Friday, May 23, 2014

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေးမည်

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေးမည်
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက် အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၆၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း ၎င်းက ပြောဆိုသည်။
မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
(LC/မေမီ)

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဆီမီး ဖိုင်နယ်သို့ တက်ရန် ကာဂျစ် စတန် အသင်း အား အနိုင် ကစား ရမည့် မြန်မာ အသင်းကို မြန်မာ ပရိသတ်များ ဆက်လက် အားပေး နေမည်

Photo: ဆီမီး ဖိုင်နယ်သို့ တက်ရန် ကာဂျစ် စတန် အသင်း အား အနိုင် ကစား ရမည့် မြန်မာ အသင်းကို မြန်မာ ပရိသတ်များ ဆက်လက် အားပေး နေမည်
Friday, May 23, 2014 

AFC Challenge Cup ပြိုင်ပွဲ၌ နှစ်ပွဲ ကစားပြီး ချိန်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် အုပ်စု တတိယ နေရာတွင် မော်လ်ဒိုက် အသင်းနှင့် ရမှတ်တူ ရပ်တည်နေသည်။ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာနှင့် ကာဂျစ်စတန်၊ အိမ်ရှင် မော်လဒိုက်နှင့် ပါလက်စတိုင်း တို့ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

အုပ်စု(က)ပွဲစဉ် ဒုတိယနေ့ပွဲစဉ်များအပြီးတွင် ပါလက်စတိုင်းအသင်းက နှစ်ပွဲနိုင် (၆)မှတ်၊ မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်၊ အိမ်ရှင် မော်လဒိုက် အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်တို့နှင့် ကာဂျစ်စတန် အသင်းက နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရ သေးပေ။

မြန်မာ အသင်းသည် အုပ်စု ပထမ ဆုံးပွဲတွင် အိမ်ရှင် မော်လ်ဒိုက်ကို တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယ ပွဲစဉ်တွင် ကာဂျစ်စတန်ကို အနိုင်ရရှိ ခဲ့သည့် ပါလက်စတိုင်း အသင်းကို မထင်မှတ်ဘဲ ၂ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ ရသဖြင့် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ကာဂျစ်စတန် အသင်းကို အနိုင် ရရန် လိုအပ်နေပြီး သွင်းဂိုးလည်း များမှသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
အိမ်ရှင် မော်လ်ဒိုက် အသင်းသည် ကာဂျစ်စတန်နှင့် တွေ့ဆုံရာတွင် ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ထား၍ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ပါလက်စတိုင်း အသင်းနှင့် ကစား ရမည် ဖြစ်သည်။ အိမ်ရှင် မော်လ် ဒိုက်နှင့် မြန်မာအသင်း ကာဂျစ်စတန် အသင်းကို အနိုင်ရ ခဲ့ပါက ခြောက်မှတ်တူ အသင်းသုံးသင်း ဖြစ်လာမည် ဖြစ်သည်။ မြန်မာ အသင်းမှာ ကာဂျစ် စတန် အသင်းကို အနည်းဆုံး၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရန် လိုအပ်နေ သည်။
မြန်မာ အသင်းနှင့် ကာဂျစ်စတန် အသင်းတို့၏ ယှဉ်ပြိုင်မှုကို မေ ၂၃ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ၎င်းတို့၏ ယှဉ်ပြိုင် ကစားကြပုံ များကို For Sport ရုပ်သံလိုင်း အပြင် Skynet Sport 1 မှလည်း ည ၁၀နာရီခွဲတွင် တစ်ပြိုင်နက် တည်း တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ Web Portal အဖွဲ့သားများ
AFC Challenge Cup ပြိုင်ပွဲ၌ နှစ်ပွဲ ကစားပြီး ချိန်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် အုပ်စု တတိယ နေရာတွင် မော်လ်ဒိုက် အသင်းနှင့် ရမှတ်တူ ရပ်တည်နေသည်။ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာနှင့် ကာဂျစ်စတန်၊ အိမ်ရှင် မော်လဒိုက်နှင့် ပါလက်စတိုင်း တို့ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

အုပ်စု(က)ပွဲစဉ် ဒုတိယနေ့ပွဲစဉ်များအပြီးတွင် ပါလက်စတိုင်းအသင်းက နှစ်ပွဲနိုင် (၆)မှတ်၊ မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်၊ အိမ်ရှင် မော်လဒိုက် အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်(၃)မှတ်တို့နှင့် ကာဂျစ်စတန် အသင်းက နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရ သေးပေ။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ရရန် အထူးကိုယ်စားလှယ် ဆွေးနွေးလာပါက လုံးဝခွင့်ပြုမည်မဟုတ်ဟု ဦးရဲထွဋ်ပြော

ရန်ကုန်၊ မေ ၂၂- OIC အဖွဲ့၏အထူး ကိုယ်စားလှယ်က ရခိုင်ဒေသတွင်လူ သား ချင်းစာနာသည့် အကူအညီများ ပေးရန် မြန်မာ နိုင်ငံတွင် OIC ရုံးဖွင့် လှစ်ခွင့်ရ ရန် မြန်မာအစိုးရနှင့်ဆက် သွယ်မည်ဟုပြောဆိုထားသော်လည်း ယခုအချိန် ထိ မြန်မာအစိုးရ ထံဆက် သွယ်လာခြင်းမရှိသေးကြောင်း သမ္မတ ၏ပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲ ထွဋ်က အတည်ပြုပြောကြား သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Organisation of Islamic Cooperation - OIC) အဖွဲ့ ၏

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးကပြောသည်။

‘‘မေ ၂၃ ရက် မနက်ကနေညနေအထိ ဂွမြို့နဲ့နီးတဲ့ ရခိုင်ကမ်းရိုးတန်းကို အနီးဆုံးကပ်လာပြီးမှ အဲဒီကတစ်ဆင့် အနောက်၊အနောက်မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်ကမ်းခြေ)ကို ထောင်တက်သွားနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းအတွက်တော့ လိမ္မော်ရောင် အဆင့်ရောက်နေတယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

