Friday, August 1, 2014

အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆိုအောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာ မထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာ လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်

Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင်တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ်(၂၅)ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ

ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့ အသုံးပြုနေ သူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။ အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူး သဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။

ဗီဇာအတုဖြင့် မလေးရှားသို့ ဝင်ရောက်သည့် မြန်မာ ၅၀ ကျော် ပြန်လွတ်မြောက်ရေး မြန်မာသံရုံး ကြိုးပမ်းဟုဆို

မြန်မာနိုင်ငံက တရားမဝင် အလုပ်အကိုင် ကုမ္ပဏီက ပြုလုပ်စေလွှတ်လိုက်သည့် သံရုံး ဗီဇာအတုများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက် မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အမြန်ဆုံး လွတ်မြောက်ရန် သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ မလေးရှားနိုင်ငံသို့ Visit Visa ဖြင့် ဇူလိုင်လ ၈ ရက်နေ့က လာရောက် သည့် မြန်မာနိုင်ငံသား ၇၅ ဦးအနက် ကွာလာလမ်ပူ လေဆိပ်တွင် ဖမ်းဆီးခံရသူ ၅၁ ဦးသည် သံရုံးဗီဇာအတုဖြင့် ဝင်ရောက် လာသူများ ဖြစ်သဖြင့် ၎င်းတို့ ပြန်လည် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး

Photo: ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး
Friday, August 1, 2014

တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင်ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ်ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ်တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC
တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော် တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်

Photo: ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်
Friday, August 1, 2014 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင်အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စားကျက်မြေနေရာရှားပါးခြင်းနှင့် နယ်မြေမတည်ငြိမ်ခြင်းက ကျားထိန်းသိမ်းရေးလုပ်ဆောင်မှုကို အခက်တွေ့စေဟုဆို

ကျားများအတွက် စား ကျက်မြေနေရာလျော့နည်းလာ ခြင်း၊ နယ်မြေတည်ငြိမ်မှုမရှိခြင်း က ကျားကောင်ရေတိုးပွားရေး အတွက် အခက်အခဲတစ်ခုဖြစ်နေ ကြောင်း ကျားထိန်းသိမ်းရေးလုပ် ဆောင်နေသူများကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း စဉ်ကို ၂၀၁၀ ပြည့်နှစ် စိန့်ပီတာ စဘတ်ကြေညာစာတမ်းတွင် လာ မည့် ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာ လုံးကျားကောင်ရေနှစ်ဆ တိုးလာ စေရေးကမ္ဘာလုံးဆိုင်ရာကျားမျိုး စိတ်များ ပြန်လည်တိုးပွားရေးအစီ အစဉ် Global Tiger Recover Programme(GTRP)အရမြန်မာ နိုင်ငံကလည်း ကျားကောင်ရေ၁၂၀ အထိ တိုးပွားရန်လုပ်ဆောင် ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ဟူးကောင်း ချိုင့်ဝှမ်းနယ်မြေ ထမံသီဘေးမဲ့ တော၊ တနင်္သာရီသဘာဝကြိုးဝိုင်း တို့တွင် ကျားများထိန်းသိမ်းထား ပြီး ကျားကောင်ရေ ၈၅ ကောင်ရှိ မည်ဟု ခန့်မှန်းထားသည်။သို့သော် ကျားကောင်ရေ အများဆုံးနေထိုင်ကျက်စားသည့် ဟူးကောင်းချိုင့်ဝှမ်းတွင်ပင် နယ် မြေတည်ငြိမ်မှုမရှိ၍ ကျားထိန်း သိမ်းရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ကတည်းကရပ်နားထားခဲ့ရ ပြီး ယနေ့အချိန်ထိပြန်စနိုင်ခြင်း မရှိသေးကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့အစည်း (WCS)မှ Senior Technical Coordinator ဦးစောထူး သာပိုကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း များရပ်နားထားရသဖြင့် တရား မဝင်အမဲလိုက်ခြင်းများနှင့် တော ရိုင်းတိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပွားနေသည်။ ယင်းတို့မှာ ကျား ကောင်ရေ   လျင်မြန်စွာလျော့ကျ စေမည့်အဓိက ခြိမ်းခြောက်မှု များ ဖြစ်နေကြောင်း သဘာဝပတ်ဝန်း ကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ပြည်သူတစ်ယောက်၏ စစ်မှန်သော ဆန္ဒ

