအား ခေါ်ယူအသိပေးခဲ့သည် ဟု မြန်မာ-တရုတ်နယ်စပ်ဒေသ မှ မြန်မာအစိုးရ၀န်ထမ်းအချို့နှင့် သစ်ကုန်သည် အချို့က ပြော ကြားသည်။

ရွှေ့ပြောင်းအခြေချ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂ ပြောကြား


 ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးခဲ့ပြီး ကုလသမဂ္ဂကလည်း ဒုက္ခသည်များဆိုင်ရာ အကျပ်အတည်းအတွက် ကမ္ဘာနှင့်ချီသော ဖြေရှင်းမှုတစ်ရပ် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဥရောပသို့ ရွှေ့ပြောင်းအခြေချများ မကြုံစဖူး စုပြုံဝင်ရောက်နေချိန်တွင် ဂျာမနီသည် တစ်နှစ်လျှင် ခိုလှုံသူ ၅၀၀,၀၀၀ ခန့်ကို နှစ်အတန်ကြာ လက်ခံနိုင်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ လက်ထောက် ဆစ်ဂမာဂါဘရီရယ်က ပြောကြားခဲ့သည်။ သို့သော်လည်း သြစတြီးယား၊ ဆွီဒင်နှင့် ဂျာမနီကဲ့သို့ နိုင်ငံအနည်းစုပေါ်တွင် ဥရောပသမဂ္ဂက ဆက်လက်မှီခိုနေသည်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပ၏ မူဝါဒကိုပြောင်းလဲရန် လိုအပ်နေကြောင်း ဂါဘရီရယ်က ဆိုသည်။

ရွေးကောက်ပွဲတွင် မီဒီယာ ဘက်လိုက်မှု ရှိ၊မရှိ ပြန်လည်စောင့်ကြည့်ခံရမည်


 ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို မီဒီယာများကဖော် ပြရာတွင် ဘက်လိုက်ဖော်ပြခြင်း ရှိ၊မရှိ လေ့လာစောင့်ကြည့်မည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အ စည်းတစ်ခုဖြစ်သော Myanmar Institute for Democracy(MDI) က ထုတ်ဖော်ပြောကြားသည်။
‘‘ကျွန်တော်တို့ရဲ့စောင့်ကြည့် လေ့လာမှုတွေကို ပြည်သူတွေကို ပြန်ချပြမှာပါ’’ ဟု MDI ၏ စီမံ ကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော် ကပြောသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ နှစ်လကြာစောင့်ကြည့်တွေ့ ရှိချက်များကို ရွေးကောက်ပွဲမ တိုင်မီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲ အပြီး တစ်ကြိမ်ပြည်သူထံသို့ ပြန် လည်ချပြမည်ဖြစ်ကြောင်း ဦးမျိုး မင်းဇော်ကပြောသည်။
နိုင်ငံပိုင်မီဒီယာများအပါအ၀င် ရုပ်မြင်သံကြားလိုင်း ငါးခု၊ရေ ဒီယိုလိုင်း ရှစ်ခု၊ သတင်းစာနှင့်ဂျာ နယ် ၁၄ စောင်နှင့် အွန်လိုင်းမီဒီ ယာ သုံးခုတို့ကို MDI က အဖွဲ့ဝင် ၁၇ ဦးဖြင့် စောင့်ကြည့်မည်ဖြစ် သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြု

ပင်လုံကျောက်တိုင်တွင် ကတိသစ္စာပြုနေကြသည့် ကျားခေါင်းပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ

 နိုဝင်ဘာရွေးကောက် ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း)ပါတီမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း များ စက်တင်ဘာ ၈ ရက်က ပင် လုံမြို့ ပင်လုံကျောက်တိုင်၌ကတိသစ္စာပြုခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ မှ ၀င်ရောက် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌ၊ ပါတီ ၀င်များသည် ပင်လုံကျောက်တိုင် ၌ ကတိသစ္စာပြုခဲ့သည်ဟု ယင်းပါတီမှ သိရသည်။

မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးမှုများ တိုင်ကြားနိုင်


မသမာသောနည်းဖြင့် မဲဆွယ်စည်းရုံးပါက ရဲအရေးပိုင်မှု ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးညွှန်ကြားရေး မှူး ဦးသောင်းလှိုင်က ပြောသည်။
 ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ  မဲ ဆွယ် စည်းရုံးမှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို ဥပ ဒေတွင် အတိအလင်းပြဋ္ဌာန်းထား ကာ ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီးဖြစ်၍ ယင်းသတ်မှတ်ချက် များထက် ကျော်လွန်လုပ်ဆောင် ပါက သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ၎င်း က ဆိုသည်။
‘‘မဲဆွယ်စည်းရုံးရာမှာ သတ် မှတ်စည်းကမ်းချက်ချိုးဖောက်ရင် ရဲအရေးပိုင်မှုအဖြစ်နဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် အ ချက်အလက်သက်သေအတိအ ကျနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား လို့ရတယ်။ ကော်မရှင်က အရေး ယူလို့ရတဲ့ဖြစ်စဉ်ဆိုရင် စည်းမျဉ်း အရ အရေးယူမယ်’’ဟု ဦးသောင်းလှိုင်က ပြောသည်။

ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


  ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရှိရေးနှင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သွားရောက်မဲပေးရေးသည် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲအတွက် ပြည်သူများသို့ ပြောကြားသောမိန့် ခွန်းတွင် အဓိကအချက်အနေဖြင့် ထည့်သွင်းပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ရခြင်းသည် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ဆုံးဖြတ်ချက်ကို လက်ခံရန်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က “ ဒီမိုကရေစီဆိုတာဟာ ပြည်သူရဲ့ဆုံးဖြတ်ချက် ပြည်သူရဲ့ဆန္ဒကို အလေးထားရတဲ့စနစ်ပါပဲ။ ဒါ ကြောင့်မို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုထူထောင်ဖို့အတွက် ကြိုးစားခဲ့တာဟာဆိုလို့ရှိရင် အနှစ် ၃၀ နီးပါးရှိပါပြီ။ အခုထိပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိကယုံကြည်ပါတယ်။ အခုအချိန်မှာ အရေးကြီးတာကတော့ ကျွန်မ တို့ပြည်သူလူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ” ဟု ပြောကြားသည်။

ရှစ်လတာအတွင်း အမှု မပေါ်သေးသည့် လူသတ်မှုရှစ်မှုရှိ


ရန်ကုန်တိုင်းဒေသကြီး တွင် ၂၀၁၅ ရှစ်လတာကာလအ တွင်း လူသတ်မှု ၁၁၆ မှုဖြစ်ပွားခဲ့ ပြီး တရားခံမပေါ်သေးသည့် အမှု ရှစ်မှုရှိကာ အင်းစိန်မြို့နယ်သည် တရားခံမပေါ်သေးသည့် အမှုနှစ်မှုဖြင့် အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်ပွားခဲ့သည့် လူသတ်မှု များအနက် တရားခံမပေါ်သေး သည်မှာ အင်းစိန်၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သန်လျင်မြို့နယ်များဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။‘‘လူသတ်မှုတွေ ဖြစ်တာ တော့ ဒီနှစ်ဖြစ်ပွားမှုကတော့ အ ရင်နှစ်တွေထက် ပိုနည်းတယ်။ ဒါပေမဲ့ တရားခံမပေါ်သေးတဲ့ အမှုတွေ လောလောဆယ်မှာ ရှစ် မှုအထိရှိတယ်။ အမှုကြီးတွေထဲ မှာ တိုးလာတာတော့ လုယက်မှု တွေ ပိုများလာတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ဇန်န၀ါရီ ၃ ရက် ညနေတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် (၁၂၃) လမ်း၊ တိုက်အမှတ် (၂၄)၊လေးလွှာတွင် နေထိုင်သည့် ဒေါ် မာဘီယာ (၇၀) နှစ်သည် နေအိမ် တိုက်ခန်းအတွင်း လက်နှစ်ဖက် ကြိုးတုပ်ခံရပြီး ပါးစပ်တွင် အ၀တ်ဆို့လျက် ဦးခေါင်းချိုစောင်း၌ ဒဏ်ရာရရှိကာ အသတ်ခံရပြီး တရားခံကို ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်


 ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှ စတင်ခွင့်ပြုထားရာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့၌ အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်ခဲ့ကြောင်း  သတင်းရရှိသည်။
  ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌  စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်ရာ အောင်နိုင်ရေး ဆိုင်းဘုတ်တွင် သမ္မတဦးသိန်းစိန်ဓာတ်ပုံနှင့် ပြည်ခိုင်ဖြိုးပါတီအလံကို ယှဉ်တွဲဖော်ပြကာ “ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်”ဆိုသည့် ဆောင်ပုဒ်ပါရှိသည်ကို တွေ့ရသည်။

ဂျာမနီနှင့် ပေါ်တူဂီ ယူရိုခြေစစ်ပွဲအောင်ရန် နီးစပ်လာ


လာမည့်နှစ် ပြင်သစ် နိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများ၌ ဂျာမနီနှင့် ပေါ်တူဂီတို့ ခြေစစ်ပွဲ အောင်ရန် ပိုမိုနီးစပ်လာပြီး မြောက်အိုင်ယာလန်က အိမ်ကွင်း တွင် ဟန်ဂေရီနှင့် သရေကျခဲ့၍ ခြေစစ်ပွဲအောင်ရန် စောင့်ဆိုင်းရ ဦးမည်ဖြစ်သည်။
ဂလက်ဆောမြို့တွင် ကစား သောပွဲ၌ ဂျာမနီက စကော့တ လန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီး သောမတ်စ်မူလာက နှစ်ဂိုး သွင်းယူခဲ့သည်။
မူလာသည် ခြေစစ်ပွဲ နှစ်ပွဲ ၌ သုံးဂိုးသွင်းယူထားကာ ဂျာ မနီအသင်းက အသင်းခြောက် သင်းပါ အုပ်စု (D) တွင် ၁၉ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။ ကျန်ရှိသော အိုင်ယာလန် နှင့် ဂျော်ဂျီယာတို့ပွဲတွင် တစ် မှတ်ရရုံဖြင့် ဂျာမနီခြေစစ်ပွဲ အောင်ပြီဖြစ်သည်။
ယင်း၏နောက်တွင် ပိုလန် က  ၁၇ မှတ်ဖြင့် ဒုတိယလိုက်နေ သည်။ အိုင်ယာလန်က ၁၅ မှတ် ဖြင့် အုပ်စု တတိယ ရယူထား သည်။

အချက်သုံးချက်လုပ်ပေးမည်ဟူသောကတိဖြင့် NDF မဲဆွယ်

NDF ပါတီက ဒဂုံမြို့သစ်(၄၇)ရပ်ကွက်ဓမ္မာရုံ၌ မဲဆွယ်ပြောကြားနေစဉ်

 ရွေးကောက်ပွဲအနိုင်ရ ပါက အချက်သုံးချက်မဖြစ်မနေ ဆောင်ရွက်ပေးမည်ဟူသော က တိဖြင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)က စက်တင် ဘာ ၈ ရက်တွင်  စတင်မဲဆွယ် လိုက်ပြီဖြစ်သည်။
မိမိတို့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ အနိုင်ရရှိ ပါက ပြည်သူများ၏ စားဝတ်နေမှု ပြေလည်စေရေး၊ ကျေးရွာများအ နှံ့ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ဈေး နှုန်းများ တည်ငြိမ်ကာ ငွေကြေး တန်ဖိုးမြင့်တက်လာစေရေး စ သည့်အချက်များကို ဆောင်ရွက် ရန် စီစဉ်ထားကြောင်း ပါတီဥက္က ဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ဇေယျာလွင်နှင့် ပိုင်ရဲသူ စာမေးပွဲဖြေဆိုခွင့်ရ