မုန်တိုင်းငယ်သည် မြန်မာ နိုင်ငံ၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၅) မိုင်ခန့် ကျောက်ဖြူမြို့၏ အနောက် ဘက်မိုင် ၁၆၀ ခန့်နှင့် စစ်တွေမြို့ ၏ တောင်-အနောက်တောင် ဘက်မိုင် ၁၉၀ ခန့်အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေကာ မြန် မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေ ဘက်သို့ ဆက်လက်ရွေ့လျားလာ ဖွယ်ရှိကြောင်း မိုး/ဇလက သတင်းထုတ်ပြန်သည်။

‘‘မြို့ထဲမှာတော့ လော်စပီ ကာနဲ့ မုန်တိုင်းအန္တရာယ်သတိ ပေးချက်ကို လိုက်ကြေညာနေ တယ်။ ၀င်မလာပါစေနဲ့လို့ပဲ ဆု တောင်းပါတယ်။ လူတွေကတော့ ထုံးစံအတိုင်း ကြောက်နေကြ တယ်။ တချို့ အိမ်ပြောင်းတဲ့ သူတွေ ပြောင်းနေကြတယ်’’ ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာ မှ ဒေသခံဦးစန်းလွင်က ပြော သည်။ မုန်တိုင်းငယ်၏ အရှိန် ကြောင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်လေတိုက် နှုန်း ၄၅ မိုင်ခန့်အထိ ပြင်းထန်ကာ လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ကပြောသည်။

ထို့အပြင် မြန်မာ့ကမ်းရိုး တန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များအား ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖရုံကာကျွန်း၊ သံတွဲမြို့နယ်သပြုချိုင်၊ ကျောက်ဖြူးမြို့နယ် မယ်လမုချောင်း၊ သံတွဲမြို့နယ် ဆင်ခေါင်းဆိပ် လမ်း၊ တောင်ကုတ်မြို့နယ် သင်္ဘောဆိပ်၊ ဂွမြို့နယ် တင်တောကျေးရွာအုပ်စု၊ ငပုတောမြို့နယ် ဟိုင်ကြီးကျွန်း၊ ပြင်ခရိုင်ချောင်းဝကျေးရွာနှင့် ကဒုံကနိကျေးရွာတို့တွင် မုန်တိုင်းအန္တ ရာယ်ရှောင်နေရန် မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

7Day News Journal 
 ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။

ယူနီဆက်က ရန်ကုန်ရုံးခန်းနေရာအတွက် တစ်လ ကျပ်သိန်းရှစ်ရာခန့် သုံးစွဲနေ

Photo: ယူနီဆက်က ရန်ကုန်ရုံးခန်းနေရာအတွက် တစ်လ ကျပ်သိန်းရှစ်ရာခန့် သုံးစွဲနေ
Friday, May 23, 2014

ရန်ကုန်မြို့တွင် ရုံးခန်းဖွင့် လှစ်ထားသည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီ ဆက်၏ ရုံးခန်းခြံနေရာငှားရမ်းခ နှုန်းမှာ ရန်ကုန်အိမ်ခြံမြေလောက တွင် ငှားရမ်းခနှုန်း အမြင့်ဆုံး ဖြစ် နေကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောကြားသည်။

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့် UNICEF ရုံးခန်းငှားခမှာ တစ်လ လျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ (ကျပ်သိန်း ၈၀၀ ခန့်) ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန် တွင် အမြင့်ဆုံးငှားရမ်းခနှုန်းထား ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက တအံ့တသြပြော ဆိုလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်အိမ်ခြံမြေလုပ် သက် ၁၅ နှစ်အတွင်းမှာ ဒီလိုအ ငှားဈေးနှုန်းမျိုးတစ်ခါမှာ မကြား ဖူးဘူး။ ဈေးက အရမ်းများတယ်။ ရန်ကုန်မှာ အများဆုံးလို့ထင် တယ်’’ ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန် နောင်ကပြောသည်။

စတုရန်းပေ ၃၃၀၀၀ ကျယ် ၀န်းသည့် ယူနီဆက်၏ ရုံးခန်း သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ် ထားပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇,၀၀၀ နှုန်းဖြင့် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

တစ်လလျှင် သိန်း ၈၀၀ ခန့် ဖြင့် ငှားရမ်း၍ ရုံးခန်းဖွင့်လှစ်နေသည့် အဆိုပါ ရုံးခန်း၏ ဈေးနှုန်းမှာ လွန်စွာ များပြားနေ ပြီး ရွှေတောင်ကြားရပ်ကွက်တွင် ယေဘုယျအားဖြင့် တစ်လလျှင် ငှားရမ်းခသိန်း ၆၀ မှ သိန်း ၃၀၀ ကျော်အထိသာ အငှားလောက တွင် အလုပ်ဖြစ်ကြောင်း ဗဟန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးဝင်းမြင့်စိုးက ရှင်းပြသည်။

အစိုးရက ပြီးခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက် က စတင်သတ်မှတ်လိုက်သည့် အိမ်ခြံမြေစံနှုန်းထားဖြင့် သတ် မှတ်ပါက ယင်းဗဟန်းမြို့နယ် တွင် အရောင်းအ၀ယ်ပြုလုပ်ပါက တစ်ပေပတ်လည်လျှင် ကျပ် နှစ် သိန်းခုနစ်သောင်းမှ သုံးသိန်းနှစ် သောင်းအထိရှိပြီး အငှားဈေး နှုန်းတွင်မူ တစ်ပေပတ်လည်လျှင် ခြောက်သောင်းမှ တစ်သိန်းဝန်း ကျင်အထိသာ သတ်မှတ်ထား သည်။

လက်ရှိရန်ကုန်တွင် ငှားရမ်း ခအမြင့်ဆုံးနှုန်းထားဖြစ်နေသည့် ယူနီဆက် ရုံးခန်းအနေဖြင့် ပြီးခဲ့ သည့်နှစ်က ရန်ကုန်မြို့ကုန်သည် ကြီးများဟိုတယ်(ယခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်) တွင် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်ကထက် ဈေး နှုန်း နှစ်ဆကျော်မြင့်တက်လာ ခြင်းကြောင့် ရန်ကုန်တွင် ထပ်မံ ရှာဖွေငှားရမ်းပြောင်းရွှေ့နေထိုင် ခဲ့ခြင်းဖြစ်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

