Sunday, June 30, 2013

နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း

Photo: နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း
Sunday, June 30, 2013

သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဆယ်စုနှစ် နှစ်စုအတွင်း ပုစွန်ထွက်နှုန်း ကျဆင်းခြင်းသည် ပင်လယ်ပြင်အတွင်း သဘာဝအလျောက် ဒီရေတောများ ပြုန်းတီးလာပြီး ငါးသယံဇာတ ရှားပါးလာခြင်းနှင့် ခေတ်မီကိရိယာများ သုံး၍ ငါး ၊ ပုစွန် အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်က သဘာဝနည်းဖြင့် ရေငန်ပုစွန် တစ်ဧကမွေးမြူလျှင် ပုစွန်အထွက်နှုန်း ၂၀ ကီလိုဂရမ်မှ ၄၀ ကီလိုဂရမ်ခန့် ရရှိခဲ့ရာမှ လက်ရှိတွင် ၄ ကီလိုဂရမ်မှ အများဆုံး ၁၀ ကီလိုဂရမ်ခန့်သာ ထွက်ရှိတော့သည်ဟု ၎င်းကဆိုသည်။

သဘာဝအတိုင်း ရေငန်ပုစွန် မွေးမြူသည့်နည်းမှာ ပင်လယ်ရေ တက်ချိန်တွင် ပင်လယ်ရေအတွင်း ပါရှိလာသည့် ပုစွန်များကို ရေကျချိန်တွင် ပြန်ပါမသွားစေရန် တားဆီးမွေးမြူသော နည်းစနစ် ဖြစ်ပြီး အစာအတွက် ရင်းနှီးမြှုပ်နှံမှု မပြုဘဲ သဘာဝ အစာဖြင့်သာ မွေးမြူသည့် လုပ်ငန်း ဖြစ်သည်ဟု ဒေသခံ ရေငန် ပုစွန် မွေးမြရေးလုပ်ငန်းရှင်များက ဆိုသည်။

အဆိုပါ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင် မွေးမြူလျက် ရှိသည်ဟု ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ပုစွန်မွေးတဲ့ ကန်တွေက နှစ်တွေကြာလာတော့ ပြန်ပြင်ဖို့ လိုနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေက အရင်းအနှီးနဲ့ နည်းပညာ လိုအပ်နေတယ်” ဟု စစ်တွေမြို့တွင် ရေငန်ပုစွန်ကို သဘာဝအတိုင်း မွေးမြူနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝတရား ပြောင်းလဲလာမှုများကြောင့် ပင်လယ်ပြင်အတွင်း ပုစွန်သားပေါက်များ ရှားပါးလျက် ရှိပြီး သဘာဝနည်းဖြင့် ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများလည်း အထွက်နှုန်းများ သိသာစွာ ကျဆင်းလာလျက် ရှိကြောင်း ရေငန်ပုစွန် မွေးမြူရေး ပညာရှင် ဒေါက်တာ ကျော်ထွန်းမြင့်က ပြောကြားသည်။

ယင်းအခြေအနေ များကြောင့် ရေငန်ပုစွန် မွေးမြူရေး နည်းစနစ်ကို ပြောင်းလဲရန် လိုအပ်လျက်ရှိပြီး ပုစွန်ထွက်နှုန်း မြင့်တက်လာစေရန်အတွက် ခေတ်မီ နည်းပညာများဖြင့် မွေးမြူရန် လိုအပ်လျက် ရှိသည်ဟု ရေငန်ပုစွန် မွေးမြူရေးပညာရှင် ဒေါက်တာကျော်ထွန်းမြင့်က ပြောကြားသည်။

“သဘာဝအတိုင်း မွေးတဲ့ကန်တွေက ဧက ၁၀၀ ၊ ၁၅၀ လောက် ကျယ်တယ်။ ခေတ်မီနည်းနဲ့ မွေးတဲ့ ကန်တွေရဲ့ အကျယ်က နှစ်ဧက ဝန်းကျင်လောက်ရှိပြီး တစ်ဧကကို ပုစွန်အထွက်နှုန်းက သုံးတန်ခွဲနီးပါးလောက် ထွက်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပင်လယ်ပြင် ငါးသယံဇာတ ရှားပါးလာမှုနှင့် ရေငန်ပုစွန် မွေးမြူရေးတွင် အထွက်နှုန်း ကျဆင်းလာမှုကြောင့် စစ်တွေမြို့ရှိ ရေထွက်ပို့ကုန် ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံအချို့ကို ပိတ်ထားရလျက် ရှိပြီး ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ရေငန်ပုစွန် မွေးမြူရေး ဧက တစ်သိန်း နီးပါးခန့် ရှိကြောင်း ရခိုင်ပြည်နယ်ငါး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly
သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။

နိုင်ငံပြတင်းတစ်ပေါက်စနစ် အဆိုပြု ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေး

ကုန်သွယ်မှု ပြုရာတွင် အကောက်ခွန် ရှင်းလင်းမှု လွယ်ကူလျင်မြန်စေမည့် နိုင်ငံ ပြတင်းတစ်ပေါက်စနစ် (Nation Single Window -NSW) အတွက် အဆိုပြုထားသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးကာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

TIME မဂ္ဂဇင်းကို ဆန္ဒပြ

Photo
ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့   မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။

လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင် တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။

တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး

Photo: တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး
Sunday, June 30, 2013

တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ
ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌
တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ် ဒေသနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "အဓိကအချက်
ကတော့ ပကျွတ်ဂိတ်ကို ဘယ်တော့ဖွင့်မလဲ၊ မြန်မာနိုင်ငံက ကုန်ကြမ်းတွေ
ကို ဘယ်လိုဝယ်ယူရမလဲ၊ ကုန်သွယ်ရေးအတွက် အရေးပါမယ့် သယ်ယူ
ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေးတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားကြတာ ဖြစ်
တယ်" ဟု MCCI အသင်းဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ မောတောင်နယ်စပ်နှင့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ရွာတွင် ဖွင့်လှစ်
ထားသော ဆင်းခွန်-မောတောင်ဂိတ်ကို ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ စီးပွားကုန်သွယ်မှု တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၌ ထိုင်းနိုင်ငံဘက်မှ အသင့်မဖြစ်သေး
သောကြောင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ဆင်ခွန်းဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ လုပ်ဆောင်နေကြောင်း ပြောကြား
ခဲ့သည်။

လက်ရှိအနေထားအရ မောတောင်နယ်စပ် ကုန်သွယ်ရေး အနေအထားမှာ မိုးရာသီလမ်းအနေထားများနှင့် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေး
သည့် အနေအထားများကြောင့် ကုန်သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

eleven media group
တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရာမှ ပြန်လည် ရောက်ရှိ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရာမှ ပြန်လည် ရောက်ရှိ
Sunday, June 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General of the Army Sergey K.SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ဇွန် ၂၃ ရက် မှ ၂၈ ရက်ထိ ချစ်ကြည်ရေး အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဇွန် ၂၈ ရက် ဒေသစံတော် ချိန် ညနေ ၅ နာရီ ၅ဝ မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့မှ လေကြောင်းခရီးဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ခေတ္တ အနောက်ပိုင်းစစ် ဒေသမှူး Lieutenant General Macar-evich O.Leontyevich နှင့် တာဝန်ရှိသူများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ယုနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး နေဝင်းတို့က Pulkovo လေဆိပ်မှ ပို့ဆောင် နှုတ်ဆက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ အမှတ်တရ လက်ဆောင်ကို ခေတ္တ အနောက်ပိုင်း စစ်ဒေသမှူး Lieutenant General Macarevich O.Leontyevich မှ လေဆိပ် ဧည့်ခန်းဆောင်တွင် လေယာဉ် မထွက်ခွာမီ ပေးအပ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E Mr. Vasiliy B.POS-PELOV နှင့် တာဝန်ရှိသူများက

Read More >> http://www.myawady.com.mm/allnews/headline/item/18080-2013-06-30-09-21-21

အမေရိကန် သံတမန် အမှုထမ်းများနှင့် မိသားစုဝင်များကို အီဂျစ် နိုင်ငံမှ ထွက်ခွာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု

