Tuesday, September 18, 2012

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ နှင့် ကေအိုင်အို ဥက္ကဌထံ ဖားကန့် မြို့မှ ဆရာတော် ၃၃ပါး မေတ္တာရပ်ခံ

ရန်ကုန် ၊ စက်တင်ဘာ၁၈ဖားကန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော် ၃၃ပါးက ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူတကွ နေထိုင်ရေး အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဌထံ မေတ္တာရပ်ခံစာပေး ပို့ထားကြောင်း မိုးညှင်းခရိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက The Voice Weekly သို့ ပြောကြားသည်

အမေရိကရောက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုသို့ လက်ရှိတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်

မြန်မာ့ လွှတ်တော်အမတ်များ အမေရိကန် ဒီမိုကရေစီ လေ့လာ

ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် (Johns Hopkins University) ရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)
အခြေခံ ခိုင်မာပြီးဖြစ်သော အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အမေရိကန် လွှတ်တော်နှင့် ဥပဒေပြု လုပ်ငန်းများကို လေ့လာခွင့် ရခဲ့သော မြန်မာ ပါတီစုံ လွှတ်တော် ကိုယ်စားလှယ်များက ရရှိခဲ့သော သင်ခန်းစာများကို အခြေတည်စ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသုံးချမည်ဟု ပြောဆိုလိုက်သည်။

အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူး လို့ ဥိးဝင်းတင်ပြော

အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီးပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန် ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။

မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS

General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစားကားများ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။
ရောက် လာနိုင်ငံ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေးကနေ နဲ့ အေးဂျင့်မှာမှာယူပေးမှု ဖြစ် ပါတယ်။

မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း ပယ်ဖျက်လိုက်ပြီ

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန်ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို တရားဝင်တင်ပြထားတဲ့ ၅ နှစ်အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက်လိုက်ပြီ
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦးက ပြောပါတယ်။

"ငါးထောင်တန် ငွေဖြည့်ကတ်ရန်ကုန် ဈေးကွက် ယနေ့  ညနေ စဖြန့် မည်"

ရန်ကုန် ၊ စက်တင်ဘာ (၁၈)
ရန်ကုန် ဈေးကွက်တွင်းသို့ ငါးထောင်တန်ငွေဖြည့်ကတ်များအား ယနေ့  ညနေ၌ စတင်ဖြန့် ချီပေးသွားတော့မည့် ဖြစ်ကြောင်း E - Lite Tech ရုံးချုပ် မားကတ်တင်းဌာနက ပြောသည်။ "ဒီနေ့ ညနေရန်ကုန်ကို စဖြန့်မယ်။ မနက်ဖြန်လောက် ဆိုရင်နယ်တွေမှာပါ သုံးလို့ ရလောက်ပါပြီ" ဟု ၄င်း ဌာနက ဆက်ပြောသည်။ ယခင် GSM, CDMA 450 နှင့် CDMA 800 တို့ အတွက် တစ်သောင်း၊ သုံးသောင်း၊ FEC 20 နှင့် FEC 50တန် ငွေဖြည့် ကတ်များ ရောင်းချထားပေး ခဲ့ပြီး အထက်ပါ မိုဘိုင်းဖုန်းများ အတွက် ငါးထောင်တန် ငွေဖြည့်ကတ်များကို မှု ယနေ့ မှ စတင်၍ ဖြန့်ချီပေးခြင်းဖြစ် သည်။
သုတလင်း

လူ ၃၀၀မှာ ၁၅၀ဟာ ထောက်လှမ်းရေးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး

လူ ၃၀၀မှာ ၁၅၀ဟာ ထောက်လှမ်းရေးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတာ သေချာ သိဖို့ ကောင်းတယ်။ နောက်တစ်ခုက အန်တီ့သားဆို ၁၄ နှစ်သား လေးပဲ။ ၁၄ နှစ်သား ကျော်ကျော်လေးကို ထောက်လှမ်းရေး ဗိုလ်ကြီးလို့ စွပ်စွဲ လိုက်ကတည်းက သူတို့က တော်တော် ရယ်စရာကောင်းတဲ့ ပြက်လုံး တစ်ခုကို လက်ခံလိုက်တာပဲ။

