ပြည်တွင်းတွင် ဒီမိုကရေစီ အခွင့်အရေးကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန် ကာလများ၌ပါ အကာအကွယ်ပေးရန် အာဏာပိုင်များကို တိုက်တွန်းကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်။
ပြည်တွင်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် အမေရိကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
Thursday, July 16, 2015
ရှယ်ယာဂယက်ကြောင့် မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည် ဝင်ရောက်မှု ရာချီလျော့
တရုတ်နိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ကျဆင်းခဲ့မှုကြောင့် မန္တလေးမြို့တော်ရှိ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သို့ နေ့စဉ်လာရောက်သည့် တရုတ်ကုန်သည်ဦးရေ ရာချီလျော့ကျသွားကြောင်း အဆိုပါစခန်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောကြားသည်။
“အရင်တုန်းက ထောင်ချီပြီးလာတယ်။ ခု နှစ်ရာ သုံးရာလောက်ပဲ လာတော့တယ်” ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် ကျောက်မျက်ပြပွဲ မပြုလုပ်မီကတည်းကပင် မန္တလေးကျောက်မျက် စခန်းသို့ တရုတ်ကုန်သည်များ လာရောက်မှု လျော့နည်းခဲ့ပြီး လက်ရှိတွင်မူ စတော့ရှယ်ယာဈေးကွက် ဂယက်ကြောင့် သိသိသာသာ အဝင်လျော့ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အရင်တုန်းက ထောင်ချီပြီးလာတယ်။ ခု နှစ်ရာ သုံးရာလောက်ပဲ လာတော့တယ်” ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် ကျောက်မျက်ပြပွဲ မပြုလုပ်မီကတည်းကပင် မန္တလေးကျောက်မျက် စခန်းသို့ တရုတ်ကုန်သည်များ လာရောက်မှု လျော့နည်းခဲ့ပြီး လက်ရှိတွင်မူ စတော့ရှယ်ယာဈေးကွက် ဂယက်ကြောင့် သိသိသာသာ အဝင်လျော့ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
SNLD ရွေးကောက်ပွဲဝင်မည်၊ မဲဆန္ဒနယ် တစ်ရာ့ခြောက်ဆယ် ပြိုင်မည်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီး မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသည့် SNLD ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ အားလုံးက သဘောတူညီမှုပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန် ကော်မတီ အစည်းအဝေးပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
SNLD ပါတီအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်များတွင် မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသည့် SNLD ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ အားလုံးက သဘောတူညီမှုပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန် ကော်မတီ အစည်းအဝေးပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
SNLD ပါတီအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်များတွင် မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဖီနာဘာချီအသင်း ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟု ဗန်ပါစီ ပြော
ဖီနာဘာချီအသင်းပိုင် Sukru Saracoglu အားကစားကွင်းကြီးတွင် ဗန်ပါစီ၏ ကစားသမားမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဖီနာဘာချီအသင်းပရိသတ် ထောင်ပေါင်းများစွာက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် မန်ယူအသင်းမှ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၄၀,၀၀၀ ရရှိမည်ဖြစ်ပြီး သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။
အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် မန်ယူအသင်းမှ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၄၀,၀၀၀ ရရှိမည်ဖြစ်ပြီး သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။
အကောင်းမြင် မောင်မှန်
မရောက်တာကြာပြီဖြစ်တဲ့ ကြီးတော်ကြီးတစ်ယောက်အိမ် မောင်မှန်အလည်ရောက်တော့ ကြီးတော်ကြီးက ဆီးပြောတယ်။ မင်းမလဲကွယ်၊ အဆိုးမြင်တွေ များနေလိုက်တာ၊ ကောင်းတာလေး တွေ ရှာကြံရေးပါဦးတဲ့။ ကြီးတော်ကြီးက မောင်မှန့် စာဖတ် ပရိသတ်ဆိုတော့ မောင်မှန်ကို ဝေဖန်ရေး ပေးတာ လက်ခံကြိုဆိုရမှာပါ။ ပြန်စဉ်းစားကြည့်မိတော့လည်း ဟုတ်ပါတယ်။
