Friday, November 14, 2014

အောင်ဘာလေ ကျပ်သိန်း ၁၅ဝဝ ဆုအပါအဝင် ဆုမဲပေါင်း ၂ဝဝဝကျော် ပိုင်ရှင်မဲ့နေ

နိုဝင်ဘာ ၂၈ ရက် နောက်ဆုံးထားကာထုတ်ယူခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်

အောင် ဘာလေကျပ်သိန်း၁၅ဝဝဆုနှင့် ဆု ကြီးများအပါအဝင် လာရောက် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲပေါင်း ၂ဝဝဝကျော် နိုဝင်ဘာ ၂၈ရက် နောက်ဆုံးထားကာ ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့အခွန်အဖြစ်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနမှ သတင်းရရှိသည်။

ထုတ်ယူရန်ကျန်ရှိနေသေးသည့် ဆုမဲများမှာ ကျပ်သိန်း၁၅ဝဝတစ်ဆု၊ ကျပ်သိန်း၁ဝဝ တစ်ဆု၊ ကျပ် ၁ဝ သိန်း ၁၃ဆု၊ ကျပ် ၃သိန်းကိုးဆု၊ ကျပ်၂သိန်း ၉၇ဆု၊ ကျပ်၁သိန်း ၂၇ဝ ဆုများအပါအဝင် ဆုမဲ စုစု ပေါင်း ၂၂၂၁ဆုထုတ်ယူရန် ကျန် ရှိနေသေးကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲမှ သိရသည်။

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်

နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီး စဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။

ကြေးမုံသတင်းစာ သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ်ကာ ဝိုင်းရိုက်၍ ရေနွေးပူနှင့် လောင်းဟုဆို

ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်မှူးရုံးတွင် နိုဝင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က ကြေးမုံသတင်းစာတိုက်မှ အလွတ်သတင်းထောက် ကိုမိုးဝင်းသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်လေးဦးက ရုံးတံခါးပိတ်ကာ ဝိုင်းဝန်းရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းခဲ့ကြောင်း ကာယကံ ရှင်က ပြောကြားသည်။

ယင်းနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင် ပြုလုပ်ပေးနေကြောင်း ကြားသိသဖြင့် ၎င်း၏ ဇနီး၏ ၁၈ နှစ် မှတ်ပုံတင်ဟောင်းကို အသက် ၃၀ ပြည့် မှတ်ပုံတင်ဖြင့် လဲလှယ်ရန် သွားရောက်ရာ ရုံးအဖွဲ့ဝင်များနှင့် စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ပဲခူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရကြောင်း ၎င်းက ပြောကြားသည်။

ဖမ်းမိ ငါးမန်းတစ်ကောင် ဝမ်းဗိုက်တွင်း လူဦးခေါင်းနှင့် ခြေထောက်များကို တွေ့ ရှိ

Photo: ဖမ်းမိ ငါးမန်းတစ်ကောင် ဝမ်းဗိုက်တွင်း လူဦးခေါင်းနှင့် ခြေထောက်များကို တွေ့ ရှိ 
Friday, November 14, 2014

ဖိလစ်ပိုင်နိုင်ငံတွင် တံငါသည်တစ်စု ဖမ်းမိသည့် ကျားမန်းတစ်ကောင်ကို ဝမ်းဗိုက်ခွဲစဉ် စိတ်နှလုံးပျက်စဖွယ် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိခဲ့ကြသည်။တံငါသည် ဘိုဒွိုင်းဂေါဂေါ့ဒ် နှင့် အဖွဲ့ သည် ဘိုဟိုးနှင့် ကာမီဂျင်းကျွန်းစုများကြား ငါးဖမ်းနေခဲ့စဉ် အလေးချိန် အားဖြင့် ပေါင်၁၃၀၀ခန့် ရှိမည့် ကျားငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိရခဲ့သည်။ ၎င်းတို့ တံငါသည်အဖွဲ့ က ယင်းကျားငါးမန်း ကောင်၏ ဝမ်းဗိုက်ကို ခွဲလိုက်ကြစဉ် စိတ်နှလုံး နောက်ကျိဖွယ် ကောင်းအောင် ငါးမန်း၏ အစာအိမ်အတွင်း အစာချက်လျက်ရှိပြီး အနေအထားဖြင့် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိလိုက် ကြခြင်း ဖြစ်သည်။

