Sunday, April 13, 2014
ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်းတွင် အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်
၁၃.၄.၂၀၁၄ ရက်နေ့ ၁၆၁၅ အချိန် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်းလမ်းအတိုင်း ကမ္ဘာအေးဘုရားဘက်မှ ဦးထောင်ဘိုအ၀ိုင်းဘက်သို့ ယာဉ်မောင်း ညီညီလွင်၊ (၄၅)နှစ်၊ (ဘ)ဦးစောဖြူ၊ ပျားရေကုန်းရပ်ကွက်၊ တာမွေမြို့နယ်
နေသူမောင်းနှင်လာသော 5F---- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်
သည် ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်း ဗဟန်းမြို့မရဲစခန်းရှေ့အရောက် အရှိန်လွန်ကာ ယာဘက်သို့တိမ်း မှောက်သွားခဲ့ပါသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ကျား(၂)ဦး၊ မ(၅)ဦးတို့တွင် ဖူးရောင် နာကျင်ဒဏ်ရာများအသီးသီးရရှိကာ ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။
ကာတွန်း
Photo: အချိန်နဲ့ အခါ...
►►► http://goo.gl/RwCR5P ◄◄◄
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂ မဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိ သုဓမ္မ ဦးသိန်းစိန် နိုင်ငံ တစ်ဝန်းလုံး သို့ ပြောကြား သည့် အတာ သင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်း ဆက်လွှာ
Sunday, April 13, 2014
မိဘပြည်သူ များ ခင်ဗျား -
မြန်မာ တို့ရဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ နှစ်သစ် ကူး သင်္ကြန် အခါ သမယ မှာ မိဘ ပြည်သူများ အားလုံး ကိုယ် ၏ ကျန်းမာ ခြင်း၊ စိတ်၏ ချမ်းသာ ခြင်းနဲ့ ပြည့်စုံ ကြပါစေ၊ သင်္ကြန် နှစ်သစ် ကူး ရုံး ပိတ်ရက် အားလပ်ရက် များကို ပျော်ရွင် စွာ ဖြတ်သန်း နိုင်ပြီး နှစ်ဟောင်း က ပင်ပန်း သမျှ အနားရ လို့် နှစ်သစ် မှာ အားသစ် ခွန်သစ် နဲ့ မိမိ အတွက် မိသားစု အတွက် နိုင်ငံ အတွက် စိတ်သစ် လူသစ်နဲ့ ကြိုးစား အလုပ်လုပ် နိုင်မယ့် နှစ်သစ် ကူး အခါ သမယ ဖြစ်ပါစေ လို့ ဦးစွာ ပထမ ဆုတောင်း နှုတ်ခွန်း ဆက်သ လိုက် ပါတယ်။
ယခုလို နှစ်သစ် ကူး ကာလ မှာ နှစ်ဟောင်းက အညစ် အကြေး များကို ဆေးကြော သန့်စင် ပြီး နှစ်သစ် မှာ စိတ်သစ် လူသစ် နဲ့ မင်္ဂလာ ရှိရှိ အစပြု လေ့ ရှိတာဟာ ကျွန်တော် တို့ လူ့ အဖွဲ့အစည်း ရဲ့ ရိုးရာ ဓလေ့ ဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်ထောင်စု ဟာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ သမိုင်း အစဉ် အလာ ရှိတဲ့ ပြည်ထောင်စု ဖြစ်ပါ တယ်။ နှစ်ထောင် ချီ သမိုင်း အစဉ်အလာ ရှိပြီး ယဉ်ကျေး တဲ့ လူမျိုး တွေ စုဝေး နေထိုင် ကြတဲ့ နိုင်ငံ တစ် နိုင်ငံ အဖြစ် ကမ္ဘာ့ မိသားစု ကြီး ထဲမှာ ဂုဏ်ရှိန် ဝင့်ထည် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သင်္ကြန် ပွဲတော် ဟာလည်း လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံ ပါဝင် ဆင်နွှဲ ကြတဲ့ ရိုးရာ ပွဲတော်ကြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘာလင်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ
Sunday, April 13, 2014
မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် မွတ်ဆလင်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့လို အုပ်စုတွေ၊ အဖွဲ့စည်းတွေကို ကွက်ကွက်လေး ကြည့်တာ အထောက်အကူမဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ Federal Press Office ဖယ်ဒရယ်အစိုးရ သတင်းအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်း စာ ရှင်းလင်းပွဲမှာ အဲ့ဒီ လို ပြောကြား လိုက်တာပါ။ တိုင်းရင်းသား ပဋိပက္ခတွေထဲ ဒီအဖွဲ့တွေ ပါသလားလို့မေးမြန်း တဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေ တုန်းပဲရှိပြီး တိုင်းရင်းသား အုပ်စုတွေအများကြီးရှိတဲ့အတွက် ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ် အသိုင်းအ၀ိုင်း အုပ်စုကိုမှ ဖော်ညွှန်းပြောကြားတာမဟုတ်ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ပြော ကြားခဲ့တာကို ဒီ သတင်းစာ ရှင်းလင်းပွဲမှာ အစီအစဉ်မှူးလုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ ဦးလင်းအောင်သိုက်က ပြန်ပြောပြပါတယ်။
ရုရှလိုလားသူတွေ ယူကရိန်း အရှေ့ပိုင်း ရဲစခန်းတခု ထပ်သိမ်းပြန်
Sunday, April 13, 2014
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ကရာမာတော့စခ် မြို့မှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့အပြီး ရုရှားလိုလားတဲ့ လှုပ်ရှားတက်ကြွသူတွေက ရဲစခန်း ဌာနချုပ်ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ယူနီဖေါင်း ဆင်တူ ဝတ်ထားကြတဲ့ အနည်းဆုံး လူနှစ်ဆယ်လောက်နဲ့ အစီအစဉ်တကျ ဖွဲ့ထားတဲ့ အဖွဲ့တဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အခုလို တိုက်ခိုက်မှုမျိုးတွေ ဆက်တိုက် ဖြစ်ပွားခဲ့အပြီးမှာ အမေရိကန် အစိုးရက ရုရှား လိုလားတဲ့ ခွဲထွက်ရေး လှုပ်ရှားသူတွေဟာ ရုရှား အစိုးရရဲ့ အားပေး ကူညီမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် အကွက်ချလုပ်နေပုံရပြီး ဒီကိစ္စအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ယူကရိန်းနိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာကိုလည်း ရပ်တန်းက ရပ်ဖို့ ရုရှားသမ္မတ ပူတင်ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ခေါင်းဆောင် ၄ဦး တွေ့ဆုံရေး အင်းတော်၊ ကသာနဲ့ ဖျာပုံမှာ တောင်းဆိုဆန္ဒပြ
Saturday, April 13, 2014
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်း ဆိုဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်နဲ့ အစိုးရက ပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အသိအမှတ် ပြုဖို့လိုကြောင်း ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုချမ်းအောင် က ပြောပါတယ်။
Photo: ခေါင်းဆောင် ၄ဦး တွေ့ဆုံရေး အင်းတော်၊ ကသာနဲ့ ဖျာပုံမှာ တောင်းဆိုဆန္ဒပြ
Saturday, April 12, 2014
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးဖို့ ဒေသခံ တစ်ထောင် နီးပါးလောက် ဒီနေ့မနက် က တောင်း ဆိုဆန္ဒပြခဲ့ကြပါတယ်။
လွှတ်တော်နဲ့ အစိုးရက ပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အသိအမှတ် ပြုဖို့လိုကြောင်း ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုချမ်းအောင် က ပြောပါတယ်။
"အဓိကရည်ရည်ရွယ်ချက်ကတော့ ကျနော်တို့ပြည်သူတွေဟာ အခြေခံဥပဒေကို တောင်းဆိုနေကြတယ် အဲ့ဒါကို လွှတ်တော်ရော၊ သမ္မတရော သိဖို့ရာအတွက်တောင်း ဆိုနေကြခြင်းဖြစ်ပါတယ် ၊ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေကို ကျနော်တို့ပြည်သူတွေကမှ မလိုချင်ဘူးဆိုတာ ပြန်လည်ဖေါ် ထုတ်ပြသနေတယ်ဗျ၊ဒါကို အဓိကလိုချင်တာ "
ဒီနေ့ဆန္ဒပြပွဲမှာ NLD ပါတီ ၊ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီနဲ့ အင်းတော်မြို့ နယ် ကျေးရွာ ၄၃ ရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်လောက်ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့မှာလည်း ရာနဲ့ချီတဲ့ ဒေသခံတွေက ဖွဲ့စည်း ပုံ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ NLD ပါတီဝင်တွေက ဦးဆောင် ပြီး ဒေသခံ တစ်ထောင် နီးပါးလောက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ) တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးဟာ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဖျာပုံမြို့နယ် NLD ပါတီဝင် ကိုနိုင်လင်းထွန်းက ပြောပါတယ်။