အခြေခံဥပဒေပြင်ဆင် ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံထားရ သည့် တကသကျောင်းသားခေါင်း ဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင် ရဲသူတို့ကို စက်တင်ဘာ ၈ ရက်က ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာ တရားသူကြီး က ၎င်းတို့နှစ်ဦးအား စာမေးပွဲဖြေ ဆိုခွင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
စီးပွားရေးတက္ကသိုလ် ကျောင်းသား ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသား ကို ပိုင်ရဲသူတို့သည် စက်တင်ဘာ ၁၇ ရက်တွင် စာမေးပွဲများ စတင်ဖြေ ဆိုရမည်ဖြစ်သည်။
ပန်းဘဲတန်းတရားရုံးက ၎င်း တို့နှစ်ဦးအား စာမေးပွဲဖြေဆိုခွင့် ပြုလိုက်သော်လည်း အင်းစိန် ထောင်ဦးစီးနှင့် ပညာရေးဝန်ကြီး ဌာနက စာမေးပွဲဖြေဆိုခွင့်မပြု သေးကြောင်း ကိုပိုင်ရဲသူက ပြောသည်။

ရေဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ ဘတ်ဂျက်၊ ပုဂ္ဂလိကကဏ္ဍမှ ကောက်ခံရရှိသည့် ငွေကြေးများသည် လုံလောက်မှုမရှိသဖြင့် နိုင်ငံတကာမှ ချေးငွေရယူသွားမည်ဟု သမ္မတ၏အကြံပေး ပြောကြား


ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ ဘတ်ဂျက်၊ ပုဂ္ဂလိကကဏ္ဍမှ ကောက်ခံရရှိသည့် ငွေကြေးများသည် လုံလောက်မှုမရှိသဖြင့် နိုင်ငံတကာမှ ချေးငွေရယူသွားမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက စက်တင်ဘာ ၈ ရက် ကပြုလုပ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဖိုရမ်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

Tuesday, September 8, 2015

မော်ဒိုဗာပြည်သူများ ကန်ဒေါ်လာ တစ်ဘီလီယံ လိမ်လည်မှုကို ဆန့်ကျင်ဆန္ဒပြ


အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် "Dignity and Truth" (DA) က ဦးဆောင်ပြုလုပ်သော အစိုးရဆန့်ကျင်ရေးချီတက်ပွဲတွင် မော်ဒိုဗာနိုင်ငံတော်အလံများလွှင့်ထူကာ ပါဝင်သည့် ဆန္ဒပြသူများကို အလယ်ပိုင်း ချီဆင်နုမြို့တွင် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Valery Korchmar/Reuters)
 လူနေထိုင်မှုအဆင့်အ တန်းများကို ထိခိုက်စေခဲ့သော ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုး ရှိ ဘဏ်လိမ်လည်မှုနှင့် ပတ်သက် ၍ မြို့တော်ချီဆင်နုတွင် မော်ဒို ဗာနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဆန္ဒပြကြပြီး သမ္မတနုတ်ထွက်ပေးရန်နှင့် ရွေး ကောက်ပွဲစော၍ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။ယင်းဆန္ဒပြပွဲသို့ အခြား ဒေသကြီး၊ ငယ်များမှ ဆန္ဒပြသူ များလည်း လာရောက်ပူးပေါင်းခဲ့ ကြပြီး ဆန္ဒပြသူ ၃၅,၀၀၀ နှင့် ၄၀,၀၀၀ ကြားရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

တူရကီကို ဂိုးပြတ်ရှုံးပြီးနောက် နယ်သာလန် ယူရိုခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်နည်းလာ


