Monday, October 28, 2013

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိနေသဖြင့် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီ ဖြစ်သဖြင့် ယခင်ထုတ်ပြန် ထားသော ပုဒ်မ ၁၄၄ ညမထွက် အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်မှ စတင် ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား



Photo: ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား
Monday, October 28, 2013

ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဟင်္သာတမြို့၊ ဟုန်စံစီ ခန်းမတွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောထား ခံယူပွဲ၌ Eleven Media ၏ မေးမြန်းချက်အား ၎င်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေ လိုအပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ပေါ်လာတာပဲ။ ဒီအခြေခံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက "ဒီမိုကရေစီကျင့်စဉ်၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် လုပ်တဲ့အခါ အပြန်အလှန် ညှိနှိုင်းဆွေး နွေးရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဦးတည်ရမယ်။ အကြမ်းဖက်မှုကို မသုံးဘဲ တိုင်းပြည်တည်ငြိမ်ရေးကို ဦးတည်ရမယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အခမ်းအနားသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင်များနှင့် ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ NLD ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြသည်။

Eleven Media Group 

ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)
ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

Saturday, October 26, 2013

သီပေါမြို့နယ်အတွက် GSM ဖုန်း (၅၀၀)ရမည်ဟုဆို

သီပေါမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ထပ်မံချပေးရာ အောက်တိုဘာလအတွက် ခွဲတမ်းမှာ GSM များသာ ပါရှိကြောင်း သိရှိရသည်။ အဆိုပါဖုန်းကတ်များအား သီပေါမြို့ပေါ် ရပ်ကွက် (၁၁)ခုနှင့် ကျေးရွာ (၇)အုပ်စုလုံးအား မဲနိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်

မလေးရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန် လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။
မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံ တက်နေရသော မြန်မာ အမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ဆောင်ဆန္ဒပြလျှင် ထောင်ချမည့် ပြင်ဆင်ချက် ဥပဒေကြမ်း ကန့်ကွက်ခံရ

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ဆောင် ဆန္ဒပြလျှင် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်မည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်သဖြင့် အတည် မပြု နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ

မက္ကဆီကိုမှာရှိတဲ့ အမည်ဖော်ပြဖို့ မသင့်တဲ့ အသက်လေးဆယ်အရွယ် လူတစ်ဦးဟာ သူ့ချစ်သူ မိန်း ကလေး အခြား ယောက်ျားများ နှင့် မဖောက်ပြန်နိုင်အောင် ဂျင်းဘောင်းဘီကို
http://myanmaspectrum.blogspot.com/2013/10/blog-post_921.html#more

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိသူ ၈၀ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အချိန်အား လျော့ချရန် စီစဉ်



ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် နောက်ကွယ်မှ အကွက်ချ စီစဉ်ခဲ့သူများ အပါအ၀င်၊ ဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သူ ၈၀ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ



ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ
Weather News Update
၂၈-၁၀-၂၀၁၃
မနက် (၆း၃၇) နာရီ 

(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

(၂) မြန်မာနိုင်ငံအပိုင်းမှာတော့ အနောက်မြောက်ပိုငးနဲက အရှေ့တောင်ပိုင်းတွေမှာ မိုးစမိုးနတွေ တွေ့နေရပါတယ်။ ဒါဟာလည်း တရုတ်ပြည်မကြီးပေါ်က လေဖိအားများ ရပ်ဝန်းကြီးက မြန်မာပြည်အရှေ့ပိုင်းကို တိုးဝင်နေတာဖြစ်ပါ တယ်။ မြန်မာပြည်ပေါ် ကလေထုထဲမှာရေငွေ့တွေရှိနေသမျှ ဒီလိုလေအေးတွေတိုးဝင်လိုက်တိုင်း ကမ်းရိုးတန်းတလျှောက်မှာ မိုးတွေရွာလေ့ရှိပါတယ်။