7Day Daily
ရန်ကုန်မြို့တွင် ရုံးခန်းဖွင့် လှစ်ထားသည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီ ဆက်၏ ရုံးခန်းခြံနေရာငှားရမ်းခ နှုန်းမှာ ရန်ကုန်အိမ်ခြံမြေလောက တွင် ငှားရမ်းခနှုန်း အမြင့်ဆုံး ဖြစ် နေကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောကြားသည်။

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့် UNICEF ရုံးခန်းငှားခမှာ တစ်လ လျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ (ကျပ်သိန်း ၈၀၀ ခန့်) ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန် တွင် အမြင့်ဆုံးငှားရမ်းခနှုန်းထား ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက တအံ့တသြပြော ဆိုလိုက်ခြင်းဖြစ်သည်။

သမက်ဖြစ်သူက လက်နက်ကိုင်အဖွဲ့နှင့် ပေါင်းပြီး ယောက္ခမကို ပြန်ပေးဆွဲ

မွန်ပြည်နယ်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ရော်ဘာကုန်းခြံစု ရပ်ကွက်တွင် သမက်ဖြစ်သူက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုနှင့် ပေါင်း၍ ယောက္ခမဖြစ်သူ ရော်ဘာခြံလုပ်ငန်းရှင် ဦးတင်ဝင်း (ခ) ဦးကရာမွတ်ကို ၁၁ ရက်ကြာ ပြန်ပေးဆွဲခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောကြားသည်။
မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ပြည်သူ့အတွက် လူမှုကွန်ရက်နှင့် ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (မော်လမြိုင်) ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးတင်ဝင်း၏ အိမ်ရှေ့သို့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီခွဲက မော်တော်ကား အဖြူရောင် တစ်စီး ရောက်ရှိလာပြီး၊ ဦးတင်ဝင်းကို DKBA (ကလိုထူးဘော) အဖွဲ့ဖြစ်သည့် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြည်စိုးဆိုသူက ကားပေါ်ဆွဲတင်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းနှင့် ကားပေါ်တွင်

သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ

Photo: သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ

လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန် လမ်းမကြီး” လို့ လူတွေခေါ်လာကြပါပြီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန်လမ်းမကြီး” လို့ လူတွေခေါ်လာကြတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ဖြတ်သန်း သွားလာဖို့အတွက် ပြည်သူတွေ ကြောက်ရွံ့နေကြပါပြီ။

လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ များနေသလို ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှု လိုအပ်ချက် စတဲ့ ကိစ္စတွေကြောင့် အမြန်လမ်းမကြီးပေါ်မှာ နေ့စဉ်ဆိုသလို ယာဉ်ထိခိုက်မှုတွေ ဖြစ်နေကြရပါတယ်။ အစိမ်းသေလို့ ဝိညာဉ်တွေဟာ တစ္ဆေသူရဲတွေအဖြစ် မကျွတ်မလွတ်ကြတာမို့ဆိုပြီး ပရိတ်ရွတ်ဆို  အမျှပေးကြတာတွေလည်း  ရှိလာပါတယ်။ Facebook လူမှုကွန်ရက်တွေ အင်တာနက်စာမျက်နှာတွေမှာတော့ ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းမကြီးကို “သေမင်းတမန် လမ်းမကြီး” လို့ ခေါ်ဝေါ် သုံးစွဲနေကြသလို လမ်းဖောက်လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လူသတ်သမားတွေလို့ အပြစ်တင်ပြောဆို နေကြတာတွေလည်း တွေ့လာရပါတယ်။

ဧပြီလနဲ့ မေလ ၁၃ ရက်အတွင်းမှာပင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၈ ဦးထိဖြစ်ခဲ့ရတဲ့ အပေါ် ဝေဖန်သံတွေ ဆက်တိုက်ထွက်လာတဲ့အတွက် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဗဟိုဘဏ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ အမြန်လမ်း ရဲတပ်ဖွဲ့နဲ့အင်ဂျင်နီယာတွေက လမ်းကြီး ပိုပြီးကောင်းမွန်ဖို့ကို ကြိုးစားအဖြေရှာခဲ့ကြတယ်။ မေလ ၁၉ ရက်နေ့ကလည်း လမ်းပြင်တာကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပထမဆုံး ထွက်ကြည့်တယ်။ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်းမှာလမ်းကြီးကို ခြောက်လမ်းသွားနဲ့ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တော့မှာဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေတရပ် ထုတ်ပြန်ဖို့ရှိတယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီကို ပြောပါတယ်။

“လမ်းကြီးကို အဆင့်မြှင့်လိုက်ရင်တော့ ထိခိုက်အန္တရာယ်တွေ နည်းသွားမယ်။ တခြားလမ်းမကြီးတွေမှာ ထိခိုက်မှုတွေက အမြန်လမ်းထက် များပေမယ့်လည်း ဒီလမ်းမကြီးမှာဆိုရင်တော့ ဆိုးဆိုးရွားရွား လာဖြစ် တတ်တာ တွေ့နေရတယ်” လို့ ဦးကြည်ဇော်မြင့်က သုံးသပ်ပါတယ်။ ဒါပေမယ့် ဒီလမ်းမကြီးကြောင့် လမ်းအင်ဂျင်နီယာတွေ ချမ်းသာသွားပြီး အဆင့်မမီတဲ့လမ်းကို အများပြည်သူကို သုံးစွဲခွင့်ပြုတာမို့ လူသတ်သမားတွေလို့ ဝေဖန်သုံးသပ်နေတဲ့ Facebook က ဝေဖန်မှုတွေအပေါ်ကိုတော့ သူက မှတ်ချက် မပေးပါဘူး။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြီးခဲ့တဲ့နှစ်လယ်က အမြန်လမ်းဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ခရီးသည် ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံကယာဉ် အစီးရေ ၁၀ ဆလောက်ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့ ထောက်ပြပြီး မြန်မာဟာ ယာဉ်မတော်မဆမှုနဲ့ သေဆုံးမှု အာဆီယံနိုင်ငံများမှာ အမြင့်ဆုံး နိုင်ငံတနိုင်ငံတယ်လို့ ဆိုပါတယ်။ အမြန်လမ်းမကြီး စတင်ဖွင့်လှစ် ခဲ့တဲ့ ၂၀ဝ၉ ခုနှစ် မတ်လကနေ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်အထိ စာရင်းဇယားတွေအရ  ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၈၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ဝ၀ ကျော်နေတာကြောင့် မိုင်ပေါင်း ၃၇၆ မိုင်ရှည်တဲ့ အမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၁ တိုင်တိုင်းမှာ လူတယောက်နှုန်း သေဆုံးသလိုလည်း ဖြစ်နေပါတယ်။

