Wednesday, September 26, 2012

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ

မင်းသူ
၂၄ စက်တင်ဘာ ထုတ် The Street View Journal အတွဲ (၁)၊အမှတ် (၃၇) မှ ကောက်နှုတ်ဖော်ပြသည်။
ပြောင်းလဲလာသော နိုင်ငံရေးစနစ်ပုံစံ
ယခုအချိန်သည် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါသော အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီဟု နိုင်ငံအရေး၌ ပါဝင်လုပ်ကိုင်နေကြသော ပလေယာများအားလုံးက လက်ခံထားကြသည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် ရှင်သန်နေသာ လူငယ်များ၏ စွမ်းဆောင်မှု အခန်းကဏ္ဍများအပေါ်တွင် အကျိုးသက်ရောက်မှုရှိကြောင်း နိုင်ငံရေးလေ့လာကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆။
အိမ်ခြံမြေဈေး သိန်းသောင်းဂဏန်းဝန်းကျင် အထက်တွင်သာရှိသော မန္တလေးမြို့အတွင်း ဂဂ မျိုးဆက်ကျောင်းသားများက ယခုလအတွင်း Shopping Centre ဖွင့်လှစ်ရန် မြေနေရာလိုက်လာရှာဖွေနေခြင်းမှာ မဟုတ်မှန်ကြောင်း ကျောင်းသားခေါင်းဆောင်များက ငြင်းဆိုပြောကြားသည်။

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ


“လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်လို့ နံပါတ်တစ် လုပ်ရမှုာတော့ ဥပဒေနဲ့ အရေးယူမှာ ဖြစ်တယ်လို့ သိရတယ်။ တစ်ချိန်တည်းမှာ ဘာ့ကြောင့် လာဘ်ပေး၊ လာဘ်ယူ ဖြစ်နေသလဲဆိုတာ ကြည့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် လခမလုံလောက်လို့ဆိုရင် လခနဲ့လောက်အောင်လုပ်ပေးရမယ် လို့ဆိုတယ်၊အရေးကြီးဆုံးအချက် ဖြစ်တဲ့ နဂိုရှိရင်းစိတ်

လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆။
မြန်မာတနိုင်ငံလုံးရှိ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခု ဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင် ရွက်သွားရန် စီစဉ်မူများပြုလုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့်စတင်ဆောင်ရွက်နေသူ မနှင်းနှင်းယုကပြောကြားသည်။

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅။
အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်သွားသောအမှုကို ယနေ့တိုင် စုံစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

KIA မှ တပ်ကြပ်ကြီးတစ်ဦး၏ စီးပွားရှာပုံ

KIA တပ်မဟာ(၂)လက်အောက်ခံ ရင်း(၁၄)မှ တပ်ကြပ်ကြီး ဂွန်ဂျာသည် အင်အား(၁၀)ဦးခန့်ဖြင့် မြစ်ကြီးနား-တနိုင်း ကားလမ်းပေါ်တွင် ဂိတ်ပြုလုပ်၍ ဖြတ်သွားသော ဆိုင်ကယ်များနဲ့ ကားများကို ရပ်တန့်ပြီး စစ်ဆေးခြင်း၊ ရှာဖွေခြင်းများအား ဟန်ပြလုပ်ပြီး ပိုက်ဆံတောင်းခံလျက်ရှိတယ်လို့ သိရပါတယ်။

ဖားကန့်တွင် KIA ၏ လက်နက်ကြီးဒဏ်ကြောင့် ရွာသား(၃)ဦး ဒဏ်ရာရ

 စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်ပိုင်းတွင် ဖားကန့်မြို့နယ် ဆိုင်းအောင်ရွာထဲသို့ဝင်လာသော အစိုးရစစ်ကြောင်းကို KIA မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုလက်နက်ကြီးများသည် ဆိုင်းအောင်ရွာတွင်းသို့ ကျရောက် ပေါက်ကွဲကာ ရွာသား(၃)ဦး အပြင်အထန်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆိုင်းအောင်ရွာမှ ကချင်အဖွားအိုတစ်ဦးမှ KDN သို့ ပြောပြချက်မှာ `` မနေ့ နေ့လည်က KIA တွေက ဗမာစစ်တပ်ကို

"ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်ငံသို့ လာရန် ရည်ရွယ်ထား"

တတိယမြောက် ဂျိမ်းစ်ဘွန်း မင်းသား အဖြစ် သရုပ်ဆောင် ခဲ့သူ မင်း သားကြီး ဆာရော်ဂျာမိုး က ၄င်း ၏ အားလပ်ရက် အပန်းဖြေ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ကို ရွေးချယ် ထားပြီး မြန
်မာ့ ဒီမို ကရေ စီခေါင်းေ ဆာင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံသွားမည် ဟု တယ်လီ ဂရပ် သတင်း စာ ၏ ခရီးသွား ကဏ္ဍ မေး မြန်းခန်း တွင် ဖြေကြား ထားသည်။

သပိတ်မှောက် ကံဆောင်မှု ပြန်လှန်ရန် ကမ်းလှမ်း

ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များက လုံထိန်းတပ်ဖွဲ့ဝင်များကို လက်အုပ်ချီ တောင်းပန်နေစဉ် (ဓာတ်ပုံ – Reuters)
အစိုးရ အာဏာပိုင်များက ရဟန်းသံဃာတော်များအပေါ် အပြစ်ကျူးလွန်ကြောင်း ၀န်ခံပြောကြားလာပါက ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ထားမှုကို ကမ္မ၀ါဖတ်၍ ကံလှန်နိုင်ရန် ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။

ထိုင်း နှစ်ဦးအား ထောင်ဒဏ် နှစ်ရှည်များ ချမှတ်လိုက်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်မှု၊ မူးယစ်ဆေးဝါးမှု၊ သစ်တောကျူးကျော်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဇူလိုင်လအတွင်းက ဖမ်းဆီးထားခဲ့သော ထိုင်းနိုင်ငံသား နှစ်ဦးကို ကော့သောင်းခရိုင် တရားရုံးမှ အင်္ဂါနေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။

အကျဉ်းသား ရိုက်နှက်မှုဖြင့် ပဲခူးထောင်မှူးအား အရေးယူမည်ဟုဆို


စံခလပူရီ (မဇ္ဈိမ) ။       ။ ပဲခူးထောင်တွင် အကျဉ်းကျခံနေရသည့် ဦးလှမိုး အား ရိုက်နှက်ထိုးကြိတ်မှုဖြင့် ထောင်မှူး ဦးကျော်စွာသင်း အား ထိရောက်စွာ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ထောင်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ကတိပေးခဲ့သည်ဟု ဦးလှမိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကြည်ချို က ပြောသည်။
 ခင်ပွန်းဖြစ်သူ ရိုက်နှက် ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူက စက်တင်ဘာလ ၂၄ ရက်နေ့က ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင် တို့နှင့် တွေ့ဆုံတိုင်ကြားရာမှ ညွှန်မှူးက ကတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည် မဟုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည် မဟုတ်ကြောင်း၊ ဒေသခံများနှင့် အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက်အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ နစ်နာမှုများကို တရားဝင်စာတင်၍ တောင်း ဆိုနို င်ေ ကြာင်း၊ မိမိတို့ဘက်မှ ဖြစ်သင့်ဖြစ်ထိုက်သည် များကို ဆောင်ရွက်ေ ပးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပို င်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား လက်ပံတောင်းတောင် သို့ ခေါ်ယူရှင်းလင်း သည့်ပွဲတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူ များက ပြောကြားခဲ့ပါသည်။
From-EMG

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ နဝမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ နဝမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာပြုလုပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ခေါင်းဆောင်ေ တွလည်းပထမဆုံး အကြိမ် အဖြစ် ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါတယ်။

“ မုံရွာမြို့ပေါ်ရှိ ဆိတ်သားလုပ်ငန်းရှင်အချို့ စည်ပင်သာယာဌာနနှင့် ပူးပေါင်း၍ နွား ပေါက်ငယ်များအား ဆိတ်သားအဖြစ် ရောနှောရောင်းချလျက်ရှိ ”

တိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်းကြည် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ပေါ်ထွက်လာ

 ပြင်ဦးလွင်မြို့နယ် ၀က်ဝံကျွေးရွာမှ လယ်ယာမြေ (၁၈၆)ဧကကို  တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည် မှ သိမ်းဆည်းခဲ့ကြောင်း လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ထံက သိရှိရသည်။
  "ပြင်ဦးလွင်မှာရှိတဲ့ ၀က်ဝံကျးရွာ၊ ရတနာပုံဆိုက်ဘာစီးတီး၊ သက္ကံချိန်ကျေးရွာတွေမှာ ဒီလ ၂၄. ၂၅. ၂၆ ရက်နေ့တွေမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တော့ ဒီမှာလည်း လယ်ယာမြေတော်တော်များများ သိမ်းဆည်း ခံထားရတာကို တွေ့ခဲ့ရတယ်။"ဟု လယ်ယာမြေသိမ်းဆည်းမှု စုံစစ်ဆေးရေး ကော်မရှင် အဖွဲ့ခွဲ(၄)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ကွမ်းတံတွေးကိစ္စဖြေရှင်းရန် အထူးအစီအစဉ်မရှိဟု ရန်ကုန်စည်ပင်ဆို

အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကွမ်းတံတွေး ထွေးသည့်ဖြစ်ရပ်မှာ လူတစ်ဦးချင်းစီ၏ အမျိုသားယဉ်ကျေးမှုအပါအ၀င် စည်းကမ်းရှိမှုနှင့် သက်ဆိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပုဂံနန်းတော်ရာတွင် အနှိပ်ခန်းထည့်သွင်းမည်ကို ဒေသခံများ လက်မခံ

သမိုင်းပြတိုက်ဝင်း(Historical Park)အဖြစ် ပြုလုပ်မည့် ပုဂံမြို့ဟောင်းနန်းတော်ရာအထဲတွင် စားသောက်ဆိုင်နှင့် ရိုးရာအနှိပ်ခန်းများထည့်သွင်းရန် ဆောက်လုပ်မည့်ကုမ္ပဏီက စီစဉ်နေသည့်အပေါ်တွင် ဒေသခံများနှင့် လူမှုအရေး အဖွဲ့အစည်းများက လက်ခံနိုင်ခြင်းမရှိကြောင်း သိရသည်။

(၂၅/၂၆-၉-၂၀၁၂) နေ့တွင် ပြုလုပ်ခဲ့သော ရသေ့တောင်မြို့ ညီလာခံမှ တောင်းဆိုချက်၊ ကန့်ကွက်ချက်များနှင့် နောက်ဆုံးအဖြေ

(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်ကျင်းပသော ရခိုင်ဒေသလူထုအစည်းအဝေး က နိုင်ငံတော် အစိုးရသို့ တင်ပြတောင်းဆိုချက်များ
၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်ခိုးဝင်သူ များရှိနေပါ၍ပင်လယ်ြ
ပင်နှင့် နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
၂။ ရခိုင်ပြည်နယ်တွင် နည်းပါးနေသည့်ရခိုင်လူဦးရေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ရခိုင်ဒေသတွင် စီးပွါးရေးဇုံများကို ရခိုင်တိုင်းရင်းသားများက ဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အ၀ ကူညီပေးရန်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ၂ဝ၁၅ ရွေးကောက်ပွဲလွတ်လပ်မျှတမှု ပိုမိုရှိစေရန် ဆွေးနွေး

၂၆၊၉၊၂ဝ၁၂ နေ့လည် ၁း၁၅ မှ ၃း၄၅ အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းဝေးခန်းမ တွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊တိုင်းဒေသကြီးေ ရွးေ ကာက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊အဖွဲ့ဝင် ဦးချစ်နိုင်၊ဦးခင်မောင်ထွန်း၊ဦးကျော်၊ဦးရဲမြ
င့် ။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျသွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်က ပြောကြား

