Friday, March 21, 2014

ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီးပါက ရပ်နားခ တစ်နာရီ ၂၀၀ ကျပ် ကောက်မည်

Photo: ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီးပါက ရပ်နားခ တစ်နာရီ ၂၀၀ ကျပ် ကောက်မည်
Friday, March 21, 2014 

 ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီး ကားပါကင်ခ တစ်နာရီ ၂၀၀ ကျပ် ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က မတ် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားဇုန်များသတ်မှတ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အငှားချ လေလံပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လေလံအောင်သူများက တစ်နာရီ ကျပ်၂၀၀နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ ကောက်ခံရမည်ဖြစ်သည်။

“ရန်ကုန်မြို့ထဲကို ကားတွေဝင်လာပြီးရင် အကြာကြီးရပ်တယ်။ နောက်လူတွေလာရင် ရပ်လို့မရဘူး။ အဲဒါတွေကို မြန်မြန်ထွက်အောင် ပါကင်ခကောက်တာဖြစ်တယ်” ဟုပြောသည်။

၁၉၉၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကားပါကင်ခများကို ကောက်ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး စင်္ကြန်များနှင့် ကားပါကင်များပြင်ဆင်နေသည့် အတွက် ပါကင်ခကောက်ယူခြင်းကို တစ်နှစ်ရပ်နားခဲ့သည်။

“ပါကင်ခကောက်မှာက အမည်တပ်လမ်းမကြီးနဲ့ အမည်တပ်လမ်းမတွေကို ကောက်မယ်။ တစ်နာရီ ၂၀၀ နှုန်းကောက်မယ်”ဟု ယင်းက ဆက်လက်ပြောသည်။

တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦးက “အရင်ကတော့ လမ်းသွယ်တွေပါကောက်တယ်။ အခုတော့ မကောက်ဘူးလို့ကြားတယ်။ လက်ရှိ ယာဉ်ရပ်နားခမပေးရဘူးဆိုပေမယ့် တစ်ချို့နေရာတွေမှာ နေရာဦးပေးခဆိုပြီး ပေးနေရတယ်”ဟုပြောသည်။

ကားပါကင်ခ ကောက်ယူသွားမည်လမ်းများမှာ ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း၊ ဝါးတန်းလမ်း၊ ဘုန်းကြီးလမ်း၊ လမ်းမတော်လမ်း၊ လသာလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ဗိုလ်တစ်ထောင်ဈေးလမ်းများတွင် ကောက်ခံသွားမည်ဖြစ်သည်။

ယခင်က ကားပါကင်ခကောက်ခံရာတွင် အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများအားလုံးတွင် ကောက်ခံခဲ့သည်။

နန်းမြင့်
Mizzima - News in Burmese
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီး ကား ပါကင်ခ တစ်နာရီ ၂၀၀ ကျပ် ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မ တီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က မတ် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာအမျိုးသမီးတွေ ဘဝလုံခြုံမှု နဲ့ ဥပဒေ

အိန္ဒိယ နိုင်ငံ မှာ ဆေးကျောင်းသူလေး တယောက် ကို လူတစု က အုပ်စုဖွဲ့ မုဒိန်းကျင့် လို့ ဆေးကျောင်းသူလေး သေဆုံးတဲ့ အမှု ပေါ်ပေါက် ပြီး မကြာခင်မှာ အမျိုးသမီး ဓါတ်ပုံ သတင်းထောက် တယောက် ကို လည်း အုပ်စု ဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ခဲ့ပါတယ်။

မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်

Photo: မတ် ၃၀ ရက် (တပေါင်းလကွယ်နေ့) တွင် ဆလုံတိုင်းရင်းသားများ ပင်လယ်မထွက်ဖြစ်သဖြင့် မြေပြင်၌သာ သန်းခေါင်စာရင်း ကောက်ယူမည်
Friday, March 21, 2014 

သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ရက်ကြာရှည်စွာ သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း  ပင်လယ်ပြင်အတွင်းသို့ ထွက်ခွာမည့်ရက်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ သတင်းရရှိသည်။ “ဆလုံတိုင်းရင်းသားတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကုန်းပေါ်မှာပဲ ကောက်ခံမှာပါ။ ကျွန်တော်တို့ တွက်ချက်ထားပြီးပါပြီ။ တပေါင်းလကွယ်နေ့အထိ ဆလုံတိုင်းရင်းသားတွေက ကုန်းပေါ်မှာ ရှိနေဦးမှာပါ တခူးလဆန်းတစ်ရက်နေ့မှ ပင်လယ်ပြင်အတွင်းကို စတင် ထွက်ခွာကြမှာပါ။ ကျွန်းတွေပေါ်ကိုလည်း အကြောင်းကြားထားပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတာနှင့် ပတ်သက်ပြီး အဆင်ပြေမှာပါ” ဟု မြိတ်ခရိုင် လ၀က လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ပင်လယ်ပြင်အတွင်း သွားလာနေသည့် ဆလုံတိုင်းရင်းသားများအား စာရင်းကောက်ရာတွင် အခက်အခဲရှိနိုင်သလို ထိုင်းနိုင်ငံပိုင် ကျွန်းများသို့ ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားအား လက်လှမ်းမီရန် ခက်ခဲနေကြောင်း သိရသည်။