Photo: အမေရိကန် သံတမန် အမှုထမ်းများနှင့် မိသားစုဝင်များကို အီဂျစ် နိုင်ငံမှ ထွက်ခွာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု
Sunday, June 30, 2013

အီဂျစ်နိုင်ငံတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသောကြောင့် အရေးပေါ် တာဝန်များကို ထမ်းဆောင်ရခြင်း မရှိသော အမေရိကန် သံတမန် အမှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် များကို
ယင်းနိုင်ငံမှ ထွက်ခွာရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၈ ရက် နှောင်းပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယား မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆူပူအုံ ကြွမှုများတွင် အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး နောက် ပိုင်း အဆိုပါ ထွက်ခွာခွင့် အမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံ အတွင်းရှိ မြို့ကြီး များတွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ်လျက်ရှိပြီး တည်ငြိမ်မှု မရှိသောကြောင့် ၎င်းနိုင်ငံသို့ မဖြစ်မနေ သွားရောက်ရမည့် ခရီး စဉ်များကို ရွှေ့ဆိုင်းကြရန် အမေရိကန် နိုင်ငံသားများကို နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတိပေးခဲ့ကြောင်း သိရသည်။ အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့ရှိ မွတ်စလင် ညီအစ်ကိုများ အဖွဲ့ရုံးချုပ် အပြင်ဘက်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်

Read More >> http://www.myawady.com.mm/allnews/global/item/18077-2013-06-30-09-17-40
အီဂျစ်နိုင်ငံတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသောကြောင့် အရေးပေါ် တာဝန်များကို ထမ်းဆောင်ရခြင်း မရှိသော အမေရိကန် သံတမန် အမှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် များကိုယင်းနိုင်ငံမှ ထွက်ခွာရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၈ ရက် နှောင်းပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Petergof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော် ပန်းခြံ ပြတိုက်သို့ သွားရောက် လေ့လာ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Petergof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော် ပန်းခြံ ပြတိုက်သို့ သွားရောက် လေ့လာ
Sunday, June 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ မှ Petergof မြို့သို့ (Burevstnick) အထူးရေယာဉ်ဖြင့် ဖင်လန် ပင်လယ်အော်မှ တစ်ဆင့် သွားရောက်ရာ Petergof မြို့ဆိပ်ကမ်းတွင် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ Ms.Olga Tolo-shinova မှကြိုဆို နှုတ်ဆက်သည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Peter-gof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော် ပန်းခြံနှင့် ပြတိုက်အတွင်းရှိ ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ Ms. Olga Toloshinova မှ လိုက်လံ ရှင်းလင်း ပြသသည်။ ၎င်းနောက် ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီတွင် The Samson Fountainမှ သဘာဝအတိုင်း စီမံထားသော ရေပန်း ထုတ်မှုကို ကြည့်ရှုကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန်းခြံနှင့် Honplaisir တို့အား ကြည့်ရှု လေ့လာကြပြီး

Read More >> http://www.myawady.com.mm/allnews/headline/item/18079-2013-06-30-09-17-58 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ မှ Petergof မြို့သို့ (Burevstnick) အထူးရေယာဉ်ဖြင့် ဖင်လန် ပင်လယ်အော်မှ တစ်ဆင့် သွားရောက်ရာ Petergof မြို့ဆိပ်ကမ်းတွင် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ Ms.Olga Tolo-shinova မှကြိုဆို နှုတ်ဆက်သည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Peter-gof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော် ပန်းခြံနှင့် ပြတိုက်အတွင်းရှိ ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ Ms. Olga Toloshinova မှ လိုက်လံ ရှင်းလင်း ပြသသည်။ ၎င်းနောက် ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီတွင် The Samson Fountainမှ သဘာဝအတိုင်း စီမံထားသော ရေပန်း ထုတ်မှုကို ကြည့်ရှုကြသည်။

ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်

Photo
KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ်ပါတယ် မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြ တယ်။ 

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

Photo: ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား
Sunday, June 30, 2013

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ
သိရသည်။
ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး
နေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်
ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊
ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး
ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောသည်။
"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။
ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာ
ကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

ဖိုးလပြည့်

Popular Myanmar
ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသ ခံများ ထံမှ သိရသည်။

အေးရှားဝေါ(လ် )ကုမ္ပဏီနှင့်ဒေသခံ များမြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေ

Photo: အေးရှားဝေါ(လ်)ကုမ္ပဏီနှင့်ဒေသခံများမြေယာပိုင်ဆိုင်မှုအငြင်းပွားနေ
Sunday, June 30, 2013

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံများနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခါးသျှီးကျေးရွာတွင် ယခင်နှစ်ပေါင်းများစွာမှ နေထိုင်ကြသော လီဆူးတိုင်းရင်းသားများ ရွှေ့ပြောင်းလုပ်သားများမှာ ၀မ်းစာအတွက် တောင်ယာစိုက်ခြင်း၊ ထင်းခုတ်၊ မျှစ်ချိုး၊ ၀ါးတိုက်၊ ပြောင်းစိုက်ခြင်းနှင့် လမ်းခင်းကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရာ အေးရှားဝေါ(လ်) ကုပ္မဏီမှ ဒေသခံတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော မြေဧက နှစ်ရာကျော်ကို ၎င်းတို့ ကုပ္မဏီပိုင်မြေအဖြစ် သတ်မှတ်ပြီး ဇွန်လ ၂၄ရက်နေ့ နံနက်ဆယ်နာရီခွဲ အချိန်တွင် တာဝန်ခံ ဦးမောင်မောင်လတ်မှ ဦးစီး၍ အလုပ်သမား (၁၅)ဦးခန့်နှင့် ကွန်ကရစ်တိုင်ဖြင့် ခြံစည်းရိုးများ ကာရံခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ခါးသျှီးရွာသားများက ပြောကြသည်။

“ကျနော်သိတာ အရင်ပိုင်ရှင်တရုတ်ကသူ့ခြံကို အေးရှားဝေါ(လ်)ကို ရောင်းလိုက်တာ အဲဒါ ဒီနေရာတွေမပါဘူး။ အခု
သူ့နေရာလို့ပြောပြီး ခြံတွေခတ်နေတယ်”ဟု ဒေသခံရွာမှ ပြည်သူ့စစ် လီဆူးတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။

ယင်းနေရာတွင် ပုံစံ ၁၀၅ဖြင့် နေထိုင်သူ ဒေသခံ ဦးမင်းနိုင်က “ကျနော်မှာ ပုံစံ (၁၀၅)ရှိတယ် ဒါပေမယ့် ရှိလဲသူတို့က ခြံစည်းရိုးတောင် လာခတ်သွားပြီ။ လျော်ကြေးပေးတာတို့ ၊ အစားပြန်ပေးတာတို့လည်း မရှိဘူး။ ခြံစည်းရိုး လာခတ်တော့လည်း မြေတိုင်းတာတို့ စာရွက်စာတမ်းတွေကို စစ်တာတို့လည်း မရှိဘူး။ မြေစာရင်းရုံးတို့ မြို့နယ်က တာဝန်ရှိသူတွေ လည်းမပါဘူး၊ ရွာသူကြီး တောင်မပါဘူး။ ဘာလို့သိမ်းလို့ သိမ်းမှန်းကို မသိတာ။ ကျနော်တို့က စာမတတ်တော့ သူတို့လုပ်ချင်သလို လုပ်နေတာ။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ ကုပ္မဏီက မြေတွေကို သူတို့သိမ်းချင်တိုင်း သိမ်းလို့ ရတယ်လို့ ထင်နေလားမသိဘူး။ သူတို့ဘက်က တစ်ခုခုမလုပ်ပေးဘဲ ဒီနေရာကနေ ဘာဖြစ်ဖြစ် လုံးဝမရွှေ့ပေးနိုင်ဘူး။ အခုကျွန်တော်တို့မြို့နယ် ထွေအုပ်ရုံးကိုသွားပြီး စာတင်ဖို့ လုပ်နေတယ်”ဟု ပြောကြားသည်။

