မန္တလေး တက္ကသိုလ်တွင် ယခုပညာသင်နှစ် အတွက် တစ်ဘာသာလျှင် ၇၅ ဦး အထိ တိုးချဲ့ခေါ်ယူနိုင်ရန် အဆိုပြု ထားကြောင်း သိရသည်။ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သော ကျောင်း သားကျောင်းသူများ အတွက် ပညာ ရေး ဝန်ကြီးဌာနမှ (ဝိဇ္ဇာချွန်/ သိပ္ပံချွန်) ရွေး ချယ် ၍ အထူးပြုစုပျိုးထောင် လေ့ကျင့်ရေး အစီအစဉ်အဖြစ်၂၀၁၃ -၂၀၁၄ ပညာသင်နှစ်မှစတင်ခေါ်ယူ ခဲ့ရာ ယခုနှစ်အတွက် ဘာသာရပ် ၂၁ခုအတွက် တစ်ဘာသာလျှင် ၇၅ ဦး ခေါ်ယူခွင့်ပေးရန် ပညာရေးဝန် ကြီးဌာနသို့ အဆိုပြုထားကြောင်း မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ထံမှ သိရသည်။''ဒီနှစ်ကျောင်းသားခေါ်မှာက မနှစ်ကထက်တော့ မနိမ့်လောက်ပါ ဘူး။ ဒီနှစ်မှာ မြန်မာမှုဘာသာက ထပ်တိုးလာတာရယ်၊ တစ်ဘာသာ ၇၅ ဦးခေါ်ဖို့ပြောထားတာရယ် ကြောင့် ကျောင်းသားအရေအတွက် မနှစ်ကထက်ပိုများနိုင်ပါတယ်။ ရမရ တော့ မသိသေးပါဘူး''ဟုမန္တလေး တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မောင်သင်းက ပြောသည်။
Wednesday, August 6, 2014
မြန်မာ့ဆက်သွယ်ရေးမှဖုန်းပြောဆိုခနှုန်းထားများ တစ်မိနစ် ၂၅ ကျပ်လျှော့ရန် လတ်တလောမဖြစ်နိုင်သေးဟုဆို
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်း ဖုန်းပြောဆို ခနှုန်းထားများကို တစ် မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက် ခံသွားရန်မှာ လတ်တလော အခြေ အနေတွင် ဖြစ်နိုင်ဦးမည်မဟုတ်ဘဲ လပိုင်းအားဖြင့် ကြာမြင့် ဦးမည်ဖြစ် ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန၊ ညွှန်ကြားမှုဦးစီးဌာနမှ ဦးသန်း ထွန်းအောင် က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောဆို ခလျှော့ချနိုင်ရန်အတွက် ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသို့လျှောက် ထားမှု တစ်စုံတစ်ရာမရှိသေးသည့် အတွက် လတ်တလောလျှော့ချပေးရန် မဖြစ်နိုင်သေးကြောင်းပြော လိုက် ခြင်းဖြစ်သည်။
ဦးသန်းထွန်းအောင်က''MPT ဘက်ကဆွေးနွေးနေတာတော့ ရှိမှာပါ၊ ဒါပေမဲ့လတ်တ လောလျှော့နိုင်ဖို့ ဆိုတာမဖြစ်နိုင်သေး ပါဘူး၊ ဖုန်းပြော ဆိုခလျှော့မယ်ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကခွင့်ပြုချက် တွေလုပ်ပေးရမှာပါ၊ အခုတင်ထား တာမရှိတော့ အခုရက် ပိုင်းအတွင်း တောင်မဖြစ် နိုင်သေးပါဘူး''ဟုပြော သည်။
တပ်မတော်ကိုမုဒိမ်း၊ အဓမ္မတပ်မတော်လို့ မပြောရုံတမယ် ပြည်ပအဖွဲ့အစည်းတွေရှေ့မှာ အပုပ်ချတဲ့ ဆူဇန်နာလှလှစိုးနဲ့ အပေါင်းအပါတွေရဲ့အဓိကပစ်မှတ်က တပ်မတော်ဆိုတာပေါ်လွင်နေတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် ဆက်သွယ်မေးမြန်းချက်
ဒေါ်ဆူဇန်နာလှလှစိုးကတပ်မတော် ဟာ စုံစမ်းရခက်ခဲတဲ့ ဒေသတွေမှာ၊ တိုင်း
ရင်းသားဒေသတွေမှာ အဓမ္မမှုကို လက် နက်သဖွယ်အသုံးပြုခဲ့တယ်ဆိုတာမျိုး
ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါ ပြောသွားတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်
မှူးကြီးကfacebook စာမျက်နှာကတစ် ဆင့် တုံ့ပြန်ခဲ့တဲ့ အခြေအနေလေး သိပါ ရစေ။
ဖြစ်စဉ်အကျဉ်းပေါ့နော်။
ဒါကျွန်တောfacebook မှာလည်း ရေးထားပါတယ်။ဆိုလိုချင်တာကဒေါ်ဆူ ဇန်နာလှလှစိုးတို့ အမျိုးသမီးကွန်ရက် ကပြည်ပနိုင်ငံကအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့တွေ့ချိန်မှာ အဲ့ဒီအဖွဲ့အစည်း တွေနဲ့ မီဒီယာတွေကိုတင်ပြပုံက စုံစမ်းရ ခက်ခဲတဲ့တိုင်းရင်းသားဒေသတွေမှာ တပ် မတော်က အဓမ္မပြုကျင့်မှုကိုလက်နက် သဖွယ်အသုံးပြုခဲ့တယ်ဆိုပြီးတပ်မတော် ကြီးကို မုဒိမ်းတပ်မတော်လို့မစွပ်စွဲရုံတစ် မယ်ပြောခဲ့ပါတယ်။ သူ့စကားကိုကြားရ တော့ ၈၈ အရေးခင်းကာလတုန်းက ကလေးမလေးတစ်ယောက်ကိုလုံထိန်းတွေ က အဓမ္မကျင့်တယ်ဆိုပြီး လီဆယ်လုပ် ကြံထွက်ဆိုခိုင်းတဲ့ ခရစ်စတိုဘာဂါးနက် နဲ့ BBC အင်တာဗျူးတစ်ခုကိုသွားသတိ ရမိတယ်။ ဒီအင်တာဗျူးထွက်လာတော့ လူထုအုံကြွမှုကအရှိန်ပြင်းပြီး အပြစ်မဲ့ ပြည်သူတွေကိုခေါင်းဖြတ်သတ်မှုတွေအထိ ဖြစ်ခဲ့တယ်။ ခုနောက်ပိုင်း မုဒိမ်းမှုဆိုတဲ့ လုပ်ကြံဖန်တီးမှုတွေ ဘူးပေါ်သလိုပေါ် လာတော့ ခေါင်းစဉ်ပြောင်းလဲပြီး အခွင့် ထူးခံတပ်မတော်ဆိုပြီး ရှုံ့ချဖို့အတွက် အပြစ်မဲ့လူထုကို လမ်းပေါ်ထွက်ဖို့ဆွဲခေါ် လာပြန်တယ်။ ဒီလိုဆွဲခေါ်လာသူထဲမှာ ဦးထင်လင်းဦးတို့၊ ဦးမင်းဇေယျာတို့ပါ လာတယ်။ ဒီတော့ ဒေါ်ဆူဇန်နာလှလှစိုး နဲ့အပေါင်းအပါတွေရဲ့ပစ်မှတ်ဟာ တပ် မတော်ဆိုတာပေါ်လွင်လာတယ်။