ဆလုံတိုင်းရင်းသားများမှာ ကျွန်းစုမြို့နယ်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိပြီး ကော့သောင်းခရိုင်အတွင်း နေထိုင်သည့် ဆလုံတိုင်းရင်းသားများမှာ အရေအတွက်ပိုမို များပြားနိုင်ကြောင်း သိရသည်။ စာရင်းအတိအကျ ကောက်ယူထားမှု မရရှိသေးသော်လည်း ကျွန်းစုမြို့နယ်အတွင်း ဆလုံတိုင်းရင်းသား ၃၀၀၀ ကျော်ရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လာမည့် မတ် ၃၀ ရက်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဆလုံတိုင်းရင်းသားများအား ကုန်းပေါ်တွင်သာ ကောက်ယူသွားမည် ဖြစ်သလို ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ဆလုံတိုင်းရင်းသားများ ရှိပါကလည်း ကုန်းပေါ်တွင်ကျန်ခဲ့မည့် မိသားစုဝင်များကို မေးမြန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
မြိတ်ကျွန်းစုအတွင်း လှည့်လည်သွားလာနေသော ဆလုံမိသားစုအားတွေ့ရစဉ်
သန်းခေါင်စာရင်းကောက်ယူမည့် မတ်  ၃၀ ရက်မှာ တပေါင်းလကွယ်နေ့ ဖြစ်သောကြောင့် ဆလုံတိုင်းရင်းသားများအနေဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာဦးမည် မဟုတ်ဘဲ မြေပြင်၌သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ

Photo: ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ
Friday, March 21, 2014 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ်တရဖြစ်တဲ့အကြောင်း၊ ခုလိုပြုလုပ်တာကို မိဘတွေ မသိသေးတဲ့အတွက် အိမ်ရောက်မှ ဓာတ်ပုံမှတ်တမ်းတွေပြပြီး အံ့သြအောင်လုပ်မယ်လို့ ပြောပါတယ်”ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏက ဆိုသည်။

နိုင်ငံခြားသားခရီးသွားများ ပုဂံတွင် မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဆောင်သည်မျိုး လေးကြိမ်မျှ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းစီစဉ်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြနမာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်
ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြန်မာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပျက်အစီးဟု ဖြစ်နိုင်ခြေ အလွန် များသော အပိုင်းအစနှစ်ခုကို သြစတြေးလျဂြိုဟ်တုမှ တွေ့ရှိခဲ့သည့်နေရာသို့ နော်ဝေသင်္ဘောရောက်ရှိကာ ရှာဖွေမှုများပြုလုပ်နေ

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့်နေရာသို့ ပထမဆုံးရောက်ရှိသည့် နော်ဝေသင်္ဘော Hoegh ST.Petersburg
မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေယာဉ်မှ ဖြစ်နိုင်ခြေအလွန်များသော အပျက် အစီး အပိုင်းအစနှစ်ခုကို သြစတြေးလျက မတ် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန် တွင် ပြောကြားခဲ့သည်။ အရာဝတ္ထုများကို ရှာဖွေစစ်ဆေးရန် တာဝေးသွား ထောက် လှမ်းရေးလေ ယာဉ် လေးစင်းသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ဦးတည်မောင်းနှင် ခဲ့ကြကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများကို အထူးပညာရှင်များက လေ့လာသုံးသပ် ခဲ့ပြီးနောက် ပျောက်ဆုံးမလေး ရှားလေယာဉ်နှင့် ဆက်စပ်မှုရှိသော အရာဝတ္ထု နှစ်ခုဟု သတ်မှတ်နိုင်ခဲ့ကြောင်း အဘော့က ပြောကြားခဲ့သည်။

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်

Photo: ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်..
Friday, March 21, 2014 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါစီယာ၏ မေးမြန်းမှုခံရမည့်သူများမှာ ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် လက်ရှိ အမှုဆောင်ကော်မတီ၌ တာဝန်ထမ်းဆောင်နေသူ ၁၁ ဦးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အိမ်ရှင်လျှောက်ထားမှု လုပ်ငန်းစဉ်နှင့် စည်းမျဉ်းများအား ချိုးဖောက်ခြင်းရှိ၊ မရှိတို့ကို ဦးစားပေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား ဥပဒေအကျိုးဆောင်ဖြစ်သူ ဂါစီယာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း အိမ်ရှင်ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။

Eleven Media Group

ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာဝင်း သွားရောက်ကစားနေသော ပီရတ်အသင်း ကျော်ကိုကို ကို ခေါ်ယူရန် စိတ်ဝင်စား

မလေးရှား စူပါလိဂ်ကလပ် ပီရတ်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးဖြစ်သူ ကျော်ကိုကို ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ပီရတ်အသင်းသည် မြန်မာယူ- ၂၃ အသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်း သွားရောက် ကစားနေသည့် အသင်းဖြစ်ပြီး ကျော်ဇေယျာဝင်း၏ အဆက်အသွယ်ဖြင့် ခေါ်ယူရန်စီစဉ်နေခြင်း ဖြစ်သည်။

တရုတ်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိ

တရုတ်ဘက်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးကျပ် သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား

Photo: မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား
Friday, March 21, 2014 

မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှရရှိသော သတင်းများအရ သိရသည်။

“Greater Yangon စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

စီမံကိန်းကို ၂၀၄၀ target ထားပြီး ဖော်ဆောင်နေတာပါ။ အဓိကအားဖြင့် project ၇၇ ခုရှိပြီး ၂၆ ခုက မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆိုင်ပါတယ်။ ကျန်တဲ့ ၅၁ ခုက အခြေခံအဆောက်အအုံပိုင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများဖြင့် အကောင်အထည်ဖော်နေသည့်အပိုင်း ဖြစ်သော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ မြေအသုံးချမှုမူ ၀ါဒမှာ ရေးဆွဲနေဆဲဖြစ်ခြင်းကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့  project တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ ဘာကြောင့် နောက်ကျရလဲဆိုတော့ အဓိကမြေပြဿနာတွေကြောင့်ပါ။  မြေသိမ်းဆည်းတဲ့ကိစ္စမှာ အရင်တုန်းကရှိခဲ့တဲ့ ၁၈၉၂ မြေသိမ်းဥပဒေ တစ်ခုတည်းပဲ ရှိသေးတဲ့အတွက် အဲဒါကို ပြန်ပြီးသုံးသပ်ပြီးတော့ ပြုပြင်သင့်တာတွေရော မြေသိမ်းဆည်းတဲ့ကိစ္စ၊ လျော်ကြေးပေးတဲ့ ကိစ္စ၊ ဒီမှာနေထိုင်သူတွေကိစ္စ ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် contract farming လုပ်ငန်းများ၊ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုအပိုင်း၊ အလားတူ ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းများ အကောင်အထည်ဖော်မှုတို့တွင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကိုင်တွယ်ရခက်ခဲသည့် အနေအထားများ ရှိခဲ့ကြောင်း သိရသည်။

“စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေမယ့်လည်း တစ်ဖက်မှာ အများပြည်သူကို ထိခိုက်တာတွေလည်း ရှိပြန်တယ်။ ခြုံပြီးတော့ကြည့်ရင်တော့ ဒီစီမံကိန်းတွေက နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရတယ်။ တစ်ဖက်မှာ ကြည့်ပြန်တော့ နေထိုင်တဲ့သူတွေကို ထိခိုက်တာရှိတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြေအသုံးချမူဝါဒကို ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ပြီးတော့မှ စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ မြေအသုံးချမူဝါဒက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တော့ထွက်လာမလဲ မပြောနိုင်သေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောကြားသည်။

အလားတူ မဟာရန်ကုန်စီမံကိန်းနှင့် ပတ်သက်၍“ကျွန်တော်တို့ Greater Yangon  ဧရိယာကို ဖော်ဆောင်ဖို့အတွက် အများသိအောင် ကြေညာထားပြီးသားပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက proposal တင်မယ်ဆိုရင်လည်း သူတို့တင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ။ တချို့နေရာတွေမှာ ယှဉ်ပြိုင်သင့်တဲ့ဟာမျိုး ဆိုရင်တော့ တင်ဒါစနစ်နဲ့ သွားမှာပါ။ အခု ချက်ချင်းမှာတော့ ကျွန်တော်တို့ စမလုပ်နိုင်သေးပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားရမယ့် သဘောမျိုးကြောင့်ပါ။  ဒီ ၇၇ ခုထဲမှာ ကဏ္ဍ တော်တော်စုံပါတယ်။ ရေပေးဝေရေးကဏ္ဍလည်း ပါမယ်။ ပို့ဆောင်ရေး ကဏ္ဍလည်း ပါမယ်။ အမှိုက်စွန့်ပစ်ရေးပါမယ်။ ကျွန်တော်တို့နဲ့ဆိုင်တာက ရေစီး ရေလာကိစ္စရှိမယ်။ လမ်းရှိမယ်။ ပို့ဆောင်ရေးမှာ အများပြည်သူပို့ဆောင်ရေးကို ရှေးရှုမယ့် စနစ်တွေပါတယ်။ ဥပမာ-အမြန်ရထားစနစ်တို့၊ ဘတ်စ်ကားစနစ်တို့လည်း ပါလာမယ်။ တစ်ခုချင်းမှာ ဘယ်ဟာကို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို သုံးသပ်ပြီးမှ ဘယ်နှစ်မှာ ဘယ်ဟာကို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ဆွဲထားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Greater Yangon အစီအစဉ်အား JICA နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အချို့မှာ ဂျပန်အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဂျပန်အစိုးရ၏ အထောက်အပံ့နှင့် သွားသည့်ကဏ္ဍများတွင် JICA မှ တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း၊ အမှိုက်စွန့်ပစ်ရေးနှင့် ရေပေးဝေရေးကဏ္ဍများတွင် ဂျပန်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပါဝင်နေကြောင်း သိရသည်။

“တကယ်တမ်း အကောင်အထည်ဖော်တဲ့အပိုင်းကျတော့ public concern  ဖြစ်နေတဲ့ မြေပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။ ဥပမာ- ပို့ဆောင်ရေးတစ်ခုလုပ်မယ်ဆိုကတည်းက  ဒီနေရာမှာ ဘယ်သူတွေ ထိခိုက်နိုင်သလဲဆိုတဲ့ social impact ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့မှ impact အနည်းဆုံးဟာကို အရင်ဦးစားပေးပြီး လုပ်ကြရမှာပါ။ ကျွန်တော်တို့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မနှစ်ကတည်းက seminor တွေလုပ်ပြီးတော့ ကြေညာပြီးသားပါ။ တချို့ နိုင်ငံခြားကုမ္ပဏီတွေ သိတာတွေလည်း ရှိတယ်။ မသိတာတွေလည်း ရှိတယ်။ တချို့ဟာတွေက သူတို့အဆိုပြုလွှာတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်သလို တချို့ဟာတွေကျတော့ သူတို့အဆိုမပြုခင် ကျွန်တော်တို့ဘက်ကစပြီး တင်ဒါခေါ်ထားတာလည်း ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာကို အစိုးရက ဘယ်လိုထိန်းချုပ်ပေးမလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါတွေက ဈေးကစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။
အစိုးရဌာနတစ်ခုက ပြောတာတော့ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက zoning committee တွေဖွဲ့ပြီး လုပ်သွားဖို့ရှိတယ်လို့ တော့ ပြောပါတယ်။ အခုချိန်ထိတော့ ဘာမှတိတိကျကျ မသိသေးပါဘူး” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
ရန်ကုန်မြို့မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်
မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှ ရရှိသော သတင်းများအရ သိရသည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို

Photo: ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟု ဆို
Friday, March 21, 2014 

လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၁၁ နေရာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အတွက် အချိန်ကာလအားဖြင့် သုံးလခန့် လိုအပ်ပါတယ်။ နောက်သုံးလဟာလည်း မိုးတွင်းကာလ ကျရောက်နေပါသဖြင့် ရာသီဥတုသာယာချိန်မှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ်များ လစ်လပ်နေသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်သေးခြင်းမှာ လက်ရှိ သန်းခေါင်စာရင်းကောက်ခံရမည့်ကာလ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေရသည့် အချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ ဆွေးနွေးပွဲများ၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေရသဖြင့် ၀န်ပိနေသည့် ကာလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ၀န်မပိစေရန် ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ရန် လျာထားသောကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးတင်အေးက သတင်းထောက်များ ကိုပြောကြားသည်။

ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အင်အားကြီးပါတီ နှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့မှာ လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လစ်လပ်တဲ့နေရာ အကုန်ပြိုင်မှာပဲ။ လုပ်မယ့်ရက်က မသေချာသေးဘူး။ ကိုယ်စားလှယ်လောင်းကတော့ လုပ်မယ့်ရက် ကြေညာမှရွေးမှာပါ။ သုံးလဆိုတာ ရွေးလို့ရပါတယ်။ အဲဒီတော့မှ မဲဆန္ဒနယ်ကို ဆင်းပြီးရွေးလိုက်မှာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာကတော့ လစ်လပ်မဲဆန္ဒနယ်ရှိရင် လုပ်ရမှာပဲ။ ရွေးကောက်ပွဲနည်းဥပဒေမှာကိုက ပြဋ္ဌာန်းပြီးသားပဲလေ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက“ကျွန်တော်တို့ ပါတီကတော့ နေရာတိုင်း ၀င်ပြိုင်မှာပဲ။ နေရာတိုင်း ၀င်ပြိုင်နိုင်အောင် ကြိုးစားမယ်။ ပြိုင်ဖြစ် မပြိုင်ဖြစ်ကတော့ မသိဘူး။ ပြိုင်ဖို့တော့ များတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း  နိုင်ငံရေးပါတီခေါင်းဆောင်အချို့က သုံးသပ်ပြောကြားသည်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက တို့ပါတီကတည်ထောင်ခါစ။ သုံးနေရာမ၀င်ရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့အတွက် အဲဒီတုန်းက ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ခဲ့ တာ။ အခုကြားဖြတ်ရွေးကောက်ပွဲကျရင်တော့ ပါတီတည်တံ့ရေးအတွက် မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေတစ်ခုကို စမ်းသပ်ဖို့အတွက် ၀င်ချင်ဝင်မယ်။ သေချာပေါက် ပြောနိုင်တာကတော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူ တစ်ယောက်ကို လွှတ်တော်ထဲ ပို့နိုင်ဖို့အတွက် အဓိကထားပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ဆက်လုပ်သွားမယ်။ ပါတီကြီးတွေအတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် စမ်းသပ်မှုလို့ ပြောလို့ရတယ်။ သူတို့ အင်အားတွေ ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ခိုင်းတဲ့ ပွဲပဲလေ။ သို့သော် အခြားပါတီတွေအတွက်ကတော့ ပြည်သူလူထုကြားမှာ မူဝါဒတွေပေး။ မစားရ၀ခမန်းတွေ ပြောတဲ့သူတွေကိုပဲ ရွေးမလား၊ ပြည်သူအတွက် တကယ်အလုပ် လုပ်တဲ့သူတွေကိုပဲ ရွေးမလားဆိုတာ လူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှုကို စမ်းသပ်ရတဲ့ပွဲလို့လည်း ပြောလို့ရတယ်”ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။

အလားတူ ဒေါ်ဒွဲဘူက “ကျွန်မတို့ ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် သုံးနေရာနဲ့ ပြည်နယ်လွှတ်တော် သုံးနေရာ ရှိနေပါတယ်။ အဲဒီဒေသတွေအားလုံးကို ရွေးကောက်ပွဲကျင်းပမလားဆိုတာ မသိရသေးပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ကတော့ ပါတီမှာ ဆွေးနွေးဆုံးဖြတ်သွားရမှာပါ”ဟု ပြောကြားသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ စသည့် ပါတီများမှလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များက ပြောကြားသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိသည့် အနက် ၄၅ နေရာအား ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တစ်နေရာတို့ အနိုင်ရရှိခဲ့သည်။

ယခုပြုလုပ်မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ငြိမ်းချမ်းမှုမ ရသေးသည့်ဒေသများတွင် ငြိမ်းချမ်းရေးရပြီးမှသာ ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ကော်မရှင်ဥက္ကဋ္ဌက ဖြေကြားထားသည်။

Eleven Media Group

၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဧပြီ ၁ရက်ကပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို ရေတွက် ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်း ကြားပေး မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ

Photo: မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ
Friday, March 21, 2014 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မယ်စဲ့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးမြန်းချက်ကို ဒုဝန်ကြီး ဒေါက်တာလင်းအောင်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးဆပ်ရန် ကျန်ရှိနေသည့် ငွေပမာဏမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ (IMF) ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ငွေလဲလှယ်နှုန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။ ချေးငွေ လက်ကျန်ပမာဏသည်  အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လည်းကောင်း၊ စာရင်းပိတ်သည့်နေ့ရှိ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲခြင်း၊ အရင်း၊ အတိုးပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် လည်းကောင်း ကိန်းဂဏန်းများသည်  ပြောင်းလဲမှုရှိနိုင်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ပြည်ပသို့ ပြန်လည်ဆပ်ရန် ငွေများတွင် တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ သန်း လေးထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံသို့ ပေးရန်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၉၀၀ ကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

“ယခုတင်ပြသည့် နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံမှ ချေးငွေများ ချေးယူပြီးတော့မှ ပေးဆပ်ရန် ကျန်တဲ့  ချေးငွေများဟာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများမှာ အတိုးအရင်းတွေ ပြန်ဆပ်နေဆဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပဲရစ်ကလပ်နဲ့ ဆောင်ရွက်ခဲ့တဲ့ ချေးငွေများမှာ ကနေဒါ ချေးငွေတစ်ခုတည်း ကြွေးမြီပယ်ဖျက်ရေးကာလ ပြန်လည်သတ်မှတ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာ စတင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

