Tuesday, February 11, 2014

ဇနီးဖြစ်သူ၏ မေတ္တာကို ရရှိရန် ကြိုးပမ်းခဲ့ ပုံများအား ဂျက်လီဖွင့်ဟ ပြောကြား

Photo: ဇနီးဖြစ်သူ၏ မေတ္တာကို ရရှိရန် ကြိုးပမ်းခဲ့ ပုံများအား ဂျက်လီဖွင့်ဟ ပြောကြား
=======================================
Tuesday, February 11, 2014

တရုတ်နိုင်ငံဖွား ကမ္ဘာကျော်မင်းသား ဂျက်လီသည် မကြာသေးမီက ၄င်း၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဖွင့်ဟ ပြောကြားခဲ့ပြီး ဇနီးဖြစ်သူ၏ မေတ္တာကို ရရှိခဲ့ပုံအား ပရိသတ်များထံ ဝေမျှ ခဲ့သည်ဟု Yesky.com ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဂျက်လီနှင့် ဇနီးဖြစ်သူ Miss Asia အလှမယ် နီနာလီတို့ နှစ်ဦးသည် ၁၉၈၉ Dragon Fight ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရင်း စတင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဂျက်လီသည် ပထမ ဇနီးဖြစ်သူနှင့် လက်ထပ်ထားဆဲ ဖြစ်သော်လည်း ၁၉၉ဝ ပြည့်နှစ်တွင် ထိုဇနီးနှင့် ကွာရှင်းပြတ်စဲ ခဲ့သည်။

Miss Asia အလှမယ် နီနာလီသည် လှပ၍ နွဲ့နှောင်းhttp://myanmaspectrum.blogspot.com/2014/02/blog-post_4530.html#more
တရုတ်နိုင်ငံဖွား ကမ္ဘာကျော်မင်းသား ဂျက်လီသည် မကြာသေးမီက ၄င်း၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဖွင့်ဟ ပြောကြားခဲ့ပြီး ဇနီးဖြစ်သူ ၏ မေတ္တာကို ရရှိခဲ့ပုံအား ပရိသတ်များထံ ဝေမျှ ခဲ့သည်ဟု Yesky.com ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆၈၂ သန်း ဂျာမနီအစိုးရ လျှော်ပေးမည်

Photo: အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆၈၂ သန်း ဂျာမနီအစိုးရ လျှော်ပေးမည်
Tuesday, February 11, 014

မြန်မာအစိုးရက ဂျာမနီအစိုးရ အပေါ် တင်ရှိနေသည့် အကြွေးဟောင်း များ၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန် ဒေါ်လာ ၆၂၈ သန်းကို မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိနေသည့် ဂျာမနီ သမ္မတ Mr. Joachim Gauck က ၄င်း၏ ခရီးစဉ်အတွင်း လျှော်ပေးမည်ဖြစ်ကြောင် ဂျာမနီ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အထောက်အပံ့ ဖြစ်စေရန် အတွက် ဂျာမနီအစိုးရက ယင်းသို့ လျှော်ပေးခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာ့ အကြွေးဟောင်းများ လျှော်ပေးမည့် သဘောတူညီချက်ကို ဂျာမနီသမ္မတက ယခုခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

ပါရီကလပ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံသည် ယင်းအဖွဲ့အစည်းမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ထုတ်ချေးထားသော ချေးငွေများ အနက် မှ ၅၀ ရာခိုင်နှုန်းကို လျှော်ပေးခြင်း ဖြစ်ကြောင်း မြန်မာ အစိုးရ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ပါရီကလပ် အဖွဲ့ဝင်နိုင်ငံ အားလုံးက ၄င်းတို့ အားလုံးအပေါ် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးဟောင်းများ အနက် ၅၀ ရာခိုင်နှုန်းကို လျှော်ပေးရန် ၂၀၁၃ ခုနှစ် အစောပိုင်းက သဘောတူညီ ခဲ့ကြပြီး အဆိုပါ သဘောတူညီချက်အရ ဂျာမနီနိုင်ငံ သည်လည်း မြန်မာနိုင်ငံအတွက် လျှော်ပေးခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

ပါရီကလပ်၏ သဘောတူညီချက် အရ အသင်းဝင်နိုင်ငံ များက မြန်မာ့ အကြွေးဟောင်း ၅၀ ရာခိုင်နှုန်း ဖြစ်သည့် ၅ဒသမ ၉ဘီလီယံကို လျှော့ချပေးမည် ဖြစ်ပြီး၊ ကျန်ရှိနေသော ၅၀ ရာခိုင်နှုန်းသော အကြွေးများကို ဆပ်ရန် အချိန် နောက်ထပ် ၁၅ နှစ်နှင့် အတိုးကင်းလွတ်ခွင့် ကာလ ခုနစ်နှစ် ထပ်မံတိုးပေးခဲ့ကြောင်း ယင်းအဖွဲ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ တင်ရှိသော ကြွေးဟောင်းစုစုပေါင်း ၁၅ ဘီလီယံ ရှိခဲ့ပြီး၊ ယင်းငွေကြေး၏ သုံးပုံနှစ်ပုံသည် ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများ ထံတွင် တင်ရှိနေခြင်း ဖြစ်သည်။

ပါရီကလပ် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ နော်ဝေနိုင်ငံအပေါ် မြန်မာအစိုးရ တင်ရှိနေသည့် အကြွေးဟောင်း အားလုံး ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို နော်ဝေအစိုးရက လျှော်ပေးထားပြီး ဖြစ်ပြီး၊ ဒိန်းမတ် အစိုးရကလည်း မြန်မာ့ အကြွေးဟောင်း ဒိန်းမတ်ခရိုနာ ၁၉၅ သန်းကို အပြီးတိုင် လျှော်ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံကို အများဆုံးငွေချေး ခဲ့သည့် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှာ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်သည်။
ပြင်သစ်နိုင်ငံသည်လည်း မြန်မာအစိုးရ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ပေးသည့် အနေနှင့် မြန်မာအစိုးရက ကျန်ရှိ နေသော ကြွေးဟောင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် အနက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို ပြင်သစ်အစိုးရက လျှော်ပေးထားပြီး ဖြစ်သည်။

The Voice Weekly
မြန်မာအစိုးရက ဂျာမနီအစိုးရ အပေါ် တင်ရှိနေသည့် အကြွေးဟောင်း များ၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန် ဒေါ်လာ ၆၂၈ သန်းကို မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိနေသည့် ဂျာမနီ သမ္မတ Mr. Joachim Gauck က ၄င်း၏ ခရီးစဉ်အတွင်း လျှော်ပေးမည်ဖြစ်ကြောင် ဂျာမနီ အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည်။