"ဟာဝိုင်ယီကျွန်းသို့ ဟာရီကိန်းမုန်တိုင်းနှစ်ခု ဦးတည်လျက်ရှိ"
ဟာဝိုင်ယီကျွန်းတွင် ဟာရီကိန်းမုန်တိုင်းနှစ်ခု ဦးတည်ဝင်ရောက်တိုက်ခတ်မည့် အခြေအနေနှင့် တွေ့ကြုံနေရကြောင်း သိရသည်။ဟာရီကိန်း မုန် တိုင်း အစ်စဲလာ (Iselle) သည်
ဟာဝိုင်ယီသို့ ဦးတည်နေပြီး အခြား အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်သည့်
ဂျူလီယို (Julio) မှာလည်း ယနေ့ (သြဂုတ် ၆ ရက်) နံနက်အစောပိုင်းတွင်
ပိုမိုအားကောင်းလာပြီး ဟာရီကိန်းအဆင့်သို့ ရောက်ရှိကာ ဟာဝိုင်ယီသို့ပင်
ဦးတည်လျက်ရှိသည်။ လက်ရှိအချိန်တွင် အစ်စဲလာသည် လေတိုက်နှုန်း
တစ်နာရီလျှင် မိုင် ၁၀၀ ဝန်းကျင်ဖြင့် တိုက်ခတ်နေပြီး ဂျူလီယိုမှာ
တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် တိုက်ခတ်လျက်ရှိသည်။
မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့်ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် မြန်မာနှစ်ဦးပါဝင်သည်ဆိုသော ၀တ်လစ်စလစ်ပွဲတစ်ပွဲအား ရိုက်ကူးခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း လျက်ရှိကြောင်း သိရသည်။
ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင်
ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား
ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

MEC CDMA ဆင်းမ်ကတ်များကို ဝန်ဆောင်မှုအသစ် ပေးမည်ဟုဆို
မြန်မာ့စီးပွားကော်ပိုရေးရှင်း (MEC) ၏ CDMA ဆင်းမ်ကတ်များကို Voice Mail ဝန်ဆောင်မှု အသစ်တိုးမြှင့်ကာ ယခုလမှစတင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း မြန်မာ့စီးပွားကော်ပိုရေးရှင်းထ
အဆိုပါ ဝန်ဆောင်မှုသည် မိမိဖုန်းကို အခြားတစ်ဦးက ခေါ်ဆိုသောအခါ ဖုန်းမကိုင်မိခြင်း၊ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ စက်ပိတ်ထားခြင်းနှင့် ဖုန်းမအားသေးခြင်းတို့အတွက် တစ်ဖက်မှခေါ်ဆိုသူက အသံမက်ဆေ့ခ်ျ (သတင်းတို) ချန်ထားနိုင်ခြင်း၊ ချန်ထားခဲ့သော မက်ဆေ့ခ်ျ များကို ဖုန်းနံပါတ်၊ နေ့ရက်၊ အချိန်နှင့်တကွ ချန်ထားခဲ့သော မက်ဆေ့ခ်ျ များကို ၂၄၄၀ က မိမိဖုန်းသို့ မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း ၁၈၇၆ Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဝန်ဆောင်မှုအတွက်က တစ်လကို တစ်ထောင်ပေးရမယ်။ ကိုယ့်ဖုန်းကို ချန်ထားခဲ့တဲ့ အသံမက်ဆေ့ခ်ျကို ပြန်ပြီးနားထောင်ချင်ရင် အသံမက်ဆေ့ခ်ျရဲ့ မိနစ်အတိုင်း ဖုန်းခေါ်ခကုန်မယ်” ဟု ၎င်းကရှင်းပြသည်။
ရေလွှမ်းမိုးခံရနိုင်သော ဒေသများ တိုးလာ
သံလွင်မြစ် အပါအ၀င် မြစ်ငါးစင်း ရေကြီးမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင်
မုတ်သုံလေ ဆက်လက် အားကောင်းနေသောကြောင့် ဒေသအချို့တွင်
ရေလွှမ်းမိုးမှုအန္တရာယ်မြင့်မားနေ ဆဲဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နိုင်ငံတကာက ခန့်မှန်းချက်တွေအရလည်း မြန်မာနိုင်ငံမှာ ရေကြီးနိုင်တဲ့ ဒေသတွေ ရှိနေသေးတယ်။ မိုးကလည်း ကောင်းနေတုန်းပဲ။ရေဖုံးလွှမ်းနိုင်တဲ့ နေရာတွေကတော့ တိုးလာနေတယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။ အမေရိကန်နိုင်ငံ အမျိုးသား အာကာသအေဂျင်စီ(NASA) က မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်သောဒေသများအဖြစ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသမှ ပုသိမ်၊ဟင်္သာတ၊မအူပင်၊ပဲခူး၊သာယာ ၀တီမြို့ နှင့် မွန်ပြည်နယ် သထုံနှင့်ရေးမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေနှင့်ကျောက်ဖြူမြို့တို့ကို သတိပေးထားကြောင်း ၄င်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှုနှင့် ၄၃၆ လက်မှတ်နည်းပါးမှုအတွက် ဘဝင်မကျကြောင်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့်