မြန်မာ့နိုင်ငံရေးလောကမှာ ကိုယ့်နိုင်ငံနှင့် ကိုယ့်ပြည်သူုအကျိုးကို ကိုယ်စီ ကိုယ်စီ ယုံကြည်ချက် ခံယူချက်တွေနဲ့ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင်ကာ ဆောင်ရွက်နေကြသော အဖွဲ့အစည်းတွေ ပါတီအသင်းအဖွဲ့တွေ အများကြီးရှိပါတယ်။ ပါတီတိုင်း အဖွဲအစည်းတိုင်းမှာ ပင်ကို ရည်ရွယ်ချက် ကိုယ်စီတွေရှိကြပါတယ်။ ဒါကို ငါတို့ပါတီကတော လူ့အခွင့်အရေး နှင့်ပတ်သက်လာရင် အပြည့်အ၀ရရှိအောင် ဦးစားပေးဆောင်ရွက်သွားမယ်။ ငါတို့ပါတီ ငါတို့အဖွဲ့ကတော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေး ဘယ်လိုစွမ်းဆောင်ကြမယ် စသဖြင့် ကိုယ်စီရည်ရွယ်ချက် တွေနဲ့ စတင်ထူထောင်လာကြပါတယ်။ ပါတီအသင်းအဖွဲ့ များလာတာနှင့်အမျှ ပါတီတစ်ခုချင်းစီရဲ့ Mission တွေ ကွဲပြားလာကြသလို၊ ပါတီတစ်ခုနှင့်တစ်ခု သဘောထားကွဲလွှဲမှုတွေ ရှိလာကြပါတယ်။ တစ်ပါတီနှင့် တစ်ပါတီ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပုဂ္ဂိုလ်စွဲများနှင့် သူပါတီကောင်းတယ် ကိုယ့်ပါတီကောင်းတယ်ဆိုပြီးတော အချင်းချင်းထိုးနှက်မှုတွေ ပုတ်ခတ်မှုတွေ ထွက်ပေါ်လာတာတွေအများအပြား မြင်တွေ့ ကြားသိနေရပါတယ်။ ပါတီတစ်ခုနှင့် တစ်ခု မပြောနဲ့ ပါတီတစ်ခုအတွင်းထဲမှာကိုပဲ သဘောထားကွဲလွှဲမှုတွေ နားလည်မှု လွှဲမှားမှုကြောင့် ပါတီ ပုံရိပ်တွေ ကျဆင်းတာတွေလဲ တွေ့ရပါတယ်။ အားလုံးဟာ နိုင်ငံတော်အတွက် ပြည်သူအတွက်ပဲ အလုပ်လုပ် နေကြသူများဖြစ်တယ်ဆိုတာ ယုံကြည်မိပါတယ်။

ဆိုင်ကယ်သူခိုးကို လူတစ်စုက သတ်ပြီး မျက်မြင်ကိုပါ ထပ်မံသတ်

မူဆယ်မြို့၊ စွမ်ဆော် ရပ်ကွက်တွင် ဆိုင်ကယ်ခိုးယူသူ အမျိုးသားတစ်ဦးကို လူတစ်စုကသတ်ဖြတ်ခဲ့ပြီး မြင်တွေ့လိုက်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ခန့်က စွမ်ဆော်ရပ်ကွက်ခိုမွန်းရွာ တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး  မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏  လက်ချက်မှန်းမသိ ၍ လူသတ်မှုဖြင့်အမှုဖွင့်ကာ  စစ်ဆေးနေဆဲဖြစ်ကြောင်း  မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ဒီမှာက ပြည်သူ့စစ်အဖွဲ့ တွေရော၊ သူပုန်တွေရောရှိတယ်။ ဆိုင်ကယ်ခိုးတဲ့လူတစ်ယောက်နဲ့ နောက်ထပ်တစ်ယောက်အသတ် ခံရတာတော့ဟုတ်ပါတယ်။ စစ် ဆေးနေတုန်းပါပဲ’’ဟု အဆိုပါရဲ အရာရှိကပြောသည်။
ဆိုင်ကယ်ခိုးသူမှာ စွမ်ဆော် ရပ်ကွက်ရှိ  နေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုး၍  မောင်းနှင်သွားခြင်းဖြစ်ပြီး  ၎င်းကိုလိုက်ဖမ်းသူများက ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုမြင်ကွင်းကိုမြင်လိုက်သည့် လူငယ်တစ်ဦးကိုလည်း အဆိုပါလူအုပ်စုက သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း  သေဆုံးသူနှစ်ဦး၏အလောင်းများကိုမြင်တွေ့ ခဲ့ရသူ စွမ်ဆော်ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။
‘‘အလောင်းတွေကတစ်ခုနဲ့ တစ်ခု ပေတစ်ရာလောက်ပဲကွာ တယ်။ လက်နက်ကိုင်ထားတဲ့လူ တွေက စိတ်ထင်သလိုလုပ်နေကြ တာ။ ဒီလိုအမှုမျိုးက လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ အတွက် ရဲကလည်း ထိထိရောက် ရောက်စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒေသခံတွေအတွက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကျီးလန့် စာစားဖြစ်နေတာ’’ဟု ၎င်းကပြော သည်။