၂၀ဝ၉ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ဖွင့်ပွဲမှာ အဲဒီအချိန်က စစ်အုပ်ချုပ်ရေး ကောင်စီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒီအမြန်လမ်းမကြီးဟာ နိုင်ငံတကာအဆင့်မီ လမ်းမကြီးဖြစ်ကြောင်း၊ ဒီလမ်းမကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး တပ်မတော်သားများက ဖောက်လုပ်ပေးခဲ့ကြောင်း၊ လမ်းမကြီးကို သွားလာရာမှာ “နိုင်ငံတကာခေတ်မီ လမ်းမကြီးတခုရဲ့ ဝန်ဆောင်မှုများကို သိရှိခံစားနိုင်မည်ဖြစ်သလို ခေတ်မီနည်းပညာများ၏ စံနှုန်းပြည့် အရည်အသွေးများနှင် အညီ အပြည့်အဝ ထည့်သွင်းတည်ဆောက်”ထားကြောင်း ၂၀ဝ၉ ခုနှစ်၊ မတ်လ ၂၆ ရက်ထုတ် သတင်းစာ ၂ စောင်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးကို ဖောက်လုပ်ခဲ့စဉ်က လမ်းတမိုင်အတွက် ကုန်ကျစရိတ်က ငွေကျပ် ၂ ဒဿမ ၅ ဘီလီယံရှိပြီး လမ်းမိုင် ၃၆၇ မိုင် ကျော်အတွက် ငွေကျပ် ၉၀ဝ ဘီလီယံကျော် ကုန်ကျခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ယခုနှစ်အတွင်း ပြန်လည်ပြုပြင်မယ်လို့ ဆိုရာမှာလည်း ခန့်မှန်းခြေအားဖြင့် ငွေကျပ် ဘီလီယံထောင်ချီ ကုန်ကျမှာ ဖြစ်တယ်လို့ အမြန်လမ်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“အမြန်လမ်းမကြီး အဆင့်မီလာဖို့ဆိုရင်တော့ အမေရိကန်က ကူမှရမယ်”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာခဲ့စဉ်ကလည်း သမ္မတ ဦးသိန်းစိန်က အမြန်လမ်း မကြီးပြုပြင်ရာမှာ အမေရိကန် အစိုးရအနေနဲ့ ငွေကြေးနဲ့ နည်းပညာပိုင်းတွေမှာ အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။ မေလ ၁၃ ရက်ခန့်က မြန်မာနိုင်ငံကို ခေတ္တရောက်ရှိလာတဲ့ အမေရိကန်အရာရှိ တချို့ကတော့ အမြန်လမ်းမကြီး ပြုပြင်ရာမှာ အလုံးစုံ ကူညီမှုတွေပြုလုပ်ဖို့အတွက် သမ္မတ အိုဘားမားကို တိုက်ရိုက်တင်ပြသွားဖို့ ကတိပြုခဲ့တယ်လို့လည်း ဦးသိန်းညွှန့်က ပြောပြပါတယ်။

လမ်းဖောက်လုပ်ခဲ့သူတွေနဲ့ ယာဉ်မောင်းနှင်သူ တွေကတော့ လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ဖြစ်တိုင်း သူကြောင့် ကိုယ့်ကြောင့်နဲ့ အပြန်အလှန် အပြစ်ဖို့နေကြဆဲပါပဲ။ နေပြည်တော် အစိုးရက ဒီ”နိုင်ငံတကာ အဆင့်မီ” လမ်းကောင်းကြောင်းအတော် ကြာကြာ ဆင်ခြေတွေပေးခဲ့အပြီး ခုတော့ လေသံ ပြောင်းသွားပါပြီ။ “အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော် ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော် ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ လမ်းမြန်မြန်ပြီးဖို့ လိုအပ်လာတော့ လမ်းပိုင်းဆိုင်ရာ အားနည်းချက် တွေ ဖြစ်သွားရတယ်။ အရေးပေါ် အနေအထားတွေ ကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိတာကို ဝန်ခံပါတယ်”လို့ အင်ဂျင်နီယာမှူးကြီး ဦးကြည် ဇော်မြင့်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပိုင်းက တောင်ပြာတန်းကားမီး လောင်မှုကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး အခြား ထိခိုက်တွေအပါအဝင် တလအတွင်းသေဆုံးသူ ၃၃ ဦးရှိခဲ့တဲ့ စံချိန်တင်သေဆုံးမှု လဖြစ်ခဲ့တဲ့ နောက်မှာ တော့ အစိုးရတာဝန်ရှိသူတွေက ပြည်သူတွေအနေနဲ့ အမြန်လမ်း အထူးခရီးသွားအာမခံထားကြဖို့ လုပ်ခဲ့ ကြပါတယ်။

