Saturday, November 2, 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်

နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အပါအ၀င် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက် (ယနေ့) တွင် လက်မှတ်ရေးထိုး အတည်ပြုမည်

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အချိန်သတ်မှတ်ချက် အပါအ၀င် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက်(ယနေ့)တွင် လက်မှတ်ရေးထိုးပြီး အတည်ပြုချက် ရယူ မည် ဖြစ်ကြောင်း သိရသည်။

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သော သူများကို ဦးစားပေးရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သောသူ၊ ချေးငွေအသုံးပြုပြီး ဘ၀မြင့် မားအောင် ဆောင် ရွက်နိုင်သူကို မူအရ ဦးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့် စွက်ရန်ပုံငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြု ပြောကြားခဲ့သည်။

မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်

8.1.1
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေ ဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Friday, November 1, 2013

မိုးစက်ဝိုင် ပေါ်ပြူလာ ဖြစ်နေသော မယ်စကြာဝဠာ ပြိုင်ပွဲကြီးစတင်

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၂၀၁၃)ခုနှစ်၊ မယ်စကြာဝဠာ ပြိုင်ပွဲအတွက် နိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု အလှမယ်အားလုံး စုံလင်စွာ ရောက်ရှိလာပြီဟု သိရှိရသည်။ အစောပိုင်းက မယ်စကြာဝဠာ ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွင် မမျှတကြောင်း ဝေဖန်စကားများ ပြောဆိုခဲ့သည့်အတွက် ဒုတိယဆုရ အလှမယ်နှင့် အစားထိုးမည်ဟု သတင်းထွက်ခဲ့သည့် ဂါနာကိုယ်စားပြု ဟာနီရယ်လ် ဂျာမင်သည်လည်း မော်စကိုသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ သူမသည် အခြားသော နိုင်ငံ(၈၅)ခုမှ ကိုယ်စားပြု အလှမယ်များနှင့် ပူးပေါင်းခွင့် ရခဲ့သည်။

အသတ်ခံရသူအမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာလ ၃၁

လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။

ကမ္ဘာနှင့်တူသော ဂြိုလ် Kepler-78b

ကမ္ဘာနှင့်တူသော ဂြိုလ် Kepler-78b 

ကမ္ဘာနဲ့ အသွင်အားဖြင့် အနီးစပ်ဆုံးတူတဲ့ ဂြိုလ် အဖြစ် Kepler-78b ကို အသိအမှတ်ပြုထားပါတယ်။ သို့ပေမယ့် သူက Extrasolar Planet ပါ။ မီး၊ချော်ရည်မြစ်တို့ ဂြိုလ်တစ်ခုလုံး စီးဆင်းနေလို့ ဖြစ်ပါတယ်။ 

ဂြိုလ်ပေါ်မှာ အပူချိန်က ၂၀၃၀ ဒီဂရီ စင်တီဂရိတ်ကနေ ၂၈၃၀ အထိ မြင့်မားလို့ ဖြစ်ပါတယ်။ သူက နေနဲ့ ပိုနီးလို့ပါ။ ကြယ် Kepler-78 ကို လည်ပတ်နေတဲ့ ဂြိုလ် ဖြစ်ပါတယ်။ ကမ္ဘာဂြိုလ်ထပ် အရွယ်အားဖြင့် ၁.၈၆ ဆသာ ကြီးပြီး radius က 1.16 ဆသာ ကြီးတာ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ မတိမ်းမယိမ်း အရွယ်အစားပါပဲ။ သို့ပေမယ့် ကမ္ဘာထက် အပူချိန် သိသိသာသာ များနေတာတော့ ငြင်းလို့မရပါဘူး။ ယခု ၂၀၁၃ ခုနှစ်အတွင်းမှာပဲ တွေ့ရှိတဲ့ ဂြိုလ်တစ်လုံး ဖြစ်ပါတယ်။ 

ဂြိုလ်ပေါ်မှာ လူသားတို့ နေထိုင်နိုင်ခြင်း ရှိမရှိကို သေချာ စစ်ဆေး ပြုလုပ် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( TSJ Team )

