Thursday, June 11, 2015

တရုတ် နည်းပညာ ဘီလူးကြီး ပိုင်တု (Baidu) က ဂူးဂဲလ်၏ ခြေရာကို လိုက်နင်း၍ မောင်းသူမဲ့ကား ထုတ်လုပ်မည်

 နည်းပညာ ကုမ္ပဏီကြီး ဂူးဂဲလိ၏ ခြေရာကို လိုက်နင်းသည့်အနေဖြင့် တရုတ် ရှာပုံတော် အင်ဂျင်ဘီလူးကြီး ပိုင်တု(Baidu)က မောင်းသူမဲ့ကားကို တီထွင်ရန် စီစဉ်နေသည်ဟု ပြည်တွင်း မီဒီယာသတင်းများအရ သိရသည်။အီးရောင်းဝယ်ရေးကုမ္ပဏီ Alibaba နှင့် မက်ဆေ့ခ်ျ ဆော့ဖ်ဝဲ ထုတ်လုပ်သည့် Tencent အပါအဝင် တရုတ်နည်းပညာ ကုမ္ပဏီများက ကားများ ထုတ်လုပ်ရန် စီမံကိန်းများကို အသီးသီး ကြေညာလိုက်သောကြောင့် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်အတွင်းရှိ သမားရိုးကျ ကားထုတ်လုပ်သူ များမှာ လန့်ဖျပ်နိုးကြားကုန်ကြသည်ဟု ဆိုသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက အသုံးအဆောင်ပစ္စည်များဖြင့် အလဲအလှယ်လုပ်ကာ ဆင်းရဲသည့် အမျိုးသမီးများထံမှ သွေးသားကာမဆန္ဒကို ရယူ

ကမ္ဘာကို ကူညီပေးရေးဆိုကာ ဖွဲ့စည်းထားသည့် ကုလသမဂ္ဂမှ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက ၎င်းတို့ လုပ်ငန်းများ ဆောင်ရွက်ရာ နိုင်ငံများတွင် အသုံးဆောင်ပစ္စည်များဖြင့် အလဲအလှယ်ပြုလျက် ဆင်းရဲသော အမျိုးသမီးများထံမှ လိင်ဆန္ဒသွေးသား ဖြေဖျော်မှုကို ခံစားရယူ ပျော်ပါးနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာကြမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ဌာနေတွင်း စောင့်ကြည့်ရေးဌာန (OIOS) က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဟေတီနှင့် လစ်ဘေးရီးယားနိုင်ငံတို့မှ ရာနှင့်ချီသော အမျိုးသမီးများမှာ အစားအစာနှင့် ဆင်းရဲမှု အကျပ်အတည်းတို့ကြောင့် သွေးသားကာမကို ငွေကြေးပစ္စည်း အသုံးအဆောင်များဖြင့် ငြိမ်းချမ်းရေး ထိန်းရေးသမားထံတွင် လဲလှယ်ရောင်းချခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

အီရတ်သို့ စစ်ရေးအကြံပေးများ ပို၍ စေလွှတ်မည်ဟု အိမ်ဖြူတော်ထုတ်ပြန်

အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် အီရတ်လေ့ကျင့်ရေး တပ်ဖွဲ့များအတွက် ပိုထိရောက်စွာကူညီနိုင်ရန် စစ်ရေးအကြံပေး ၄၅၀ အထိ စေလွှတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီ၏ မေတ္တာရပ်ခံတောင်းဆိုချက်ကြောင့် သမ္မတအိုဘားမားက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ရေးအကြံပေးတပ်ဖွဲ့ကို အန်ဘာပြည်နယ်ရှိ Taqaddum စစ်အခြေစိုက်စခန်းတွင် ဖြန့်ကျက်ပေးမည် ဖြစ်သည်။