"ပြင်ဆင်ဖို့လည်း တအားခတ်တယ်၊ပြင်ဆင်ရမဲ့အခန်းမှာကိုက လုံးဝပြင် ဆင်လို့ကို မရနိုင်လောက်အောင်ချုပ်ကိုင်ထားတဲ့ဟာမျိုးတွေရှိတယ်၊ ကျနော် တို့ဒီဆန္ဒပြပွဲလုပ်တာဟာလည်း ပါတီရဲ့မူဝါဒတွေ အကောင်အထည်ဖော် တာပေါ့ ၊လာမဲ့ရွေးကောက်ပွဲဝင်ကတည်းက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ပြည်တွင်း ငြိမ်းချမ်းရေးဆိုပြီးတော့ဝင်တာကို အဲ့လိုတရား ဥပဒေစိုးမိုး ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပွင့်လင်းမြင်သာရှိဖို့လိုတယ်၊အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်တာပေါ့ "
ဒီနေ့ ဆန္ဒပြပွဲကို ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲစတဲ့ မြို့နယ်တွေအပြင် အခြား မြို့နယ် အတော်များများက ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။
RFA
Saturday, April 12, 2014
သင်္ကြန် ပွဲတော်အတွင်း ယာဉ်ကိုဘေး ဖြစ်စေသော အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်းသည် အကျိုးမဲ့ လုပ်ရပ်သာဖြစ်
Photo: သင်္ကြန် ပွဲတော်အတွင်း ယာဉ်ကိုဘေး ဖြစ်စေသော အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်းသည် အကျိုးမဲ့ လုပ်ရပ်သာဖြစ်
Saturday, April 12, 2014
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန် ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက်သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။ သို့ပါသော်လည်း အများစုမှာ ရေကစားမဏ္ဍပ် များတွင် ရေပက်ခြင်း၊ တချို့သော ကုမ္ပဏီများက မဏ္ဍပ်များ တည်ဆောက်ကာ အက၊ အခုန် သီချင်း ဖျော်ဖြေမှုများဖြင့် အရောင်းမြှင့်တင်ရေးများကို ပြုလုပ်ကြသည်။ ဆချို့သော ပြည်သူများက ပျော်ရွှင်မှုတစ်ရပ် အနေဖြင့် ရေထဲတွင် အမွှေးနံ့သာများ၊ ပင်ပွားများ၊ မှို့များကို ထည့်၍ ရေလောင်းရေပက် တတ်ကြသည်။
တစ်ခါတစ်ရံ ရေခဲများ ထည့်၍ အေးစက်နေသော ရေများဖြင့်လည်း လောင်းတတ်ကြသည်။ ယင်းသို့ပြုလုပ်၍ ရေပက်ရာတွင် ရေပက်ခံသော ပြည်သူများအတွက် ဘေးအန္တရာယ် မဖြစ် သော်လည်း လုံခြုံမှုချိုးဖောက်၍ ဘေးဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ဘေးဖြစ်စေနိုင်သော ထိခိုက် အနာတရ ဖြစ်စေနိုင်သည့် ဝတ္ထုတစ်ခု (ရေခဲတုံးသေးများ၊ သစ်သားစများ)ကို ရေနှင့်ရော၍ ပက်မိလျှင် ဥပဒေအရ အရေးယူခံရ နိုင်သည်။
ယခုလို မဟာသင်္ကြန်ကာလ မတိုင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၊ မြို့တော်စည်ပင် သို့မဟုတ် အုပ်ချုပ်ရေး ဌာနများက ပျော်ရွှင်စွာ နှစ်သစ်ကူး ရေကစား ပွဲတော် ဆင်နွှဲနေကြသည့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိရအောင် စည်းကမ်းချက်များ ထုတ်ပြန် ပေးထားသည်။
ရေထဲတွင် ညစ်ညမ်းသည့် အရည်၊ ရေခဲတုံး အသေး၊ အကြီး၊ အက်စစ်၊ မသန့်ရှင်းသော ရေ၊ သစ်တိုသစ်များ၊ ခဲများ၊ သဲများနှင့် လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာဝတ္ထု တစ်ခုခု ကို ရော၍လောင်း ပက်ြကမည်ဆိုလျှင် ဘေးအန္တရာယ် ဖြစ်စေနိုင်၍ သတိထား ဆင်ခြင်ရန် လိုအပ်သည်။ အကယ်၍ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်ကို သိပါလျက်နှင့် ပြုလုပ်ပါက ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က အရ တရားစွဲဆို ခံရနိုင်၍ ယင်းဥပဒေ မူရင်းအား တင်ပြရပါလျှင် ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က တွင် မည်သူမဆို ယာဉ်တစ်စီးစီး၌ စီးနင်းလာသူ တစ်ဦး တစ်ယောက်၏ လုံခြုံမှုကို ဘေးဖြစ်စေနိုင်သော အကြံဖြင့် သော်လည်းကောင်း၊ ထိုသို့ြ့ဖစ်စေနိုင်သည်ကို သိလျက်နှင့်သော် လည်းကောင်း၊ အများ ပြည်သူဆိုင်ရာ နေရာ၌ ယာဉ်တစ်စီးကို သစ်သာဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်စစ်ဖြင့်ဖြစ်စေ၊ တခြား အရာဝတ္ထုဖြင့် ဖြစ်စေ၊ ပစ်ခတ်လျှင် သို့မဟုတ် ထိုယာဉ် တစ်စီးစီးပေါ်၌ ထိုအရာ တစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင် ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေကျပ် ငါးသောင်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြဋ္ဌာန်းထားသည်။
သို့ပါသောကြောင့် နှစ်စဉ်ကျင်းပလျက် ရှိသော သင်္ကြန်ပွတြော်တွင် အေးချမ်းပျော်ရင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ပါဝင်ဆင်နွှဲ ကြစေရန် သင်္ကြန်ပွဲတော်အတွင်း မြို့အနှံ့ ရေပက်ခံ လည် ပတ်နေသော ယာဉ်ကို ဘေးဖြစ်စေသော ၀တ္ထုဖြင့် ပစ်ခတ်ခြင်း မပြုမိအောင် ဆင်ခြင်မှု သတိတရားများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ စေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါ သည်။ ။
မြ၀တီ
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံ သူ၊ နိုင်ငံသားများအားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန်ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက် သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့် လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။
မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်း စုကြည်ပြော
Photo: မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်း စုကြည်ပြော
Saturday, April 12, 2014
အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့ အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူတုန်း သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”
ဆုပေးပွဲအခမ်းအနားကို ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပါတယ်။ ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ ပါတီရဲ့ခေါင်းဆောင်တွေ ဂျာမနီ ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ ဆုလက်ခံ အခမ်းအနားမှာ မြန်မာ့နိုင်ငံရေး အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို လည်း ပြော သွားပါတယ်။
“စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ် ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ စစ်တပ်ကိုလည်း အထူးအခွင့် အရေး ပေးထားတယ်ဆိုတာ သတိထားမိကြပါ လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီိမိုကရေစီစံနှုန်းတွေ အပြည့်အ၀ရှိတဲ့ နိုင်ငံတခုဖြစ်လာအောင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှာ ဖြစ်ပါတယ်။”
ဒါဟာ သူ့ရဲ့ ပထမဆုံး ဂျာမဏီနိုင်ငံခရီးစဉ်ဖြစ်ပြီး ဂျာမန် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချူပ်တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ ဧပြီ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့ အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
ဗဟိုအာဖရိက သမ္မတနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၂၀၀၀ စေလွှတ်မည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ ငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင် ၁၂ဝဝဝ စေလွှတ် ရန် မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့ခဲ့
ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေး မှု လုပ်ငန်း စဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာ အုပ်စု ငါးဟေကျေးရွာတွင် ဧပြီ ၉ ရက် မွန်းလွဲ ပိုင်းက ၄င်းရွာနေ ဦးလောတား၏ နေအိမ်၌ ထမင်းချက်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၆၂ လုံး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် လေးစီး၊ လက်တွန်း ထွန်စက်ခြောက်စီးနှင့် ဆန်စက် ၁ဝ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၃၂၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
သင်္ကြန်ကာလ ကားစင်းလုံးငှားမှု လျော့ကျ
 ပြည်ပက ကားများ တင်သွင်းခွင့်ပြုလိုက်သဖြင့် ၂၀၁၄ခုနှစ် အတာသင်္ကြန်ကာလအတွက် ရန်ကုန်မြို့တွင်း ကားဖြင့် လည်ပတ်ရန် ကားစင်းလုံးငှားရမ်းနှုန်းသည် ယခင်နှစ်ထက် ကျဆင်းသွားပြီး ဘုရားဖူးထွက်ရန် ငှားသူသာ များပြားသည်ဟု ကားငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