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်းနှင့်
ဇူလိုင်လ ၂၀ ရက်နေ့ထိ ကောက်ခံရရှိသည့် ပုဒ်မ ၄၃၆ လူထုဆန္ဒလက်မှတ်
အရေအတွက်မှာ အလွန်နည်းပါးမှုကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ
ပြောကြားလိုက်သည်။ သြဂုတ်လ ၄ ရက်နေ့က ဗဟန်းမြို့နယ် NLD
ရုံးချုပ်တွင်ကျင်းပသော အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
ဦးဥာဏ်ဝင်းမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ၎
သန်းကျော်သာ ရရှိကြောင်း၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့်
ရှမ်းပြည်နယ်များတွင် လက်မှတ်ရရှိမှု အလွန့်အလွန်နည်းပါးကြောင်း၊ ပြည်ပရောက်
မြန်မာနိုင်ငံသားများထံမှလည်း မှန်းထားသလောက်မရရှိ ကြောင်း တင်ပြခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်မှ “သန်း ၆၀ ရှိတဲ့ နိုင်ငံမှာ လက်မှတ် ၄ သန်းပဲ
ရတယ်ဆိုတာ အလွန်နည်းတယ်.. ဘယ်လိုမှ မဖြစ်သင့်ဘူး.. ပါတီလည်း သိက္ခာကျတယ်..
ကျွန်မတို့ပါတီအနေနဲ့ စည်းရုံးရေးတွေ တိုးလုပ်ရမယ်..” ဟု ပြောဆိုခဲ့သည်။
ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်
နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။
ဖော်မြူလာဝမ်း အကြီးအကဲရဲ့ အမှု သန်း ၁၀၀ ပေးပြီး ကြေအေး
လာဘ်ထိုးမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲရဲ့ အကြီးအကဲ ဖြစ်သူ ဘီလျံနာ သူဌေးကြီး Bernie Ecclestone ရဲ့ အမှုကို ဂျာမန် တရားရုံးက ရုပ်သိမ်း ပယ်ဖျက်ပေးလိုက်ပါတယ်။ဂျာမနီမှာရှိတဲ့ ထောက်ပံ့ကြေး ပေးနိုင်တဲ့ ဥပဒေ တခုအရ မစ္စတာ Ecclestone က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်လို့ သဘောတူတာကြောင့် ဂျာမန် အစိုးရ ရှေ့နေတွေက လက်ခံလိုက်ကြပြီး ခုလို အမှု ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။မစ္စတာ Ecclestone က ပေးမယ့် ဒေါ်လာ သန်း ၁၀၀ ထဲက ၉၉ သန်းကို Bavaria ပြည်နယ်ရဲ့ ဘဏ္ဍာငွေအဖြစ် သုံးမှာ ဖြစ်ပြီး ၁ သန်းကတော့ ကလေးဆေးရုံ တစ်ခုကို ထောက်ပံ့ရမယ်လို့ တရားသူကြီး Noll က ဆုံးဖြတ်ပါတယ်။

လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲ ယခင်ထက် ရလဒ်ကောင်းရဟု KIO ဒုဥက္ကဋ္ဌဟောင်းပြောကြား
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လိုင်ဇာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတို့မှာ ယခင်ထက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောကြားသည်။
အစိုးရအနေနှင့် လက်ခံရန် ခက်ခဲနေသော ဖက်ဒရယ်ဟူသည့် စကားလုံးများကို လက်ခံလိုက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးသည်နှင့် လက်နက် ဖျက်သိမ်းရေးဆိုသည့် ကန့်သတ်ချက်၊ တပ်အသွင်ပြောင်းရေးဆိုသည့် ကန့်သတ်ချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ဆက်လက်ဆွေးနွေးသွားရန် တပ်မတော်က ဖြေလျှော့ပေးလိုက်ခြင်းတို့မှာ ယခင်ကထက် အပေါင်းလက္ခဏာဆောင်သည့် အချက်များ ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။
ဒေါက်တာတူးဂျာသည် ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်းလက်ထက် ၁၉၈၀ ပြည့်နှစ်က ဗိုလ်ချုပ်နေဝင်းနှင့် ရန်ကုန်မြို့ဆွေးနွေးပွဲ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၄ ခုနှစ်များက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကေအိုင်အိုဗဟို ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

ကိုယ့်ခေါင်းကိုယ် သေနတ်ဖြင့်ချိန်ပြီး Facebook တင်ရန် ဓာတ်ပုံရိုက်ရာမှ ကျည်ထွက်ပြီး သေဆုံး