ကုန်သွယ်ရေး ပိုလျှံမှုက ဝယ်လိုအား ကျဆင်းလာမှုကို ဖော်ပြနေ


တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်ရေး ပိုလျှံမှုမှာ ပြီးခဲ့သည့်လက သိသိသာသာမြင့်တက်လာခဲ့သောကြောင့် ဈေးကွက်အတွင်း ကျောက်မီးသွေး၊ ရေနံနဲ့ သံရိုင်းကဲ့သို့ လူသုံးကုန်ပစ္စည်း ဝယ်လိုအားမှာ ဆက်လက်ကျဆင်းခဲ့သည်။
နိုင်ငံ၏ ပို့ကုန်မှာ နှစ်စဉ် ၂ ဒသမ ၈ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ မေလက ယွမ်ငွေ ၁ ဒသမ ၁၇ ထရီလီယံ (ကန်ဒေါ်လာ ၁၉၁ ဘီလီယံ)အထိ ရောက်ရှိသွားခဲ့သည်။ ယင်းပမာဏမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်လာသော်လည်း စီးပွားရေးအပေါ်မှာ ဖိအားပေးနေဆဲဖြစ်ကြောင်း အထွေထွေ အခွန်ကွပ်ကဲမှုဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဇွန် ၂၇ ရက်တွင် စတင်တည်ထောင်မည်

နတ်မောက်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကျင်းပပြီး ကျန်သည့်အလှူငွေ သိန်း ၁,၂၀၀ ဝန်းကျင်ဖြင့် မတည်ကာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကို ဇွန် ၂၇ ရက်တွင် စတင်တည်ထောင် သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီဗိုလ်ချုပ်အောင်ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ကြိုးစားတာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ပြီးကတည်းက စီစဉ်နေတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဇွန် ၂၇ ရက်နေ့မှာ ရှင်းလင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ထောင်ကျနေသည့် တရုတ် နိုဘယ်ဆုရှင်ကို လွှတ်ပေးမည် မဟုတ်ဟု တရုတ်အစိုးရ ပြောကြား

၎င်း၏ နိုဘယ်ဆုရဖက် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိလာခဲ့သည့်အတွက် ထောင်ဒဏ်ကျခံနေရသော နိုဘယ် ငြိမ်းချမ်းရေးဆုရှင် လျူ ရှောင်ပို (Liu Xiaobo) အား ချမှတ်ထားတဲ့ ပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲ ရန် အကြောင်းမရှိဟု တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
တက်ကြွလှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ ခရီးစဉ်အတွင်းတွင် လျူကို ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ စကားအချို့ပြောကြားရန် တနင်္ဂနွေနေ့အထိ တရုတ်နိုင်ငံတွင် ရှိနေမည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးနေကြသည်။ လျူအကြောင်း တစ်စွန်းတစ်စ ဖော်ပြခြင်းသည်ပင်လျှင် အာဏာရ ကွန်မြူနစ်ပါတီကို အရှက်ရသွားစေနိုင်သည်။

Wednesday, June 10, 2015

ဆယ်ကျော်သက်များကို သေနတ်ဖြင့်ချိန်သည့် တက္ကဆက်စ် ရဲတပ်ကြပ် ရာထူးမှ နုတ်ထွက်


တက္ကဆက်ရှိ ရေကူးကန်ဘေး ပါတီပွဲတစ်ခုတွင် ဆယ်ကျော်သက် လူငယ်များကို သေနတ်ဖြင့် ချိန်ခဲ့သည့် အမေရိကန် ရဲတပ်ကြပ်သည် ယခုအခါ ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။
 အသက် (၄၁) နှစ်အရွယ် ရဲတပ်ကြပ် အဲရစ် ကေ့စ်ဘော့တ်သည် လူမည်း မိန်းကလေး တစ်ဦးကို လုံးထွေးဖမ်းဆီးကာ မြေပေါ်သို့ အကြမ်းပတမ်း တွန်းလှဲခဲ့သလို ယင်းကို ကန့်ကွက်သည့် ဆယ်ကျော်သက် လူငယ်များကို သေနတ်ထုတ်ပြီး ချိန်ရွယ်ခဲ့ကြောင်း ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများတွင် တွေ့ရှိခဲ့ရသည်။

