မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ (ကျပ်သန်း နှစ်သောင်းရှစ်ထောင်) မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိသော အမျိုးသမီး၏ ခင်ပွန်းမှာ ပြည်တွင်းကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင် ဖြစ်သောကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ဆောက်လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ကုန်စည်များ ပို့ဆောင်ပေးနေသည့် ကုမ္ပဏီပိုင်ရှင်၏ဇနီး နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကုန်းမြင့်သာလမ်းရှိ နေအိမ်၌ ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ အပါအဝင် သေနတ်နှစ်လက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၂) မှ ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
Monday, September 1, 2014
UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။
ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ညီလာခံကျင်း ပရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီကိစ္စအပေါ် သက်သေနဲ့တကွ ပြောဆို ဖို့တော့ခက်တယ်လို့ ဆိုပါတယ်။"ပြောဖို့လည်းခက်ပါတယ်၊ ဒါပေမဲ့ UNFC ကလုပ်ငန်းတွေ အောင်မြင်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် နောက်အပစ်အခက်ရပ်စဲရေးအတွက် အားလုံးပြင်ဆင်နေတယ်၊ ပြည်တွင်းကရော၊ ပြည်ပ ကရော ထောက်ခံမှုတွေ တော်တော်လေး အဆင့်မြင့်မြင့်ရနေတယ်၊ ဒီနေ့အရှိန်အဟုန်ကောင်းနေတဲ့ အချိန်မှာတော့ စုဖွဲ့မှုနဲ့ ဒီအချိန်အဟုန်ကို ရပ်တန့်သွားအောင် သို့တည်းမဟုတ် ကသိကအောက်ဖြစ် သွားအောင် လုပ်ချင်တဲ့အင်အားစုတွေလည်း ရှိချင်လည်း ရှိမှာပေါ့ဗျာ၊ အဲ့ဒီအင်အားစုတွေကနေ ပြီးတော့ တိုက်ရိုက်မလုပ်ပဲနဲ့ သူတို့သုံးလို့ရတဲ့သူတွေကိုသုံးပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါကတော့ ကျနော်က ခန့်မှန်းခြေပြောတာပါ"
ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ညီလာခံကျင်း ပရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီကိစ္စအပေါ် သက်သေနဲ့တကွ ပြောဆို ဖို့တော့ခက်တယ်လို့ ဆိုပါတယ်။"ပြောဖို့လည်းခက်ပါတယ်၊ ဒါပေမဲ့ UNFC ကလုပ်ငန်းတွေ အောင်မြင်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် နောက်အပစ်အခက်ရပ်စဲရေးအတွက် အားလုံးပြင်ဆင်နေတယ်၊ ပြည်တွင်းကရော၊ ပြည်ပ ကရော ထောက်ခံမှုတွေ တော်တော်လေး အဆင့်မြင့်မြင့်ရနေတယ်၊ ဒီနေ့အရှိန်အဟုန်ကောင်းနေတဲ့ အချိန်မှာတော့ စုဖွဲ့မှုနဲ့ ဒီအချိန်အဟုန်ကို ရပ်တန့်သွားအောင် သို့တည်းမဟုတ် ကသိကအောက်ဖြစ် သွားအောင် လုပ်ချင်တဲ့အင်အားစုတွေလည်း ရှိချင်လည်း ရှိမှာပေါ့ဗျာ၊ အဲ့ဒီအင်အားစုတွေကနေ ပြီးတော့ တိုက်ရိုက်မလုပ်ပဲနဲ့ သူတို့သုံးလို့ရတဲ့သူတွေကိုသုံးပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါကတော့ ကျနော်က ခန့်မှန်းခြေပြောတာပါ"
မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို

မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။
ခရိုနီနဲ့ ကျောက်မီးသွေး

မြစ်ဆုံအပါအဝင် ဧရာဝတီ၊ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လူမသိသူမသိ ချုပ်ဆိုခဲ့သော စာချုပ်များနှင့်အတူ ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့ပြီးဖြစ်သည်။ထိုမှတစ်ဖန် မြို့နယ်ပေါင်း ၈၄ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကိုလည်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရသည့် ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂၃ ခုတည်းက နည်းလမ်းစုံဖြင့် လုပ်ကိုင်ခွင့်ရခဲ့ပြန်သည်။ထိုမျှနှင့် မပြီးသေးဘဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခွင့်ကိုလည်း ထပ်မံရရှိခဲ့ကြသည်။ထိုမျှနှင့်လည်း မရပ်သေးဘဲ ခရိုနီအချို့သည် ပတ်ဝန်းကျင်နှင့်ဒေသခံများ ထိခိုက်မှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် ထပ်ဝင်လာကြရာ စီမံကိန်းအတွက် မြေသိမ်းခံရနိုင်ပြီး စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည့် ဒေသခံများအတွက်တော့ စိုးရိမ်စရာ ထပ်တိုးလာပြန်ပြီဖြစ်သည်။
UNFC ညီလာခံမှ KNU ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ပြုလုပ်နေသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၌ ကောင် စီ၏ ဖွဲ့စည်းပုံအခြေခံမူနှင့်ပတ် သက်၍ သဘောထားကွဲလွဲခြင်း ကြောင့် သြဂုတ် ၃၁ ရက်တွင် KNU အဖွဲ့ ကိုယ်စားလှယ်များ အစည်းအဝေး ဆက်မတက်ဘဲ ထွက်ခွာခဲ့ကြောင်း သတင်းရရှိ သည်။
UNFC ညီလာခံပဉ္စမမြောက် နေ့တွင် UNFC ၏ ဖွဲ့စည်းပုံ အခြေခံသ ဘောထားမူဝါဒများကို ဆက် လက်ဆွေးနွေးရာ၌ သဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးအပါအ၀င် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများပါဝင်သော KNU ထိပ်တန်းကိုယ်စားလှယ် ငါးဦးသည် သြဂုတ် ၃၁ ရက် နေ့ လယ်တွင် အစည်းအဝေးဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
UNFC ညီလာခံပဉ္စမမြောက် နေ့တွင် UNFC ၏ ဖွဲ့စည်းပုံ အခြေခံသ ဘောထားမူဝါဒများကို ဆက် လက်ဆွေးနွေးရာ၌ သဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးအပါအ၀င် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများပါဝင်သော KNU ထိပ်တန်းကိုယ်စားလှယ် ငါးဦးသည် သြဂုတ် ၃၁ ရက် နေ့ လယ်တွင် အစည်းအဝေးဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို
![]() |
| ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းကပြောသည်။
ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။
နိုင်ငံတော်သီချင်းကို ဖျက်ဆိုခဲ့သော ဘင်္ဂါလီကျောင်းသားနှစ်ဦး ကျောင်းထုတ်ခံရ
နိုင်ငံတော်သီချင်းစာ သားကို ဖျက်ဆိုခဲ့သော ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဘင်္ဂါလီလူမျိုး သတ္တမတန်း ကျောင်းသားနှစ်ဦးကို ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။သြဂုတ် ၂၈ ရက်က အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းတက်ချိန်နိုင်ငံ တော်သီချင်းသီဆိုရာတွင် ဘင်္ဂါ လီလူမျိုး ကျောင်းသားနှစ်ဦးက ‘‘မြန်မာပြည်’’ဆိုသည့် စာသားအ စား ‘‘မွတ်စလင်ပြည်’’ဟု ပြောင်း လဲသီဆိုခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အတန်းပိုင်ဆရာမက ယင်း ကဲ့သို့ မသီဆိုရန်ဆုံးမရာ ကျောင်းသားနှစ်ဦးက ပြန်လည်ရန်ရှာခဲ့သည့်အတွက် ကျောင်းအုပ်ဆရာကြီးထံ တင်ပြပြီး မိဘများကို ခေါ်ယူခဲ့ကြောင်းနှင့် မိဘများက လာရောက်တွေ့ဆုံခြင်းမရှိ၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား ၁၀၀၀ ကျော်က သူတို့နေထိုင်ရာ ကျေးရွာမြေနဲ့ အိမ်ခြေ ၁၅၀ ကျော် မရွှေ့ပြောင်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ကျေးရွာမြေပေါ် က ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ အမြန်ဆုံးဖယ်ရှားပေးရေး၊ အိမ်ခြေ ၁၅၀ မရွှေ့ပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေ နဲ့အညီ ဆောင်ရွက်ပေးရေး၊ အမှန်တရားဖော်ထုတ်ပေးရေး၊ ကျေးရွာမြေနယ်နိမိတ် အမြန်ဆုံး သတ်မှတ်ပေးရေး စတဲ့ အချက် ၇ ချက်ကို ကြွေးကြော်ပြီး ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာတွေမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
ရက်ပ်ဂီတစစ်မြေပြင်မှာ အမေရိကန်နဲ့ တရုတ် ဘယ်သူနိုင်လဲ

ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရက်ပ်ဂီတနဲ့ စစ်ခင်းတဲ့ ယူကျူ ဗွီဒီယို ဖြစ်ပါတယ်။ စာသားတွေက အလွန်ပဲ နိုင်ငံရေးဆန်ပြီး သရော်မှုတွေလည်း ပါဝင်ပါတယ်။
တချိန်က ရန်ကုန် လူငယ်လောကမှာ နိုင်ငံရေးတွေ မပါကြေးလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ လူငယ်တွေကလည်း ရက်ပ်ဂီတနဲ့ နိုင်ငံရေးကို သရုပ်ဖော်ခဲ့ကြပါတယ်။
ဆင်းမ်ကတ်များ အကန့်အသတ်မရှိ ရောင်းချမည့် သတင်းကြောင့် ပြင်ပဈေးကွက်ပျက်၊ အူရီးဒူးကတ်ဝယ်သူနည်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကတ်များကို စက် တင်ဘာလ ၁ ရက်တွင် စတင် ရောင်းချမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း၌ လက်ရှိရောင်းချနေသည့် MPT ၏ ကျပ်၁၅၀၀တန် GSM ဆင်းမ်ကတ်များအရောင်းအ၀ယ်ပြုလုပ်မှုမရှိတော့ဘဲ အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူသူ လျော့ကျလာကြောင်း ဟန်းဆက် အရောင်းဆိုင်များနှင့် ဆင်းမ်ကတ် အရောင်းအ၀ယ်ပြုလုပ်သူများထံမှ သတင်းရရှိသည်။
‘‘အရင်က ချပေးထားတဲ့ ၁၅၀၀ တန် GSM ဆင်းမ်ကတ် တွေကိုမရောင်းတော့တာ တစ်ပတ်လောက်ရှိပြီ MPT က ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်ဆိုတော့ ဈေးလည်းသိပ်မရတော့ဘူး။ အဲဒါကိုပဲ ဆက်ရောင်း သွားဖို့ရှိပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ MEGA မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
‘‘အရင်က ချပေးထားတဲ့ ၁၅၀၀ တန် GSM ဆင်းမ်ကတ် တွေကိုမရောင်းတော့တာ တစ်ပတ်လောက်ရှိပြီ MPT က ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်ဆိုတော့ ဈေးလည်းသိပ်မရတော့ဘူး။ အဲဒါကိုပဲ ဆက်ရောင်း သွားဖို့ရှိပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ MEGA မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။
ဘက်စုံမြင်ကွင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် သုံးလအတွင်း စတင်ပြေးဆွဲမည်ဟု သိရ
ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ပြေးဆွဲခွင့်ပြုလိုက်သည့် အမြန်ဘတ်စ်ကားလိုင်းစနစ်အား ဝေဇယန္တာလမ်းပေါ်တွင် သုံးလအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ယင်းစနစ်ကို ဘတ်စ်ကားလုံးဝပြေးဆွဲခြင်းမရှိသည့် ဝေဇယန္တာလမ်းပေါ်တွင် ပြေးဆွဲရန် လက်ရှိမေတ္တာလှိုင်း ယာဉ်လိုင်းများပြေးဆွဲနေသော ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။“ဝေဇယန္တာလမ်းမကြီးမှာ အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုပြီးဖြစ်ပါတယ်။ မကြာတော့မယ့် အချိန်သုံးလအတွင်း ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အနေဖြင့် လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရခြင်းကြောင့် ယင်းအချိန်များကို လျှော့ချနိုင်ရန်အတွက် အမြန်ဘတ်စ်ကားလိုင်းစနစ်ကို ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေမြုပ်လယ်များကို သမ္မတရန်ပုံငွေပေး မလုံလောက်၍ လွှတ်တော်တင်မည်ဟု ဆို

