Thursday, February 20, 2014

Photo: အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ပင်မ သပိတ်စခန်းကြီးကို ယူကရိန်း တပ်ဖွဲ့ဝင်များ ဖြိုခွင်း လူ ၂၅ ဦး သေဆုံး
Thursday, February 20, 2014

ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အဓိက အခြေချရာ လွတ်လပ်ရေး ရင်ပြင်ရှိ သပိတ်စခန်းအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ဆန္ဒပြသူများက မီးရှူးများဖြင့် ပြန်လည် ပစ်ခတ်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က အင်အားသုံး နှိမ်နင်းမှုကို အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ လူအုပ်ကြီးက ပြန်လည် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့သည်။

ထိုသို့ ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ယူကရိန်း သမ္မတ ယန်နူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင်အပေါ် ပြစ်တင် ပြောဆိုပြီး ပဋိပက္ခကို ရပ်ဆိုင်းရန် အချိန် နောက်ကျနေခြင်း မရှိကြောင်း သတိပေး ပြောကြားသည်။

ယူကရိန်း အာဏာပိုင်များ အဆိုအရ သမ္မတ ယန်နူကိုဗစ်ခ်ျသည် အထင်ကရ အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသော ဗစ်တာလီ ကီရှင်ကို၊ အာဆန်တီယာ ဆန်ညက်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက လွတ်လပ်ရေး ရင်ပြင်တွင် လူစုဖွဲ့ သပိတ်စခန်း ဖွင့်မှုကို အင်္ဂါနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန် သတ်မှတ်ချိန် ထုတ်ပြန်ခဲ့ပြီး ယင်းအချိန် ကျော်သွားချိန်တွင် အင်အားသုံး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင်မူ အကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများကြောင့် ကိယက် မြို့လယ်ကောင် ဒေသသို့ မော်တော်ယာဉ်များ ဝင်ရောက်လာခြင်း မရှိသည်ကို တွေ့ရကြောင်း နိုင်ငံခြား သတင်းထောက်များက ပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက “အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု” ဟူသော အမည်ဖြင့် လက်ကိုင် အသံချဲ့စက်များ ကိုင်ကာ သတိပေး ပြောဆိုပြီးနောက် သပိတ်စခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သည်။

ထိုသို့ စီးနင်း ဝင်ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့များကို ဆန္ဒပြသူများက မီးရှူးများ၊ ဓာတ်ဆီ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်ကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သံချပ်ကာ ယာဉ်များဖြင့် ဝင်ရောက်ကာ သပိတ်စခန်းရှိ အဟန့်အတားများကို ဖြိုဖျက်ပစ်ကြကြောင်း BBC သတင်းထောက်က ဆိုသည်။

အဆိုပါ ဖြစ်ရပ်များအတွင်း သပိတ်စခန်းတွင် ထိုးထားသော တဲများ မီးလောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ သာမက မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခဲ့ကြသည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

“ဒီရင်ပြင်နေရာဟာ လွတ်လပ်ရေး ကျွန်းတစ်ခုပါပဲ။ လွတ်လပ်မှုကို ကျွန်တော်တို့ ကာကွယ်သွားမယ်” ဟု အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ဤအတောအတွင်းမှာပင် ကိယက် မြို့တော်သာမက အခြားသော မြို့များတွင်လည်း မငြိမ်မသက်မှုများ ပေါ်ပေါက်လျက် ရှိကြောင်း ယူကရိန်း မီဒီယာများက ရေးသား ဖော်ပြသည်။

The Voice Weekly
ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ် သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းရေး ရွှေတောင်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖျက် သိမ်းပေးရေးအတွက် ပဲခူးတိုင်းရွှေတောင်မြို့နယ်တွင် မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၂၆ ဦးက ဖေ ဖော်ဝါရီ ၁၉ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်သည်။

ကျေးလက်လူငယ်များ အလုပ်နှင့်ပညာရေးအခွင့်အလမ်း နည်းပါး

မန္တလေးတိုင်းအတွင်းရှိ ကျေးလက်ဒေသများတွင် လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အ လမ်းများ နည်းပါးနေဆဲဖြစ်၍ ကျပန်းလုပ်ကိုင်စားသောက်နေကြရပြီး လူငယ်များ၏အနာဂတ် ခွန်အား များ ဆုံးရှုံးနေသည်ဟု အထက်မြန်မာပြည် ကျေးလက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေး စောင့် ကြည့်ရေးအဖွဲ့မှ အတွင်းရေးမှူးဦးကျော်မိုး (သုတေသန)က မဇ္ဈိမကို ပြောသည်။

ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို

Photo: ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို
Thursday, February 20, 2014

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့်အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဒီကိစ္စကို ကျွန်တော့်ကိုလည်း မမေးဘူး၊ ကျွန်တော်လည်း မဖြေဖူးဘူး၊ ဒီဂျာနယ် အပတ်စဉ်ထုတ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါကြောင့် ရိုးရိုးလေးပဲ။ မတောင်းပန်ရင် တရားရေးအရ ဖြေရှင်းမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သတင်းကိစ္စကို ဦးဝင်းမြင့် ကိုယ်တိုင် ဖြေရှင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ အချိန်၌ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထုတ်ဖော် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်းတည့်နေ ဂျာနယ်သို့ The Voice မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှသာ ပြန်လည် ပြောကြားနိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးဟန်သစ်က ဖြေကြားခဲ့သည်။

The Voice Weekly
မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး ပြန်လည်စဉ်းစားသင့်ကြောင်း IID ပြော

ညာင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ဆောက်နေသော အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး လုပ်ငန်းများအပေါ် ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း သြစတြေးလျနိုင်ငံအခြေစိုက် နိုင်ငံတကာဖွံ့ ဖြိုးရေးသိပ္ပံအဖွဲ့ (The Institute for International Development -IID)မှမြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်နှင့် ဒါရိုက်တာ မစ္စတာယိုအန်းခရစ္စတန်စန်က ပြောသည်။

ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ ရေး ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု သတိပေး ပြောဆိုလိုက်သည်။

ဗြိတိန်စစ်သားများအတွက် စက်ရုပ်မျက်မှန် သို့မဟုတ် Google Glass

Photo: ဗြိတိန်စစ်သားများအတွက် စက်ရုပ်မျက်မှန် သို့မဟုတ် Google Glass
Thursday, February 20, 2014

ဗြိတိန် စစ်သားတွေအတွက် သေချာ စီမံ ဖန်တီးထားတဲ့ မျက်မှန် ဖြစ်ပြီး Google Glass ကနေ အခြေခံထားခြင်း ဖြစ်ပါတယ်။ BAE System က ဗြိတိန် တော်ဝင်တပ် အတွက် တီထွင်အောင်မြင်သွားတဲ့ မျက်မှန် ဖြစ်ပါ တယ်။