အနုပညာရှင်တွေကို သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး တိုက်တွန်းနှိုးဆော်လွှာထုတ်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး
မြန်မာနိုင်ငံအစည်းအရုံးက မဟာသင်္ကြန်ကာလ အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လွန်ကဲ တဲ့  ၀တ်စား ဆင်ယင်မှုတွေ ကိုရှောင်ကြဉ်ဖို့ တိုက်တွန်းနှိုးဆော်လွှာကို ဧပြီလ(၈)ရက်နေ့မှာ ထု တ်ပြန်ခဲ့ တယ် လို့ ရပါတယ်။အခုလိုအနုပညာရှင်တွေနဲ့ပတ်သက်ပြီး နှိုးဆော်လွှာ ထုတ်ရခြင်းကတော့ အနုပညာ ရှင်တွေ ဟာ ပြည်သူတွေရဲ့ စံပြဖြစ်တာကြောင့် ပြည်သူတွေအနုယူမှုမမှားစေဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Photo: မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, April 12, 2014
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ Willy Brandt လူ့အခွင့်အရေးဆု လက်ခံတဲ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြား လိုက်တာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းလမ်း ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အရင်ကစစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပုံသေအတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်နေ တုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ကျွန်မတို့ အစိုးရအဖွဲ့ဝင်အတော်များများဟာ အရင်အစိုးရလက်ထက်က အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ အဝတ်လေးလဲရုံနဲ့၊ ဆိုလိုတာက စစ်ဝတ်စုံကို အရပ်အဝတ်အစားပြောင်းပြီး လဲဝတ်လိုက်တဲ့အတွက် အသားကျနေတဲ့ အတွေးအခေါ် အလိုအလျောက်ပြောင်းလဲသွားတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး လို့ ပြောသွားတာပါ။ မြန်မာအစိုးရကို ကမ္ဘာက စောင့်ကြည့်ပြီး မေးခွန်းထုတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပြည်ထောင်စုကို ရှေးရှုသွားချင် တာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အယောင်ဆောင်ပြီး အာဏာရှင်နိုင်ငံ တစ်နိုင်ငံကို သွားချင်သလားလို့ မေးခွန်းထုတ်ဖို့ တိုက်တွန်းတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးအခွင့်အရေးပေးထားပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
RFA Burmese
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။
အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့်မှုများ ပြုလုပ်မည်
မြန်မာနိုင်ငံ အတွင်း အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့် လေ့လာမှု များ ပြုလုပ်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရ သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား
Photo: ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား
Saturday, April 12, 2014
ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေးရွာ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်း ကောက်ယူနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျုံခဝန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်း ရှင်းလင်းပွဲကို ကျင်းပရာ ရှေးဦးစွာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် မွန်ပြည်နယ် ဦးစီးဌာနမှူး ဦးသန်းဝင်းတို့က ပြည်နယ်များ အတွင်း သန်းခေါင်စာရင်း ကောက်ယူ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် မြေပြင် ကွင်းဆင်း ကောက်ယူမှု အခြေအနေများ၊ လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းက သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အပေါ် KNU အဖွဲ့အစည်းမှ ပူးပေါင်း ပါဝင်မှုများနှင့် လုပ်ငန်းများ အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယခင်ကာလများက တည်ငြိမ် အေးချမ်းမှုမရှိသော နေရာဒေသများအား သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေး၏ အသီးအပွင့် ရလဒ်များကြောင့် နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်မှ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် မူတည်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိရောက်သော စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူ အားလုံးအား နိုင်ငံနှင့် ပြည်သူအကျိုး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ UNFPA နှင့် UNDP တို့မှ ဌာနေ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်အား လေ့လာခွင့် ရရှိပြီး KNU အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းကာ သန်းခေါင်စာရင်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် မိမိတို့မှလည်း ဆက်လက်ပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ စသည့် ကျေးရွာများသို့ လှည့်လည် သွားရောက်၍ ကျေးရွာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြု အဖွဲ့များ၊ စာရင်းစစ် စာရင်းကောက်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတွင် သမိုင်းတွင်မည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတွင် ပါဝင် ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားကာ သင်္ကြန်အကြို အတာရေများ ပက်ဖျန်းကာ "ပြည်သူ အားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူသော သန်းခေါင်စာရင်း ဆောင်ပုဒ်ကို သံပြိုင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
The Mirror Daily
ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေးရွာ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်း များ မေးမြန်း ကောက် ယူနေမှု ကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျုံခဝန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်း ရှင်းလင်း ပွဲကို ကျင်းပရာ ရှေးဦးစွာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် မွန်ပြည်နယ် ဦးစီးဌာနမှူး ဦးသန်းဝင်းတို့က ပြည်နယ်များ အတွင်း သန်းခေါင် စာရင်း ကောက်ယူ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် မြေပြင် ကွင်းဆင်း ကောက်ယူမှု အခြေ အနေများ၊ လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများကို ရှင်း လင်း တင်ပြကြသည်။
ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းက သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အပေါ် KNU အဖွဲ့အစည်းမှ ပူးပေါင်း ပါဝင်မှုများနှင့် လုပ်ငန်း များ အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယခင်ကာလများက တည်ငြိမ် အေးချမ်းမှု မရှိသော နေရာဒေ သ များအား သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေး၏ အသီးအပွင့် ရလဒ်များကြောင့် နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင် စာရင်း လုပ်ငန်းစဉ်မှ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် မူတည်၍ ဒေသဖွံ့ဖြိုး တိုး တက်ရေး အတွက် ထိရောက်သော စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်း စဉ်တွင် ပါဝင်ဆောင်ရွက်သူ အားလုံးအား နိုင်ငံနှင့် ပြည်သူအကျိုး တက်ကြွစွာ ပါဝင် ဆောင် ရွက်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်း လင်း ပြော ကြားသည်။