.
ကမ္ဘာနဲ့ အသွင်အားဖြင့် အနီးစပ်ဆုံးတူတဲ့ ဂြိုလ် အဖြစ် Kepler-78b ကို အသိအမှတ်ပြုထားပါတယ်။ သို့ပေမယ့် သူက Extrasolar Planet ပါ။ မီး၊ချော်ရည်မြစ်တို့ ဂြိုလ်တစ်ခုလုံး စီးဆင်းနေလို့ ဖြစ်ပါတယ်။

iPhone 5S ရဲ့ Touch ID ကို ယုံကြည်သင့်ပြီလား

စက်တင်ဘာ ၁၀ ရက် နေ့တုန်းက Cupetrino ကနေ iPhone အသစ်တွေ ဖြစ်တဲ့ iPhone 5C နဲ့ iPhone 5S တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် iPhone တွေနဲ့ ပတ်သက်တဲ့ ပြောစရာစကားတွေ အများအပြား ထွက်ပေါ်လာခဲ့ကြပါတယ်။ iPhone 5 ကိုပဲ ဒီအတိုင်း အဆင့်မြှင့်တင် ထားတာလား၊

အချိန်ပို ခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာ ဆွေးနွေး

Photo: အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာဆွေးနွေး
Friday, 01 November 2013 

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က
 အောက်တိုဘာ ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု
လွှတ်တော်မှာ ပြည်ထောင်စုလွတ် တော်နာယက ဦးခင်အောင်မြင့် ဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး မျှတရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့ အလုပ်ရှင်အလုပ်သမားနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု
လွှတ်တော်ရဲ့ အစီရင်ခံစာမှာရှိတဲ့ အပိုင်းတွေကို ပြောတာက အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီးပါ၊ ကျနော်တို့က အစီရင်ခံစာ တင်ထားတာပေါ့နော်၊ အလုပ်ရှင် အလုပ်သမားနဲ့ ပတ်သက်လို့ အစီရင်ခံစာအပေါ် မူတည်ပြီးတော့ သူတို့က ဘယ်လို ဆောင်ရွက်ထား
ပါတယ် ဆိုတာကို ဖြေကြားတာပါ။ အဓိကတော့ အလုပ်သမားဟာ အခြေခံလစာ နည်းနေတော့ အချိန်ပိုလုပ်အားခဟာ သူတို့ ပြောသလို သူတို့ခိုင်းချင်သလို ခိုင်းလို့ရတဲ့ အခြေအနေမျိုးဖြစ်နေတာ။”

အလုပ်သမားတွေ အချိန်ပို လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ပုံမှန်လုပ်ငန်းတွေ
အတွက် တနေ့ ၃နာရီနဲ့ စနေနေ့မှာ ၅နာရီ တပတ်မှာ အချိန်ပို ၂၀နာရီသာ အလုပ်ခိုင်းစေရမဲ့အကြောင်း၊ အဆက်မပြတ်လုပ်ငန်းတွေအတွက် တနေ့ ၂နာရီ ၄၀မိနစ်နဲ့ ၆ရက်မှာ ၁၆နာရီသာ အချိန်ပို အလုပ်ခိုင်းစေရမယ်လို့ ပါရှိပါတယ်။

အချိန်ပို အလုပ်ခိုင်းစေမယ်ဆိုရင်လည်း အလုပ်သမားတွေရဲ့ သဘောတူညီချက်လက်မှတ်ကို တင်ပြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အလုပ်ရှင်ကို အရေးယူသွားမယ်လို့ ပြောပါတယ်။

အလုပ်သမား အလုပ်ရှင်ပြဿနာတွေ၊ အချိန်ပို အလုပ်ကိစ္စနဲ့ အနိမ့်ဆုံး လုပ်အားခတွေသတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ်ရေးဆွဲရေး
အတွက်လည်း ကြိုးစားနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်
စီစစ်နေပြီလို့ ဦးဖုန်းမြင့်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အကြာကြီး
လုပ်ကြရပြီး လုပ်အားခ အနည်းငယ်သာ ရရှိနေတဲ့အခြေအနေတွေကို အလုပ်သမားရေးဆောင်ရွက်နေသူတွေက စစ်တမ်းကောက်ယူပြီး ခေတ်သစ်
ကျွန်သဘောက်လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တဲ့
အကြောင်းလည်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

ABC
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ် ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ် သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က အောက်တိုဘာ ၃၀ရက်နေ့ မှာ ပြောကြားခဲ့ ပါတယ်။

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ

  Photo: ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ 

01-11-2013

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

သွေးစုပ်ဖုတ်ကောင် Vampire

သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။
သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။

Vampire
သွေးစုပ်ဖုတ်ကောင် Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။ ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ ဖြစ်နိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်

ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက် သတင်းမီဒီယာများကို ပြောသည်။

Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက် သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....

သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ

ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက် နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ

၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင်

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုမှာ ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ ကိုသာ ထိခိုက်မည်ဟု လျှပ်စစ်တာဝန်ရှိသူ ပြောကြား

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ (၀ ဒသမ ၃၉ ရာခိုင်နှုန်း) သာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဇေကမ္ဘာ စက်မှုဇုန်တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရှင်းလင်း ပြောကြားသည်။

အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်



Photo: အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်
Friday, November 1, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ဘုံသဘောထားကို ဆွေးနွေးနိုင်ရန်အတွက် ဘုံသဘောထား ရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း အောက်တိုဘာ ၃၁ ရက် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်း ပြီး ထိုကော်မတီက ဘုံသဘောထား ရေးဆွဲကာ နိုဝင်ဘာ ၁ ရက် ဆွေးနွေးပွဲ၌ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုခဲ့ပြီး ဒုတိယနေ့ ဆွေးနွေးမှုတွင်လည်း အပစ်အခတ် ရပ်စဲရေးအတွက် အဖြေထွက်ခဲ့ခြင်း မရှိသောကြောင့် ကော်မတီဖွဲ့စည်းပြီး ဘုံသဘောထား ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များထံသို့ ပေးပို့သည့် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း' တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲပြီး ဧပြီလအတွင်းက ထုတ်ပြန်ထားသော Comprehensive Union Peace and Ceasefire Agreement မူကြမ်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထား ရပ်တည်ချက်နှင့် ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံက ရေးဆွဲထားသည့် သဘောထားမူကြမ်း အစရှိသဖြင့် မူကြမ်းလေးခု ရှိနေသဖြင့် မူကြမ်းအားလုံး တစ်ခုတည်း ဖြစ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ကော်မတီဖွဲ့ပြီး ရေးဆွဲပြီး ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

''WGEC က ဦးဆောင်ရေးဆွဲထားတဲ့မူ၊ UNFC က ရေးဆွဲထားတဲ့ ဘုံသဘောထား ရပ်တည်ချက်၊ နောက် ဦးလှမောင်ရွှေတို့ ပြင်ဆင်ထားတဲ့ အဲဒီသုံးခုကို ဖတ်လိုက်တော့ ကောင်းတာတွေလည်းပါတယ်။ ပယ်ချင်တာတွေလည်း ပါတယ်။ ဒီနေ့ တစ်ရက်တည်းက မပြီးပြတ်ဘူး။ မပြီးပြတ်တော့ ကောင်းတာတွေယူ၊ မကြိုက်တာပယ်၊ အချောတစ်ခုကို ရေးဖို့ ကော်မတီ ဖွဲ့လိုက်တယ်'' ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဘုံသဘောထား ရေးဆွဲမည့် ကော်မတီကို တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC) ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဦးဆောင်မည်ဖြစ်ပြီး လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်ဟု သိရသည်။ ထိုကော်မတီ၏ သက်တမ်းမှာ တစ်ရက်သာ ကြာမြင့်မည်ဖြစ်ပြီး ကော်မတီက ရေးဆွဲသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။

''ဘုံသဘောထားကို ရေးဆွဲပြီးတော့ မနက်ကိုးနာရီမှာ တင်ပြဖို့ ကြိုးစားမယ်။ အဲဒါကို ဒီကခေါင်းဆောင်တွေက အားလုံးပြန်စဉ်းစားပြီးတော့ သူတို့တင်ပြမှာပေါ့။ ဆုံးဖြတ်ချက်ကို သူတို့ချမှတ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယနေ့ ဆွေးနွေးမှု အပြီးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားခဲ့သည်။

ဘုံသဘောထားအပေါ် ခေါင်းဆောင်များ၏ ဆွေးနွေးမှု ရလဒ်မှာလည်း အကောင်းဆုံး ဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဘုံသဘောထား ရေးဆွဲခြင်းကို KNU နှင့် RCSS တို့အပြင် ကျန်ရှိသော အဖွဲ့အားလုံးက လက်ခံကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group 

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နေ့စဉ်ထွက် အမှိုက်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ၁ ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်ဝယ်၍ စက်မှုဇုန်များသို့ အဓိကဖြန့်ဖြူးမည်