သာမန် Google Glass ထက် ထူးခြားတဲ့ စွမ်းဆောင်ရည် ကတော့ အကွာ အဝေး များစွာကို ကြည့်ရှုနိုင်ခြင်း၊ ည အမှောင်မှာ ကြည့်ရှုနိုင်ခြင်း၊ ရန်သူနဲ့ သာမန် လူကို ခွဲခြား ပြနိုင်ခြင်း၊ ပစ်မှတ်ကို ရှာပေးနိုင်ခြင်း အပြင် အခြားသော ထူးခြားချက်များစွာ ပါဝင် ပါတယ်။ ဘယ်ဘက် မျက်လုံး တစ်ဖက်ကိုပဲ ဖုံးထးမယ့် မျက်မှန် ဖြစ်ပါတယ်။ စစ်သားရဲ့ မြင်ကွင်းနဲ့ ပက်သက်လို့ အမြဲ ထောက်လှမ်း ကူညီပေးနေမယ့် လက်တွဲဖော် စက်ရုပ် တစ်ကောင်လည်း ဖြစ်လာ နိုင်ကြောင်း ဆိုပါတယ်။

သူ့ကို Q-Warrier လို့ အမည်ပေး ထားပါတယ်။ ယခု ဗြိတိန်ရဲ့ စမ်းသပ် အောင်မြင်မှုလိုပဲ အမေရိကန် ပင်တဂွန် စစ်ဌာနမှလည်း ယခု ကာလ အတွင်း တီထွင်အောင်မြင်ဖွယ် ရှိကြောင်း သိရ ပါတယ်။

Ref: pocketlint
အောင်ခမ်း (ရိုးရာလေး)
ဗြိတိန် စစ်သားတွေအတွက် သေချာ စီမံ ဖန်တီးထားတဲ့ မျက်မှန် ဖြစ်ပြီး Google Glass ကနေ အခြေခံထားခြင်း ဖြစ်ပါတယ်။ BAE System က ဗြိတိန် တော်ဝင်တပ် အတွက် တီထွင်အောင်မြင်သွားတဲ့ မျက်မှန် ဖြစ်ပါ တယ်။

ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်

Photo: ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်
Thursday, February 20, 2014

တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။

မဲကိစ္စနဲ့ ပက်သက်ပြီး ပြည်သူများ မကျေနပ်ချက် ဖြစ်ခဲ့ပေမယ့် ယခု အရေးအခင်းကတော့ ၁၅ နှစ်ကြာ သက်တမ်းရှည်လာတဲ့ ဆိုရှယ် လစ် နိုင်ငံရေး စနစ်အပေါ် ပုန်ကန်တော်လှန်ခြင်း ဖြစ်ပါ တယ်။ ရေနံဖြင့် ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၃ နှစ် လယ်လောက် က စလို့ ယနေ့အချိန်အထိ နိုင်ငံရေး မငြိမ်သက်တော့ ပါဘူး။

အရေးအခင်းများကြောင့် သေဆုံးသူများလည်း မြင့်တက် လာပါယ်။ ပြီးခဲ့တဲ့ လကပဲ ဗင်နီဇွဲလားရဲ့ အလှမယ် တစ်ဦးနဲ့ အမျိုးသားတို့ လမ်းမမှာ လုပ်ကြံ ခံခဲ့ ရပါတယ်။ ယခု ဗင်နီဇွဲလားရဲ့ ပြည်နယ် တစ်ခုမှာ Miss Tourism ဆု ရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် Genesis Carmona ဟာလည်း လမ်းမပေါ် မှာ အရေးအခင်းထဲ သေနတ်နဲ့ အပစ်သတ် ခံခဲ့ ရပါတယ်။ ဦးခေါင်းကို ထိသွားခြင်း ဖြစ်ပြီး ဆိုင်ကယ်ပေါ် ယခုလို တင်ပြီး ဆေးရုံပို့ပေ မယ့် ကုသလို့ မရပဲ သေဆုံး သွား ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ ဗင်နီဇွဲလားဟာ ပဋိပက္ခများကြောင့် အသက် အန္တရာယ် စိုးရိမ်ရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း သိရ ပါတယ်။

Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခဖြစ် ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယသမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ပါတယ်။

ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး

မန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ ရေး ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု သတိပေး ပြောဆိုလိုက်သည်။

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွား၍ မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရ

Photo: ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွား၍ မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရ
Thursday, February 20, 2014

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွားခြင်းကြောင့် မီးပွိုင့်အား အသုံးမပြုဘဲ ပိတ်ထားရကြောင်း သတင်းရရှိသည်။

ဟံသာဝတီအ၀ိုင်းကဲ့သို့ အ၀ိုင်းများနေရာတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်အတွက် မီးပွိုင့်များပြုလုပ်ရန် စီစဉ်ခဲ့ပြီး ဟံသာဝတီအ၀ိုင်းတွင် မကြာသေးမီက မီးပွိုင့်စတင် စမ်းသပ်တပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထိုသို့ မီးပွိုင့်တပ်ဆင်ခဲ့သော်လည်း ယာဉ်များသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်ခဲ့ခြင်းမရှိခဲ့ဘဲ ပိုမိုပိတ်ဆို့ခဲ့မှုကိုပင် ကြုံတွေ့ခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“မီးပွိုင့်အလုပ်မလုပ်လို့ ယာဉ်ကြောပိတ်တာလားတော့ မသိပေမဲ့ မီးပွိုင့်တပ်ပြီးမှ ယာဉ်ကြောတွေ ပိုပိတ်သွားတယ်။ မနက်ရုံး တက်ချိန်နဲ့၊ ရုံးဆင်းချိန်ဆို အ၀ိုင်းမှာ ပိတ်တာ ကြောက်ခမန်းလိလိပဲ။ လှည်းတန်း ဘက်ကဆို Junction Square ထိ ကားတွေရောက်တယ်။ မဟာမြိုင်ဘက်အခြမ်းဆို မြေနီကုန်းနားထိ ပိတ်တယ်။ မီးပွိုင့်ကို အသုံးမပြုဘဲ ရပ်လိုက်တာတော့ ဒီနေ့မနက်ကတည်းကပဲ”ဟု အငှားယာဉ်မောင်း ဦးထွန်းထွန်းမင်းက ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

မီးပွိုင့် စတင်စမ်းသပ်မှုကို ယာဉ်သွားလာသူများ မသိရှိသေးခြင်းကြောင့် ယခင်အတိုင်းဘဲထင်ကာ မောင်းနှင်သွားလာမှုများကြောင့် အဆင်မပြေသေးဘဲ ယာဉ်ကြောပိတ်ဆို့နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဟံသာဝတီအ၀ိုင်းမှာ စပြီးစမ်းသပ်တုန်းပဲ ရှိပါသေးတယ်။ စမ်းသပ်တုန်းမှာ ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောအခြေအနေပေါ် မူတည်ပြီး မီးဝါ မီးနီ ဘယ်လိုပေးမယ်ဆိုတာ လိုအပ်တာကို ပြန်လုပ်ဖို့ပါ။ မီးပွိုင့်ပြန်ဖျက်မှာ မဟုတ်ပါဘူး။ မီးပွိုင့်တပ်တာကိုလည်း ယာဉ်မောင်းတော်တော်များများ မသိသေးဘူး။ အ၀ိုင်းနားမှာတော့ မီးပွိုင့်ရှိတယ်ဆိုတာ သိအောင် ဆိုင်းဘုတ်တွေ ထောင်ထားတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Eleven Media Group