ဆက်လက်၍ UNFPA နှင့် UNDP တို့မှ ဌာနေ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်း ကောက် ယူမှု လုပ်ငန်းစဉ်အား လေ့လာခွင့် ရရှိပြီး KNU အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းကာ သန်းခေါင်စာရင်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် မိမိတို့မှလည်း ဆက်လက်ပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ စသည့် ကျေးရွာများသို့ လှည့်လည် သွားရောက်၍ ကျေးရွာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြု အဖွဲ့များ၊ စာရင်းစစ် စာရင်းကောက်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတွင် သမိုင်းတွင်မည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတွင် ပါဝင် ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားကာ သင်္ကြန်အကြို အတာရေများ ပက်ဖျန်းကာ "ပြည်သူ အားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူသော သန်းခေါင်စာရင်း ဆောင်ပုဒ်ကို သံပြိုင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
The Mirror Daily
တောင်ကိုရီးယား ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်များ ဖောက်ထွင်း ခံရ
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင် ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ဖောက်ထွင်း ခံခဲ့ရကြောင်း အတိုက်အခံ ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးက ဧပြီ ၁ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
Photo: ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
Saturday, April 12, 2014
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ဘတ်စကား မှတ်တိုင်များတွင် ရပ်နား၍ ခရီးသည်အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာ ယာဉ်လုပ်သားများ ကို မှာကြားထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားခဲ့သည်။
ခရီးသည်တင် ယာဉ်လုပ်သားများ အနေဖြင့် ရပ်-ချ-တင်-ထွက် စနစ်ကို ကျင့်သုံးမှသာ ခရီးသွား ပြည်သူများ၏ မြို့တွင်း သွားလာရေးတွင် အချိန်ကုန် သက်သာမည့်အပြင် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျော့နည်းစေပြီး ယာဉ်မတော်တဆမှု ကင်းရှင်းစေ နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
မြေနီကုန်း၊ ဆူးလေ၊ လှည်းတန်း၊ မဟာမြိုင်၊ ပန်းဆိုးတန်းနှင့် အခြားသော မှတ်တိုင်များတွင် ခရီးသည်တင် ယာဉ်များ အနေဖြင့် ခရီးသည် အတင်အချ ပြုလုပ်ရာတွင် ရပ်-ချ-တင်-ထွက်စနစ်ကို မကျင့်သုံးဘဲ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အ တင်အချ ပြုလုပ်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ကို နေ့စဉ်တွေ့မြင် ရမည်ဖြစ်သည်။
''မှတ်တိုင်တွေမှာ ရပ်နားပြီး လူတင်၊လူချ ပြုလုပ်တဲ့အခါ ယာဉ်ရပ်ပြီး ကားပေါ်က ခရီးသည်ကို ချမယ်။ ပြီးရင် အောက်က တက်လာမယ့် ခရီးသည်ကို တင်မယ်။ ပြီးရင် ထွက်မယ်။ အဲဒီ စနစ်ကို သုံးရမယ်။ အဲဒါမှ ယာဉ်ကြောရှင်းမယ်'' ဟု မ-ထ-သ (ဗဟို) စည်း ကမ်းထိန်းသိမ်းရေး ဌာနမှ ဦးကာကျော်က ပြောကြားခဲ့သည်။ အထက်ပါ ခရီးသည်တင် ယာဉ်များစွာ ရှေ့ဆင့်နောက်ဆင့် တန်းစီရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်သော မှတ်တိုင်ကြီးများတွင် ခရီးသည်တင် ယာဉ်များ၏ အချိန်ကြာမြင့်စွာ ရပ်နား၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်းကြောင့် နောက်မှ အခြားသော မော်တော်ယာဉ် များမှာ ရှေ့ဆက် သွား၍မရဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသည့်အပြင် ခရီးသွား ပြည်သူ များအနေဖြင့် လိုရာခရီး သွားလာရာတွင် လည်း အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့ မည် ဖြစ်ကြော င်း ပညာ ရှင် များက သုံးသပ်ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
Photo: ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
Saturday, April 12, 2014
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်းမြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင်
မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင်၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
''အခု ကျွန်တော်တို့ ဒီလမ်းလျှောက် ခရီးစဉ်ကို စတင် ဆောင်ရွက်ခဲ့တာ အောင်မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်လ တွေမှာလည်း လစဉ်ပုံမှန် ဆောင်ရွက်သွားမှာပါ။ ဒီလေ့လာရေး ခရီးစဉ်ကို အခမဲ့ ဆောင်ရွက် ပေးနေတာပါ။
ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တွေကို ပြည်သူတွေ မျက်မြင် ကိုယ်တွေ့ အနီးကပ် လေ့လာနိုင်ပြီးတော့ ဂုဏ်ယူတန်ဖိုးထား လာစေဖို့ရယ်၊ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ အသိတရားတွေ ဝင်လာစေဖို့ရယ် အဲဒီ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုး ဒီခရီးစဉ် တွေကို ဆောင်ရွက်ပေးတဲ့ သဘောပါ။ အဆောက်အအုံ တစ်ခုစီရဲ့ သမိုင်းကြောင်း တွေကိုလည်း တာဝန်ရှိသူတွေက သေသေချာချာ ရှင်းပြပေး သွားမှာပါ''ဟု YHT က တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ထိုလေ့လာရေး ခရီးစဉ်တွင် လိုက်ပါလေ့လာ လိုသူများအနေနှင့် ကြိုတင်စာရင်း ပေး သွင်းရန် လိုအပ်ပြီး လက်ရှိတွင် တစ်လလျှင် ခရီးစဉ်တစ်ခေါက် လှည့်လည်ပြသရန် စီစဉ်ထားကာ အဆိုပါ ခရီးစဉ်တစ်ခေါက်တွင်လည်း ကြိုတင်စာရင်း ပေးထားသူများ ထဲမှ လူ ၃ဝ ခန့်ကို ဦးစားပေး ရွေးချယ် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း YHT ၏ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများကို လမ်းလျှောက် လှည့်လည် လေ့လာသော ခရီးစဉ်တွင် လိုက်ပါလိုသူများ အနေဖြင့် အမှတ် (၂၂-၂၄) ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လူကိုယ်တိုင် လာရောက် စာရင်း ပေးသွင်းနိုင်ပြီး ဖုန်း-ဝ၁-၂၄ဝ၅၄၄ နှင့် အီးမေးလ်- info@yangonheritagetrust.org သို့လည်း ဆက်သွယ် စုံစမ်းကာ ကြိုတင် စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။
မြ၀တီ
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်း မြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင် မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင် ၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက် အအုံ များအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
ဂျပန်က အငြင်းပွား ဝေဟင်ပိုင်နက် အတွင်း ဝင်ရောက်လာသော တရုတ် လေယာဉ်များကို မောင်းထုတ်ရသည့်အရေအတွက် စံချိန်တင် မြင့်တက်လာ
တရုတ်နှင့် ဂျပန်တို့ အကြား အငြင်းပွားနေသည့် ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော တရုတ် လေယာဉ်များကို ဂျပန်နိုင်ငံက ယခုနှစ် အတွင်း မောင်းထုတ်ခံရသည့် အကြိမ် အရေအတွက်မှာ ၄၁၅ ကြိမ်ရှိသောကြောင့် ယခင်နှစ်ထက် စာပါက စံချိန်တင် မြင့်တက် လာခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဗြိတိန်တွင် ခြောက်လနှင့်အထက် နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက်ထားမည့်သူများ တီဘီရောဂါ စစ်ဆေးရန် လိုအပ်ကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်
https://scontent-a-kul.xx.fbcdn.net/hphotos-frc3/t1.0-9/10157320_607243779366666_8840010941429660805_n.jpg
(တီဘီရောဂါကုဆေးရုံ (အောင်ဆန်း)တွင် တက်ရောက်ကုသနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်))
