Friday, September 21, 2012

Computer,Pen Drive,Memory Card ထဲက မှားဖျက်မိတာတွေ ပြန်လိုချင်ကြရင်

ကျွန်တော် backup လုပ်တဲ့ အကြောင်းလေးတခုပြောပြချင်လို့ပါ..ပြောပြလို့ ရတယ် မဟုတ်လား..မရလည်း ပြောမယ်ဗျာ..
ဒီလိုလေ ကိုယ့် Computer.Memory Card .Pen Drive(Flash drive) ထဲက အမှတ်တမဲ့ မှားဖျက်မိတဲ့ ပုံတွေ.သီချင်းတွေ.ဖိုင်တွေ ကိုပြန်ယူလို့ရအောင် လုပ်လို့ရတယ်တဲ့ ဗျ..လုပ်ကြည့်ကြပေါ့..ဒါပေမဲ့ တခုတော့ သတိပေးမယ်..ကြာသွားရင် တော့ဆောရီးပါ.ကိုယ် မှားဖျက်လိုက်မိပြီ ဆိုတာသိတာနဲ့ ကွန်ပြူတာ ကိုဘာမှ မခိုင်းတော့ပဲ ပြန်ယူရင်ရပါတယ်...တကယ်ကောင်းပါတယ်..Try ကြည့်ပါ..
software လေး လိုလို့ အောက်မှာ ဒေါင်းလိုက်ပါအုံး...

UWSA ဖမ်း SSA တပ်ဖွဲ့ဝင်များ ပြန်လွတ်

စံခလပူရီ (မဇ္ဈိမ)။   ။ ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်ဟောင်း အားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း SSA  က ပြောသည်။

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

               ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် မည်သူ့တွင် အဓိက တာဝန်ရှိသည်၊  မည်သည့် အကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင် ကချင်ဒေသနေ ပြည်သူများ  နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်  မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။  မှားယွင်းသည့် အချက်အလက်များ  (Wrong  information)၊ လွဲမှားစွာ လက်ခံထားသည့် အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက်  အတွေးအခေါ်များ (Opposite idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ

ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ ရေရှည်တည်တံ့ ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံး ခြေလှမ်းတခုအနေဖြင့် ကချင်ပြည်နယ်တွင် အစိုးရ၏ စစ်ဆင်ရေးများအား ချက်ချင်း ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်တောင်းဆိုလိုက်သည်။  

ဦးသူရရွှေမန်း ကြည့်ရှု့ခံစားတဲ့ ‘The West Wing’ ဇာတ်လမ်းတွဲဟာ ဒီမိုကရေစီ လမ်းညွှန်လား

 

အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်း တချို့သည် ဒီိမိုကရေစီစနစ်တွင် မည်ကဲ့သို့ အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အား ပြောခဲ့ကြောင်း သိရသည်။
 ဒီဇင်ဘာလ အတွင်း ကလင်တန်၏ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်အတွင်းတွင် ဦးရွှေမန်း က သူ့အား ပြောခဲ့ပုံကို ကလင်တန်က ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီဆုရှင်ဒေါက်တာစင်သီယာမောင် နှင့် အင်တာဗျူး

Dr.Cinthia_Muang ဆုရရှိပြီးနောက်စကားပြောနေသောဒေါက်တာ စင်သီယာမောင်
မြန်မာ့အရေးလှုပ်ရှားသူနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ် လှုပ်ရှား ဆောင်ရွက်သူ ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်ခဲ့ပါသည်။ ဆုကို ယခုလ ၂၀ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ ပေးအပ် ခဲ့ခြင်းဖြစ်ပါသည်။ ဆုပေးပွဲအပြီး ဂုဏ်ပြုညစာ စားပြီးကြစဉ် ဆုရှင်တဦးဖြစ်သော ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည် ထောင်သူ ဒေါက်တာစင်သီယာမောင်အား သျှမ်းသံတော်ဆင့် ကဆက်သွယ် မေးမြန်းထားပါသည်။

မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော

Alliences    သျှမ်းပြည်တပ်မတော်နှင့် တခြားတိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်စဉ်
ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်ကာလဖြစ်သဖြင့် တမြေတည်းနေတရေတည်းသောက်လာသည့် ညီအကိုမောင်နှမများအပေါ် သျှမ်းပြည်တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။           
“ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံးဝ မရှိပါဘူး။ အရင်တုန်းက ရန်သူလို့ သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကနေ့ခေတ်ကာလမှာ ကျနော်တို့ တမြေတည်းအတူ နေထိုင် လာတဲ့ မောင်နှမသားချင်းတွေ ကို ဘယ်လိုလုပ် သွားတိုက်ခိုက်မှာ လဲ။ ဖြစ်လာတဲ့ပြဿနာအ၀၀ကို