(၃) Typhoon Francisco ကတော့ အကျပိုင်းရောက်သွားပါပြီ။ ဂျပန်နိုင်ငံ အပေါ်ခြိမ်းခြောက်နေတဲ့အန္တရာယ်တွေလျော့နည်းကျဆင်း
သွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ကတော့ အချိန်အခါနဲ့ဒေသအလိုက် မိုးရွာသွန်းမှုလေးတွေ ဟာ နိုဝင်ဘာလ လဆန်းပိုင်းလောက်အထိ ရှိနေဦးမှာဖြစ်ပါတယ်။


ဒေါက်တာထွန်းလွင်


Weather News Update


-၁၀-၂၀၁၃


မနက် (၆း၃၇) နာရီ




(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေ ကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ

8.1.1
နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက် မည့် မြေနေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသများ အတွက် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများတွင် ဘတ်ဂျက်ခွဲဝေမှု နည်းပါးဟု လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ပြည်နယ်များရှိ ကျေးလက်ဒေသများ အတွက် တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျပ်စစ်မီးရရှိရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုသည် နည်းပါးနေသည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြည်ထောင်စု လွှတ်တော် တွင် ဝေဖန်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံရှိ ဆင်းဟတ်စ် တော်ဝင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြား

8.1.1
ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ် ဆက် နေသည့် တော်ဝင်စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates (လက်ဝဲ) နှင့် ဒုတိယကျောင်းအုပ် ဗိုလ်မှူး Chris Sargent (လက်ယာ)တို့ကို တွေ့ရစဉ်
ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် အင်္ဂလန်တောင်ပိုင်း၊ ကင်ဘာလေ (Camberley) မြို့ရှိ ဆင်းဟတ်စ် (Sandhurst) တော်ဝင် စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိသည့် တရားမ၀င် မက်သမ်ဖက်တမင်း (methamphetamine) ဆေးအလုံးပေါင်း ငါးသန်းကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ကြေညာခဲ့သည်။
ယခုဖမ်းဆီးရမိမှုသည် ထိုင်းနိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဖမ်းဆီးရ မိမှုဖြစ်ပြီး မြန်မာနိုင်ငံ တွင်လည်း amphetamine စိတ်ကြွဆေး ထုတ်လုပ်မှု မြင့် မားနေကြောင်း ကို ပြဆိုနေ သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် မြို့များမှ ပြည်သူများကို NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ယနေ့မှ စတင်ကာ ရှင်းပြမည်

8.1.1
အောက်တိုဘာ ၂၄ ရက်တွင် NLD ပါတီက မြိတ်မြို့၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည်မြို့ကြီး

တိုင်းရင်းသားများ ယုံကြည်နိုင်မည့်အပြင် အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေမျိုး ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း NLD ပါတီ နာယက ဦးတင်ဦးပြောကြား

အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် တိုင်းပြည်တွင် ညီညွတ်မှုရှိရန် လိုအပ်ပြီး ညီညွတ်မှု ရရှိနိုင်စေရန်အတွက် တိုင်းရင်းသားများ ယုံကြည်အားကိုးပြီး ၎င်းတို့အား အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေအား ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း အရှေ့ပိုင်း ခရိုင်အတွက် တတိယ အကြိမ်မြောက် ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထား ခံယူပွဲ ကျင်းပစဉ် NLD ပါတီနာယက ဦးတင်ဦး က ပြောကြားခဲ့သည်။

Friday, October 25, 2013

လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဆို

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲ ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများ တိုးတက် လာကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင် မဲအများဆုံး ရရှိနေ

Miss Universe 2013 ပြိုင်ပွဲကြီး မစ တင်မီ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုး စက်ဝိုင်သည် လူကြိုက်အများဆုံး ဖြင့် အင်တာနက်တွင် မဲအ များဆုံး ရရှိထားကြောင်း သိရသည်။ မိုးစက်ဝိုင်သည် အင်တာ နက်မဲပေးမှုစနစ်တွင် အောက်တို ဘာ၂၄ရက် ညနေ ၅နာရီ ၄၅မိနစ် တိတိတွင် မဲပေးမှု ၁၈၉၄၇၈ အ များဆုံးဖြင့် ရပ်တည်နေခဲ့သည်။

တက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် လယ်သမားသားသမီး အယောက် ၁၀၀ ကို ဆန်စပါးအသင်းချုပ်က ပညာသင်စရိတ် ထောက်ပံ့