အစာအဆိပ်သင့်မှုကြောင့် ဟုမ္မလင်းတွင် လူငါးဦးဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ခန်္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာတွင် ဖေဖော်ဝါရီ ၉ က အစာအဆိပ်သင့်မှု ကြောင့် ထမံသီတိုက်နယ်ပြည်သူ့ဆေးရုံတွင် လူငါးဦး အရေးပေါ်တင်ကုသထားရကြောင်း ထမံသီနယ် မြေရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကားလောက ဈေးကွက် အကျဘက်ကို ဦးတည်

ရန်ကုန်မှာ ကားရောင်းစင်တာတွေ များပြီး လူတိုင်ကား တင်သွင်းခွင့်ရှိတဲ့အတွက် ကားလောက ဈေးကွက် ၀ယ်လိုအား မရှိသလောက် ဖြစ်ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်
Tuesday, February 11, 014

၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်း အေးက ““ဒီပုဒ်မတွေက လူတစ်ဦး တစ်ယောက်ကိုကန့်သတ်တဲ့ သဘောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကန့် သတ်တဲ့ သဘောပါတယ်။ လူမျိုး စုတွေအနေနဲ့ ဒီအချိန်မှာ သမ္မတ ဖြစ်ဖို့ မလွယ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင်တွေရောအားလုံးကမဖြစ်နိုင် ဘူး။ အများစုဖြစ်တဲ့ ဗမာတွေဖြစ် တယ်ဆိုတာထုံးစံပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ဆွေးနွေး လို့ကောင်းမယ်ဆိုတာကိုသိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို လူမျိုးစုတိုင်းရင်း သားလက်နက်ကိုင်တွေကလိုလား ကြတယ်။ နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ်္မတ ဖြစ်ခဲ့ရင်ပိုပြီး ဆွေးနွေးလို့ကောင်း မယ်။ ဗမာ၊ ဗမာချင်းတူရင်တောင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂိ္ဂုလ် မျိုးနဲ့ဆွေးနွေးမယ်ဆိုရင် အခြား သမ်္မတကြီးတို့၊ ဗိုလ်ချုပ်တွေနဲ့ စာရင်ပိုပြီးတော့နားလည်တတ်တဲ့ သူလို့မြင်ပါတယ်””ဟု ဆိုသည်။

““ဒေါ်အောင်ဆန်းစုကြည်လို သမ်္မတမျိုးရလိုက်ရင် ၂၀၁၅ ကနေ ၂၀၂၀အတွင်း ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကိုတိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေက သဘောတူတယ်။ ထောက်ခံတယ်။ သမ္မတဖြစ်ရေးကိုအားလုံးက မျှော်လင့်ကြတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ကိုဦးတည် ချက်နဲ့ကန့်သတ်ထားတဲ့ ၅၉(စ)နဲ့ ၅၉(ဃ)ကမရှိသင့်ပါဘူး။ အင်မတန် အငြိုးတရားတွေနဲ့ပိတ်ပင်ထား တယ်လို့ယူဆလို့ရတယ်။ ဒီပုဒ်မ တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲကိုပိတ်ပင်ထားရုံတင် မဟုတ်ဘဲအမျိုးသားရင်ကြားစေ့ရေး တွေကိုပါအနှောင့်ယှက်ဖြစ်နေ တယ်””ဟု ၎င်းကထပ်မံပြောသည်။

၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်သင့်ကြောင်းကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းမှဝေဖန်ထောက်ပြ မှုများရှိနေပြီး ပြည်တွင်းရှိအတိုက် အခံအင်အားစုများကလည်း ပြင် ဆင်ရန်ကြိုးပမ်းနေကြသကဲ့သို့ အဆိုပါပုဒ်မများကိုပြင်ဆင်မှု မလုပ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေးကော် မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလက်မှတ် တစ်သိန်းကျော်ကိုရန်ကုန်တိုင်း ဒေသကြီးအတွင်းကောက်ခံ၍ ပေးပို့ထားကြောင်းသိရသည်။

မျိုးကျော်
Hot News Journal
၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

ကျပ်သိန်းတစ်ထောင် သုံးစွဲရေး အစိုးရအဖွဲ့အစည်း များကို စောင့်ဆိုင်းစရာ မလိုအပ်ဟု သူရဦးရွှေမန်း ပြောကြား

လွှတ်တော် ကိုယ်စားလှယ်များကို ချပေးထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုရန်အတွက် နိုင်ငံတော်သမ္မတရုံး အပါအဝင် အခြား အစိုးရအဖွဲ့အစည်း များကို စောင့်ဆိုင်းရန် မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာ နယ်နမိတ်အတွင်း ဇန်န၀ါရီလ တွင် ယာဉ်တိုက် မှုပေါင်း၁၉၄ မှုဖြစ်ပွားခဲ့


Photo: ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း
ဇန်န၀ါရီလတွင် ယာဉ်တိုက်မှုပေါင်း၁၉၄ မှုဖြစ်ပွားခဲ့
Tuesday, February 11, 014

ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း၂၀၁၄ ဇန်န၀ါရီလတွင်ယာဉ်တိုက်မှုပေါင်း၁၉၄ မှုဖြစ်ပွားခဲ့ကြောင်းးအမှတ်(၂)ယာဉ်ထိန်းရဲရုံးမှသိရသည်။ 
အဆိုပါယာဉ်တိုက်မှုကြောင့် (၂၇)ဦးသေဆုံးပြီး(၃၁၈)ဦးဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိုက်မှုများတွင်ကိုယ်ပိုင်ယာဉ်ကြောင့်တိုက်မှု(၇၆)မှု၊မထသယာဉ်ကြောင့်တိုက်မှု(၉)မှု၊အခြားခရီးသည်တင်ယာဉ်ကြောင့်တိုက်မှု(၂၀)မှု၊တက္ကစီယာဉ်ကြောင့်တိုက်မှု(၃၆)မှု၊နှင့်အငှားကုန်တင်ယာဉ်ကြောင့်တိုက်မှု(၃၁)မှုတို့ ဖြစ်ပွားခဲ့သည်။ အဆိုပါယာဉ်တိုက်မှုများသည် နေ့ အချိန်တွင်ဖြစ်ပွားမှု(၇၆)မှုနှင့်ညအချိန်တွင်ဖြစ်ပွားမှု(၁၁၈)မှုရှိကြောင်းအမှတ်(၂)ယာဉ်ထိန်းရဲရုံးမှသိရသည်။

zwy
Popular Myanmar News Journal
ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း၂၀၁၄ ဇန်န၀ါရီလတွင်ယာဉ်တိုက်မှုပေါင်း၁၉၄ မှုဖြစ်ပွား ခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲရုံးမှသိရသည်။ 

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီးအခန်းကဏ္ဍ ပါဝင်ရန်ရှိ

Photo: လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီးအခန်းကဏ္ဍ ပါဝင်ရန်ရှိ
Tuesday, February 11, 014

နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဘောင်ဆွေးနွေးပွဲတွေမှာ အမျိုးသမီး အခန်းကဏ္ဍတွေလည်း ပါဝင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ဦးအောင်မင်းရဲ့ ခုလိုပြောကြားချက်အပေါ်မှာ အမျိုးသမီးအဖွဲ့တွေက ကြိုဆိုလိုက်ပြီး ပါဝင်နိုင်မယ့် အခန်းကဏ္ဍတွေနဲ့ပတ်သက်လို့လည်း အကြံပြုထားကြပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ အမျိုးသမီး အခန်းကဏ္ဍတွေကိုလည်း နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံ မူဘောင် ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်မြို့ ပင်လုံပန်းချီပြပွဲမှာ ၀န်ကြီး ဦးအောင်မင်းက ဒီဗွီဘီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီပြောဆိုချက်အပေါ်မှာ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ပေါင်း ၁၂ ဖွဲ့ ပါဝင်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြိုဆိုလိုက်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အမျိုးသမီးအဖွဲ့တွေ ဖြစ်ဖို့ လိုအပ်တယ်လို့ အဖွဲ့ချုပ်ရဲ့ အတိုင်ပင်ခံ မိဆူးပွင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် စစ်ပွဲရဲ့ဒဏ်ကို အမျိုးသမီးတွေက ပိုခံရသလို ကိုယ့်မိသားစု ဘ၀ကိုလည်း ပိုပြီးတာဝန်ယူရတဲ့အတွက် စစ်ပွဲကို အရပ်စေချင်ဆုံး၊ ငြိမ်းချမ်းရေးကို အလိုလားဆုံးက အမျိုးသမီးအဖွဲ့တွေ ဖြစ်ကြောင်း အဲဒီစိတ်ဓာတ်တွေက အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲ အောင်မြင်စေဖို့ အထောက်အပံ့ဖြစ်စေမယ်လို့လည်း သူက ဆက်ပြောပါတယ်။

သူတို့ အမျိုးသမီးအဖွဲ့အစည်းတွေမှာလည်း အဖွဲ့ စတင်ထူထောင်ကတည်းက အမျိုးသမီး တွေ နိုင်ငံရေးကို နားလည်ရေး၊ နိုင်ငံရေးမှာ ပါဝင်ခွင့်စတာတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက် အရည်အသွေးမြှင့်သင်တန်းတွေ လေ့လာပို့ချခဲ့တဲ့အတွက် အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အသင့်ရှိပါကြောင်း မိဆူးပွင့်က ထပ်လောင်းပြောဆိုပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးဌာန ဒုတာဝန်ခံ ဒေါ်မီးမီးကလည်း ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူတွေက ခုလို ပြောကြားလိုက်တာကို အောက်ခြေမှာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ အင်မတန် နည်းပါးခဲ့ပြီး အမျိုးသမီးအဖွဲ့တွေ ပါဝင်ခွင့်ရဖို့ အရင်ကလည်း တိုက်တွန်း တောင်းဆိုခဲ့သလို နောက်နောင်ကိုလည်း မရမချင်း ဆက်ပြီး တောင်းဆိုသွားမယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌလည်းဖြစ် တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(အန်စီစီတီ)ထဲ ပါဝင်သူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အန်စီစီစီတီရဲ့ ကော်မတီဝင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း အမျိုးသမီးတွေ က ဖြတ်ထိုးဥာဏ်ပိုကောင်းတဲ့အတွက် ဆွေးနွေးပွဲကို ပိုအောင်မြင်စေပြီး ပြီးခဲ့တဲ့ ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းရတာဟာ သူတို့ရဲ့ ကန့်သတ်ချက်ကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်စေလွှတ်တဲ့အပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။

လက်ရှိ အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးအဖွဲ့တွေ မပါဝင်သေးပေမယ့် တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲကျရင် လူထုလူတန်းစားအဖွဲ့အစည်းကိုယ်စားလှယ်တွေပါ ပါဝင်ကြမှာ ဖြစ်တဲ့အတွက် အမျိုးသမီးအဖွဲ့တွေအနေနဲ့ အဲဒီအချိန်မှာ ပါဝင်လာလိမ့်မယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။

DVB

လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်က
လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်က
နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဘောင်ဆွေးနွေးပွဲတွေမှာ အမျိုးသမီး အခန်းကဏ္ဍတွေလည်း ပါဝင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

Photo: ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
Tuesday, February 11, 014

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

RCSS/SSA ခေါင်းဆောင်နေရာမှာ နောက်လူတွေ ပါဝင်လုပ်ကိုင်လာနိုင်ဖို့ သူ့အနေနဲ့ ပါဝင်ရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့ တဲ့ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က တရားဝင် ထုတ်ဖော် ပြော ဆို ခဲ့ပြီး ဖြစ်ပါတယ်။

“ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးပါတယ်၊ လေးနှစ် တစ်ကြိမ် ရွေးကောက်ရမယ့် ထုံးတန်းတွေရှိခဲ့တယ်။ ဒီနှစ်တော့ လူသစ်တွေပါဝင်လာနိုင်အောင် အရာရှိတွေအချင်းချင်းကြားထဲကနေ ရွေးချယ်ကြဖို့ လမ်းဖွင့်ပေးထားတယ်။ တကယ် လို့ ရွေးလို့မရဘူး၊ ရှိကိုမရှိဘူးဆိုပြီး တာဝန်ကို ပြန်အပ်လာတယ်ဆိုရင်တော့ မတတ်နိုင်ဘူး လက်ခံရမှာဘဲ”လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဧရာဝတီကို ပြောပါတယ်။

RCSS/SSA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ အခုလ ၁၃ ရက်၊ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရှမ်းပြည် နယ် အတွင်း မြို့နယ် အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ခေါင်းဆောင်သစ် နေရာအတွက် တခြားထိပ်ပိုင်း အရာရှိတချို့ရွေးချယ် ခံကြလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ခေါင်း ဆောင် ရွေးကောက်ပွဲအတွက် လွယ်တိုင်းလျန်း ဌာနချုပ်မှာ ရောက်ရှိနေကြတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့ရဲ့ ပြောဆိုချက်အရ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုသာ ဆက်လက် တာဝန်ပေးဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။

“သူက ဆက်တိုက် တာဝန်ယူခဲ့လို့ တခြားလူတွေကို နေရာပေးချင်တယ် ဆိုပေမယ့် သူနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင် ထားတဲ့ အခြေအနေရယ်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေရယ်၊ RCSS/SSA အပေါ်မှာရှိတဲ့ သူ့ရဲ့ သြဇာရယ်ကြောင့် သူ့ကိုပဲ တာဝန်ပြန်ပေးကြဖို့ များနေကြတဲ့ သဘောရှိတယ်”လို့ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ တွေ့တဲ့ တပ်မှူးတဦးက ဧရာဝတီကို ပြော ပါတယ်။

RCSS/SSA ဥက္ကဋ္ဌသစ် ရွေးချယ်ဖို့ရာမှာ တက်ရောက်လာတဲ့ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ပိုင်း တာဝန်ရှိသူတွေရဲ့ ဆန္ဒမဲ အပေါ်မှာသာ မူတည်ပြီး လက်ရှိလုပ်ဆောင်နေကြတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လည်း နောက်တက်လာမယ့် ဥက္ကဋ္ဌ အသစ်ပေါ်မှာသာ မူတည်တယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