“ဘယ်နှစ် ခုနှစ်ကတည်းက အကြွေးတွေဆိုတာ ဒုဝန်ကြီးက ပြောမသွားဘူး။  အရင် အစိုးရလက်ထက် ကတည်းက။ အစိုးရအဆက်ဆက်ကတည်းက။ န၀တ လက်ထက် ကတည်းကလား။ ဘယ်နှစ်ခုနှစ်လောက် ကတည်းက စသလဲဆိုတာတော့ မသိဘူးပေါ့နော်။ ၈၈ နောက်ပိုင်း ဖြစ်ဖို့များမယ်။ အတိကျတော့ မပြောနိုင်ဘူး”ဟု ဦးကျော်ခိုင်ဝင်းက ဆိုသည်။  

Eleven Media Group
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်က အတည်ပြုပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့က ယခင်နှုန်းထားအတိုင်း တစ်နိုင်ငံလုံးတွင် သတ်မှတ်ထားရှိပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မီတာခများတိုးမြှင့်ကောက်ခံမည့်အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်မှ မတ် ၁၉ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့မှ တစ်နိုင်ငံလုံးတွင် ယခင်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် အစိုးရအား ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ဒီမိုကရေစီအင်အားစု၊ Generation Wave  အဖွဲ့နှင့် အခြားအရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ခုနစ်လခန့်က ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန်လည်ပြင်ဆင်မည်

၂၀၁၃ ခုနှစ် သြဂုတ်လ ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြန် လည်ပြင်ဆင်ရန် မတ် ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ သည်။

Thursday, March 20, 2014

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးခြောက်မြို့၌ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်နေ

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးခြောက်မြို့၌ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်နေ

*******************************************
လွင်ပြင်၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)

ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးခြောက်မြို့တွင် ခရမ်း လွန်ရောင်ခြည် မြင့်တက်မှုအခြေအနေ လွန်ကဲအဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

မတ် ၁၉ ရက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများအရ ကော့သောင်းမြို့ တွင် ၁၃ ဒသမ ၈၊ ထားဝယ်မြို့တွင် ၁၂ ဒသမ ၈၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၄၊ ရန်ကုန်မြို့တွင် ၁၂ ဒသမ ၆၊ နေပြည် တော်မြို့တွင် ၁၂ ဒသမ ၃နှင့် မန္တလေး မြို့တွင် ၁၁ ဒသမ ၅ အထိ UV Index  များရှိနေပြီး NOAA  အဖွဲ့၏ သတ်မှတ် ချက်များအရ UV Index   ၁၁ အထိရှိ သောအဆင့်ကို လွန်ကဲအဆင့်ဟု သတ် မှတ်ထားသည်။

''ခရမ်းလွန်ရောင်ခြည်ဟာ အလင်း တန်းထဲမှာပါလာလို့ မှန်ကို အလင်းတန်း ဖြတ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကလဲ ဖြတ်နိုင်တယ်''ဟု ဦးထွန်းလွင်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတိပေးထား သည်။

ယင်းကဲ့သို့ ခရမ်းလွန်ရောင်ခြည် များကို ကာကွယ်နိုင်ရန် ပြည်သူများအ နေဖြင့် နေ့အခါ နေပူထဲ သွားလာလှုပ် ရှားမှုများအား သတိပြုရန် လိုအပ်သလို အသားအရေများကိုလည်း တတ်နိုင်သ လောက် နေပူမထိမိစေရန် လိုအပ်သည် ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ဆိုသည်။

ပြည်တွင်းသတင်းများ၏ အဆိုအ ရ လက်ရှိ အရေပြားဆိုင်ရာ အထူးကုဆေး ခန်းများရှိ လူနာများ၏ ရာခိုင်နှုန်း ၆ဝ ခန့် သည် ခရမ်းလွန်ရောင်ခြည် မြင့်တက်လာ သောကြောင့် ဝေဒနာခံစားရမှု ပြင်းထန် ကာ ဆေးကုသမှု ခံယူနေကြခြင်းဖြစ် သည်ဟု ဆိုပါသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးခြောက်မြို့တွင် ခရမ်း လွန်ရောင်ခြည် မြင့် တက်မှု အခြေအနေ လွန်ကဲအဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ


တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

ထက်ဖြိုးပိုင် ၊ ကျိုက်ထို၊ မတ် ၂၀

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

Yangon Media Group ၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

Deedo အချိုရည် FDA က စစ်ဆေးပြီ

လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သတင်းများကြောင့် Deedo အချိုရည်ဘူးများကို ဈေးကွက် အတွင်းမှကောက်ယူပြီး စစ်ဆေးမှုများဆောင်ရွက် နေပြီဖြစ်ကြောင်း ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှသိရသည်။

ပြည်မြို့မှာ စက်ရုံသစ် နဲ့ သပိတ်စခန်း တပြိုင်နက်ဖွင့်

Photo: ပြည်မြို့မှာ စက်ရုံသစ် နဲ့ သပိတ်စခန်း တပြိုင်နက်ဖွင့်

Thursday, March 20, 2014

ပြည်မြို့မှာ စက်ရုံသစ်တရုံ တနင်္လာနေ့က စတင်ဖွင့်လှစ်ရာမှာ အလုပ်သမားတွေက အဲဒီနေ့မှာပဲ စက်ရုံရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြလိုက်ကြပါတယ်။

- အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီချက်၊ လုပ်ငန်းခွင်
အတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ထိုးရေး မထိုးရေး သဘောတူညီချက် မရတာကြောင့် အခုလို သပိတ်စခန်း ဖွင့်ရတာလို့ အလုပ်သမားတဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

