Saturday, June 28, 2014

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

Photo: ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
Saturday, June 28, 2014

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်

မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။

မြ၀တီ
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါ ဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်း က ချေးငွေ အာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ ရက် က ထုတ်ဖော် ပြောကြားလိုက်သည်။

ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်

Photo: ဇူလိုင်လ ပထမ ပတ်တွင် မြန်မာနိုင်ငံ မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ဝင်ရောက် လာမည့် LG G3 ဈေးနှုန်း ငွေကျပ် ခြောက်သိန်းကျော် ရှိနိုင်
Saturday, June 28, 2014  

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း G3 သည် မြန်မာနိုင်ငံသို့ လာမည့် ဇူလိုင်လ ပထမပတ် အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။

အဆိုပါ စမတ်ဖုန်း၏ ဈေးနှုန်းမှာ ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင်မှ ခုနစ်သိန်း နီးပါးအထိ ရှိနိုင်ကြောင်း LG Myanmar မှ သိရသည်။''LG G3 ဟာ ကျွန်တော်တို့ LG အီလက်ထရွန်နစ်မှ အင်ဂျင် နီယာများ၊ ဝန်ထမ်းများ အားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ် တစ်ခုပါပဲ။ Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ 2540×1440 ရုပ်ထွက် အပြည့်အဝရှိ QHD မျက်နှာပြင်မှာ Pixel သိပ်သည်းဆ ကလည်း 538 ppi (pixel perinch) ဖြစ်ပါတယ်။ ဖြုတ်၊ တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ၊ မောင်းနှင် အသုံးပြုထားတဲ့ OS က နောက်ဆုံးပေါ် Android OS 4.4.2 (Kit Kat) ဖြစ်တဲ့အပြင် ပရော်ဆက်ဆာ ကလည်း 2.5 GHz Quad-Core သုံးစွဲ ထားကာ Qualcomm မှ ထုတ်လုပ်တဲ့ Snapdragon 801 ၈ဝ၁ ချစ်ပ်ကို တပ်ဆင် သုံးစွဲ ထား တာကြောင့် နေ့စဉ် စမတ်ဖုန်း သုံးစွဲခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း တွေမှာ လျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲ နိုင်ပါပြီ'' ဟု LG အီလက်ထရွန်နစ် (မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြား ခဲ့သည်။

G2, G2 Mini, New L Series (L40,L70, L90) နှင့် G flex ဖုန်းစသည့် LG ၏ အသစ်ထွက် ဖုန်းများတွင် သုံးစွဲနိုင်သော စမတ်ဖုန်း လုံခြုံရေး နည်းပညာသစ် “Knock Code” သည်လည်း ယခု G3 ဖုန်းတွင် ပါဝင်လာပြီး G3 ကို အဖြူ၊ အနက်နှင့် ရွှေရောင် အရောင် သုံးမျိုးဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ G3 စမတ် ဖုန်းကို ပွဲထုတ် မိတ်ဆက်ခြင်း (Launching Event) ကိုလည်းလာမည့် ဇူလိုင်လ ပထမပတ် အတွင်းမှာ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၁၉ အရ တပ်မတော်သားများအား တရားစီရင်ရာတွင် စစ်ဖက်ဆိုင်ရာတရားရုံးများ၌သာ တရားစီရင်သဖြင့် ပဋိပက္ခများအတွင်း တပ်မတော်သားများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ တရားခံများ ပြစ်ဒဏ်စီရင်ခြင်းမခံရကြောင်းကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွန်ကြားရေး မှူး နော်စူဆန်နာလှလှစိုးက ပြောကြားခဲ့သည်။

ရခိုင်ဒေသခံများ နစ်နာမှုကို ဖြေရှင်ပေးရန် တရုတ်အစိုးရကို ရခိုင်ပါတီပြော

တရုတ်၏ မဟာဗျူဟာ ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ နစ်နာမှုကို နည်းလမ်းရှာ ဖြေရှင်းပေးရန် တရုတ်ကွန်မြူနစ်ပါတီကို တင်ပြခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ

Photo: Avicii ဖျော်ဖြေပွဲအပြီး ပရိသတ် အယောက် ၃၆ယောက် ဆေးရုံတင်ခဲ့ရ
Saturday, June 28, 2014 
   
Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့  ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် နောက်ထပ် အယောက် ၅၀ဟာလည်း ပွဲကျင်းပရာနေရာမှာ ဆေးနဲ့အရက် စတာတွေကြောင့်ပဲ ပုံပျက်ပန်းပျက် လဲကျနေတာကို ဖေးကူခဲ့ကြရသေးပါတယ်တဲ့။ အဲ့ဒီပွဲကိုလာတဲ့ အသက်၁၉နှစ်အရွယ် Mike Santostefano ကတော့ ကြမ်းပြင်ပေါ်မှာ အသက်တောင် မနည်းရှုခဲ့ရတယ်လို့ ဆိုတဲ့အပြင် ပွဲရဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Michael Bosse ကလည်း ဆေးနဲ့နွယ်ပြီး ပြဿဿ       နာတွေ တော်တော်ကြီးသွားခဲ့တာ။ တစ်ချို့ဆို လူမှန်းသူမှန်းတောင် မသိကြတော့ဘူး။ ဒီပွဲဟာ အကောင်းဆုံးနဲ့ အဆိုးဆုံးဖြစ်ခဲ့ပါတယ်လို့ ဖွင့်ဟသွားပါတယ်။ Avicii ကတော့ twitter မှာ "ညတုန်းက အခြေအနေတွေ တော်တော်ဆိုးတယ်လို့ သတင်းတွေကြားရပါတယ်။ အဲ့ဒီအတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေအားလုံး အဆင်ပြေပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း စိတ်အေးကြရမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုထားပါတယ်။

Trend Myanmar
Electro House ၊ Progressive House ဂီတအမျိုးအစားတွေကို အမိုက်စား ချပြနိုင်ခဲ့တဲ့ Avicii ရဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့  ဘောစတွန်ဖျော်ဖြေပွဲအပြီးမှာ ပရိသတ် ၃၆ယောက်ကို ဆေးရုံကို ပို့ခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ ၃၆ယောက်စလုံး ဟာ ဆေးတွေ၊ အရက်တွေ အလွန်အကျွံသောက်သုံးမှုကြောင့် ခုလို ဆေးရုံပို့ရတဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။

အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး

Photo: အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသဖြင့် လူ ၁၄ ဦး သေဆုံး
Saturday, June 28, 2014

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ပိုက်လိုင်း ပေါက်ကွဲသောကြောင့် မီးခိုးများ၊ မီးတောက်များကို အဝေးမှပင် မြင်နိုင်ကြောင်း အိန္ဒိယ သဘာဝဓာတ်ငွေ့ဆိုင်ရာ အာဏာပိုင် လီမိတက်က သတင်းထုတ်ပြန်ခဲ့သည်။

အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး မည်သည့် အကြောင်းရင်းကြောင့် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ရခြင်းကို ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပေ။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် လီမိတက်သည် အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး အစိုးရပိုင် ကုမ္ပဏီဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၈ လက်မ အချင်းရှိပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်မရှင်က ကြီးကြပ်သည့် သန့်စင်စက်ရုံနား နာဂါရမ်ကျေးရွာ အနီးတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ ကုမ္ပဏီဥက္ကဋ္ဌ ဘီစီထရီပါသီက Press Trust of India ကို ပြောကြားခဲ့သည်။
“ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတော့ မသိသေးပါဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ကူညီရေးတွေကိုပဲ ကျွန်တော်တို့ လက်ရှိ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အန်ချင်နာရာဂျာပါက BBC ဟိန္ဒူဘာသာပိုင်း အစီအစဉ်ကို ပြောကြား အတည်ပြုပေးခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနီးဆုံး နေအိမ်များကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ခြေအချို့ မီးဘေးသင့်ခဲ့ရပြီး ယခုအခါ အဆိုပါမီးကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်က ထပ်မြင့်လာဖွယ် ရှိနေကြောင်း ခရိုင်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယ သဘာဝဓာတ်ငွေ့ အာဏာပိုင် အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံအနှံ့ ဓာတ်ငွေ့ထုတ်လုပ်ရေး နေရာ ခုနစ်ခုမှ နေ၍ နိုင်ငံလုံးအနှံ့ ပိုက်လိုင်းကွန်ရက် ၆၈၄၀ မိုင်ဖြင့် သဘာဝဓာတ်ငွေ့များ ဖြန့်ဝေလျက်ရှိသည်။