ယခင်ကလည်း အေးရှားဝေါ(လ်)တာဝန်ခံ ဦးမောင်မောင်လတ်မှ ၂၀၁၃ခုနှစ်၊ (၁)လပိုင်းက ၎င်းတို့လမ်းခင်းကျောက် ထုတ်လုပ်လျှက်ရှိသော ပတ်ဝန်းကျင်ဒေသတွင် နေထိုင်သူ အိမ်ထောင်စုများအား ပုံစံ (၁၀၅)နှင့် အရောင်းအ၀ယ် စာချုပ်များကို တောင်းသဖြင့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများမှ မိတ္တူကူးပြီး၊ တာဝန်ခံထံ သွားရောက် ပေးခဲ့ရသည်ဟု သိရသည်။

ယင်းမြေယာကိစ္စအား လားရှိုး အေးရှားဝေါ(လ်)ရုံးနှင့် တာဝန်ခံ ဗိုလ်ကြီးထွန်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်
လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံ များနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး

Photo: အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး
Sunday, June 30, 2013

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

ကာကွယ်ရေးဌာနက ၀န်ထမ်းထောင်ပေါင်းများစွာနဲ့ အင်ဒို-တိဘက်တန် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့၊ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကိုင်တွယ်ရေး တပ်ဖွဲ့ (NDRF) တို့ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၄ နာရီပတ်လုံး မနားမနေ လုပ်ဆောင်နေကြရပါတယ်။

ဟိမ၀န္တာတောင်တန်းတွေမှာ ဘုရားဖူးရောက်နေကြတဲ့ ဟိန္ဒူဘုရားဖူးတွေ၊ နိုင်ငံသွား ခရီးသွားတွေ အပါအ၀င် ဒုက္ခရောက် နေသူ အများအပြားကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း တစ်သိန်းငါးထောင်ကို ကယ်ဆယ် ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယရဲ့အရှည်လျားဆုံး ဂင်္ဂါမြစ်ဝှမ်းက နေအိမ်တွေ၊ တိုက်ခန်းတွေ လည်း ရေထဲပြိုကျကုန်ပြီး ကားတွေ၊ ထရပ်ကားတွေ ပါ ရေနဲ့မျောပါ သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

VOA
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက် လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီ က ပြောပါတယ်။

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်

Photo: မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်
Sunday, June 30, 2013

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော် ရေးလုပ်ငန်းများတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဆယ်စုနှစ် ငါးနှစ် အတွင်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်း ရှိနေ သည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်၍ အဆင်ပြေ သင့်မြတ် လာသည့် အတွက်ကြောင့် ထိုကဏ္ဍများအပေါ်တွင် စိတ်ဝင်စားမှုများ ပို၍ပင် ရှိလာခဲ့သည်။ မြန်မာအစိုးရသစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ကွက် ၁၀ ခုအတွက် သဘောတူညီမှုများကို ယခုနှစ်တွင်ပင် ထပ်၍ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် လုပ်ကွက် ၂၃ ခုအတွက်လည်း ကမ်းလှမ်းထားသေးသည်။ ထိုမျှမက အစိုးရသစ်က သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် မြေများကိုလည်း ကမ်းလှမ်းပေးအပ်ခဲ့သေးသည်၊ အချို့ သူများက တယ်လီကွန် ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ အပေါ်တွင် စိတ်ဝင်စားမှု ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ထုတ်ယူရောင်းချ သည့် လုပ်ငန်းသည်သာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုအဖြစ် ပိုမြင်နေကြသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် အာရှကျားနိုင်ငံများက သဘာဝ သယံဇာတ ရှားပါးကြပြီး ပြည်ပပို့ကုန် တိုးတက် ဖြစ်ထွန်းလာစေရေး အပေါ်သာ မှီခိုအားထားခဲ့ကြရသည်။ သူတို့ဆီကို လာရောက်ကြသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း လူသုံးကုန် ထုတ်လုပ်ရေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး သဘာဝ သယံဇာတအတွက် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့က လုံးဝ မတူခြားနားသည့် နိုင်ငံတကာ အခင်းအကျင်း အနေအထားတခုတွင် ရှင်သန်ဖွံ့ဖြိုးလာခဲ့ရသူများ ဖြစ် သည်။ နိုင်ငံရပ်ခြား တင်ပို့ရန် ပြိုင်ဆိုင်မှု နည်းပါးနေသေးသော အခြေအနေတွင် ဖွံ့ဖြိုး လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထုတ်ကုန်များကို စားသုံးမှု အလွန်မြင့်မား သည့် အနောက်နိုင်ငံများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ သက်ရောက် ရိုက်ခတ်မှုများကို ယခုလောလောဆယ်တွင် ရင်ဆိုင်နေရသည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အခြေခံထွက်ကုန်များ အားထားမှီခို တင်ပို့နေကြရသည့် နိုင်ငံ များ ဖြစ်သောကြောင့် အာရှကျားနိုင်ငံများထက် ဖွံ့ဖြိုးမှုနှေးကွေးရန် အကြောင်း ရှိနေပါသည်။ တဖက်တွင်လည်း နိုင်ငံ့စီးပွားရေး၏ အခြားကဏ္ဍများတွင် တန်းတူညီမျှမှု မရှိသော ရင်းနှီးမြှုပ်နှံမှု ကို ဖြစ်ပေါ်စေသည်။ ဤသို့သော အခြေအနေမျိုးကို ဒတ်ခ်ျရောဂါ (Dutch disease) ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤကဲ့ သို့သော ရောဂါ မျိုးကို ခံစားနေရပြီဖြစ်၍ လာမည့်နှစ်များတွင်လည်း နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခက်အခဲ အဟန့်အတားများ ရှိနေစေဦးမည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပြည်ပ တင်ပို့ရောင်းချမှုမှ ရရှိလာသည့်ငွေကြောင့် နိုင်ငံ ၏ ငွေကြေး ကျပ်တန်ဖိုးကို မြင့်တက်လာစေသည်။ ၂၀၀၇ ခုနှစ်တွင် တဒေါ်လာလျှင် ၁၄၀၀ ကျပ်မှ၊ ၂၀၁၁ ခုနှစ်တွင် ၇၀၀ ကျပ်အောက် ကျဆင်းခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိက အခက်အခဲတခု ဖြစ်စေသည်။ ဤသို့ ကျပ်ငွေဈေး ဆက်လက် မြင့်တက်နေမှု အတွက်ကြောင့် (တဖက်တွင်လည်း အထွေထွေလုပ်ငန်း စရိတ်စကများ မြင့်မားနေခြင်း၊ အခြေခံ အဆောက်အဦ ညံ့ဖျင်းခြင်း၊ ပြိုင်ဆိုင်မှု အားကောင်းသည့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် နိုင်ငံတကာဝန်းကျင် အခြေအနေရှိနေခြင်း အတွက်ကြောင့်) မြန်မာနိုင်ငံ လူသုံးကုန်ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျန်သည့် ကျားနိုင်ငံများကို အတုယူ လုပ်ဆောင်နိုင်ရန် ခက်ခဲစေပါလိမ့်မည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျှက် ရှိသည်

ဤအချက်မှာ ခက်ခဲရှုပ်ထွေးလှသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ မလိုအပ်သော နေရာများသို့သာ အများဆုံး ၀င်ရောက်လာကြလိမ့်မည်။ လိုအပ်မှု အနည်းဆုံး ကဏ္ဍများ၌ အများဆုံး ရောက်လာနေကြခြင်းဖြစ်ပြီး ပြောရလျှင် သဘာဝ သယံဇာတများ ထုတ်လုပ်ကြရန် လာရောက် ရင်းနှီးမြှုပ်နှံနေခြင်းပင် ဖြစ်သည်။ ဤသို့သော ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှကိုသာ ဖြစ်စေပါသည်။ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိမ့်မည် မဟုတ်ပါ။ အဓိကအကျိုးရှိစေမည့်သူမှာ အစိုးရဖြစ်ပြီး အစိုးရအတွက် ၀င်ငွေများ ရရှိလာစေမည်။ သို့သော်လည်း အခြားနိုင်ငံ အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အစိုးရကလည်း သဘာဝ သယံဇာတများမှ ရလာမည့် ၀င်ငွေကို တိုင်းပြည် ကုန်ထုတ်လုပ်ရေး တိုးတက်ကောင်းမွန်စေသည့် အရင်းမြစ်များကို ထုတ်လုပ်မှုဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု အဖြစ်သို့ ပြန်လည် ပြောင်းလဲနိုင်စွမ်း မရှိကြပါ။