ကာတာလူညာပြည်နယ် ခွဲထွက်သွားပါက လာလီဂါတွင် ဘာစီလိုနာ ကစားခွင့် မရနိုင်တော့



ကာတာလူညာ ပြည်နယ်ကို စပိန်မှ ခွဲထုတ်ပြီး လွတ်လပ်ရေး ပေးလိုက်မည် ဆိုပါက ဘာစီလိုနာ အသင်းသည် စပိန်လာလီဂါတွင် ဆက်လက်ယှဉ်ပြိုင်ခွင့် ရတော့မည် မဟုတ်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်သည်။
ဘာစီလိုနာအသင်း အခြေစိုက်သည့် ကာတာလူညာ ဒေသသည် စပိန်နိုင်ငံ၏ အခြားသော ဒေသများနှင့် ယဉ်ကျေးမှုအရရော၊ ဘာသာစကား အရပါ ကွဲပြားစွာ တည်ရှိနေသည်။ ကာတာလူညာသည် လက်ရှိအချိန်ထိ စပိန်အစိုးရ၏ လက်အောက်ခံ ပြည်နယ်အဖြစ် ရှိနေသော်လည်း စပိန်၏ ဩဇာမှ ခွဲထွက်ကာ သီးခြားနိုင်ငံ ထူထောင်ရန် အစဉ်တစိုက် လှုပ်ရှား ကြိုးစားလျက် ရှိသည်။

ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာတဲ့ NLD

၂၀၁၅ ရွေးကောက်ပွဲ အချိန်တွေ တဖြည်းဖြည်းနီးကပ်လာတာနဲ့ နိုင်ငံကိုအုပ်ချုပ်ဖို့ နေရာတွေလိုချင်နေကြပါ တယ်။ နိုင် ငံ့ခေါင်းဆောင်နေ ရာရှိဖို့ အ တွက် ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ လှည့်စား ရိုးသားဖြောင့်မတ် သမာ သမတ်ကျယောင်ဆောင်ပြီး နောက်ကွယ်မှ အထောက်အပံ့ များယူနေကြတဲ့ အဖွဲ့အစည်းများရှိကြောင်း ကြားသိ နေရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဆိုတာ ပြည်သူကို ဦးဆောင်ရမှာပါ။ လမ်းပြ ရမှာပါ။ အဲဒီလို ပြည်သူကို ဦးမဆောင်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လူထုနောက်မြီးဆွဲလို့ ခေါ်ခဲ့ကြတာ မှတ်မိပါသေးတယ်။ အဲဒီ ပြည်သူတွေဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုလိုပါတယ်။ ပြည်သူတွေရဲ့ အဆုံးအဖြတ်လို့ပြောတာထက် ခေါင်းဆောင်လုပ် တဲ့သူက ပြည်သူ ကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဦးဆောင်ပြောပြရပါမယ်။

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

Photo: အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား
Friday, August 1, 2014

 အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။

အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။

Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ABC Radio Australia

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

Thursday, July 31, 2014

ဂါဇာရှိ စာသင်ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကို စုံစမ်းမည်ဟု အစ္စရေးကြေညာ

ဂါဇာရှိ ကျောင်းတစ်ကျောင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွက်စုံစမ်းသွားမည်ဖြစ်ပြီး မိမိတို့မှားယွင်းပစ်ခတ် ခဲ့ကြောင်း သေချာ ပါက တောင်းပန်သွားမည်ဟု အစ္စရေးက ကြေညာခဲ့သည်။ဟားမားစ် ပြောက်ကျားများနှင့် အစ္စရေးတို့ကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်ပြေးဒုက္ခသည် ယာယီစခန်း တစ်ခုအဖြစ် အသုံးပြုထားသည့် ကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်ကြီး ပစ်ခတ်မှုသည် အစ္စရေးတို့၏ လက်ချက်ဟု ပါလက်စတိုင်းတို့က စွပ်စွဲထားသည်။“ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းပါမယ်။ အစ္စရေးမှာ မူဝါဒတစ်ခု ရှိပြီးသားပါ။ အရပ်သားတွေကို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူး”ဟု အစ္စရေး အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က BBCသို့ ပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က လူ(၁၆)ဦးထက်မနည်း သေဆုံးစေခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချထားသည်။ အစ္စရေးက မိမိတို့၏ စစ်တပ်သည် ဂျာဘာလီယာရှိ စာသင်ကျောင်း အနီးတဝိုက်မှ မော်တာ ပစ်ခတ်မှုများကို တုံ့ပြန်ခဲ့ကြောင်း အတည်ပြုထားသည်။

Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ် စစ်မှုထမ်း ကာလပြီးဆုံး

31jl4
Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ်သည် ဇူလိုင်၂၉ရက် မနက်တွင် စစ်မှုထမ်း ကာလ တရားဝင် ပြီးဆုံးပြီ ဖြစ်၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဟု k pop net တွင် ရေးသား ထားသည်။ လီတက်ခ်သည် ပရိတ်သတ်များ၏ ဂုဏ်ပြု ကြိုဆို နှုတ်ဆက်သော အခမ်းအနား မပါဘဲ ၎င်း၏ ဆန္ဒအလျောက် နေအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ခြင်းဖြစ်သည်။
လီတက်ခ်သည် အရေးမကြီးသော ကိစ္စအား ပုံကြီးမချဲ့ လို၍ ထိုသို့ တိတ်တဆိတ် ပြန်လာ ခဲ့ခြင်းဖြစ်ပြီး ၎င်းအပြန်အား စောင့်ဆိုင်းနေကြသည့် ပရိတ်သတ် အချို့နှင့် သတင်းထောက် များမှာမူ ၎င်းအား မမီလိုက်၍ အနည်းငယ် စိတ်ပျက် ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ ၎င်းသည် ယင်းနေ့ ညနေပိုင်းတွင် fan meeting တစ်ခု ပြုလုပ်ပြီး ပရိသတ်များကို တရားဝင် တွေ့ဆုံနှုတ်ဆက်မည်ဟု ပြောကြား ခဲ့ခြင်းကြောင့် ပရိသတ်များ ပြန်လည် အားတက် ခဲ့သည်ဟု ဆိုထား သည်။

အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်

Photo: အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်
==================================================

နေပြည်တော်    ဇူလိုင်   ၃ဝ

အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းက အမျိုးသားပြိုင်ပွဲ၌ နှစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တစ်သင်းတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲ တွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးအသင်းက ဗိုလ်စွဲမည်ဖြစ်သည်။ မြန်မာလူငယ်အသင်းများ    အောင်မြင်မှုရရှိရေးအတွက်လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက် ရှိပြီး မြန်မာနည်းပြများက ကိုင်တွယ်လျက်ရှိသည်။

ပြိုင်ပွဲဝင်မည့် မြန်မာလူငယ်အမျိုးသား(က)အသင်းတွင် အုပ်ချုပ်သူ ဦးမျိုးဝဏ္ဏထွန်း၊ နည်းပြချုပ် ဦးကျော်စွာဝင်း၊ လက်ထောက်နည်းပြ ဦးလွှမ်းမိုး၊ ကစားသမားများအဖြစ် ဇော်မျိုး၊ ခွဲခြားမောင်၊ ဇော်ထက်ဝေ၊ သွင်ထူးဇင်၊ ရဲနောင်ထွန်း၊ ဇော်ဝင်းလှိုင်၊ ဇော်မျိုးလင်း၊ မင်းကျော်သူ၊ နေလင်းအောင်၊ ငြိမ်းချမ်းအောင်၊ မျိုးမင်းဦး၊ မျိုးမင်းသူ၊ အမျိုးသား(ခ)အသင်းတွင် အုပ်ချုပ်သူ ဦးထွန်းငွေ၊ နည်းပြချုပ် ဦးရဲမြင့်၊ လက်ထောက်နည်းပြဦးတင့်ဝေ၊ ကစားသမား ရဲစည်သူ၊ ပြည့်စုံစိုး၊ တိုးမင်းမောင်၊ အောင်နိုင်ချစ်၊ ခွန်ဘိုဘို၊ ရန်ပိုင်၊ ဇော်လွင် ထွန်း၊ စံညွန့်မောင်၊ သက်အောင်၊ မင်းသိန်းဦး၊ နိုင်ထက်အောင်၊ ပြည့်စုံအောင်၊ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ ဒေါ်မာမာနိုင်၊ နည်းပြချုပ် ဦးသိန်းဆွေ၊ လက်ထောက်နည်းပြ ဦးကျော်စိုးအောင်နှင့် ဦးကျော်မိုးနိုင်၊ ကစားသမား ချိုချိုဝင်း၊ ခင်သက်ဝေ၊ ဥမ္မာသန်း၊ အေးနန္ဒာမြင့်၊ ဇာဇာလှိုင်၊ ဖြူသွယ်စိုး၊ အိနန္ဒာ၊ ထက်ထက်လင်း၊ သီတာလွင်၊ ဖီစီ၊ ညိုမာထွန်းနှင့်ဆုဆုဝေလွင် တို့ပါဝင်ကြသည်။
(ရှိုင်းထက်ဇော်)
အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းက အမျိုးသားပြိုင်ပွဲ၌ နှစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တစ်သင်းတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲ တွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးအသင်းကဗိုလ်စွဲမည်ဖြစ်သည်။ မြန်မာလူငယ်အသင်းများ အောင်မြင်မှုရရှိရေးအတွက်လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက် ရှိပြီး မြန်မာနည်းပြများက ကိုင်တွယ်လျက်ရှိသည်။

လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု



တောင်သူလယ်သမားများကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို နှစ်ရှည် အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးနိုင်ရန် သဘောတူညီချကများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်သည်
“ပြန်လည်ရောင်းချရာတွင် လက်ရှိကျင့်သုံးနေတဲ့ ကြိုက်ရောင်း ကြိုက်ဝယ်မူကို အခြေခံပါမယ်။ ရောင်းချပြီးနောက် စက်ပစ္စည်းအမျိုးအစားအလိုက် အာမခံကာလသတ်မှတ်ပြီး ၀န်ဆောင်မှုပေးပါမယ်”ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကျော်ဆန်းက လွှတ်တော်တွင် ရှင်းပြသည်။

လိုင်လီတိုက်စစ်မှူး အိုရီဂီအား လီဗာပူးစာချုပ်ခေါ်ယူ



ပရီမီယာလိဂ်ကလပ် လီဗာပူး အသင်းသည် ပြင်သစ်ပထမတန်း ကလပ် လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုရီဂီအား ပြောင်းရွှေ့ ကြေးပေါင် သန်း ၁ဝ(ယူရို ၁၂ သန်း)ဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ပြီး ယခု လက်ရှိတွင် လိုင်လီအသင်းသို့ အငှား ချထားလျက်ရှိသည်။ လိုင်လီအသင်း သို့ အငှားချထားသော်လည်း ၂ဝ၁၅ ခုနှစ်တွင် လီဗာပူးအသင်းသို့ ပြန် လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။

စစ်မှုထမ်းဟောင်း၏ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် ဖမ်းဆီးခံထားရ

စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။ထို လယ်သမားများသည် စပါးစိုက်ပျိုးရန် လယ်ထဲသို့ ရေမောင်းသွင်းသည်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်း ဟောင်း အဖွဲ့ထံမှ လယ်ယာမြေများ အငှားယူ လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးလှအောင် ဆိုသူက ငါးခိုးသည်ဟု စွပ်စွဲ တိုင်ကြားရာ ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော၌ ပန်းတနော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း လယ် သမားများအား လိုက်ပါ ကူညီပေးနေသည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုဇော်ဇော်က ဧရာဝတီ သို့ ပြောသည်။“လယ်သမားတွေက ပြီးခဲ့တဲ့ နွေစပါးစိုက်တုန်းက စပါးစိုက်ဖို့ ချောင်းထဲက ရေကို စက်နဲ့ မောင်းတင်တာ။ အဲဒါကို ငါးခိုးတယ် ဆိုပြီး စခန်းမှာ အမှုဖွင့်တာ။ လယ်သမားတွေလည်း မသိဘူး။ ဒီကိစ္စကို ထွေအုပ်၊ မြေစာရင်းနဲ့ တရားရေး ဌာနတွေနဲ့ ညှိနှိုင်း ပေးမယ် ဆိုပြီး လိမ်ခေါ်ပြီးတော့ မြို့ရောက်တော့ အကုန် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာ။ တနေ့က ပထမဆုံး အကြိမ် ရုံးထုတ် တာ”ဟု ၎င်းက ပြောပြသည်။ဇူလိုင် ၂၄ ရက်က ကျောင်းကုန်းမြို့နယ် ကုန်းရှမ်းကျေးရွာနှင့် အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား ဦးဆိုင်ကင်းနှင့် ၁၈ ဦး ကို ငါးခိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပန်းတနော်မြို့နယ် မြို့မရဲစခန်း၌ ချုပ်နှောင်ထားသည်ဟုလည်း ဆိုသည်။

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

Photo: သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ
Thursday, July 31, 2014

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။

သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့ 
မလှနုထွန်း ပဲဖြစ်ပါတယ်။

သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှ
ရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။

အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ 
အလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။

Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာစတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။

"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို 
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာတော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar ကဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာကပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့ ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီကပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့် 
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့် 
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လားဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့ အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့ 
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ 
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု 
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက် အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmarက ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း 
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့ ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာစိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့ 
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံလုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီကပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း 
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက် အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်းရရှိခဲ့ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်
မြန်မာတိုင်း(မ်)