ဟံသာဝတီအ၀ိုင်းတွင် ယာဉ်သွားလာမှုများအား ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ဟံသာဝတီအ၀ိုင်းတွင် ယာဉ်သွားလာမှုများအား ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ဟံသာဝတီအ၀ိုင်းတွင် မီးပွိုင့်ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသွားခြင်းကြောင့် မီးပွိုင့် အား အသုံးမပြုဘဲ ပိတ်ထားရကြောင်း သတင်းရရှိသည်။

ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို

Photo: ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို
Thursday, February 20, 2014

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦး ကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီနေ့ မစ္စတာ ကင်တားနားက ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်ဆိုတော့ အဓိကက သူ ဘယ်လိုအကြောင်းရာတွေကို အလေးပေး ပြောဆိုသွားပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ မဆုမွန်ရေ.. ဒီကနေ့ မစ္စတာ ကင်တားနား ပြောသွားတဲ့ အကြောင်းရပ်တွေကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေ တော်တော်များများ စုံတာ တွေ့ရပါတယ်။ သူ တော်တော်လေး အလေးအနက်ထားပြီးတော့ ပြောသွားခဲ့တဲ့အထဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စပါတယ်။ နောက် ဒီ ကချင်ပြည်နယ်ကိစ္စနဲ့ ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါသလိုပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပေါ့နော် ယဉ်ကျေးမှု မြန်မာနိုင်ငံမှာ ထွန်းကားဖို့ဆိုတဲ့ကိစ္စတွေ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ဆိုရင်တော့ မကြာသေးခင်တုန်းက ဒူချီးရားတန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ သူ အလေးအနက် အခုလို ပြောသွားပါတယ်။

သမ္မတကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာမျိုး၊ နောက်တခုက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လိုမျိုး စုံစမ်းရေးဝင်တဲ့ဟာမျိုး၊ ပြည်တွင်းမှာလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ လွတ်လပ်မှု၊ နောက်တခုက တရားမျှတမှု ရှိ မရှိ ဆိုတာ အတော်လေးကို မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်း ဒီစုံစမ်းရေးကော်မရှင်တွေဟာဆိုရင် သူပြောတာက နိုင်ငံတကာ စံနှုန်းစံထားနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီးတော့ ဝေဖန်သွားတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူ့အနေနဲ့ ဒီလူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲပြီးတော့ ဒူချီးရားတန်းကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်ဆိုပြီးတော့ ထောက်ပြသွားပါတယ်။

နောက် ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ပဲ သူပြောသွားတာက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးကိစ္စမဟုတ်ဘူး။ ဒေသတွင်းကိစ္စမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ဒေသ တခုလုံးကိုပါ ရိုက်ခတ်တဲ့ အခြေအနေ ရှိနေတယ်ဆိုပြီးတော့ ဥပမာ - မလေးရှားမှာ ဖြစ်သွားခဲ့တဲ့ကိစ္စကိုပါ ထောက်ပြပြောဆိုသွားတာရှိပါတယ်။ တချိန်တည်းမှာပဲ သူက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေ၊ ဒီ မူဆလင်ဆန့်ကျင်ရေး အမုန်းတရားတွေ ပြန့်ပွားနေ၊ ပြောဆိုနေကြတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူ ထောက်ပြသွားတာကတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်တွေကို ပြောဆိုသင့်တယ်၊ ဒါကိုလည်း သိဖို့လိုတယ်၊ နားထောင်ဖို့ လိုပါတယ်။ ဒါပေမဲ့ တဘက်မှာ ဒီအခြေအနေတွေကို နိုင်ငံရေးအရ အမြတ်ထုတ်တာ၊ လှုံ့ဆော်တာတွေကို သူ တွေ့နေရတယ်။ အဲ့ဒီကနေပြီးတော့မှ အဖြစ်အပျက်တွေ၊ အခြေအနေတွေဟာ ရခိုင်ပြည်နယ်ကိုပါ ကျော်လွန်ပြီးတော့ တခြားနေရာတွေကိုပါ ရောက်လာပြီဆိုပြီးတော့ သူက ထောက်ပြသွားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာဆိုရင် နောက်တခု သူ စိုးရိမ်တာတခုက ကုလသမဂ္ဂနဲ့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လုပ်နေရတဲ့ လက်ရှိ လူသားချင်းစာနာမှု ကိစ္စတွေမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ သူ့အနေနဲ့ တော်တော် စိုးရိမ်တယ်လို့ ပြောသွားပါတယ်။

နောက်တခု ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူ သွားခဲ့တဲ့အခါကျတော့ ဒုက္ခသည်တွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သူ ထောက်ပြပါတယ်။ အဲ့ဒီမှာ ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နောက်တခုက အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ နောက်တခုက ညှဉ်းပန်းနှိပ်စက်မှုတွေ ဒါမျိုးတွေဟာဆိုရင် အစိုးရဘက်ကရော၊ တဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သူပုန်အဖွဲ့အစည်းတွေကပါ လုပ်နေတာတွေ့ရတော့ KIO နဲ့ တွေ့တဲ့အခါမှာလည်း ဒီကိစ္စကို သူ တော်တော်လေး ပြောခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာ ဒီကိစ္စတွေ ပြေလည်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အောင်အောင်မြင်မြင် လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

KIO ဘက်ကလည်း သူ့ကို ဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ဖို့ဆိုရင်တော့ တဘက်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရှိလာရမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးဖို့လိုတယ်ဆိုပြီးတော့ ထောက်ပြပါတယ်။ သူမြင်တဲ့အချက်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးမှာ စောင့်ကြည့်ရေးစနစ်တွေ အားနည်းတဲ့အခါကျတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြတယ်သာပြောတယ်။ ပစ်ခတ်မှုတွေ ပြန်ပြန်ဖြစ်နေတာကို သူ ထောက်ပြသွားတယ်။ အဲတော့ မြန်မာနိုင်ငံဟာ အခု သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စက အတော်လေးကို Challenging စိန်ခေါ်ချက် ပြဿနာတရပ် ဖြစ်တယ်ဆိုတာကို သူ ထောက်ပြသွားပါတယ်။

နောက်တချက်ကတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိကာလမှာ အတော်လေး အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြသွားတာ တွေ့ရပါတယ်။

မေး။ ။ အဲတော့ မစ္စတာ ကင်တားနားက အင်းစိန်အကျဉ်းထောင်ကိုလည်း သူ့ဒီခရီးစဉ်ထဲမှာ သွားရောက် လေ့လာခဲ့တယ်ဆိုတော့ အခု အာဏာပိုင်တွေဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ရော သူ ဘာများ ပြောဆိုခဲ့တာ ရှိပါသလဲရှင့်။