အခုဆိုရင် ပုဂ္ဂလိက အာမခံကုမ္ပဏီတွေမှာ အထူးအမြန်လမ်းခရီးသွားအာမခံကို တယူနစ် ၃၀ဝ ကျပ်နဲ့ အာမခံထားနိုင်ပါတယ်၊ အာမခံထားခဲ့သူတွေ အနေနဲ့ အမြန်လမ်းပေါ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရင် ငွေကျပ် သိန်း ၃၀ ရရှိမှာဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့ ရင် တော့ ၄၆ သိန်း အာမခံလျော်ကြေးရရှိမှာလို့ သိရပါ တယ်။

အမြန်လမ်းမကြီးမှာ ဖြတ်သန်းမောင်းနှင်နေကြ တဲ့ ယာဉ်မောင်းတွေအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ၊ မရှိ၊ အရက်သေစာသောက်စားမှုစတဲ့ စည်းကမ်းချိုး ဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်တယ်လို့လည်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး နေဝင်းက ဧရာဝတီကို ပြောပါတယ်။ “အရင်က အရေးမယူခဲ့ပေမယ့် အခု တော့ စစ်ဆေးအရေးယူမှုတွေ ရှိလာတော့မယ်”လို့ ဆိုပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာ တွေကတော့ အမြန်လမ်းမကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်း တာ၊ လမ်းပိုင်းဆိုင်ရာတည်ဆောက်မှုမှာ အားနည်း တာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန် တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ် ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီ တညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာလုပ်ခဲ့တဲ့ အမြန်လမ်း ဆိုင် ရာ ဆွေးနွေးပွဲမှာအင်ဂျင်နီယာတဦးဖြစ်သူ ဦးမောင် မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့ အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ များ လည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေအထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ်ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီ ယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့် လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေ ကြောင်း သုံးသပ်ပါတယ်။

ဒီလမ်းမကြီးပေါ်မှာ နေ့စဉ်သွားလာနေကြတဲ့ ယာဉ်မောင်းတချို့ကို မေးမြန်းကြည့်ရာမှာတော့ ရံဖန်ရံခါ သွားလာလေ့ရှိသူတွေမှာ မတော်တဆမှု အဖြစ်များပြီး လမ်းတလျှောက် တံတားတွေက အနိမ့်အမြင့်တွေ များသလို၊ လမ်းပေါ် ရေဝပ်တာတွေကိုလည်း ပြုပြင်ဖို့လိုကြောင်း၊ ဘလောက်တုံး (ဘယ်ရီယာတုံး) တွေကိုလည်း ပိုမိုအသုံးပြုဖို့ လိုအပ်ကြောင်း၊ လမ်းမိုင်အပြည့်ကို ကတ္တရာ ခင်းသင့်ကြောင်း၊ တံတား အတက်အဆင်းနေရာတွေမှာ  hightway lighting များနဲ့ လမ်းတလျှောက်မှာ unidirectional lighting များ ထားသင့်ကြောင်း အကြံပြု ပြောဆိုကြပါတယ်။ “အမြန်လမ်းပေါ်မောင်းရင် အန္တရာယ်ကင်းအောင် အတော်လေး ဂရုတစိုက် ထားပြီး မောင်းရတဲ့အနေအထားပါ။ တချို့ယာဉ် မောင်းတွေကတော့ သတ်မှတ်အရှိန်ထက်ပိုပြီးတော့ မောင်းနှင်ကြတယ်”လို့ ရွှေလီဦး အဝေးပြေးကားလိုင်းမှ ယာဉ်မောင်းတဦးဖြစ်တဲ့ ဦးစိုင်းဘခိုင်က ပြောပါတယ်။

အမြန်လမ်းမကြီး အင်ဂျင်နီယာတွေကတော့ လမ်းပေါ်ရေဝပ်မှုနည်းအောင်၊ လမ်းညွှန်ဆိုင်းဘုတ် တွေ၊ ဘလောက်တုံးတွေ ချထားတာ၊ ရောင်ပြန်စတစ် ကာတွေ ထားတာ၊ အရှိန်တိုင်းတာစက် တပ်ဆင်တာ တွေကို ယခင်ထက် ပိုမိုပြုလုပ်နေတယ်လို့ သိရပါ တယ်။

အမြန်လမ်းမကြီးပေါ်မှာ သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်နေရတာကြောင့် အစိုးရတာဝန်ရှိသူတချို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အဖွဲ့ တချို့ကတော့ အမြန်လမ်းမကြီး တလျှောက်မှာ ပရိတ်ရွတ်ဖတ်ခြင်း၊ သဲပုံစေတီတည်ခြင်းနဲ့ အကျွတ်အလွတ် ဆုတောင်းပွဲ ပြုလုပ်ခြင်းတွေကိုလည်း ယုံကြည်မှု ဓလေ့အရ လုပ်ကြပါသေးတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀ဝ၉ ခုနှစ် မတ်လကနေ ၂၀၁၄ ဧပြီလ အထိ လမ်းပေါ် မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၃ သိန်းကျော် ဖြတ် သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၀ဝ၀ ကျော် ရှိနေခဲ့ပါပြီ။ အဲဒီအထဲကမှ ယာဉ်မောင်းပေါ့ဆမှုကြောင့် ၃၀ဝ ကျော်၊ ယာဉ်ချွတ်ယွင်းမှု ၁၅၀ ကျော်နဲ့တခြား အကြောင်းအရာတွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီလိုဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ဖြစ်နေတာတွေ အမြန်ဆုံးလျှော့ချပစ်ဖို့လိုနေတာ မြင့်တက်လာနေတဲ့ ဒီကိန်းဂဏန်းတွေက သက်သေပြနေပါပြီ။ 
လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန် လမ်းမကြီး” လို့ လူတွေခေါ်လာကြပါပြီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန် လမ်းမကြီး” လို့ လူတွေခေါ်လာကြတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးကို ဖြတ်သန်း သွားလာဖို့အတွက် ပြည်သူတွေ ကြောက်ရွံ့နေကြပါပြီ။

လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ များနေသလို ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှု လိုအပ်ချက် စတဲ့ ကိစ္စတွေကြောင့် အမြန်လမ်းမကြီးပေါ်မှာ နေ့စဉ်ဆိုသလို ယာဉ်ထိခိုက်မှုတွေ ဖြစ်နေကြရပါတယ်။ အစိမ်းသေလို့ ဝိညာဉ်တွေဟာ တစ္ဆေသူရဲတွေအဖြစ် မကျွတ်မလွတ်ကြတာမို့ဆိုပြီး ပရိတ်ရွတ်ဆို

နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား

 
နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန် ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ် တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာ သည်။

အမေရိကန် သမ္မတဆိုသော ဂုဏ်ပုဒ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး၊ အရေးအရာ အထားခံရဆုံး၊ လုံခြုံရေးအတွက် အလေးထားခံရဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်ကြီး ဘာရတ်အိုဘားမားခမျာ ကလေးငယ် တစ်ဦး၏ နားရွက်ဆွဲမှုကို အလစ်အငိုက် ခံလိုက်ရပြီး ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကိုယ်ရံတော်များက မှည့်တစ်ပေါက် မစွန်းအောင် အစွမ်းကုန်

အပစ်ရပ်မူကြမ်း ယနေ့ အပြီးသတ်မည်၊ ကွဲလွဲချက်အားလုံး ညှိနှိုင်း ပြေလည်ဟု နှစ်ဖက်ပြောကြား

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးတွဲပြုစုနေသော တစ်ပြည်လုံးအဆင့် အပစ်ရပ် စာချုပ်မူကြမ်း ဒုတိယအဆင့်ကို ယနေ့ (မေလ ၂၃ ရက်) အပြီးသတ် ဆွေးနွေးမည် ဖြစ်ပြီး မေလ ၂၂ ရက်နေ့ထိ ဆွေးနွေးမှုများအရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား ရှိနေသော စာချုပ်အပေါ် သဘောထား ကွဲလွဲမှုများလည်း ပြေလည်အောင် ညှိနှိုင်း ထားကြောင်း နှစ်ဖက်ခေါင်းဆောင် များက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ မေလ ၂၁ ရက်နေ့မှ စတင်၍ အပစ်ရပ်မူကြမ်း ညှိနှိုင်းရေး

" နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို "

နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင်MPT ၏ မိုဘိုင်း အင်တာနက် မြန်နှုန်း မှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
”ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က လည်း အဆင်သင့်ဖြစ်နေ မှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားသည့် Telenor နှင့် Ooredoo

ထိုင်းနိုင်ငံမှာ ညမထွက်ရ၊ လူ ၅ ဦးထက်ပို မစုရ အမိန့် ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ်က ယနေ့ ညနေပိုင်းက တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အာဏာ အဝဝ ကို စစ်တပ်က တာဝန်ယူလိုက်ပြီဆိုတဲ့ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်တာ ကြေညာအပြီး
ဒီကနေ့ ည ကနေစတင်ပြီး ထိုင်း နိုင်ငံ တ၀န်းလုံးမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမိန့်ကို နောက်ထပ် အမိန့် တစုံတရာ က မပယ်ဖျက်မချင်း ညမထွက်ရ အမိန့် ဆက်လက် ရှိနေမှာ
ဖြစ်ပြီး အခု နောက်ဆုံး ထပ်မံ ထုတ်ပြန်လိုက်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ အမိန့်

ရှမ်းတောင်တွင် RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့တွင် မေလ ပထမပတ်မှစ၍ RCSS/SSA အဖွဲ့မှ ဒေသခံများအား လူသစ်အဖြစ် စုဆောင်းလျက်ရှိရာ မေ ၁၉ ရက်နေ့တွင် မိုးနဲမြို့နယ်အတွင်း၌ လူသစ် စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ ရွာနဲ့တော့နီးတယ်၊ ထင်းခုတ်သွားကြတာပါ၊ တောထဲမှာ RCSS/SSA အဖွဲ့နဲ့တွေ့ပြီး ဖမ်းခေါ်သွားတယ် ဆိုတာပဲ သိရတယ်၊ ဒီနေ့အထိ ပြန်မလာသေးတော့ စိတ်ပူနေရတာပေါ့ ” ဟု အဖမ်းခံရ သူများနှင့် ဆွေမျိုး တော်စပ်သူတစ်ဦးက ပြောသည်။

တရုတ် ရှင်ကျန်းဒေသ ဗုံးကွဲမှု ၃၁ ဦးထက် မနည်း သေဆုံး

Xinjiang ပြည်နယ် ဗုံးခွဲတိုက်ခိုက်မှု ( မေ ၂၂၊ ၂၀၁၄)
Xinjiang ပြည်နယ် ဗုံးခွဲတိုက်ခိုက်မှု ( မေ ၂၂၊ ၂၀၁၄)
တရုတ်နိုင်ငံ အနောက်ခြမ်း Xinjiang ပြည်နယ်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ Xinjiang ပြည်နယ်တွင်း လူမျိုးစုကွဲတွေ နေထိုင်ရှိနေတဲ့ မြို့တော်တွင်း လူစည်ကားရာ ဈေးတခုမှာ အခုလို တိုက်ခိုက်မှုဖြစ်တာပါ။ Sport ကား နှစ်စင်းဟာ Renmin ပန်းခြံနားက Urumqi မြို့တွင်း လူအုပ်ကို ၀င်ရောက် ထိုးတိုက်ခဲ့တာဖြစ်ပြီး၊ လူ ၉၀ ကျော်လည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် ရှင်ဝါ သတင်းမှာ ဖော်ပြပါတယ် ။

ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်

စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်ဝင်း လုံခြုံရေး ထူထပ် (မေမ ၂၂၊ ၂၀၁၄)
စစ်အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်ဝင်း လုံခြုံရေး ထူထပ် (မေမ ၂၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။
ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို ပြန်အသက်သွင်း ဖို့ တောင်းဆိုလိုက်ပါတယ်။
 

ရန်ကုန်မှာ ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်ပေါ်က စင်ကာပူ ဝန်ကြီးရဲ့ မှတ်ချက်