“ခန့်မှန်းလို့ အတိအကျပြောလို့တော့ မရဘူးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့၊ တကယ်လို့သာ ဥက္ကဋ္ဌ အသစ်ရှိလာရင် ဆုံးဖြတ်ချက် က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာ မူတည်တယ်”လို့လည်း သူက ပြောဆိုပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်မှုအောက်မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ RCSS/SSA တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် တွေမှာ လက်မှတ်ရေးထိုးထားပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ သဘောတူညီချက်တွေလည်း ရှိထားကြပါတယ်။

RCSS/SSA ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဋ္ဌ ရာထူးကို လေးနှစ် တကြိမ် ရွေးကောက်တင်မြှောက်ခဲ့ကြရာမှာ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ၃ ကြိမ်၊ ၁၂ နှစ် ဆက်တိုက် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်(SSA) ကို ၁၉၉၆ ခုနှစ်မှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးဆောင်ပြီး အရင် မိုးဟိန်း ဦးဆောင်တဲ့ ရှမ်းပြည်ညီညွှတ်ရေးနဲ့ တော်လှန်ရေးတပ်(SURA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မော်ထိုင်း တပ်မတော်(MTA)အဖွဲ့ဝင်ဟောင်း တချို့နဲ့ ပြန်လည်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့ဟာ ၁၉၉၅ အစိုးရဆီမှာ လက်နက်မချမီက ထိုင်း-မြန်မာနယ်စပ်တလျှောက် အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေအနက် ထင်ရှားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းပန် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်နဲ့ အစိုးရ စစ်တပ်အောက်မှာ တာဝန် ထမ်းဆောင်နေကြ ပါသေးတယ်။

ဧရာဝတီ

လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်
 (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

Grand Royal အရက်စက်ရုံ ဂိုဒေါင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ စက်မှုဇုန်(၂) ဦးဖိုးလှိုင်လမ်းရှိ Grand Royal ဝီစကီစက်ရုံရှိ သိုလှောင်ရုံ အမှတ်(၃)တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁နာရီ ၂၅ မိနစ်ခန့်က ဂိုဒေါင်ရုံတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံတွင် ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်

Photo: ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်
Tuesday, February 11, 014

လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ယခင်က ရန်ကုန်မြို့တော်တွင် ဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ရာတွင် ဖြစ်ပွားရာနေရာ ကိုမသိရှိခဲ့သောကြောင့် ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခဲ့ပြီး ယခုတွင် ဓာတ်အား လိုင်းအဖြစ် အလိုလျောက် Section ပိုင်းဖြတ်စနစ် တက်ဆင်လိုက်ခြင်းကြောင့် အချိန်ကြာမြင့်စွာ ပျက်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နေယာချုပ် ဦးသန့်ဇင်က ပြောသည်။

“အခုတော့စမ်းသပ်ကာလ အဖြစ်နဲ့ သာကေတမြို့နယ်မှာ တပ်ဆင်ထားတယ် ဘာလို့ သာကေတမြို့နယ်ကို တက်ဆင်ရလည်းဆိုတော့ ဒီမြို့နယ်ဟာ ဓာတ်အား ပြတ်တောက်မှုအဖြစ်များတဲ့ နေရာမို့ လိုပါ ” ဟု ဦးသန့်ဇင် ကဆိုသည်။

အဆိုပါ စက်တစ်လုံး၏ တန်ဖိုးငွေသည် ဂျပန်ယန်းငွေ ၅ သန်းခန့်ရှိပြီး ယင်းစက်၏လုပ်ဆောင်ချက်သည် တက်အားပြတ်တောက်သည့် နေရာအတိအကျ သိရှိနိုင်ပြီး ဓါတ်အားပြတ်တောက်သည့် နေရာမှအပ အခြားနေရာများအား ၅ မိနစ်ဖြင့် မီးပြန်လည်ပေးနိုင်ကြောင်းကိုလည်း Japan International Co-Operation Agency (JICA) မှနည်းပညာကျွမ်းကျင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။

“စမ်းသပ်ကာလ အဖြစ်နဲ့ကတော့ ဂျပန်က အလကားပေးထားတာပါ ဒါပေမယ့် နောက်ပိုင်းသုံးကြည့်လို့ အဆင်ပြေတဲ့အခါ ကျရင် ရလာတဲ့ ကျွန်တော်တို့ ဌာန ရဲ့ငွေကြေးအပေါ်မူတည်ပြီး ရန်ကုန်မြို့ရဲ့မြို့နယ်အကုန်လုံးမှာတက်ဆင် သွားမှာပါ” ဟု ဦးသန့်ဇင်က ဆိုသည်။

လက်ရှိတွင် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ် စက်သုံးလုံးအား တက်ဆင်ထားပြီး တက်ဆင်ထားသည့် နေရာများသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ သာကေတမြို့နယ် ရှုခင်းသာ လမ်းမအပေါ်တွင် တက်ဆင်ထားခြင်းဖြစ်သည်။

နှင်းနွယ်
မြန်မာ့ခေတ်
လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ပွင့်ဖြူမြို့ နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှုဖြစ်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်တစ် မိုင်ခန့်အကွာရှိ မြန်မာ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်

Photo: နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်
Tuesday, February 11, 2014

ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ  မဖယ်ရရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၇ ရက်နေ့က စာပေးပို့ ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၉၃ တိုးချဲရပ်ကွက်မှာ နေထိုင်သူတွေက  ဒီမြေကနေ မပြောင်းရရေး အပါအ၀င် အချက် ၃ ချက်ကို တိုင်းဒေသကြီး ၀န်ကြီးအဖွဲ့ဆီကို ဒီကနေ့ သွားရောက်တင်ပြခဲ့ တယ်လို့ ဒေသခံ ဦးသိန်းအောင်က ပြောပါတယ်။

“ကျနော်တို့ အဓိက တောင်းဆိုထားတာကတော့ ဒီမြေကြီးသည် အစိုးရပိုင် ပလပ် မြေကြီး ဖြစ်တဲ့အတွက် အစိုးရရဲ့ သတ်မှတ်သောငွေကြွေးများဖြင့် ပေးသွင်းပြီး ၀ယ်လိုတယ်၊ ကာလတခုဟာ ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ပညာသင်နေတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ သင်ကြားနေတဲ့ သားနဲ့သမီးငယ်တွေရဲ့ စာမေးပွဲ ကာလလည်း ဖြစ်တဲ့အတွက် အထက်တန်းစာမေးပွဲပြီးဆုံးတဲ့ကာလအထိ အပြန်အလှန်ညှိနှိုင်း၊ နောက်တခုကတော့ တကယ်လို့ ဒီမြေကြီးသည် ပလပ်မြေကြီး အမျိုးအစားဖြစ်သော်လည်း ကြီးမားသော အကျိုးအမြတ်ရှိနိုင်တဲ့ စီမံကိန်းတွေရှိမယ်ဆိုခဲ့ရင် ကျနော်တို့ နေရမယ့် မြေနေရာ ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ပြောင်းရွှေ့ရမယ့် နစ်နာမှုကို ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ”