ယခုလ အစောပိုင်းကလည်း ချာတစ်စ်ဂါပြည်နယ်ရှိ အကြီးဆုံး သံမဏိ စက်ရုံကြီးတွင် ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးသွားခဲ့ရသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တစ်ခု ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၁၄ ဦး အသက်ဆုံးရှုံး သွားခဲ့ကြောင်း အကြီးတန်း ဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ

လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေး လျက်ရှိ

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားရှိ၊ ထောက်အထား မဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းများအရ သတင်းအရင်း အမြစ် ပကတိ အခြေအနေမှန်များကို သိရှိနိုင်ရေး အတွက် မြန်မာ့ သတင်းစဉ်သတင်းအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သမျှ ကို ပြန် လည်ရေးသား တင်ပြ လိုက်ရပါသည်။

အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး

Photo: အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး
Saturday, June 28, 2014

မန်ချက်စတာ စီးတီး အသင်းသည် အာဂျင်တီးနား လူငယ် ကစားသမားလေး ဘရူနို ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။
 
ဇူကူလီနီသည် ဆေးစစ်မှု ခံယူရန်အတွက် မန်ချက်စတာမြို့သို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာလာနေကြောင်း သိရသည်။ ပေါင်စတာလင် (၃)သန်းတန် အပြောင်းအရွှေ့အတွက် မန်စီးတီးနှင့် အာဂျင်တီးနားကလပ် ရေးဆင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားက အင်္ဂလန်တွင် ဆေးစစ်မှု ခံယူရန် ခရီးထွက်လာခြင်း ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ဇူကူလီနီသည် အရည်အသွေး ပြည့်ဝသည့် ကွင်းလယ်ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်ပြီး ၎င်းအသက် (၁၇)နှစ် ကတည်းက ရေးဆင်းတွင် ကစားခဲ့သူ ဖြစ်သည်။
 
ဇူကူလီနီသည် ရေးဆင်းတွင် ဘောလုံးရာသီ (၅)ခု ဖြတ်သန်းပြီး (၉၈)ပွဲထိ ကစားခဲ့ပြီးနောက် မန်စီးတီးက ၎င်းကို ကမ်းလှမ်းလာခြင်း ဖြစ်သည်။ မန်စီးတီးသည် ယခုနွေရာသီတွင် ဘာကလေဆက်ဂ်ညာနှင့် ဖာနန်ဒိုတို့ နှစ်ဦးကို ခေါ်ယူထားပြီး ဇူကူလီနီသည် အသင်းက တတိယမြောက် စာချုပ်မည့် ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေသည်။ မန်စီးတီးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေး မားကို့စ် လိုပက်ဇ်ကိုမူ ပြင်သစ်ကလပ် လိုင်လီထံ အငှားစေလွှတ်ပေးခဲ့သည်။
 
မန်စီးတီးသည် ဗဟိုနောက်ခံ နေရာအတွက် လူသစ်ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေပြီး ပေါ်တိုမှ အီလိုင်ကွင်မ် မန်ဂါလာနှင့် ရိုးမားမှ မာဒီဘီနာရှားတို့ကို အဓိက ချိတ်ဆက်နေကြောင်းလည်း သိရှိရသည်။