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်စိုက်ဧကများအတွက် နိုင်ငံတော် သမ္မတရန်ပုံငွေ သန်း ၁,၀၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သြဂုတ်လ ၃၁ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်သန်းက မဇ္ဈိမကို ပြောသည်။
“ပဲခူးတိုင်းအတွင်းမှာ ပျက်စီးမှုစာရင်းတွေကို အကုန်လုံး ထောက်ပံ့ပေးပြီးပြီဖြစ်ပါတယ်။ လောက်လည်း လောက်ပါတယ်။ အဆင်ပြေပါတယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာတိုင်းကို သတ်မှတ်ချက်အတိုင်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရက ဒေသတွင်း လယ်ယာပျက်စီးမှုများကို ကူညီရန် ကျပ်သန်း ၁,၀၀၀ လိုအပ်ကြောင်း သြဂုတ်လ ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့သည်။ ထို့နောက် လယ်ပျက်စီးမှုစာရင်းများအရ ပဲခူးတိုင်းအတွင်း ပျက်စီးလယ်စိုက်ဧကပေါင်း ၅၇,၀၀၀ အတွက် တစ်ဧကလျှင် ၁၂,၀၀၀ နှင့် ထိခိုက်သော လယ်ဧက ၆၀,၀၀၀ အတွက် တစ်ဧကလျှင် ၆,၀၀၀ ကျပ်ကို သြဂုတ်လ ၂၄ ရက်တွင် မြို့နယ်အလိုက် ထောက်ပံ့မှုများလုပ်ပြီးပြီဟု ဦးမောင်မောင်သန်းက ဆိုသည်။
လစ်ဗျားနိုင်ငံက လစ်လပ်နေတဲ့ အမေရိကန်သံရုံးကို သူပုန်အဖွဲ့တွေ သိမ်းပိုက်
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီအတွင်း စစ်သွေးကြွအုပ်စုတွေကြား အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လူတွေ ထွက်ပြေး တိမ်းရှောင်သွားကြအပြီး တလအကြာမှာ လစ်လပ်နေတဲ့ အမေရိကန်သံရုံးရဲ့ လူနေအိမ်ရာ နေရာကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တဖွဲ့က ပြောပါတယ်။
ထရီပိုလီမြို့တော်နဲ့ နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဖက် စစ်သွေးကြွအဖွဲ့တခုနဲ့ သီတင်းပတ် အတန်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို သိမ်းပိုက်လိုက်တာပါ။
Dawn of Libya လစ်ဗျားရဲ့ အာရုဏ်ဦးလို့ နာမည်ပေးထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုကြီးတစုက အမေရိကန် သံရုံးဝန်းကို ထိန်းချုပ်ထားတာ တပတ်လောက်ရှိပြီလို့ သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ထရီပိုလီမြို့တော်နဲ့ နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဖက် စစ်သွေးကြွအဖွဲ့တခုနဲ့ သီတင်းပတ် အတန်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို သိမ်းပိုက်လိုက်တာပါ။
Dawn of Libya လစ်ဗျားရဲ့ အာရုဏ်ဦးလို့ နာမည်ပေးထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုကြီးတစုက အမေရိကန် သံရုံးဝန်းကို ထိန်းချုပ်ထားတာ တပတ်လောက်ရှိပြီလို့ သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ငွေမည်းခဝါချမှု နည်းဥပဒေတွေ ထွက်လာမယ်

ငွေမည်း ခဝါချမှုနဲ့ အကြမ်းဖက် အဖွဲ့တွေ ကို ငွေကြေး ထောက်ပံ့မှုတွေ အပါအဝင် နိုင်ငံတကာ ရဲ့ ဘဏ္ဍဍာရေး စံနစ် အပေါ် အန္တရာယ်ပြု နိုင်တာတွေ ကို ကာကွယ် တိုက်ဖျက်ဖို့၊ နိုင်ငံတကာ အစိုးရတွေ အကြား ပူးပေါင်း ဖွဲ့စည်း ထားတဲ့ Financial Action Task Force ( FATF )အဖွဲ့ က ထုတ်ပြန်ချက် ထဲမှာလည်း မြန်မာနိုင်ငံ ကို ငွေမည်း ခဝါချမှု တိုက်ဖျက်ရေး မှာ ပူးပေါင်း ပါဝင်မှု အားနည်း တဲ့ နိုင်ငံ အဖြစ် ဝေဖန်မှု တွေ ရှိခဲ့ပါ တယ်။
နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင်
လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်
(RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင်
ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ်
၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့
နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။Sunday, August 31, 2014
မေမြတ်နိုး၏ Miss Asia Pacific World သရဖူ ရုပ်သိမ်းခံရ မှုအား နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှုက နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေသလိုဖြစ်နေ
၂ဝ၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုကို ရရှိထားသည့် မြန်မာအလှမယ် မေမြတ်နိုးသည် လက်မခံနိုင်သော အပြု အမူများ ဆောင်ရွက်ခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သူက စွပ်စွဲပြောကြားခဲ့ပြီး ၎င်းသည် ကုန်ကျစရိတ်အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ် သရဖူနှင့် အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းအလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း သိရသည်။
လယ်မြေသိမ်းဆည်းခံရမှုများအပေါ် အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁၀၀၀ ကျော် မအူပင်၌ ဆန္ဒပြ

