Friday, September 6, 2013

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ

တစ်နှစ်ကြာသည်အထိ လာမထုတ်သော ကျပ်သိန်း ၁၅၀၀ ထီပေါက်သည့် ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ် စက်တင်ဘာလတွင် ပေါက်ခဲ့သည့် ထီနံပါတ်ဖြစ်ကာ တစ်နှစ်ကြာ ယခုလကုန်အထိ လာရောက် ထုတ်ယူ မှု မရှိပါက ယင်းငွေကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ်သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမ ကိုပြော သည်။

မြစ်ဆုံပြန်စရန် တရုတ် - အာဆီယံပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း

Photo: မြစ်ဆုံပြန်စရန် တရုတ် - အာဆီယံပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း 
Friday, September 6, 2013

ပြည်လုံးကျွတ်ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်သော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန်အတွက် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရောက် ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ထပ်မံကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းစေသော စီမံကိန်းဖြစ်၍ တရုတ်အစိုးရက စီမံကိန်းပြန်စရန် မျှော်လင့်လျက် ရှိကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Jin Honggen က ပြောကြားခဲ့ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအကြီးအကဲများ မဟာဗျူဟာမြောက် စီမံကိန်းများ ဖော်ဆောင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများသည် မြစ်ဆုံ စီမံကိန်း အမြန်ဆုံး ပြန်လည် ဆောင်ရွက်နိုင်သည့် အခြေအနေများ ဖန်တီးလာနိုင်ကြောင်း တရုတ်နိုင်ငံအခြေစိုက် မြစ်ဆုံ စီမံကိန်း ပြန်လည် ဖော်ဆောင်ရေး အကြံပေးအရာရှိများက ထုတ်ပြန် ပြောကြားခဲ့ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။ 

“ဒီစီမံကိန်းကို မလုပ်သင့်ဘူးလို့ပဲ ပြောရမယ်။ ဒီစီမံကိန်းကြီး လုပ်သင့်မလုပ်သင့်က ပြည်သူနဲ့ အစိုးရက ဆုံးဖြတ်ရမှာ။ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရ ဆိုရင်တော့ ပြည်သူ့သဘောထားအတိုင်း လုပ်မှာပေါ့။ တရုတ်ဘက်ကလည်း ဒီစီမံကိန်းကြီးလုပ်ဖို့ တွန်းအားပေးမှာပဲ။ အဲဒီတော့ တရုတ်အနေနဲ့ ပြည်သူကို စည်းရုံးဖို့လိုတယ်။ စည်းရုံးဖို့ လုပ်မှာပါပဲ။ အခုက အီလည်လည် အခြေအနေကြီး ဖြစ်နေတယ်။ ပြည်သူ့ထောက်ခံချက်မရှိဘဲ လုပ်လို့မရဘူး။ ပြည်သူ့သဘောထားက အဓိကကျပါတယ်။ နောက်တက် လာ မယ့် အစိုးရသစ်ကလည်း အဲဒီအပေါ်မူတည်ပြီး ဆုံးဖြတ်မယ် ထင်ပါတယ်” ဟု ECODEV အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြား သည်။

အဆိုပါစီမံကိန်း စတင်ရန်အတွက် မြန်မာအစိုးရကပင် တရုတ်အစိုးရထံ ကနဦး တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ရပ်ဆိုင်းခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုအပေါ် နားလည်မှု လွဲမှားနေခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်ရေး ကော်ပိုရေးရှင်း၏ ဒုတိယအထွေထွေမန်နေဂျာက ပြန်လည် ပြောကြားထားသည်။

မြစ်ဆုံစီမံကိန်း၏ အကျိုးအမြတ် အများစုသည် တရုတ်နိုင်ငံအတွက်သာ အများဆုံး ရှိနေသည်ဟူသော အချက်မှာ လုံးဝမဟုတ်မှန်ဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ ပညာရှင် ၁၀၀ ကျော်တို့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်များ ရှိကြောင်း ၎င်းကပြန်လည် ရှင်းပြထားသည်။

ထို့အပြင် စီမံကန်း ရပ်ဆိုင်းခဲ့ရခြင်းသည် နှစ်နိုင်ငံလုံးအတွက် ဆုံးရှုံးမှုများ ရှိနေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက်လည်း အဟန့်အတားများ ဖြစ်စေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း စတင်ရန် မြန်မာအစိုးရနှင့် တရုတ်အမျိုးသား စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က ၂၀၀၃ ခုနှစ် မတ်လတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ 

အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ်အတွင်း အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၁၁၀ ဘီလီယံ ကီလိုဝပ် ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံတွက် ကီလိုဝပ် ခြောက်သန်း ရရှိမည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly
ပည်လုံးကျွတ်ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်သော မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန်အတွက် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြ ပွဲနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ထပ်မံကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြ ထားသည်။

မွေးရာပါ ကလေး ခြေထောက်ခွင်ရောဂါ ကုသနိုင်

မြန်မာနိုင်ငံ အရိုးရောဂါ အထူးကု ဆရာဝန်များ၏ မွေးရာပါ ကလေးခြေထောက်ခွင် ရောဂါ ကုသရေးစီမံချက် စတင်နေပြီ ဖြစ်၍မကွေးတိုင်း ဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အခမဲ့ ကြည့်ရှုကုသပေးလျက် ရှိသည်။

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးမပြုရန် တောင်းဆို

အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးပြုနေခြင်းအား ပိတ်ပင်ရေးအတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၅ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားခဲ့သည်။

Thursday, September 5, 2013

တနင်္သာရီတိုင်း အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက်သူ ဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိရှိ

O-5-9
မြန်မာ-ထိုင်း ထီးခီးနယ်စပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာ နေသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက် သွားလာသူဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိ ရှိနေကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို ရှုတ်ချဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်

W-5-9
ခရမ်းမြို့နယ်၊ သက္ကယ်ကုန်း ကျေးရွာတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရှုတ်ချ ဆန္ဒပြ မှုများ ပြုလုပ်နေကြစဉ်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ရှုတ်ချ ဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

P-5-9
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

X-5-9
ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိ သူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။

Wednesday, September 4, 2013

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

C-4-9
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းအထူးအဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ကန်ချပူနာရီခရိုင် ၀ိုင်တဖုစက်ရုံရှိ လူကုန်ကူး ခံရသူများကို ကယ်တင်နေစဉ်
မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား  ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် ကျေးလက်အိမ်ခြေ တစ်သောင်းသုံးထောင်ကျော်အား နေရောင်ခြည် စွမ်းအင်သုံး ဆိုလာများ ချထားပေး

R-4-9
ဆိုလာစွမ်းအင် အသုံးပြုသည့် အိမ်တစ်အိမ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ကျေးလက်မီးလင်းရေး အတွက် ကျေးလက်နေအိမ်ခြေ ၁၃၆၃၁ အား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများ ချထားပေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု တို့တွင် ရှိသော မြို့နယ် ၉၉ မြို့နယ်နှင့် ကျေးရွာပေါင်း ၂၃၅ ရွာတို့တွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများ ချထားပေး လျက်ရှိကြောင်း သိရသည်။

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်ခိုင်းစေသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား ဒုဝန်ကြီးပြောကြား

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်လုပ်ကိုင်ခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့ ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း သေဆုံးမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိ

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ် အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်

DD-4-9
မန္တလေးပြည်သူ့ ဆေးရုံကြီးရှေ့တွင် သေဆုံးသူအား ပို့ဆောင်သင်္ဂြိုဟ်ရန် စောင့်ဆိုင်းသူများအား တွေ့ရစဉ်
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရသည်။

Tuesday, September 3, 2013

လုပ်သားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ထည့်မည်

Photo: လုပ်သားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ထည့်မည် 

ရန်ကုန်၊ စက်တင်ဘာ ၂

ငွေဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။

အဆိုပါ ဥပဒေတွင် ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးလုံး ပြစ်ဒဏ်ချမှတ်နိုင်ရန် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက သြဂုတ်လ ၂၇ရက် နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့သည်။

အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ထောင်ဒဏ် သုံးလ၊ ခြောက်လ၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကို လည်းကောင်း ငွေဒဏ်ကို လည်းကောင်း ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုး စလုံးကို လည်းကောင်း ချမှတ်နိုင်ရန် ထည့်သွင်းထားကြောင်း ဒေါက်တာသန်းဝင်းက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ငွေဒဏ်သာပါရှိ၍ ယင်းဥပဒေအရ ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့တို့က ချမှတ်သည့် ဆုံးဖြတ်ချက်များကို အထူးသဖြင့် အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ ထောင်ဒဏ် ထည့်သွင်းလျှင် အလုပ်ရှင်၊ လုပ်သား လေးစားလိုက်နာမှု ပိုမိုရှိလာနိုင်ပြီး အကျိုးခံစားခွင့်များ မြန်မြန်ဆန်ဆန် ရရှိနိုင်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ပြစ်ဒဏ်တွင် ထောင်ဒဏ် မထည့်ဘဲ ငွေဒဏ်နှုန်းထားကိုသာ တိုးမြှင့်ကာ သတ်မှတ်သင့်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ အလုပ်ရှင်တစ်ဦးက ပြောကြားသည်။

“အလုပ်ရှင်တွေကို ထောင်ချမှတ် ပြစ်ဒဏ်မျိုးကို လုံးဝမလုပ်သင့်ဘူး။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကိုလည်း လက်တွန့်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဥပဒေတွင် ငွေဒဏ်သာ ပါရှိသဖြင့် အလုပ်ရှင်အချို့ ခုံသမာဓိ ကောင်စီအဖွဲ့၊ ခုံသမာဓိကောင်စီများ၏ ဆုံးဖြတ်ချက်များကို လိုက်နာမှု မရှိကြောင်း၊ အလုပ်သမားများမှာ အငြင်းပွားမှု အဆင့်ဆင့် နောက်ဆုံးအဆင့်ဖြစ်သည့် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ချရန်အထိ အချိန်သုံးလထက်မနည်း ကြာမြင့်ရာ ယင်းကာလတွင် လုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း အလုပ်သမားများက ပြောကြားကြသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ပြစ်ဒဏ်အဖြစ် ကျပ်ငွေ သုံးသောင်းမှ ကျပ်တစ်သိန်း အနည်းဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်အထိ အသီးသီးပါဝင်သည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများကို အလုပ်ပြန်ခန့်ရေး အပါအဝင် ဆုံးဖြတ်ချက် အများစုတွင် အလုပ်ရှင်များက လိုက်နာမှု မရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ရိုက်နှက်မှုများ ဖြစ်ပွားသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဧပြီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
ငွဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား


ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့် ခတ်ထားခြင်းဖြစ်သည်။

သင့်ကျန်းမာရေး (အရေပြား ရောဂါ)


အရေပြား ရောဂါဟာ ကလေးငယ်တွေ အဖုအပိမ့် ထွက်သလို လူကြီးတွေမှာလည်း နီရဲပြီး ရောင်ရမ်းတဲ့ လက္ခဏာ ပြတတ်ကြပါတယ်။

အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်

လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အတိုင်း ရုံးအသုံးစရိတ် အပြည့်အ၀မရရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပြောကြားလိုက်သည်။

လောင်းကစားဆန်ဆန် အကြွေစေ့ဂိမ်းစက်များ ကျောင်းသား လူငယ် များကြားတွင် ခေတ်စားလာ

အကြွေစေ့ဂိမ်း ဟုလူသိများသော လောင်းကစားဆန်ဆန် ကွန်ပြူတာဂိမ်းဆိုင်များ အောင်လံမြို့တွင် ဖွင့်လှစ် မှု များပြားလာပြီး ၎င်းစက်ဖြင့် ဆော့ကစားကြသူများ အောင်လံမြို့တွင်များပြားလာနေကြောင်း သိရသည်။

မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး

ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က သောက်စားမူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက် သဖြင့် သေဆုံး ခဲ့ ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း များအရ သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားများ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားလာခွင့် ပြုရမည့်ဒေသ နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေ



မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားရောက် လေ့ လာ ခွင့်ရှိသည့် ဒေသများသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး ကြိုတင်ခွင့်ပြုချက် မတင် ဘဲ သွားလာခွင့်ပြုရမည့် ဒေသသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေကြောင်း သိရ သည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လူတစ်ဦး၏ နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ အနည်းဆုံးဖြစ်

 ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူတစ်ဦးလျှင် နေ့စဉ်ပျမ်းမျှ ၀င်ငွေမှာ ကျပ် ၂၀၀၀ သာရှိပြီး ဟင်္သာတခရိုင်မှာ လူတစ်ဦး ပျမ်းမျှနေ့စဉ်ဝင်ငွေ အနည်းဆုံး ဖြစ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရ သည်။