ယာဉ်ကြောပိတ်၍ ဒဂုံတက္ကသိုလ်ကျောင်းသားအချို့ စာမေးပွဲဖြေဆိုချိန်နောက်ကျခဲ့ရ

ဒဂုံတက္ကသိုလ်သွားရာလမ်းတလျောက် ယာဉ်ကြောပိတ်၍ စာမေးပွဲဖြေဆိုသူကျောင်းသား အချို့ ဖြေဆိုချိန်နောက်ကျခဲ့ကြကြောင်း သိရသည်။ ၎င်းတက္ကသိုလ် ရူပဗေဒဌာနမှအခန်းစောင့် ဆရာတစ်ဦးက လမ်းပိတ်မှုမှာ ယခင်ကထက်ပိုဆိုးလာပြီး စာမေးပွဲအခန်းစောင့်ဆရာ ၊ဆရာမတို့ နောက်ကျ၍ မေးခွန်းအချိန်မှီမဝေနိုင်မည်ကို စိုးရိမ်ခဲ့ကြရကြောင်းပြောသည်။ ဒဂုံတ္ကသိုလ်သို့

ဦးသိန်းစိန် အမေရိကန် မတိုင်မီ ဘာကြောင့် တရုတ် အရင်သွား

၂၀၁၁ ခုနှစ် မေလ ၂၇ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တရုတ် သမ္မတ ဟူကျင်းတောင် ကို အတူတွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ကမ္ဘာ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ကို စက်တင်ဘာလ အတွင်း သမ္မတဦးသိန်းစိန် သွားတဲ့ အစီအ စဉ် ဟာ မြန်မာအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေပေမယ့် အိမ်နီးချင်း တရုတ်နဲ့ဆက် ဆံရေးကို အလေးထားကြောင်းပြဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မာနယ်ပလောခရီးသည်ကြီး နှင့် တွေ့ဆုံခြင်း

အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၊နိုင်ငံတော် သမ္မတ မန်း ၀င်းမောင်တို့ခေါင်းဆောင်သော   ပြည်ထောင်စုကရင်အမျိုးသား အဖွဲ့ချုပ် (UKL) တွင် တွဲဖက်  အတွင်းရေးမှူး၊အထွေထွေအတွင်း ရေးမှူးတာဝန်များ ထမ်းဆောင်   ခဲ့သူ၊““မာနယ်ပလော””တွင် စာပေ နှင့်ယဉ်ကျေးမှုကော် မတီအတွင်း ရေးမှူး၊ ““ခေတ်ပြိုင်””ဂျာနယ် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သူ၊  အမျိုးသားစာပေဆု၊အမေရိကန်  စာပေလွတ်လပ်ခွင့်ဆု များရရှိခဲ့ သူ၊ ““ထောင်မှာတမ်း”” ““မာနယ် ပလောခရီးသည်””၊ ““လေထီးဆင်း သမ်္မတကြီး မန်းဝင်းမောင်””စသည့်   ကမ္ဘာကျော်စာအုပ်များ ရေးသား  ခဲ့သူ မန်းညွှန့်မောင် (ခ) စာရေး ဆရာ မောင်စင်ကြယ်နှင့် Hot News  တို့ တွေ့ဆုံမေးမြန်းချက်  များကို ဖော်ပြလိုက်ပါသည်။

ဖွင့်လိုက်သောထောင်ကြီးတွင်သူတို့မပါသေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်၎င်း ၊ လူသားချင်း စာနာ ထောက်ထားမှု ကို အလေးပေးေ သာအားဖြင့်၎င်း ၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေ

ခါးနာခြင်း ကင်းဝေးရလေအောင်


သင့်နောက်ကျောရိုးမဟာ သန်မာပြီး ကွေးလွယ်ဆန့်လွယ် ဖြစ်နေရင် သင်ရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေရဲ့ ဒဏ်ကို သင့်ခါးက ခံနိုင်ရည် ရှိပါတယ်။  အားကစားလုပ်တာ၊ အာဟာရ ပြည့်ဝတဲ့ အစာ စားတာနဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပြီး သင်ရဲ့ နောက်ကျောရိုးမမှ ကြွက်သား၊ အရိုး၊ အာရုံကြောနဲ့ အရိုးနုတွေကို တည်ဆောက်ပေးပါ။

