၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင် သူသည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) မှ ၀င် ရောက်ယှဉ်ပြိုင်မည်ဟု သတင်း ရရှိသည်။
ဒေါက်တာအောင်သူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်နုတ်ထွက်ခွင့်ကို အဆင့်မြင့် ပညာဦးစီးဌာနမှ သြဂုတ် ၃ ရက်တွင် ရရှိခဲ့၍ သြဂုတ် ၄ ရက်၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ခြင်း၊ ကိုယ်စားလှယ် လောင်းအဖြစ် လျှောက်ထားခြင်း တို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Wednesday, August 5, 2015
ဟားခါးတွင် ရိက္ခာပြတ်သည့် ပြဿနာဖြေရှင်းရန် ပျက်စီးလမ်းများကို ၁၀ ရက်အတွင်းပြုပြင်မည်ဟု ချင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော
ဟားခါးမြို့တွင် ဆန်နှင့် အစားအသောက်များ ပြတ်လပ်နေသည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဟားခါး နှင့် ကလေးမြို့ကြား ပျက်စီးသွား သောလမ်း၊တံတားများကို ၁၀ ရက်အတွင်း သွားလာနိုင်အောင် ပြုပြင်မည်ဟု ချင်းပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန် ဆန်းအောင်က ပြောသည်။
မိုးရွာသွန်းမှုကြောင့် ချင်း ပြည်နယ်အတွင်း မြေပြိုကျခြင်း၊ တံတားပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး တံတားပေါင်း ၆၇ စင်းနှင့် မြေ သားလမ်း ၆၇ မိုင် ၅ ဖာလုံပျက်စီး ခဲ့ကာ ကျပ်သန်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။
‘‘ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ ရာသီဥတုကောင်း ရင် တစ်ပတ်၊ ဆယ်ရက်အတွင်း ကောင်းအောင် လုပ်မယ်။ ဟား ခါး-ဂန့်ဂေါလမ်းကတော့ နည်း နည်းကြာဦးမယ်။ ဟားခါးမှာ ဆန်တော်တော် အခက်အခဲဖြစ်ပြီဆို တော့ ကလေးမှာရှိတဲ့ စားသောက်ကုန်၊ ဆန်တွေကို ပို့နိုင်အောင် ကျွန်တော်တို့လုပ်မယ်။ ဟားခါး- ကလေးလမ်းကိုတော့ ကြိုးစားပြီး လုပ်မယ်။ ကားလေးတွေကတော့ လေး၊ ငါးရက်အတွင်း သွားနိုင် အောင် လုပ်မယ်။ ကားကြီးတွေ ကတော့ ဆယ်ရက်လောက်ဆိုရင် သွားနိုင်အောင် လုပ်မယ်’’ဟု ဝန် ကြီးက ပြောသည်။

ငမိုးရိပ်ဆည် ရေလျှံဖွယ်ရှိနေပြီး ရန်ကုန်မြို့နယ်အချို့ ရေကြီးနိုင်ကြောင်း တိုင်းဆည်မြောင်းဦးစီးဌာနပြောကြား
ရန်ကုန်မြို့၏ အကြီးဆုံး ဆည်ဖြစ်သော ငမိုးရိပ်ဆည်သည် ရေပိုလွှဲမှ မကြာမီ ရေကျော်ကျ တော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ စိုးရိမ်ဖွယ်ရာ မရှိသေးသော်လည်း ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ရေ တက်လာပါက ရန်ကုန်မြို့ရှိ မြို့ နယ်အချို့ ရေကြီးနိုင်ကြောင်း ရန်ကုန်တိုင်းဆည်မြောင်းဦးစီးဌာန မှ သတင်းရရှိသည်။
ငမိုးရိပ်ဆည်ရှိ ရေပမာဏ သည် သြဂုတ် ၂ ရက်တွင် ရေပိုလွှဲ အောက် ၆ လက်မထိ ရှိခဲ့သော် လည်း နှစ်ရက်အတွင်း ၅ လက်မ ကျော် မြင့်တက်လာကာ သြဂုတ် ၄ ရက် လက်ရှိအချိန်တွင် ရေပို လွှဲမှ ရေလျှံကျရန် ၀ ဒသမ ၁ လက်မသာ လိုတော့ကြောင်း ဆည်မြောင်းဦးစီးဌာနတိုင်းတာချက်များအရ သိရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရေဘေး အရေးပေါ်အခြေအနေကြုံ