ဗြိတိန်တွင် ခြောက်လထက်ပိုသော တာရှည်နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက် ထားမည့် သူများ တီဘီရောဂါ စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိသျှသံရုံးမှ ဧပြီ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့ သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ဗြိတိန်နိုင်ငံတွင် ခြောက်လထက်ပိုသော တာရှည်နေ ထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာကို မြန်မာနိုင်ငံတွင် လျှောက်ထားသူများ အနေဖြင့် ပြည်ဝင်ခြင်းမပြုမီ အဆုတ်နာ တီဘီရောဂါ ကြိုတင်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် ကာလတိုနေထိုင်မည့် ပြည်ဝင်ခွင့်ဗီဇာ၊ လုပ်ငန်း ကိစ္စ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများ အနေဖြင့် စစ်ဆေးရန်မလိုကြောင်း၊ ခရီးသွားများနှင့် အခြား ကာလ တို နေထိုင်သူ ဧည့်သည်များနှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သန်းခေါင်စာရင်း နဲ့ မွတ်စလင်ဦးရေ
ကုလသမဂ္ဂအကူအညီနဲ့ သန်းခေါင်စာရင်း ပြုစုရာမှာ စာရင်းမကောက်နိုင်လို့ ကျန်နေတဲ့နေရာနဲ့ တမင်ချန် ထားတဲ့ နေရာတွေရှိတဲ့အတွက် တိုင်းရင်းသားအချို့ နဲ့ မွတ်စလင်ဦးရေကို ရေတွက်ဖို့ အခက်အခဲရှိနိုင် ပါတယ်။ ဒီနေရာမှာ ရှိပြီးသာမြို့ နယ် လူဦးရေစာရင်းကို အားကိုးနိုင်ပါတယ်။ ဥပမာ မောင်တောမြို့ နယ် အုပ်ချုပ်ရေးဦးစီးဌာန မနှစ်က ထုတ်ပြန်တဲ့ ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်လိုမှတ်တမ်းမှာ လူဦးရေစာရင်းကို တွေ့နိုင်ပါတယ်။ သန်းခေါင်စာရင်း မကောက်နိုင်သေးလို့ ကျန်နေတဲ့နေရာမှာ လည်း ဒေသအခြေအနေကိုလိုက်ပြီး နောင်အခါမှာ လူဦးရေစာရင်း ကောက်ယူနိုင်ပါတယ်။
ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Photo: ၀ီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Saturday, April 12, 2014
ဥရောပ တိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံ တကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊ Willy Brandt House မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက်ခဲ့ကြပါတယ်၊
ဒီဆုပေးပွဲအခမ်းအနားမှာ SPD ပါတီရဲ့ ဥက္ကဌက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစုအတွက် သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ပြောဆိုဂုဏ်ပြုသွားကြောင်း ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူကပြောပါတယ်။
"၀ီလီဘရန့် ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဂျာမန်နိုင်ငံရေးသမားတစ်ယောက်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လို အကြမ်းမဖက်တဲ့နည်းတဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက်ကို ပေးတဲ့ဆုမျိုးပေါ့၊ ဂျာမန်လူမျိုးတွေထဲမှာ ဒီဆုက တော်တော်မြင့်မားတဲ့ဆုဖြစ်ပါတယ်၊ SPD ပါတီ ဥက္ကဌပြောတဲ့ မိန့်ခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်ခဲ့တာ ၂၁ ရာစုမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲလို့ ပြောသွားတယ်၊ ဒါကတကယ့်ထူးခြားပြီးတော့ ကြည်နူးဖို့ကောင်းတဲ့ နေ့တစ်နေ့ပေါ့"
ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်ကြောင်း ၊အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ဘယ်လိုအလုပ်မှ ဆက်လုပ်နိုင်မှာ မဟုတ်ကြောင်း အကျယ်တ၀င့်ပြောသွားခဲ့သလို မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ဂျာမနီနိုင်ငံက အကူအညီပေးဖို့တွေကိုလည်း တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံးခဲ့သလို၊ ဂျာမနီသမ္မတ Joachim Gauk နဲ့ပါ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်၊ ဒါ့အပြင် ဧပြီ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာလင်မြို့ က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
RFA Burmese
ဥရောပတိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
ကမ္ဘာ့ဘဏ် နဲ့ မြန်မာပြည်ကူညီရေး အစီအစဉ်
ကမ္ဘာ့ဘဏ်ရဲ့ နွေဦးရာသီ ညီလာခံမှာ မြန်မာပြည်ကူညီရေး အစီအစဉ် နဲ့ပတ်သက်ပြီး သုံးသပ်တာတွေ လုပ်နေပါတယ်။
အခြားကဏ္ဍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည် နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
Photo: အခြားကဏ္ဍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည် နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
Saturday, April 12, 2014
“ ဥက္ကဌ ကတော့ လာမည့်၂၀၁၅ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ စနစ်တခု ဖြစ်စေရမယ် လို့ ပြောပါ တယ်။ ဒီတော့ ပြီးခဲ့တဲ့ နိုဝင် ဘာ(၇)ရက်နေ့ က  ကျင်းပခဲ့ တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ အားနည်း ချက်တွေကို အမြင် ဖလှယ်ကြ တာ ဖြစ်ပါတယ်။” ဟုဆိုပါသည်။
အားနည်း ချက်များထဲမှ ကြိုတင်မဲ ပေးမှုများ ပြသနာ၊ပါတီ တည်ထောင် ခွင့် အချိန် ပေးမှု နည်းပါးသည့် ပြသနာ၊  တိုတောင်းသည့် အချိန်ရရှိမှု များသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၏ အရေးကြီးဆုံး ပြသနာဟု သုံးသပ်ပြီး  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် နမူနာကောင်း ဟုသုံးသပ်ကြောင်း ဆိုပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး သည် “ပြည်သူတွေ ဟာမဲပေးပိုင်ခွင့် နှင့်ဥပဒေ အရရွေး ချယ်ခံ ပိုင် ခွင့်ရှိကို ရှိရ မယ် မရခဲ့ ဘူးဆို ရင် တော့ အဲဒါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာ ဖြစ်တယ်။  လူ့ အခွင့်အရေး အရ လည်း ထိခိုက် ဆုံးရှုံးမှာ ဖြစ်တယ်” ဟုပြောခဲ့ ကြောင်း ဆိုပါသည်။
အစည်းအဝေး တက်ရောက် သူ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဗဟို အလုပ်မှု ဆောင်ကော် မတီဝင် နိုင်လှ ခိုင် ကမူ  “ အဓိက ကတော့ ကိုယ်စား လှယ် လောင်းတွေရဲ့ ရွေးချယ်မှု မှာ မဲစာရင်း မှန်ကန် ဖို့နဲ့ ၂၀၁၀မှာ ပေးခဲ့တဲ့ ကြိုတင်မဲ တွေ ဟာ အငြင်းပွား စရာ ဖြစ်နေ လို့  ဒါတွေကို၂၀၁၅ မှာပြုပြင် သွားဖို့လိုတယ်” ဟုပြောသည်။
တက်ရောက် လာသောနိုင်ငံရေး ပါတီများမှကိုယ် စားလှယ်များ ကလည်း ဥပဒေအရ တင်ပြ လာခြင်း မရှိဘဲ အပေါ်ယံပြင် ဆင်မှုမျှ သာဆွေးနွေးနေ ကြခြင်း ဖြစ် သည်။ အနှစ်သာရ ဖြစ်သည့် ၂၀၀၈ဖွဲ့ စည်းပုံ၏ အားနည်း ချက်ထဲ မှရွေးကောက် ပွဲအတွက်ပြင် ဆင်ရမည့်ရွေးေ ကာက် ပွဲဆိုင် ရာပုဒ် မများ အကြောင်း တင်ြ ပဆွေး နွေးကြခြင်း မရှိကြပေ။
ယင်း တွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင် ၊မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကေ ရစီ ပါတီ၊ မွန်ဒေ သလုံး ဆိုင်ရာဒီမို ကရေ စီပါတီ၊ တိုင်း ရင်း သား စည်းလုံး ညီ ညွတ်ရေးပါတီ ၊၈၈မျိုး ဆက်ကျောင်း သားလူ ငယ်များပါ တီနှင့် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် များ စုစုေ ပါင်း(၂၀၀) ၀န်းကျင် ခန့် တက်ရောက် ခဲ့ပါသည်။
၁၉၈၈ ပြည်သူ အရေး အခင်း ဖြစ် ပြီးသည့် နောက်ပိုင်း စစ်အစိုးရသည် ရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပ ပေးခဲ့ ပါသည် ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နှင့် ၂၀၁၀ ရွေး ကောက်ပွဲ ဟူ၍ ဖြစ်သည်။ ၁၉၉၀ ရွေးကောက် ပွဲသည် လွတ်လပ် ပြီးတ ရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု တကမ္ဘာ လုံးက လက်ခံ ထား သော်လည်း စစ်အစိုးရ မှ အာဏာ လွှဲပြောင်း ပေးခြင်း မရှိခဲ့ပေ။
၂၀၁၀ ရွေးကောက်ပွဲ သည်လည်း အငြင်းပွားမှု  များစွာနှင့် ကျင်းပ ခဲ့ပြန်ပါ သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို တဖက်သတ် ရေးဆွဲထားပြီး ပြင်ဆင် သင့်သော ပုဒ်မများကို လည်း မပြင်ဘဲ တင်းခံနေရင်း ဆန္ဒခံယူမှု များ လိုက် လု ပ်နေခြင်း သည်ပင် ရည်မှန်းချက် တရပ်အား ဆက်လက် အကောင်အ ထည် ဖေါ်နေခြင်း ပင် ဖြစ်သည်ဟု ဝေဖန်နေကြ ပါသည်။
ဤအခြေအနေ ကို ကြည့်ခြင်း အားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ သည် လည်း ၄င်းတို့ စိတ်တိုင်း ကျ ကျင်းပဦးမည် ဖြစ် သည်။ ၂၀၁၀ ရွေးကောက် ပွဲမှ တက်လာေ သာ ပြည်သူ့ကိုယ်စား လှယ်များသည် အများစုသည် အာဏာရ အစိုးရ ပါတီဝင် များဖြစ်သည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲ သည်လည်း တစုံတရာ ပြောင်းလဲ မည့် အနေအထား မတွေ့ရ ကြောင်း သုံးသပ် နေကြပါသည်။