 
ရန်ကုန်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တယ်ဆိုတဲ့ စင်ကာပူ လေကြောင်းလိုင်းက အဲယား ဘတ်စ် အေ ၃၃၀ လေယာဉ် ပေါ်မှာ ပါတဲ့ ခရီးသည်တွေထဲမှာ စင်ကာပူက လူ့စွမ်းအား ၀န်ကြီးလည်း တဦးအပါအ ၀င်ဖြစ်တယ်လို့ လေကြောင်း ပြောခွင့်ရတဦးက စင်ကာပူသတင်းဋ္ဌာန CNA ကို ပြောထား တာတွေ့ရ ပါတယ်။
စင်ကာပူ ၀န်ကြီးဟာ နေပြည်တော်မှာ ကျင်းပမယ့် ၂၃ ကြိမ်မြောက် အာဆီယံ နိုင်ငံများရဲ့ အလုပ်သမား ၀န်ကြီးတွေရဲ့ အစည်းအဝေးကို လာတက်တာပါ။ CNA ရဲ့ ဖေ့စ်ဘုတ်မှာ ၀န်ကြီးရဲ့ မှတ်ချက်လေးကို 
ရေးတင် ထားပါတယ်။ 

အပစ်ရပ်မူကြမ်းကိစ္စ ၀တပ်ဖွဲ့၊ SSA၊ မိုင်းလားတို့နဲ့ပါ ဆွေးနွေးသွားမည်

Photo: အပစ်ရပ်မူကြမ်းကိစ္စ ၀တပ်ဖွဲ့၊ SSA၊ မိုင်းလားတို့နဲ့ပါ ဆွေးနွေးသွားမည်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာပြီးရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလား  ဒီမိုကရေစီ မဟာမိတ်တပ်မတော် NDAA အဖွဲ့တွေနဲ့ပါ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒုတိယမြောက်နေ့အဖြစ် အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

"ဒီမူကြမ်းမှာ ၁၆ ဖွဲ့၊ မပါတာ ၃ ဖွဲ့ရှိတယ်၊ ဝ၊ မိုင်းလား၊ RCSS ရယ်၊ ဒီသုံးဖွဲ့ကို သွားချဉ်းကပ်ပြီးတော့ ဒီမူကြမ်းတော့ လောလောဆယ်ကျလာပြီ၊ ခင်ဗျားတို့ ဘာလိုလဲ၊ သူတို့တော့ ချန်ထားလို့မရဘူး၊ တပ်မတော်ဘက်က တော်တော်လေးလိုက်လျောတယ်၊ တတ်နိုင်သလောက် သူတို့မြန်မြန်ဆန်ဆန်လုပ်တယ်၊ အရေးကြီးတယ်ဆိုရင် ချက်ခြင်းဖုန်းဆက်ပြီးတော့ သူတို့အထက်အရာရှိကို ဖုန်းဆက်မေးတယ်၊ သဘောထားရယူတာတို့ ဘာတို့လုပ်ပါတယ်၊ ဒါကြောင့် တပ်မတော်ဘက်ကတော့ ဒီအဆင့်တစ်ဆင့်ကို ဖြတ်ကျော်ချင်တဲ့ ဆန္ဒလည်းရှိတယ်၊ လက်တွေ့လည်းလုပ်တာကို တွေ့ရတယ်"

ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ကိုယ်စားပြုတဲ့ NCCT ခေါ် အပစ်အခတ်ရပ်စဲရေး ညိနှိုင်းရေးအဖွဲ့  ဖွဲ့စဉ်တုန်းက အဲဒီ ၃ ဖွဲ့က ပါဝင်မှုမရှိခဲ့ပါဘူး။ NCCT ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခုရအောင် ဆွေးနွေးနိုင်ဖို့  ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။  

ဒါ့အပြင် အပစ်အခတ် ရပ်စဲရေးမူကြမ်း အပြီးသတ်ရေးဆွဲပြီးရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပသွားမယ်လို့လည်း ပြောပါတယ်။

ဒီတစ်ကြိမ်ဆွေးနွေးပွဲကနေ ဒုတိယမြောက် မူကြမ်းတစ်ခုရမယ်လို့လည်း အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက မျှော်လင့်ထားကြပြီး အခုဆွေးနွေးနေတဲ့ မူကြမ်းထဲမှာ ဒို့တာဝန် အရေး ၃ ပါးကို ထည့်ထားတဲ့အတွက် ဘာကြောင့်ထည့်ထားသလဲဆိုတာကို အစိုးရဘက်ကို မေးမြန်းထားကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာပြီးရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA အဖွဲ့တွေနဲ့ပါ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒုတိယမြောက်နေ့အဖြစ် အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ၀မ်းသာကြောင်း မြန်မာပရိသတ်များနှင့်တွေ့ဆုံစဉ် ၀ူခုန်းမင်းသား ပြောကြား

Photo: ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ၀မ်းသာကြောင်း မြန်မာပရိသတ်များနှင့်တွေ့ဆုံစဉ် ၀ူခုန်းမင်းသား ပြောကြား
Friday, May 23, 2014

ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း  မေ ၂၂ ရက်နေ့က ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာပရိသတ်များနှင့် တွေ့ဆုံခြင်းအခမ်းအနားတွင် ဝူခုန်းမင်းသား Mr.Liu Xiao Ling Tong  က ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုကောင်စစ်ဝန်၊ အာဆီယံ တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်- မြန်မာ ချစ်ကြည်ရေးဥက္ကဌ တို့နှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော် ငယ်စဉ်ကတည်းက တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို ပထမဆုံး သိရှိခဲ့တာပါ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ Journey To The West နံပါတ်သုံးကိုလည်း မြန်မာနိုင်ငံမှာ လာရိုက်ချင်ပါတယ်”ဟု မင်းသား Mr.Liu Xiao Ling Tong က ပြောကြားသည်။ မေ ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် မင်းသား စွန်းဝူခုန်းသည် ယင်းပွဲတွင် ပရိသတ်များနှင့်အတူတကွ တွဲဖက်သရုပ်ဆောင်ခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ တွဲဖက်သီချင်းဆိုခြင်းများအပြင် မျောက်မင်းဝူခုန်း၏ ပုံသဏ္ဌာန်အတိုင်း သရုပ်ဆောင် တင်ဆက်ခဲ့သည်။