၂ဝ၁၂၊ စက်တင်ဘာ၊ ၂၆။      မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်း ယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျ သွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် တရားရုံးရှေ့ တွင သတင်းမီဒီယာများကို ပြော ကြားခဲ့သည်။     ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီမှ ကော်မတီဝင် ၅ ဦးသည် တရားရေးအဖွဲ့အစည်း များမှ တရားဥပဒေနှင့်အညီ နေထိုင် ပြုမှု ဆောင်ရွက်ရေးအတွက် နှိုးဆော်ခြင်း၊

အမေရိကန်-မြန်မာ နှစ်နိုင်ငံအစိုးရ တွေ့ဖို့ပြင်

မြန်မာ့ အပြောင်းအလဲ အတွက် အင်တိုက်အားတိုက် စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်ကို အမေရိကန်ရောက် မြန်မာတွေက စိတ်ပါဝင်စားကြတယ် (ဓာတ်ပုံ- Reuters)
မြန်မာ့ ဒီမိုကရေစီအရေး အောင်မြင်ပြီလို့ နိုင်ငံတကာ မိသားစုက မကြေညာနိုင်သေးဘဲ အာဏာ ဘယ်သူပဲရရ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ မျှော်လင့်တဲ့အပြင် သမိုင်းတွင်မယ့် မြန်မာ့အပြောင်းအလဲဟာ “စိန်ခေါ်မှုမဲ့” မဟုတ်ဘူးလို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောဆိုလိုက်ပါတယ်။

သမိုင်းကိုပြောတဲ့ ဓာတ်ပုံများ

သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခု ဩဂုတ်လထဲ ပထမဆုံးအကြိမ် နေပြည်တော်သမ္မတရုံးမှာ စတွေ့ပြီး ဓာတ်ပုံထွက်လာတော့ လူတွေက ပျော်ကြတယ်။ မြန်မာပြည် ရှေ့ရေး ကောင်းလာတော့မယ် ပေါ့။
တကယ်လည်း အဲဒီတွေ့ဆုံပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လေ။

ရန်ကုန်ရေပြတ်၊ ရေသန့်ဈေးခုန်တက်


ရန်ကုန်သို့ ရေပေးဝေသည့် ချိုးဖြူပိုက်လိုင်းမှ ရေခံယူနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ – Reuters)
လှော်ကား ရေပိုက်လိုင်း ပေါက်ခြင်းကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရေ ၃ ရက်ကြာ ပြတ်တောက်သွားခဲ့ သဖြင့် ချိုးရေ၊ သုံးရေများအတွက် သောက်ရေသန့် ဘူးများကို ဈေးအဆ မတန် ပေးဝယ်ကာ အသုံးပြုခဲ့ရကြောင်း မြို့ခံများက ပြောသည်။

ဦးဌေးဦးက ခြိမ်းခြောက် ပြောဆိုခြင်းမရှိဟု ဆို

ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး (ဓာတ်ပုံ – ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီတိုင်း၏ လွှတ်တော် အမတ်များနှင့် တိုင်းလွှတ်တော် တာဝန်ရှိသူများကို ပြစ်တင်ခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများ မပြုလုပ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

အာဃာတမဲ့ကျည်ဆန်များရဲ့အဆုံးသတ်


Photo“လူငယ်အချိန်မှာ ခွန်အားများကို အားကိုးလျက် ကိုယ်မှန်တယ်ထင်ရာကို ဇွတ်လုပ်ချင်တဲ့ မာန်၊ ရန်ကိုရန်ချင်း တုံ့ပြန်ချင်တဲ့ သဘော၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး အစွန်းရောက်တဲ့ မျက်ကန်းမျိုးချစ်၊ အားလုံးအတွက် ပေးဆပ်ရမှာကတော့ သေဒဏ်နှင့် ၂၄ နှစ်ပင် ဖြစ်တော့သည်” ယင်းစာစုပါ  ဆောင်းပါးလေးအား တစ်ချိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ကွန်မန်ဒိုဟောင်း ကိုလဖိုင်ဇော်ဆိုင်းတစ်ယောက် ထောင်တွင်း၌ရှိနေစဉ် ရေးသားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ဟိုတယ်များတွင်Presidential Suite ထည့်သွင်းရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆
နေပြည်တော်တွင် အဆင့်မြင့် ထိပ်သီး အစည်းအဝေးများ ကျင်းပရာ၌ နိုင်ငံတကာက တက်ရောက်လာမည့် ကိုယ်စားလှယ်များ တည်းခိုနိုင်ရန် နေပြည်တော် ဟိုတယ်တိုင်းတွင် Presidential Suite (အရေးကြီး ပုဂ္ဂိုလ်များအတွက် သီးသန့် အခန်း) အခန်း စုစုပေါင်း ၂၁စုံ ကို တည်ဆောက်ပြီး ဟိုတယ်နှင့် တည်ဆောက်ဆဲ ဟိုတယ်များ အနေဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင်
တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာ ဟု အမေရိကန် စစ်တမ်းတွင် ဖော်ပြ