ညောင်တုန်း၊ ဟင်္သာတမြို့များအပါအ၀င် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး ရေလွှမ်းမိုးမှုအန္တရာယ်အမြင့်မားဆုံး ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင်များက သတိပေးတပ်လှန့်လိုက်သည်။
ညောင်တုန်းမြို့သည် သြဂုတ် ၄ ရက်ညနေက မြို့၏ စိုးရိမ် ရေမှတ် ၂၄ ဒသမ ၅ ပေထက် တစ်ပေထိကျော်လွန်နေသည့်အတွက် လိမ္မော်ရောင်အဆင့်သတ် မှတ်ကြေညာထားသည်။ ရေမှာ မြို့မျက်နှာပြင်ထက်ပျမ်းမျှ ၅ ပေ ကျော်နေသည်။ ထို့ကြောင့် သက် ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များကို ကယ်ဆယ် ရေးစခန်းများသို့စတင်ရွှေ့ပြောင်း ပေးနေပြီး မြေနိမ့်ပိုင်းရှိ နေအိမ် များမှ ပြည်သူအများစုမှာ ကယ် ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း နေကြောင်း သတင်းရရှိသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ခဲ့သည့် ဒေါက်တာညိုညိုသင်းကို ပါတီအချို့ ကမ်းလှမ်းဟုဆို
အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ရစ်ခဲ့ပြီးနောက် ပါတီအချို့က ကမ်းလှမ်းမှုများ ပြုလုပ်လာ ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲတွင် အင်န်အယ်လ်ဒီမှ နေ၍ ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားခဲ့သော်လည်း တာဝန်ပေးခံရ သော ကိုယ်စားလှယ်စာရင်းတွင် ဒေါက်တာညိုညိုသင်း မပါဝင်ခဲ့ ပေ။ ‘‘ကိုယ်စားလှယ်စာရင်းမှာ မပါဘူး ဆိုတဲ့နောက်မှာ ပါတီ တော်တော်များများက ဝိုင်းအား ပေးကြတယ်။ ကမ်းလှမ်းမှုတွေ လည်း ပြုလုပ်ခဲ့ကြတယ်’’ ဟု လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တာဝန်ထမ်း ဆောင်နေသော ဒေါက်တာညိုညို သင်းက ပြောသည်။သို့သော် ၎င်းအနေဖြင့် အင် န်အယ်လ်ဒီပါတီကိုယ်စားလှယ် လောင်းစာရင်းမှ ချန်လှပ်ခံထားရ ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မှု ပြု၊ မပြု မစဉ်းစားရသေးဟု ဆို သည်။

ဒီချုပ်အမတ်လောင်း ရွေးချယ်မှု နောက်ဆက်တွဲဂယက်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်ရာ တာဝန်ပေးအပ်ခံရသူ အမည်စာရင်း၌ အများက တစ်ပေးခံထားရသူများ ကျန်ရစ်ခဲ့ပြီး မထင်မှတ်ထားသူများ ပါဝင်လာခြင်းကြောင့် ပါတီတွင်းနှင့် ဒီမိုကရက်တစ်အင်အားစုများကြား လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။
ရေဘေးဒေသများကို ကူညီရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့အာရှလမ်းမကြီးတွင် အလှူငွေကောက်မည်
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများကို ကူညီရန် အာရှလမ်းမကြီးပေါ်တွင် အလှူငွေ ကောက်ခံနေကြောင်း သတင်းရရှိသည်။
သြဂုတ် ၄ ရက်မှ စတင်ကာ အာရှလမ်းမကြီး၊ မြဝတီ-ကော့ ကရိတ် လမ်းပိုင်း၊ သင်္ကန်းညီ နောင်ဂိတ်တွင် ဒေသတွင်းပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ရေဘေးအတွက် အလှူခံနေသည် ဟုကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။
