အမြင့်ငါးပေခန့်
ရှိသော အုတ်နံရံ ကာထားသည့် ခြံဝင်းကျယ်ကြီးသို့ အဖြူရောင် Van ကား တစ်စီး
ကွေ့ဝင် လိုက်သည်ကို ထင်းပုံကြားရှိ လူငယ် တစ်စု ကားဆီသို့ မဝံ့မရဲ
ကြည့်နေကြသည်။ ၎င်းတို့ ဘေး တွင် ခြောက်ပေါက် ဟု ခေါ်သော ခြေထောက် ခတ်သည့်
ထိတ်တုံးနှစ်စုံ ရှိနေသည်။
Monday, October 8, 2012
ဘာသာခြားတို့၏ ပန်းတိုင်နှင့် နိဗ္ဗာန်
အခြားဘာသာအားလုံးမှာ
God လို့ခေါ်တဲ့ ဘုရားဟာ လူသားတွေရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ဘယ်သူမှ
ဖန်ဆင်းထား တာ မဟုတ်ဘူး။ God ဟာ ထာဝရ တည်မြဲတယ်။ သူ့ကိုတော့ ဘယ်သူကမှ
ဖန်ဆင်းထား တာမဟုတ်ဘူး။ ဘယ်သူကမှလည်း မဖျက်ဆီးနိုင်တဲ့ အနန္တ
တန်ခိုးရှင်ဖြစ်တယ်။
ဌာနပိုင်ဆိုင်ခန်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရ
သာကေတမြို့နယ်၊
(၁) အနော်မာရပ်ကွက်ထိပ်ရှိဟိုတယ်၊ ခရီးဝန်ကြီး ဌာနပိုင်လူနေဆိုင်ခန်း
များနှင့် ပတ်သက်ပြီး အဆိုပါ ဆိုင်ခန်းများအနီး အနားတွင်
နေသောသူတစ်ဦးကအခုလို ဆက်သွယ်ပြောကြားခဲ့ပါသည်။“ဂျာနယ်မှာရေးတဲ့အကြောင်း အရာတွေထဲက ခိုးယူခံရတဲ့ ပစ္စည်း စာရင်းအတိအကျမသိပေမဲ့ဖြစ်စဉ် ကတော့ အားလုံးအမှန်တွေကြီး ပါပဲ။ အဲဒီသတင်းဖတ်ရတုန်းက ကျွန်တော်တို့တွေ စောင့်ကြည့်ကြ သေးတယ်။
အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းသည် ပုဂ္ဂိုလ်ရေးအရမဟုတ်ကြောင်း ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့် ပြော
ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို
ယနေ့နံနက်၁၀နာရီ တွင်စတင်ကျင်းပနေပြီဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ
ဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန်လက်ခံရခြင်းသည် ဥပဒေနှင့်အညီသာပြုလုပ်ရခြင်းဖြစ်ပြီး
ပုဂ္ဂိုလ်ရေး အရ ပြုလုပ်ခြင်း မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က
လွှတ်တော်သို့ ၁နာရိခွဲခန့်ကြာပြောကြားသော မိန့်ခွန်းရာတွင်
ထည့်သွင်းပြောကြား သွားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့တွင် ယနေ့ထပ်မံဆန္ဒပြမည်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားခရိုင်နှင့် နေရာအချို့တွင် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံဃာများက ယနေ့မွန်းလွဲပိုင်းတွင်လည်း ထပ်မံဆန္ဒပြဦးမည်ဟု သိရှိရသည်။
ဒဂုံဆိပ်ကမ်းလယ်ယာမြေ အရှုပ်အရှင်းများ မကြာမှ ပြေလည်သွားနိုင်ဟုဆို
ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ဖြစ်နေသည့် လယ်ယာမြေ အရှုပ်အရှင်း ကိစ္စများ မကြာမီအားလုံး အဆင်ပြေ သွားနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ပါတီမှ အတွင်းရေးမှူး ဦးအေးမြင့်ကပြောကြားသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို
မြန်မာနိုင်ငံ
ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော
ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်
တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ
သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃
ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့်
ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင်
ပြောကြားသည်။
ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှိုးဖျက်ဆီးလုယူခံရသော ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး
နစက-BGB
အရာရှိအဆင့်တို့ ဘင်္ဂလာတွင် တနင်္ဂနွေနေ့က စတင်ပြီး ဗုဒ္ဓဘာသာဝင် နေအိမ်များ၊
ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ မီးရှို့ဖျက်ဆီးပြီး၊
ပိစ္စည်းဥစ္စာများ လုယူခံရနေသော အခြေအနေများနှင့် စပ်လျဉ်း၍
တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယမနေ့က ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။အမေရိကန်ပြည်ထောင်စုမှ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ နှစ်ပတ်လည် ဖွဲ့ စည်းပုံ ပြင်ဆင်အတည်ပြုရေးနှင့် ဗဟိုကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား
စစ်တွေမြို့ ဗလီကြီး ခြံဝင်း အတွင်း အိမ်တချို့ မီးလောင်မှုဖြစ်ပွါး
![]() |