ရွှေဟင်္သာ သတင်းဌာန
ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ်
ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ်
ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း
Photo: ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း
Saturday, April 12, 2014
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ၀န်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်းထားပါတယ်။
“ဗဟိုအစိုးရဟာ ဒေသတွေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ရုံ သာမက နိုင်ငံသား အားလုံးရဲ့ ဥပဒေနဲ့အညီ လိုလားချက်တွေနဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်ဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်၊ ပြောင်းလဲ ထားတဲ့ အခြေခံဥပဒေ မူဘောင်အောက်မှာ ဒေသတခုချင်းစီရဲ့ သီးခြားပန်ကြားချက်တွေကို မိမိတို့ ဖြည့်စွမ်းပေးနိုင်မှာပါ။” လို့ ယာယီ ၀န်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။
ဝန်ကြီးချုပ် ယက်ဆင်နျူက်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းအရှေ့ပိုင်းက အုပ်ချုပ်ရေးမှူးတွေ၊ မြို့တော်ဝန် တွေနဲ့သာမက ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး Rinat Akhmetov အပါအ၀င် အရှေ့ပိုင်းက သြဇာကြီးမားသူ တွေနဲ့ Donetsk မြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရအဖွဲ့တွေကို ဗဟိုအစိုးရက ခန့်ထားတာမျိုး ဆက်မလုပ်တော့ဘဲ ဒေသဆိုင်ရာ လူထု ဆန္ဒခံယူပွဲတွေကို ခွင့်ပြုမယ့် အခြေခံဥပဒေနဲ့ တခြားဥပဒေတွေ ပြင်ဆင်ရေးကို သူထောက်ခံတယ်လို့ ယာယီဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလား တဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ၀န်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်း ထားပါတယ်။
အမေရိကန်ရဲ့ မြန်မာ့သင်္ကြန်ဆုတောင်း
Photo: အမေရိကန်ရဲ့ မြန်မာ့သင်္ကြန်ဆုတောင်း
Saturday, April 12, 2014
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာလူထုအတွက် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက အဲဒီလို ဆုတောင်းပေးထားတာပါ။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေးအခွင့်အလန်း ချဲ့ထွင်ရေးနဲ့ တိုင်းပြည်တွင်း လူတိုင်းအတွက် တရားမျှတမှုရှိစေရေး ကတိက၀တ်တွေ အကောင်အထည်ပေါ်လာစေဖို့ အတူတကွ လက်တွဲလုပ်ဆောင်သွားရေး အမေရိကန်ပြည်ထောင်စုက အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
သမိုင်းဝင် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာစေရေး လုပ်ဆောင်ချက်တွေဟာ အမျိုးသား သဟဇာတဖြစ်ရေးနဲ့ အနာဂတ်အတွက် တူညီတဲ့ စိတ်ကူး အမြင်တွေအတွက် အခြေခံဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မိမိတို့ တန်ဖိုးထားပါကြောင်းလည်း ၀န်ကြီးကယ်ရီက ပြောထား ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုဟာ ဒေသတွင်းမှာ တိုးလာနေတဲ့ မြန်မာနိုင်ငံ ရဲ့ အကျိုးသက်ရောက်မှုကို သရုပ်ဖော်နေပြီး နိုင်ငံရဲ့ တိုးတက်မှုနဲ့ အလားအလာတို့ကို ပြသနေပါတယ်လို့လည်း ဆိုပါတယ်။
ဆုတောင်းတာ၊ ပျော်ပွဲဆင်နွှဲတာ၊ အသစ်တဖန် ဆန်းသစ်တာတို့နဲ့အတူ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ အိမ်နီးချင်းတွေနဲ့ စုဝေး ပြီး ကြွယ်ဝတဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ကို အထိမ်းအမှတ်ပြုနေကြတာနဲ့အမျှ ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ အမေရိကန်လူထုက ဆုတောင်းမေတ္တာပို့သနေပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာလူထုအတွက် အမေရိကန်သမ္မတ ဘရာ့ခ် အို ဘားမား ကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အဲဒီလို ဆုတောင်းပေး ထားတာပါ။
သင်္ကြန်နီးချိန်တွင် ကုန်ခြောက်နှင့် သားငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ကျပ် ၄၀၀၀ အထိ ထပ်မံမြင့်တက်
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဈေးတစ်ဈေးမြင်ကွင်းကို တွေ့ရစဉ်
သင်္ကြန်ကာလနီးကပ်လာခြင်းနှင့် ကုန်စည်၊ ကား၊ သင်္ဘောများ ဆိုက်ရောက်မှုနည်း ပါးခြင်းကြောင့် ဈေး ကွက် အတွင်း ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ၄၀၀၀ အထိ မြင့်တက်ထပ်မံလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
DVB သတင်းထောက် ကိုဇော်ဖေအပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် DVB သတင်းဌာန၏ ထုတ်ပြန်ချက်စာရွက်များကို မန္တလေးမြို့အနှံ့ လိုက်လံဝေငှ
Photo: DVB သတင်းထောက် ကိုဇော်ဖေအပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် DVB သတင်းဌာန၏ ထုတ်ပြန်ချက်စာရွက်များကို မန္တလေးမြို့အနှံ့ လိုက်လံဝေငှ
Saturday, April 12, 2014
မကွေးမြို့နယ်ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှစ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းအပေါ် DVB သတင်းဌာနမှ ထုတ်ပြန်ကြေညာချက်အား မန္တလေးမြို့တွင်း လူစည်ကားရာနေရာများ၌ လိုက်လံဝေငှခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ထုတ်ပြန်ကြေညာချက်မှာ အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာသတင်းကို မြို့နယ်ပညာရေးဌာနမှတစ်ဆင့်ရယူခဲ့ခြင်းမှာ သတင်းထောက်တစ်ယောက်၏အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သတင်းဌာနမှ ယုံကြည်ကြောင်းနှင့် ယင်းပြစ်ဒဏ်ချမှတ်မှုကို သတင်းဌာနအနေနှင့် လုံးဝကန့်ကွက်ရှုတ်ချကြောင်းပါရှိပြီး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်စာရွက်များ ဝေငှခြင်းကို မွန်းလွဲတစ်နာရီမှစတင်၍ ဈေးချိုဝန်းကျင် ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်၊ ၃၃ လမ်း နှင့် ၇၈ လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာရှေ့တို့တွင် လိုက်လံဝေငှခဲ့ခြင်းဖြစ်သည်။
မတရားဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသော သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် ယင်းသို့စာရွက်များ လိုက်လံဝေငှခြင်းကို  မြို့ခံသတင်းထောက် ၁၀ ဦးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး DVB သတင်းထောက် ကိုကျော်ဇေ၀င်းက "ကျွန်တော်တို့ ခုလိုလုပ်ဆောင်ခြင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလမ်းလျှောက်ခြင်းပြုလုပ်တာ လုံးဝမဟုတ်ပါဘူး။ မိမိတို့သတင်းထောက် ပြန်လည်လွတ်မြောက်ဖို့အတွက် စာရွက်ဝေငှခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေတယ်လို့ ပြောဆိုနေချိန်မှာ အခုလို သတင်းထောက်တစ်ယောက်ကို ထောင်ဒဏ်ချမှတ်တာက စာနယ်ဇင်းနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်တာပဲဆိုတာကို အများပြည်သူသိစေချင်တဲ့အတွက်လည်း ထုတ်ပြန်ချက်ကို လိုက်လံဝေငှတာပါ" ဟု ပြောကြားသည်။
Eleven Media Group 
မန္တလေးမြို့ ဘုရားကြီးအရှေ့မုခ်တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှနေ သည်ကို တွေ့ရစဉ်
မန္တလေးမြို့ ဘုရားကြီးအရှေ့မုခ်တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှနေ သည်ကို တွေ့ရစဉ်  
မကွေးမြို့နယ်ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းအပေါ် DVB သတင်း ဌာနမှ ထုတ်ပြန်ကြေညာချက်အား မန္တလေးမြို့တွင်း လူစည်ကားရာနေရာများ၌ လိုက်လံဝေငှခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ရန်ကုန်သင်္ကြန်အပေါ် စိတ်ဝင်စားမှု ယခင်နှစ်ထက် ပိုများ၊ ကမ္ဘာအေးစေတီလမ်း၊ ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အများဆုံး ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်များတွင် လက်မှတ်ရောင်းချမှု ကုန်သလောက်နီးပါးဖြစ်နေ