အာရှလမ်းမကြီး အသုံးပြု သည့် ယာဉ်များကို ငွေကြေး ကောက်ခံသောကြောင့် ဇူလိုင် လဆန်းမှစကာ အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ယခုအခါ မည်သည့် အဖွဲ့ကမှ ငွေကြေးကောက်ခံခြင်း မရှိတော့ကြောင်းဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

သဘာဝဘေးနှင့်အတွေ့ နောက်ကောက်ကျခဲ့ပြန်ခြင်း
အိမ်မှာရှိသမျှ ပစ္စည်းဘာတစ်ခုမှ မယူနိုင်ဘဲနဲ့ ပစ်ထားခဲ့ရပါတယ်။ လူလွတ်ပဲ ရုန်းခဲ့ရပါတယ်။ ဒီရေကြီးမှုအတွက် ဘယ်ဌာနဆိုင်ရာမှ လာပြီး ကူညီကယ်ဆယ်တာ လုံးဝမရှိခဲ့ပါဘူး။ သမ္မတကြီးတို့၊ ဝန်ကြီးတို့ လာတဲ့အချိန်ကျမှသာ နှမ်းလာဖြူးကြတာပါ။ ဒီမှာ ကယ်ဆယ်ရေး လုံးဝမလုပ်သေးပါဘူး။ စောင့်ရှောက်မှုလည်း လုံးဝမရှိသေးပါဘူး။ ကိုယ့်အသက်ကို ရုန်းပြီးတော့ပြေးခဲ့ရတာပါ။ သမ္မတကြီးတို့အနေနဲ့က ဒီဆည်ကြီးကို ဖျက်သိမ်းပေးဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်တယ်။ ဒီဆည်ကြီး ရှိနေလို့ အခုလိုဖြစ်ရတာပါ။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ရေမကြီးဖူးဘူး’’
Tuesday, August 4, 2015
ပြည်သူကို ကိုယ်နဲ့ထပ်တူ
ယခုအခါ နိုင်ငံ၏ နေရာ အနှံ့အပြားတွင် သမိုင်း တစ်လျှောက် အကြီးမားဆုံးရေဘေးဒုက္ခနှင့်ကြုံ နေရသည်။ ပြည်သူများစွာ ကူ ကယ်ရာမဲ့လျက်ရှိသည်။ နိုင်ငံ အတွက်တော့ ကြေကွဲစရာနေ့ ရက်များဟု ဆိုရမည်။ သို့သော် ရေဘေးသင့်သူများကို ရေဘေး ကင်းလွတ်သည့်အရပ်ဒေသမှ ပြည်သူများက ဝိုင်း၍အင်တိုက် အားတိုက် ကူညီနေကြသည်။ အလှူခံသူတွေကခံ၍ ကိုယ်ထိ လက်ရောက်ကူညီနေသူတွေက ကူညီ။ ယင်းတို့မှာ တိုင်းပြည်တွင် မည်းနက်သည့် တိမ်ထုကြီးလွှမ်း မိုးခိုက် လျှပ်ပြက်သလို၊ လင်း လက်သွားသော ငွေရောင်တစ်စ မြင်လိုက်ရသလို ကြည်နူးရသည့် မြင်ကွင်းများ။
မြန်မာ့ရေဘေးအတွက် ထိုင်းအစိုးရ ဘတ်ငွေ ၅ သန်း လှူဒါန်း
မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ပေးပို့ လှူဒါန်းမည်ဟု သတင်းရရှိသည်။
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုများနှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၇ ဦးထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခများနှင့် ကြုံနေရသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဝီရာချုံ ဆူခွန်တာပါတီပက်က သဘာဝ ဘေးအန္တရာယ် တွေ့ကြုံနေရသည့် မြန်မာနိုင်ငံကို ငွေကြေးအရ ထောက်ပံ့ကူညီရန် အစိုးရက ဩဂုတ် ၃ ရက်တွင် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။
တေးဂီတစာရင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ SHINee အဖွဲ့
တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ SHINee သည် Married to the Music သီချင်းသစ်ဖြင့် တောင်ကိုရီးယားတေးဂီတစာရင်းများတွင် ထိပ်ဆုံး၌ ရပ်တည် လျက်ရှိသည်။
SHINee အဖွဲ့၏ Married to the Music အထူးအယ်လ် ဘမ်သည် ဩဂုတ် ၃ ရက် နေ့လယ်၁၂ နာရီတွင် ထွက်ရှိပြီးနောက် Melon, Genie, Naver Music, Bugs Music နှင့် Mnet အပါ အဝင် တေးဂီတစာရင်းခုနစ်ခု၌ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
မရေးချင်ပေမယ့် မရေးမဖြစ်ရေးရတဲ့အိတ်ဖွင့်ပေးစာ(၁) လူထုခေါင်းဆောင်သို့ အိတ်ဖွင့်ပေးစာ
လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဦးဆောင်ရမည့် ပြည်သူလူထု၏ မျှော်လင့်ချက်ဖြစ်သည်။ ပြည် သူလူထု၏ အားကိုးအားထားပြု ရာဖြစ်သည်။ ပြည်သူလူထု၏တပ် ဦးဖြစ်သည်။
ဒီမိုကရေစီအပြောင်းအလဲ ကို ဆယ်စုနှစ်ပေါင်းများစွာ မျှော် လင့်စောင့်စားခဲ့ရသော ပြည်သူ လူထုအတွက် တစ်ခုတည်းသော ထွက်ပေါက်၊ တစ်ခုတည်းသော ရွေးချယ်ရာဖြစ်သည်။
သို့ဖြစ်၍ ဒီချုပ်သည် အောက်ခြေပြည်သူလူထုနှင့် တစ် သားတည်း ရပ်တည်နိုင်လျှင် အောက်ခြေကျောမွဲပြည်သူလူထု အများစုကြီးသည် ၀မ်းမြောက် ၀မ်းသာဖြစ်ကြမည်။ အောက်ခြေ ကျောမွဲပြည်သူလူထုနှင့် ဝေးကွာ လျက် ရပ်တည်ခဲ့မည်ဆိုလျှင်ပြည် သူလူထုအများစုကြီးသည် ရင်နာ ရမည်၊ ရင်မောရမည်သာဖြစ် သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စုစည်းကျစ်လျစ်ခိုင်မာအား ကောင်းခဲ့ပြီး အောက်ခြေပြည်သူ လူထုကို မျက်နှာမူမည်ဆိုလျှင် မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် အောက်ခြေပြည်သူလူထုအနေ ဖြင့် ပိုမိုတောက်ပလင်းလက် သောဘ၀များကို မျှော်လင့်စိတ် ကူးယဉ်နိုင်မည်ဖြစ်သည်။ လူထု ခေါင်းဆောင်နှင့် ဒီချုပ်ပါတီသည် င့ါမြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်ထုံးကို နှလုံးမူလာမည်ဆို လျှင် အောက်ခြေပြည်သူလူထု သည်လည်းကောင်း၊ အောက်ခြေ ပါတီဝင်ထုသည်လည်းကောင်း ရင်မောရမည်၊ ရင်နာရမည်သာ ဖြစ်သည်။
Monday, August 3, 2015
ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရုပ်သေးပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းနေ သူများထဲတွင် ထွေးဦးမြန်မာလည်း အပါအ၀င်ဖြစ်သည်။ ထွေးဦးမြန်မာ အနေဖြင့် ရိုးရာ ရုပ်သေး အကများကို ကပြနေသလို ရုံပွဲများကိုလည်း စီစဉ်ပေးသည်။ ယင်းအပြင် ပြည်ပတွင်လည်း ဖိတ်ခေါ်ပါက သွားရောက် ကပြဖျော်ဖြေမှုများ လုပ်လေ့ရှိသည်။ ထွေးဦးမြန်မာ၏ လုပ်ကိုင် ဆောင်ရွက်နေမှုများ၊ ရုပ်သေးပညာ၏ ခက်ခဲမှုများ၊ လက်ရှိ ကြိုးစားနေရမှုများကို သိရှိနိုင်ရန် မဇ္ဈိမက ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အသက်ကိုးနှစ်အရွယ်ကပင် ရုပ်သေးကြိုးဆွဲ ပညာကို သင်ယူခဲ့သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံ မေးမြန်းထားပြီး ကောက်နှုတ် ဖော်ပြပေးထားပါသည်။
ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ကိုပြင်ဆင်မယ့်အပေါ် ဘယ်လို မြင်ကြသလဲ
ဇူလိုင် ၂၂ ရက်က အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီသို့ ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြခဲ့သည်။ ယင်းသို့ ၀န်ကြီးဌာနက တင်ပြခဲ့သည့် အပေါ် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံ သူကို အရေးယူရန် ဥပဒေကြမ်းကော်မတီက အစီရင်ခံလိုက်သည်။
ယင်းအပြင် ဥပဒေကြမ်းကော်မတီက “ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ” အစား “ပြည့်တန်ဆာ ထိန်းသိမ်းရေးဥပဒေ” ဟု အမည်ပြောင်းလဲရန်လည်း ဥပဒေကြမ် ကော်မတီက သဘောထား မှတ်ချက်ပေးခဲ့သည်။
ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ၁၉၄၉ခုနှစ်၊ ဧပြီ(၂၁)တွင်စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်းစဉ် ပုဒ်မ (၁၈)ခု ပါဝင်သည့် ယင်းဥပဒေသည် လက်ရှိ ခေတ်အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟု လည်း ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် လွှတ်တ်ာသို့ တင်ပြခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

Sunday, August 2, 2015
သမ္မတ၏ ပြောကြားချက်အပေါ် လူငယ်၊ လူလတ်များ ပြန်လည်စိန်ခေါ်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (အရှေ့ပိုင်း) ဒေါက်တာစိုးထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် တုံ့ပြန်ရေးသားထားစဉ်
လူငယ်လူလတ်များကို သမ္မတလုပ်ခွင့်ပေးပါက မြန်မာနိုင်ငံကို အချိန်တိုအတွင်း လက်ရှိ အစိုးရထက်သာအောင် လုပ်ပြ မည်ဟုဆိုကာ သမ္မတဦးသိန်းစိန် အပေါ် စိန်ခေါ်တောင်းဆိုမှုကို ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် မြန်မာလူ ငယ်၊ လူလတ်တို့က ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်လာကြသည်။

စိတ်မချမ်းမြေ့စရာတွေကြားက စိတ်ချမ်းသာစရာများ
မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်၊ အလယ်ပိုင်းပါမကျန် တစ်နိုင်ငံလုံး မိုးကြီး သဖြင့် ရေလွှမ်းမိုးမှုဒဏ် ခံနေကြရသည်ကို သတင်းမီဒီယာများမှတစ်ဆင့်၊ လူမှုကွန်ရက်များမှ တစ်ဆင့် စိတ်မချမ်းမြေ့စရာ ကြားသိမြင်တွေ့ နေကြရပါသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့တွင် ရေကြီး ရေလျှံ ရေလွှမ်းမိုးနေသည်မှာ တံတားများ ကျိုးပျက်၊ အိမ်များ ရေမြုပ်၊ ပြိုကျ သည်ထိ ဖြစ်၍ လူပေါင်း သိန်းဂဏန်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်လောက်အောင် ထိခိုက်သည့်ပြင် လူ အသေအပျောက်လည်း ရှိခဲ့ပါသည်။
ကျန်ဒေသအချို့၌ ဆိုခဲ့သောနေရာများကဲ့သို့ မဆိုးရွားသည့်တိုင် ရေလွှမ်းမိုးမှုဒဏ်ကြောင့် အစားအစာနှင့် သောက်သုံးရေပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေကြရပါသည်။

ရေဘေးဒုက္ခကြုံနေရသည့် မြန်မာ၊ အန္ဒိယ၊ ဗီယက်နမ်၊ နီပေါတို့အတွက် ဆုတောင်းမှုများပြုလုပ်
မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် နီပေါတို့တွင် ရေးဘေးဒုက္ခခံစားရင်း အသက်ဆုံးရှုံးသွားသူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုအတွက် ဆုတောင်းပေးလျက်ရှိသည်။
အရှေ့တောင်အာရှဒေသတွင် မုတ်သုန်မိုးများဆက်လက်ရွာသွန်းမှုဒဏ်ကို ကြုံတွေ့နေရပြီး မြေပြိုမှုတစ်ရပ်တွင်လူပေါင်း အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယအရှေ့ပိုင်း မဏိပူရ်ပြည်နယ်ရှိ ရွာတစ်ရွာသည် တစ်ရွာလုံးရွာလုံး ကျွတ်မြေပြိုသွားခဲ့ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြသည်။

မန္တလေးမြို့ ရေလျှံမည်စိုးရိမ်၍ ကမ်းနားတစ်လျောက်မြို့နယ်များတွင် သဲအိတ်များခင်း