SOCCER MYANMAR
မန်ချက်စတာ စီးတီးအသင်းသည် အာဂျင်တီးနား လူငယ်ကစားသမားလေး ဘရူနိုဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရ သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမေရိကန် နိုင်ငံ Department Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ အမေရိကန်နိုင်ငံDepartment Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံသည်။

သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်

Photo: သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်
Saturday, June 28, 2014 

မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီးဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ဇွန်လ ၂၇ ရက်နေ့ တာမွေမြို့နယ် တရားရုံးတွင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားသော သံဃာတော်ငါးပါး ရုံးထုတ်ရာတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ လာရောက် စောင့်ကြည့်ခဲ့သည်။

အဆိုပါ သန္တိသုခကျောင်းတိုက် ပြဿနာ ဖြေရှင်းရာတွင် တရားရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု ဖြစ်စေရန်အတွက် လာရောက် စောင့်ကြည့်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“သန္တိသုခနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုဟာ မြန်မာ့နိုင်ငံရေးကို ဂယက်ထလာစေနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါး အမှုသည် သာသနာတော် တစ်ခုလုံးနှင့် သက်ဆိုင်ပြီး အမှုမှန် ပေါ်ပေါက်စေရေးအတွက် တရားရုံးမှ ဘက်မလိုက်ဘဲ စစ်ဆေးရန် အရေးကြီးကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
“ဒီနေ့ စစ်တာကတော့ တရားလိုကို စစ်ပါတယ်။ တရားလိုရဲ့ သက်သေ ထွက်ဆိုချက်တွေကိုပါ စစ်ဆေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ဖို့ကို တရားမျှတစွာ ဆောင်ရွက်ရပါမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် သံဃာတော်ငါးပါး အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် သံဃာ အဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြားလာနိုင်သောကြောင့် ခွင့်ပြုချက်မရှိဘဲ သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကက ညွန်ကြားလွှာ ထုတ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယက ဆရာတော်၊ သံဃာတော် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းနောက် မဟာသန္တိသုခ ကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဇွန်လ တတိယပတ်အတွင်း လူဝတ်လဲကာ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သော်လည်း ဇွန်လ ၂၀ ရက်နေ့ ပထမအကြိမ် ရုံးထုတ်ပြီးနောက် အာမခံရရှိကာ သင်္ကန်းပြန်ဆီးခွင့် ရရှိခဲ့သည်။

The Voic Weekly
မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီး ဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက်

Photo: ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက် 
Saturday, June 28, 2014 

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ရှင်စောပုလမ်းမှ အလုံမီးပွိုင့်ဘက်သို့ ပြည်လမ်းအတိုင်း မောင်းနှင်လာသော ဆိုက်ဂနက်စ် ယာဉ်တစ်စီးက ပြည်သူ့ရင်ပြင်ရှေ့ အရောက်တွင် အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိရာမှ စလစ်ဖြစ်ပြီး မီးပွိုင့်မိ၍ ရပ်နေသော ယာဉ်များကို ဆက်တိုက် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားခုနစ်စီးလုံးကို ဝင်တိုက်တဲ့ ယာဉ်မောင်းက လီဗာနဲ့ ဘရိတ် မှားနင်းခဲ့တာ ထင်တယ်။ အရှိန်ပြင်းပြင်းနဲ့ ကားတွေက ဆက်တိုက် ဆင့်တိုက်မိတာကြောင့် ကားခြောက်စီးက တော်တော် ကြေမွသွားတာ။ မတ်တူးကား နှစ်စီးဆို တစ်ပေလောက်မြင့်တဲ့ ပလက်ဖောင်းပေါ် လွင့်ထွက်သွားပြီး ကားနောက်ပိုင်းဆို ပိန်ချိုင့်ဝင်သွားတယ်” ဟု ယာဉ်တိုက်ခံရသော ဖရီဒါအမျိုးအစား အငှားယာဉ်မောင်း ဦးမျိုးလွင်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ဂနက်စ်ယာဉ် အပါအဝင် ကိုယ်ပိုင်ယာဉ် ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်စီးခဲ့ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း၊ ဆိုက်ဂနက်စ်ယာဉ် မောင်းအမျိုးသားမှာ ယာဉ်ကိုထားကာ ထွက်ပြေးသောကြောင့် ခရီးသည်တင် ယာဉ်များမှ ယာဉ်နောက်လိုက်များနှင့် ယာဉ်ထိန်းရဲတို့က ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ထားကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