8.1.1
ရန်ကုန်မြို့အတွင်း စည်ပင်သာယာမှ အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည် တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုအား ရွေးချယ်ခဲ့ပြီး ယင်းကုမ္ပဏီများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့မှ ပြန် ၀ယ်ပြီး စက်မှုဇုန်များသို့ အဓိကပြန်လည် ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး က အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။

Thursday, October 31, 2013

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

 Photo: တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ
Thursday, October 31, 2013

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလတွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင်ဘာလတွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly
ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာ မျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့

ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်၌ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေး ပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်

G.31.10.2013
ဦးဟန်ညောင်ဝေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံရေး ဆွေးနွေးမှု မပြု လုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန် အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက် ခဲ့ကြသည်။  

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

I.31.10.2013
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှု ကို ဖြေ ကြားနေစဉ်
လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာနေရာတွင် ဗုံးလန့်မှုဖြစ်ပွား

w1-30-5
ဗုံးလန့်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ်
အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာ လမ်းမဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟုယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေး ခဲ့ရာ ကြွပ်ကြွပ်အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိ ခဲ့ရကြောင်း သိရသည်။

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

J.31.10.2013
အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်




Photo: လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
 Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ်လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါတယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန်ပါတယ်။ အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။ 

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူသင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား
လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင် ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ် လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်

Photo: အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်
Wednesday, October 30, 2013

အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေးဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ်ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း
Popular Myanmar News Journal
အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

လက်သည်း ခြေသည်း အက်ကွဲခြင်း

Photo: လက်သည်း ခြေသည်း အက်ကွဲခြင်း
Wednesday, October 30, 2013

လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်
တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်း
 ခြေသည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင်
 အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလို လုပ်တာက လက်သည်း အခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ ကပ်ပြီး တိုလွန်းအောင် ညှပ်တာက ကူးစက်ပိုး ဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သည်း မညှပ်ခင်မှာ လာဗန်ဒါဆီကို လိမ်းပြီး မိနစ် အနည်းငယ်ကြာ ထားပေးပါ။ လက်သည်းတွေ နူးညံ့သွားမှ လက်သည်းကို ညှပ်ပေးပါ။

- အိုးခွက် ပန်းကန်တွေကို ဆေးကြောတဲ့ အခါနဲ့ ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်တွေကို သုံးတဲ့အခါ လက်အိတ်စွပ်ပေးပါ။

- ရေထဲမှာ လက်ကို အကြာကြီး စိမ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေကို
 ကြွပ်ဆတ်သွားစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာ စိမ်ပြီး ကြာကြာ ရေချိုးရင် လက်တွေကို ရေနဲ့ မထိအောင် ထားပါ။

- အစိုဓာတ် ထိန်းပါ။ လက်တွေကို ဆေးကြောပြီးတဲ့ အခါတိုင်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။ ညအိပ်ရာဝင်ချိန်မှာ လက်သည်း၊ ခြေသည်းတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ အရေးကြီးပါတယ်။

- လက်သည်း ခြေသည်းတွေကို သန်စွမ်း ကျန်းမာစေချင်တယ် ဆိုရင် သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးပါ။

- လက်သည်းဖျက်ဆေး သုံးတဲ့အခါ အဆီတုန်း (Acetone) မပါတဲ့ အမျိုးအစားကို ရွေးပါ။ အဆီတုန်း ပါတဲ့ လက်သည်း ဖျက်ဆေးဟာ လက်သည်းတွေကို ခြောက်သွေ့စေပြီး အက်ကွဲစေနိုင်ပါတယ်။

ကုသမှု

လက်သည်း ခြေသည်း အက်ကွဲတာကို သံလွင်ဆီ မှန်မှန် လိမ်းပေးပြီး ရှည်ထွက်လာတိုင်း ညှပ်ပေးပါ။ လက်သည်း ခြေသည်း အက်ကွဲတာက မှိုစွဲတာကြောင့် ဖြစ်တတ်တဲ့ အတွက် သန့်ရှင်း ခြောက်သွေ့အောင် အမြဲ ဂရုစိုက်ပါ။

ကြယ်စင်
ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု
လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်းခြေ သည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေ မှုကို နှစ်ရက် ကြာမှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။

စီးပွားရေးအတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားရမည်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သည့်စည်းမျဉ်း ဥပဒေများပေါ်ပေါက် လာစေရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဟု ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် Doing Business အစီရင်ခံစာ သစ်တွင် ရေးသားထား သည်။