မီးလောင်သည်ကို ကြည့်ရှု့ရန် လာသူများ။
သူတို့အား တိုက်ခိုက်ရန် လာသည်ဟု
စွပ်စွဲခြင်းမှာ သဘာဝ နည်းလမ်းမကျပါ။
|
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ အနီးရှိ ဗလီကြီးခြံဝင်း
အတွင်း ယမန်နေ့က မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
“ ဖြစ်တာက နေ့လည် ၂ နာရီမှာ ဖြစ်တာပါ။ မီးခိုတွေထွက်လာတော့ လုံခြံရေး
တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မီးသတ်ကားတွေကို ခေါ်ယူပြီး
မီးငြိမ်းသတ်ခဲ့တယ်။ နောက်ထပ် ၃ နာရီ ကျော်ကျော်မှာ တစ်ကြိမ်
မီး ထပ်လောင်တာကိုတွေ့ရပါတယ်။ နောက်ပိုင်းတော့ မီးသတ် ကားတွေက ဘဲ
ငြိမ်းသတ်လိုက်ပါတယ်” ဟု မျက်မြင် မောလိပ်ရပ် ကွက် ဒေသခံ တစ်ဦးက ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ တားမြစ်ပေးရန် ဆင်ဖုံကျေးရွာလယ်သမားများတင်ပြ

သို့
နိုင်ငံတော် သမ္မတ
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ ။ ။ ၈ . ၁၀ . ၂၀၁၂
အကြောင်းအရာ ။ ။ ဇေကမ္ဘာကုမ္ပဏီမှ သိမ်းဆည်းရယူသွားသော
လယ်မြေများနှင့် ပတ်သက်၍ လယ်သမားများ၏ နစ်နာမှုများ
ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးပါ၍ တင်ပြတိုင်ကြားခြင်း
ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက်
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါ အ၀င်ဖြစ်သည့်
လှေလှော်ရွက်တိုက်အားကစား ပြိုင်ပွဲကျင်း ပမည့် မြေနေ ရာနှင့် ပတ်သက်၍
ဘူးကွဲကြီးကျေးရွာ အမှတ်(၄)လမ်းနေ မူလအုန်း ဥယျာဉ်ပိုင် ရှင်မိသားစု ၀င် ကိုယ်စားလှယ်များအား ပုသိမ်မြိုနယ် တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ စီချမှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက်ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော
မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေးစနစ်ကို ပြုပြင်ရန်မှာ အတွေးအခေါ် အရေးကြီးပြီးနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးစနစ် မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြားရန်လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ
ခရစ်ယာန် ဓမ္မတက္ကသိုလ် (အင်းစိန်)တွင် ပြုလုပ် သည့် ဘာသာစုံ၊
တိုင်းရင်းသားစုံ ပါဝင်သော မြန်မာနိုင်ငံ ပညာရေး
ပြုပြင်ပြောင်းလဲမှုဆိုင်ရာေ ဆွးနွေးပွဲ တွင် ပြောကြားလိုက်သည်။ ပညာရေး အသုံးစရိတ် ပိုမိုမသုံးစွဲပါက အကျိုးရောက်မည် မဟုတ်ကြောင်း လည်း ပြောဆိုသွားသည်။
မူစလင်သူပုန်အဖွဲ့နဲ့ ဖိလစ်ပိုင်အစိုးရ ငြိမ်းချမ်းရေး သဘောတူညီမှုရ
ဖိလစ်ပိုင်နိုင်ငံက
အကြီးဆုံး မူစလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး အတွက် ပဏာမ သဘောတူညီချက်တွေ ရရှိခဲ့ပြီး
နိုင်ငံတောင်ပိုင်းက လူပေါင်း ၁ သိန်း ၂ သောင်းလောက် သေကျေ ခဲ့ရပြီး ဖြစ်တဲ့ ဆယ်စုနှစ်နဲ့ချီ
ခွဲထွက်ရေး ပုန်ကန်ထကြွမှုတွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားတဲ့ အကြောင်း အစိုးရက ကြေညာ လိုက်ပါတယ်။
Moro အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး MILF နဲ့ သဘောတူညီချက်အရ Bangsamoro လို့ အမည်ပေး ထားပြီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရရှိမယ့် မူစလင် ဒေသတခုနဲ့ လက်ရှိ အောင်မြင်မှု
မရတဲ့ စနစ်ကို အစားထိုးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတ ဘန်နီနိုအကွီနို (Benigno
Aquino) က တနင်္ဂနွေနေ့ တိုင်းပြည်ကို ရုပ်မြင်သံကြား က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ
ပြောဆိုလိုက်တာပါ။
ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ
ဖိလစ်ပိုင်အစိုးရနှင့်
နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation
Front (MILF) တို့အကြား ဆယ်စုနှစ် များစွာဖြစ်ပွားခဲ့သော အပြန်
အလှန်တိုက်ခိုက်မှုများ အဆုံး သတ်နိုင်ရေး အတွက် သဘောတူညီချက်မူဘောင်တစ်ခုကို
ရရှိခဲ့ကြောင်း သမ္မတဘင် နစ်နိုအကွီနိုက အောက်တိုဘာလ ၇ ရက် တွင် ကြေညာခဲ့သည်။တောင် ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေး တိုးမြှင့်မှု အမေရိကန် ခွင့်ပြုပြီ