"တကယ်ကို အော့နှလုံး နာစရာ ကောင်းတယ်။ အဲဒီအချိန်က ထွက်ပေါ်လာတဲ့ အနံ့ ကြီးကိုလည်း ရွံ့ ရှာသွားခဲ့ရတယ်။" ဟု ဘိုဒွိုင်းက မန်ဒါနယူးစ်သို့ ပြောခဲ့သည်။ "ကျွန်တော်က အသက် ၂၀ လောက်ကတည်းက တံငါသည် ဖြစ်ခဲ့သူပါ။ တသက်နဲ့ တစ်ကိုယ် ငါးမန်း ဝမ်းဗိုက်ထဲက လူ့ သားအလောင်း အပိုင်းပိုင်း အပြတ်ပြတ်ကို မတွေ့ ဖူးခဲ့ဘူး။"ဟု ၎င်းက ဆက်လက်ပြောသည်။

လူဦးခေါင်းနှင့် ခြေထောက်များ ဝမ်းဗိုက်တွင်း တွေ့ ခြင်းကြောင့် ကံမကောင်းမှုများ ဆောင်ကျဉ်းလာနိုင်သည့်ဟု စွဲလမ်းယုံကြည်မှုအရ ယင်းကျားမန်းကြီး ကို ပင်လယ်တွင်းသို့ ပြန်လည်လွှင့်ပစ်ခဲ့သည်။ သို့သော်လည်း ငါးမန်း၏ တောင်ပံနှင့် ဆူးတောင်များကို အမှတ်တရ အဖြစ်သိမ်းထား ခဲ့ကြသည်။
       
ယင်းကျားငါးမန်းကြီး ဝမ်းတွင်းမှ လူသည် စက်တင်ဘာ ၁၃ရက်က မုန်တိုင်းကြောင့် နစ်မြုပ် သွားသည့် ခရီးသည် ရေယာဉ်တွင် လိုက်ပါခဲ့သည့် ခရီးသည် တစ်ဦး ဖြစ်နိုင်သည်ဟု ဒေသခံ များက ယုံကြည် ကြသည်။

Mizzima
ဖိလစ်ပိုင်နိုင်ငံတွင် တံငါသည်တစ်စု ဖမ်းမိသည့် ကျားမန်းတစ်ကောင်ကို ဝမ်းဗိုက်ခွဲစဉ် စိတ်နှလုံးပျက်စဖွယ် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိခဲ့ကြသည်။တံငါသည် ဘိုဒွိုင်းဂေါဂေါ့ဒ် နှင့် အဖွဲ့ သည် ဘိုဟိုးနှင့် ကာမီဂျင်းကျွန်းစုများကြား ငါးဖမ်းနေခဲ့စဉ် အလေးချိန် အားဖြင့် ပေါင်၁၃၀၀ခန့် ရှိမည့် ကျားငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိရခဲ့သည်။ ၎င်းတို့ တံငါသည်အဖွဲ့ က ယင်းကျားငါးမန်း ကောင်၏ ဝမ်းဗိုက်ကို ခွဲလိုက်ကြစဉ် စိတ်နှလုံး နောက်ကျိဖွယ် ကောင်းအောင် ငါးမန်း၏ အစာအိမ်အတွင်း အစာချက်လျက်ရှိပြီး အနေအထားဖြင့် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိလိုက် ကြခြင်း ဖြစ်သည်။

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံ အစည်းအဝေးပြီးဆုံး

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီဘိုလာ ရောဂါအကြောင်း၊ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့်နှစ် အာဆီယံ အစည်းအဝေးကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ရှိတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် Najib Razak ကို ဥက္ကဌရာထူး လွဲအပ်လိုက်ပြီ ဖြစ်ပါတယ်။

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင် လျက်ရှိ

Photo: KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင် လျက်ရှိ
Friday, November 14, 2014