ကမ္ဘာ့ထိပ်တန်းအသင်းအဖြစ်သတ်မှတ်ခံရသည့် နယ်သာလန်အသင်းသည် တူရကီအား ယူရို ၂၀၁၆ အုပ်စု (A) ပွဲစဉ်တွင် ၃-၀ ဂိုးပြတ်ဖြင့် ရှုံးခဲ့ရပြီး နောက် ခြေစစ်ပွဲအောင်ရန် မျှော် လင့်ချက်နည်းသလောက်ဖြစ် သွားကာ ယူရို ၉၆ တွင် အင်္ဂလန်ကို ၄-၁ ဂိုးပြတ်ဖြင့် ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာသည်။
တူရကီမှာပွဲတွင် အိမ်ရှင်ဖြစ်ပြီး ယခုပွဲနိုင်ခဲ့လျှင် အိုက်စလန် နှင့်ချက်တို့ နောက်၌ တတိယနေရာရမည်ဖြစ်၍ အနိုင်ကစားသွား  သည်။  ထို့ကြောင့် အိုက်စလန်နှင့် ချက်တို့သည် ခြေစစ်ပွဲတိုက်ရိုက် အောင်သွားပြီး တူရကီမှာလည်း နယ်သာလန်ထက် နှစ်မှတ်သာကာ ၁၂ မှတ်ဖြင့် အကောင်းဆုံး တတိယဖြင့် အုပ်စုလက်ကျန်နှစ်ပွဲကစားရန် ပိုမိုအခြေအနေ ကောင်းသွားသည်။
နယ်သာလန်၏ အုပ်စုတက်ရေးကံကြမ္မာမှာလည်း တူရကီလက်ထဲသို့ ကျရောက်သွားသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်


 ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေး ကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာ အနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေ အိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဒဟတ် ရေးကျေးရွာနေ ဒေသခံများနှင့် ကျောက်ဆည်မြို့နယ် ၈၈ (ငြိမ်း၊ ပွင့်)အဖွဲ့အစည်းတို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သည်။

အနည်းဆုံး လုပ်ခလစာဂယက် ဘယ်အထိဆက်မလဲ


အနည်းဆုံး လုပ်ခလစာ အတည် ပြုသတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများ အကြား လှုပ်ခတ်မှုများ ဆက် တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ သည်။အလုပ်သမားတစ်ဦးအား အနိမ့်ဆုံး တစ်ရက်လုပ်အားခ ကျပ် ၃,၆၀၀ ပေးရန် ခက်ခဲသည် ဆိုသော အကြောင်းပြချက်ဖြင့် စက်ရုံဝင်ငွေထိန်းညှိရန် စက်ရုံ အခြေခံလုပ်သားအင်အားလျှော့ ချဖြေရှင်းလာခြင်းကြောင့်ဖြစ် သည်။
အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စာရင်းများအရ သြဂုတ် ၂၄ ရက် က အင်းစိန်မြို့နယ်ရှိ အာရှနှင်းဆီအထည်ချုပ်စက်ရုံမှ အလုပ်သ မား ၁၉၆ ဦး၊ သြဂုတ် ၃၁ ရက်တွင်ဧရာဝတီဆေးဆိုးပန်းရိုက်စက်ရုံ မှ ၃၈ ဦး၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ ၄၄၉ ဦးတို့ကို ဝန်ထမ်းလျှော့ချခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင် သာကေတမြို့ နယ်ရှိ ZYP ရှူးဖိနပ်စက်ရုံမှ ဝန်ထမ်း ၇၉ ဦးတို့ကို လုပ်သက်အ လိုက်လျော်ကြေးပေးကာ  လျှော့ချမှုများ    ပြုလုပ်ခဲ့သည်ဟုဆို သည်။

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်


‘‘ပိန်သွားအောင် အဆီထုတ်တာမျိုးလုပ်ရင် လှမယ်ဆိုရင်တောင် အစ်မဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး’’

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်
Thursday, September 3, 2015

တီဗီကြော်ငြာများတွင် ပရိသတ် အကြိုက်ဖြစ်ခဲ့ပြီး ဟာသဇာတ် ရုပ်၌လည်း အံဝင်ခွင်ကျသရုပ် ဆောင်နိုင်သည့် ပြည်သူ့အချစ် တော် ပွင့်နှင့် လတ်တလောအနု ပညာလှုပ်ရှားမှုနှင့် အလှအပ အပေါ် သဘောထားတို့ကို မေး မြန်းဖြစ်ခဲ့ပါသည်။