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ

ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသော ဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေး ထားသော်လည်း ထိုဝန်ဆောင်မှု အသုံးပြုခအတွက် ၂၅၀၀ ကျပ် စတင်ဖြတ်တောက်ခြင်းကြောင့် အသုံးမပြုလိုကြကြောင်း GSM နှင့် WCDMA မိုင်ဘိုင်းဖုန်းသုံးစွဲ သူများကပြောသည်။ဆက်သွယ်ရေးက ယင်းသို့ အကန့်အသတ်ဖြင့် ဖုန်းခေါ်ဆိုခ လျှော့ချကြောင်းကြေညာ အပြီးမှာပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်သာ စမ်းသပ်ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် စနစ်ကို စတင်လုပ်ကိုင်ပေးထားသော်လည်း အများစုမှာ အသုံးမပြုကြ ကြောင်း သတင်းရရှိသည်။‘‘အရင် သင်္ကြန်တုန်း ကလည်း Promotion တွေလုပ်ကတည်းက တစ်ခါမှမလုပ်ခဲ့ဘူး။ အခု Promotion ကိုလည်းမလုပ် ပါဘူး။ တန်တယ်လို့လည်းမထင်ဘူး။ MPT က သူတို့ဆီကတစ်ခုခုရဖို့အရေးကို သူတို့ကာထားတဲ့ အချက်တွေကပိုများတယ်။ ပြီး တော့ အစကတည်းက Plan ရှိရင် လည်း စောစောလုပ်သင့်တယ်။အခုက အူရီးဒူးကတ်ဝယ်ရင်တောင် ၁၄ ရက်နေ့အထိ Free ပြောလို့ရတာဆိုတော့ သူ့ဟာ မလုပ်လည်း ဘာမှမဖြစ်တော့ဘူး’’ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ် သူကပြောသည်။

ဘုရားခိုးဂိုဏ်းမှသယ်ဆောင်လာသည့် ရတနာပုံခေတ်လက်ရာ ကျွန်းရုပ်ပွားတော်များ စစ်ကိုင်းတွင် ဖမ်းမိ

စစ်ကိုင်းမြို့နယ် ဆွမ်းချက်ကျေး ရွာ သံလမ်းအနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းတပ်ဖွဲ့မှ ရတနာပုံခေတ်လက်ရာ ကျွန်းသားမတ်ရပ် ရုပ်ပွားတော်ကြီးများ နှင့် အခြားရုပ်တုများကို ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က စစ်ဆေးတွေ့ ရှိသဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတို့တိုင်ကြားရာ စစ်ကိုင်းမြို့ ရဲစခန်းမှ (ပ)၃၁၈/၂ဝ၁၄ ဖြင့် အမှုဖွင့် ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ၂၉၅/၅၄ ဖြင့်အရေးယူထားကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၆၃)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ရဲအုပ်လူလှ၊ တပ်ကြပ်ကြီး စန်းခိုင်နှင့်အဖွဲ့သည် စစ်ကိုင်း အမှတ် (၂)ရဲကင်းစခန်းမှ တပ်ကြပ်လှမြင့် ပူး ပေါင်းအဖွဲ့၊ စီတီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးကျော်နိုင်၊ ဆယ်အိမ်မှူးဦးဇော် ဝင်းအောင်တို့နှင့်အတူ ဆွမ်းချက်ကျေး ရွာ ကားလမ်းံ့ ဝ၂၉၂၈၂ သံလမ်း ကူးနေရာမှ မသင်္ကာသောကားများကို ရပ်တန့်စစ်ဆေးမှုဆောင်ရွက်စဉ် လိုက်ထရပ်ယာဉ်တစ်စီးကို တားဆီးရာ မောင်း ပြေးသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ရဲအုပ် လူလှနှင့် တပ်ကြပ်ကြီးစန်းခိုင်တို့က လိုက် လံဖမ်းဆီးခဲ့သည်။ အဆိုပါကားသည် တပ်မ ၃၃ ရှေ့အရောက် လမ်းမပေါ်မှာ ဖမ်းဆီးရရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ရာ လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် ၈င်္---- နှင့်အတူ ယာဉ်ပေါ်မှ ဘုရားဆင်း တုတော်များကို တွေ့ရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားစီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးရန် ညွှန်ကြားထားပြီး တရားခံအား မဖမ်းဘဲ နားလည်မှုရယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားအစီအမံများဖြင့် စီမံချက်တစ်ခုရေးဆွဲကာ လွတ်မြောက်နေသောတရားခံပြေးများအား ပြန်လည်ဖမ်းဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဇွန် ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တရားခံပြေးတစ်သောင်းကျော်ကို ပြန်လည်ဖမ်းဆီးရန်ညွှန်ကြားထားသည့်စီမံချက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ်ဆောင်ရွက်ရန်၊ မိမိနယ်မြေအတွင်းရှိ တရားခံပြေးများကို ဖမ်းဆီးနိုင်မှုမရှိသေးချိန်တွင် အခြားမြို့နယ် နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များက နယ်ကျော်ဖမ်းဆီးခွင့်ရှိပြီး တရားခံအားဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စသည့်အချက်အလက်များပါဝင်ကြောင်း သိရသည်။