မက္ကဆီကိုနိုင်ငံမှ စစ်မှုထမ်းဟောင်း လူငယ်တစ်ဦးသည် Facebook တွင် တင်ရန် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ချိန်ပြီး မိုဘိုင်းလ်ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်စဉ် ကျည်ထွက်သွားသဖြင့် ကွယ်လွန်သွားခဲ့ကြောင်း The standard မီဒီယာက ဖော်ပြထားသည်။
အော်စကာအိုတီယို အော်ဂူလီယာ အမည်ရှိ ထိုစစ်သားဟောင်း လူငယ်သည် လူမှုကွန်ရက် မီဒီယာပေါ်မှာ ဓာတ်ပုံ အဆန်းအပြားများ တင်ခြင်း ဝါသနာကြီးသူ ဖြစ်ပြီး ၎င်းကွယ်လွန်ချိန်၌ အသက် ၂၁ နှစ် ရှိပြီဖြစ်ကာ မက္ကဆီကိုစီးတီး မြို့တော်သားတစ်ဦး ဖြစ်သည်။
Facebook ပေါ် တင်ထားသည့် ဓာတ်ပုံများတွင် ပြိုင်ကားများ၊ မိန်းမလှများ၊ တီးဝိုင်းပစ္စည်းများဖြင့် ထူးထူးဆန်းဆန်း ပုံစံများ ရိုက်ထားသည် ကို တွေ့ရသည်။

အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ
မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။
ဒါပေမဲ့ မကြာသေးခင် အချိန်လေးကပဲ သူ့ရဲ့ခင်ပွန်ဟောင်း အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘုတ် စာမျက် နှာထက်မှာ သူနဲ့ အတူနေစဉ် အမေရိက ခရီးသွားတုန်းက ရိုက် ထားခဲ့တဲ့ ဓာတ်ပုံဟောင်းကို ပြန် တင်ထား တာကြောင့် အလွန်အမင်း ဒေါသထွက် ရကြောင်း၊ အခုအခါမှာ သူ နဲ့ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း ပြောလာ ပါ တယ်။
ဆာလောင်မှုကရှေ့ အာမခံချက်ကနောက် ကြောက်ကြောက်နှင့်သာ စားရသည်
သက်တမ်းလွန် မလွန်မသိနိုင်သော နိစ္စဓူဝဟင်းလျာများနှင့် ကျွန်ုပ်တို့
မနက်ခင်းစာကို ငွေ ၃ဝဝ ကျပ်နှင့် လှလှပပလေး ဖြတ်သန်းနိုင်မည်ဆိုလျှင် သင်စိတ်ဝင်စားမိပါလိမ့်မည်။ ထမင်းကြော်တစ်ပွဲကို မည်သည့်အသားဟင်းနှင့် စားစားသုံးရာ ကျပ်ဟူသောဈေးက လူအတော်များများကို မျက်ခုံးပင့် စူးစမ်းမိစေ ကြလိမ့်မည်။
”အစ်မက အဲ့ဒီလိုရောင်းနိုင်တာက အများစာဖြစ်နေလို့လေ။ နည်းနည်းပဲ ရောင်းရမယ်ဆို ဘယ်ဒီဈေးနဲ့ရမလဲ” ဟု အလုံမြို့နယ် သစ်တောလမ်းထိပ်အနီး ထမင်းကြော်ဆိုင် ပိုင်ရှင် မကျင်လှ(အမည်လွှဲ)က ပြောသည်။ တစ်နေ့ရောင်းအားနှင့် ချင့်ချိန်ကာ အသား၊ငါးများကို နေ့စဉ်ဝယ်ယူပြီး ချက်ပြုတ်ရောင်းချခြင်းကြောင့် သူမ ဆိုင် တွင် နေ့ ကူးသော ထမင်း၊ ဟင်းများမရှိဟု သူက ဆိုသည်။
Tuesday, August 5, 2014
စင်ကာပူ UOB ဘဏ်က MAPCO ကို ကန်ဒေါ်လာသန်း၅၀ ချေးမည်
မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း(MAPCO)ကို
လုပ်ငန်းချဲ့ထွင်နိုင်ရေးအတွက်စင်ကာပူအခြေစိုက် UOBဘဏ်က ယခုနှစ်အတွင်း
အမေရိကန်ဒေါ်လာ သန်း၅၀ချေးမည်ဖြစ်ကြောင်း
အဆိုပါအများပိုင်ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်း အောင် က
ပြောကြားလိုက် သည်။UOBဘဏ်၏တာဝန်ရှိသူများက အထက်ပါကဲ့သို့
ချေးငွေထုတ်ချေးရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင်
ကတိပြုပြော ကြားခဲ့ခြင်းဖြစ်ကာ ချေးငွေရရှိမည့်အချိန်ကာလအတိအကျအတွက်
ဆွေးနွေးမှု များဆက်လက်ဆောင်ရွက်ရဦးမည်ဟု ၎င်းက ဩဂုတ်(၁) ရက်တွင်
ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပသည့် MAPCO၏ပထမအကြိမ်ကျင်းပသော
နှစ်ပတ်လည်ညီလာခံ တွင်ပြောကြားခဲ့ သည်။"ချေးငွေအတွက်က တစ်နှစ်ကိုအတိုးနှုန်း
၎ဒသမ၅ရာခိုင်နှုန်းဖြစ်ပါတယ်။ အရင်ချေးငွေလိုပဲကာလလတ် ဖြစ်ဖို့များပါတယ်"
ဟု ဦးရဲမင်းအောင်က မြန်မာတိုင်းမ်၏
သီးသန့်မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။