မျှော်ရပါသည် သာယာဝတီမှ အပြန်နေ့များဆီ


ဇွန်လ ၂ ရက် မွန်းလွဲ၁နာရီ သာယာဝတီမြို့နယ်တရားရုံး။
သာယာဝတီမြို့နယ်တရားရုံး တရားခွင်တစ်ခုတွင် သာမန်တရားခွင်ထက် လူဦးရေ အဆမတန်ပိုများနေသည်။ အကြောင်းမှာ ပညာရေးဥပဒေသပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာမို့ တရားစွဲခံရသူတွေကလည်း အစုလိုက်အပြုံလိုက်။ ၎င်းတို့၏ ဆွေးမျိုးသားချင်း မိဘဆွေမျိုး မိတ်ဆွေများနှင့် သတင်းရယူကြမည့် မီဒီယာသမားများလည်း ရောက်လာကြတာမို့ တရားခွင်က မစည်ကားသင့်ဘဲ စည်ကားနေလေသည်။

လွှတ်တော်အသံက ဘယ်သူ့အသံလဲ

‘‘သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက်များအားလည်း လွှတ်တော်အနေနှင့် ခံယူသွားမည်’’ အဆိုပါ စကားစုလေးသည် လွန်ခဲ့သည့် လေးနှစ်ကျော်အချိန် လွှတ်တော်အစည်းအဝေးများသို့ ပြင်ပသတင်းမီဒီယာများ စတင်သတင်းရယူခွင့်ပြုခဲ့စဉ်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူထားသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့ခြင်းပင်။

အိန္ဒိယ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေထုတ်ပေးသွားရန် စီစဉ်

အိမ်သာအသုံးပြုခြင်းကို အားပေးသည့်အနေဖြင့် အိန္ဒိယနိုင်ငံရှိ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေကြေးပေးချေမည့် အစီအစဉ်တစ်ရပ် စတင်သွားမည်ဟု သိရသည်။
 အာမက်ဒါဘက်မြို့၏ မြူနီစီပယ် အဖွဲ့က မြို့အတွင်းရှိ အများသုံးအိမ်သာ ၆၇ လုံးတွင် ဝန်ထမ်းများ စောင့်ကြပ်နေပြီး အိမ်သာဝင်ရောက် အသုံးပြုသူများကို ငွေကြေး တစ်ရူပီးစီ ပေးချေသွားမည်ဟု ကြေညာခဲ့သည်။ ယင်းအစီအစဉ်သည် စည်းမဲ့ကမ်းမဲ့ဖြင့် လမ်းဘေးနေရာများတွင် အပေါ့စွန့်ခြင်း၊ အလေးသွားခြင်းများကို လျော့ပါးသွားစေမည်ဟု တာဝန်ရှိသူများက ယုံကြည်ထားသည်။

အီရတ်သို့ အမေရိကန်တပ်ဖွဲ့များ တိုးမြှင့် စေလွှတ်ဖွယ်ရှိ

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန်တိုက်ခိုက်နေသည့် စစ်ပွဲတွင် အီရတ်တပ်များကို အဆင့်မြှင့်တင် သင်တန်းပေးရန်အတွက် စစ်သည် ရာဂဏန်းမျှ ထပ်မံစေလွှတ်ရန် အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိသည်။
 သမ္မတ ဘားရတ်အိုဘားမား အနေဖြင့် အိုင်အက်စ်တို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန် မြေပြင်တပ်များ ပါဝင်တိုက်ခိုက်ရန် တောင်းဆိုမှုများကို တောက်လျှောက် ငြင်းဆိုခဲ့သည်။ သို့သော်လည်း အီရတ်စစ်တပ်များကို သင်တန်းပေးရန်အတွက် မရိန်းတပ်ဖွဲ့များ အပါအဝင် အမေရိကန် စစ်မှုထမ်းများကိုမူ စေလွှတ်ပေးထားသည်။

ယူကရိန်း စစ်စခန်းအနီး ဆီလှောင်ကန်များ မီးကူးစက်လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရ

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ရှိ အဓိက စစ်အခြေစိုက်စခန်းတစ်ခုမှ လောင်စာဆီကန်များ မီးလောင်ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အပြင်းအထန် အားထုတ် ကြိုးစားနေရကြောင်း သတင်းရရှိသည်။ Mig-29 တိုက်လေယာဉ်များနှင့် ဒုံးကျည်များ ထားရှိရာ အဆိုပါ စစ်စခန်းတွင် ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း ကယ်ဆယ်ရေးနှင့် မီးသတ်သမား ၃ ဦး ဇွန်လ ၉ ရက်က သေဆုံးခဲ့သည်။ ထို့အပြင် ဆီလှောင်ကန် အလုပ်သမား တစ်ဦးလည်း သေဆုံးရာ အနည်းဆုံး အသေအပျောက် ၄ ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။