ဖြေ။ ။ မစ္စတာ ကင်တားနားက သူ့ရဲ့ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကာလအတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခုန သူ့အနေနဲ့ အသိအမှတ်ပြုပြီးတော့ ပြောရမယ့် အပြောင်းအလဲတွေဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို သူ အလေးအနက်ထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတချို့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်ဆိုတာကို သူ ထောက်ပြပါတယ်။ ဥပမာ - အင်းစိန်ထောင်ကိုသွားတယ်။ နိုင်ငံရေးအကျဉ်းသား ၄ ဦးနဲ့လည်း တွေ့ခဲ့ပါတယ်။ နောက်တခုက မကြာသေးခင်တုန်းက အဖမ်းခံရတဲ့ Unity သတင်းစာတိုက်က သတင်းထောက်တွေနဲ့ တွေ့ဖို့ သူ ကြိုးစားတယ်။ ဒါပေမဲ့ ထောင်ပြောင်းလို့ဆိုပြီး သူ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီက ဦးစိုးသိန်းနဲ့ တွေ့တယ်လို့ သိရပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေကို ဆက်လုပ်သွားမယ်၊ လွှတ်ပေးစရာ ရှိတာတွေ လွှတ်ပေးသွားမယ်ဆိုတဲ့အတွက် သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ ဒေါက်တာထွန်းအောင်ပေါ့။ သူကတော့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ် ၃ ဦးဟာ နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှာ မပါဘူးဆိုတာ သူသိရတော့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ကိစ္စကိုလည်း သူ့အနေနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

မေး။ ။ မစ္စတာ ကင်တားနားက အခု သူက သက်တမ်းကုန်တော့မယ့်အချိန်မှာ ပြန်သွားတော့မယ်ပေါ့နော်။ ဆိုတော့ သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး တိုးတက်မှုတွေ၊ နောက် ဆုတ်ယုတ်မှုတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာများသုံးသပ်ချက် ပေးသွားတာရှိပါသလဲရှင့်။

ဖြေ။ ။ သူ ၆ နှစ်တာ တာဝန်ယူခဲ့တဲ့ ကာလအတွင်းပေါ့နော် အထူးသဖြင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ကာလအတွင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ တော်တော်များများ ရှိခဲ့တာကိုတော့ သူ အသိအမှတ်ပြုပါတယ်။ ခုန ကျနော်ပြောသလိုပေါ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စတွေ၊ နောက်တခုက တစုံတရာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပေးလိုက်တာတွေ၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပေးလိုက်တာတွေ ဒါတွေ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ အကဲစမ်းချက်၊ အဓိကကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စပါ။ တဘက်မှာ ဖယ်ထားလို့ မရဘူးပေါ့။ နိုင်ငံရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ စီးပွားရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားဖို့ ဆိုတဲ့ကိစ္စကို သူ အတော်လေး ထောက်ပြသွားပါတယ်။

ဥပမာဆိုရင် - သီလ၀ါကိစ္စဆိုရင် ဖွံ့ဖြိုးရေးကိစ္စကို လုပ်တယ်ဆိုပေမဲ့ တဘက်မှာ လယ်သိမ်း၊ ယာသိမ်းတွေ လုပ်တဲ့အခါမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဖြစ်တယ်။ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားမှ ဒီကိစ္စက အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့နဲ့ ဖြစ်နိုင်မယ်ဆိုတာ သူ ထောက်ပြပါတယ်။ နောက် တချိန်တည်းမှာပဲ သူ ပြောတာက ရဲတပ်ဖွဲ့ဝင်တွေ၊ နောက် တရားရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ တော်တော်များများ ရှိသေးတယ်။ သူပြောတာက - သူကိုယ်တိုင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲစခန်းတခုမှာ ဖမ်းဆီးခံရပြီးတော့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ သေဆုံးသွားခဲ့သူရဲ့ မိသားစုနဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ အချိန်ထိကို ဒီတရားရေးစနစ်တွေနဲ့ ရဲဌာနတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နောက်တခုက မမျှတမှုတွေ ရှိနေတုန်းပဲ။ ဒါတွေက တရားဥပဒေစိုးမိုးရေးအတွက် အတော်ကြီးကို အန္တရာယ်ရှိနေတုန်းပဲဆိုတာကို သူ ထောက်ပြသွားပါတယ်။

ဒါကတော့ ရန်ကုန်လေဆိပ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

VOA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး

ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင်  သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်မှုကို အကျိုးတူကုမ္ပဏီ သက်မှတ်ပြီးမှ ထုတ်ပြန်ပြောဆိုမည်

Photo: မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်မှုကို အကျိုးတူကုမ္ပဏီ သက်မှတ်ပြီးမှ ထုတ်ပြန်ပြောဆိုမည်
Thursday, February 20, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသော အော်ပရေတာများနည်းတူ ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို လက်ရှိအချိန်၌ ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်ပြီးမှသာ ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဈေးကွက်သဘောအရ အခြားသော အော်ပရေတာ၏ ဝန်ဆောင်မှုအတိုင်း လုပ်ကိုင်ရမည်ဖြစ်သော်လည်း ပူးပေါင်းလုပ်ကိုင်သူ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သဘောတူညီချက်များအပေါ် မူတည်၍ ပေးအပ်မည့် ဝန်ဆောင်မှုများကို သက်မှတ်ရမည်ဟု ၎င်းက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီမှာ ဂျပန်နိုင်ငံအခြေစိုက် KDDI ကော်ပိုရေးရှင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဓိက ပြိုင်ဆိုင်ရမည့် အော်ပရေတာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ၊ ပျမ်းမျှဈေးနှုန်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် ကတိများကို အသီးသီး ပြောကြားခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဆိုပါကဲ့သို့ ပြောကြားနိုင်ခြင်းမရှိဘဲ တစ်နှစ်လျှင် မိုဘိုင်းဖုန်းလိုင်း ၅ သန်းခန့် တိုးမြှင့်ချထားပေးမည်ဟုသာ ပြောဆိုနိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ချက်ထားရှိသော်လည်း လက်တလောအနေဖြင့် ပြောင်းလဲနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ အများအားဖြင့် အဆိုပါကဲ့သို့ အများပိုင်အဖြစ် ပြောင်းလဲရန် အချိန် ၅ နှစ်မှ ၁၀ နှစ်အထိ လိုအပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ဂျပန်၊ ကိုရီးယား အပါအဝင် အခြားသော တိုင်းပြည်များမှ ချေးငွေများရယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆွေးနွေးနေသည်ဟု သိရသည်။ အဆိုပါ ချေးငွေများသည် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်း အပါအဝင် အခြားသော လုပ်ငန်းအသီးသီးအလိုက် အသုံးပြုနိုင်ရန်အတွက် ချေးယူခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသော အော်ပရေတာများနည်းတူ ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင် မည့် ကုမ္ပဏီကို လက်ရှိအချိန်၌ ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်ပြီးမှသာ ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

သြစတြေးလျ ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ် မြောက်ကိုရီးယားမှာ ဖမ်းဆီးခံရ

Photo: သြစတြေးလျ ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ် မြောက်ကိုရီးယားမှာ ဖမ်းဆီးခံရ
Thursday, February 20, 2014