ရန်ကုန်၊ စက်တင်ဘာ ၂၆  မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း
အမေရိကန် အခြေစိုက် Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် “Freedom on the Net 2012”တွင် ဖော်ပြချက်အရ သိရသည်။

မေ့မြောနေရာမှ သတိပြန်ရလာသည့် အမျိုးသမီး ၁၃ နှစ်ကြာ မှတ်ဉာဏ်များပျောက်ဆုံး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ကိုမာဝင်ကာ မေ့မြောနေပြီးနောက် ပြန်သတိလည်လာချိန်တွင် (၁၃)နှစ်ကြာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး ကလေး(၃)ဦး၏ မိခင်ဖြစ်သော ဆာရာသွမ်ဆင်သည် သူမနိုးထလာချိန်တွင် (၁၉၉၈)ခုနှစ်ဆီက မှတ်ဉာဏ်များထံ ပြန်လည် ရောက်ရှိသွားသည်။ သူမကိုယ်သူမ ဆယ်ကျော်သက်တစ်ဦးဟု ထင်မှတ်နေပြီး ခင်ပွန်းသည်ကိုလည်း မမှတ်မိတော့ချေ။ သူမသည် Spice Girlsအဖွဲ့ မပြိုကွဲသေးဘဲ ကမ္ဘာသိ အောင်မြင်မှုများ ရရှိနေဆဲဟု ထင်မှတ်နေသလို မိုက်ကယ်ဂျက်ဆင် သေဆုံးသွားသည်ကိုလည်း မသိရှိတော့ဘဲ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်ကိုက်နာ

ဒီအချိန်က သူတို့ဘဝအတွက် အခက်ခဲဆုံးအချိန်ဟု အီလက်ထ ရောနစ်Show Room သာ တစ်ခုတွင် လုပ်ကိုင်သော အသက် ၂၇ နှစ်ရှိ ကိုမိုးကျော်(အမည်လွှဲ)က ပြော သည်။ နောက်လဆိုလျှင် တိုက်ခန်း ငှားထားသည့် ခြောက်လစာချုပ် ပြည့်ပြီ။ ဆက်ငှားလိုပါကမူလဈေး ခြောက်သောင်းမရတော့။ တစ် သောင်းတိုးကာ ခုနစ်သောင်းပေး နိုင်လျှင် ဆက်ငှားမည်ဟု ပိုင်ရှင်က ရာဇသံထုတ်ထားသည်။ တစ်ပူပေါ် တစ်ပူဆင့်ပြန်သည်က တစ်နှစ်နီးပါး။ သူတို့လင်မယားနှင့်အတူ စပ်ပေါင်း ငှားနေသော လင်မယားက သီးခြား ခွဲနေတော့မည့်အကြောင်း ဆိုင်း မဆင့်ဗုံမပါ ကြေညာသည်။

ရွှေပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေညာချက်ထုတ်ပြန်


ရွှေပြည်သာ ၈ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ်ရှိ မသန်စွမ်း ဥာဏ်ရည်နိမ့်အမျိုးသမီးငယ်တစ်ဦး အဓမ္မကြံစည်ခြင်းခံခဲ့ရမှုအပေါ် တရားဥပဒေ အတိုင်းသာဖြစ်ရန် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူမ
ျားအသင်းက ကြေညာချက်တစ်စောင်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။