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား အမြန်ပြန်လည် စေလွှတ်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သို့ အကြောင်းကြား ခဲ့သဖြင့် နိုဝင်ဘာ ၁၁ ရက်နံနက် ၈ နာရီခွဲခန့်တွင် အမျိုးသမီး သုံးဦး၊ အမျိုးသား ခြောက်ဦး စုစုပေါင်း ကိုးဦးအား ပြန်လည် စေလွှတ်ပြီး ကျန်ရှိသည့် မောင်ဝဒမ်းဂျုံ၊ မောင်တန်ကူးဆင်ရန် နှင့် မောင်ခေါင်ဂျုံး တို့အားလည်း နိုဝင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် ပြန်လည် စေလွှတ်ခဲ့သည်။
ထိုသို့ KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ကျေးရွာများသို့ ဝင်ရောက်၍ ဒေသခံပြည်သူ များအား လက်နက် အားကိုးဖြင့် အဓမ္မလူသစ် စုဆောင်းခြင်းများ မပြုလုပ်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်း များက နယ်မြေ လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ပြည်မြန်မာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။

အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ဘာသာရေးနှင့် အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက်မှန်သမျှကို ပယ်ဖျက်ပစ်ရန် တောင်းဆို

နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော အရှေ့အာရှ ထိပ်သီးဆွေးနွေး ပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဘာသာ ရေးနှင့်အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက် မှန်သမျှကို ပယ်ဖျက်ပစ်ရေးတို့အတွက် အ ခြားနိုင်ငံများကို တောင်းဆို ခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်ရေး အိုဘားမား သတိပေး

အမေရိကန်သမ္မတဘာရက်အိုဘားမားက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးသည် နောက်သို့ ပြန်ဆုတ်နေကြောင်း မြန်မာအာဏာပိုင်များအား နိုဝင်ဘာ ၁၃ ရက်တွင် သတိပေးခဲ့သည်။ မြန်မာနိုင်ငံသည်  စစ်တပ်က အုပ်စိုးခဲ့သည့် အထီးကျန်နိုင်ငံအ ဖြစ်မှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ပြသရန် ရည်ရွယ်ထားသည့် နိုဝင်ဘာ ၁၃  ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အို ဘားမားက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ် သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် နိုဝင်ဘာ ၁၃ရက် မွန်းလွဲ ၁ နာရီအချိန်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ် သည်။
 ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ဆွေးနွေးရာတွင် “ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်များ သိရှိနိုင်ရေး တင်ပြလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအသီးသီးက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များအရ မဲခွဲဆုံးဖြတ်ခြင်း ပြုလုပ်တဲ့နေရာမှာ ကော်မတီဝင် ၃၁ ဦးအနက် ၂၆ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီးတော့မှ ငါးဦးသာ ပယ်ဖျက်ရန် စကားအသုံးအနှုန်းပြောင်းရန် အဆိုပြုခဲ့ပြီး ကျန် ၂၁ ဦးက မူလအတိုင်းသာထားရှိရန် ထောက်ခံခဲ့ပါကြောင်း တင်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုပါက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်း ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီဟု ဘန်ကီမွန်း ပူးတွဲသုံးနှုန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းကို ရိုဟင်ဂျာ/ဘင်္ဂါလီဟု ပထမဆုံးအကြိမ် ပူးတွဲသုံးနှုန်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာဟုသာ

အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပြင် ဆင်ရန် မြန်မာအစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။

ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။

လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု

လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့် နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။

နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။

Thursday, November 13, 2014

နေပြည်တော်နှင့် မန္တလေး ငလျင်ကြီး ကျရောက်နိုင်ဟု မြေငလျင်ကော်မတီ ခန့်မှန်း

ယခုလပိုင်းအတွင်း အင်အား အသင့်အတင့်ရှိ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေပြီး ငလျင် အကြိမ်အရေအတွက် စိပ်လာခြင်းကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့များဖြစ်သော တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့ တောင်ဘက်ခြမ်း ဒေသများမှာ ငလျင်ကြီး လှုပ်ခတ်နိုင်သည့် အန္တရာယ်ကို သတိပြုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းနှင့် ယခုလဆန်းပိုင်းအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက် လှုပ်ရှားလျက် ရှိခြင်းကြောင့် ကီလိုမီတာ ၁၀၀၀ ကျော် ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပြန်လည်သက်ဝင် လှုပ်ရှားပြီး အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေ ရှိသည့်အတွက် ယင်းပြတ်ရွေ့အပေါ် တည်ရှိနေသည့် မြို့ကြီးများမှာ ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ၎င်းက ပြောဆိုသည်။