“ကားတွေ တိုက်ပြီးချိန်မှာ သူ့ကားပေါ်ကနေ ဆင်းပြေးတော့ အပေါ်ပိုင်းမှာ အဝတ်ဗလာနဲ့ ပုံမှန်မဟုတ်ဘူး။ ပွိုင့်မိနေတဲ့ ကားကြားထဲမှာ လျှောက်ပြေးနေလို့ ယာဉ်ထိန်းရဲတွေက မနည်း ဝိုင်းဖမ်းရတယ်။ ယာဉ်တိုက်မှု မဖြစ်ခင် ဓမ္မစေတီလမ်းက စမ်းချောင်းရဲစခန်းရှေ့ ရေချမ်းစင်မှာ ရေတွေခပ်ပြီး ရေချိုးနေလို့ ဆိုက်ဂနက်စ်ကားက သူ့ကို ပြန်လာခေါ်တာ။ ဒရိုင်ဘာဆီက ကားသော့လုပြီး သူ့က တက်မောင်းလာရာကနေ ခုလို ကားတွေ ဝင်တိုက်မိတာ” ဟု ယာဉ်တိုက်ခံရသော မတ်တူး အမျိုးအစားယာဉ်မှာ အသက် ၄၀ ခန့်ရှိသူ အငှားယာဉ်မောင်းက ရှင်းပြသည်။

ယာဉ်ခုနစ်စီးကို ဝင်တိုက်ခဲ့သော အသက် ၃၀ အရွယ်ရှိ ဆိုက်ဂနက်စ် ယာဉ်မောင်းအမျိုးသားမှာ နေပြည်တော် ကျောက်မျက်ရတနာ ခန်းမရှေ့တွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ယာဉ်ပေါ် လိုက်ပါလာသော ဘုရင့်နောင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့ရှိ သီရိမွန်အိမ်ရာတွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသမီးထံမှ သိရှိရသည်။ 

“အခုဖမ်းထားတဲ့ ယာဉ်မောင်းကို ဘာမှမေးလို့ မရသေးဘူး။ ပုံစံက ကြောင်တောင်တောင် ဖြစ်နေတယ်။ ကားပေါ် ပါလာတဲ့ အမျိုးသမီးကလည်း လတ်တလော ကားတိုက်တဲ့ အရှိန်ကြောင့် မူးဝေနေလို့ စစ်မေးလို့ မရသေးဘူး” ဟု ယာဉ်တိုက်မှု စစ်ဆေးနေသော ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမပေါ်တွင် နာရီဝက်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

Friday, June 27, 2014

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေး သိပ္ပံပညာရှင် ဟောကိန်းထုတ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ် လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်း ထုတ်လိုက်သည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော

 စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။


ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော် ကြီးအား ပြန်လည်အပ်နှင်း ပါက ကျောင်းတော် ကြီးအား ပြန် လည်ပြုပြင်ရာတွင်အသုံးပြုရန်ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

ကျဆုံးတပ်မတော်သားတစ်ဦးလျှင် အရာရှိ ကျပ်ဆယ်သိန်း၊ အခြားအဆင့် ကျပ်ရှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ဟုဆို

တပ်မတော်သား များ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်စဉ်ကျဆုံးပါက အရာရှိ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အခြားအဆင့်တစ်ဦးလျှင် ရှစ်သိန်းနှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးနေပြီး လေးနှစ်အတွင်း သိန်းပေါင်းနှစ်သောင်းသုံးထောင်ကျော်ထောက် ပံ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