Germanwings လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်းများ ပထမအသုတ်အဖြစ် ဂျာမနီသို့ ရောက်ရှိ

ခေါင်းတလားများကို တင်ဆောင်သွားသည့် လေယာဉ်ကိုတွေ့ရစဉ်
မတ်လအတွင်းက အဲ့လ်ပ်စ် တောင်တန်းဒေသတွင် ပျက်ကျခဲ့သည့် Germanwings လေယာဉ်မှ သေဆုံးသူ ခရီးသည် ၄၄ ဦး၏ ရုပ်အလောင်းများကို ဂျာမနီသို့ စတင်သယ်ဆောင်လာနိုင်ပြီဟု သိရသည်။
 Germanwings၏ မိခင်ကုမ္ပဏီဖြစ်သည့် ဂျာမန်ပိုင် Lufthansa လေကြောင်းလိုင်းက ၎င်းတို့၏ ကုန်တင်လေယာဉ် တစ်စီးပေါ်တွင် ခေါင်းတလားများကို တင်ဆောင်ကာ မာဆေးလ်မြို့မှ ဂျာမနီနိုင်ငံ၊ ဒူဆယ်လ်ဒေါ့ဖ်မြို့သို့ ဇွန်လ ၉ ရက်တွင် စတင်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ရုပ်အလောင်းများကို သင်္ဂြိုဟ်နိုင်ရန် မိသားစုများထံ လွှဲအပ်သွားမည် ဖြစ်သည်။

သံသယအကြည့်များကို တောက်ပသောခြေစွမ်းဖြင့် ဖြတ်ကျော်ခြင်း


နာမည်ကြီးဘောလုံးသမားများ မပါဝင်သည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင်   မြန်မာ ယူ-၂၃အသင်းက ပြိုင်ပွဲမတိုင်မီရေပန်းမစားခဲ့သော်လည်း အုပ်စုပွဲစဉ်များ၌ တစ်ပွဲချင်းအလိုက်ခြေစွမ်းနှင့်ရလဒ်ကောင်းများ ဖန်တီးပြီး ပရိသတ်များ၏ အားပေးမှုကို အမိအရဖမ်းဆုပ်ပြနေလေပြီ။
 စင်ကာပူနိုင်ငံက လက်ခံ ကျင်းပနေသည့် ၂၀၁၅ ဆီးဂိမ်းအ မျိုးသားဘောလုံးပြိုင်ပွဲတွင်အုပ်စု (က)၌ ပါဝင်သည့် မြန်မာ ယူ-၂၃ အသင်းသည် အင်ဒိုနီးရှား၊ စင်ကာ ပူ၊ ဖိလစ်ပိုင်အသင်းများကို အနိုင်ရရှိကာသုံးပွဲဆက်အနိုင်ရလဒ်ဖြင့်လက်ကျန်တစ်ပွဲ ကျန်ရှိသေးသော် လည်း အကြိုဗိုလ်လုပွဲသို့တက် ရောက်ခွင့်ရရှိထားပြီဖြစ်သည်။

Tuesday, June 9, 2015

မိန်းမဘဝသို့ ကူးပြောင်းထားသူ ဘရုစ်ဂျန်နာကို သားသမီးများက အဖေလို့သာ ခေါ်နေဆဲဖြစ်


ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်၏ ပထွေးဖြစ်သူ ဘရုစ်ဂျန်နာသည် မိန်းမဘဝသို့ ကူးပြောင်းခဲ့ပြီး နာမည်ကို ကိတ်လန်ဂျန်နာ အဖြစ်ပြောင်းကာ ဇူလိုင်လထုတ် Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးတွင် ပါဝင်ခဲ့ပြီး ၎င်းမိန်းမဘဝသို့ ကူးပြောင်းသွားသည့် အကြောင်းကို ကမ္ဘာတစ်ဝှမ်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ချပြသခဲ့သည်။

ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲအား ထုတ်လွှင့်ခဲ့ခြင်းအပေါ် ရုပ်သံအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ် တောင်းဆို