Photo: ရန်ကုန်သင်္ကြန်အပေါ် စိတ်ဝင်စားမှု ယခင်နှစ်ထက် ပိုများ၊ ကမ္ဘာအေးစေတီလမ်း၊ ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အများဆုံး ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်များတွင် လက်မှတ်ရောင်းချမှု ကုန်သလောက်နီးပါးဖြစ်နေ
မြန်မာလူမျိုးများ၏  ရိုးရာပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ရောက်ရှိရန် တစ်ရက်သာလိုတော့ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်သည်။
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အပေါ် စိတ်ဝင်စားမှု အနေအထားမှာ ယခင်နှစ်ထက် ပိုများပြားနေသည်ဟု ဆိုကြပြီး သင်္ကြန်မဏ္ဍပ် ထိုင်မည့်သူများ၊ လည်ပတ်မည့် သူများလည်း အများအပြား ရှိနေကြသည်။
ရန်ကုန်သင်္ကြန် ရေကစားမဏ္ဍပ် ၁၀၀ နီးပါးရှိမယ်
ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်များ အနေဖြင့် နှစ်စဉ်စည်ကား နေကြဖြစ်သော ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံး တည်ရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်အကြီး ၁၂ ခု၊ ပြည်လမ်းတွင် သုံးခု၊ သိမ်ဖြူယာဉ်မောင်းကွင်းရှေ့ ဦးအောင်မြတ်လမ်းတွင် သုံးခု ဆရာစံလမ်းတွင် လေးခု၊ ကမ်းနားလမ်းတွင် နှစ်ခုအပါအ၀င် ရန်ကုန်မြို့နေရာ အနှံ့တွင် ရေကစားမဏ္ဍပ် အကြီး အသေး စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့် ချထားပေးခဲ့ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်မှု အခြေအနေအရ ရေကစားမဏ္ဍပ် ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အကြီး ၁၅ ခု၊ ကမ္ဘာအေး စေတီလမ်းတွင် ကိုးခု၊ ပြည်လမ်းတွင် မဏ္ဍပ်အကြီး လေးခု၊ ရန်ကင်းဆရာစံ ပန်းခြံရှေ့တွင် တစ်ခု၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊ ကမ်းနားလမ်းတွင် နှစ်ခု၊ အပါအ၀င် မဏ္ဍပ်စုစုပေါင်း ၅၀ ခွင့်ပြုခဲ့ပြီး ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားသူ များပြားခဲ့သော်လည်း ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်များသို့ ရေလာရောက်ကစားသူ အရေအတွက် နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု ယခင်နှစ် မဏ္ဍပ်ဆောက်လုပ်သူ အချို့၏ ပြောကြားချက်များအရ သိရသည်။
ယင်းအခြေအနေများကြောင့် ယခုနှစ် သင်္ကြန်တွင်လည်း မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမှု နည်းပါးခဲ့မည်ဟု ခန့်မှန်းခဲ့သော်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ ယခင်နှစ်ထက် များပြားခဲ့ပြီး မဏ္ဍပ်အကြီး လျှောက်ထားသူ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။
မဏ္ဍပ်ပါမစ်ဈေး စံချိန်တင်မြင့်တက်ခဲ့တဲ့နှစ်
မဏ္ဍပ်လျှောက်ထားသူများတွင် အရှုံးအမြတ်ကို မကြည့်ဘဲ ပျော်ချင်ရုံသက်သက်ဖြင့် ကိုယ်တိုင်မဏ္ဍပ် ဆောက်လုပ်လျှောက်ထား သူများလည်း ပါဝင်သလို မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ကို အခြားသူတစ်ဦးထံသို့ လက်လွှဲရောင်းချသည့် သူများလည်း ပါဝင်ခဲ့ပြီး ယခုနှစ် မဏ္ဍပ်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ အထိ ပေါက်ဈေးရှိခဲ့သည်ဟု သိရပြီး ယခင်နှစ် မဏ္ဍပ်ပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၅၀ လောက်အထိသာ ရှိခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်မည့်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
ယင်းသို့ ပါမစ်များကို လက်လွှဲရောင်းချပါက ဒဏ်ကြေးငွေကို ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည်ဟု စည်းကမ်းချက် ထုတ်ထားသော်လည်း ရောင်းချမှုများ ရှိနေဆဲပင်ဖြစ်ပြီး ထိုသို့လက်လွှဲ ရောင်းချမှုမှာ အစိုးရဌာနများနှင့် နီးစပ်သူများသာ ဖြစ်လိမ့်မည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
ရန်ကုန်သင်္ကြန် ကမ္ဘာအေးစေတီလမ်းမှာလား
ယခုနှစ်ရန်ကုန်သင်္ကြန်မှာ ကမ္ဘာအေးစေတီလမ်းမှာ အစည်ကားဆုံးဖြစ်မည်ဟု ခန့်မှန်းထားကြပြီး လက်ရှိရေကား မဏ္ဍပ် အနေ ထားများအရလည်း ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မဏ္ဍပ်များမှာ အပြင်အဆင်ပိုင်း၌ ပိုမို ခမ်းနားနေပြီး မဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားမှုမှာလည်း ကန်တော်ကြီးပတ်လမ်းထက် မြင့်တက်နေသည်ဟု သိရသည်။ မဏ္ဍပ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ယခုနှစ်နှုန်းထားမှာ အခြားနှစ်များနှင့် မတူသည့် နှုန်းထားများဖြစ်နေပြီး သင်္ကြန်ရက် အကုန်လုံး ထိုင်မည်ဆိုပါက ယခင်နှစ် အများဆုံး ကျပ်လေးသောင်းခွဲ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်ခြောက်သောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး VIP လက်မှတ် ဆိုပါက ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေသည်။
မဏ္ဍပ်လက်မှတ်တွေ ကုန်တော့မယ်                
သို့သော် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်လက်မှတ်ခမှာ ကမ္ဘာအေးစေတီလမ်းထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကြား သက်သာသည်ဟု သိရပြီး မဏ္ဍပ်လက်မှတ်များမှာ ကုန်သလောက်နီးပါး ရောင်းချပြီးနေပြီဟု သိရသည်။      
"အခုလက်မှတ်ရောင်းတာက ကုန်သလောက်နီးပါး ရှိနေပါပြီ။ ကျွန်တော်တို့ မှန်းထားတဲ့ လူဦးရေကို ကျော်လွန်ပြီး လက်မှတ်ရောင်းခဲ့ ရတဲ့အတွက် လက်မှတ်ဈေးနှုန်းတွေကို ဆွဲတင်လိုက်ရပါတယ်။ သင်္ကြန်တွင်းမှာ ဆိုရင်လည်း နဂိုသတ်မှတ်ထားတဲ့ ဈေးတွေထက်ကို ကျပ် ၁၀၀၀၀ လောက်ပိုပြီး ဈေးတက်နိုင်ပါတယ်။ ဈေးမြင့်တက်ပေမယ့် လက်မှတ်ဝယ်ကြတာ များတဲ့အတွက် အခုရာခိုင်နှုန်း  ၇၀ လောက် ရောင်းပြီးသွားပါပြီ။ ကျွန်တော်တို့မဏ္ဍပ်က လူ ၃၀၀၀ လောက် ရေကစားနိုင်ပါတယ်" ဟု ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Titan မဏ္ဍပ်မှ ကိုအောင်ဦးထွန်းက ဆိုသည်။
"သင်္ကြန်းနီးလာတဲ့ အတွက်ကြောင့် ဈေးတိုးမြှင့်တာက လူအရမ်းများမှာ စိုးလို့ပါ။ သတ်မှတ်တဲ့လူဦးရေ စောစောပြည့်အောင် ဈေးနှုန်းတိုးလိုက်တာပါ။ သင်္ကြန်အပေါ် လူငယ်တွေ တော်တော်များများက စိတ်ဝင်စားတဲ့အတွက် လက်မှတ်ရောင်းအားကတော့ အခုထိ ရာခိုင်နှုန်း ၇၀ လောက် ရောင်းပြီးပြီနေပါပြီ" ဟု ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ Project-X မဏ္ဍပ်မှ ကိုအောင်ကောင်းဆက်ကလည်း ပြောကြားသည်။
မဏ္ဍပ်တွေရဲ့ ၀န်ဆောင်မှု အပြိုင်အဆိုင် မြှင့်နေ
မဏ္ဍပ်လက်မှတ်ခ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မဏ္ဍပ်မှ ပြန်လည်ပေးအပ်မည့် အစားအသောက် ကားပါကင် နေ့စဉ်ကံစမ်းမဲစသော ၀န်ဆောင်မှုအချို့ကိုလည်း အပြိုင်အဆိုင် တိုးမြှင့်ထားသည်ဟု သိရပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်တွင် ရေကူးကန်သဘောမျိုးပင် ပါဝင်မည်ဟု ကြေညာထားသည်။
"ကျွန်တော်တို့ အစားအသောက်ကို ဖော့ဘူးနဲ့ မကျွေးဘူး။ မဏ္ဍပ်မှာဟင်း သုံး၊ လေး မျိုးနဲ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအတွင်း ကြိုက်ရာစားနိုင်အောင် စီစဉ်ထားတယ်။  ပြီးတော့ ဘားကောင်တာလို ပုံစံမျိုးပါ အောင်ထည့်ထားတယ်" ဟု 14 Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်က ဆိုသည်။
စပွန်ဆာတွေ မျက်စိကျတဲ့ ဒီနှစ်သင်္ကြန် ယခုနှစ်ရန်ကုန် သင်္ကြန်အား ပိုမိုစည်ကားနိုင်မည်ဟု မှန်းထားသောကြောင့် မဏ္ဍပ်စပွန်ဆာ ပေးလိုသူများ မျက်စိကျခဲ့ကြပြီး ယခင်နှစ်များက စပွန်ဆာ ပေးလိုသူများကို လိုက်လံရှာဖွေ နေရသော်လည်း ယခုနှစ်တွင် စပွန်ဆာအတွက် အခက်အခဲ မရှိခဲ့ကြောင်းနှင့် အချို့ကုမ္ပဏီများမှာ မဏ္ဍပ်နှစ်ခုအထိ တစ်ပြိုင်နက်စပွန်ဆာ ပေးမှုများပင် ရှိသည်ဟု မဏ္ဍပ်ဆောက်လုပ်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