လန်ဒန်ဆရာတော်အပါအ၀င်သံဃာငါးပါးတို့ အမှုရင်ဆိုင်မည့်တာမွေတရားရုံးသို့ ရောက်ရှိလာပြီဖြစ်

နိုင်ငံသားများအပေါ် အစိုးရတာဝန်ယူမှုအားနည်းဟု ဝေဖန်

တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး တာဝန်ယူမှု အပိုင်းတွင်  မြန်မာအစိုးရအဖွဲ့သည် အားနည်းလျက်ရှိသည်ဟု မူဆယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က ခေါင်းပုံဖြတ်ပြီး ခိုင်းစားနေတဲ့အနေအထားမှာ တရုတ်အစိုးရဘက်က တရားဝင်ကမ်းလှမ်းမှု မရှိသေးလို့ပါဆိုတဲ့ အဖြေကို ကျွန်တော်စိတ်ပျက်မိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမှ ဆောင်ရွက်ပေးမယ်ဆိုတာမျိုး အစိုးရအဖွဲ့ကမပြော သင့်ဘူး။ နိုင်ငံသားတွေအပေါ် တာဝန်ယူမှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင်

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ် တစ်လချမှတ်လျက် ရှိသည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကိုလေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှသတင်းရရှိသည်။

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်း ပါးမှုကြောင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်မဟုတ်

ရန်ကုန်၊ ဇွန် ၂၆- ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်းပါးမှုကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင် မည် မဟုတ်ကြောင်း ပြည်ထောင်စုဒီမို ကရေစီပါတီမှ အထွေထွေ အတွင်း ရေးမှူး ဦးသောင်းဝင်းက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ဦးသောင်းဝင်းက ''ကျွန်တော် တို့က ပါတီကြီးမဟုတ်ဘူး။ အင်အား နည်းတဲ့ပါတီငယ်ဖြစ်တော့ အရင်းအ မြစ်နည်းတယ်။ အဲဒါကြောင့် မကြာ ခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ

တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစားယူခဲ့သူများ MEC နှင့် ဦးပိုင်တို့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်

ရန်ကုန်၊ ဇွန် ၂၆- တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစား ယူခဲ့သော အရာရှိအဆင့်မှ အခြား အဆင့်များအထိMEC (မြန်မာစီး ပွားရေးကော် ပိုရေး ရှင်း)နှင့် ဦးပိုင်တို့ တွင် တာဝန် ထမ်းဆောင်ရန် လျှောက် ထားနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့် က ပြောသည်။

အခြေခံဥပဒေပြင်ရန် လူထုလှုပ်ရှားမှု မကွေးတိုင်းတွင် ခွင့်ပြုချက်ရ

 နိုင်ငံရေး လှုပ်ရှားမှုများ ကိုသတိကြီးကြီးထားကာ စောင့် ကြည့်လေ့ရှိသည့် မကွေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်းကို အာဏာပိုင်များဘက်က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ကားရှေ့ပြေး၍ အတိုက်ခံသေဆုံးခဲ့သော ကျောင်းသားအမှုတွင် မိဘများက ယာဉ်မောင်းကို ကျေအေးပေး

ဒဂုံတက္ကသိုလ်ကျောင်း အတွင်း ယာဉ်တိုက်၍ သေဆုံးခဲ့ သည့် ကျောင်းသားအမှုမှ ယာဉ် မောင်းကို ကျောင်းသားမိဘဘက် က အမှုကျေအေးပေးထားသော် လည်း ဇွန်လ ၂၆ ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ဖမ်းချုပ်ခဲ့ကြောင်း ဒဂုံအရှေ့မြို့နယ် အမှတ် ၃၉ ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ

 
 ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံ မှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်း ခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဦးစိုးတင့်က နေပြည်တော်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။