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ငါးရက်အတွင်း ၈ ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

အမြန်လမ်းပေါ်တွင် နိုဝင်ဘာ ၁၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သောကြောင့် ငါးရက်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက်ဘင်္ဂါလီတစ်ဦး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲဖမ်းဝရမ်းထုတ်ပြန်

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးတစ်ဦးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း The Nation သတင်းဌာနက ရေးသားဖော်ပြသည်။

အသက်(၅၃)နှစ်အရွယ် သန်းဝင်း(ခေါ်) ဟာဆန်းကို ထိုင်း နိုင်ငံတောင်ပိုင်းရှိ အစွန်းရောက် အကြမ်းဖက်သမားများနှင့်ဆက် သွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန် ကြံစည်မှုဖြင့် နိုဝင် ဘာ ၇ ရက်က ဖမ်းဝရမ်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ပန်ကြားပေးရန်နှင့် အပစ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် ပါဝင်ရန် အိုဘားမားကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

 တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေး ထိုးရာတွင် အသိ သက်သေအဖြစ် ပါဝင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြန်မာအစိုးရသို့ ပန် ကြားပေးရန် အမေရိကန်သမ္မတ အိုဘားမား ထံ ကချင်အဖွဲ့အစည်း များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်း ၂၈ ခုက တိုက်တွန်း လိုက် သည်။

အမေရိကန် အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဖြစ်သည့်

အစိုးရ၀န်ထမ်း လစာတိုးမြှင့်ရေး အရေးကြီးအဆို တင်သွင်း

Photo: အစိုးရ၀န်ထမ်း လစာတိုးမြှင့်ရေး အရေးကြီးအဆို တင်သွင်း
Thursday, November 13, 2014

လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုမှာ ထည့်သွင်းထားတဲ့ အကြောင်းအရာတွေ များလွန်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးဖို့မှာ အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျမအနေနဲ့တော့ ခွဲခြားပြီးတော့ ဆွေးနွေးပြီးတော့ အဆိုတင်သွင်းမှ လွှတ်တော်အနေနဲ့ မှန်မှန်ကန်ကန် တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်ပါတယ်၊ အကြောင်းအရာ ၃ ခုကို ကျမဆိုလိုချင်တာက ဘာလဲဆိုတော့ တစ်ခုကတော့ ဝန်ထမ်းများရဲ့လစာပါ၊ နောက်တစ်ခုက ဥပဒေများ ထုတ်ပြီးတဲ့အခါမှာ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများကို အချိန်မီထုတ်ပြန်ရေးကိစ္စပဲ၊ နောက်တစ်ခုကတော့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေပါ၊ ဒီ ၃ ခုက အကြောင်းအရာတူတာ မဟုတ်ပါဘူး၊ ဒါကြောင့် ဒီ ၃ ခုစလုံးကို တခါတည်း အဆို ၁ ခုထဲမှာ ထည့်လိုက်တဲ့အခါကျရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့ရာ အင်မတန်ခက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပေမဲ့ ဒီအဆိုကို အကြောင်းအရာ ၃ ခုအပေါ်မှာ အခြေခံပြီးတော့ ခွဲခြားပြီးတော့ ဆွေးနွေးတာဟာ သင့်တော်မယ်ထင်လို့ တင်ပြခြင်းဖြစ်ပါတယ်"

ဦးဇော်မြင့်ဖေ တင်သွင်းတဲ့အဆိုမှာ အလုပ်သမားအတွက် သင့်တင့်မျှတတဲ့ အနိမ့်ဆုံးလုပ်ခလစာရရှိဖို့ လိုအပ်တဲ့နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေးဖို့၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး၊ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်သတ်မှတ်ပေးဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ပြင်ဆင်သတ်မှတ်ပေးလည်း အရေးကြီးအဆိုမှာ ထည့်သွင်းတင်ပြခဲ့ပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