မန္တလေးမြို့အတွင်းသို့ ဧရာဝတီမြစ်ရေ လျှံလာမည်ကို စိုးရိမ်သောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြစ်ကမ်းတစ်လျောက်ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ကို တစ်မြို့နယ်လျှင် သဲအိတ် ၅၀၀၀ အသုံးပြု၍ သြဂုတ်လ ၂ ရက် နံနက် ၇နာရီမှစတင်၍ ကာကွယ်မှုပေးနေသည်ဟု စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။
ထိုသို့ ကြိုတင်ကာကွယ်မှုများအား မြို့တော်ဝန်၏ လမ်းညွှန်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်း ၁၀၀ ဦးကျော်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေသို့ ရောက်ရှိလာပါကလည်း သဲအိတ်များ ထပ်မံအသုံးပြုနိုင်ရန် အရံသဲအိတ်များလည်း ကြိုတင်စီစဉ်ထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းသွင်းသူ ၃၁ဦးသာရှိသေး၊ တသီးပုဂ္ဂလယှဉ်ပြိုင်မည့်သူ မရှိသေး
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူမှာ သြဂုတ်လ ၂ ရက်ထိ ၃၁ ဦးသာ ရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ကျော်စိုးက မဇ္ဈိမကို ပြောသည်။
ဆက်လက်၍ ဦးကျော်ကျော်စိုး က "ခုထိတော့ ပါတီတွေမစုံသေးဘူး။ ပါတီ ၆ ခုကပဲ လာပြီးတင်သေးတယ်။ နောက်ကျမှ စုပြုံပြီး တင်လာမယ်ထင်တယ်။ နောက်ပြီး တသီးပုဂ္ဂလယှဉ်ပြိုင်မယ့်သူလည်း မရှိသေးဘူး"ဟုပြောသည်။
ကိုယ်စားလောင်းအမည်စာရင်း တင်သွင်းသူ ၃၁ ယောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ ၆ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၁၂ ဦး၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၈ ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ၁ ဦး နှင့် ညီညွှတ်သောဒီမိုကရေစီပါတီ မှ ၁ ဦး တို့ဖြစ်သည်။

မိုးကြီးမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ကွက်အချို့ လုပ်ငန်းရပ်တန့်ထားရ
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကာ ရွှေတူးဖော်ရေး လုပ်ကွက်အများအပြားရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် ရွှေလုပ်ကွက်အများစုမှာ လုပ်ငန်းမလည်ပတ်နိုင်ဘဲ ရပ်တန့်ထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။မန္တလေးတိုင်းမှ ရွှေလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးဌေးကိုက "ခုဆိုရင်တို့လုပ်ကွက်တွေရှိတဲ့ ကောလင်းမှာဆို ရွှေတွေ့နေမှမိုးကတအားကြီးလာတော့ ရွှေတွင်းလည်း ရေမြုပ်တဲ့အထဲပါသွားတယ်။ လုပ်ငန်းတွေ ရပ်ရတာပေါ့" ဟု လက်ရှိရွှေလုပ်ငန်းအခြေအနေများနှင့် ပတ်သတ်၍ပြောကြားသည်။
ဧရာဝတီတိုင်းတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ ရေကြီးနိုင်ခြေရှိဟု ဒေါက်တာထွန်းလွင် သတိပေး
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်ကဲ့သို့ စံချိန်တင်ရေကြီးမှုမျိုး ဖြစ်လာနိုင်သည့် အနေအထားရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်သည်။
"၂၀၀၄တုန်းကလည်း ရှိသမျှမြစ်တွေအကုန်လုံးစိုးရိမ်ရေမှတ်ရောက်တယ်။ အခုလည်းအဲ့အတိုင်းပဲဆိုတော့ ဖြစ်လာစရာ အလားအလာရှိတယ်။ ပြီးတော့ အထက်ကရှိသမျှရေတွေ အကုန်လုံးကလည်း အောက်ကျနေတယ်လေ။ အဲ့ဒါကို သတိထားဖို့လိုပါတယ်။ လောလောဆယ်တော့ ဒေသခံတွေကိုအဲ့ဒါပြောပေးပါ" ဟုဩဂုတ် ၂ရက် ညနေပိုင်းတွင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

