MPT သိစေချင်“Hot News ကလားရှင့်။ ကျွန်မ ပြောစရာလေးရှိလို့ပါ”
“ဟုတ်ကဲ့။ ပြောပါခင်ဗျ”
“ကျွန်မ နာမည် မမိုးစက်ပါ။ စာရေး ဆရာမပါ။ ကျွန်မရဲ့ဖုန်း ပျောက်သွား တယ်။ အဲဒါနဲ့ ၀ယ်တဲ့ကုမ္ပဏီ အီလိုက် ကိုသွားတယ်။ အကျိုးအကြောင်းပြော တယ်။ စက်တင်ဘာ (၂၀) ရက်နေ့ကပါ။ ငွေ ၂သောင်း ၃ ထောင်သွင်းရတယ်။ ဖြတ်ပိုင်းမပေးဘူး။ ဖုန်းလိုင်းပိတ်ပေးဖို့ MPT ကိုလည်း ပြောတယ်။ ဒါပေမဲ့ အခု ဖုန်းဆက်တဲ့ (၂၇) ရက်နေ့အထိ ဟိုဘက် ရသွားတဲ့လူက ဖုန်းပြောနေတုန်းပဲ”

