ဤအခြေအနေအစား နေပြည်တော်ရှိ လူအများစု လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် စီးပွားရေးအလိုလို တိုးတက်လာမည်” ဟူ၍ ဖြစ်သည်။ ဤအရင်းအနှီးများ အပေါ်တွင် လူများစုက လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို တန်းတူထား” မြင်နေကြသည်။ ဤအချက်မှာ မမှန်ကန်ပါ။ မတူကွဲပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးစနစ်အပေါ် မတူကွဲပြားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နည်းပညာနှင့် လုပ်နည်းကိုင်နည်းများ ဆောင်ကျဉ်းလာသည့်၊ လွှဲပြောင်းပေးလာမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးဖြစ်ထွန်းစေသော်လည်း သဘာဝ သယံဇာတများ အတွက် လာရောက်ကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်ရှိစေသည်။

အကြောင်းမှာ ပြန်လည် ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းစားခြင်းမှ ရလာသည့် ၀င်ငွေ ဖြစ်သောကြောင့်ပင်။ အစိုးရက ရရှိလာသည့် ငွေကြေးများကို ကုန်ထုတ်လုပ်မှု တိုးတက်စေသည့် အပေါ်တွင် ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမည့် ကဏ္ဍများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိသေးသည့် ကာလတွင် ဤသို့သော ပိုင်ဆိုင်မှု သယံဇာတများကို မည်သည့် အတွက်ကြောင့် အလျင်စလို ရောင်းချလိုကြရပါသနည်း။

မြန်မာနိုင်ငံသည် မကြာသေးမီက သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီးက ချမှတ်သော လမ်းညွန် သတ်မှတ်ချက်များကို သဘောတူလိုက်နာရန် ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ သဘောတူ လိုက်နာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် အထောက်အကူ ဖြစ်စေပြီး သဘာဝရင်းမြစ်များမှ ရရှိလာသည့် ထိုဝင်ငွေများကိုလည်း ပြည်သူအများ သိရှိအောင် စာရင်းဇယားများ ထားရှိလာစေမည် ဖြစ်သည်။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတို့ရှိလျှင် တိုင်းပြည်၏ စီးပွားရေးဟန်ချက် မညီလည်း အလုပ်ဖြစ်နိုင်သည်ဟု ပုံသေကားကျ ပြောမရပါ။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံဓနဥစ္စာ ကြွယ်ဝမှု ရန်ပုံငွေ (Sovereign wealth fund) တို့မှာ နိုင်ငံတခု၏ မျှတညီညွတ်သည့် စီးပွားရေးစနစ်အတွက် အစားထိုးနိုင်မည့် နည်းလမ်းများ မဟုတ်ကြပါ။ ဤသို့ သဘာဝ သယံဇာတ ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလျင်စလို အလုံးအရင်း မရောက်ရှိလာသေးသည့်တိုင် ပို၍ ကောင်းမွန်သည့် အခြေအနေတရပ် ဖန်တီးနိုင်ပါသေးသည်။

မြန်မာနိုင်ငံ၏ ပြဿနာမှာ အရင်းအနှီး မရှိခြင်းပင် ဖြစ်သည်

ဟုတ်ပါသည်။ သို့သော် အခြေခံ ပြဿနာမှာ အရင်းအနှီးမရှိ၊ ချို့တဲ့နေမှု မဟုတ်ပေ။ သို့သော် ရှိသည့် အရင်းအနှီးကို ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ထိထိရောက်ရောက် အသုံးမချနိုင်သည့် စီးပွားရေးစနစ်သာ အဓိက ပြဿနာ ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်မြေဈေးများ အဆမတန် တက်နေခြင်းမှာ မြန်မာနိုင်ငံ၏ လူကုံထံ လူနည်းစုတွင် သိသာထင်ရှားသည့် ငွေကြေးရင်းမြစ်များ မတန်တဆ ရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မြို့လယ်ခေါင်ရှိ မြေ ၁ ဧက ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်းကျော် ရှိနေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြေဈေးထက်ပင် များပြားနေပါသည်။ ဤသို့ ဈေးနှုန်းမြင့်နေစေသည့် အခြား အကြောင်းအချက်များလည်း ရှိနေပါသေးသည်။ အဓိက အကြောင်းအချက်တခုမှာ တခြား ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာမရှိခြင်းပင် ဖြစ်ပါသည်။ ဘဏ်များအပေါ် ယုံကြည်မှု မရှိကြဘဲ ငွေကြေးများကို နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းရန်လည်း ခက်ခဲလှသည်။ သို့အတွက်ကြောင့် လူအများက သူတို့ ပိုင်ဆိုင်မှုများကို မရွှေ့ပြောင်းနိုင်သည့် အိမ်ခြံမြေ၊ ရွှေနှင့် ကျောက်မျက်များဖြင့် စုဆောင်း သိုမှီးထားကြခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် နိုင်ငံ၏ ကျေးလက်ဒေသများ၌ ချေးငွေရရှိရန် ခက်ခဲနေကြပြန်သည်။ အပေါင်ထားစရာ ပစ္စည်း မရှိသူများက တရားမ၀င် ငွေချေးသည့် နေရာများမှ ချေးငွေရယူရန် ကြိုးပမ်းနေကြရပြီး တလလျှင် ၁၀ ရာခိုင်နှုန်းမျှ အတိုးပေးနေကြရပါသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကလည်း လယ်သမားများကို စိုက်ပျိုးရေးစားရိတ် လိုအပ်ချက်၏ သုံးပုံတပုံမျှကိုသာ ထုတ်ချေးပေးနိုင်သည်။ ပုဂ္ဂလိက ဘဏ်များအနေဖြင့် လယ်သမားများကို ငွေမထုတ်ချေးရန် တားမြစ်ထားသည်။ ဤသည်မှာ ယခင် ဆိုရှယ်လစ် အစိုးရ လက်ထက်မှနေ၍ အမွေဆက်ခံ ကြွင်းကျန်နေရစ်သည့် မလိုအပ်တော့သော ဥပဒေတခုလည်း ဖြစ်သည်။ ဤစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ အရင်းအနှီးများသည် ကျေးလက်ဒေသသို့ မရောက်ရှိတော့ခြင်း ဖြစ်သည်။ ပိုက်ဆံငွေကြေးများ ပိုရလာခြင်းကြောင့်လည်း ဤပြဿနာကို ဖြေရှင်းနိုင်ဖွယ် မမြင်ပါ။

မြန်မာ့စီးပွာရေး ပြဿနာများ၏ လက်သည်တရားခံမှာ အရေးယူ ပိတ်ဆိုမှုများ ဖြစ်သည်

သေချာ လေ့လာကြည့်မည်ဆိုပါက မဟုတ်ပါ။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည်။ သို့သော်လည်း ပုဂ္ဂလိကဏ္ဍအတွက် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာ မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြောဆိုကြည့်ရာ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ရင်ဆိုင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ လျှပ်စစ် ထောက်ပံ့ပေးမှု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုများပင် ဖြစ်ပြီး ဤအကြောင်းအချက်များ အားလုံးမှာ အစိုးရ၏ ထိန်းချုပ်နိုင်မှုအတွင်း ရှိပါသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ နောက်ထပ် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စု ငွေကြေးဝန်ဆောင်မှုများ ပိတ်ပင်ထားမှု (U.S. Financial services ban) ကြောင့် အပိုကုန်ကျစားရိတ်များ ဖြစ်ပေါ်စေပြီး အမေရိကန်သို့ ပြည်ပပို့ကုန် ဈေးကွက် ပျောက်ဆုံးသွားစေသည်။ အခြားသော ပြဿနာများတွင် ညံ့ဖျင်းသည့် အခြေခံအဆောက်အဦ၊ အစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အတင်းအကျပ်သဘော စိတ်ထင်လျှင် ထင်သလို ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း၊ သမာသမတ်ကျ ဘက်လိုက်မှုကင်းသည့် မျှတဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ် ရှိမနေခြင်း၊ စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် ကုန်ကျစားရိတ် မြင့်မားလာစေပါသည်။ ကုမ္ပဏီကြီး အများစုအဖို့ကား ဒဏ် ခတ်ပိတ်ဆို့မှု ဆိုသည်မှာ သူတို့စီးပွားရေး လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အငယ်စား အခက်အခဲ တခုသာ ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မူလက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ်သာ ရှုမြင်ထားခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါတွင် မထိရောက် အသုံးမ၀င်တော့ပါ။ သို့သော်လည်း ၎င်းအသုံးဝင်သည့် အခန်းကဏ္ဍကို ဖော်ပြလာကြပါသည်။ ဒဏ်ခတ်အရေးယူမှုက ပစ်မှတ်ထားနေသည့် အကြီးမားဆုံးနှင့် ဆက်သွယ်မှု အကောင်းဆုံး ကုမ္ပဏီကြီးများမှာ ဤအရေးယူမှုကို ကျော်လွှားလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာ အဆက်အသွယ်များ ရှိနေကြပါသည်။