အမေရိကန်သံအမတ်သေဆုံးခဲ့သည့် လစ်ဗျားတိုက်ခိုက်မှု ဘင်လာဒင်၏ဒရိုင်ဗာနှင့်ဆက်နွယ်ဟုဆို


လစ်ဗျားနိုင်ငံတွင် အမေရိကန် သံအမတ် သေဆုံးသည်အ ထိ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု သည် အိုစမာ ဘင်လာဒင်၏ ဒရိုင်ဗာနှင့် ဆက်နွယ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တမန်တော် မိုဟာမက်ကို စော်ကားထားသည့် အမေရိကန် ဗီဒီယို ဇာတ်လမ်းတို တစ်ခုကို ကန့်ကွက်သည်ဟု အကြောင်းပြကာ အမေရိကန် သံအမတ်ကို ဘန်ဟာဇီမြို့တွင် သတ်ဖြတ်ခဲ့သည့် လစ်ဗျားအုံကြွမှု ကို နောက်ကွယ်မှ သွေးထိုးပေးသူသည် ဘင်လာဒင်၏ ဒရိုင်ဗာအဖြစ်

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေ

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေကြောင်း သိရသည်။ လူဆောသည် ခြေထောက်တွင် ပြန်ရည်ကြော အဖွဲ့အစည်း ပြဿနာကြောင့်ရောင်ကိုင်းကြီးထွားလာ မှုနှင့် ကြုံနေရသည်။ လူသည် လွန်ခဲ့သည့် (၅)နှစ်က သူမ၏ ပထမဆုံး ကလေးကို ဖွားမြင်ခဲ့ပြီးနောက် ယခုပြဿနာ

လူမျိုးရေးခွဲခြားခံရမှုကြောင့် Twitter အသုံးပြုခြင်းကို မီခေးလ် ရပ်ဆိုင်းမည်

အသင်းပရိသတ်များ၏ လူမျိုးရေး ခွဲခြားတိုက်ခိုက် ခံရသည့် Messageများကြောင့် Twitter အသုံးပြုခြင်းကို ရပ်ဆိုင်းရန် ချယ်လ်ဆီး ကွင်းလယ်လူ ဂျွန်အိုဘီ မီခေးလ်က ဆုံးဖြတ်လိုက်သည်။ မီခေးလ်သည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဂျူဗင်းတပ်စ်အား ရင်ဆိုင် ကစားစဉ် အမှားတစ်ခုကြောင့် အနိုင်ရလဒ်ကို လက်လွှတ်ရစေမည့် ချေပဂိုးကို ခွင့်ပြုခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပရိသတ်များက Twitterမှတစ်ဆင့် မီခေးလ်ကို တိုက်ခိုက်ဝေဖန်ခဲ့ကြသလို လူမျိုးရေး ခွဲခြားမှုများပါ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

အန်ဒဲဗားအာကာသလွန်းပျံယာဉ်၏ ပြတိုက်သို့ခရီး


အန်ဒဲဗား (Endeavour) အာကာသလွန်းပျံယာဉ်၏ အာကာသခရီးစဉ်များ ရပ်နားလိုက်ပြီးနောက် အများပြည်သူ လေ့လာနိုင်ရန်အတွက် လော့စ်အိန်ဂျလိစ်မြို့ရှိ California Science Center တွင် ပြသထားရှိသွားမည်ဖြစ်ရာ ကနေဒီအာကာသစခန်းမှ လော့စ်အိန်ဂျလိစ်သို့ ၃ ရက်ကြာခရီးနှင်လာသော အန်ဒဲဗားနှင့် ၎င်းအားသယ်ဆောင်လာသော လေယာဉ်ကို တွေ့ရသည်။
Source: CNN

အိန္ဒိယ နိုင်ငံသည် သောကြာနေ့က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် Agni-III ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်


အိန္ဒိယ နိုင်ငံသည် သောကြာနေ့က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် Agni-III ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရှိရသည်။ အိုဒီရှာ ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းမှ ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်သည် မြေပြင်မှ ဝေဟင်ပစ် အမျိုးအစားဖြစ်သည်။ ထိုဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ (၃၀၀၀)မှ ပစ်မှတ်ကို ဖျက်ဆီးနိုင်ပြီး (၁.၅)တန် အလေးချိန်ရှိသည့် နျူကလီးယား ထိပ်ဖူးကို သယ်ယူနိုင်သည်။