သြစတြေးလျက ခရစ်ယာန် သာသနာပြု တစ်ဦး မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်စဉ် အဖမ်းခံလိုက်ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဂျွန်ရှော့တ် လို့ အမည်ရတဲ့ ဒီသာသနာပြု ပုဂ္ဂိုလ်ဟာ ကိုရီးယားလို ဘာသာပြန်ထားတဲ့ ခရစ်ယာန် ဘာသာရေး ဆိုင်ရာ စာအုပ်တွေကို သယ်ဆောင်သွားပြီး လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရှော့တ် မြို့တော် ပြုံယမ်းမှာ ပြီးခဲ့တဲ့ တနဂင်္နွေနေ့က အဖမ်းခံခဲ့ရတယ် ဆိုတာကို သူ့ရဲ့ ဇနီးဖြစ်သူက ပြောပြတာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် သူ့ခင်ပွန်းဟာ သတ္တိရှိသူဖြစ်ပြီး ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်တာကို ခံမှာ မဟုတ်ဘူးလို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား အာဏာပိုင်တွေဘက်က တစ်စုံတခု ပြောဆိုတာမျိုး မရှိသေးပါဘူး။

မြောက်ကိုးရီးယားဟာ အမေရိကန် သာသနာပြု တစ်ဦး ဖြစ်သူ ကက်နတ် ဘေးကိုလည်း ထိန်းသိမ်းထားတာ တစ်နှစ်ကျော်ကြာ နေပြီ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အဖမ်းခံရသူ သြစတြေးလျ ခရစ်ယာန် သာသနာပြု John Short
အဖမ်းခံရသူ သြစတြေးလျ ခရစ်ယာန် သာသနာပြု John Short

သြစတြေးလျက ခရစ်ယာန်သာသနာပြုတစ်ဦး မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်စဉ် အဖမ်း ခံလိုက် ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

လူ့အခွင့်အရေး လိုအပ်ချက်တွေ ရှိနေဆဲလို့ ကင်တားနားပြော

Photo: လူ့အခွင့်အရေး လိုအပ်ချက်တွေ ရှိနေဆဲလို့ ကင်တားနားပြော
Thursday, February 20, 2014

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် တိုးတက်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တခြား လူ့အခွင့်အရေးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာနိုင်ငံက မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး သူသွားရောက်ခဲ့တဲ့ ရခိုင်ခရီးစဉ် ဒူချီးရားတန်းပြသနာ၊ ကချင်ပြည်နယ်ကိစ္စတွေနဲ့ လောလောဆယ် သတင်းစာနယ်ဇင်းသမားတွေ ဖမ်းဆီးခံနေရတဲ့ကိစ္စတွေကို အဓိက ပြောခဲ့ပါတယ်။

ဒူချီးရားတန်းပြသနာမှာ အဖြစ်မှန်နဲ့ကွဲလွဲချက်တွေ ရှိနေတယ်၊ ဒီကိစ္စကို စုံစမ်းဖို့ အစိုးရ ဖွဲ့စည်းပေးတဲ့ ကော်မရှင်ဟာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်မဟုတ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်၊ လူသေဆုံးမှုမရှိဘူးလို့ အစိုးရ ဘက်က ပြောနေတာဟာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အသေအချာစုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး စစ်ပွဲတံကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေဆဲ ဖြစ်ပြီး၊ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်ပတ်သက်လို့ မီဒီယာသမားတချို့ကို ဖမ်းဆီးထားတာဟာ စိုးရိမ်စရာအနေအထားလို့ သူက ဖေါ်ပြခဲ့ပြီး ပြည်သူပြည်သားတိုင်းဟာ သူတို့ လိုချင်တဲ့ အစိုးရနဲ့ သူတို့ လိုချင်တဲ့ သမ္မတကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရမှာ ဖြစ်တဲ့အတွက် လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုတယ်၊ ဒီလို ဖွဲ့စည်းပုံက အဓိက လိုအပ်ချက်တွေကို မပြင်ဆင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ ဟာ လိုအပ်နေသေးတယ်လို့ ပြောရမှာ ဖြစ်ကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ ကြေးနီစီမံကိန်းရှိရာ လက်ပံတောင်းတောင် ဒေသကို သွားရောက်ပြီး တရုတ် ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို စပယ်တောင်နဲ့ ကြေးနီတောင် တို့ကိုလည်း သူသွားရောက် ခဲ့ပါတယ်။

မစ္စတာကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သက်တမ်းမှာ ဒါဟာ သူရဲ့ နောက်ဆုံးမြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီး သူ့ရဲ့ တွေ့ရှိချက် တွေကို ကုလ သမဂ္ဂမှာ ပြန်လည် တင်ပြ အစီရင်ခံမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် တိုးတက်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တခြား လူ့အခွင့်အရေး လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စတာကင်တားနားကပြောပါတယ်။

ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်

ပြိုင်ကား ဖမ်းဆီးရေး အဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး မချေမငံ ပြောဆို ခဲ့သည်ဟု ဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတ ရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်

Photo: ထိုင်း ဆန္ဒပြသူတွေအပေါ် အင်အားမသုံးဖို့ အရပ်ဘက် တရားရုံးက အမိန့်ထုတ်
Thursday, February 20, 2014

ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံး တခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေ အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွားခဲ့ရပြီး နောက်မှာ အခုလို တရားရုံးရဲ့ ကြေညာချက် ထွက်လာတာပါ။

အစိုးရ ရုံးနေရာ တဝိုက်က ဆန္ဒပြ သပိတ်စခန်းတွေကို ရဲက ဖြိုခွဲဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

အရပ်ဘက် တရားရုံးက ကြားဝင်ပြီး အခုလို အမိန့်ထုတ်ပြန်လိုက်တာဟာ လပေါင်းများစွာ မတည် မငြိမ်ဖြစ်နေခဲ့မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အမိန့်ကို အကောင်အထည်ဖော်ရေးမှာ ရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ထောင်သောင်းချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ရဲ့ ယာယီ ရုံးနေရာကို ဝိုင်းထားကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံး တခုကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

၃၅ တန် ကျောက်စိမ်း အရိုင်းတုံးကြီးအတွက် လုံခြုံရေးတင်းကြပ်

Photo: ၃၅ တန် ကျောက်စိမ်း အရိုင်းတုံးကြီးအတွက် လုံခြုံရေးတင်းကြပ်
Thursday, February 20, 2014

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိမ်မူကျေးရွာအုပ်စု ဝှေခါ-မှော်သစ်ကုန်းနားက ကျောက်စိမ်းမှော်လုပ်ကွက်မှာ ခန့်မှန်းတွက်ချက်မှုအရ အလေးချိန် ၃၅ တန်လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို တွေ့ရှိခဲ့တာကြောင့် အဲဒီတ၀ိုက်မှာ စစ်တပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ကျောက်စိမ်းတုံးတွေ့ရှိတဲ့နေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ကြည့်တဲ့ ၈ ရက်နေ့မှာတော့ ခန့်မှန်းတာ ၃၅ တန်ပေါ့လေ၊ မြေပေါ်မှာ တစ်ပိုင်းပဲပေါ်နေသေးတယ်၊ အောက်ဖက်ထပ်တူးတော့ ထပ်တိုးလာမယ့် အခြေအနေရှိတယ်၊ ဘယ်လောက်တိုးလာမလဲဆိုတာ မသိသေးဘူး၊ လောလောဆယ် နိုင်ငံတော်က အကောင်းဆုံးလုပ်ဖို့အတွက် စီစဉ်မှာပဲဖြစ်ပါတယ်"