ဤသို့ အရင်းမြစ်များ မရှိကြသည့် အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (SMEs) မှာ ဒဏ်ခတ်ပိတ်ဆို့မှု ၏ နောက်ဆက်တွဲကို ခံကြရပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြ ပါသည်။ ဒဏ်ခတ်အရေးယူမှုသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက် ထိန်းသိမ်းထားခြင်းအားဖြင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကြရန် အထောက်အကူ ဖြစ်စေမည် မဟုတ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ရန်ပင် ရှိပါသည်။

(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန် ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)
ဧရာဝတီ
ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ကော့သောင်း ရှိ ပင်လယ် ကျွန်းများ တွင် နိုင်ငံခြား ခရီးသွား များ အပန်းဖြေ လေ့ လာခြင်းမှ အမေရိ ကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ

Photo: ကော့သောင်းရှိ ပင်လယ်ကျွန်းများတွင် နိုင်ငံခြား ခရီးသွားများ အပန်းဖြေ လေ့ လာခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ
Sunday, June 30, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကို လေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

"ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကိုသွားရင် တစ်ဦးကို ဒေါ်လာ ၁၀၀ ကောက်တယ်။ မြိတ်ကကျွန်းတွေကိုသွားရင် ဒေါ်လာ ၁၅၀ ကောက်တယ်။ လေးညအိပ် ငါးရက်ခွင့်ပြုပေးတယ်။ ကိုယ့်နိုင်ငံက စက်တပ်ရွက်လှေစီးရင် ကော့သောင်းကျွန်းတွေအတွက် ဒေါ်လာ ၅၀၊ မြိတ်ကကျွန်းတွေအတွက် ဒေါ်လာ ၈၀ ပေးရတယ်။ နိုင်ငံခြားက စက်တပ်ရွက်လှေတွေကျတော့ သတ်မှတ်ရက်ပိုရင် တစ်ရက်ကို ဒေါ်လာ ၂၀ ပေးရတယ်" လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တိုင်းတာဝန်ခံ ဦးကျော်သန်းဝင်းက ဆိုသည်။

ဧည့်သည်များသည် ကျွန်းများရှိ သဘာဝ ဂေဟစနစ် လေ့ လာခြင်း၊ ရေငုပ်ခြင်း များနှင့် ဆလုံ လူမျိုးများ၏ သဘာဝအတိုင်း နေထိုင်စားသောက်ခြင်းများကို စိတ်ဝင်စားသည်ဟု ဆိုသည်။ ထင်ရှားကျော်ကြားသော ကျွန်းများမှာ ရေအောက်တွင် လှိုဏ်ဂူရှိသော အောက်ကျွန်းနီကျွန်း၊ တောင်တော်ဝင်ကျွန်းနှင့် မြောက်တော်ဝင်ကျွန်း၊ ငါးမန်းလှိုဏ်ဂူဟု တင်စားခေါ်ဝေါ်သော ကျောက်တောင် ငယ်၊ လေးကိုင်းသဏ္ဌာန် ကွေးညွတ်နေသော လေးကျွန်း၊ ရေပြင်ပေါ်တွင် လှိုဏ်ဂူ၊ လှိုဏ်ခေါင်းငယ်များရှိ၍ ပဲ့တင်သံကြားရသော မျှော် စင်ကျောက်တောင်၊ လှေလှော်ခြင်း၊ ရေကူးခြင်းနှင့် ဂေဟစနစ်များ လေ့လာနိုင်သော ညောင်ဝီးကျွန်း၊ ၁၁၅ ကျွန်း၊ ကျွန်းဖီလာ၊ လှိုင်းကြီးအော်၊ အရှေ့စူလာ၊ စူလာခမောက် စသောကျွန်းများရှိကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားခွင့်မပြုသော ကျွန်းများမှာ သံကျွန်း၊ ဇာဒက်ကြီးတစ်ဝိုက်၊ ခရစ္စတီးကျွန်း၊ ဂျလန်းကျွန်း၊ ကျွန်းမဲကြီးကျွန်း၊ ပြင်စဘုကျွန်း၊ အနောက်စူလာ၊ တနင်္သာရီကျွန်းစု၊ မြိတ်ကျွန်းစုငယ် (ကျွန်းစုတစ်ဝိုက်)၊ သရောသဏ္ဌာန်ကြီးကျွန်း၊ ရွှေကျွန်းကြီး၊ ရွှေကျွန်းငယ်၊ ပလော်ကာကျွန်းတို့ ဖြစ်ကြောင်းကို ခရီးသွား မှတ်တမ်းများအရ သိရသည်။

ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်
EMG
ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွား ဧည့် သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကိုလေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

မိုးရွာသွန်း လျှင် ရန်ကုန်မြို့ အတွင်းရှိ လမ်းမ များပေါ် တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်း ခရီး သွား လာမှု အခက် အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူ များ ပြောကြား

Photo: မိုးရွာသွန်းလျှင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်းခရီး သွားလာမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူများ ပြောကြား
Sunday, June 30, 2013

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးတွင်းကာလတွင် မိနစ်အနည်းငယ် မျှ မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိနေပြီး ယင်းကဲ့သို့ ရေလျှံမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့မှုများ ဖြစ်ပေါ်ပြီး ခရီးသွားလာသူ ပြည်သူများ ကြန့်ကြာမှုများနှင့် အခြားစီးပွားရေး လုပ်ကိုင်သူများ လုပ်ငန်းဝင်ငွေများ လျော့ကျကြောင်းကို ၎င်းတို့ပြောပြချက်အရ သိရသည်။

တာမွေမြို့နယ်၊ ၁၅၃ လမ်းတွင် နေထိုင်သူ ကိုမြတ်သူက "မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော်များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ်။ အဲ့လိုနေ့တွေဆို ကားတွေလည်းပိတ်ပြီ။ ဒီလိုနေ့တွေနဲ့ ကြုံရပေါင်းလည်း များနေပါပြီ" ဟု ပြောကြားသည်။

အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်လင်းထွန်းကလည်း "မိုးသဲသဲမဲမဲ ရွာတဲ့အချိန်က သိပ်မကြာဘူး။ ဒါပေမဲ့ လမ်းပေါ်မှာ ရေတွေက လျှံနေပြီ။ ရေမြောင်းစနစ်တွေ ပိတ်ဆို့နေတာတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဒီလိုရေလျှံတဲ့ နေ့တွေနဲ့ ကြုံရင်တော့ ၀င်ငွေသိသိသာသာ ကို လျော့ပါတယ်" ဟု ပြောကြားသည်။
မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော် များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ် . . . . .