သံတော်ဆင့်ဖတ်စာ


  •      လက်ပ်တော့လည်း မကိုင်ရရှာ
  •           ဖတ်စာအုပ်လည်း မကိုင်ရရှာ
          ၁၄ နှစ်သမီးလေး သေရရှာပြီ။
          သားသမီးချင်း ကိုယ်ချင်းစာကြည့်ကြပါဦး။
          ရင်နင့်စရာ မကောင်းဘူးလား။

ကရင်ပြည်နယ်က ငြိမ်းချမ်းရေးနေ့ အခမ်းအနား


မြ၀တီမြို့ပြင်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနေ့ မြင်ကွင်း (ဓာတ်ပုံများ - ဧရာဝတီ)
 မြ၀တီမြို့နယ် ချောင်းဆုံရွာတွင် ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အစီအစဉ်ကို ရန်ကုန်မြို့နှင့် မတူခြားနားစွာ ကျင်းပခဲ့ကြသည်။

ရွှေဝါရောင်သပိတ်လှန်ပွဲ နှစ်မကုန်ခင် ကျင်းပမယ်

၁၉၉၀ နဲ့ ၂၀၀၇နှစ်တွေက စစ်အစိုးရအပေါ် သံဃာတော်တွေ စုပေါင်းပြီး ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် ဆင်နွှဲခဲ့တာကို ယခုနှစ်အတွင်း ပတ္တုက္ကုဇ္ဇနကမ္မ၀ါဖတ်ပြီး သပိတ်လှန်ဘို့ ယခင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဟန်းတွေ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း သတင်းရရှိပါတယ်။

ယနေ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့် ခေါင်းဆောင်များကို တရားဥပဒေအရ အေ၇းယူသွားမည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းသည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင်
ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။
 
 
 
 
From-ElevenMedaiGroup

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ရာ
 ၁။တစ်နိုင်ငံလုံးရှိ စစ်ပွဲများချွင်းချက်မရှိ ရပ်တန့်ရန်။

မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း

 
မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြလိမ့်မယ်။ 

အမေရိကန် မဟာဗျူဟာ လေ့လာရေးဌာန မြန်မာ့အရေး ဆွေးနွေးမည်

နယူးဒေလီ (မဇ္ဈိမ) ။          ။ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီများကို အကြံပြု ပုံဖော်လေ့ရှိသော မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန CSIS က မြန်မာနိုင်ငံ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အဆင့်မြင့် ကွန်ဖရင့်တရပ် ခေါ်ဆို ဆွေးနွေးသွားမည်ဟု သိရသည်။

ရှေ့လထွက်ရှိမည့် ကျပ်တစ်သိန်းကျော်တန် 800 MHz ဖုန်းသတင်းအား ဆက်သွယ်ရေးအတည်မပြု


CDMA  800 MHz ဖုန်းများအား ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း ရောင်းချခွင့် မပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
  လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။

မော်ဒယ်အိချောပိုအလှ


ရသေ့တောင် လူထုအစည်းအဝေးအား အစိုးရကန့်သတ်မှုရှိသော်လည်း ကျင်းပ ပြုလုပ်မည်


copyရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်မည့် လူထုအစည်းအဝေးပွဲအား အစိုးရမှကန့်သတ်မှုရှိနေသော်လည်း လူထုစည်းဝေးပွဲကြီး ဖြစ်မြောက်အောင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်လူထု အစည်းအဝေးပွဲအား အမျိုးသားရေး အမြင်ဖြင့် ပြုလုပ်သည်ဖြစ်ရာ ကန့်သတ်မှုများ ရှိနေသော်လည်း ကျင်းပ သွားမည်ဖြစ်ကြောင်းကို ရခိုင်လူထုအစည်းအဝေးပွဲ ကျင်းပရေးကော်တီ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။

ဝရမ်းပြေး တစ်ဦးကြောင့် ရသေ့တောင် မြို့နယ် မြောက်ပိုင်း တည်ငြိမ်မူ ပျက်ပြား

လွတ်လပ်ရေး ရရှိသည်မှာ ၆၄ နှစ် ရှိလာပြီ ဖြစ်သော်လည်း ဘာမှ မပြောင်းလဲတဲ့မြို့ (ဓါတ်ပုံ- မောင်လူအေး)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ၀ရမ်းပြေး တစ်ဦးအား အာဏာပိုင်များက ဖမ်းဆီး အရေးယူ နိုင်ခြင်း မရှိသဖြင့် တည်ငြိမ်မူ ပျက်ပြားနေကြောင်း သိရသည်။