အဲ့ဒီကျောက်စိမ်းထွက်ရှိတဲ့နေရာဟာ မြစိမ်းရောင်ခြယ် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ထဲမှာလို့ ပြောဆိုမှုတွေရှိနေပေမဲ့ လောလောဆယ်စိစစ်နေဆဲလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောပါတယ်။

အခုတွေ့ရှိတာဟာ မြေပြင်မှာ ပေါ်နေတဲ့အပိုင်းသာဖြစ်ပြီး အစိုးရက ဆက်လက်တူးဖေါ်နေဆဲလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်က အဲဒီအနီးတ၀ိုက်မှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်ရှာဖွေသူ ၈ ဦးက စတင်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိမ်မူကျေးရွာအုပ်စု ဝှေခါ-မှော်သစ်ကုန်းနားက ကျောက် စိမ်းမှော်လုပ်ကွက်မှာ ခန့်မှန်းတွက်ချက်မှုအရ အလေးချိန် ၃၅ တန်လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး တစ်တုံးကို တွေ့ရှိခဲ့တာကြောင့် အဲဒီတ၀ိုက်မှာ စစ်တပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်မီတာခ အပိုကောက်ခံမှု ရွာသားတွေ ကန့်ကွက်ဆန္ဒပြ

Photo: လျှပ်စစ်မီတာခ အပိုကောက်ခံမှု ရွာသားတွေ ကန့်ကွက်ဆန္ဒပြ
Thursday, February 20, 2014

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေက သူတို့ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ ကောက်ခံရာမှာ ကွာခြားယူနစ်ဆိုပြီး ထည့်သွင်းကောက်ခံတာကြောင့် ဒုတိယအကြိမ်မြောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ပခုက္ကူမြို့နယ် သရက်တောကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ လျှပ်တရာ၊ အိုးဘို၊ သဇင်၊ သပြေစု စတဲ့ ကျေးရွာ ၁၂ ရွာမှာ မီတာခတွေ ကောက်ခံတဲ့အခါ ယူနစ် ၁၀၀ မှာ ယူနစ် ၄၀ ၀န်းကျင်လောက်က ကွာခြားယူနစ်ဆိုပြီး သတ်မှတ်ကာ ကောက်ခံနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲဒီလို ကောက်ခံတာဟာ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး လွှတ်တော်မှာ တင်ပြထားချက်နဲ့ ကွဲလွဲနေတာကြောင့် အခုလို ကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ဦးညွန့်အောင်က ပြောပါတယ်။

"ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အိမ်သုံးမီတာက သုံးစွဲယူနစ်အပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံလျှက်ရှိပါကြောင်းဆိုပြီး လွှတ်တော်မှာ အတည်ပြုဖြေကြားထားတာရှိတယ်ဗျ၊ အခုကျ အဲလိုမဟုတ်ဘူးဗျ၊ ကျနော်တို့ဆီမှာကျနေတော့ အပိုကွာခြားယူနစ်ဆိုပြီးပါ ထည့်ပေါင်းပြီးတောင်းနေလို့ ဆန္ဒထုတ်ဖော်တာပါ၊ ဆိုကျပါစို့ပါ ယူနစ်က ၄ဝ ကျတယ်ဆိုရင် ၁၅ ယူနစ်လောက် ထည့်ပေါင်းထားတာ"

သရက်တောကျေးရွာအုပ်စုမှာ အဲဒီလို အပိုကြေးတွေ ကောက်ခံနေပေမဲ့ အနီးနားက မြစ်ခြေကျေးရွာအုပ်စုမှာတော့ မကောက်ခံကြောင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်ရုံးကိုတင်ပြတဲ့အခါမှာ အစိုးရက အပိုကြေး ၁၀ ရာခိုင်နှုန်းကို ပေးနေကြောင်း အဲဒီထက်ပိုသွားရင် ကျေးရွာတွေက ကျခံရမှာဖြစ်ကြောင်း ရှင်းပြတယ်လို့သိရပါတယ်။ အပိုကြေးဆိုတာ လဆပ်စစ် အလေအလွင့်ဖြစ်တဲ့ ကုန်ကျစရိတ်တွေအတွက် ကောက်ခံတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က အလားတူ ဆန္ဒပြကန့်ကွက်ခဲ့ရာမှာ ဦးဆောင်သူ ၂ ဦးဖြစ်တဲ့ ဦးတင်ဝင်းနဲ့ ဦးမြင့်ဆွေဆိုသူ ၂ ဦးကို မြို့နယ်က ပုဒ်မ ၁၈ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ တရားစွဲထားပါတယ်။

သရက်တော ကျေးရွာအုပ်စုက ကျေးရွာ ၁၂ ရွာမှာ အိမ်ထောင်စုတစ်ခုကို ပျမ်းမျှလစဉ် လျှပ်စစ်ကုန်ကျစရိတ် ကျပ် နှစ်ထောင်ကျော်ဝန်းကျင်လောက် ရှိတယ်လို့သိရပါတယ်။

RFA Burmese
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေက သူတို့ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ ကောက်ခံရာမှာ ကွာခြားယူနစ် ဆိုပြီး ထည့်သွင်းကောက်ခံတာကြောင့် ဒုတိယအကြိမ်မြောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်

Photo: စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်
Thursday, February 20, 2014

မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေးမြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင် များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။

စည်ပင်နယ်နိမိတ် အတွင်းရှိ ရေမြောင်း များထဲသို့ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ ရောင်းချသည့် အစားအစာများထဲတွင် ပါဝင်သည့် စားသုံးဆီများ စွန့်ပစ်သောကြောင့် ရေမြောင်းများတွင် အဆီခဲများ ပိတ်ဆို့လျက် ရှိသည့်အတွက် ယင်းကဲ့သို့ ဆီစစ်ကန်များ ထားရှိကာ စနစ်တကျ စွန့်ပစ်ကြရန် ညွှန်ကြားရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ဆီစစ်ကန်ထဲမှာ ဆီကသတ်သတ်၊ အနည်ကသတ်သတ် ဖြစ်သွားမယ်။ အဲ့ဒါဆိုရင် ဆီကိုလည်း ပလတ်စတစ် အိတ်နဲ့ထုတ်၊ အနည်ကိုလည်း ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး အမှိုက်ကား လာရင်ပစ်၊ ဒါမှမဟုတ် အမှိုက်ပစ်တဲ့ နေရာမှာ လာပစ်ပေါ့။ အဲဒီ အတွက်လည်း ကုန်ကျစရိတ် သိပ်မရှိပါဘူး။ နာမည်ကြီးဆိုင်တွေကို ခေါ်ပြီး သတိပေးမယ်။ ခုလောလောဆယ် မဟာအောင်မြေမြို့နယ် က စားသောက်ဆိုင် ၁၀ ဆိုင်ကိုခေါ်ပြီး ပြောထားတယ်" ဟု ၄င်းကဆိုသည်။