ဆိုဗီယက် တော်လှန်ရေး ခေါင်းဆောင် Trotsky နေအိမ် လေလံတင် ရောင်းမည်
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာရှိတဲ့ Leon Trotsky ရဲ့ အိမ်ဟောင်းကို ရောင်းမယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့ ဝက်ဘ်ဆိုက်တ်တခုမှာ တင်ထားပါတယ်။ Leon Trosky ဟာ မာ့က်စ်ဝါဒီ တော်လှန်ရေးသမား၊ အတွေးအခေါ်သမား၊ ဆိုဗီယက် နိုင်ငံရေးသမား၊ ဆိုဗီယက်တပ်နီတော်ကို တည်ထောင်သူ၊ ၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးရဲ့ သူရဲကောင်း စတဲ့ဂုဏ်ပုဒ်တွေကို ရထားသူပါ။
‘‘ရွေးကောက်ပွဲသဘာဝအရ ရှုံးရင်လည်းရှုံးတဲ့အလျောက် မိမိတို့လက်ခံမယ်။ ပြီးတဲ့အခါမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် အရှုံးပါတီအနေနဲ့လည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ သူရဦးရွှေမန်းနှင့်တွေ့ဆုံခြင်း
ပြည်ထောင်စုလွှတ်တော်နာယ က၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင် 7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီတွင်း အခြေအနေ၊ ရွေးကောက်ပွဲအလားအလာ၊ ရွေးကောက်ပွဲအလွန်ကြားကာလအတွက် စိုးရိမ်ပူပန်မှုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေရှိ၊ မရှိ ၊ သမ္မတရည်မှန်းချက်စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
ရေဘေးသင့်ဒေသများသို့ လှူဒါန်းရန် ရန်ကုန်မှလူငယ်အဖွဲ့များ မြို့တွင်းလမ်းမများတွင်အလှူငွေကောက်ခံ
ရေဘေးသင့်ပြည်သူ များအတွက် သွားရောက်လှူဒါန်း ရန် ရန်ကုန်မြို့မှ လူငယ်များအဖွဲ့ သည် မြို့တွင်းလမ်းမများတွင် အလှူငွေကောက်ခံမှုများနှင့် အွန် လိုင်းမှ အလှူခံမှုများပြုလုပ်လာ ကြသည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအား ကယ် ဆယ်ရေးပစ္စည်းများနှင့် လိုအပ် သည့် အထောက်အပံ့များ လှူဒါန်း နိုင်ရန် ‘‘ရေဘေးကယ်ဆယ်ရေး အတွက် လက်တစ်ဖက်ကမ်းကြ မယ်’’အဖွဲ့မှ လူငယ်တစ်ရာခန့် သည် သြဂုတ် ၁ ရက်က မြေနီကုန်း စမ်း ချောင်းမြို့နယ်တွင် အလှူငွေ ကောက်ခံမှုပြုလုပ်ခဲ့သည်။ ‘‘ရေဘေးသတင်းတွေတစ်ရက်ထက်တစ်ရက်ဆိုးရွားလာတဲ့ အခြေအ နေတွေကို အင်တာနက်မှာတွေ့ရ တော့ ကျွန်တော်တို့ သူငယ်ချင်း တွေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပြုပေးချင်တာကြောင့် လုပ်ဖြစ်ခဲ့ တာပါ။ လောလော ဆယ်မှာတော့ နှစ်ရက်အလှူငွေ ကောက်ခံပေးဖို့ စီစဉ်ထားပါတယ်။ မြေနီကုန်းစမ်းချောင်းတစ်ဝိုက်ကနေရာတွေ မှာ အလှူငွေ လိုက်လံကောက်ခံ ပေးမှာပါ’’ဟု ယင်းအဖွဲ့မှကိုဗိုလ် ဗိုလ်ကျော်က ပြောသည်။

မန်စီးတီးတိုက်စစ်မှူး ဂျိုဗီတစ်ကို အင်တာမီလန်အငှားဖြင့် ခေါ်ယူ