မော်ရိုကို ရုပ်သံလွှင့်ဌာန တစ်ခုသည် ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲတစ်ခုအား ထုတ်လွှင့်ခဲ့ရာ၊ ထိုကိစ္စအပေါ် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကိုဝန်ကြီးချုပ် Abdelilah Benkirane က တောင်းဆိုလိုက်သည်။“မသင့်လျော်”၊ “တဏှာရာဂ နှိုးဆွပေးသည်”၊ “ဂုဏ်သရေပျက်စေသည်” စသော စကားလုံးများဖြင့် ဂျနီဖာလိုပက်(ဇ်)၏ သီဆိုကပြဖျော်ဖြေမှုအား မော်ရိုကို ဝန်ကြီးချုပ်က ဝေဖန်ရှုတ်ချခဲ့ကာ ထိုဆိုးဝါးသော လုပ်ရပ်နှင့် ပတ်သတ်၍ တာဝန်ရှိသူများအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အက်ပဲလ် ဂီတတံခါးကို ဖွင့်ဖို့ပြင်


Apple သည် Spotify ၊ Pandora နှင့် အခြား ထူထောင်ခိုင်မာပြီးသား ဂီတ ဝက်ဘ်ဆိုက်ကြီးများကို စိန်ခေါ်မည့် iPhone ထုတ်လုပ်သူဖြစ်ရာ ၎င်း၏ သြဇာအပေါ်တွင် အခြေခံတည်ဆောက်ထား သည့် အဆင့်မြင့် ဂီတဝန်ဆောင်မှု တစ်ခုကို ချပြမည် ဖြစ်သည်။
၂၀၀၃ ခုနှစ် ပထမဆုံး ပွဲထွက်လာကတည်းက iTunes ကို အကြီးမားဆုံး ပြင်ဆင်ထားသည့် ယင်းဝန်ဆောင်မှုမှာ လစဉ်ကြေး ၁၀ ဒေါ်လာမျှဖြင့် တေးဂီတကို နားဆင်နိုင်သည့် အခွင့်အရေးလည်း ပါဝင်နေသည်။

အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းသင့်လှသည့် လူကုန်ကူးမှုများ

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၆ မှု ဖြစ်ပွားခဲ့ရာမှာ  ရှမ်းပြည်နယ်တွင် ၁၅ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၆ မှုစီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၅၆ မှုတွင် လူကုန်ကူးခံရသူ ၁၉၄ ယောက်အနက် ၁၅၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၄၂ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မ လက်ထပ်ရန် ၃၁ မှု၊ အဓမ္မခိုင်းစေရန် ၁၆ မှု၊ ပြည့်တန်ဆာ ပြုရန် ၈ မှု၊ မွေးစားရန်  တစ်မှု တို့ ဖြစ်ကြသည်။

လက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခံရသည့် ကလေးငယ် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့

 မော်ရိုကိုမှ စပိန်နိုင်ငံတွင်းသို့ ခရီးသွားလက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခြင်းခံရသည့် အိုင်ဗိုရီကို့စ်နိုင်ငံသား ရှစ်နှစ်သား ကလေးငယ်သည် ယခုတွင် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့နိုင်ပြီ ဖြစ်သည်။ရှစ်နှစ်သားလေး အက်ဒ်ဒူးအော့တာရာကို စပိန်နယ်ခြားမြို့ ကူတာမြို့လေဆိပ်တွင် ပြီးခဲ့သည့်လက လက်ဆွဲသေတ္တာတွင်း ထည့်သွင်း မှောင်ခိုသွင်းခြင်းခံရခြင်းဖြစ်ပြီး ထိတ်လန့်ဖွယ်အခြေအနေကို ယင်းကလေးငယ်က ပြန်ပြောင်းပြောဆိုသည်။

နည်းပြ မွန်တဲလားကို ဖီအိုရင်တီးနားအသင်း ရာထူးမှ ထုတ်ပယ်

နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဖီအိုရင်တီးနားအသင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။ မွန်တဲလား၏ လက်ရှိစာချုပ်မှာ ၂ နှစ် ကျန်ရှိနေသေးသော်လည်း လေးစားမှုကင်းမဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖီအိုရင်တီးနားအာဏာပိုင်များက ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။မွန်တဲလားသည် ဖီအိုရင်တီးနားအသင်းကို အဆင့် ၄ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အေစီမီလန်အသင်းနှင့် နာပိုလီအသင်းတို့နှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