မကောင်းမြင်၊ မကောင်း တွေး၊ မကောင်းကြံ၊ မကောင်းပြော၊ မကောင်းရေးတွေ အတော်များနေတာပဲ။ အတော်ကို မကောင်း တဲ့ မောင်မှန်ပဲဆိုတာ ပြန်လည်ရှာဖွေတွေ့ရှိ သွားပါတယ်။
ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ မောင်မှန်ဟာ ဘယ်လိုအရာတွေကို မကောင်းမြင်၊ မကောင်း ရေးသလဲ ဆိုတာလေးကိုတော့ အာရုံထားပေးစေလိုပါတယ်။ ဒါ ကြီးတော်ကြီး ပြောတာကို ချေဖျက်နေတာလည်း မဟုတ် ပါဘူး။
မကောင်းမြင်၊ မကောင်း တွေး၊ မကောင်းကြံ၊ မကောင်းပြော၊ မကောင်းရေးတွေ အတော်များနေတာပဲ။ အတော်ကို မကောင်း တဲ့ မောင်မှန်ပဲဆိုတာ ပြန်လည်ရှာဖွေတွေ့ရှိ သွားပါတယ်။
ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ မောင်မှန်ဟာ ဘယ်လိုအရာတွေကို မကောင်းမြင်၊ မကောင်း ရေးသလဲ ဆိုတာလေးကိုတော့ အာရုံထားပေးစေလိုပါတယ်။ ဒါ ကြီးတော်ကြီး ပြောတာကို ချေဖျက်နေတာလည်း မဟုတ် ပါဘူး။
“ သမိုင်းထဲက ဘာလင်ကိုရောက် သွားခြင်း”
ကိုမျိုးသန့်ရေ
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကစ ကျွန်တော်ဟာ ဂျာမနီနိုင်ငံက Taz ဖောင်ဒေးရှင်းရဲ့ အစီအစဉ် တစ်ခုမှာ မြန်မာနိုင်ငံက ဂျာနယ်လစ် (၉) ယောက်နဲ့အတူ ဂျာမနီနိုင်ငံ ဘာလင်ကို လေ့လာရေး ခရီးသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်၊ ညနေမှာတော့ ရန်ကုန် ကိုပြန်ရောက်ပါပြီ။ ဘာလင် မှာ လေ့လာရေး ခရီးထွက်နေ တုန်း မြန်မာပြည်က သတင်းတွေကို အဆက်မပြတ်ဖတ်ပါတယ်။
ဗီအိုအေ၊ဘီဘီစီနဲ့ အာရ်အက်ဖ်အေက လွှင့်တဲ့အသံလွှင့် အစီအစဉ်တွေကို နေ့စဉ် နားထောင်ပါတယ်။ အွန်လိုင်းက သတင်းတွေ ကို ဖတ်ပါတယ်။ ဒါပေမယ့် တစ်ခုခု လိုနေသလို ခံစားရပါတယ်။ ရန်ကုန် ပြန်ရောက်တော့မှ အသင့်စောင့် ကြိုနေတဲ့နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေကို မြင်ရမှာ အော်၊ လိုနေတဲ့ ခံစားမှုဟာ ဒါပါလားဆိုပြီး သိလိုက်ရတယ်ဗျာ။
ကျွန်တော်တို့ဆီက နေ့စဉ်ထုတ်၊ သတင်းစာ၊ ဂျာနယ်တွေမှာက အကြောင်းအရာ ပိုစုံ တယ်။ ပိုပြီး အတွင်းကျကျ ရေးနိုင်ကြတယ် မဟုတ်လားဗျာ။ အဲဒါတွေကို တဖြည်းဖြည်း ပြန်ဖတ်၊ အသစ် ရောက်တာတွေကိုလည်း ပုံမှန်အတိုင်း ပြန်ဖတ်၊ ပုံမှန် ကျွန်တော်ရေးပို့နေကျ၊ သတင်းဝေဖန် သုံးသပ်ချက် ဆောင်းပါးတွေကို မနက်ဖန်ကစပြီး ပြန်ပို့မယ်လို့ စဉ်းစားထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကစ ကျွန်တော်ဟာ ဂျာမနီနိုင်ငံက Taz ဖောင်ဒေးရှင်းရဲ့ အစီအစဉ် တစ်ခုမှာ မြန်မာနိုင်ငံက ဂျာနယ်လစ် (၉) ယောက်နဲ့အတူ ဂျာမနီနိုင်ငံ ဘာလင်ကို လေ့လာရေး ခရီးသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်၊ ညနေမှာတော့ ရန်ကုန် ကိုပြန်ရောက်ပါပြီ။ ဘာလင် မှာ လေ့လာရေး ခရီးထွက်နေ တုန်း မြန်မာပြည်က သတင်းတွေကို အဆက်မပြတ်ဖတ်ပါတယ်။
ဗီအိုအေ၊ဘီဘီစီနဲ့ အာရ်အက်ဖ်အေက လွှင့်တဲ့အသံလွှင့် အစီအစဉ်တွေကို နေ့စဉ် နားထောင်ပါတယ်။ အွန်လိုင်းက သတင်းတွေ ကို ဖတ်ပါတယ်။ ဒါပေမယ့် တစ်ခုခု လိုနေသလို ခံစားရပါတယ်။ ရန်ကုန် ပြန်ရောက်တော့မှ အသင့်စောင့် ကြိုနေတဲ့နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေကို မြင်ရမှာ အော်၊ လိုနေတဲ့ ခံစားမှုဟာ ဒါပါလားဆိုပြီး သိလိုက်ရတယ်ဗျာ။
ကျွန်တော်တို့ဆီက နေ့စဉ်ထုတ်၊ သတင်းစာ၊ ဂျာနယ်တွေမှာက အကြောင်းအရာ ပိုစုံ တယ်။ ပိုပြီး အတွင်းကျကျ ရေးနိုင်ကြတယ် မဟုတ်လားဗျာ။ အဲဒါတွေကို တဖြည်းဖြည်း ပြန်ဖတ်၊ အသစ် ရောက်တာတွေကိုလည်း ပုံမှန်အတိုင်း ပြန်ဖတ်၊ ပုံမှန် ကျွန်တော်ရေးပို့နေကျ၊ သတင်းဝေဖန် သုံးသပ်ချက် ဆောင်းပါးတွေကို မနက်ဖန်ကစပြီး ပြန်ပို့မယ်လို့ စဉ်းစားထားပါတယ်။
ဒီတစ်ချီ တွင်လည်း မြန်မာ စစ်ဗိုလ်ချုပ်တွေပဲ နိုင်လိမ့်မည် .... သို့သော်
ဤသည်ပင် မြန်မာဗိုလ်ချုပ်ကြီးများအတွက် ဆင်ထားသည့် ကစားပွဲတစ်ခုပင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး များကနောက်ဆုံး တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာလိုက်ကြရာ တစ်ခါက မြန်မာ့ဒီမိုကရေစီ၏ စစ်မှန်သော အရုဏ်ဦးဟု ရော်ရမ်း မှန်းဆခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်လည်း စစ်တပ်သည်ပင်လျှင် အောင်နိုင်သူအဖြစ် ပေါ်ထွက်လာဦးမည်ဖြစ်သည်။