မန်စီးတီးတိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်သည် အင်တာ မီလန်အသင်းသို့ ၁၈ လအငှား စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီး အင်တာက နောက်ပိုင်းတွင် အပြီးသတ်ဝယ်ယူနိုင်သည်ဟု မန်စီးတီးအသင်းက ကြေညာသည်။မွန်တီနီဂရိုးလက်ရွေးစင် ဂျိုဗီတစ် (၂၅) နှစ်သည် ၂၀၁၃ ကဖီအိုရင်တီးနားမှ ပေါင် ၂၂ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာပြီးမန်စီးတီးတွင် အထိုင်ကျရန် ရုန်းကန်ခဲ့ရသည်။ ဒဏ်ရာရရှိခဲ့ခြင်း ကလည်း ၎င်း၏ တိုးတက်မှုကို နှေးကွေးစေခဲ့သည်။မန်စီးတီးအတွက် (၄၄) ကြိမ် ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူခဲ့သော ဂျိုဗီတစ် အင်တာတွင် အဆင်ပြေပါစေကြောင်း ဆုမွန်တောင်း လိုက်သည်ဟု မန်စီးတီးက ထုတ် ပြန်သည်။
စစ်ကိုင်း ရေဘေးသင့်သူများအတွက် မေတ္တာသင်္ဂဟအဖွဲ့ ကျပ်သိန်း ၃၂၀ လှူဒါန်း
စစ်ကိုင်းတိုင်းမှ ရေဘေး သင့်ဒေသများအတွက် မေတ္တာ သင်္ဂဟအဖွဲ့က အလှူငွေ ကျပ်သိန်း ၃၂၀ လှူဒါန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။အလှူငွေလှူဒါန်းပွဲကို ဩဂုတ် ၁ ရက်က တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလှူငွေများအပါအဝင် အင်္ကျီ အသုံးအဆောင်များနှင့် အခြား ပစ္စည်းများကိုလည်း လှူဒါန်းမည် ဖြစ်သည်။
အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ လီထယ်အင်း
တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး လီထယ်အင်း သည် အနုပညာလုပ်ငန်းများ ပြန် လည်စတင်ရန် ပြင်ဆင်နေသည်။
‘‘လီထယ်အင်းဟာ စက် တင်ဘာ (သို့မဟုတ်) အောက်တို ဘာမှာ အနုပညာလုပ်ငန်းပြန် လည်စတင်ဖို့ပြင်ဆင်နေပါ တယ်။ You'll Love Me ဒရာမာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်’’ဟု ၎င်း၏လုပ်ဖော်ကိုင် ဖက်တစ်ဦးက Daily Sports သတင်းအားပြောသည်။

Saturday, August 1, 2015
CD ကို Software မသုံးဘဲ ကူးနည်း
CD ကို Software မသုံးဘဲ ကူးနည်း
CD ကို Nero Express လို မျိုး CD burn တဲ့ software မသုံးဘဲ my computer ထဲက CD/DVD Writer ပေါ်မှာ တိုက်ရိုက်ကူးလို့ ရတဲ့အကြောင်းလေးပေါ့။ သိပြီးသားလူတွေလဲ အများကြီးပေါ့နော်။ သူတို့အတွက် မရည်ရွယ်ပါဘူး။ ကျွန်တော်တို့လို့ ခုမှ သိတဲ့လူတွေအတွက် ပြန်လည် မျှဝေပေးတာပါ။ ၁။ ကူးချင်တဲ့ file , floder က ကိုယ့် computer ထဲ မှာရှိရပါမယ်။ မရှိသေးရင် computer ထဲ ကူးထည့်လိုက်ပါ။ ၂။ CD ,

အပူပိုင်းဇုန်တွင် ရေဘေးကြုံရသူများ

အပူပိုင်း မိုးနည်းရပ်ဝန်းဒေသဟု ခေါ်ဆိုသော မကွေးတိုင်းအတွင်း ဇူလိုင် ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ (၀ါဆိုလပြည့်နေ့) အထိ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သည်။ ထိုမိုးများသည် မြန်မာနိုင်ငံ ဒေသအနှံ့နီးပါး ရွာသွန်းခဲ့ခြင်းလည်း ဖြစ်သည်။ မကွေးတိုင်းနှင့် ဧရိယာချင်း ဆက်စပ်လျှက်ရှိသော ချင်းပြည်နယ်တွင် မိုးရေချိန် ရှစ်လက်မ ကျော်သည်အထိ ရွာသွန်းခဲ့သည်။ ထိုသို့ရွာသွန်းခဲ့သော
ဟားခါးမြို့ ရိက္ခာပြတ်တော့မည်

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချင်းပြည်နယ်၏မြို့တော် ဟားခါး၌ မြေပြိုမှု၊ အိမ်ပြိုကျမှုများ အမြောက်အမြား ဖြစ်ပွားနေပြီး ကားလမ်းအဆက်အသွယ်များလည်း ပြတ်တောက်နေသည့်အတွက် ဟားခါးမြို့ခံများမှာ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)