မားစ်ရောဂါ မကူးစက်စေရန် တောင်ကိုရီးယား ခရီးသွားများကို အဓိကစစ်ဆေးနေ



မားစ်ကူးစက်မြန် ရောဂါ မြန်မာနိုင်ငံအတွင်း မပျံ့နှံ့ စေရန် လေဆိပ်များတွင် တောင်ကိုရီးယားခရီးသွားများကို အဓိကစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါမားစ်ရောဂါမှာ ပြင်း ထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါဖြစ် သည်။ အရှေ့အလယ်ပိုင်းဒေသ ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ၂၀၁၂ က စတင်ဖြစ်ပွားခဲ့ပြီး အာရှ နိုင်ငံများဖြစ်သည့် တရုတ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံအပါအ၀င် ကမ္ဘာ့ ၂၅ နိုင်ငံတွင် ကူးစက်ဖြစ်ပွားခဲ့သည်။ လက်ရှိတောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိပြီး သေဆုံးသူများရှိနေ၍ ယခုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်သည်။

အင်းနရစ် ဘာကာတွင် ဆက်ရှိနေမည်ဟုဥက္ကဋ္ဌပြော

 စနေနေ့က ဖလားသုံးလုံးရရှိခဲ့ပြီး အသင်းတွင် ဆက်နေမည်လားဆိုသည်ကို အတိအကျ ပြောရန် နည်းပြ အင်းနရစ်ကငြင်းဆန်သော်လည်း လာမည့်နှစ်တွင် ဘာစီလိုနာတွင် ၎င်းဆက်ရှိနေမည် ဟု ဘာကာဥက္ကဋ္ဌ မာရီယာဘာတို မူက အခိုင်အမာပြောသည်။အင်းနရစ်သည် ဘာစီလိုနာနှင့် ၂ နှစ်ချုပ်ဆိုထားပြီး ပထမတစ် နှစ်ကုန်ဆုံးသွားပြီဖြစ်သည်။ သို့ သော် ၎င်းအား ခန့်အပ်ခဲ့သော အားကစားဒါရိုက်တာ ဇူဘီဇာ ရက်တာ အလုပ်ပြုတ်သွား၍ မပျော်မရွှင်ဖြစ်နေသည်။

မန္တလေးတိုင်းအတွင်း ကိုယ်ပိုင်ကျောင်းသစ် ၃၁ ကျောင်း ထပ်မံဖွင့်ခွင့်ပြု

 မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ခွင့်ပြုရန်လျှောက် ထားသည့် ကိုယ်ပိုင်ကျောင်း ၆၀ ကျော်အနက် ယခု ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းသစ် ၃၁ ကျောင်း ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း    စုံစမ်းသိရှိရ သည်။ကိုယ်ပိုင်ကျောင်းအသစ်ဖွင့် လှစ်ရန် လျှောက်ထားမှုများအ နက် သတ်မှတ်အရည်အချင်းပြည့် မီသည့် ကိုယ်ပိုင်ကျောင်း ၃၁ ကျောင်းကို စမ်းသပ်ကာလတစ်နှစ်အနေဖြင့်    ဖွင့်လှစ်ခွင့်ပြုခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က ပြောသည်။

လာမယ့် ဆယ်နှစ်အတွင်း အိမ်ထောင်ပြုချင်တဲ့ ဘိုအာ

 ကေပေါ့ပ်ကြယ်ပွင့် ဘိုအာက လာမည့် ၁၀ နှစ် အတွင်း ကိုယ်ပိုင်မိသားစုတစ်စုထူထောင်ချင်သည်ဟု ဝန်ခံလိုက်သည်။ ဘိုအာသည် MBC ရေဒီယို Bae ChulSoo's Music Campအစီအစဉ်တွင် အထူးဧည့်သည်တော်အဖြစ်ပါဝင်စဉ် ယင်းသို့ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာလူငယ်များ၏အသံကို ထင်ဟပ်မည့် အခမဲ့ဂီတပွဲတော် ရန်ကုန်တွင် ပြုလုပ်မည်