ဗိုလ်ချုပ်များကို ကျားကန်ရန် ထူထောင်ထားခဲ့သည့် နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ လွှတ်တော်အသစ်တွင် နေရာအများစု မရနိုင်ပါ။ တကယ်တမ်းတွင် နေရာအနည်းငယ်သာ ရနိုင် ပါလိမ့်မည်။သို့ရာတွင် စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများက အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရရှိထားဆဲ ဖြစ်သောကြောင့် ထိုပမာဏဖြင့်ပင် စစ်တပ်အုပ်စိုးမှု ကို ထိန်းသိမ်းထားဖို့ လုံလောက်နေ ပါသည်။မြန်မာနိုင်ငံ၏ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယမန်လက အင်တာဗျူးရာ တွင် ၂၅ ရာခိုင်နှုန်း ကိစ္စအပေါ်တွင် အကောင်းမြင်ဖို့ ကြိုးစားနေပါသည်။ “အတိတ်တုန်းက စစ်တပ်က နိုင်ငံကို ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်ခဲ့တာပါ’’ဟု ၄င်းက The Independent ကို ပြောကြားခဲ့သည်။
ဗိုလ်ချုပ်များကို ကျားကန်ရန် ထူထောင်ထားခဲ့သည့် နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ လွှတ်တော်အသစ်တွင် နေရာအများစု မရနိုင်ပါ။ တကယ်တမ်းတွင် နေရာအနည်းငယ်သာ ရနိုင် ပါလိမ့်မည်။သို့ရာတွင် စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများက အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရရှိထားဆဲ ဖြစ်သောကြောင့် ထိုပမာဏဖြင့်ပင် စစ်တပ်အုပ်စိုးမှု ကို ထိန်းသိမ်းထားဖို့ လုံလောက်နေ ပါသည်။မြန်မာနိုင်ငံ၏ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယမန်လက အင်တာဗျူးရာ တွင် ၂၅ ရာခိုင်နှုန်း ကိစ္စအပေါ်တွင် အကောင်းမြင်ဖို့ ကြိုးစားနေပါသည်။ “အတိတ်တုန်းက စစ်တပ်က နိုင်ငံကို ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်ခဲ့တာပါ’’ဟု ၄င်းက The Independent ကို ပြောကြားခဲ့သည်။
လူတစ်ယောက် မရှိတာနဲ့ခေတ် စနစ်ကြီးပြောင်းလဲ သွားမှာလား
မဇ္ဈိမ စာဖတ်သူကဏ္ဍသို့ မေးလ်နဲ့ ရောက်ရှိလာတဲ့ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သူ ကတော့ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ မှာနေတဲ့ ဒေါ်ဝင်းဝင်းမြတ်ပဲ ဖြစ်ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ စီးပွားရေးလုပ်ငန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေ တဲ့သူဟာ အလုပ်စားပွဲမှာ ထိုင်ရင်း အချိန်ရရင် အင်တာနက် သုံးလေ့ရှိသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
သည်ရက်ထဲမှာ ဖေ့စ်ဘွတ် သုံးရင်း သူတွေ့မြင်ဖတ်ရှုရတဲ့ အကြောင်းအရာတစ်ခုက မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုးကွယ်တဲ့ ဘာသာ တရားအရ မသင့်တော်တဲ့ အသုံးအနှုန်းနဲ့ ရေးသားထားတာတွေ ဖြစ်နေတာကို ပြောချင်လို့ ဒီစာကို ရေးသားပေး ပို့ခဲ့ရခြင်းဖြစ် တယ်လို့ ပြောပါတယ်။
သည်ရက်ထဲမှာ ဖေ့စ်ဘွတ် သုံးရင်း သူတွေ့မြင်ဖတ်ရှုရတဲ့ အကြောင်းအရာတစ်ခုက မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုးကွယ်တဲ့ ဘာသာ တရားအရ မသင့်တော်တဲ့ အသုံးအနှုန်းနဲ့ ရေးသားထားတာတွေ ဖြစ်နေတာကို ပြောချင်လို့ ဒီစာကို ရေးသားပေး ပို့ခဲ့ရခြင်းဖြစ် တယ်လို့ ပြောပါတယ်။
တစ်နေ့တခြား ပိုများလာတဲ့ မုဒိမ်းမှုတွေကို ဘယ်လို ကာကွယ်ကြမှာလဲ
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ဒေါ်ဥမ္မာလှိုင် ရေးလိုက်တဲ့ စာတစ်စောင် ကို မဇ္ဈိမ စာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ ရန်ကုန်တိုင်းအတွင်းမှာ အဖြစ်များနေတဲ့ မှုခင်းတွေနဲ့ပတ်သက် ပြီး သူ့အမြင်နဲ့ အတွေ့အကြုံကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ခင်ပွန်းဖြစ်သူက လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားတဲ့အတွက် အရွယ်မရောက် သေးတဲ့ သမီး ၂ ယောက်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ မုဆိုးမ တစ်ဦးပါလို့ ပြောပါတယ်။
Tuesday, July 14, 2015
ဇလွန်ရေကာတာ ကျိုးပေါက်ဖွယ်ရှိ၍ အိမ်ခြေ ၁၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့
ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတခရိုင် တစ်ခုလုံးကို ရေကြီးမှု ဘေးအန္တရာယ်မှ ကာကွယ်ထားသည့် ဇလွန်ရေကာတာမှာ မြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စုရှိ အိမ်ခြေ ၁၆၀ ကျော် ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ အရေးပေါ်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးစိန်မြင့်က ပြောကြားသည်။
ပန်းတာအသစ်ရှေ့ရှိ ပန်းတာအဟောင်း အချိန်မရွေး ပြိုကျနိုင်သည့် အခြေအနေကြောင့် ယင်းဧရိယာအတွင်းရှိ အိမ်ခြေ ၁၆၆ အိမ်ကို အရေးပေါ်ရွှေ့ပြောင်းရန် ကော်မတီများဖွဲ့ကာ ဆောင်ရွက်နေပြီး အိမ်ခြေအရေအတွက်၏ သုံးပုံနှစ်ပုံခန့် ရွှေ့ပြောင်းပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပန်းတာအသစ်နှင့် အဟောင်း ဆုံသည့် နေရာတွင် ဒေသခံလူဦးရေ သုံးရာနီးပါးဖြင့် ကာကွယ်ရေး ဆောင်ရွက်ထားခြင်းကြောင့် ကမ်းပြိုမှု လျော့နည်းနေသော်လည်း ပြိုကျဆဲဖြစ်ပြီး လတ်တလော စိုးရိမ်ရသည့် ပန်းတာအသစ်နှင့် ပန်းတာအဟောင်း၏ ဝမ်းဗိုက်အတွင်းရှိ မေဒုံရွာမှ အိမ်ခြေ ၁၄ လုံး၊ သရက်နှစ်ပင်ရွာမှ အိမ်ခြေသုံးလုံး၊ ဂွေးတောက်ချောင်းရွာမှ အိမ်ခြေ ၇၁ လုံး၊ ဝါသာလှရွာ အိမ်ခြေ ၇၈ လုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စေတီတော်နှစ်ဆူ၊ လူဦးရေ ၆၉၂ ယောက်ရှိရာ ရေဘေးလွတ်ကင်းနိုင်မည့် နေရာကို ရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူ ဒေသခံများက ပြောကြားသည်။
စိတ်ဖောက်ပြန်နေသော သားက မိခင်ကို ဓားဖြင့် ခုတ်သတ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ တောင်သင်တောရိုးကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် မွန်းတည့် ၁၂ နာရီက အသက် ၃၆ နှစ် အရွယ်ရှိ သားက စိတ်ဖောက်ပြန်ကာ မိခင်ကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးသိန်းက ပြောကြားသည်။
“လူသတ်မှု ကျူးလွန်ခဲ့သူက မိခင်ကို လုပ်ကျွေးနေသူပါ၊ သူတို့သားအမိ နှစ်ဦးလုံးက စိတ်ဝေဒနာ ခံစားနေရသူတွေလို့ သိရတယ်၊ သားက အရက်တွေသောက်ပြီး စိတ်ကယောင်ချောက်ချား ဖြစ်ရာကနေ မိခင်ကို ထင်းခုတ်ဓားမနဲ့ ခုတ်သတ်ခဲ့တာ၊ ပြစ်မှုကျူးလွန်သူက ထွက်ပြေးလွတ်မြောက်နေဆဲပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တောင်သင်တောရိုးကျေးရွာ အနောက်ဘက်ပိုင်းတွင် နေထိုင်သော ကိုခင်ဇော် (ခ) အုန်းမောင်မှာ ယင်းနေ့က အရက်မူးကာ စိတ်ဖောက်ပြန်စဉ် ၎င်း၏ မိခင် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းကို ဓားမဖြင့် ဆင့်ခုတ်ခဲ့သောကြောင့် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပြတ်ရှဒဏ်ရာ အပါအဝင် ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သာယာဝတီ မြို့မရဲစခန်းထံမှ သိရှိရသည်။
အပစ်ရပ်ရန် ကုလတောင်းဆိုသော်လည်း ယီမင်ကို ဆော်ဒီ ဗုံးကြဲ
ယီမင်နိုင်ငံ၌ လူသားချင်း စာနာထောက်ထားသည့် အပစ်ရပ်ရေး လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားသော်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံက လိုက်နာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင် ကြောင့် အရပ်သား ၂၁ ဦး သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“လူနေရပ်ကွက်ကို ဒုံးကျည်သုံးလုံး ထိမှန်သွားပါတယ်။ အိမ် ၁၅ လုံး ပျက်စီးသွားပြီး ၂၁ ဦး သေဆုံးကာ ၄၅ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်” ဟု ယီမင်မြို့တော် ဆာနာရှိ ဒေသခံတစ်ဦးက ပြောကြားသွားသည်။
ယီမင် ဟော်တီသူပုန်များနှင့် ယခင်သမ္မတဟောင်း အဒူလာဆလာကို သစ္စာခံသည့် တပ်မတော်တပ်ဖွဲ့ အချို့ကို ဆော်ဒီ ဦးဆောင်သည့် အာရပ်ညွန့်ပေါင်း အုပ်စုက မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ ပြည်ပတွင် ခိုလှုံနေရသည့် ယီမင်အစိုးရကို အာဏာ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