“စည်းကမ်းချက်တွေကိုလက်မှတ် ထိုးခိုင်းတဲ့နေရာမှာ မလိုက်နာနိုင်တာက သိပ်မရှိပါဘူး။ကျမတို့က လက်မှတ်ကို အလုပ်သမားရုံးကလူကြီးဖြစ်ဖြစ်
ရှေ့နေတယောက်ယောက်ဖြစ်ဖြစ် သူတို့ရှေ့မှာ ထိုးချင်တာပေါ့။
စည်းကမ်းချက်စာအုပ်က စာမျက်နှာ သုံးဆယ်လောက်ရှိတယ်။ တချို့နေရာတွေမှာ ကွက်လပ်အတိုင်း ချန်ထားတာတွေလည်း ရှိတယ်။
အဲဒါကြောင့် သံသယရှိလို့ မထိုးတာ။ ၁၂ နာရီမှ လက်မှတ်မထိုးရင် အလုပ်ထုတ်မယ်ဆိုလို့ ကျမတို့ ဆန္ဒပြကြတာပါ”

စက်ရုံမဖွင့်လှစ်ခင် (၆)လကို သင်တန်းကာလအဖြစ်သတ်မှတ်ခဲ့တယ်၊ သင်တန်းကာလအတွင်း လုပ်အားခ အပြည့် မရဘူး၊ လုပ်ငန်းနဲ့
မသက်ဆိုင်တဲ့ အောက်ခြေသိမ်းအလုပ်များကို ခိုင်းစေခဲ့တယ်လို့ မဆွေရည်မွန်က ဆက်ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကရော ဘာများ ပြောလိုပါသလဲ?

စက်ရုံက ထုတ်လုပ်ရေးမန်နေဂျာ ဒေါ်ဖြူဖြူပိုင်က (၆)လတာသင်တန်းမှာ စာချုပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားပြီးဖြစ်တယ်၊ အလုပ်သမားတွေ
ရဲ့တောင်းဆိုမှု တချို့ကိုလည်း လိုက်လျောပေးဖို့ စီစဉ်ထားတယ် လို့ ဧရာဝတီကို ပြောပြပါတယ်။

“စက်ရုံရဲ့ စည်းကမ်းချက်တွေကို ဒီဘက်စက်ရုံကိုမပြောင်းခင် အချိန်ကတည်းက ၄ နာရီလောက် ရှင်းပြထားပြီးသားပါ။
သူတို့က ဒီစည်းကမ်းချက်တွေထဲက မလိုက်နာနိုင်တာ ဘာရှိသလဲ ရှိရင်ပြင်ပေးမယ်ပြောထားတယ်။
စက်ရုံတွင်းက စည်းကမ်းချက်ကို အလုပ်သမားရုံးမှာ လက်မှတ်ထိုးမယ်ဆိုတာတော့ လိုက်လျောပေးလို့ မဖြစ်နိုင်ပါဘူး။
စည်းကမ်းက ဂျပန်တွေချမှတ်ထားတဲ့စည်းကမ်းချက်ပါ။ မိန်းခလေးဆို လက်ထပ်ခွင့်ကို ၁၀ ရက်တောင် ပေးထားတာပါ။ တခြား သာရေးနာရေးကိုလည်း ထပ်တိုးပေးဖို့ စီစဉ်ထားပါတယ်”

အထည်ချုပ်နည်းပညာတွေကို ဂျပန်လူမျိုး (၄) ဦးက ဦးဆောင်လုပ်ကိုင်နေတယ်၊ စည်းကမ်းချက်တွေကို ဂျပန်တွေကပဲ ရေးဆွဲထားတာဖြစ်တယ်၊ မြန်မာထုံးတမ်းအစဉ်အလာတွေနဲ့ မကိုက်ညီတဲ့ စည်းကမ်းချက်များကို ပြင်ဆင်ပေးမှာဖြစ်တယ်လို့ ဒေါ်ဖြူဖြူပိုင်က ဆက်ပြောပါတယ်။

အထည့်ချုပ်လုပ်သား (၈၀) ကျော်ရှိပြီး အဲဒီအထဲက (၆၀)ကျော်ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသူများဖြစ်ပါတယ်။
ဆန္ဒပြ (၂) ရက်မြောက်သည့်နေအထိ စက်ရုံမှတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း အလုပ်သမားခေါင်းဆောင်တဦးက ဧရာဝတီကို ပြောပါတယ်။

သူတို့ရဲ့ သပိတ်စခန်းမှာတော့ ....အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရန်၊
သက်ဆိုင်သည့် အလုပ်မှလွဲ၍ အခြားသော အောက်ခြေသိမ်းအလုပ်များ မခိုင်းစေရန်၊ပြည်တွင်း အလုပ်သမားဥပဒနှင့် အညီ ဆောင်ရွက်ပေးရန်၊
၎င်းတို့အား အလုပ်ထုတ်မည်ဆိုပါက လခ(၃)လစာပေးရန်
စသဖြင့် ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပါတယ်။ 

ဧရာဝတီblog
ပြည်မြို့မှာ စက်ရုံသစ်တရုံ တနင်္လာနေ့က စတင်ဖွင့်လှစ်ရာမှာ အလုပ်သမားတွေက အဲဒီနေ့မှာပဲ စက်ရုံရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြလိုက်ကြပါတယ်။

- အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူညီချက်၊ လုပ်ငန်းခွင်အတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ထိုးရေး မထိုးရေး သဘောတူညီချက် မရတာကြောင့် အခုလို သပိတ်စခန်း ဖွင့်ရတာလို့ အလုပ်သမားတဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်များကြောင့် မီဒီယာကိုမီဒီယာဖြင့်တုံ့ပြန်ရန် ဆရာတော်ဦးဝီရသူက မီဒီယာသင်တန်းပေး