"မနှစ်ကထက်စာရင် စပွန်ဆာပိုပေးတော့ ဘတ်ဂျက်ကလည်း ပိုကောင်းလာတယ်။ မဏ္ဍပ်ကလည်း အရင်နှစ်တွေထက် ပိုပြီးချဲ့လို့ရတယ်။ ပြီးတော့ ၀န်ဆောင်မှုကိုလည်း ပိုကောင်းအောင် လုပ်လို့ရတယ်။ စပွန်ဆာပေးတဲ့သူတွေ များတဲ့အတွက် အရင်နှစ်တွေကထက် Trend လည်း ပြောင်းသွားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Black Culture မဏ္ဍပ်မှ ကိုဟိန်းအောင်စိုးက ဆိုသည်။
ယခုနှစ် မဏ္ဍပ်ဆောက်လုပ်သည့်သူ အချို့မှာ ၎င်းတို့မဏ္ဍပ်မှ ရရှိသည့် အကျိုးအမြတ်အချို့ကို ဘုန်းတော်ကြီး ကျောင်းများသို့ ခွဲဝေလှူဒါန် သွားမည်ဟုလည်း ဆိုကြသည်။
မဏ္ဍပ်မှာ နားနေခန်းတွေ ပါမယ်ဆိုတဲ့ ကိစ္စ
ယခုနှစ်သင်္ကြန် မဏ္ဍပ်များတွင် နားနေခန်းကဲ့သို့ အခန်းငယ်များ ထည့်သွင်းဆောက်လုပ် ထားသည်ဟု သတင်းများ ထွက်ပေါ်နေရာ ယင်းကိစ္စရပ်မှာ မဖြစ်သင့်ကြောင်း အများစု ဝေဖန်နေကြရာ အဆိုပါ အခန်းငယ်များ ထည့်သွင်းတည်ဆောက် ထားခြင်းမရှိကြောင်း ကမ္ဘာစေတီလမ်းပေါ်ရှိ မဏ္ဍပ်အများစုက ဆိုသည်။
"အဲဒီလိုအခန်းမျိုးတော့ ထည့်မဆောက်ပါဘူး။ ဒါပေမဲ့ မဏ္ဍပ်နောက်မှာတော့ ရေမပက်ချင်တဲ့သူတွေ ဆင်းနားနေလို့ရအောင် နားလို့ရတဲ့ နေရာတွေကိုတော့ လူတွေမြင်သာအောင်တော့ လုပ်ထားပါတယ်" ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုက ဆိုသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်များ ပေးသွင်းရသော မဏ္ဍပ်ဆောက်လုပ်မှု အာမခံစပေါ်ငွေ၊ ရေဆက်သွယ်ခ၊ အမှိုက်သိမ်းဆည်းခ၊ လမ်းတံတားကြေးစသော အခွန်အခနှုန်းထားများ ယခင်နှစ်များ ကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သို့သော် ယခုနှစ်စပွန်ဆာ ရရှိမှု များပြားခြင်းကြောင့် အခြားနှစ်များထက် အမြတ်အစွန်း ရရှိမှုများပြားမည်ဟုလည်း ခန့်မှန်းနေကြသည်။
မဏ္ဍပ်တွေကို ကန်တော်ကြီးနဲ့ အင်းလျားကန်က အဓိက ရေပေးမယ်
ရေကစား မဏ္ဍပ်များအတွက် အသုံးပြုမည့် ရေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ပိုက်လိုင်းများ၊ ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ အဓိက ပေးဝေမည်ဖြစ်ပြီး ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းတို့ရှိ ရေကစားမဏ္ဍပ်များအား အင်းလျားကန်မှ ပေးဝေမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များအား ကန်တော်ကြီးမှ အဓိကပေးဝေမည် ဖြစ်ကြောင်းနှင့် အခြားနေရာများမှ မဏ္ဍပ်များကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်းများမှ ပေးဝေမည်ဖြစ်သည်။
လည်မယ့်သူတွေလည်း ရှိတယ်
လက်ရှိ ရာသီဥတု အခြေအနေအရ ပူပြင်းမှုအပြင် ယာဉ်ကြောပိတ်ဆို့မှု များကြောင့်လည်း သင်္ကြန်ကာလ ကားဖြင့်လည်ပတ်မည့် အစီအစဉ်မှာမူ နည်းပါးမည်ဟု ခန့်မှန်းထားကြသော်လည်း မိမိအစီအစဉ်ဖြင့် လည်ပတ်မည့် သူများလည်း ကိုယ်စီရှိနေကြကြောင်း၊ သို့သော် ယခင်နှစ်ထက် လည်ပတ်ရန် ကားငှားရမ်းမှု နည်းပါးနေသည်ဟု သိရပြီး ကားငှားရမ်းခ အနေဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းနှစ်သောင်းခန့် ရှိသည်ဟု သိရသည်။
တရားစခန်းဝင်မယ့် သူလည်းများတယ်
ယခုနှစ်သင်္ကြန် ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိပြီး စာရင်းပေးသွင်းသူ အများစုမှာ လူငယ်များဖြစ်ကာ အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော်လွန်လက်ခံ နေရသည်ဟု တရားစခန်းများမှ သိရသည်။
"အစ်မတို့ဆီမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထားတာ ၇၈၀ ကျော်ရှိပါတယ်။ ဒါတောင် နယ်ကလာတဲ့သူတွေ မပါသေးဘူး" ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလသည် မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆင်နွှဲလိုကြသော်လည်း လက်ရှိဖြစ်ပေါ်နေသာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်  ငွေကြေးအကျပ်အတည်း များကိုလည်း ချင့်ချိန်နေကြရသည်။ ယင်းအခြေအနေများကြောင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲ လိုသော်လည်း ပါဝင်ခွင့် မရရှိသူများလည်း ရှိနေကြမည်ဖြစ်သည်။
သင်္ကြန်နဲ့ လုံခြုံရေး
ယခုနှစ်ပိုင်းတွင် သင်္ကြန်ဟုဆိုလိုက်လျှင် လုံခြုံရေးကိုပါ တွဲမြင်လာကြပြီး ၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော  မိဘပြည်သူများစွာ ထိတ်လန့်မှု ဖြစ်ပွားခဲ့ရသည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်လည်း မျှော်လင့်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စအား များစွာစိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။ သို့သော်လည်း တစ်နှစ်တစ်ခါသာ ကျရောက်သည့် သင်္ကြန်ပွဲတော်ဖြစ်၍ လုံခြုံရေးကိစ္စအား မေ့ထားကာ ပျော်ရွှင်မည့် သူများလည်း ရှိနေသည်။
ရန်ကုန်သင်္ကြန်အတွက် လုံခြုံရေးဆိုင်ရာ ကွပ်ကဲမှုရုံးကို သုံးနေရာ ထားရှိမည်ဖြစ်ပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ သိမ်ဖြူမိုးလုံလေလုံ အားကစားရုံတွင် ကွပ်ကဲမှုရုံးတစ်ခု ထားရှိမည်ဖြစ်ကြောင်း၊ အလားတူ မြို့တော်စည်ပင်ကလည်း အင်းလျားကန်ပေါင်များတွင် အများအပြည်သူ အန္တရာယ်မဖြစ်ပွားအောင် စောင့်ကြည့်မှုများ ရှိမည်ဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး တုတ် ဓား လက်နက်များ ကိုင်ဆောင်ခြင်း မပြုရန်လည်း အသိပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁ ရက်တွင် ပြောကြားထားသည်။
မဏ္ဍပ်တွေ CCTV အလုံအလောက် တပ်ရမယ်
သင်္ကြန်ဏ္ဍပ်များ အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာကို ပိုမိုဂရုပြုရန် ညွှန်ကြားထားပြီး မဏ္ဍပ်အကြီးတစ်ခုလျှင် CCTV ကင်မရာ အကြီးတစ်လုံးနှင့် Fix ကင်မရာ လေးလုံး၊ မဏ္ဍပ်အလတ် တစ်ခုလျှင် ကင်မရာအကြီး တစ်လုံးနှင့် Fix ကင်မရာ သုံးလုံးတင်ဆင်ရန်နှင့် မဏ္ဍပ်များတွင် လုံခြုံရေး ၀န်ထမ်းများကိုလည်း အလုံအလောက် ခန့်အပ်ထားရန် တင်းကျပ်ထားသည်ဟု သိရသည်။ CCTV ကင်မရာများ၏ နေ့စဉ်မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးသို့ ညစဉ် ၈ နာရီ ထက် နောက်မကျဘဲ ပေးပို့တင်ပြရမည်ဟုလည်း စည်းကမ်းထုတ်ပြန်ထားသည်။
သင်္ကြန်အထူးတရားရုံးတွေ ဖွင့်စစ်မယ်
သင်္ကြန်အထူး တရားရုံးများတွင် သင်္ကြန်နှင့် ဆက်နွှယ်ဖြစ်ပွားသည့် သာမန်မှုခင်းလေးများကို ချက်ချင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်းက သင်္ကြန်နှင့်ဆက်နွယ် ဖြစ်ပွားသည့် ပြစ်မှုပေါင်း ၁၆၉ မှုရှိခဲ့ပြီး ယစ်မျိုး ၉၁၊ ခိုးမှု(နှိုက်) ၄၁ မှု၊ ခိုက်ရန် ၁၅ မှုစသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သင်္ကြန်တွင်း ကားပိတ်ဆို့မှုကို ဘယ်လိုရှင်းမလဲ
သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ Down Town မြို့နယ် ခြောက်မြို့တွင် ကားဆွဲကရိန်းကားများ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်သင်္ကြန် ကာလတွင်း ယာဉ်တိုက်မှု အနေဖြင့်လည်း ၂၀၁၃ ခုနှစ် သင်္ကြန်တွင် ယာဉ်တိုက်မှု ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
Eleven Media Group 
ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်တစ်ခုပေါ်မှ ရေစမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်) 
ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်တစ်ခုပေါ်မှ ရေစမ်းနေသည်ကို တွေ့ရစဉ် 
မြန်မာလူမျိုးများ၏  ရိုးရာပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ရောက်ရှိရန် တစ်ရက်သာလိုတော့ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်သည်။