ဟော်တီသူပုန်များသည် ဆော်ဒီ၏ ဒေသတွင်း အဓိကပြိုင်ဘက် အီရန်၏ မဟာမိတ်တပ်ဖွဲ့များ ဖြစ်ပြီး ၎င်းတို့၏ အမာခံ မြောက်ပိုင်းဒေသများမှနေ၍ ထိုးစစ်ဆင်လာရာ ဆာနာမြို့တော်ကို စက်တင်ဘာလတွင်း သိမ်းနိုင်ခဲ့သလို ယီမင်တောင်ပိုင်း ဒေသများသို့လည်း ဆင်းသက်လာခြင်းကြောင့် ဆော်ဒီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့က ဗုံးကြဲတိုက်ခိုက်နေရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ရွေးကောက်ပွဲ နီးလျှင်လည်း ထူးလုပ်မည် မဟုတ်ဟု ဦးအုန်းမြင့်ဆို
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရွေးကောက်ပွဲ နီးလာ၍ ထူးခြား၍ လုပ်ဆောင်မည် မဟုတ်ဘဲ ယခင် မဟာဗျူဟာ အတိုင်းသာ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။
““အခု ဆက်လက် ဆောင်ရွက် နေတယ်ပေါ့။ ဒီအတိုင်း ပုံမှန် မဟာဗျူဟာအရပဲ၊ သီးခြား လုပ်တာမရှိဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့လည်း မဆိုင်ဘူးဗျ”” ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောသည်။
ရွေးကောက်ပွဲ ပြီးဆုံးပါကလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကာ နောက်ထပ် အစိုးရ အနေဖြင့်လည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နီးလာ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ထူးခြားစွာ လုပ်မည် မဟုတ်ဘဲ၊ ယခုလည်း မိမိသည် ကွင်းဆင်း ခရီးသွား၍ လုပ်ဆောင်နေကြောင်း၊ နောက်လာမည် အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မလုပ်ဆောင်ပါက ပြုတ်သွားမည် ဖြစ်ကြောင်း ဦးအုန်းမြင့်က ဆိုသည်။
ငွေကြေးနှင့် အမြတ်အစွန်းဆိုသည့် ယဇ်ပလ္လင်တွင် လူသားများအား စတေးနေခြင်းကို ရပ်ဆိုင်းရန် တောင်းဆို
ကမ္ဘာပေါ်ရှိ လူဆင်းရဲများအား အကူအညီပေးနိုင်ရေးအတွက် စီးပွားရေးပုံစံသစ် တစ်ခုကိုဖော်ဆောင်ပြီး ငွေကြေးနှင့် အမြတ်အစွန်းဆိုသည့် ယဇ်ပလ္လင်တွင် လူသားများအား စတေးနေခြင်းကို ရပ်ဆိုင်းရန် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များအား စနေနေ့တွင် တောင်းဆိုခဲ့သည်။
ကြာသပတေးနေ့တွင် ဘိုလီးဗီးယား နိုင်ငံသို့ ရောက်ရှိနေသည့် ဖရန်ဆစ်က ချွေတာရေးလမ်းစဉ် ကျင့်သုံးနေသည့် ဌာနကြီးများ၏ ကိုလိုနီလက်သစ်ဝါဒကို ရှုပ်ချခဲ့ပြီး ဆင်းရဲသားများသည် အလုပ် လုပ်ကိုင်ခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့် ရှိနေကြောင်း ပြောဆိုခဲ့သည်။
“ထမင်းစားပွဲပေါ် ပေါင်မုန့်တင်ပေးတာ၊ ကလေးငယ်တစ်ဦးရဲ့ ခေါင်းပေါ်မှာ ခေါင်းမိုးရှိစေတာ၊ ကလေးတွေကို ပညာသင်ပေးတာ၊ ကျန်းမာအောင်ထားတာ ဒါတွေအားလုံးဟာ လူသားရဲ့ဂုဏ်သိက္ခာ ပဲလေ”ဟု ၎င်းကပြောဆိုခဲ့သည်။
ကျောင်းသားများအား ဖိနှိပ်မှုများ ဆက်လက် ပြုလုပ်နေပါက အကသမှ လမ်းပေါ်ထွက်ရန် အဆင်သင့် ရှိနေဟုဆို
ကျောင်းသားများအား ဆက်လက် ဖိနှိပ်မှုများ ပြုလုပ်နေပါက အခြေခံ ပညာကျောင်းသားများသမဂ္ဂ (အကသ) များ အနေဖြင့် လမ်းပေါ်ထွက်၍ တိုက်ပွဲဝင်ရန် အသင့် ရှိသည်ဟု အကသ ကျောင်းသားများက ပြောကြားလိုက်သည်။
ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မှုကြောင့် ဘိုကလေး မြို့နယ်မှ အကသ ကျောင်းသားများကို ခေါ်ယူသတိ ပေးခံရမှုနှင့် ပတ်သက်၍ အကသများ အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။
““ကျောင်းသားအရေး၊ ပညာရေးတွေမှာ ဒီထက်မက ပိုမို ဖိနှိပ်လာမယ်ဆိုရင် အကသတွေ အနေနဲ့ လမ်းပေါ် ထွက်သင့်ရင် ထွက်ရမှာပါ။ လမ်းပေါ်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျောင်းတက်ချိန်တွေ ဖြစ်နေတဲ့ အတွက် မထွက်သေးတာပါ။ ကျောင်းသားထု အခွင့်အရေး ထိပါးလာရင် ငြိမ်မနေပါဘူး”” ဟု ရွှေဘိုခရိုင် အကသ ဥက္ကဋ္ဌ ကိုအောင်မင်းခိုင်က ပြောသည်။
သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုး ပါတီသို့ ပြန်လာတော့မည် မထင်ဟု သူရဦးအောင်ကိုဆို
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ပြန်လာတော့မည် မထင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တွဲဖက် အတွင်းရေးမှူး (၃) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပပြီးစီးချိန်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သမ္မတ အနေဖြင့် အမျိုးသား နိုင်ငံရေးသာ ဆက်လက် လုပ်ဆောင်သွားမည် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောခဲ့ခြင်း ဖြစ်သည်။