(၅၀၀၀) ကျပ်တန်အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်အား CID သို့ ပေးပို့ စစ်ဆေးမည်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လယ်သမားတစ်ဦးထံမှ (၅၀၀၀) ကျပ်တန် အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်ကို ရန်ကုန်မြို့ CID သို့ ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ငွလာသွင်းတဲ့ လယ်သမားကိုလည်း ဖမ်းထားတာ မရှိပါဘူး။ အတုအစစ် ခွဲခြားနိုင်ဖို့ CID ကို ပို့မှာပါ။ လောလောဆယ်တော့ စစ်ဆေးရေး အဖွဲ့က ကနောင်ဘက်ကို သွားရောက် စစ်ဆေးနေပြီ။ ဘယ်ကရတာ ဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး ဟု ဖျာပုံ မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Messenger Media သို့ ပြောသည်။ ဇူလိုင်လ (၃၀) ရက်နေ့၊ နေ့လယ် (၁) နာရီခွဲ အချိန်ခန့် ကဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ ဖျာပုံမြို့နယ်၊ ကနောင် ရှမ်းကွင်းအုပ်စုမှ လယ်သမား တစ်ဦးသည် ၎င်းချေးယူထားသော ငွေများကို ဘဏ်သို့ ပြန်လည်ပေးဆပ်ခဲ့ ကြောင်း သိရသည်။ ပြန်လည်ပေးဆပ်သည့် ယင်းငွေများထဲမှ အတုဟုယူဆရသော ငွေကျပ် (၅၀၀၀) တန်ငွေစက္ကူ (၇၃)ရွက်၊ တန်ဖိုးငွေ ကျပ် (၃၆၅၀၀၀)ပါရှိ လာခဲ့ရာ ဖျာပုံခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိသက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ဖျာပုံမြို့မ ရဲစခန်းမှ သိရသည်။
messengernewsjournal
messengernewsjournal
ထပ်မံဆောက် လုပ်မည့် (၁၂) ထပ်ကျော် အဆောက်အအုံများကို စည်ပင်မှ ရေပေးဝေမည် မဟုတ်
ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှစ၍ ထပ်မံ တင်ပြလာသည့် (၁၂) ထပ်ကျော် အထပ်မြင့် အဆောက်အအုံများကို ရေပေးဝေတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(ရေနှင့် သန့်ရှင်းရေး) မှ သိရသည်။
ယခုအခါ ရန်ကုန်တွင် တစ်နေ့ထက် တစ်နေ့ အထပ်မြင့် အဆောက်အအုံများပိုမို များပြားလာပြီး ရေပေးဝေရာတွင် အခက်အခဲများရှိ လာ၍ အထပ်မြင့် ဆောက်လုပ်သူများအနေဖြင့် မိမိ အစီအစဉ်ဖြင့်သာ ရေရရှိအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ အရင်ကတည်းက ရေပေးတဲ့ အခါမှာ လုံလောက်မှုမရှိတာ။ ထပ်ပြီး ဆောက်တဲ့ အထပ်မြင့်တွေကို ရေပေးရင် အရင်ရေပေးနေတဲ့ မြို့နယ်တွေ ရေမရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ရေမပေးတော့တာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး)မှ ဌာနမှူးက ပြောသည်။
ထို့ကြောင့် ထပ်မံဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများ အနေဖြင့် မိမိကိုယ်ပိုင် အ၀ီစီတွင်းတူးဖော် ဆောင်ရွက်ရန် လိုအပ်ပြီး၊ ယင်းကဲ့သို့ ဆောင်ရွက်မှသာ ရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြေအောက်ရေကို သုံးစွဲတဲ့အခါမှာ စည်းစနစ်တကျနဲ့ သေချာသုံးစွဲဖို့ လိုတယ်။ ဒီလိုမဟုတ်ရင် ရေဆွဲယူမှု မမျှတာတွေ၊ မြေကြီးအနေအထားတွေကြောင့် ရန်ကုန်မြို့တစ်မြို့လုံး နိမ့်ကျသွားနိုင်တယ် ဟု အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီ၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက သုံးသပ်ပြောသည်။

ခေတ္တ ဆိုင်းငံ့ထားသော ဟာ့ဂ်ျဘုရားဖူး ခရီးစဉ် တင်ခါဒေါ်ယူမှု ပြန်လည် စတင်မည်
ဟာ့ခ်ျ ဘုရားဖူးခရီးစဉ် တင်ဒါ ခေါ်ယူခြင်းအား သြဂုတ်လ (၅)ရက်နေ့တွင် ဟဂ်ျခရီးစဉ် စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီရုံးခန်း၌ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဟာ့ဂ်ျခရီးစဉ်စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီဝင် ဦးလှအောင်က The Messenger Media သို့ ပြောသည်။ ကျွန်တော် တို့ကို သာသနာရေးဝန်ကြီး ဌာနက ကုမ္ပဏီငါးခုလောက်ပေး စေချင်တယ်။ ကျွန်တော်တို့က ကုမ္ပဏီတွေကလည်း များတော့ နှစ်ခုလောက်ပေးနိုင်ဖို့ ကုမ္ပဏီ တွေကို မိတ်ဖက်ကုမ္ပဏီတွေနဲ့ တွဲပြီး တင်ခိုင်းထားတာပါ ဟု ၎င်းကပြောသည်။
သြဂုတ်လ(၅) ရက်နေ့ ၊ နေ့လယ် နှစ်နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပြီး၊ နှစ်နာရီခွဲတွင် တင်ဒါအောင်မြင်သူကို ကြေညာမည် ဖြစ်ကြောင်း မြင့်မြတ် ကျောက်နက် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစနေထွန်းက The Messenger Media သို့ ပြောသည်။ ဟာ့ခ်ျခရီးစဉ်အတွက် ကုမ္ပဏီ များအား တင်ဒါခေါ်ယူရာတွင် နှစ်စဉ်တင်ဒါတစ်ခုသာ ပေးလေ့ရှိကြောင်း သိရသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည်ဖော်မည်