မြန်မာ့မြေဈေးထိန်းချုပ်ရန်လိုဟု ရင်းနှီးမြှုပ်နှံသူများပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၂၁

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်အခြားအချက်အခြာကျသောမြို့များ၌ မြေဈေးများကြီးမြင့်နေခြင်းကို ထိန်းချုပ်ရန်လိုအပ်ဟု ရင်းနှီးမြှုပ်နှံသူများကပြောကြားကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာပြည်မှာ မြန်မာစာ ဖြောင့်အောင်မရေးနိုင်ကြတာ ဘာကြောင့်လဲ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjptYOrHtnzSkgOtavuEud2fHoi1lh-tD6oF7QqttGuO9fx0CK1UlOZE5mtkDPSagMRYqtp-of7yjnBOuQn66kXEPOkbUOPDT9Jsh9RyEfPokugTePCQeIPxKulwsIDph3BC0Tkp9dCD9S9/s320/CIMG0256.JPG"ခေါင်နှင့်တူသော စာနယ်ဇင်းမီဒီယာများကပါ မြန်မာစာ ဖြောင့်အောင် မရေးနိုင်သော အားနည်းချက်တွေ ရှိပါက ကြမ်းပြင်နှင့်တူသော စာဖတ်ပရိသတ်တို့ကြားတွင် ထင်သလို ရေးနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပါ"

 

သစ်လုံးတင်သင်္ဘောနှင့် သမ္ဗန်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁ ကြည့်မြင်တိုင်ကမ်းနားဈေးအနီးရှိ အောက်ရုံ သမ္ဗန်ဆိပ်တွင် စက်တင်ဘာလ ၂၀ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်ခန့်က အောက်ရုံ သို့ သွားရောက်မည့် ခရီးသည် ခြောက်ဦးတင်ဆောင်ထားသည့် သမ္ဗန်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကြည့်မြင်တိုင်- အောက်ရုံ သမ္ဗန်ဆိပ် မှ စုံစမ်းသိရှိရသည်။

အမေရိကန်သမ္မတအိုဘားမားနှင်.မြန်မာသမ္မတဦးသိန်းစိန် တို.ရှေ.အပတ် ကုလညီလာခံတက်ရောက်မည်ဖြစ်သော်လည်း တွေ.ဆုံရန်အစီအစဉ်မရှိ



 ရှေ.အပတ် နယူးယာက်တွင်ပြုလုပ်မည်. ကုလသမဂ္ဂ အထွေထွေညီလာခံကိုအမေရိကန် သမ္မတဘားရက် အိုဘားမားနှင်. မြန်မာသမ္မတဦးသိန်းစိန် တို.တက်ရောက်ကြမ ည်ဖြစ်သော်လည်း၊ ၄င်းတို.နှစ်ဦးတွေ.ဆုံနိုင်ရန်အလားလာမရှိဟု သိရသည်။

၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်တွေ နစ်နာကြေးတောင်းကြမယ်


ဦးပီတာလင်းပင် (ဓာတ်ပုံ - ဧရာဝတီ)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများ ရွေးကောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ် အများအပြားက သမ္မတထံတွင် နစ်နာကြေး တောင်းဆိုရန် စီစဉ်နေကြသည်။
၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ထောင်အတွင်း ၌ သေဆုံးခဲ့ရသူများ၊ လက်ရှိကျန်းမာရေးချို့ယွင်းပြီး စားဝတ်နေရေး ဒုက္ခ ရောက်နေကြသူများအတွက် အဖွဲ့ တခု ဖွဲ့စည်းကာ တောင်းဆိုမည်ဟု သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများပြား

ပျိုးနုတ်နေသော လယ်သမားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
တောင်ကုတ်နှင့် မာန်အောင်မြို့နယ်က လယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများ ရှိနေသဖြင့် မကျေနပ်သူများ၏ တိုင်ကြားမှု များပြားလာကြောင်း သတင်းရရှိသည်။
လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးချစ်မောင်က “ကျနော်တို့ တောင်ကုတ်မြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးတဲ့အခါမှာ ငွေဖြတ်ယူတာတွေ ရှိတော့ မကျေနပ်လို့

အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

စက်တင်ဘာ ၁၈ ရက်က United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။