RFA
လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုမှာ ထည့်သွင်းထားတဲ့ အကြောင်းအရာတွေ များလွန်းတာကြောင့် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ဆွေးနွေးဖို့မှာ အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား


ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ် -
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။   နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် အချက်သုံးချက်ကို ပြောကြားခဲ့သည် ဒုတိယအချက်အနေဖြင့် မြန်မာ့အရေးကို ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။   “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုရေးအတွက် မှတ်ကျောက်အတင်ခံမယ့်အချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက် သင့်ပါတယ်။

(၂၅) ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး မလေးရှားကိုယ်စားလှယ်အဖွဲ့ အချိန်မီရောက်မလာ၍ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ အစည်းအဝေး စတင်ခဲ့ရ

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးမျက် နှာစုံညီအစည်းအဝေးစတင်ချိန်တွင် မလေး ရှား ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ အချိန်မီရောက် မလာသောကြောင့် ၁၅ မိနစ်ခန့်စောင့် ဆိုင်းပြီးမှ အစည်းအဝေး စတင် ခဲ့ရကြောင်း သိရသည်။

မူလက အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီအချိန်တွင် စတင်ရန် စီစဉ်ထားပြီး အစည်းအဝေးတက်မည့် အာဆီ ယံခေါင်းဆောင် အားလုံး အစည်းအဝေးခန်း အတွင်း ရောက်ရှိနေရာ ယူပြီးချိန်အထိ မလေး ရှားကိုယ်စားလှယ်အဖွဲ့ ရောက်မလာသော ကြောင့် ရောက်ရှိလာချိန်အထိ စောင့်ဆိုင်းပြီး မှ စတင်ခဲ့ရခြင်း ဖြစ်သည်။

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်

Photo: အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်
Wednesday, November 12, 2014

 အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အိုဘားမား ပြန်ရောက်လာ ချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုံ့နှေးရပ်ဆိုင်းနေခြင်းကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပြ ဝေဖန်လျက်ရှိကြသည်။ နေပြည်တော်သို့ ရောက်ရှိပြီးနောက် သမ္မတဦးသိန်းစိန်တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင်ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။

7 Day Daily

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များအား နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ဧည့်ခံသည့် ညစာစားပွဲတွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာ ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာ ခေါင်းဆောင် ၁၈ ဦး လာရောက်ရာတွင် အိုဘားမားက နောက်ဆုံးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် ရောက်ရှိခဲ့စဉ်က ရန်ကုန်မြို့သို့သာ ရောက်ရှိခဲ့ခြင်းဖြစ်၍ အိုဘားမားသည် နေပြည်တော်သို့ ပထမဆုံးအ ကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Wednesday, November 12, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်း စင်တာ(၁)ခန်းမတွင် အစီအစဉ် ၁၁ ရပ်ဖြင့် ကျင်းပမည်

(၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေးများ နိုဝင်ဘာ ၁၂ရက်တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန် ဗင်းရှင်းစင်တာ(၁) ခန်းမတွင် အစီ အစဉ် ၁၁ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက် နံနက် ၈နာ ရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ ရောက် ရှိမှုကို တစ်ဦးချင်း ကြိုဆိုခြင်းကို Main Lobby ၌ ကျင်းပမည်ဖြစ် သည်။