တာမွေဈေးတွင်ဈေး ရောင်းချသူ တစ်ဦးကလည်း ရေလျှံသည့်နေ့တွင် အရောင်းအ၀ယ် မကောင်းကြောင်းကို "ကျွန်မက ဒီတာမွေဈေးမှာပဲ ဈေးရောင်းတာ သုံးနှစ်ကျော် ရှိပါပြီ။ လမ်းပေါ်ရေလျှံတဲ့နေ့က အရမ်းစိတ်ညစ်တဲ့ နေ့ပဲ။ ကိုယ်တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ။ ဈေးရောင်းမကောင်းတော့ မိသားစု စားဝတ်နေရေး ခက်ခဲတာပေါ့" ဟု ပြောကြားခဲ့သည်။

မိုးရွာသွန်းစဉ် ရေလျှံမှု အချိန်အကြာဆုံးဖြစ်သည့် နေရာများမှာ တာမွေမြို့နယ်တွင် တာမွေဈေးတစ်ဝိုက်၊ မင်္ဂလာဈေးတစ်ဝိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကန်တော်လေး စာတိုက်အနီးတစ်ဝိုက်၊ ပန်းဘဲတန်းမြို့နယ်တွင် အနော်ရထာလမ်းတစ်လျှောက်၊ အလုံမြို့နယ်တွင် ကမ်းနားလမ်းတစ်လျှောက် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မိုးရွာစဉ် လမ်းမပေါ်တွင် ရေလျှံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဖြစ်သူ ဦးမျိုးလွင်က "ရေလျှံရခြင်းရဲ့အဓိက အချက်ကတော့ ရန်ကုန်မြို့မှာ လူဦးရေ များလာနဲ့အမျှ အမှိုက်တွေကို စည်းကမ်းတကျ မစွန့်ပစ်ကြတာကြောင့် ရေနုတ်မြောင်းတွေ ပိတ်ဆို့ပြီး မိုးရွာသွန်းတဲ့အခါ မြောင်းထဲကရေတွေက ဆက်ပြီးမစီးဆင်း နိုင်တော့တာကြောင့် လမ်းမပေါ်ရေတွေက လျှံလာရတာပါ" ဟု ဇွန် ၂၉ ရက် ညနေပိုင်းက သုံးသပ်ပြောကြားခဲ့သည်။

တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
EMG
တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) စတင်ဖွဲ့စည်း

မြန်မာနိုင်ငံဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို ဇွန် ၂၉ ရက်က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ လအလိုက် ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း စက်သုံးဆီ ကုန်သွယ်မှု လျော့ကျ

Photo: မြ၀တီနယ်စပ်မှ လအလိုက် ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း စက်သုံးဆီ ကုန်သွယ်မှု လျော့ကျ
Sunday, June 30, 2013

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ် စခန်းမှ လအလိုက် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သော်လည်း စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်း အများစု တင်သွင်းမှုတွင် ယခင်လကထက် လျော့ကျခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရသည်။

၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလအတွင်း၌ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုမှာ ၄၁၆ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၄၇၆ သန်း တင်သွင်းခဲ့သော်လည်း ဒုတိယလဖြစ်သော မေလတွင် ၂၁၂ ဒသမ ၃၄၈ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၃၄)သန်းဖိုးသာ တင်သွင်းနိုင်ခဲ့၍ ပထမလထက် (၂၀၃ ဒသမ ၆၅၂ တန်)၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၂၃)သန်း လျော့ကျခဲ့ပြီး တတိယလဖြစ်သော ဇွန်လတွင် ပိုမိုလျော့ကျလာဖွယ် ရှိသည်ဟု ဆိုသည်။
လူသုံးကုန် ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ . . . . .

မြ၀တီနယ်စပ်မှ စက်သုံးဆီများ တင်သွင်းမှုတွင် ဇုန်ရှောင်ကွင်းလမ်းများမှတစ်ဆင့် ဒေသသုံးထက် ကျော်လွန်ကာ ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု များပြားနေခြင်းကြောင့်လည်း တရားဝင် တင်သွင်းနေသည့် လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မှု မရှိ၍ သွင်းကုန်ကုန်သွယ်မှုတွင် လျော့ကျခဲ့ဖွယ် ရှိသည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်ကြသည်။

မြ၀တီနယ်စပ်မြို့ရှိ စက်သုံးဆီ လုပ်ငန်းရှင်များ အနေဖြင့် ဓါတ်ဆီ၊ ဒီဇယ်တင်သွင်းမှုတွင် ချစ်ကြည်ရေးတံတား၏ ခံနိုင်ဝန်ကြောင့် တံတားပေါ်မှ တင်သွင်းခွင့် မပြုဘဲ သောင်ရင်းမြစ်ဖြတ် ပိုက်လိုင်းများကို အသုံးပြုကာ သွယ်ယူတင်သွင်းနေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။

မြ၀တီ နယ်စပ်မှ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများဖြစ်သော မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ ဘိလပ်မြေ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးနှင့် အပိုပစ္စည်းများ၊ တင်သွင်းမှုတွင် ဧပြီလကထက် (၁ ဒသမ ၀၂၉)ဒေါ်လာ သန်း လျော့ကျခဲ့ကြောင်း။ လူသုံးကုန်ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

EMG

မြ၀တီ နယ်စပ်သို့ တင်သွင်းလာသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များအား တွေ့ရစဉ်
မြ၀တီ နယ်စပ်သို့ တင်သွင်းလာသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များအား တွေ့ရစဉ်
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများ ဆုံးဖြစ်သော မြ၀တီ နယ်စပ် စခန်းမှ လအလိုက် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သော်လည်း စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်း အများစု တင်သွင်းမှုတွင် ယခင်လကထက် လျော့ကျခဲ့ကြောင်း မြ၀တီနယ်စပ် ကုန် သွယ်ရေး စခန်းမှ သိရသည်။

Saturday, June 29, 2013

မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်

Photo: မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်

မန္တလေး-ဇွန်၂၉

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ
ဝန်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား)
ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား
TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း
Mandalay City Development Committeeမှသိရသည်။
Photo: မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင် မန္တလေး-ဇွန်၂၉ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ ၀န်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား) ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း Mandalay City Development Committeeမှသိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ ၀န်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား)ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအားTOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်းMandalay City Development Committeeမှသိရသည်။

မြန်မာနိုဘယ်ကောလိပ် ( MNC )၏ ပညာရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြန်မာနိုဘယ်ကောလိပ် ( MNC )၏ ပညာရေးဆွေးနွေးပွဲကို ယနေ့နံနက် တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့် မှ နှုတ်ခွန်းဆက် စကားပြောကြားပေးပြီး အင်္ဂလန် Edexcel ပညာရေးအစီအစဉ် များကို Regional Bussiness Manager Ms . Boon Teen မှ ရှင်းလင်းပြောကြားခဲ့သည်။

သုတလင်း

အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်

Photo: အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်
Saturday, 29 June 2013 

အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီး
ထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာ
ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုး
ရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတနှစ်ဦးအကြား နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ သမ္မတဇူးမားက နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံ
မှာဖြစ်ပါတယ်။ ဒီနေ့မှာပဲ မစ္စတာ အိုဘားမားဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုတွေအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ Johannesburg မြို့က Soweto အရပ်မှာလည်း လူထုနဲ့ တွေ့ဆုံပွဲတရပ် လုပ်သွားဖို့လည်း ရှိပါတယ်။

သောကြာနေ့ညနေပိုင်း တောင်အာဖရိကနိုင်ငံကို ရောက်မလာခင်မှာတော့
 ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆက်ရှိနေတဲ့ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် Nelson Mandela ကို မစ္စတာ အိုဘားမား သွားရောက်ကြည့်ရှုနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ နည်းသွားခဲ့ပါတယ်။ မစ္စတာမန်ဒဲလား ကျန်းမာရေးနဲ့ ပတ်သက်လို့ မိသားစုတွေ စိုးရိမ်နေရတဲ့ ခုလိုအချိန်မှာ သူ့ကို အနှောက်အယှက် မပေးချင်ဘူးလို့ ဆိုပြီး ဓာတ်ပုံအရိုက်
ခံဖို့တော့ သူမသွားချင်ဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။

VOA
အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီး ထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာ ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုးရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်

Photo: ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်
-------------------------------
ရန်ကုန်၊ ဇွန်-၂၄

ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များ
ပါဝင်လာသည်။

မြန်မာ့ထိပ်တန်းစီးပွားရေး ဟိုတယ် (Myanmar's Leading Bussiness Hotel 2013) ဆုဆန်ခါတင်စာရင်းတွင် ချက်ထရီယမ်ဟို
တယ်၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)နှင့် ကုန်သည်ကြီးများဟိုတယ်တို့ပါဝင်သည်။

မြန်မာထိပ်တန်းဟိုတယ်ဆု ဆန်ခါတင်စာရင်း (Myanmar's Leading Hotel 2013) တွင် ချက်ထရီယမ်ဟိုတယ်၊ မန္တလေးရှိ The Red Canal Mandalay ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ Mandalay Hill Resort ၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)၊ The Governor's Residence, The Strand Hotel တို့ပါဝင်သည်။

မြန်မာထိပ်တန်းအပန်းဖြေ ဟိုတယ်ဆု (Myanmar's Leading Resort 2013) ဆန်ခါတင်စာရင်းတွင် မန္တလေးမှ The Red Canal ၊
အင်းလျားလိတ်ဟိုတယ်၊ Mandalay Hill Resort ၊ ငွေဆောင်ရှိ MyanmarTreasure Beach Resort ၊ ဆီဒိုးနားဟိုတယ်(မန္တလေး)နှင့် The Strand Hotel တို့ပါဝင်သည်။

အဆိုပါ ဆန်ခါတင်စာရင်းများကို ကမ္ဘာ့ခရီးသွားဆုရွေးချယ်ရေးအဖွဲ့က www.worldtravel-awards.com/nominess/2013/Myanmarwebsite တွင် တရားဝင်ဖော်ပြထားသည်။ ကမ္ဘာ့ခရီးသွားဆု ရွေးချယ်ခြင်းမှာ နှစ်ဆယ်ကြိမ်မြောက်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများက မဲပေးရွေးချယ်၍ နှစ်စဉ်ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များ ပါဝင်လာသည်။

မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်

Photo: မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်
-------------------------

ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရစစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများတွင် အောင်မြင်ခဲ့ကြောင်းသတင်းရရှိသည်။

ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ်တန်းမြင့်ဆန်တန်ချိန် ငါးထောင်တင်ပို့ရာတွင် ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ကောင်းခြင်း၊ စားသုံးမှုအရသာ ကောင်းခြင်း၊ ဓာတုဗေဒဓာတ်ကြွင်းကင်းစင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး
အသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

“အင်မတန်မှကျပ်တည်းတဲ့ ဂျပန်နိုင်ငံကို ပို့နိုင်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေစိတ်ပူစရာမလိုတော့ဘူး”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးချစ်ခိုင်ကပြောသည်။

အဆိုပါ ဆန်တန်ချိန်ငါးထောင်ကို ပြီးခဲ့သည့် မေလဆန်းမှစ၍ ပို့ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရအဖွဲ့ကအဆင့်ဆင့်စစ်ဆေးရာအောင်မြင်ခဲ့ခြင်း
ဖြစ်သည်ဟု သတင်းရရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာဆန်မျိုးများဖြစ်သော အင်းမရဲဘော်၊ မှော်ဘီ-၂နှင့် ဆင်းသွယ်လတ်တို့ ထပ်မံဝယ်ယူလိုကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဈေးနှုန်းမကိုက်ညီသဖြင့် ပြည်ပနိုင်ငံသို့ ပုံမှန်ကုန်သွယ်ရေကြောင်းမှ ဆန်တင်ပို့ခြင်းရပ်နားထားပြီး ဥရောပသမဂ္ဂနိုင်ငံများသို့
စတင်တင်ပို့နေသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ဒသမ ၄သန်းကျော်တင်ပို့နိုင်ခဲ့သည်။

ဓာတ်ပုံ- ရဲမင်းအောင်
ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရစစ်ဆေးရေးအဖွဲ့များ၏အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများ တွင် အောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ

Photo: ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ
Saturday, June 29, 2013

အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။

၂၀၁၀ နှစ်လယ်ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံနှင့်၂၀၁၁ ခုနှစ် (၄၈) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ၌ ၁ဒသမ ၇၃၅ ဘီလီယံ ရောင်းချခဲ့သည့် စံချိန်များကို ကျော်လွန် ရောင်းချ ရခဲ့ခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြပွဲတွင် ပုလဲ ၂၅၅ တွဲ ပြသခဲ့ပြီး ၂၅၂ တွဲ ရောင်းချ ရကြောင်း၊ ကျောက်မျက် အတွဲပေါင်း ၃၇၉ တွဲတွင် ၁၀၅ တွဲ ရောင်းချရကြောင်း အဆိုပါ အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။

ကျောက်စိမ်း အတွဲပေါင်း ၁၀,၀၀၃ တွဲတွင် ၉၆၅၇ တွဲကို တင်ဒါစနစ်နှင့် ရောင်းချရာ ၈၂၆၃ တွဲ ရောင်းချရပြီး ဈေးပြိုင် လေလံ စနစ်ဖြင့် ၃၄၆ တွဲ တင်ပြရောင်းချရာ ၂၂၈ တွဲ ရောင်းချရသောကြောင့် စုစုပေါင်း ကျောက်စိမ်း အတွဲပေါင်း ၈၄၉၁ တွဲ ရောင်းချခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီပွဲမှာ အရည်သွေးကောင်း ကျောက်တွေ အတော်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်က အရည်အသွေး အတော်ကောင်းပါတယ်” ဟု ကျောက်မျက်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

ကျောက်မျက်ပြပွဲ မကျင်းပသည်မှာ တစ်နှစ်ခွဲခန့် ကြာပြီ ဖြစ်သောကြောင့် ကျောက်ကုန်သည် အများအပြားက ဝယ်ယူကြပြီး ပြည်ပကျောက်မျက် လုပ်ငန်းရှင်များက ပိုမိုဝယ်ယူမှု များပြားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြိမ် (၅၀) မြောက်ရွှေရတု မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်၌ ပြသရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းပြပွဲတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ငွေလဲကောင်တာနှင့် ATM များကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ထားရှိ ပေးခဲ့သည်။

The Voice Weekly
အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။

စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး

Photo: စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး 
Saturday, June 29, 2013

အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား စဉ်းစား ဆုံးဖြတ်နိုင်ကြောင်း ရုရှား သမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ သူလျှိုလုပ်မှု နှစ်ခု အပါအဝင် ကြီးလေးသော ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စနိုဒန်သည် မော်စကိုမြို့ရှိ ရှက်ရီမီယေမို လေဆိပ်သို့ ဇွန် ၂၃ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီကွေဒေါ နိုင်ငံကလည်း စနိုဒန်၏နိုင်ငံရေး  ခိုလှုံခွင့် တောင်းခံမှုအား လက်ခံ ရရှိခဲ့ကြောင်း၊ သို့ရာတွင် ၄င်း၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း  အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်း၌ ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံက စနိုဒန်အား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်း ပေးရန် ရုရှား နိုင်ငံအား ဇွန် ၂၇ ရက်က ထပ်လောင်း တောင်းဆိုခဲ့ပြီး ၄င်းအား အီကွေဒေါ နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါက ၄င်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ အကြား ဆက်ဆံရေးအား ထိခိုက်စေ နိုင်သည်ဟု အမေရိကန် နိုင်ငံက သတိ ပေးခဲ့ကြောင်း သိရသည်။