လာမည့် ဘဏ္ဍရေးနှစ်တွင် ကျန်းမာရေးနှင့် ပတ်သက်သော အလုံးစုံ အာမခံစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာအာမခံ လုပ်ငန်းမှ သတင်းရရှိသည်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘ၀တစ်လျှောက်မှာ ကြိုတင်ပြင်ဆင်မှုတွေမရှိတဲ့ အချိန်မှာ ဒီအာမခံစနစ်က အကျိုးရှိ လာမှာပါ။ ပြည်သူတွေကို ဘယ်လို နည်းစနစ်နဲ့ လုပ်ပေးမယ်ဆိုတာ ကတော့ လက်ရှိ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်နေတယ် ဟု မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါ်လှလှမွန်က The Messenger Media သို့ ပြောသည်။ ယင်းအာမခံစနစ်သည် သဘာဝအန္တရာယ် ဖြစ်ပေါ်လာသော အခါ ကျန်းမာရေး ချွတ်ယွင်းခံစားရသူများ၊ ပြည်သူများ၏ အမှားကြောင့် ဖြစ်ပေါ် လာသော ကျန်းမာရေး ဆုံးရှုံးမှုများ အတွက် အာမခံပေးသော စနစ်ဖြစ်ပြီး အဆိုပါ အာမခံစနစ် အသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲမှု အတွက် ကျန်းမာရေး အာမခံစနစ်ရေးဆွဲမှု ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံစနစ် ဗဟိုကော်မတီကို မြန်မာဆရာဝန်များ အသင်း၊ ဆေးရုံများအသင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိက အာမခံကုမ္ပဏီ မှ ကိုယ်စားလှယ်နှင့် မြန်မာ အာမခံလုပ်ငန်းတို့ ပူးပေါင်းကာ ပြီးခဲ့သည့် အပတ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံပိုင်ဆေးရုံများအပြင် ပုဂ်္ဂိကဆေးရုံအခန်း ကဏ္ဍများပြားလာပြီး အရည်အသွေးပိုင်းမြှင့်တင်လာသည့် အချိန်တွင် ယင်းအာမခံ စနစ် ပေါ်ပေါက်ပါက ပြည်သူများအပေါ် စုပေါင်းစနစ်ဆိုသော ဆေးဝါးကုသမှု ဆိုင်ရာ အကျိုးသတ်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်လှလှမွန်က ပြောသည်။
အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ပိုမိုနီးစပ်လာ
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်များ ကချင်ပြည်နယ်အစိုးရရုံးတွင်အလွတ် သဘောတွေ့ဆုံခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်းတွေ့ဆုံ မှု အပြီးနှစ်ဖက်ပုဂ္ဂိုလ်များကပြောသ ည်။ ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းဇော်တို့ဦးဆောင်ပြီးစုစု ပေါင်းခြောက်ဦး၊မြန်မာငြိမ်းချ မ်းရေး စင်တာမှလေးဦးနှင့် NCCT အဖွဲ့ဝင် ၁၁ဦးတို့တွေ့ဆုံဆွေးနွေးခဲ့ကြသ ည်။
မြန်မာငြိမ်းချမ်ရေးစင်တာမှ ဦးလှမောင်ရွှေက ''ကျွန်တော်တို့
ဘက်ကပြောနိုင်တာတစ်ခုက အခု အလွတ်သဘော ဆွေးနွေးတာဆို ပေမယ့်
မူပိုင်းတွေဆွေးနွေးတာဖြစ် တဲ့အတွက် တစ်ဆို့တဲ့ကိစ္စတွေမှာ
ကျော်လွှားနိုင်ဖို့ရှိလာပြီ။အြေ ခခံအား ဖြင့် မူမှာထည့်တာထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်တာ မျိုးစသဖြင့်ဒီလိုမျိုးအမြန်လက် မှတ် ရေးထိုးနိုင်မယ့်ကိစ္စတွေကိုနှစ် ဖက် ခေါင်းဆောင်တွေကအလွတ်သဘော ကြိုပြင်ဆင်တာပါပဲ။မျှော်တာထက် အများကြီးကျေနပ်အားရပါတယ်'' ဟုပြောသည်။
ငွေကြေးအရှုပ်အရှင်းကြောင့် မန္တလေးပဲလောက အရောင်းအ၀ယ်အေး
မန္တလေးမြို့ ပဲဈေးကွက် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငွေကြေးအရှုပ်အရှင်း ဖြစ်ပွားခဲ့ ခြင်းကြောင့် အရောင်းအ၀ယ်အေးနေကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့်ရက်ပိုင်းက ငွေကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းကို ဖြေ ရှင်းမပေးနိုင်၍ ပဲကုန်သည်တစ် ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ သဖြင့် ကုန်သည်များမှာ သတိ ထားရောင်းဝယ်နေကြသဖြင့် ဈေး ကွက်အနေအထား အနည်းငယ် လေးနေကြောင်း မန္တလေးမြို့ခံပဲကုန်သည်အချို့က ပြောသည်။‘‘၀ယ်မယ့်သူတွေကျတော့ လည်း အခုလို အနေအထားမှာ မလိုသေးဘူးဆိုရင် ၀ယ်မထားကြ တော့ဘူး။ ရောင်းမယ့်သူတွေက လည်း ပိုက်ဆံလက်ငင်းရှင်းမှ ရောင်းမယ်ဆိုတာမျိုးတွေ ရှိလာ တယ်’’ ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ငွေကြေးအရှုပ်အရှင်းကြောင့် တိမ်းရှောင်နေသူ ကုန်သည်ထံမှ လည်း ထပ်မံဆက်သွယ်ခြင်း မရှိ သေးဘဲ ၎င်းထံမှ ငွေကြေးရရန် ရှိ၍ စာရင်းလာရောက်ပေးသွင်း သူ ၄၄ ဦး ရှိပြီဖြစ်ကြောင်း မန္တ လေးမြို့ ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်းမှ အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။