လတ်တလော အစ်မရဲ့အနုပညာ လှုပ်ရှားမှုတွေ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေမှာ အတွေ့ ရနည်းလာတဲ့အပေါ် ပြောပြပါ ဦး။

မျိုးဆက်ဇာတ်ကားနဲ့ ပထမဆုရသွားတဲ့ ဘုဏ်းသိုက်


သူငယ်ချင်းများနှင့်မိသား စုဝင်များ တိုက်တွန်းသောကြောင့် ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဘဝတွင် ပထမဆုံးရရှိသည့် ပထမဆုဖြစ် ကြောင်း ဘုဏ်းသိုက်ကပြော သည်။‘‘ဆုရဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဝင်ရိုက်တာမျိုးမဟုတ်ဘဲ ကိုယ် ဖန်တီးချင်တဲ့ဟာတစ်ခုကို ဒိုင် တွေအပါအဝင် အနုပညာခံစား တတ်သူတွေ ဒီထဲမှာ ကိုယ်ဘယ် လောက်ထိ အားထုတ်ထားတယ် ဆိုတာ မြင်ရရင် ကျေနပ်တယ် ဆိုတဲ့စိတ်နဲ့ဝင်ရိုက်တယ်။ ဒါပေ မဲ့ ဆုရခဲ့တဲ့အတွက် ပိုပြီးကျေနပ် တယ်’’ဟု Myanmar Youth Micro Film ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဘုဏ်းသိုက်ကပြော သည်။ဘုဏ်းသိုက်သည် ယင်းပြိုင် ပွဲတွင် ‘မျိုးဆက်’ဟုအမည်ပေး ထားသော ငါးမိနစ်စာဇာတ်ကား ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ပြီး ပထမဆုအဖြစ် ဒေါ်လာတစ် သောင်းကျော်    ဆုကြေးငွေကို လည်းရရှိခဲ့သည်။

ဆောင်းစပါးစိုက်ပျိုးရာသီတွင် မိုးခေါင်ပြီး ပိုးမွှားကျနေခြင်းကြောင့် တောင်သူများစိုးရိမ်နေ


 ဆောင်းစပါး စတင်စိုက်ပျိုးသည့် ဩဂုတ်မှစ၍ ယခုလ အထိ မိုးခေါင်ပြီး ပိုးမွှားများကျ ရောက်နေခြင်းကြောင့် လယ်စိုက် တောင်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ ကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်စိုက်တောင်သူများထံမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း တစ်နှစ်လျှင် နွေစပါးနှင့် ဆောင်းစပါးနှစ်မျိုးစိုက်ပျိုးပြီး ဒုတိယအကြိမ် စပါးစိုက်ရာသီ ၌ မိုးခေါင်နေကာ ပိုးမွှားများ ကျရောက်နေခြင်းကြောင့် တောင် သူများအခက်တွေ့နေခြင်းဖြစ် သည်။‘‘ဒီစပါးဆိုတဲ့အမျိုးက သဘာဝမိုးရေလေးသောက်ရမှ ပိုးမွှားတွေလည်း ကင်းစင်ပြီး စံချိန်မီစပါးက အထွက်တိုးတာ။ အခုမိုးက မရွာတော့ ပိုးမွှားတွေ ကျ။ ခါတိုင်းတစ်ကြိမ်ဖျန်းရင် အခုသုံးလေးခါဖျန်းနေရတယ်။ ဓာတ်မြေဩဇာကျွေး၊ ပိုးသတ် ဆေးတွေ ပိုဖျန်းရနဲ့။ စပါးကို သူ့ ရာသီနဲ့သူစိုက်မှ။  နောက်ကျစိုက် ရင် ဆောင်းအဝင်အအေးမိပြီး အထွက်နှုန်းတွေလျော့ကုန်ရော’’ ဟု ပုသိမ်ကြီးမြို့နယ်နေ စပါး စိုက်ပျိုးသော တောင်သူဦးမျိုးသန့် က ရှင်းပြသည်။