မန္တလေး ခြောက်မြို့နယ် အတွင်းရှိ နာမည်ကျော် စားသောက်ဆိုင်များ အားလုံးကို ခေါ်ယူ ညွန်ကြားသွားမည် ဖြစ်ပြီး ညွန်ကြားထားသည့် ရက်မှ တစ်ပတ်အတွင်း ဆောင်ရွက်ခြင်း မရှိဘဲ ရေမြောင်းများထဲသို့ ဆီများ စွန့်ပစ်သည်ကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"စည်ပင်က ညွှန်ကြားတာ ဆိုတော့ လုပ်ရမှာပေါ့။ အခုလုပ်နေပြီ။ ကျွန်တော်တို့လည်း သိပ်ပြီးနားမလည်ဘူး ဆိုတော့ သူတို့ ညွှန်ကြား တဲ့အတိုင်း ဆီတွေအပြင်ကို စိမ့်မထွက်အောင် အကာအရံတွေ၊ ဘာတွေ လုပ်နေပြီ" ဟု မဟာအောင်မြေမြို့နယ် တွင်းရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းလိုင်စင် စုစုပေါင်း ၁၃၂၀ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေး မြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွား မည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ် အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ

Photo: ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ် အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ
Thursday, February 20, 2014

၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Yangon Police
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင် ကား များမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက် ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/ ၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံး အကြိမ်ကျော်လွန်

Photo: ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံး အကြိမ်ကျော်လွန်
Thursday, February 20, 2014

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုနှုန်း အန္တရာယ်နှင့် ထပ်မံပေါ်ပေါက်လာသော ငွေကြေးအကျပ်အတည်းများ လျော့ပါးလာသဖြင့် ရွှေဝယ်ယူစုဆောင်း၍ ရင်းနှီးမြှုပ်နှံခြင်းများ လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်ယူမှု စုစုပေါင်းသည် ၁၀၆၅ ဒသမ ၈ တန်၊ တန်ဖိုးဒေါ်လာဘီလျံ ၁၇၀ ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အိန္ဒိယ၏ စုစုပေါင်းရွှေဝယ်ယူမှုမှာ ၉၇၄ ဒသမ ၈ တန်ရှိခဲ့သည်။

လက်ဝတ်ရတနာအဖြစ် ကမ္ဘာ့ရွှေဝယ်ယူမှုသည် လွန်ခဲ့သည့် ၁၆ နှစ်က ထက် ယခင်နှစ်တွင် အများဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ပြန်လည်ရောင်းချ မှုလည်း များပြားခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရွှေဈေးသုံးပုံတစ်ပုံနီးပါး ကျဆင်း ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်သည် ပထမဆုံးအကြိမ် ဖော်ပြခံရခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ ကတည်းက ၂၀၁၃ ခုနှစ်မတိုင်မီအထိ အိန္ဒိယသာလျှင် ကမ္ဘာ့အကြီးဆုံး ရွှေဈေးကွက်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ ဦးဆောင်ညွှန်ကြားရေးမှူး မားကက်စ်ဂရပ်ဘ်က ပြောကြားခဲ့သည်။

ယင်းသို့ ကမ္ဘာ့ရွှေဈေးကွက် ထိပ်တန်းအဆင့်နေရာမှ အိန္ဒိယလျှောကျ ခဲ့ခြင်းမှာ ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန်အတွက် ရွှေတင်သွင်း မှုလျှော့ချရန် အိန္ဒိအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း သိရသည်။

တရုတ်တွင် လူလတ်တန်းစားများ များပြားလာခြင်း၊ ချမ်းသာကြွယ်ဝမှု မြင့်တက်လာခြင်း၊ စုဆောင်းငွေများ မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေဝယ်ယူ စုဆောင်းရန်သာ လွယ်ကူသောနည်းလမ်းဖြစ်ပြီး အခြားအခွင့်အလမ်းများ နည်းပါးခြင်းတို့ကြောင့် တရုတ်၏ရွှေဝယ်လိုအား မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဂရပ်ဘ်က ပြောကြားခဲ့သည်။

တရုတ်၏ ၀င်ငွေမြင့်တက်လာသည်နှင့်အမျှ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများနှင့် ရွှေချောင်းရောင်းအားသည်လည်း လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ဆက်လက်မြင့်တက်နေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။ သို့သော် မခိုင်လုံသော ဈေးကွက်ခန့်မှန်းချက်များကြောင့် ယခုနှစ်အတွင်း စုစုပေါင်း ရွှေရောင်းအားကျဆင်းနိုင်ဖွယ် ရှိသည်ဟုလည်း သိရသည်။  

Eleven Media Group

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ေ ကြာင်း ကမ္ဘာ့ရွှေကောင်စီ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်မည်

Photo: ဘယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်မည်
Thursday, February 20, 2014

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျာမန် ဘွန်ဒစ်လီဂါကလပ် ဘေယန်မြူးနစ်အသင်းမှ ကြီးမှူးကျင်းပမည့် ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူ လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ဘေယန်မြူးနစ်အသင်း တာဝန်ရှိသူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က MFF မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။    

ယင်းပြိုင်ပွဲကို အာဆီယံဒေသတွင်းမှ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ပေါင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို လာမည့် မတ်လအတွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လက်ခံသဘောတူလိုက်ပါပြီ။ မြန်မာနဲ့ ထိုင်း ဘောလုံးသမား တစ်ဝက်စီပေါင်းပြီး ယှဉ်ပြိုင်သွားမှာပါ။ နည်းပြကိုတော့ ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်တွေ ညှိနှိုင်းပြီး ထပ်မံ ဆုံးဖြတ်သွားမှာပါ။ လူငယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်း မွေးဖွားသူတွေ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်”ဟု MFF  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ MFF သည် ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် လက်ရှိရွေးချယ်ထားသော လူငယ်လက်ရွေးစင်ကစားသမားများ၊ ဘောလုံးအကယ်ဒမီမှ ကစားသမားများကို ရွေးချယ်ကာ စေလွှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဘေယန်မြူးနစ် လူငယ်ဖလား ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး ဥရောပ၊ အာရှနှင့် တောင်အမေရိက တို့မှ အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ MFF အနေဖြင့်လည်း မြန်မာလူငယ်ကစားသမားများ အတွေ့အကြုံရရှိစေရန်အတွက် စေလွှတ်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
 

Eleven Media Group

မြန်မာလူငယ် ယူ-၁၆ ဘောလုံးသမားများ လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာလူငယ် ယူ-၁၆ ဘောလုံးသမားများ လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျာမန် ဘွန်ဒစ်လီဂါကလပ် ဘေယန်မြူးနစ်အသင်းမှ ကြီးမှူး ကျင်းပမည့် ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူ လက်ခံ လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ဘေယန်မြူးနစ်အသင်း တာဝန် ရှိသူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က MFF မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်၊ ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီတို့ သုံးပွင့်ဆိုင် ဆွေးနွေး

သတင်းမီဒီယာ ဥပဒေကြမ်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် ကင်တားနားတို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံ

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကင်တားနားသည် ဖေဖော် ၀ါရီ ၁၈ ရက်က နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာဖေသက်ခင်တို့ အပါအ၀င် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မှ CPI တရုတ် ကုမ္ပဏီစီမံကိန်း နေရာအထိ လမ်းလျှောက်တောင်းဆိုမှုကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က မတ် ၁၅ ရက်တွင် ပြုလုပ်မည်