သွားရောက်တင်ပြတဲ့အခါမှာ မနက်ဖြန်မှာ ပြန်လည်ချိန်းဆိုပြီး ဒီကိစ္စပေါ် မစိုးရိမ်ဖို့ လည်း ပြောဆိုခဲ့တယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။

၁၉၉၄ ခုနှစ်က သင်္ဃန်ကျွန်းမြို့နယ် ဘူတာရုံအနီးမှာ နေထိုင်ကြတဲ့ မိသားစုတွေကို အစိုးရက ရွှေ့ပြောင်းတဲ့အခါမှာ ယုဇနမြို့တော်အနီး ၉၃ ရပ်ကွက်မှာ နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနေတဲ့ မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်က ခြုံထူထပ်တဲ့ မြေနေရာ တွေဖြစ်ပြီး ဒေသခံတွေက ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်လာခဲ့တာလို့  ဦးသိန်းအောင်က ပြောပါ တယ်။

“ဒီလိုနေထိုင်ခွင့်ပြုတဲ့နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ဘူတာရုံအနီးက မိသားစုတွေရော ရန်ကုန် ၁ ရပ်ကွက်က မိသားစုတွေရော အခုလို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာ ဒီမြေလေးက ပိုလျံမြေကြီးပေါ့၊ ၉၄ ခုကနေ အခုချိန်ထိဆိုတော့ တောကြီး ဖြစ်တာပေါ့။ တောကြီးဖြစ်ရာ ကနေ ၂၀၁၁ မှာတော့ အရပ်သားအစိုးရလည်း ပေါ်ပေါက်လာပြီဖြစ်လို့ ဒါဟာ နိုင်ငံတော်ရဲ့ ပလပ် မြေဆိုတာလည်း ဒေသခံပြည်သူတွေက သိထားတော့ နေစရာ အခက်အခဲရှိကြတဲ့ ပုဂ္ဂိုလ်တွေ တန်ဖိုကြီးကြီး ၀ယ်မယူနိုင်တဲ့ မိသားစုတွေက ခုတ်ထွင်ရှင်းလင်းပြီးတော့ နေထိုင်ခဲ့ကြတာ။ ၂၀၁၁ ခု နေထိုင်ချိန်ကာလကနေပြီ အခုစာထွက်တဲ့အထိလည်း ဘယ်ဌာနဆိုင်ရာကမှ တားဆီးဟန့်တား နှောင့်ယှက်ခြင်း ပယ်ဖျက်ခိုင်းချင်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျနော်တို့က နိုင်ငံတော်ရဲ့ မြေပေါ်မှာ ဘယ်လိုဖြစ်ဖြစ် တချိန်တခါမှာတော့ တရားဝင်နေထိုင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ နေခဲ့ကြတာဖြစ်ပါတယ်။”

၉၃ တိုးချဲရပ်ကွက်နည်းတူ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁ နဲ့ ၆၇ ရပ်ကွက်မှာ နေ ထိုင်သူတွေကိုလည်း ဖေဖော်ဝါရီ ၁၂ နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး အဲဒီရပ်ကွက် ၄ ခုမှာ လူဦးရေ ၈ သောင်းလောက် နေထိုင်ကြတယ်လို့  ပြောပါတယ်။

DVB

ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က
ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က
ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ မဖယ်ရရေး ရန်ကုန် တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။

" ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု နှလုံးသား "

Photo: " ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု နှလုံးသား "
Tuesday, February 11, 2014

တစ်မျိုးသားလုံး အစွမ်းကုန်ညီညွတ်ကြပါ

" တစ်တိုင်းပြည်လုံးကြီးပွားစေလိုရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်၊အားတိုက် လုပ်နိုင်မှအကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုး ရှိမှာ မဟုတ်ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။" 

ဗိုလ်ချုပ်အောင်ဆန်း 
(ပင်လုံစော်ဘွား ညစာစားပွဲမိန့်ခွန်းမှ 
၁၉၄၇.၂.၁၁)

မြန်မာပြည်တွင် နေထိုင် ကြသော ပြည်ထောင်စုဖွား တိုင်း ရင်းသား လူမျိုးများသည် ငြိမ်းချမ်းအေးမြစွာ အတူတကွ နေထိုင်လျက်ရှိကြသည်။ ငြိမ်းချမ်းအေးမြစွာ အတူတကွ ရှင်သန်နေထိုင်ကြပြီး ကူညီရိုင်း ပင်းကြသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုး များ၏ နှလုံးသားတို့ လှပလျက်ရှိ ကြသည်။ 
စည်းလုံးညီညွတ်မှု အင်အားသည် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးတို့၏ သန့်စင်သော နှလုံးသား ၊ လက်ထဲတွင် ရှိသည်။

" ၂၁ရာစု ပင်လုံလို့ ကျွန်မတို့ပြောတာ ဘာရည်ရွယ်ချက် နဲ့ပြောတာလဲ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် တစ်ခုကို မွေးမြူဖို့ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ် ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတွေဘာပဲ ရှိရှိ ဒီမတူညီမှုတွေ အပေါ်မှာ အခြေခံပြီး ညီညွတ်မှုရအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ပင်လုံ စိတ်ဓာတ်လို့ ကျွန်မပြောချင်တယ်" 

ဒေါ်အောင်ဆန်းစုကြည်
(Aung San Suu Kyi)
(ဖို့ဝိန်း၊အမေရိကန် ပြည်ထောင်စု)
(၂၅-၉-၂ဝ၁၂)

ပြည်ထောင်စု စိတ်ဓာတ် မွေးမြူကြဖို့ လိုအပ်ပါသည်။ ပင်လုံစိတ်ဓာတ်ရှိဖို့ လိုအပ်ပါသည်။အားလုံး စည်းလုံး ညီညွတ်မှ ပြည်ထောင်စုကြီး အဓွန့် ရှည်ကြာ တည်တံ့ခိုင်မြဲမည် ဖြစ်ပါသည်။

ဖက်ဒရယ်ဆိုသည်မှာ သဘောတူညီသည့် စာချု့ပ်ဟု အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက်လာပြီး သဘောတူညီမှု “covenant” ဟု အဓိပ္ပာယ် ထွက်ပါသည်။ နှစ်ဦး နှစ်ဖက်သဘောတူညီမှုဖြင့် အပြန်အလှန် လေးစား အသိ အမှတ်ပြုမှုကို အခြေခံ၍ နိုင်ငံတစ်ခုကို အတူတကွ ပူးပေါင်း 
တည်ဆောက်ကြခြင်းပဲ ဖြစ် သည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တစ်ဦးတစ်ဖွဲ့ချင်း အသိအမှတ်ပြုခြင်းနှင့် ခွဲခြားမရဘဲ တစည်းတလုံးတည်းတန်းတူရည်တူ ဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါ သည်။ (Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင်တည်ဆောက် နေကြသူအားလုံးက ငါတို့အတူ တကွ 
ပူးပေါင်းနေထိုင်ကြပါစို့ ဟု မိမိတို့၏ ဆန္ဒသဘောထားကိုအလို အလျှောက် ဖော်ထုတ်ကြသည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာ မှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနှင့်ကိုယ် (voluntarily) ပါဝင်ဆောင်ရွက်ရန် သဘောတူညီ ကြရပါသည်။ 