Monday, September 7, 2015

ဈေးလျှော့ရောင်း၍ ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ်


 မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများအဓိက အလုပ်ဖြစ်နေပြီး ကျပ်သိန်း နှစ် ရာကျော်မှ ကျပ်သိန်း ခြောက်ရာ ခန့် အိမ်လုံးချင်းများ ယခုရက်ပိုင်း အတွင်း အရောင်းအ၀ယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
ပေ ၄၀×၆၀၊ ၁၂ ပေခွဲ×၅၀ မြေကွက်များသည် ရပ်ကွက်အပေါ်မူတည်ပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။‘‘တကယ်နေမယ့် ထိုင်မယ့် သူတွေဝယ်ကြတာပါ။ ရပ်ကွက် ကောင်းကောင်း၊ အိမ်ကောင်း ကောင်းကို သိန်းသုံးရာ၊ လေးရာ လောက်နဲ့ တချို့က ပေးဝယ်နေ ကြတယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။သို့သော် မြို့စွန်မြို့နယ်များ ရှိ မြေကွက်များ၊ စီမံကိန်းအသံ ကြားတိုင်းလိုက်လံဝယ်ယူသည့် နေရာများ၊ မြို့လယ်တိုက်ခန်းများကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများ က အရောင်းအ၀ယ်မရှိသလောက်နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည် ဟိုပုံးမြို့တွင် ဘိန်းအစားထိုး သီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သ ခရီးစဉ်အတွင်း ဟိုပုံးမြို့ ၀မ့် ဟွေ့ရွာရှိ UNODC ၏ ဘိန်းအ စားထိုးသီးနှံစိုက်ခင်းများသို့ သွား ရောက်လေ့လာခဲ့ပြီး တောင်သူ များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ဟိုပုံးမြို့ ၀မ့်ဟွေ့ရွာရှိကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့်ပြစ်မှုဆိုင် ရာမှုခင်းရုံး (UNODC)၏ ဘိန်းအစားထိုး သီးနှံစိုက်ခင်းများကို UNODC ၏ ဖိတ်ခေါ်မှုဖြင့် သွား ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်မတို့ ဟိုပုံးကိုလာတာ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခု ကပြည်သူတွေနဲ့တွေ့ဖို့နဲ့ နောက် တစ်ခုက မူးယစ်ဆေးဝါးနဲ့ ပတ် သက်လို့ လုပ်နေတဲ့ အစီအစဉ် တစ်ခုကို ကြည့်ဖို့’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ရွှေ့ပြောင်းဒုက္ခသည်များကို ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှထောက်ပံ့ပေးသွားရန် ဂျာမနီစီစဉ်


ဂျာမနီ အစိုးရ အနေဖြင့် နိုင်ငံအတွင်း အခြေချခွင့်ပေးရန် လက်ခံထားသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ဂျာမနီသည် ၎င်းတို့၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို လျှော့ချပေးလိုက်ခြင်းကြောင့် အာဖရိကမှ ထွက်ပြေးလာသည့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အကျိုးကျေးဇူးများ ရရှိလာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဩစတြီးယားနှင့် ဟန်ဂေရီတို့ကို ဖြတ်သန်းကာ ဒုက္ခသည် ၁၈၀၀၀ ဝန်းကျင်မျှ ဂျာမနီသို့ ဆိုက်ရောက်လာခဲ့သည်။