 မြန်မာနိုင်ငံရှိ လူငယ် များ၏ မျှော်လင့်ချက်အိပ်မက် များ ဂီတဖြင့်ဖော်ထုတ်ပြသမည့် လူငယ်ဂီတပွဲတော်ကို ဇွန်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။
ကမ္ဘာတစ်ဝန်းရှိ ဖယ်ကြဉ်ခံ ထားရသည့် လူငယ်များ၏အသံ ကို ရုပ်ရှင်ဂီတ စသည့်အနုပညာ များဖြင့် တိုးချဲ့မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဂီတပွဲ တော် ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းအစီအစဉ်တွင်    ပါဝင်ကြမည့် လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ရည်မှန်းချက် များကို ဂီတဖြင့်ဖော်ထုတ်ပြသနိုင် ရန် ဆောင်ရွက်ခြင်းဟု Turning Tables မှ မန်နေဂျာ မစ္စတာဒါကို က ပြောသည်။

အမေရိကန် ခရီးစဉ်မြင်ကွင်းတွေ ထည့်သွင်းရိုက်ကူးထားတဲ့ Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး

အမေရိကန်နိုင်ငံတွင်ဒီဗီ ဒီရိုက်ကူးခဲ့သည့် သီချင်းတစ်ပုဒ် အပါအ၀င် သီချင်းသစ်များပါဝင် မည့် Snare အဖွဲ့၏ လိုက်ဖ်ရှိုး ဒီ ဗီဒ်ီအခွေကို မကြာမီဖြန့်ချိပေး မည်ဖြစ်ကြောင်း Snare အဖွဲ့မှ နေ၀င်းက ပြောသည်။
‘‘Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး အခွေဖြန့်ဖို့ရှိတယ်။ အဲဒီအခွေမှာ သီချင်းအသစ်   သုံး၊ လေးပုဒ် လောက်ပါမယ်။ သီချင်းအသစ် တွေအတွက် အမ်တီဗီတွေလည်း ရိုက်နေတယ်။ မိစန္ဒီနဲ့တစ်ပုဒ်ဆို ရင် အမေရိကမှာ ရိုက်လာတယ်’’ ဟု ၎င်းကပြောသည်။
Snare အဖွဲ့၏ ပထမဆုံး တစ်ကိုယ်တော် လိုက်ဖ်ရှိုးဖျော် ဖြေပွဲကို ၂၀၁၄ က ပြုလုပ်ခဲ့ပြီး ယင်း လိုက်ဖ်ရှိုးပွဲကျင်းပစဉ်က မ ပါဝင်ခဲ့သည့် သီချင်းအသစ်များ ကိုပါ ယခုဒီဗီဒီအခွေ၌ ထည့်သွင်း  ထားခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ကမ်းပြို ကာကွယ်ရေး ကျပ်သန်းသုံးထောင်ခန့် သုံးမည်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ရေတိုက်စားခံရခြင်းနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းသုံးထောင်ခန့် သုံးစွဲကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မန္တလေးခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ရေ တိုက်စားခံခဲ့ရပြီး ကမ်းပြိုမှုကြုံတွေ့နေရသည့် ကျေးရွာ ၂၂ ရွာ ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၂,၉၂၀ကျော် သုံးစွဲလုပ်ကိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။

အမုန်းဘယ်လိုဖြေပါ့မယ်

စစ်ပွဲများကြောင့် နေရပ်တိမ်းရှောင်ထွက် ပြေး လာရသူများကို စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်အ နီးကပ်ကူညီပေးနေသူ ကချင် တိုင်းရင်းသူလေး မလွမ်ညယ်တွင် ဗမာလူမျိုးအပေါင်းအသင်းဟူ၍ သိပ်မရှိပါ။
ထို့အပြင် ဗမာလူမျိုးဆိုလျှင် စကားမပြောဖြစ်အောင် ရှောင်တတ်သေးသည်။ ထို့အတွက် သူမတွင် အကြောင်းပြချက် ခိုင်ခိုင်မာမာရှိနေပါသည်။
လွန်ခဲ့သော၂နှစ်ခန့်က စစ် ကြောင့် အစ်ကိုအရင်းဖြစ်သူ၏ အသက်စတေးခဲ့ရသဖြင့် မလွမ်း ညယ်တွင် အနာမကျက်သေးပေ။ ၎င်းနှင့် ထိတွေ့ဆက်ဆံနေရ သော မျိုးနွယ်တူဒုက္ခသည်များထံ မှ ကြားရဖန်များလာသော အဖြစ် ဆိုးများက သူ့ကို ဗမာလူမျိုးများ နှင့် အဝေးဆုံးရောက်အောင် တွန်းပို့ထားသည်။
‘‘ကျွန်မက ဗမာတွေနဲ့ သိပ်မ ပေါင်းဖြစ်ဘူး။ ကင်းကင်းရှင်းရှင်း နေတယ်။ ဗမာတွေကို ကင်း အောင်နေတယ်’’ဟု မလွမ်းညယ် က ဆိုသည်။
လေးနှစ်ပြည့်လာသော် လည်း ယမ်းငွေ့မစဲသေးသည့် က ချင်မြေတွင် စစ်ပွဲအချိန်ကြာမြင့် လာသည်နှင့်အမျှ မလွမ်းညယ်ကဲ့ သို့ပင် ကချင်လူမျိုးအများစုတွင် ဗမာမုန်းတီးရေးစိတ်များ ခို အောင်းလာပါသည်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီး အခွင့်အရေးရုပ်ရှင်များ ပြသမည်