" ဖက်ဒရယ် ကိစ္စနှင့်ပတ်သက်၍ အချို့က ခွဲထွက် ခွင့်ရှိသည်ဟုဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆနေကြကြောင်း၊ အချို့ကလည်း ဖက်ဒရယ်ဟု ဆိုလျှင် ခွဲထွက်မည်ဟု ထင်နေ ကြကြောင်း၊ဖက်ဒရယ် ဆိုသည် မှာ ခွဲထွက်ရန် မဟုတ်ပါ ကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာ ကို ခွဲဝေသုံးစွဲရန် ဖြစ်ပါ ကြောင်း၊ အမေရိကန်ပြည်ထောင်စု ပင်လျှင် 
တစ်ခုတည်းသော အမေရိကန် တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံးဆောင်ရွက်နေ သည်ကို တွေ့ရှိရပါကြောင်း၊ 

ဒီမိုကရေစီဆိုသည်မှာ ကျင့်စဉ် ဖြစ်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုး တက်ပြီး တည်ငြိမ်အေးချမ်းရန် အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးသည် အရေးကြီး ပါကြောင်း" ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

" လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်း ရင်းသားအချင်းချင်း သွေးကွဲခဲ့ ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ် အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး ခဲ့ရပါသည်။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် သို့ ရောက်ရှိအောင် တိုင်းရင်း သားညီအစ်ကို မောင်နှမ အားလုံး က လက်တွဲပါဝင် ဆောင်ရွက် သင့်သည်ကို အထူးသတိပြုသင့်ပေသည်။ ပြည်တွင်း ပြည်ပ 
အဖျက်သမားတို့၏ အန္တရာယ် ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ် ဓာတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ်လှပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင် သန်ဖွံ့ဖြိုးရန် အတွက် နိုင်ငံရေး တည်ငြိမ် မှုနှင့် လက်နက်ကိုင် ပဋိပက္ခ များချုပ်ငြိမ်းပြီး ထာဝရ ငြိမ်း ချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်။ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာမှ)

မြန်မာနိုင်ငံကြီးကို တိုင်း ရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ခေတ် မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် သစ်ကြီးအဖြစ် ဒီမိုကရေစီ နည်းလမ်းကျစွာ 
တည်ဆောက်သင့်ပါသည်။ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်စေရန် သာတူညီမျှ လွတ် လပ်ပွင့်လင်း မြင်သာမှုများဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ပြုပြင်တည်ဆောက်သင့်ပါသည်။ 

သော်ဏီကို
ရည်ညွှန်း
၁။ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ
၂။ အင်တာနက် စာမျက်နှာများ

Popular Journal
တစ်မျိုးသားလုံး အစွမ်းကုန်ညီညွတ်ကြပါ
" တစ်တိုင်းပြည်လုံးကြီးပွားစေလိုရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်၊အားတိုက် လုပ်နိုင်မှအကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုး ရှိမှာ မဟုတ်ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။" 

ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်

Photo: ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်
Tuesday, February 11, 2014

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၂၁ ရာစု၏တိုးတတ်ပြောင်းလဲလာသော နည်းပညာလွှမ်းမိုးမှုကြောင့်ထုတ်ဝေရေးလောကပုံစံအမျိုးမျိုးပြောင်းလဲလာပီး စာအုပ်များဈေးကြီးကာစာဖတ်အားကျလာကြောင်း ထုတ်ဝေဖြန့်ချီမှုအားနည်းသည့်အတွက် စာအုပ်ရောင်းအားများ ကျလာပီး ပရင့်ကော်ပီများကိုရောင်းချနေသည်ကိုအားလုံးအသိဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးကပြောသည်။

“ယနေ့မြန်မာလူငယ်တွေလည်းပြောင်းလဲလာတဲ့ အခြေနေပေါ်မူတည်ပီးတော့ စာဖတ်ပုံစံတွေပြောင်းလဲလာဖို့ ရှိပါတယ်။ ဒီလိုရှိလာတဲ့အခြေနေမျိုးမှာ internet wallet ကုမ္မဏီ ကဒီအစီစဉ်လေးကိုလုပ်တာ ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းအနေနဲ့ ဒီအစီစဉ်ကိုကြိုဆိုပြီး ပါဝင်ခြင်း အဓိကရည်ရွယ်ချက်ကလည်း
ထုတ်ဝေထားတဲ့ စာအုပ်အများစုက အွန်လိုင်းပေါ်မှာ အလွယ်တကူ ကူးယူလို့ရနေတာဖြစ်နေတဲ့ ကိစ္စကို ကျတော်တို့ တနည်းတဖုံအားဖြင့် ဟန့်တားချင်ပါတယ်။ စာရေးသူတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကစမ်းလုပ်ခြင်း ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အခက်ခဲတွေ ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌဒေါက်တာ သာထွန်းဦး က ပြောသည်။

အဆိုပါအစီစဉ်ဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းက ဦးဆောင် ဆွေးနွေးခဲ့ပြီး နည်းပညာအထောက်အကူပေးနိုင်သူမှန်သမျှနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း
ပရင့်တစ်ခုထဲတွင် ရေရှည်ရပ်တည်နိုင်မည် မဟုတ်ကြောင်းနှင့် အွန်လိုင်းကို သွားရမည်ဖြစ်ကြောင်း ထုတ်ဝေသူများနှင့် စာရေးသူများ ခံစားနေရသော ဒုက္ခများရှိပါကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဒု- ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

“စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အရင်းအနှီးတွေ အချိန်တွေ ကာယ ဥာဏ စွမ်းအားတွေ စိုက်ထုတ်ပီးတော့မှ စာအုပ်တစ်အုပ်ဖြစ်လာတာပါ။ ဒါပေမယ့် အဲဒီ့စာအုပ်တစ်အုပ် ဒီနေ့မွန်းလွဲပိုင်းလောက် ဈေးကွက်ထဲဖြန့်လိုက်ပြီဆိုရင် ညနေစောင်းမှာ အင်တာနက်ပေါ်မှာ ဖရီးရှဲလ် ( free share ) လုပ်လို့ ရတယ်။ ဘယ်သူတင်ထားလည်း မသိပါဘူး။ ကျွန်တော်တို့ ထုတ်ဝေသူနဲ့ စာရေးသူကိုယ်တိုင်တင်တာ မဟုတ်တာတော့ သေချာပါတယ်။ အဲလို ပြဿနာတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ နည်းပညာပေးတဲ့ အကူညီကိုယူပြီးတော့ ကျွန်တော်တို့လည်း အွန်လိုင်းသွားမှဖြစ်မယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ စာဖတ်ပရိတ်သတ်နှစ်မျိုးနှစ်စား ရှိလာတယ်။ တစ်ခုက ပရင့်လို့ခေါ်တဲ့ စာအုပ်ကိုဝယ်ပြီးမှ ဖတ်ပီးစာအုပ်စင်ပေါ်မှာ သိမ်းထားတဲ့ ပရိတ်သတ်ရှိသလို ခေတ်မှီနည်းစနစ်တွေနောက်ကို
တရှိုက်မက်မက် လိုက်ပြီးတော့ အင်တာနက်ပေါ် ကနေ ၀ယ်ယူဖတ်ရှိတဲ့ စာဖတ်ပရိတ်သတ်ကလည်း သီးခြားရှိလာပါပြီ” ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