တောင်သူလယ်သမား သားသမီးများထဲမှ အထက်တန်းအောင်သော်လည်း တက္ကသိုလ် ဆက်တက်ရန် အခက်အခဲဖြစ်နေသူများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထောက်အပံ့ပေးရန် အယောက် ၁၀၀ ကို အောက်တိုဘာလ၂၃ ရက်က ရွေးချယ်ပြီးဖြစ်ကြောင်း ဆန် စပါးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်မပြု

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသော ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပေးပို့လာသော သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုဘဲ နိုင်ငံတော် သမ္မတထံ ပြန်လည် ပေးပို့ ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ထိုင်းဘုရားဖူးကားမှောက် ၂၂ဦး သေ၊ ၁၆ဦးဒဏ်ရာရ

 
ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့် လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။

စိုက်/ဘဏ် မန်နေဂျာနှင့် သေဆုံးသူ အုပ်ချုပ်ရေးမှူးတို့အကြား ငွေကျပ် (၃၂၈) သိန်း ပျောက်ဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်၊ ကဒက်ကွင်း ကျေးရွာရှိ တောင်သူလယ်သမား (၉၄)ဦး ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ (၃၂၈) သိန်းအားကျေးရွာ ဘဏ်ကော်မတီ ဥက္ကဋ္ဌဖြစ်သော ကျေးရွာ အုပ်ချုပ်ရေးမှူးအားပြန်လည် ပေးဆပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သေဆုံး သွားသောကြောင့် ၎င်း အုပ်ချုပ်ရေးမှူးနှင့် စိုက်/ဘဏ် မန်နေဂျာတို့ နှစ်ဦးကြားတွင် ငွေနှင့် စာရင်း ဇယားများ ပျောက်ပျက်နေကြောင်း သတင်းရရှိသည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ လွှတ်တော် ကြေညာချက်ထုတ်

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် အပြောအဆို အပြုအမူတွေ မပြုလုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် စေတနာ မေတ္တာ ထားရှိ ဆောင်ရွက်ကြဖို့ အလေးအနက် ထား ပန်ကြား မေတ္တာ ရပ်ခံပါကြောင်း ဒီကနေ့ နေ့စွဲနဲ့ ပြည်ထောင်စု လွှတ်တော် က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ

Photo: ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
Friday, 25 October 2013 

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို
မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်
နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်
ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့
 နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်
ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆို
တာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က  ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ၀န်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။

VOA
အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆို မှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန် နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ပညာသင်ကြားရန် အခက်အခဲရှိသူများအား ကျောင်းပြင်ပ အလယ်တန်းပညာသင်ကြားပေးရန် စီစဉ်နေ

မူလတန်းပညာသင်ကြားရန် အခက်အခဲရှိသူများကို ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့(UNESCO)တို့ ပူးပေါင်းကာ ကျောင်းပြင်ပ ပညာရေးဇုန်များ ဖွင့်လှစ်ကာ ပညာသင်ပေး လျက်ရှိပြီး အလယ်တန်းအဆင့်ကို တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းပညာရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးတွင် အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို အောက် တိုဘာ ၂၃ ရက် နေ့လည် ၁၁ နာရီက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်မြေဖြူ စာကြည့်တိုက်ခန်းမ တွင် ကျင်းပခဲ့သည်။

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို

ပြည်တွင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများသည် အဆုံးသတ်မှုမရှိသေးဘဲ ဖြေရှင်းစရာများ ကျန် နေသေးပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများလုပ်ရန် လိုအပ်သည်ဟု သာသနာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အောက်တိုဘာ၂၃ တွင် ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အကူအညီပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြော

ဒေါ်အောင်ဆန်းစုကြည်မှာ “မိမိ၏ အလေးစားဆုံးသောပုဂ်္ဂိုလ်”ဖြစ်သည်ဟု ပြောကြားခဲ့သော ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အတွက် နိုင်ငံတကာမှဖိအားပေး လာ စေရန် ဆောင်ရွက်သွားမည်ဟု ကတိက၀တ်ပြုလိုက်သည်။

Sexy Pose- Moe Yu San

sexy pose moe yu san