ပြည်တွင်းပြည်ပ သတင်းမီဒီယာ များတွင် ရေးသားဖော်ပြနေသာ သတင်း များသည် တစ်ဖက်စောင်း နင်း ရေးသား ဖော်ပြချက်များဖြစ်နေသောကြောင့် မီဒီ ယာကို မီဒီယာဖြင့်တုံ့ပြန်နိုင်ရန် သတင်း မီဒီယာသင်တန်းများ ပို့ချနေကြောင်း မန္တလေးမစိုးရိမ်တိုက်ဆရာတော် ဦးဝီရ သူက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဖုန်းဖြင့် မိန့်ကြားသည်။
''မီဒီယာတွေက သတင်းမျှမျှတတ မရှိဘူး။ တစ်ဖက်စောင်းနင်းတယ်။ နိုင်ငံ ရေးမှာလည်း တစ်ဖက်စောင်းနင်း နိုင်တယ်။ ရခိုင်လူမျိုးတွေဟာဆိုရင် ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှုတွေ များတဲ့အတွက် မီဒီယာကိုမီဒီယာနဲ့ ပြန် တုံ့ပြန်တဲ့ သဘောအနေနဲ့ သင်တန်းပေး ရတာဖြစ်ပါတယ်''ဟု

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Photo: မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Thursday, March 20, 2014

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ) 

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

The Voice Weekly
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ
Wednesday, March 19, 2014

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို 
ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။ 

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား 
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ 
ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်း ပကတိဖြစ်အောင် ပြည်တွင်း ဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲ စိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

''' ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ''

 
 
 
 
 
 
 တလောက အသက် ၄၁ နှစ်အရွယ် တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား  ခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။
အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်

Myawady News's photo.
မိန်းကလေးတွေရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တာ ဟာ တရားဝင်တယ်လို့ မက်ဆာချူးဆက်ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရဲ့ မြေအောက်ရထားလိုင်းမှာ ဖုန်းနဲ့ မိန်းကလေးတွေကို ဓာတ်ပုံခိုးရိုက်နေတဲ့ မိုက်ကယ်ရောဘတ်ဆန်ဆိုတဲ့လူကို၂၀၁၀သြဂုတ်လမှာရဲကဖမ်းမိပြီး အောက်တရားရုံးကစွဲချက်တင်ခဲ့ပေမဲ့ အထက်တရားရုံးက ပြန်လည်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Wednesday, March 19, 2014

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)
ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေ ပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော် တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ

ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ၏ အမြင်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ၏ အမြင

ဦးရဲထွန်း

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။ နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိသလောက်ဖြစ်သွားပြီ။

နောက်တချက်က မွတ်စလင်ရှိတဲ့ နေရာတိုင်းမှာ ပြဿနာလေးတွေရှိတယ်။ထိုင်းတောင်ပိုင်းမှာလည်း ဒီပြဿနာပဲ။ 

ဒီလိုကိစ္စလေးတွေကိုလည်းနားလည်ဖို့လိုတယ်။ လူ့အခွင့်အရေးအရ ကြည့်ရင်လည်း လူ့အခွင့်အရေးကြေညာစာတမ်းကို ရေးခဲ့တဲ့သူတွေက နယ်မြေသစ်ရှာပြီးအခြေချနေထိုင်ခဲ့တဲ့သူတွေ။ သူတို့က လွတ်လပ်စွာနယ်မြေရွှေ့ပြောင်းနိုင်ပြီး အခြေချနေထိုင်ခွင့် ဆိုတာမျိုးတွေပြောခဲ့တယ်။

လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့် ရှိတယ်ဆိုတာမျိုးတွေကို ထည့်ခဲ့တယ်။လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ၊ လွတ်လပ်စွာ စည်းရုံးခွင့်တွေကျတော့တို့နိုင်ငံရဲ့ လိုလားတောင့်တချက်တွေနဲ့ကိုက်ပေမယ့် လွတ်လာစွာရွှေ့ပြောင်းနေထိုင်ခွင့်နဲ့ လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့်တွေကတော့ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ဘူး။

လူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာချည်းကို ကျနော်တို့ အကျိုးစီးပွားနဲ့ချိန်ပြီးတော့ပဲ လက်ခံသင့်တယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ထွက်လာတော့လက်မှတ်မထိုးတဲ့ နိုင်ငံတွေထဲမှာ အဲဒီမွတ်စလင် နိုင်ငံတွေ ထိပ်ဆုံးကပါတယ်။ ဘာကြောင့် မထိုးသလဲဆိုတော့ သူတို့ရဲ့ ဘာသာရေးမှာကိုကလူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေနဲ့ ပြဋ္ဌာန်းထားလို့ပဲ။

သူတို့ဆီမှာ သူခိုးဆိုရင် ခိုးတဲ့လက်ကို ဖြတ်ရမယ်တို့။မျက်လုံးတလုံးဆိုရင် မျက်လုံးတလုံး အလျော်ပေးရမယ်တို့။ သူများယောကျာင်္းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးကို ခဲနဲ့ ပေါက်သတ်ရမယ် ဆိုတာတွေ ပြဋ္ဌာန်း ထားတဲ့နိုင်ငံမျိုးတွေက လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်မထိုးခဲ့ဘူး။်

http://burma.irrawaddy.org/interview/2014/03/18/56384.html သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေ ရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကား ခဲ့တယ်။ နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိ သလောက်ဖြစ် သွားပြီ။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ
WEDNESDAY, MARCH 19, 2014

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်
ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

The Flower News Journal
Yangon Media Group
၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ် ပွားခဲ့သည်။

သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ်

Photo: သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ် 

ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ရာ က စောင့်ကြည့် အရေးယူမှာ ပြု မှာ ဖြစ်တဲ့ အပြင် မဘသ အဖွဲ့  နဲ့  ထင်ရှား တဲ့ ဆရာတော် ဦးဝီရသူ ကိုယ် တိုင် စောင့်ကြည့် ထိမ်းကွပ် သွားမယ်လို့  ဆို ပါတယ်။ 