မြောက် ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ပိုမို ထိ
ရောက်စေ ရန် အတွက် တောင် ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ ဒုံး
ကျည်ပစ်ခတ်နိုင်မှု အကွာအဝေးကို ကီလိုမီတာ ၈ဝဝ အထိ တိုးမြှင့်ရန် အမေရိ ကန်
ပြည်ထောင်စုက တရားဝင် ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း တောင် ကိုရီး ယား
အာဏာပိုင် များက အောက်တိုဘာ ၇ ရက် တွင် ထုတ်ဖော် ပြော ကြား ခဲ့သည်။
From- မြ၀တီ
မြောက် ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ပိုမို ထိ
ရောက်စေ ရန် အတွက် တောင် ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ ဒုံး
ကျည်ပစ်ခတ်နိုင်မှု အကွာအဝေးကို ကီလိုမီတာ ၈ဝဝ အထိ တိုးမြှင့်ရန် အမေရိ ကန်
ပြည်ထောင်စုက တရားဝင် ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း တောင် ကိုရီး ယား
အာဏာပိုင် များက အောက်တိုဘာ ၇ ရက် တွင် ထုတ်ဖော် ပြော ကြား ခဲ့သည်။နောက်ထပ် ရင်ခုန်စရာ သတင်းလေးပါ
မြန်မာနိုင်ငံ သမ္မတကြီး နိုဗယ်ဆု ပေးမည့်သူများ လျာထားစာရင်းထဲတွင်
ပါဝင်... တကယ်လုပ်တဲ့ သူတွေကို တကယ်ပေးတယ် ဆိုရင်တော့ သမ္မတကြီး ရမှာပါ...
ဘာလို့လဲ ဆိုရင် အခု ကမ္ဘာကို အံ့သြမှုတွေ ဖြစ်အောင် ကိုင်လှုပ်ပြီး
အပြောင်းအလဲ တွေ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်အောင် လက်တွေ့လုပ်နေတာ
သမ္မတကြီးပဲလေ... :)
Thway Thit Sar
Thway Thit Sar
REF: i Love Myanmar , Thway Thit Sar
Posted by Admin Team-NOM
Posted by Admin Team-NOM
ဖိလစ်ပိုင် တောင်ပိုင်း မွတ်စလင်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရမည်
နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် သူပုန်အုပ်စု နှင့် ငြိမ်းချမ်းရေး
မူဘောင်တစ်ခု သဘောတူညီမှု အဖြစ် နိုင်ငံတောင် ပိုင်း မွတ်စလင်များကို
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ အာကွီနိုက
ပြောကြားသည်။
နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် သူပုန်အုပ်စု နှင့် ငြိမ်းချမ်းရေး မူဘောင်တစ်ခု သဘောတူညီမှု အဖြစ် နိုင်ငံတောင် ပိုင်း မွတ်စလင်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ အာကွီနိုက ပြောကြားသည်။
ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား(သတင်းအပြည့်အစုံ)
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊
ကနောင်မင်းသားကြီး (၅) လမ်း
အတွင်းရှိ အလုပ်ရုံတစ်ခုတွင်
အောက်တိုဘာလ ၇ ရက်နေ့ည
ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။
လစ်ဗျားဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ
လစ်ဗျားနိုင်ငံရဲ့ ယာယီ ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုတရပ်ကို
လွှတ်တော်က အတည်ပြုလိုက်ပြီး ရာထူးက ဖယ်ရှားလိုက်တဲ့ အတွက် စစ်ဒဏ်ခံခဲ့ရတဲ့
လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးနဲ့ အစိုးရတရပ်အဖြစ် ဖွဲ့စည်းရေး
အချိန်ပိုကြာမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။
ဝန်ကြီးချုပ် Mustafa
Abushagur က အဆိုပြုခဲ့တဲ့ အစိုးရအဖွဲ့ဝင် စာရင်းကို လက်မခံဘဲ တနင်္ဂနွေနေ့ က
ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ ကြားနေမဲ ၁၉ မဲနဲ့ ရာထူးက
ဖယ်ရှားလိုက်တာပါ။သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီး စတင်
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် ကို
ဒီကနေ့ စတင်လိုက်ပါပြီ။ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ ရည်ရွယ်ချက် နဲ့
သွားရောက်တဲ့
ဒီခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင်
ဖွံ့ဖြိုးရေး အကူအညီတွေကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့
သမ္မတရုံး က ပြောပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို
တောင်ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက် လာတဲ့အပေါ်
မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ကြပါသလဲ။ အပြည့်အစုံကို
မနန္ဒာချမ်း က တင်ပြထားပါတယ်။
Subscribe to:
Posts (Atom)