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ၀င်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံး ဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ


မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င် ကုန်လှေဖြစ်၍ ရေယာဉ်လိုင် စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ် စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။

မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

malaysia, myanmar
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသားတွေအကြား ပြဿနာဖြစ်တဲ့အတွက် မလေးရှားမှာ ဖမ်းဆီးမှုတွေရှိခဲ့  

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ  ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီးထားပြီး 

အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ

Photo: အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ
Tuesday, September 03, 2013 

အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် စက်ရုံအချို့သည် လုပ်သားများအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများ ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ပူးပေါင်း ကော်မရှင်သည် အလုပ်သမား အလုပ်ရှင် အခွင့်အရေးများကို လေ့လာခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရာတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ အား ပဏာမ စစ်ဆေးပြီးနောက် စက်ရုံအလုပ်ရုံ ၇၉ ရုံအား ကွင်းဆင်း လေ့လာကာ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားတင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင် အစီရင်ခံစာ၏ အလုပ်ချိန် သတ်မှတ်ခြင်းနှင့် အချိန်ပို သတ်မှတ်မှုတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင် အလုပ်သမားများအား ''နေ့လယ် ထမင်းစားချိန် ၁ နာရီ သို့မဟုတ် ၄၅ မိနစ်မှလွဲ၍ နံနက် ၈ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ၁၂ နာရီခန့် ရပ်လျက် အနေအထားဖြင့် အလုပ်လုပ် ကြရသည်ကို လေ့လာရှိရသည်'' ဟု ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စမှာ ILO Convention 1, Article 2 နှင့် ဆန့်ကျင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသည်ဟု လည်းကောင်း၊ ထို့အတွက် အလုပ်သမား အတော်များများမှာ ကျန်းမာရေး ချို့တဲ့ပြီး စိတ်ဓာတ်အင်အား လျော့ကျနေသည်ကို တွေ့မြင်ခဲ့ရသည် ဟုလည်း ဆက်လက်၍ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် တွေ့ရှိချက် အပိုင်းတွင်လည်း နိုင်ငံခြားသား အလုပ်ရှင် အချို့သည် နိုင်ငံခြားသား ပညာရှင်များနှင့် အလုပ်ကြပ်များ ဖြစ်သော Leader, Supervisor များ ခန့်ထားမှုကြောင့် ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အနိုင်အထက်ပြု ခိုင်းစေခြင်းများကြောင့် ပြဿနာများ အစပြု အခြေတည်လာကြောင်း တွေ့ရှိရသည် ဟုလည်း ထည့်သွင်းထားသည်။

ထို့ထက်ပို၍ လုပ်ခလစာ ပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများသည် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး နှိမ့်ထားသည့် အခြေခံ လုပ်အားခဖြင့် အချိန်ပိုလုပ်ခကို အခြေခံ တွက်ချက် ပေးချေသည့် အတွက်လည်း အချိန်ပိုမှာ နည်းပါးကြောင်း၊ ထိုသို့ ပြုလုပ်ကာ အချိန်ပိုကြေးကို တမင်နည်းအောင် လုပ်ထားသည်ဟုလည်း ထည့်သွင်း ထားသည်။

လုပ်ခပြဿနာ အတွက် အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် စက်ရုံအလုပ်ရုံများ လုပ်အားခ ပေးရာတွင် လုပ်သားများ၏ အခြေခံလစာမှာ တစ်လလုံး ပျက်ရက်လုံးဝမရှိ၊ အထည်ချုပ် စက်ရုံများဆိုလျှင် သတ်မှတ်ထားသည့် အထည်အရေအတွက် အပြီးချုပ်နိုင်မှု စသည်တို့အတွက် အပါအ၀င်ဆိုမှ တစ်လလျှင် ကျပ် ၄၇၀၀၀ နီးပါးသာ ရကြောင်းလည်း သိရသည်။

Eleven Media Group

သြဂုတ် နောက်ဆုံးပတ်က လှိုင်သာယာ စက်မှုဇုန်ရှိ မင်းဇာနည် အအေးခန်းစက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

http://www.myanmaronlinenews.net/2013/09/blog-post_3264.html
အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။