Photo: ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်မှ CPI တရုတ် ကုမ္ပဏီစီမံကိန်း နေရာအထိ လမ်းလျှောက်တောင်းဆိုမှုကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က မတ် ၁၅ ရက်တွင် ပြုလုပ်မည်
Thursday, February 20, 2014

အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ စီမံကိန်းနေရာအထိ လမ်းလျှောက်မည့် အစီအစဉ်ကို မတ် ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းလျှောက်မှုကို အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တော် ခန်းမရှေ့မှ CPI တရုတ်ကုမ္ပဏီ စီမံကိန်းများ ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ညာပိုင်းအထိ လမ်းလျှောက်တောင်းဆိုကြမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် အရပ်ဒေသများတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းများ ပြုလုပ်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများနှင့် ဧရာဝတီမြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပေးဟောပြောမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး လမ်းလျှောက်တောင်းဆိုမှုကို မတ် ၁၅ ရက်မှာ စတင်ပြုလုပ်မှာပါ။ အရပ်ဘက် လူ့အဖွဲ့အစည်း ၃၄ ဖွဲ့က အဓိကပါဝင်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ကာကွယ်ဖို့၊ ရပ်ဆိုင်းဖို့ဆန္ဒရှိတဲ့ နိုင်ငံသား မည်သူ့ကိုမဆို ပါဝင်ခွင့်ပေးသွားမယ်။ ပါဝင်ကြဖို့ကိုလည်း နှိုးဆော်စာတွေကို ဖြန့်ဝေနေတယ်။ CPI တရုတ်ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုမှုကို စောင့်ကြည့်နေမှာပါ။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတွေ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းစေချင်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ တညီတညွတ်တည်း ရှိတယ်ဆိုတာ ပြရပါမယ်။ ဒီလို လမ်းလျှောက်တဲ့ အခါမှာလည်း ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို တောင်းခံသွားမှာ မဟုတ်သလို ပိတ်ပင်တားဆီးမှုရှိရင်လည်း ဆက်လျှောက်သွားမှာပါပဲ။ အင်အားသုံး တားဆီးမယ်ဆိုရင်တော့ အစိုးရက သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်” ဟု ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ထိုသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ရာတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးမှ ကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ခရိုနီစီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေများကိုမူ လက်ခံသွားမည် မဟုတ်ကြောင်း သိရပြီး လမ်းတစ်လျှောက် ဒေသခံများကျွေးမွေးမည့် ထမင်းနှင့်ဟင်းကိုသာ စားသုံးမည်ဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်သည့်အဖွဲ့တွင် UN မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့် ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်တောင်း ဆိုမည့် အစီအစဉ်တွင် ပြည်သူများပါဝင်စေရန် နှိုးဆော်စာများ ဖြန့်ဝေနေစဉ်
ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် လမ်းလျှောက်တောင်းဆိုမည့်အစီအစဉ်တွင် ပြည်သူများပါဝင်စေရန် နှိုးဆော်စာ များ ဖြန့်ဝေနေစဉ်
အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် တောင်းဆို သည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ စီမံကိန်းနေရာအထိ လမ်းလျှောက်မည့် အစီအစဉ်ကို မတ် ၁၅ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြေသိမ်းခံ ၂၆ ရွာမှ ဒေသခံများက လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပ

Photo
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ ဒေသခံတောင်သူ များက ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံငွေ ကျပ်ဘီလျံ ၄၈၉၀ ကျော် ရရှိရန် လျာထားပြီး ၎င်းပမာဏထက် ကျော်လွန်အောင် ကောက်ခံမည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၄၈၉၀ ဒသမ ၅ ဘီလျံ လျာ ထားကြောင်းနှင့် အဆိုပါ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

Photo: စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား
Thursday, February 20, 2014

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်းရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မြှင့်တင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် အဓိက အရေးပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကင်တားနားက ပြောကြားသည်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေက အားနည်းနေပါသေးတယ်။ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီးရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေပါ ပြုလုပ်ဖို့ လိုပါတယ်” ဟု ကင်တားနားကဆိုသည်။

ထို့အပြင် Unity အပတ်စဉ် သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ထိန်းသိမ်းခံရခြင်း၊ Eleven Media Group မှ လွိုင်ကော်သတင်းထောက်မခိုင် ဖမ်းဆီးခံရခြင်းတို့သည် မီဒီယာအပေါ် ဖိနှိပ်မှုများ ရှိနေသည်ကို ဖော်ပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။

“တစ်ချိန်က မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက ပွင့်လင်းလာမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ သတင်းထောက်တစ်ဦးရဲ့ ရေးသားမှုအတွက် ထောင်ချတာမျိုး မလုပ်သင့်ပါဘူး။ ငွေဒဏ်လိုမျိုး တခြားနည်းလမ်းတွေနဲ့ အရေးယူသင့်ပါတယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက ပြန်လည်ဖြေဆိုသည်။

နိုင်ငံရေးအကျဉ်းသား အများစု လွှတ်ပေးခြင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ရဲတပ်သားများမှ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရန် မစ္စတာကင်တားနားက တောင်းဆိုသည်။

ဆက်လက်၍ အဓမ္မ မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက “လက်ရှိမြန်မာနိုင်ငံမှာ အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အဓမ္မ မြေယာသိမ်းဆည်းမှု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပိုပြီးတော့ များပြားလာပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်တော်သလို အရေးယူဆောင်ရွက်ပေးဖို့ ဖြစ်နိုင်မှာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ အမြဲမပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုနဲ့ အစဉ်ထိတွေ့နေခြင်းအားဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို သိလာနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ စီမံကိန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းမှုများ၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ တွေ့ကြုံနေရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် သီလဝါ အထူးစီးပွားရေးဇုန် နယ်မြေများကဲ့သို့သော နေရာများအတွက် အဓမ္မရွှေ့ပြောင်းခိုင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို ထောက်ပြ၍ ၎င်းက ဒေသခံများကို သင့်လျော်သည့် လျော်ကြေးငွေနှင့် ပြန်လည်အခြေချမှုများ လုပ်ပေးသင့်ကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် ဒူးချီးယားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအစိုးရမှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်ပြုရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လိုလားကြောင်း ၎င်းကပြောကြားသည်။

“လက်ရှိရခိုင်ပြည်နယ် အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ မတူညီတဲ့ ဘာသာဝင်တွေကလည်း ရောထွေးနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘင်္ဂါလီတွေ အပေါ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုမျိုးတွေ တွေ့မြင်ခဲ့ရပါတယ်” ဟု ကင်တားနားကဆိုသည်။

မစ္စတာကင်တားနား၏ ယခုအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်ဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုပါ သွားရောက်လေ့လာခဲ့သည်။ ကင်တားနားသည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်တွင် လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

Eleven Media Group

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် 
(ဓာတ်ပုံ-အောင်ဇော်ထွန်း)
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်း သားဒေသ များတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်း ရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။