ရန်ကုန်မြို့တော်ကို အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

Photo: ရန်ကုန်မြို့တော်ကို  အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် အရေးပေါ် လုံခြုံရေး တိုးမြှင့်မှုအတွက် ရဲတပ်ဖွဲ့ အင်အား နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ပြီး အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုမှ တပ်ဖွဲ့ခွဲများ၊ အထူးစုံစမ်းရေးအဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် ရဲတပ်ဖွဲ့တို့ရှိ မိုင်းရှင်းလင်းရေး တပ်ဖွဲ့များ၊ မြို့နယ်     အထွေထွေ အုပ်ချုပ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“၂၄ နာရီ လုံခြုံရေးကို နိုဝင်ဘာ ၇ ရက်နေ့ကတည်းက စတင်ခဲ့တာ၊ ရန်ကုန် လေဆိပ်မှာ အင်တာပို အဖွဲ့နဲ့ ပူးပေါင်းပြီး ၉ ရက်နေ့ ကတည်းက အမြင့်ဆုံး လုံခြုံရေးအဆင့် စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို သံရုံး၊ ဟိုတယ်၊ မိုတယ်တွေနဲ့ မြို့ဝင် မြို့ထွက် ကားဂိတ်၊ သင်္ဘောဆိပ်တွေပါမကျန် နေရာပေါင်းစုံမှာ ရဲအင်အား အပြည့်နဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်၊ လုံခြုံရေးကိစ္စမို့ အသေးစိတ်ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာတော့ ပြောလို့ မဖြစ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားချိန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအတွင်း ဧည့်စာရင်း စစ်ဆေးမှုများအပြင် ဒေသန္တရ လုံခြုံရေးအတွက် စားသောက်ဆိုင်များနှင့် KTV ဆိုင်များ ကို ည ၁၀ နာရီ နောက်ပိုင်း ဆိုင်ပိတ်ရန် မှာကြားထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

“အကြမ်းဖက်သမားတွေ ဝင်လာလို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်တယ်ဆိုတာ မဟုတ်ပါဘူး၊  နိုင်ငံ့ခေါင်းဆောင်ကြီးတွေ လာရောက်မှာမို့လို့ အနီရောင်အဆင့် လုံခြုံရေး သတ်မှတ်ထားတာ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။ 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်မည့် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား ခရီးစဉ် လုံခြုံရေးအတွက် လမ်းကြောင်းများ ရှင်းလင်းရေး ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်း၊  ရန်ကုန်မြို့တော်သို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် ရဲမှူးကြီးများက အနီးကပ် လုံခြုံရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လူဦးရေ အများဆုံး နေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာက ပြဿနာမျိုးစုံ၊ မှုခင်းဖြစ်ရပ်မျိုးစုံ မကြာခဏ ဖြစ်ပွားပေမယ့် အဆိုးဆုံး အခြေအနေထိ ဖြစ်မသွားရအောင် သက်ဆိုင်ရာ အဖွဲ့တွေက အချိန်ပြည့် ကြိုတင်ကာကွယ်မှုနဲ့ တားဆီး နှိမ်နင်းမှုတွေကို အသင့်အနေအထား ဆောင်ရွက်ထားပါတယ်၊ အခုလို နိုင်ငံ လုံခြုံရေးအဆင့် ဆောင်ရွက်နေချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွက် လုံခြုံရေးအင်အားက အပြည့်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ လုံခြုံရေးရဲအင်အား၊ ရဲတပ်ရင်း (၇) ခုမှ ရဲအင်အားတို့ စုပေါင်းလျှင် ရဲတပ်ဖွဲ့ဝင် သုံးသောင်းနီးပါး ရှိကြောင်း၊ အနီရောင်အဆင့် လုံခြုံရေးကာလအတွင်း တပ်မတော် (လေ) မှ နေ့စဉ် ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ်များအနှံ့ လုံခြုံရေး လှည့်ကင်းများ ဆောင်ရွက်ရာတွင် အသွင်ယူ စုံစမ်းစစ်ဆေးမှုများပါ ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ လုံခြုံရေးနှင့် ကွပ်ကဲမှူးရုံးထံမှ သိရှိရသည်။
အမေရိကန်နိုင်ငံ သမ္မတဘားရက် အိုဘားမား အပါအဝင် အာဆီယံထိပ်သီး အစည်းအဝေးမှ ခေါင်းဆောင်များ ရန်ကုန်မြို့တော်သို့ လာရောက်မည့် ခရီးစဉ် ရှိသဖြင့် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးကို အနီရောင်အဆင့် သတ်မှတ်ပြီး အရေးပေါ် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်

Photo: မြန်မာနိုင်ငံမှ ဘင်္ဂါလီတစ်ဦးအား အစ္စလာမ်အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်းထုတ်ပြန်
Wednesday, November 12, 2014

မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

၎င်း၏အမည်မှာ သန်းဝင်း (ခေါ်) ဟာဆန် ဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်ကာ ထိုင်းတောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေခြင်း ကြောင့် ထိုင်းအစိုးရက နိုဝင်ဘာလ (၇) ရက်နေ့က ဖမ်းဝရမ်းစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