ပုဂ္ဂလိက ယာဉ်လိုင်းသစ် ဒဂုံမြို့ သစ် (အရှေ့ ပိုင်း)တွင် ပြေးဆွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က တာဝန်ယူ ပြေးဆွဲလျက် ရှိသော ရန်ကုန်မြို့ တွင်း ဘတ်စ်ကားလိုင်း တစ်ခုဖြစ်သည့် မထသ (၃၆) အဖြူ အစား မေတ္တာလှိုင်း မော်တော်ယာဉ် အသင်းသစ်ကို အောက်တိုဘာလတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။

မြန်မာထွက်ကုန်များ ဥရောပ ဈေးကွက် အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုမည်

ဥရောပ သမဂ္ဂ (EU)က မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပုံမှန်ဆက်ဆံရေး အဆင့် ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ စစ် လက်နက် ခဲယမ်းကလွဲ၍ မြန်မာနိုင်ငံမှ ထွက်ကုန် အားလုံးနီးပါး အကောက်ခွန်မဲ့ ဥရောပ ဈေးကွက်သို့ တင်သွင်းခွင့်ပြုရန် စီစဉ် နေကြောင်း၊ မြန်မာ အစိုးရ၏ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် ပူးပေါင်း၍ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး စသည့် သိသာ ထင်ရှားသော လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် European Voice သတင်းတွင် ပါရှိသည်။ EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
From -ဧရာဝတီ

ငြိမ်းအဖွဲ့များ တရားဝင် ကုမ္ပဏီထောင် စီးပွားရေး လုပ်ရန် တိုက်တွန်း

အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့များ စီးပွားရေးလုပ်ကိုင်ရန် တရားဝင် ကုမ္ပဏီထောင်၍ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တိုက်တွန်း ပြောဆိုသည်။ ငွေချေး လိုပါကလည်း ဥပဒေနှင့် အညီ ချေးယူနိုင်ရန် ဆောင် ရွက် ပေးမည် ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၆ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အထူးဒေသ(၄) မိုင်းလား အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

From-ဧရာဝတီ

မြန်မာ အပါအ၀င် အာရှ ၄ နိုင်ငံ ခရီးသွားလုပ်ငန်း သဘောတူ


ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံ ၄ နိုင်ငံက နိုင်ငံတကာ ခရီးသွား လုပ်ငန်းအတွက် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူလိုက်ကြောင်း သိရသည်။ လာမည့် ၂၀၁၅ ခုနှစ် တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၅ သန်းခန့် ကို ဆွဲဆောင် နိုင် မည့် လုပ်ငန်းများအတွက် ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသော ၀န်ကြီးအဆင့် အစည်း အဝေး၌ သဘောတူလိုက်ကြခြင်း ဖြစ်ကြောင်း Viet Nam News သတင်းက ဆိုသည်။

ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်း တစ်ဦးနှင့်တွေ့ဆုံခြင်း

၈၈ ကာလတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကို မြေအောက်ဒေသ အသီးသီးတွင် ဖွဲ့စည်းခဲ့ကြပြီး ABSDF (မြောက်ပိုင်း)ဒေသ၌ တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲချက်နှင့် ၁၉၉၂ ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြုံခဲ့ရသည်။ ယင်းမှ ABSDF မြောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တာဝန်ယူခဲ့သူ ABSDF ကျောင်းသားဟောင်း ကိုညီညီကျော်နှင့် The Voice Weekly တို့ သီးသန့်တွေ့ဆုံခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်သည်။

နိုင်ငံတော် သမ္မတရုံး၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ် အချို့ ရာထူးပြောင်းရွှေ့

စက်တင်ဘာ ၁၈၊ ၂၀၁၂၊ YPI
နိုင်ငံတော် သမ္မတရုံး ညွန်ချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ် နှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ၁ဒါဇင်ကျော်ကို ရာထူးအပြောင်းအရွှေ့လုပ်ဆောင် လိုက်ကြောင်း ယနေ့ထွက်ရှိလာသည့် နိုင်ငံတော် ပြန်တမ်းအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြုအခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော ကချင်တိုင်းရင်းသားများအနေဖြင့်တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ဒီလို ဖြစ်တတ်တယ်



ကျွန်မ မသက်ထားဆွေ ဒီ post ကိုတင်တဲ့ တွက်တစ်စုံတစ်ယောက်သောသူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်ခဲ့ မိသည် ရှိသော် ဒီနေ ရာကနေတောင်းပန်အပ်ပါတယ်။

"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ


"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"......
"ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားတော့မယ်လို့ ပြောဆိုလိုက်ပါပြီ"......