တတိယအကြိမ်ပြုလုပ် မည့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် တွင် နှစ်စဉ်ပြုလုပ်နေကျ ကလေးသူငယ်အခွင့်အရေး ရုပ်ရှင်ပြသသည့် အစီအစဉ်ကိုသာမက အမျိုးသမီးများ၏ အခွင့်အရေး ရုပ်ရှင်ဇာတ်ကားများ ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
‘‘အမျိုးသမီးတွေရဲ့ အခွင့် အရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား ငါးကားပါတယ်။ အင်မတန်လည်း ထူးခြားပါတယ်။ ဒါပေမဲ့ အဲဒီကားတွေက ပြိုင်ပွဲဝင်ကား တွေတော့ မဟုတ်ပါဘူး’’ဟု ၎င်း က ပြောသည်။
ယင်းဇာတ်ကားများမှာ အ ရည်အသွေးအားဖြင့် ကောင်းသ လို အမျိုးသမီးများ အိမ်တွင်းအ ကြမ်းဖက်မှုခံရခြင်း၊ အဖွဲ့အစည်းများက အနိုင်ကျင့်ခြင်း၊ ခင်ပွန်း ဖြစ်သူက အနိုင်ကျင့်ခြင်း၊ ချစ်သူရည်းစားက အနိုင်ကျင့်ခြင်း စ သည့် အကြောင်းအရာမျိုးစုံကို ပုံဖော်ထားကြောင်း ၎င်းက ဆို သည်။

လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ယူမှု မသမာမှုများကြောင့် လယ်သမားများနစ်နာနေ

အစိုးရဘဏ်မှ ချေးငွေ ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇)ထုတ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မသမာမှုများကြောင့် လယ်သမား များ လယ်မြေပိုင်ဆိုင်ခွင့်များပါ ဆုံးရှုံးခဲ့ရသည်ဟု တောင်သူလယ် သမားထံမှ သတင်းရရှိသည်။
‘‘ဒီပုံစံ (၇) လုပ်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်  လုပ်ရတာ အဆင်မပြေတာတွေ ရှိတယ်။ ရွာထဲမှာ ပွဲစားတွေက အလိမ်ခံရတာ တချို့တွေခံရတာ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီ တင်ထားပြီး ပုံစံ (၇)မကျသေး တဲ့ လယ်သမားတွေရှိတယ်’’ဟု မအူပင်မြို့နယ်မှ လယ်သမား ဦး စိန်ဝင်းက  ပြောသည်။
ပုံစံ (၇) သည် ဘဏ်လုပ်ငန်း အဆင်ပြေရေး ပိုင်ဆိုင်မှုတင်ပြ ရန်ဖြစ်ပြီး     ပုံစံ(၇)မတိုင်မီ လယ်သမားများအနေဖြင့်ဘဏ်မှ ချေးငွေယူရာတွင် လယ်ယာပိုင် ဆိုင်မှုအတွက် ပိုင်ဆိုင်ကြောင်းအ ထောက်အထား စာရွက်များပြရ ကြောင်း တောင်သူလယ်သမား များဖွံ့ဖြိုးတိုးတက်ရေးပါတီအ တွင်းရေးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။