လယ်ယာမြေသိမ်းဆည်းခံရမှုအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းဖြင်း အတွက် တောင်သူလယ်သမားများက သြဂုတ် ၃၀ ရက်က မအူပင်တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-သက်မင်း)
လယ်မြေသိမ်းဆည်း ခံရမှုများအပေါ် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းနေခြင်း အတွက် တောင်သူလယ်သမား ၁ဝဝဝ ကျော် မအူပင်မြို့နယ်၌ ဩဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။
Saturday, August 30, 2014
Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။
Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရသိရပါတယ်။
ငြိမ်းချမ်းရေးရဖို့လို
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။
မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို

မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆို ပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်၏ ဆွေးနွေးမှုတွင် မည်သည့်အချိန် ကျင့်သုံးမည်ဟု မပါရှိ
ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲစနစ်လေ့လာရေးကော် မရှင်၏ ဆွေးနွေးမှု ခေါင်းစဉ်တွင် မည်သည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဆိုသော အချိန်ကာ လသတ်မှတ်ချက်မပါကြောင်း အဆိုပါကော်မရှင်မှ သတင်းရရှိ သည်။
မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို

ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်း မရှိဟု လက်ရှိ တာဝန် ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရား လွှတ် တော်ရှေ့နေ ဦးတင်ထွန်း က ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်
၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။
မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ

မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။
ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။
ဝေဖန်မှုတွေကြုံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
မြန်မာနိုင်ငံက စီးပွါးရေး အချက်အချာကျတဲ့ ရန်ကုန်မြို့ကိုတိုးချဲ့ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာလိုက်တဲ့အတွက် အခြေအတင်ဖြစ် စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စီမံကိန်းသစ် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပေမယ့် အကုန်အကျများ လွန်းတယ်လို့ ဝေဖန်ခဲ့ကြသူတွေ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ ဆိုတဲ့ သံသယ အမြင်နဲ့ ကြည့်သူတွေလည်းရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။
ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ မြို့သစ် တိုးချဲ့မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သတင်းတစ်ပါတ်က ကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအတွင်းမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က ရန်ကုန်တိုင်း လွှတ်တော်တွင်း အစီအရင် ခံအပြီး မှာပဲ ဒီစီမံကိန်းကိစ္စ ဟာ အတော်လေး ရန်ကုန်မြို့ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ် လာခဲ့တာပါ။
ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ မြို့သစ် တိုးချဲ့မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သတင်းတစ်ပါတ်က ကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအတွင်းမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က ရန်ကုန်တိုင်း လွှတ်တော်တွင်း အစီအရင် ခံအပြီး မှာပဲ ဒီစီမံကိန်းကိစ္စ ဟာ အတော်လေး ရန်ကုန်မြို့ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ် လာခဲ့တာပါ။
ရုရှားတပ်များ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်နေသည့် ဂြိုဟ်တုဓာတ်ပုံများကို NATO ပြသ
ယူကရိန်း ပိုင်နက်ထဲသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို NATO စစ်မဟာမိတ် တပ်ဖွဲ့က ထုတ်ဖော် ပြသလိုက်သည်။ ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို ရုရှားက အကူအညီ ပေးနေကြောင်း စွပ်စွဲမှုများကို ကရင်မလင် နန်းတော်က တွင်တွင် ငြင်းဆိုနေသော်လည်း NATO တပ်ဖွဲ့က အဆိုပါ ဓာတ်ပုံများကို စတင် ထုတ်ပြလာခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်တပ်များသည် ရုရှား၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရသော အခြေအနေ၌ စစ်မျက်နှာသစ် ဖွင့်လှစ် တိုက်ခိုက်လာပြီး ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နိုဗိုအာဇော့ခ်မြို့ကို သိမ်းပိုက်လိုက်သည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဘယ်လို ဖြစ်သင့်သလဲ
အခုရက်ပိုင်း အတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီး အကြောင်းပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ မြို့တော်ဝန် ဦးလှမြင့်က သ၀ဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။ သ၀ဏ်လွှာထဲမှာ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု လျှို့ဝှက် စီစဉ်ပြီး ဖြစ်တဲ့အကြောင်း၊ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမယ့် အဲဒီ စီမံကိန်းကို “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”က တာဝန်ယူ အကောင်အထည် ဖော်ဖို့ ရွေးချယ်ထားပြီး ဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။ ဒီ သ၀ဏ်လွှာတင်ပြမှုကို တိုင်းလွှတ်တော် အမတ်တွေ အံ့သြကြသလို သတင်းကိုကြားသိရတဲ့ ပြည်သူတွေလည်း အံ့သြကြပါတယ်။
Subscribe to:
Posts (Atom)