““သမ္မတကြီးက ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသား နိုင်ငံရေးပဲ လုပ်တော့မယ်လို့ ထင်တယ်။ ပြည်ခိုင်ဖြိုး ပါတီကို ပြန်မလာတော့ဘူးလို့ ထင်ပါတယ်”” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။
မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်နေမှုများကို တားဆီးရန် ဒေသခံအချို့ ကိုယ်ထူကိုယ်ထ အဖွဲ့ ဖွဲ့စည်း
မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်ခံရပြီး အသက် ဆုံရှုံးခြင်းများပါ ကြုံတွေ့လာသည့် အတွက် လုယက်မှုများကို တွေ့လျှင် လိုက်လံ တားဆီးရန် မန္တလေးမြို့ ဒေသခံ အချို့ ကဗ္ဘာလေး ဆိုင်ကယ်စီး အကြမ်းဖက် လုယက်မှု တားဆီးရေး အဖွဲ့ကို ဇူလိုင်လ (၈) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ဝင် ကိုဇော်က ပြောသည်။
မန္တလေးမြို့ရှိ တာဝန်ရှိ အဖွဲ့အစည်းများက အဆိုပါ လုယက်မှုများ အပေါ်တွင် ထိထိရောက်ရောက် ကာကွယ် တားဆီးမှု အားနည်း နေသောကြောင့် မန္တလေး ဒေသခံများက ကိုယ်ထူကိုယ်ထ အဖွဲ့အဖြစ် ဆိုင်ကယ်စီး လုယက်သူများကို တားဆီးရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်းနှင့်၊ လုယက်သူများကို တွေ့ရှိပါက လိုက်လံ တားဆီး ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
““လုယက်မှု သတင်းတွေ လုယက်ခံရလို့ အသက်သေဆုံးတဲ့ အထိ ဖြစ်လာတဲ့ သတင်းတွေ ကြားရတော့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြရာကနေ အကောင်အထည်ဖော် ဖြစ်သွားတာ။ လက်ရှိ အရေအတွက်က အဖွဲ့ဝင် ရှစ်ယောက်ပဲ ရှိသေးတယ်။
တောင်သမန်အင်းရေ အရည်အသွေး ကောင်းမွန်မှု မရှိသေး
တောင်သမန်အင်းရေ အရည်အသွေးမှာ ငါးများအတွက် ကောင်းမွန်မှု မရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သတင်းရရှိသည်။တောင်သမန်အင်းရေ အရည်အသွေးကို မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွတ်ပီတံတား၊ တောင်သမန် အ၀င်တံတား၊ တောင်သမန်အင်း အလယ်မှ ရေတို့ကို အပတ်စဉ် စစ်ဆေးလျက် ရှိသည်။ ယင်းရေ နမူနာများကို စစ်ဆေးရာ ဓာတ်ခွဲတိုင်းတာ စစ်ဆေးမှု ရလဒ်များအရ ရေ၏ ချဉ်ဖန်နှုန်း (Water PH Level) မှာ သတ်မှတ်စံနှုန်းထက် လျော့နည်းနေခြင်း၊ ရေ၏ စုစုပေါင်း ဓာတ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ စုစုပေါင်း ရေစေး ရေသွက်နှုန်းမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက် ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ အောက်ဆီဂျင် ပျော်ဝင်နှုန်းမှာ သတ်မှတ်စံနှုန်းအောက် လျော့ကျနေခြင်း တို့ကို တွေ့ရပြီး Ammonia Nitrogen ပါဝင်မှုသာ သတ်မှတ်စံနှုန်း အတွင်းရှိကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
Monday, July 13, 2015
အီရတ်တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်၍ လူ ၂၈ ဦး သေဆုံး
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား၍ လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း တာဝန်ရှိ သူများက ပြောသည်။ရှာအက်ဘ်ခရိုင်အတွင်း ကားဗုံးတစ်လုံးပေါက်ကွဲရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အနီးရှိဈေးတစ်ဈေးတွင်လည်း အသေခံဗုံး ခွဲသမားတစ်ဦး ဖောက်ခွဲ၍ လူများစွာ သေဆုံးခဲ့သည်။
ဘန်နော့ခရိုင်အတွင်းလည်း အခြားကားဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူကိုးဦးအနည်းဆုံးသေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူပေါင်းလည်း များစွာရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး
ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါလင်၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ်သက်တမ်းထပ်မံတိုးခွင့်ရှိသည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။
ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်းအနေဖြင့် ရှနိုက်ဒါလင်ကိုထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ်အားဖြည့်မှုများလည်း ပြုလုပ်ဦးမည်ဖြစ်သည်။
ပြိုင်ဖက်ဂိုးသမား အမှားက အသင်းအတွက် ကံကြမ္မာဖေးမမှုဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဆို
၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့်တွင် ကမ္ဘောဇအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ အမှားမှာ မိမိတို့အသင်းအတွက် ကံကြမ္မာ မေးမမှု တစ်ခုဖြစ်ခဲ့ဟု ဟံသာဝတီအသင်းနည်းပြ ဦးငွေထွန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ဟံသာဝတီအသင်းနှင့် ကမ္ဘောဇအသင်းတို့သည် ပွဲချိန် မိနစ် ၆၀ ကျော်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသော်လည်း ပွဲချိန် ၆၈ မိနစ်၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ လူပေးမှားမှုမှတစ်ဆင့် ဟံသာဝတီအသင်းက ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ဘန်ဘာက သွင်းယူပေးခဲ့ပြီး တတိယအနိုင်ဂိုး ကို ပွဲချိန် ၈၂ မိနစ်တွင် တိုက်စစ်မှူး အောင်မျိုးသူရက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ဂျိုကိုဗစ်ဆွတ်ခူး
ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ဂျိုကိုဗစ်သည် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားကို ၇-၆(၇-၁)၊ ၆-၇(၁၀-၁၂)၊ ၆-၄၊ ၆-၃ တို့ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပထမပွဲကြီး နှစ်ပွဲတွင် tie-break ရိုက်ခဲ့ရပြီး တစ်ပွဲစီအနိုင်ရရှိခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါးရားမှာ ကစားအားကျသွားခဲ့ပြီး ဂျိုကိုဗစ်က ကျန်နှစ်ပွဲကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိသွားခဲ့သည်။အသက် ၂၈ နှစ်အရွယ်ရျိ ဂျိုကိုဗစ်သည် ယခုနှစ်တွင် ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုးခုမြောက် ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်သည်။
သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ်ဝက်ကျော်ကာလ အတွင်းသေဆုံးသူပေါင်း ၆၀ ရှိ
မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၁၀ ရက်အထိသေဆုံး သူပေါင်း ၆၀ ရှိသွားပြီဖြစ်ကြောင်း zeenews ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။
ယခုနှစ် တုပ်ကွေးရာသီတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးဖြစ်ပွားသူပေါင်း ၁၀၀၀၀ ရှိပြီး ယမန်နှစ် နှုန်းထက် နှစ်ဆမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
သေဆုံးမှုများတွင် ရန်ကုန်က အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း တုပ်ကွေးကူးစက်ဖြစ်ပွားမှုပေါင်း နေ့စဉ် ၂၀၀ မှ ၂၅၀ ကြားခန့် ရှိသည်။
ဝန်ကြီးချုပ်အား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကို မလေးရှားရဲ စုံစမ်းစစ်ဆေးနေ
၁၉၅၇ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ညွှန့်ပေါင်းအစိုးရကို အမြစ်မှကိုင်လှုပ်လိုက်သည့် ဖွင့်ချမှုတစ်ခုဖြစ်သော ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ငွေစာရင်းထဲသို့ ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်သွားခဲ့သည်ဟု စွပ်စွဲထား သည့် လျှို့ဝှက်စာရွက်စာတန်းများ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေသည်ဟု မလေးရှားရဲက ဇူလိုင်လ ၁၃ရက်က ပြောကြား ခဲ့သည်။နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ 1MDBကို အစိုးရ၏ စုံစမ်းစစ်ဆေးမှုဟု ယူဆရသည့် စာရွက်စာတန်း များပေါက်ကြားမှု မှာ နိုင်ငံတော်ကို ဆန့်ကျင်သည့် စီးပွားရေးအရ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်နိုင်သကဲ့သို့၊ နာဂျစ်ကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံတော်ရဲချုပ် ခါလစ် အဘူ ဘာခါက ပြောကြားခဲ့သည်။
နှစ်သက်တမ်း ၁၂၀၀ ရှိသည့် ဗုဒ္ဓဥယျာဉ်ကို တရုတ်အနောက်တောင်ပိုင်းတွင် တူးဖော်တွေ့ရှိ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချန်ဒူမြို့အတွင်း နှစ်သက်တမ်း ၁၂၀၀ ကျော်ရှိသည့် ရှေးဟောင်း ဗုဒ္ဓဥယျာဉ်တော်တစ်ခုကို တူးဖော်တွေ့ရှိကြောင်း ဒေသတူးဖော်ရေးအဖွဲ့က ပြောသည်။
ယခုတွေ့ရှိသည့် ဗုဒ္ဓဥယျာဉ်တော်သည့် တရုတ် တန်မင်းဆက် (အေဒီ ၆၁၈ မှ အေဒီ ၉၀၇) ခေတ်က ဖြစ်ပြီး ချန်ဒူမြို့ တွင်ဆောက်လုပ်ရေး လုပ်ကွက်တစ်ခု အနီးတွင် ယခုလအစောပိုင်းက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်မှာ စတုရန်းမီတာ ၂၅၀၀ ရှိပြီး အရှည် မီတာ ၉၀ ရှိ တူးမြောင်းတစ်ခုနှင့် ရေကန်တစ်ကန်တို့လည်း ပါဝင်သည်။