ပူတတ်စိုးရိမ်တတ်တဲ့အကျင့်


အလုပ်တစ်ခုကို တစ်ခါလုပ်တယ် နှစ်ခါလုပ်တယ် သုံးခါလုပ်တယ် ဥပမာပြောရယင် မနက်တိုင်း လဘက်ရည် အချိုသောက် တယ် နောက်ချွေတာရမယ့် အခြေအနေမျိုးနဲ့ ကြုံလို့ မသောက်ပဲေ နကြည့်တယ် သူကိုစွဲလန်းနေ မိတယ်၊ လဘက်ရည်အချိုမသောက်ရတဲ့နေ့ ဆိုယင် စိတ်ထဲတစ်မျိုးကြီးပဲ တစ်ခုခုလိုနေသလိုလဲထင်ရပါတယ်။

နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၃      ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းအဖြစ် US မှာ ကြိုဆို

ဓာတ်ပုံ- AFP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

အီးယူ က မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်

Apple iPhone 5 နှင့် အပြိုင် Samsung Galaxy S4 လာတော့မည်

samsung galaxy s3
(Samsung Galaxy S3 မိုဘိုင်းဖုန်း)
iPhone 5 ကို Apple က မိတ်ဆက်ပြသပြီး ရက်ပိုင်းမျှအကြာတွင် အဓိကပြိုင်ဘက် Samsung ကလည်း ၎င်းတို့၏ နာမည်ကျော် Samsung Galaxy S ဖုန်းအမျိုးအစားသစ်ကို မိတ်ဆက်သွားမည်ဟုဆိုသည်။ Samsung Galaxy S4 ကို လာမည့်နှစ် ဖေဖေါ်ဝါရီလတွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပပြုလုပ်မည့် Mobile World Congress တွင် စတင်မိတ်ဆက် ပြသသွားမည်ဖြစ်ကြောင်း The Korea Times သတင်းက ဖော်ပြသည်။

ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ရခိုင်နဲ့ မူဆလင် ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ဒုံးလက်နက်ကာကွယ်ရေး ရေဒါစနစ်သစ်ထားရှိဖို့ အမေရိကန်နဲ့ ဂျပန်သဘောတူ

အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ ဂျပန်ကာကွယ်ရေး ဝန်ကြီး တို့ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ စက်တင်ဘာ ၁၇၊ ၂၀၁၂ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ခြိမ်းခြောက်မူကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး ဂျပန်နိုင်ငံ ပိုင်နက်ထဲမှာ ဒုံးကျည် ကာကွယ်ရေး ရေဒါစနစ်သစ် ထားရှိဖို့ သဘောတူလိုက်ကြပါပြီ။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအုပ်စုက ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဆန့်ကျင်ရေး မွတ်ဆလင်မ်များ စုရုံးချီတက် ဆန္ဒပြ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအုပ်စုက ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဆန့်ကျင်ရေး မွတ်ဆလင်မ်များ စုရုံးချီတက် ဆန္ဒပြကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်ကားတိုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့မှုအပေါ် အစ္စလာမ်မစ်နိုင်ငံ အများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိရာ ယခု ဘေရွတ်တွင် ပြုလုပ်သော ဆန္ဒပြမှုများ အင်အားအများဆုံးဖြစ်ပြီး လူတစ်သိန်းကျော် ပါဝင်ကြောင်း RT News က ပြောကြားသည်။
ဆန္ဒပြလူအုပ်ကြီးတွင် အမျိုးသားနှင့် အမျိုးသမီး သီးခြားစီ ချီတက်ဆန္ဒပြခဲ့ကြသည်။ ချီတက်ဆန္ဒပြပွဲတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်က ဆန္ဒပြမှုများ အကြီးအကျယ်ပြုလုပ်ရန် တိုက်တွန်းသွားသည်။ ထိုအတောအတွင်း ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးတွင် သံတမန်များက ထိပ်တန်းအဆင့် အရေးကြီး စာရွက်စာတမ်းများကို ဖျက်ဆီးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
From -ပေါ်ပြူလာဂျာနယ်