ရန်ကုန်တွင် အချို့ ဆိုင်များ ၌ ကျပ် ၅၀၀၀ ဖြင့် အော်ရီဒူး ဆင်းမ်ကတ်များ စရောင်း

 အော်ရီဒူးကုမ္ပဏီထုတ်တယ်လီဖုန်းဆင်းမ် ကတ်များအား ရန်ကုန်တွင် ဩဂုတ် ၂ရက်နေ့တွင် စတင်ရောင်းချ မည် ဟု ကြေညာ ထားသော် လည်း ဇူလိုင် ၃ဝရက် ညနေပိုင်းက ရန်ကုန်မြို့ လယ်တွင် စတင်ရောင်း ချခဲ့ကြောင်း သိရသည်။
ကျပ် ၁၅၀ဝဖြင့် ရောင်းချမည့် အော်ရီဒူးဆင်းကတ်များကို စတင် ရောင်းချ ခဲ့ရာတွင် ဝယ်ယူလိုသူများ ပြားခဲ့ကြခြင်းကြောင့် ဆိုင်အချို့တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀ဝနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
''သူတို့ပြောတုန်း ကတော့ တစ် ကတ်ကို ငွေ ၁၅၀၀ လို့ပြောပေမယ့် ဖုန်းဆိုင်မှာ သွားဝယ်တော့ တစ်ကတ် ကို ငါးထောင်ပေး ဝယ်ခဲ့ရတယ်။ ဒါ တောင်အလု အယက်ဝယ်ခဲ့ရတာ'' ဟု သွားရောက်ဝယ်ယူခဲ့သည့် ကမာ ရွတ်မြို့နယ်နေ ပြည် သူ တစ်ဦးက ပြောသည်။အနော်ရထာလမ်းနှင့် မဟာဗန္ဓု လပန်းခြံလမ်းထောင့်ရှိ ဆင်းမ်ကတ် ရောင်းချ ခဲ့သည့်ဆိုင်သို့ ဆက်သွယ် မေးမြန်းရာ''ကျွန်တော် တို့တစ်ကတ် ငါးထောင်နဲ့ရောင်း တာပါ။ ဝယ်ရင် တော့ မှတ်ပုံတင်နဲ့ ဓာတ်ပုံလိုပါတယ်။ ကတ် ၂ဝလောက် ဝယ်လဲ ဒီဈေးနဲ့ ပဲရောင်းပါတယ်''ဟု ပြောခဲ့သည်။
''သူတို့ကြေညာထားတာ က တော့ လကုန်ပြီး ၂ရက်နေ့မှရောင်း ပေး မယ်ဆိုပေမယ့် ကျွန်တော်တို့ဆီ ကိုတော့ ဒီနေ့က စပြီးရောင်း လို့ရ အောင် လာချပေးသွားတဲ့အတွက် စရောင်းတာ။ အခုဆို ဖုန်းကတ် ၂၀၀ ကျော်ကုန် သွားပြီ။ ဖုန်းဆိုင်တွေကို ခွဲတမ်းဘယ်လိုချလဲဆိုတာတော့ မသိ ရဘူး။ ဖုန်းကတ်တွေ ချပေးတာနဲ့ ပတ်သက်လို့လည်း အခြားသူတွေ ကို မပြောရဘူး လို့ ပြောထားတယ်'' ဟု ဆင်းမ်ကတ်တစ်ကတ်လျှင် ၁၅၀၀ ဖြင့် ရောင်းချခဲ့သည့် သန်လျင်မြို့ နယ်အတွင်း ဖုန်းနှင့် ဖုန်း အပိုပစ္စည်း ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးဖြစ်သော ကိုအောင်မျိုးသန့်က ပြောသည်။

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးမကုပေးပါက ၀န်ကြီးဌာနသို့ တိုင်ကြားနိုင်