သန်းဝင်း (ခေါ်) ဟာဆန်မှာ ၎င်း၏ ပုံပန်းသဏ္ဍန်ကိုပြုပြင်ရန်အတွက် ထိုင်းနိုင်ငံတွင် ပလတ်စတစ် ဆာဂျီ ပြုလုပ်ရန် စီစဉ်နေသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန်ကြံစည်နေသူ ဖြစ်ကြောင်းနှင့် ယခုအခါတွင် ၎င်းအား ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းအား မြို့ပြရဲတပ်ဖွဲ့များနှင့် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ ဖြန့်ဝေပြီးဖြစ်ကြောင်းကို The Nation သတင်းစာတွင်ဖော်ပြထားပါသည်။

သန်းဝင်း(ခ) ဟာဆန် (၅၃) နှစ်မှာ ဘင်္ဂါလီလူမျိုး အစ္စလာမ်ဘာသာ ၀င်တစ်ဦးဖြစ်ပြီး မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ ၀င်များနှင့် ဆက်သွယ်မှု၊ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရေး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန်ကြံစည်မှု၊ မွတ်စလင်အစွန်းရောက်များအား ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ တွင် စစ်သင်တန်းများပေးရန် ကြံစည်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေသူတစ်ဦး ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ 
အဆိုပါ သန်းဝင်း (ခ) ဟာဆန်မှာ ယခင်က မြန်မာနိုင်ငံရှိ မြစ်ကြီးနားမြို့ တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု အခါတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရာမှ ထိုင်းနိုင်ငံအစိုးရ၏ ဖမ်းဝရမ်းထုတ်ပြန်ခြင်းကို ခံခဲ့ရသူ တစ် ဦးဖြစ်ကြောင်း သိရှိရပါသည်။

နေလင်း
မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအား ထိုင်းနိုင် ငံတောင်ပိုင်း ရှိ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှု၊ မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံအစိုးရ မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်းကို ထိုင်းနိုင်ငံရှိ ယနေ့ထုတ် The Nation သတင်းစာမှ ထုတ်ပြန်ကြေငြာခဲ့ ကြောင်း သိရှိရပါသည်။

အဝေးသင်စာရေးမ မသမာမှုကြောင့် မအူပင်ကျောင်းသူများ စာမေးပွဲမဖြေဘဲ နေရပ်ပြန်

မအူပင် တက္ကသိုလ်မှ အဝေးသင် ကျောင်းသား ကျောင်းသူ(၂၀)ခန့် စာမေးပွဲမဖြေဘဲ နေရပ်ပြန် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင် တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ (၂၀) ခန့်မှာAsssignment များကို သက်ဆိုင်ရာ တာဝန်ယူထားသူက မတင်ပေး သဖြင့် စာမေးပွဲ မဖြေတော့ဘဲ နေရပ်သို့ ပြန်သွား ကြကြောင်း သိရသည်။

မအူပင် အဝေးသင် တက္ကသိုလ်တွင် ဖြေဆိုမည့် (Gerography,Myanmar, History) အထူးပြု ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ခန့်၏ Assignment များကို သက်ဆိုင်ရာ တာဝန်ယူ ထားသူက ယနေ့ အချိန်အထိ တင်ပေးခြင်း မရှိသဖြင့် အချို့ ကျောင်းသားများ စာမေးပွဲ မဖြေဆိုတော့ ဘဲ နေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်။

MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို

Photo: MPT သုံးစွဲသူများအား ၀န်ဆောင်မှုအသစ်များ ချပေးမည်ဟု ဆို
Wednesday, November 12, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံ သစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး အိမ်နီးချင်းငါးနိုင်ငံအနက် အများဆုံးဖြစ်ကာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ လုံလင်ခရိုင်အကြား သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းသို့ RSO ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိနေဟု သတင်းထွက်ပေါ်မှုမှာ စိုးရိမ်စရာမရှိကြောင်း ရဲဌာနချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး ရောက်ရှိ နေသည့် သတင်းထွက် ပေါ်နေ မှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့ သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေး သမားလေးဦးကို အမြန်ဆုံး ဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံး ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။