တယ်လီနောက ခေါ်ဆိုခ ၂၅ ကျပ်ထက် မပိုစေရန် စီစဉ်သွားမည်ဟုဆို
မိုဘိုင်းဖုန်းခေါ်ဆိုခများကို မည်သည့်ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်ထက်မပိုစေဘဲ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဆင်းမ်ကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ ထက် ပိုမရောင်းစေရန်လည်း ကြိုတင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ကတိပြုပြောကြားလိုက်သည်။
‘‘ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန်ရက်ကနေ ဘယ်ကွန်ရက်ကိုမဆို ၂၅ ကျပ်ထက် မပိုစေဘဲခေါ်ဆိုနိုင်မှာဖြစ်ပြီး ၁၅၀၀ ကျပ်ထက်ပိုရောင်းတာမျိုးလည်း မရှိအောင်လုပ်သွားပါမယ်’’ ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် Net Monday ပွဲ၌ ကတိပြုပြောကြားလိုက်သည်။

ရန်ကုန်တွင် လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက် ယခင်နှစ်ထက် ကျပ် ၁၅ ဘီလီယံ ပိုသုံးမည်
ရန်ကုန်တိုင်းဒေသကြီး အတွက် လမ်း၊ တံတား တည် ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင် ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်က အသုံး ပြုခဲ့သည့်ငွေထက် ငွေကျပ် ၁၅ ဘီလီယံကျော် ပိုမိုအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သည်။

ပြည်ပမှ ၀င်ရောက်နေသည့် နို့မှုန့်များကြောင့် ပြည်တွင်းနို့စားနွားမွေးမြူသူများအခက်တွေ့
ပြည်ပမှ ၀င်ရောက်နေ သည့် နို့မှုန့်များကို အသုံးပြုမှုများ လာသောကြောင့် ပြည်တွင်းနို့စား နွားမွေးသူများ နွားနို့ဈေးကျခြင်း နှင့် နွားနို့ဝယ်သူမရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်များတွင် ပြည်ပမှ ၀င်ရောက်လာသည့် နို့မှုန့်များကို အသုံးပြုနေရာ ပြည်တွင်းနို့စား နွားမွေးမြူသူများ အခက်တွေ့ နေရခြင်းဖြစ်သည်ဟု ကျောက် ဆည်ခရိုင်အတွင်းမှ နွားမွေးမြူသူ များကပြောသည်။‘‘နွားမွေးမြူရေးသမားတွေ အခက်အခဲဖြစ်နေတာ ခြောက်လ လောက်ရှိပြီ။ နို့ချက်လုပ်ငန်း တွေကပါ နွားနို့အစစ်မသုံးတော့ ဘူး။ နို့မှုန့်နဲ့ချက်တာက သူတို့ အတွက် ပိုအဆင်ပြေတယ်တဲ့။ တချို့ရက်တွေ နွားနို့ဝယ်သူမရှိ တော့ နို့မညှစ်ဘဲ ဒီအတိုင်းနေရ တယ်’’ဟု မြစ်သားမြို့နယ် ဆည် ရွာမှ နို့စားနွားမွေးမြူသူ ဦးလှဝင်းကပြောသည်။
ယခင်က နေ့စဉ်ညှစ်ယူရရှိ သည့် နွားနို့များကို နို့ချက်စက်ရုံ များသို့ သွင်းခဲ့ရသော်လည်း ယခု အခါစက်ရုံများမှ နေ့စဉ်ပုံမှန်ဝယ် ယူခြင်းမရှိတော့သည့်အတွက် အခက်တွေ့နေရသည်ဟု ဆို သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ တံတား ဦးမြို့နယ်များတွင် နို့စားနွားမွေး မြူသူများပြားသည်။ လက်ရှိတွင် နွားနို့တစ်ပိဿာလျှင်ကျပ် ၆၅၀ ကျပ်ခန့်အထိ ဈေးကျသွားကြောင်း မြစ်သားမြို့နယ်မှ နွားမွေးမြူသူ များကပြောသည်။

Android ဖုန်း Home Screen တွင် Bookmark ပြုလုပ်ခြင်း
Android Device တွေပေါ်မှာ အသုံးပြုတဲ့ Web Browser တွေကနေ ကိုယ်နှစ်သက်တဲ့ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Bookmark ကို Home Screen မှာ ပြုလုပ်ထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။Home Screen မှာ Bookmark ပြုလုပ်ထားခြင်းဖြင့် ကိုယ် အမြဲတစ်စေ ကြည့်ရှုတတ်တဲ့ ၀က်ဘ်ဆိုက်တွေကို Home Screen ကနေ တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူရှာဖွေပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Home Screen မှာ Bookmark ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ကိုယ်အသုံးပြုနေတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။ အသုံးပြုတဲ့ Browser အမျိုးအစားပေါ်မူတည်ပြီးလည်း ပြုလုပ်လို့ရတဲ့နေရာ အနည်းငယ်ကွဲလွဲမှုလည်း ရှိမှာဖြစ်ပါတယ်။Firefox Browser ပေါ်က အသုံးပြုမယ်ဆိုရင် နှစ်သက်ရာ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Menu Button ကို နှိပ်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး Add to Home Screen ဆိုတာကို နှိပ်လိုက်ပြီး ကိုယ်သိမ်းချင်တဲ့ ၀က်ဘ်ဆိုက်ကို Homescreen မှာ Bookmark ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Samsung ကို ကျော်ဖြတ်ပြီး တရုတ် စမတ်ဖုန်းဈေးကွက်ကို Xiaomi ဦးဆောင်

ယခုနှစ် ဒုတိယ သုံးလပတ်တွင် Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြိုင်ဘက် Samsung Electronic ကုမ္ပဏီထက် သာလွန်ခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့ Canalys မှ ဖော်ပြခဲ့သည်။ ၎င်းသည် အလျင်အမြန် တိုးတက်လာသည့် တရုတ် စမတ်ဖုန်းဈေးကွက်တွင် Samsung ကို ပထမဦးဆုံးအကြိမ် နောက်ကောက်ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍစုံမှ လုပ်ငန်းရှင်များသုံးသပ်
"အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုများ အလွန်အမင်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအား အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။
"အိမ်ခြံမြေဈေးဆိုတာကတော့ ဒီလိုစီးပွားရေးကိုစဖွင့်တဲ့အချိန်မျိုးမှာ တက်တတ်ပါတယ်။ အချိန်တန်ရင်တော့ သူ့ဟာသူရပ်သွားတယ်။ သူကပူဖောင်းလိုပဲ။ တဖြည်းဖြည်းဖောင်းဖောင်းလာတဲ့သဘော။ အဲဒါကနေပြီး အချိန်တန်ရင်ပေါက်သွားတယ်။ ဒါမျိုးဖြစ်နေတာက ဗီယက်နမ်မှာလည်းဖြစ်တယ်။ ထိုင်းမှာလည်းဖြစ်တယ်။ အခု မြန်မာမှာလည်း ဖြစ်မှာပဲ။ ဘယ်အချိန်ပေါက်မယ်ဆိုတာသာမသိတာ။ ၂၀၁၅ မှာ အရင်းအနှီးဈေးကွက်ပေါ်လာမယ်ဆိုပေမယ့် ရှယ်ယာတွေမှာ အလုံးအရင်းနဲ့ဝင်ပြီး ရင်းနှီးမြှုပ်နှံရအောင်တော့ မဖြစ်နိုင်သေးဘူး။ တကယ်လို့ ၂၀၁၅ မှာ စလုပ်ဖြစ်ရင်တောင် လေးနှစ်ငါးနှစ်တော့ အချိန်ယူရဦးမယ်။ အဲဒီလောက်မှ အရှိန်ရလာမှာ။ ဒါကြောင့် ဒီလေးနှစ်ငါးနှစ်မှာတော့ စတော့မားကတ်က အိမ်ခြံမြေဈေးကျသွားရလောက်အောင်တော့ အထောက်အကူမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ဒီလေးငါးနှစ်မတိုင်ခင်ကို ဒီပူဖောင်းက ပေါက်ကိုပေါက်သွားမယ်။ အခုလက္ခဏာတွေကြည့်ရတာ သိပ်ပြီးအလွန်အကျွံဖြစ်လာတာတွေ့ရတယ်" ဟု MESC ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဦးစိုးသိန်းက သုံးသပ်ပြောကြားခဲ့သည်။

လိုင်ဇာအလွန်အပစ်ရပ်ရေးနှင့် လူထုခေါင်းဆောင်
လိုင်ဇာထိပ်သီးအစည်း အဝေးအလွန် ထုတ်ပြန်ကြေညာချက်နှင့် သဘောတူညီချက်မူကြမ်းတို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ဆီ ဦးတည်နေသော်လည်း စိန်ခေါ်မှုများက ကျန်ရှိနေဆဲဖြစ်သည်။ အစိုးရ၊လွှတ်တော်များ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်ရပ်ရေးကို အကြိတ်အနယ်ပြင်ဆင်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏နေရာသည် မှေးမှိန်နေဆဲဖြစ်သည်။ လိုင်ဇာအလွန်အပစ်ရပ်ရေးတွင် လူထုခေါင်းဆောင်၏အခန်း ကဏ္ဍကို ရှေ့တန်းတင်နိုင်မည်ဆိုလျှင် သဘောတူညီချက်များ အပြီးသတ်ရေးလုပ်ငန်းစဉ်သည် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သည်။တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (အင်န်စီစီတီ)၏ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်နေ့ အထိလည်းကောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါထိပ်သီး အစည်းအဝေးများသို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့မှခေါင်းဆောင်များ၊ ကိုယ်စား လှယ်များနှင့် လေ့လာသူများ စုစု ပေါင်း ၁၅၅ ဦးပါဝင်တက်ရောက် ခဲ့သည်။
Subscribe to:
Posts (Atom)