JAS မြန်မာဖုန်းကို မိတ်ဆက်သော  Internet wallet ကုမ္မဏီသည် ပုံနှိပ်စာအုပ်များကို E book  အသွင်ဖြင့် အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးပေးထားပြီး မည်သည့် andriod ဖုန်းအမျိုးစားတွင်မဆို www.JAS.com.mm ကိုဝင်ရောက်ပြီး မြန်မာစာအုပ်ဆိုင်ဆိုသော application
ကိုအခမဲ့ဒေါင်းလော့လုပ်ယူနိုင်ကြောင်း ယင်း application ရှိနေမှသာ စာအုပ်များကို ၀ယ်ယူဖတ်ရှုနိုင်မည်ဖြစ်ကြောင်း ယခု လောလောဆယ်တွင် မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ အမှုဆောင်တွေ၏ စာအုပ်များနှင့် စတင်မည်ဖြစ်ပြီး သဘောတူသော ထုတ်ဝေသူများ၏ စာအုပ်များကို ဆက်လက်ပီး တင်ပေးသွားမည်ဖြစ်ကြောင်း
စာအုပ်များဒါင်းလော့လုပ်သော နေရာတွင် အချိန်တိုတွင်း ၁ မိနစ် ၂ မိနစ်ထက်မပိုသည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ထားကြောင်း  JAS မြန်မာဖုန်းက တီထွင်ထားသော ipay card နှင့်သော်လည်းကောင်း ။
ဖုန်းခကနေသော်လည်းကောင်း  နိုင်ငံခြားမှ ၀ယ်ယူလိုသူများအတွက် credit card နှင့် သုံးပြီးဝယ်ယူနိုင်ရန် စီမံထားကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ သိရသည်။
“အသင်းက ထုတ်ဝေသူပါ ကုမဏီက ဖြန့်ချီသူပါ ။ ထုတ်ဝေသူက စာအုပ်တစ်အုပ်ရောင်းချတဲ့အပေါ်မှာ ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ က ၂၀ ရာခိုင်နှုန်း ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ၈၀လုံးရတာ မဟုတ်ပါဘူး ထုတ်ဝေသူနဲ့ စာရေးဆရာနဲ့ကို ပြန်လည် ဝေမျှရမှာ ဖြစ်ပါတယ်။ စာအုပ်ကို ပုံနှိပ်စာအုပ်ထုတ်တယ် အခုတော့ အွန်လိုင်းစနစ်နဲ့ သွားပြီဆိုတော့ စာအုပ်အသစ် တစ်အုပ်ဖြန့်ချီခါနီးမှာ တပြိုင်နက်ဖြန့်ချီနိုင်အောင် စီစဉ်ထားပါတယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ ကြေညာထည့်ပါ့မယ်။ စာအုပ်ထုတ်ဝေတဲ့နေ့မှာပဲ တပြိုင်နက် ဖုန်းပေါ်မှာ
ဝယ်လို့ရနိုင်အောင် စီစဉ်တာက အစ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု -ဥက္ကဋ္ဌ
ဦးမျိုးအောင်က ပြောသည်။

ယင်းသို့ ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် ပက်သက်ပီး စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမခင်မြဇင်က “အန်တီ့အနေနဲ့ဆိုရင်တော့ စာအုပ်ကိုသာ အွန်လိုင်းတင်မယ် ဆိုရင်တော့ ဖြေးဖြေးမှ စဉ်းစားမိမှာပါ။ နောက်လည်း ဒီလိုမီဒီယာတွေ မြန်မာပြည်ကို ရောက်လာကြဦးမယ်ထင်ပါတယ်။
အဲဒီ့အခါကျရင် ထိုက်သင့်တဲ့ အခွင့်အရေး ထိုက်သင့်တာရမှသာ အန်တီတို့အနေနဲ့ အွန်လိုင်းမှာ တင်ခွင့်ပြုနိုင်မှာပါ။
ဘာကြောင့်လည်းဆိုရင် လောလောဆယ်မှာ စာဖတ်သူရှားပါးနေတဲ့အချိန်မှာ လူငယ်တွေ အတွက်တော့ အခမဲ့ကပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ အခမဲ့ကြည့်တဲ့သူတောင် အတော်ရှားသွားပြီ။ အန်တီ့အနေနဲ့ အဲဒါက အခွင့်အရေး ဆုံးရှုံးမှုလို့မမြင်ပါဘူး ။ ဒီလိုမျိုးတစ်ခုခုကို ရောင်းလိုက်လို့ အဲဒီ့ လိုင်းတွေပိတ်မယ် ဘာညာဆိုရင် တကယ်စာချစ်တဲ့ စေတနာနဲ့ အများဖတ်နိုင်အောင် အင်တာနက်ပေါ် ဖရီးရှဲ လုပ်လို့ရအောင်
တင်ကြတဲ့ လူငယ်တွေကိုများ ထိခိုက်မလားလို့ စဉ်းစားမိပါတယ် ”ဟု ပြောကြားခဲ့သည်။

ရွှေထွဋ်

မြန်မာ့ခေတ်
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည့်အတွက် တပ်လှန့်ထား

ယူကရိန်းနိုင်ငံ၏ အရေးပါသော နေရာများဖြစ်ကြသည့် လေဆိပ်များ၊ ဘူတာရုံများ၊ ပိုက်လိုင်းများနှင့် နျူကလီးယား စက်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ တစ်နေ့တခြား တိုးပွားလာနေသဖြင့် အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးအဖွဲ့များကို တပ်လှန့်ထားကြောင်း ယူကရိန်းနိုင်ငံ လုံခြုံရေးဌာနက တနင်္ဂနွေနေ့က ကြေညာလိုက်သည်ဟု ဖေဖော်ဝါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။

အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးအကူညီများ အာဖဂန်သို့ ပေးသွားမည်ဟု အမေရိကန်ကြေညာ