မသန်စွမ်းများ မဲပေးပြီးနောက် ကြုံတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်
၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပြီး မဲရုံကထွက်ရှိလာသည့် မသန်စွမ်းများအား မဲပေးရာ တွင် ကြုံတွေ့ရသည့် အခြေအနေများ ကိုမေးမြန်း၍စစ်တမ်းကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။
ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ မဲရုံများတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲပေးရာတွင် ကြုံတွေ့ ရသည့် အခြေအနေများ၊ အခက်အခဲများကို မေးမြန်းသွားမည်ဖြစ်သည်။
ခြစားမှု စုံစမ်းစစ်ဆေးစဉ်အတွင်း ရိုမေးနီးယားဝန်ကြီးချုပ် ပါတီခေါင်းဆောင်အဖြစ်မှ ဆင်းပေး
အစိုးရခေါင်းဆောင်အဖြစ်မှ ဆင်းပေးရန် တောင်းဆိုမှုများကို ဖြစ်ပေါ်လာစေခဲ့သည့် အဂတိလိုက် စားမှုစွဲချက်များကို ရင်ဆိုင်နေရသောကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် ဗစ်တာပွန်တာမှာ ဇူလိုင်လ ၁၂ရက်နေ့က ဆိုရှယ်ဒီမိုက ရတ်ပါတီ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။
ပွန်တာမှာ ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှုများဖြင့် ယမန်လကတည်းက စုံစမ်းစစ်ဆေးမှု ခံနေရသော်လည်း သူ၏ ၀န်ကြီးချုပ် တာဝန်မှာ ရိုမေးနီးယန်းပြည်သူ သန်းပေါင်းများစွာနှင့် သက်ဆိုင်သည်ဟု ဆိုကာ ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ရန် ကိုမူငြင်းဆို ခဲ့သည်။
အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေးလွတ်မြောက်
အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်အမှတ် (၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
အကျဉ်းသား လေးဦးမှာ ဇူလိုင် ၁၀ရက်က ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် အရေးယူပေးနိုင်ရန် ရာဇဂြိုလ်စခန်းမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာကို ဇူလိုင် ၁၂ရက် ရက်စွဲဖြင့် ပေးပို့ထားသည်။
ရာဇဂြိုလ် အမှတ်(၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် ဇူလိုင် ၁၀ရက် နံနက် ၁၀နာရီခန့်က စခန်းရှိ စပါးစိုက်ပျိုးရေး လုပ်ငန်း မဟုတ်ဘဲ စခန်းမှူး ကြီးကြပ်ရေးမှူး ထွန်းထွန်းနိုင်၏ ခိုင်းစေမှုကြောင့် အရပ်ဘက်ကျောက်ထုတ်လုပ်ငန်းသို့ သွားရောက် လုပ်ကိုင်ရသည့် အတွက် အလုပ်ပင်ပန်းလွန်း၍ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။
mizzima
ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းရန် စီစဉ်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်ကပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို စနစ်တကျဖြင့် မူဘောင်များချမှတ်ပြီး ကျေး လက်ဒေသဖွံ့ဖြိုးရေး ဥပဒေတစ် ရပ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းနိုင် ရန် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးဥပဒေကို ၎င်းတို့ဌာနက ဦးဆောင်ရေးဆွဲနေကြောင်း သတင်းရရှိ သည်။
ဥပဒေပထမ မူကြမ်းကို ဇွန် လ ၂၄ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး သြဂုတ်တွင် ဒုတိယ မူကြမ်းထွက်ရှိနိုင်ရန် ဆောင်ရွက်နေ ကြောင်း ဦးခင်ဇော်က ပြောသည်။
Friday, July 10, 2015
ယိုင်နဲ့သွားခဲ့သည့် တရုတ်ရှယ်ယာဈေးကွက် ဆက်လက်ထောင်တက်လာ
အစိုးရက အရေးယူစည်းကြပ်မတ်မှုလုပ်ဆောင်ပြီးနောက် ပြိုကွဲခဲ့သည့် တရုတ်ရှယ်ယာဈေးကွက် ပြန်လည်ဦးမော့လာခဲ့ပြီး ဆက်တက်ဈေးတက်လာနေပြီဖြစ်သည်။ရှန်ဟိုင်းစတော့အညွန်းကိန်းတွင် ၄ ဒသမ ၈ ရာခိုင်နှုန်းတက်ပြီး ၃၈၈၇ ဒသမ ၆၈ သို့ ရောက်ခဲ့ရာ ယခင် အမြင့်ဆုံး ၆ ရာခိုင်နှုန်းနီးပါးရှိခဲ့သည့် ကာလကနှုန်း နားသို့ ရောက်ရှိခြင်းဖြစ်သည်။ဟောင်ကောင်ရှိ ဟန်ဆန် စတော့အညွန်းကိန်းတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းတက်ပြီး ၂၄၈၅၄ ဒသမ ၇၆ အညွန်းကိန်းသို့ ရောက်ရှိ ခဲ့သည်။
Subscribe to:
Posts (Atom)