ဟာသသရုပ်ဆောင်တစ်ဦး ဂွာတီမာလာ သမ္မတ ဖြစ်လာရန် အလားအလာကောင်းနေ


ဂွာတီမာလာ နိုင်ငံတွင် ဟာသသရုပ်ဆောင်တစ်ဦး သမ္မတ ဖြစ်လာရန် အလားအလာ ကောင်းနေကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၆ ရက် ရွေးကောက်ပွဲ၏ မဲအရေအတွက် ထက်ဝက်ကျော်ကို ရေတွက်ပြီးချိန်တွင် ဂျင်မီ မိုရာလက်စ်သည် သမ္မတ ဖြစ်နိုင်ခြေရှိသူ သုံးဦးအနက် အလားအလာအကောင်းဆုံးအဖြစ် ထွက်ပေါ်လာသည်။ ၎င်းသည် မဲပမာဏ စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းကို ရရှိထားကြောင်း သိရသည်။အရည်အချင်းရှိသော လူရွှင်တော် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် မိုရာလက်စ်သည် နိုင်ငံရေး နယ်ပယ်ထဲ ခြေဆန့် ဝင်ရောက်လာပြီးနောက် “ခြစားမှု မရှိစေရ၊ သူခိုးတစ်ယောက်မှ မရှိစေရ”ဆိုသည့် ကြွေးကြော်မှုဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်အတွင်း ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့နိုင်ရေး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး


စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့ခွင့်ပေးရေး အစီအစဉ်အတွက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့ အလေးအနက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
၁၉၅၀ မှ ၁၉၅၃ ထိဖြစ်ပွားခဲ့သော ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် မိသားစု၊ ဆွေမျိုးများ ကွဲကွာသွားခဲ့ကြပြီး ယင်းတို့ကို ပြန်လည် တွေ့ဆုံခွင့်ပေးသည့် အစီအစဉ်မျိုးကို ယခင်ကလည်း နှစ်နိုင်ငံ ညှိနှိုင်း အကောင်အထည် ဖော်ပေးခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းနှစ်များတွင်မူ အဆိုပါ အစီအစဉ်မျိုး ဖြစ်မြောက်မှု ရှားပါးလာခဲ့သည်။လတ်တလောတွင် နှစ်နိုင်ငံမှ ကြက်ခြေနီ အဖွဲ့အစည်းများ ဦးဆောင်ကာ နယ်စပ်ရှိ ပန်မွန်ဂျောင်မ် ကျေးရွာတွင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် စစ်ဘေးရှောင်ရင်း ကွဲကွာသွားသည့် မိသားစု ထောင်ပေါင်းများစွာ ရှိခဲ့ပြီး ယခင်တွေ့ဆုံရန် အစီအစဉ်များ ဆွေးနွေးရာ၌ မြောက်ကိုရီးယားဘက်မှ ပြန်လည် ဖျက်သိမ်းသွားမှုအချို့ ရှိခဲ့ဖူးသည်။ နှစ်နိုင်ငံ မိသားစုများ ပြန်လည် ဆုံတွေ့ပေးမှုကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့သည်။

အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံး


အိန္ဒိယရှိ ပြည်နယ်နှစ်ခုတွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အန်ဒရာ ပရာဒက်ရှ်နှင့် အော်ရစ်ဆာ ပြည်နယ်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်ရှိ ခရိုင် ၇ ခုတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၂၃ ဦး အသက်ဆုံးရှုံးပြီး အော်ရစ်ဆာ ပြည်နယ် အရှေ့ပိုင်းတွင် နောက်ထပ် ၉ ဦး သေဆုံးခဲ့သည်။တာဝန်ရှိသူများက မိုးကြိုးပစ်ချမှု အများစုသည် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများစုမှာ မိုးရွာသွန်းချိန်တွင် လယ်ထဲဆင်းပြီး အလုပ်လုပ်နေသည့် လယ်လုပ်သားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်တွင် နယ်လိုရီ၊ ပရာကာဆမ်၊ ဂူန်တာ၊ ကရစ်ရှ်နား၊ အရှေ့ဂိုဒါဗာရီ၊ အန်နန်တာပွာ၊ သီရိကာကုလမ် ခရိုင်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများအနက် အနည်းဆုံး အမျိုးသမီး ၆ ဦးထိ ပါဝင်ကြောင်းလည်း သိရသည်။