ဒီအကြောင်း နဲ့  ပတ်သက် ပြီး ဆရာတော် ဦးဝိရသူ က ဦးဇင်းမှာ တော့ အရေးယူဖို့  အာဏာ မရှိ ပါဘူး ၊ ဒါပေမယ့် အမြင် မတော် တာ တွေ့ ရင် ဒကာ ဒါမှ မဟုတ် ဒကာမ ဒီလိုတော့ မနေ သင့် ဘူး ၊ ဒီလို တော့ မ၀တ် သင့် ဘူး စသည် ဖြင့် သွန်သင် မှာ ပါ၊ အရေးယူတာ ၊ မယူတာ က တော့ ဆိုင်ရာ ရဲ့  တာဝန်ပါ လို့  ပြော ပါတယ်။ 

အပိုလို သတင်းဌာန က နေ ဆရာတော် ဦးဝီရသူ ကို ဆရာတော်ဘုရား " ဒီလို ပွဲတော် ကာလမှ အခု လို မျိုး ကြပ် မတ် အရေးယူရင် ဘာသာရေး တင်းကြပ် မှု ကြောင့် လူ့ အဖွဲ့  အစည်း ထွက် ပေါက် ပိတ် နေတဲ့ အာဖဂန် နစ္စတန် ၊ ဆော် ဒီ အာရေဗီးယား တို့  လို့  ဖြစ်မနေ ဘူးလား လို့  လျှောက်ထား တဲ့ အခါ ဦးဝိရသူ က " ဒီမယ် ဒကာ တူတာ ၊ မတူတာ နောက် ထား ၊ အမျိုး ၊ ဘာသာ ၊ သာသနာ မကွယ် ဖို့  အရေးည ကြီးတယ် " မိန့် ပါတယ်။ 

၂၀၁၂ ခုနှစ် မဟာ သင်္ကြန် ကာ လ မှာ တုန်း က တော့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ရေကစားတဲ့ ဓာတ်ပုံ ကို FNG က ဖော် ပြတဲ့ အခါ သူမ ရဲ့  ၀တ်စား ဆင်ယဉ် မှု နဲ့  ပတ်သက်ပြီး ဝေဖန် ခဲ့ ကြ ပါတယ်။ 

ဒီနှစ် သင်္ကြန် ကာလ မှာ အရက် နဲ့  စီးကရက် ကို အရောင်းမြှင့် တဲ့ အနေနဲ့  အခမဲ့ ဝေငှ တာ မလုပ် ရဘူး လို့  တားမြစ်ထား ပြီး မဏ္ဍပ် တွေ မှာ လည်း  သီးသန်း နားနေတဲ့ အခန်းငယ် တွေ ဆောက်လုပ် တာ မျိုး မလုပ် ရဘူးလို့  သက်ဆိုင်ရာ က ညွန်ကြားထား ပါတယ်။ 

Photo - FNG
ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

အာရှသတင်းတိုများ

ဗြိတိန်စစ်တပ်အာဖဂန်မှထွက်ခွာ

ဗြိတိန်စစ်သားများ အာဖဂန်နစ္စတန်မှ ရုတ်သိမ်းခဲ့မှုက သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပြီး၊ ဗြိတိန်စစ်တပ်က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော ဟယ်မန်းဒေသရှိ စစ်စခန်းနှစ်မှ လွဲ၍ ကျန်ရှိသည့်စစ်စခန်းများ အားလုံးကို အာဖဂန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားတပ်များ အာဖဂန်မှ ဆုတ်ခွာ သွားပါက ပြည်တွင်းစစ် ဖြစ်မည်ကို စိုးရိမ်နေကြသည်။

စင်္ကာပူအတွက် အခွင့်အလမ်းသစ်တွေရှိနေကြောင်း မြန်မာဝန်ကြီးချုပ်များ ပြောဆို

စင်္ကာပူအတွက် အခွင့်အလမ်းသစ်တွေရှိနေကြောင်း မြန်မာဝန်ကြီးချုပ်များ ပြောဆို

မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့ လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေး စတဲ့လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒုတိယမြို့တော် မန္တလေးတိုင်းမှာဆိုရင်လည်း တရုတ်၊ အိန္ဒိယတို့နဲ့ ပို့ကုန်အခြေပြု လုပ်ငန်းသစ်တွေ ရှိနေကြောင်း မြန်မာဝန်ကြီးချုပ်သုံးဦးက အလေးပေးပြောဆို ခဲ့ကြတယ်လို့ Channel News Asia သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူဟာ မြန်မာရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး စတုထ္တအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ် ပါတယ်။ ပြီးခဲ့တဲ့နှစ်က စင်္ကာပူကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေ၊ မြို့ပြ ဖွံ့ဖြိုးရေး နဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏက အမေရိကန် ဒေါ်လာသန်း သုံးထောင်ဖိုးရှိခဲ့ရာမှာ ၂ဝ၁၂ ခုနှစ်ကထက် ၇ဝ ရာနှုန်း မြင့်တက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ်သုံးဦးဟာ စင်္ကာပူ၊ မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မတ်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စင်္ကာပူကို ရောက်ရှိနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ်

ပျောက်ဆုံးလေယာဉ်သတင်း မလေးအစိုးရ ထိမ်ချန်လိမ်ညာနေဟု မိသားစုဝင်များ စွပ်စွဲ

ထူးဆန်းစွာ ပျောက်နေသော မလေးလေကြောင်းပိုင် MH 370 အား ယခုအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိ သေးသည်မှာ မလေးရှားအစိုးရက ယင်းလေယာဉ်သတင်းများ ထိမ်ချန်ကာ လိမ်ညာနေသောကြောင့် ဖြစ်သည်ဟု ဒေါသထွက်နေသော တရုတ်မိသားစုများက ပြောကြား လိုက်ကြောင်း မတ်လ ၁၈ ရက် ရိုက် တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသည့် တရုတ်ခရီးသည်များ၏ သတင်း မှန်ကို မလေးရှားအစိုးရ ပြောပြသည့်အချိန်အထိ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု လေယာဉ်ပေါ်တွင် ပါ