 မြ၀တီ
အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ
Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းသားများမှ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ အားပေး စကားပြောကြား ရာတွင် ပညာတော် သင်များသည် တိုင်းပြည်အတွက် အကျိုးရှိစေရေး၊ မိမိ နိုင်ငံတွင် မရှိသေးသော ပညာရပ်များ၊ နည်းပညာများ ရရှိအောင် လေ့လာ ဆည်းပူးသွား ကြရန် လိုအပ်ကြောင်း၊ တိုင်းပြည်မှ ငွေကြေး၊ အချိန်အပြင် အင်အားများပါ ရင်းနှီးမြှုပ်နှံ ထားခြင်းသည် ရေရှည်နိုင်ငံတော် အတွက်ပင် ဖြစ်ကြောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် စည်းကမ်းရှိရန်၊ စနစ်တကျ နေထိုင်တတ်ရန် လိုအပ်ကြောင်း၊ တပ်မတော်၏ မူဝါဒ ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ်သွားရန် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား သင်တန်းသားများ အနေဖြင့် ပညာတတ်မြောက်အောင် ကြိုးစားရန်၊ ကျန်းမာရေး ကောင်းမွန်မှု ရှိ စေေ ရး နေထိုင်ဆောင်ရွက်ရန်၊ တပ်မ တော်နှင့် နိုင်ငံတော်ဂုဏ်သိက္ခာကို မြှင့်တင်ရန် စသည့်အချက်သုံးချက်ကို လိုက်နာသွားကြရန် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သင်တန်းသား ပညာတော် သင်များအား အနွေးထည်၊ စားသောက်ဖွယ်ရာ၊ ရွှေဖီဦး တီးမစ်ထုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
http://bit.ly/17rXCFp
မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

သန့်ရှင်းသော လေ လူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

Photo: သန့်ရှင်းသော လေ လူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပ
Saturday, June 29, 2013

တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ခေတ်ကာလ ကုန်ဆုံးခြင်း လှုပ်ရှားမှု အနေဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ သန့်ရှင်းသောလေ လူထု တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ကျောက်မီးသွေးမှ စွမ်းအင်ထုတ် လုပ် နေမှု ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုင်ရာများ ၊ လူမှုဘ၀ ပြဿနာများကို ရှင်းလင်း ပြောဆိုပြသခဲ့သည်။

ကျောက်မီးသွေးမှ စွမ်းအင် ထုတ်လုပ်မှုကြောင့် ထိခိုက်ပျက်စီး မှု ခံစားနေရသော ဒေသများ ရှိနေပြီး ထပ်မံ၍ အသစ်ဆောက်လုပ်ရန် စီစဉ်နေသော ကျောက်မီးသွေး စက်ရုံများကို ပြန်လည်သုံးသပ်ပေးရန် ပွဲတက်ရောက်လာသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လှုပ်ရှားသူများက ပြောဆိုခဲ့ကြသည်။

PN 029
Popular Myanmar News Journal

တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ခေတ်ကာလ ကုန်ဆုံးခြင်း လှုပ်ရှားမှု အနေဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ သန့်ရှင်းသောလေ လူထု တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဗဟိုဘဏ်တွင် ဒုဝန်ကြီးသုံးဦးခန့်အပ်မည်

ရန်ကုန်- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာရပ်တည်ခွင့်ပေးရန် ဖွဲ့စည်းပုံအသစ်အရ ဒုတိယ ၀န်ကြီးသုံးဦး ခန့်အပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။

ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်

Photo: ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်
Saturday, June 29, 2013

ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့
အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ်သစ်အဖြစ် မြန်မာနိုင်ငံ
ရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်
ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၁၄ ခုနှစ် ဆောင်းရာသီတွင် Sanctuary Ananda ကို စတင်ပြေးဆွဲရန် စီစဉ်ထားပြီး ရေးဆွဲပြင်ဆင်ထားသည့် ခရီးစဉ် စုစုပေါင်းမှာ ရှစ်ခု ဖြစ်သည်။ Sanctuary Ananda သင်္ဘောသည် ပုဂံနှင့် မန္တလေးအကြား သုံးည၊
လေးည၊ ခုနစ်ည ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းနှင့် ချင်းတွင်းမြစ်အတွင်း အတွေ့အကြုံ သစ်တစ်ရပ် အနေဖြင့် ကြည့်ရှုလေ့လာနိုင်မည့် ခုနစ်ည၊ ၁၀ ည၊ ၁၁ ည ခရီးစဉ်တို့ကို အသီးသီး ရေးဆွဲထားသည်။ ယင်းခရီးစဉ်အတွင်း ဗန်းမော်၊ ဟုမ္မလင်း၊ ပြည်မြို့များ ပါဝင်မည်ဟု သိရသည်။

ရန်ကုန်မြို့သို့ပါ သွားရောက်မည့် ခရီးစဉ်ကို တစ်နှစ်အတွင်း နှစ်ကြိမ်ထည့်သွင်း ရေးဆွဲထားသည်။

Sanctuary Ananda သည် နေ့စဉ်အတွက် ရေးဆွဲထားသည့် ခရီးစဉ်အတိုင်း ပြေးဆွဲရာတွင် မြန်မာနိုင်ငံတွင်းရှိ ကျေးရွာငယ်များမှ ခင်မင်ဖော်ရွေသော ဒေသခံများ၊ ရိုးရာလက်မှုများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ရှေးဟောင်းဗိသုကာ လက်ရာများ စသည်တို့ကို လေ့လာနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် ပါဝင်မည့် ဧည့်လမ်းညွှန်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကျွမ်းကျင် ဧည့်လမ်းညွှန်များဖြစ်ပြီး သင်္ဘောခရီးစဉ်အတွင်း နိုင်ငံတကာ အစားအသောက်များနှင့်အတူ မြန်မာတိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကိုပါ ထည့်သွင်းထားမည် ဖြစ်သည်။

Sanctuary Retreats သည် ၁၉၉၉ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ Sanctuary Olonana အမည်ဖြင့် တောလည်ခရီးစခန်း တစ်ခုကို ဖွင့်လှစ်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဇမ်ဘီယား၊ ဘော့စ်ဝါနာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါတို့တွင် တောတွင်းစခန်း ဧည့်ဂေဟာ ၁၂ ခုကို လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ ထို့အတူ ကမ္ဘာတစ်ဝန်းရှိ အလှပဆုံးသော မြစ်များအတွင်း လှည့်လည်ပို့ဆောင်သည့် ခရီးစဉ်များကို စီစဉ်နေပြီး ယင်းအနက် အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ တရုတ်နိုင်ငံမှ ယန်စီမြစ် ပါဝင်ကာ ယခုနှစ်တွင် ဧရာဝတီ၊ ချင်းတွင်း ခရီးစဉ်အား ထည့်သွင်းခြင်း
ဖြစ်သည်။

eleven media group
ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့ အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ် သစ်အဖြစ် မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

Photo: ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။
''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

မှတ်ပုံတင်ထားခြင်း မရှိသည့် သတင်း ဝက်ဘ်ဆိုက် ၃၁ ခုအား တရုတ် အစိုးရပိတ်ပင်

Photo: မှတ်ပုံတင်ထားခြင်း မရှိသည့် သတင်း ဝက်ဘ်ဆိုက် ၃၁ ခုအား တရုတ် အစိုးရပိတ်ပင် 
Friday, June 28, 2013

တရုတ်နိုင်ငံမှ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ဆောင်ရွက်သည့် သတင်းဝက်ဘ်ဆိုက် ၃၁ ခုအား အစိုးရက ပိတ်လိုက် ကြောင်းသိရသည်။ ၎င်းသတင်း ဝက်ဘ်ဆိုက်များသည် သတင်း အဖွဲ့အစည်း

တစ်ရပ်အနေဖြင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခြင်း၊ သတင်းမှားများ တည်းဖြတ်ခြင်းနှင့် ခြိမ်းခြောက် ငွေတောင်း ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အင်တာနက် သတင်း ထုတ်ပြန်ရေး ဌာနက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အင်တာနက် သတင်းထုတ်ပြန်ရေး ဌာန၏ စည်းမျဉ်း စည်းကမ်းများအရ ဝက်ဘ်ဆိုက် များသည်  ၎င်း၏ လုပ်ငန်းများ မလုပ် ဆောင်မီ အစိုးရထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

တရုတ်နိုင်ငံမှ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ဆောင်ရွက်သည့် သတင်းဝက်ဘ်ဆိုက် ၃၁ ခုအား အစိုးရက ပိတ်လိုက် ကြောင်းသိရသည်။ ၎င်းသတင်း ဝက်ဘ်ဆိုက်များသည် သတင်း အဖွဲ့အစည်း တစ်ရပ်အနေဖြင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခြင်း၊ သတင်းမှားများ တည်းဖြတ်ခြင်းနှင့် ခြိမ်းခြောက် ငွေတောင်း ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အင်တာနက် သတင်း ထုတ်ပြန်ရေး ဌာနက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။