ထို့ပြင် သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာရှိ ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့လည်း အလှူငွေကျပ် ၁ဝ သိန်း လှူဒါန်းပေးအပ်ခဲ့သည်။

Journey To The West ဇာတ်ကားကို  ၁၉၈၆ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပတွင် အကြိမ်ရေ ၃ဝဝဝ ကျော် ပြန်လည်ထုတ်လွှင့်ပြသခဲ့ရာ ကမ္ဘာ့အကြိမ်ရေအများဆုံးပြသမှု စံချိန်ချိုးနိုင်ခဲ့သည်။ Journey To The West သည် တရုတ်နိုင်ငံ၏ နာမည်ကြီး ဝတ္ထုရှည်လေးခု ထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။

မင်းသား Mr.Liu Xiao Ling Tong  မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ကာ အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့သို့သွားရောက်ကာ ပရိသတ်များနှင့် တွေ့ဆုံခြင်းအပြင် ပုဂံသို့လည်း ဘုရားဖူးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။   

မင်းသား Mr.Liu Xiao Ling Tong က ပရိသတ်များအား မျောက်မင်း စွန်းဝူခုန်းပုံစံ သရုပ်ပြနေစဉ်
Eleven Media Group
ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း မေ ၂၂ ရက်နေ့က ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ ပရိသတ် များနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် ဝူခုန်းမင်းသား Mr.Liu Xiao Ling Tong က ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုကောင်စစ်ဝန်၊ အာဆီယံ တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်- မြန်မာ ချစ်ကြည်ရေးဥက္ကဌ တို့နှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော် ငယ်စဉ်ကတည်းက တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို ပထမဆုံး သိရှိခဲ့တာပါ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ Journey To The West နံပါတ်သုံးကိုလည်း မြန်မာနိုင်ငံမှာ လာရိုက်ချင်ပါတယ်”ဟု မင်းသား Mr.Liu Xiao Ling Tong က ပြောကြားသည်။ မေ ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် မင်းသား စွန်းဝူခုန်းသည်

ပြိုင်ဘက်နိုင်ငံရေး အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲကျင်းပနေစဉ် အာဏာသိမ်းလိုက်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ကြေညာ

မေ ၂၂ ရက်တွင် ထိုင်းစစ်ဦးစီးချုပ်က ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာလိုက်ရာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် လပေါင်း အတန်ကြာ နိုင်ငံရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို မရေရာ မသေချာမှုများ အတွင်းသို့ ပြန်လည် သက်ဆင်းစေခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်းအိုချာက အာဏာသိမ်းလိုက်ကြောင်းကို တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှနေ၍ ကြေညာခဲ့ခြင်းဖြစ်သည်။ နက်ရှိုင်းစွာကွဲလွဲနေသော ထိုင်းနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးကို ဩဇာကြီးမားသည့် လက်နက်ကိုင်တပ်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း

Thursday, May 22, 2014

မင်းကွန်းပုထိုးတော်ကြီးပေါ်တက်ရောက်ပြီး အန္တရာယ်ဖြစ်ပါက မိမိတို့နှင့်မသက် ဆိုင်ဟု ရှေးဟောင်း သုတေသနဆို

အန္တရာယ်ရှိနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသည့် မင်းကွန်း ယဉ်ကျေးမှုနယ်မြေရှိ ပုထိုး တော်ကြီးပေါ် တက်ရောက်ခြင်းမပြု ရန် တားမြစ်ထားခြင်း အား ဖောက်ဖျက် တက်ရောက်ပြီး အန္တရာယ် တစ်စုံ တစ်ရာဖြစ်လျှင် တာဝန်ယူမည် မဟုတ် ဟု စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာ တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ် ကြောင့် ယင်းနယ်မြေရှိ မင်းကွန်းပုထိုး တော်ကြီး၏ အရှေ့မြောက်ဘက်ထောင့် တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပြီး အုတ်သားများပဲ့ကြွေလာသ ဖြင့် အန္တရာယ်ရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကာ ပုထိုး တော်ကြီးပေါ်သို့ တက်ရောက်ခြင်း မပြုရန် တားမြစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ငွေ ၂၀၀၀ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို

တရက်ကို ၀င်ငွေ ကျပ် ၂၀၀၀ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘ၀မြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ၀ယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြော ကြားခဲ့တာကို ကိုးကားပြီး ရန်ကုန်အခြေစိုက်လူထုပုံရိပ်ဂျာနယ်မှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်ပြီ

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမယ့် အာဏာသိမ်းတာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အခုနောက်ဆုံး ဒီကနေ့မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်တယ်လို့ ထိုင်း ပီဘီအက်စ် သတင်း ဋ္ဌာနက ကြေညာလိုက်ပါပြီ။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာ့တပ်မတော်နှင့် RSO အဖွဲ့တိုက်ပွဲဖြစ်ပွားမှုများတွင် RSO အဖွဲ့မှ ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

မကြာသေးမီ ရက်ပိုင်းအတွင်း မောင်တောပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် RSO ကုလားဆိုးသောင်းကျမ်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO အဖွဲ့မှ ၆ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း  ဒဏ်ရာရရှိသူ ၇ ဦးမှ ၄ ဦးမှာ အဆိုပါဒဏ်ရာဖြင့်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း သေဆုံးသွားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ ပထမ တိုက်ပွဲဖြစ်တာက မေလ ၁၃ ရက်နေ့ကပါ။ မြန်မာ့တပ်မတော်က တပ်ခွဲတစ်ခွဲနဲ့  မြန်မာနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတာ RSO ၅၀ လောက်နဲ့ တိုက်ပွဲဖြစ်တယ်။   RSO က ၆ ယောက်သေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်အစွန်းရောက်အဖွဲ့တွေ က ထောက်ပံ့ထားတဲ့ ဆေးရုံမှာ ကုသတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်ဟု ပြောဆိုခဲ့သည်။