စစ်စီးပွားရေးတစ်စတစ်စ လျှော့ချခြင်းများနှင့် ကမ္ဘာလုံးဆိုင်ရာတပ်ဖွဲ့များ ရုပ်သိမ်းမှုများ ပြုလုပ်နေစဉ် တွင် အာဖဂန် နစ္စတန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ အကူညီပေးရေး အစီစဉ် သစ်တစ်ရပ်ကို အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်ဟု ဖေဖော်ဂါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

ထိုင်းဝန်ကြီးချုပ်ကို ထိုင်းရွေးကောက်ပွဲကော်မရှင် ဖိတ်ခေါ်ဆွေးနွေးမည်

ထိုင်းနိုင်ငံ မဲဆန္ဒနယ် ၂၈ နယ်တွင် မဲပေးရန် မှတ်ပုံတင်ထားသူ တစ်စုံတစ်ဦးမျှ မရှိသည့်ကိစ္စကို တွေ့ဆုံ ဖြေရှင်းသွားရန်အတွက် ၀န်ကြီးချုပ်ယင်လပ်အား ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် (EC) က ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

မြန်မာလုပ်သားများ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရ ကူညီမည်

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရက အကူအညီများ ပေးအပ်သွားမည်ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့က မြန်မာအစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ လက်အောက်ရှိ အလုပ်အကိုင်၊ လုံခြုံရေးနှင့် ကျန်းမာရေး အေဂျင်စီ (KOSHA) က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများ သတင်းမှား ထုတ်ပြန်မှု ပြန်ရုပ်သိမ်းရန် မောင်တောတွင် ဆန္ဒပြ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်မှာ မှားယွင်းနေသဖြင့် ပြန်ရုပ်သိမ်းရန် အဆိုပါ မြို့နယ်တွင် မြို့ခံ ၅၀၀ ကျော် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူ ဦးခင်မောင်သန်းက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

Photo: လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်အချို့သည် လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများကြောင့် နံနက်ပိုင်း လွှတ်တော် အစီအစဉ်များကို တက်ရောက်ခြင်း မရှိသောကြောင့် ယင်းသို့ သတိပေး တိုက်တွန်းရခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ 

လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများ ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော် နေ့လယ်ပိုင်း အစီအစဉ်များတွင် ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက် နိုင်သော်လည်း နံနက်ပိုင်း အစီအစဉ်များကို တက်ရောက်ပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။
“ကော်မတီ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အစည်းအဝေး ခန်းမမှာ လူအတော် နည်းပါးသွားတာကို ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်၊ အထူးအရေးကြီး ကိစ္စများမှလွဲပြီး ခန်းမအတွင်းမှာ ရှိပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသော ကော်မတီပေါင်း ၂၄ ခုရှိပြီး ကော်မတီလုပ်ငန်း အစည်းအဝေးများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် ခန်းမအတွင်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အရေးကြီးတဲ့ အချိန်ဆိုရင် လုပ်ငန်း အစည်းအဝေးတွေ ခဏခဏ လုပ်လေ့ရှိတော့ လွှတ်တော် ခန်းမထဲ ရောက်ပြီးမှ ပြန်ထွက်ရတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင်ယခု (ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်) အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်  ၆၄၂ ဦး ရှိသည့်အနက် အစည်းအဝေး မတက်ရောက် နိုင်သောကြောင့် ခွင့်တိုင်ကြားသူပေါင်း ၁၅၀ ဦးကျော်ထိ ရှိလာကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးထံမှ သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

ဝိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပ

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းယားကန်ဖျား ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ဘ၀တစ်ကွေ့စီးရီး ဗီစီဒီနှင့် ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေး

သရုပ်ဆောင် မြင့်မြတ်ဖြင့် ဘ၀တစ်ကွေ့စီးရီးကို ထွက်ရှိခဲ့သည့် အဆိုတော် အိုင်ရင်းဇင်မာမြင့်သည် ယင်းစီးရီး၏ MTV၊ VCD၊ DVD ထွက်ရှိရန်အတွက် မစီစဉ်သေးကြောင်း ငြင်းဆိုသည့် စကားများသည် အနုပညာစာမျက်နှာများထက် နှင့် အနုပညာ ဂီတအသိုင်းအ၀ိုင်းကြားတွင် ယခု သီတင်းပတ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ဆက်သွယ်ရေးနည်းဥပဒေထွက်ပြီးပါက အင်တာနက် လုပ်ငန်းလိုင်စင်လျှောက်ထားရန် Redlink ပြင်ဆင်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးနည်းဥပဒေကို လာ မည့် မတ်လအတွင်း အတည်ပြုပေးသွားရန်ရှိနေပြီး အဆိုပါ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားသွားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်ဟု Redlink Communication ၏ ဒုတိယဥက္ကဋ္ဌဦးသိန်းသန်းတိုးက မဇ္ဈိမကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။

အ၀တ်အစားမပါ ကိုယ်နေဟန် ပန်းချီကားများ ပါဝင်သည့် အနုပညာရသများ ပန်းချီဆရာသုံးဦး ပြသမည်

အကြောင်းအရာကွဲပြားပြီး အနုပညာရသများကိုသာ ပြသချင်သည့် ပန်းချီဆရာသုံးဦး၏ ရေဆေးသီးသန့် ပန်းချီပြပွဲ Water Colour 2014 ကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းပြပွဲကို ဒဂုံမြို့ နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပမည်ဖြစ်ကြောင်း ပန်းချီဆရာ ခင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

စမ်းချောင်းလမ်းရှိ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်း ရဲဝင်ဖမ်း

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းမှ အလှပြင်ဆိုင်အမည်ခံထားသည့် တရားမ၀င်အနှိပ်ခန်းတစ်ခု ကို ဖေဖော်ဝါရီ ၉ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးလိုက်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်မည်

ပြည်တွင်းကုန်သွယ်မှု မြင့်မားလာရန်အတွက် ၂၀၁၅ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

နာဂဒေသဖွံ့ဖြိုးရေးအတွက် အိန်္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းကူညီမည်

အိန်္ဒိယနိုင်ငံက မြန်မာနိုင်ငံ နာဂဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကူညီမည်ဖြစ် ကြောင်း သိရသည်။

ပုဂ္ဂလိကသို့ပေးမည့် ပြည်တွင်းလေဆိပ်လုပ်ငန်းများအတွက် ဧပြီလခန့်တွင် တင်ဒါခေါ်မည်

ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ကိုင်ရန် စိတ်ဝင်စားမှုများပြားသည့် ပြည်တွင်းလေဆိပ်များအား လာမည့် ဧပြီလတွင် တင်ဒါခေါ်ယူရန်လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဖုန်းမော်က မဇိ္ဈမသို့ ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိယာရုပ်ပွားတော် တည်ထားပြီးစီး

မန္တလေးမြို့၊ ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မက္ခရာကျောင်းတိုက်အတွင်း ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိ ယာဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားမှုမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် အချောသတ်ပြီးစီးသဖြင့် ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံခြားသား ဘုရားဖူးများနှင့် လေ့လာသူများပါ လာရောက် ဖူးမြော် လျက်ရှိသည်။