အစိုးရကျန်းမာရေး ဆေးရုံများတွင် တာဝန်ရှိသူ ၀န်ထမ်းများအနေဖြင့် အခကြေးငွေ
မတတ်နိုင်သည့် လူနာများကို ဆေးကုသမှုမပေးခြင်း၊ ဆက်ဆံရေး မပြေပြစ်ခြင်း ရှိပါက
ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး အရေးယူပေးမည်ဟု ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေကို လူနာတွေကို မခြေမငံ မဆက်ဆံဖို့၊
လူနာတွေ ဘက်ကနေ ဆက်ဆံလာရင်တောင် သည်းခံဖို့ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့
အတိအလင်း ညွှန်ကြားထားပါတယ်။ ငွေကြေးလုံးဝ မတတ်နိုင်တဲ့ လူနာတွေ ဆေးရုံလာတက်တဲ့
ဆေးရုံကနေ ဆေးမကုပေးဘူးဆိုပြီး နှင်ထုတ်လို့ မရပါဘူး"ဟု ကျန်မာရေးဦးစီးဌာန၏
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မြောင်းမြ ဆေးရုံမှ ဆေးမကုသပေးသဖြင့် မိမိကိုယ် မိမိ
အဆုံးစီရင်သွားခဲ့သည်ဆိုသည့် ဖြစ်စဉ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရာတွင်
အဆိုပါလူနာသည် ဆေးရုံနှင့် ပတ်သက်မှု ရှိသည်ကို အထင်အရှား မတွေ့ ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ဆဲကန်ထရိုက်တိုက်မှ အစောင့်တဲရွှေ့ပြောင်းစဉ် ဓာတ်ကြိုးနှင့်ငြိပြီး လျှပ်စစ် ဓာတ်ကြိုး ပြတ်တောက်မှုအတွက် အိမ်ရှင်ကို မြို့နယ်လျှပ်စစ်က အမှုဖွင့်ရန်စီစဉ်

မြောက်ဥက္က လာပမြို့နယ်အတွင်းရှိ ဝဇီရာ(၄) လမ်းတွင် ဇူလိုင် ၂၈ ရက်က ဆောက် လုပ်ဆဲကန်ထရိုက် တိုက် အစောင့် တဲ ရွှေ့ပြောင်း စဉ် လျှပ်စစ်ဓာတ်ကြိုးနှင့် ငြိကာ လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက် မှုဖြစ်ကာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက် ဥက္ကလာပ မြို့နယ်၊ (စ)ရပ်ကွက်၊ ဝဇီရာ(၄)လမ်း ရှိ အိမ်အမှတ် စ/၁၇၅တွင် ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီခန့်က လျှပ် စစ်ဓာတ်ကြိုးအောက်တွင် တည် ဆောက်ထားသည့် တိုက်အစောင့် ယာယီတဲကို ရွှေ့ပြောင်းစဉ် တဲတွင် မိုးထားသည့် တာလပတ်စကို လေ တိုက်သည့်အတွက် အမိုးပေါ်ရှိဓာတ် ကြိုးနှင့်ငြိခဲ့ကြောင်း သိရသည်။
ထို ကဲ့သို့ ဖြစ်နေခြင်းကို ပြန်လည်ဆွဲယူ ရာမှ ဓာတ်ကြိုးနှစ်ချောင်းပူးသဖြင့် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ကာ ဓာတ် အားလိုင်း ပြတ်တောက်မှုဖြစ်ပွားခဲ့ ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
(စ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇင်ဘို က ''သူတို့စည်ပင်က ခွင့်ပြု ချက်ဆိုင်းဘုတ်မထောင်ဘဲ ဆောက် နေတာကြာပြီ။ ဒီနေ့ခွင့်ပြုချက်ဆိုင်း ဘုတ်ရလို့ ထောင်မယ်ဆိုပြီး အစောင့် ကောင်လေးက တဲကိုရွှေ့မယ် လုပ်ရင်း လေတိုက်လို့ တာလပတ်က ဓာတ် ကြိုးနဲ့ငြိပြီး ပြန်ဆွဲရာကနေ ကြိုးပူးပြီး ရှော့ခ်ဖြစ်လို့ လမ်းထိပ်ကနေ ဓာတ် ကြိုးနှစ်ချောင်းပြတ်သွားတယ်။ အဲဒီ အစောင့်က ကြောက်ကြောက်နဲ့ အမိုး ပေါ်ကနေ ခုန်ချလို့ ဘေးကအုတ်ခဲ ပုံနဲ့ထိမိပြီး မေးကွဲသွားတယ်။ အခု သူ့ကိုလဲ ဆေးရုံပို့ပြီး ဆေး စစ်ချက် ယူနေပါတယ်''ဟုပြောသည်။

ကြွက်နို့ပျောက်သည့် သဘာဝ ဆေးနည်းများ (ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ)

 
ကြွက်နို့ ပေါက်သူများ ဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

Wednesday, July 30, 2014

ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့

Photo: ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့
Wednesday,July 30, 2014

ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။

‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။

အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။

ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။

‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။

အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။

‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။

7Day DAILY
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာ ပင် ဈေး ကွက် အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။