Thursday, September 20, 2012

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မောင်းတော အရေးအခင်းအတွင်း ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး

မောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဖူးကက်မြို့ရွှေဆိုင်လုယက်မှု မြန်မာလှေလုပ်သားများဟုယူဆ”

                           
စက်တင်ဘာ ၁၈ ကိုတီး
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ  ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထု တ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။

KIO ဗဟိုတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး အုပ်စုဖွဲ့မှုများရှိနေ



စစ်ဘေးဒဏ်ရဲ့ဖိဆီးမှုကြောင့် ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ဒုက္ခမျိုးစုံကြုံတွေ့နေရသလို KIA တပ်ဖွဲ့အတွင်း အောက်ခြေ ရဲဘော်များအနေနှင့်လည်း တိုက်ပွဲများအ တွင်း ထိခိုက်ဒဏ်ရာရသေကြေ ပျက်ဆီးခြင်း၊ ကိုယ့်မိုင်းနှင့် ကိုယ်ထိခိုက်သေဆုံးခြင်း၊ ကျန်းမာရေးအရထိခိုက်သေဆုံးခြင်းတွေ မြင့် တက် လျက် ရှိနေပါတယ်။

ပါတီများ ဆင်းရဲလျက်ရှိကြောင်း NNDP ပြည်တော်ပြန်များဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၇
နိုင်ငံရေးပါတီ ဆောင်ရွက်လှုပ်ရှားနေသူများနှင့် တွေ့ဆုံခဲ့သော အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများသည် အလွန်ဆင်းရဲလျက်ရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အစိုးရ၏ ပံ့ပိုးပေးမှုများစွာ လိုအပ်လျက်ရှိပါကြောင်းတို့ကို စက်တင်ဘာ ၁၅ ရက်နေ့က အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် တွေ့ဆုံပွဲတွင် ကိုမိုးသီးဇွန်က ပြောကြားခဲ့သည်။

နိုင်ငံပိုင်သတင်းစာပါ ဆောင်းပါးကိစ္စအောက်တိုဘာလ ကျင်းပမည့်ပဉ္စမအကြိမ် လွှတ်တော်တွင် ပြန်ကြားရေး ၀န်ကြီးဌာန ဖြေရမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈
ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပြီးဆုံးရန် သုံးရက်အလို စက်တင်ဘာလ ၅ ရက်နေ့က အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး မေးမြန်းထား ပြီး ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြန်လည်ဖြေကြားပေးမည်ဟု

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်ကပေးအပ်သော Congressional Gold Medal ဆု လက်ခံရယူခြင်းနှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံသည့် အကြောင်းတို့ကို နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ယနေ့ညတွင် ထုတ်လွှင့် (ဓါတ်ပုံ)


၈၈ မျိုးဆက် အထင်ကရများ နိုင်ငံကူးလက်မှတ် ထုတ်ယူ


(ဓာတ်ပုံများ -ဂျေပိုင်/ဧရာဝတီ)
၈၈မျိုးဆက်ခေါင်းဆောင်များ ဒီကနေ့ နိုင်ငံကူးလက်မှတ် သွားရောက် ထုတ်ယူကြပါတယ်။နိုင်ငံကူးလက်မှတ်ရရှိဖို့ လုပ်ဖော်ကိုင်ဖက် အားလုံး လျှောက်ထားကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုဆုတခု လက်ခံယူဖို့ အစီအစဉ်ရှိခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်သူ မင်းကိုနိုင် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နိုင်ငံကူးလက်မှတ် ရပြီးပါပြီ။

ရန်ကုန်နှင့် အင်းလေးဒေသတွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ လာမည့် ဘဏ္ဍာနှစ်အတွင်း ပိုမိုဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသည်များကို ကျေပွန်စွာ ဧည့်ခံနိုင်ရန် မျှော်မှန်း၍ ရန်ကုန်နှင့် ရှမ်းပြည်နယ် အင်းလေး ဒေသတို့ တွင် ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ်သွား မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေးကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။

သမ္မတကြီး ဦးသိန်းစိန် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရ



ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကြောင့် တရုတ်တက္ကသိုလ်က ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတကြီး ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင် လက်ခံရယူခဲ့ကြောင်း Sky Net ရုပ်သံလိုင်းက ယနေ့ ညနေတွင် ထုတ်လွှင့်ခဲ့သည်။
From -TheVoiceWeekly

ယနေ့ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံယူတဲ့သတင်း ထုတ်လွှင့်မည်

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံယူတဲ့သတင်းကို ယနေ့ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာလည်း ကြည့်နိုင်ပါတယ်ဟု ပြန်ကြာရေး ဒုဝန်ကြီး ဦးရဲထွဋ် ရဲ့   Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေရာပြောင်း ကစားကြဦးမည်

နွေနွေ မိုးမိုး ဆောင်းဆောင်း တစ်နှစ်ပတ်လုံး နံနက်စောစော မပျက်တမ်း လမ်းလျှောက်ဖော်အသက် (၇၀)ကျော် အဖိုးကြီးများ ကျိုက္ကဆံကွင်းအတွင်း လမ်းလျှောက်လို့အပြီးမှာ လပ်ကီးဆဲဗင်းလက်ဖ က်ရည်ဆိုင်မှာ ဆုံရပ်ထားပြီးဖောင် ဖွဲ့ကြသည်။ အငြိမ်းစား ဆရာဝန်ကြီးပါသည်။တပ်မတော် အရာရှိကြီးပါသည်။ အင်ဂျင်နီယာမှူး ကြီးပါသည်။ ဗဟိုစာရင်းရုံးက စာရင်းကိုင်ချုပ်ကြီးပါသည်။ အားလုံး အသက် (၇၀) ကျော် အငြိမ်းစားဝန်ထမ်းဟောင်းများဖြစ်သည်။ ၂၈.၈.၂၀၁၂ နေ့ နံနက်။

ဗိုလ်ချုပ်ကြီးဟောင်းဦးတင်းဦးပြောခဲ့သည့် ရန်သူမျိုးငါးပါးမှာ ပါတဲ့မင်းဆိုတာ တနေ့ပျောက်သွားရမည့်ဆိုသော စကား

၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလက ဖြစ် သည်။ ၃-၃-၆၄နေ့တွင် တောင်ငူခရိုင် ခပေါင်းကျေးရွာတွင် ကျင်းပမည့် စတုတ္ထ အကြိမ် တောင်သူလယ်သမားနှီးနှောပွဲ အတွက် ဧရာဝတီတိုင်းအတွင်းရှိတောင် သူလယ်သမားများအား ခေါ်ယူ၍ တိုင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်မှူးကြီးတစ်ဦးဘ၀ဖြင့် တိုင်းစည်းဝေး ခန်းမတွင် တောင်သူလယ်သမားများနှင့် အကြိုနှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပပြုလုပ် ရာတွင် အောက်ပါအတိုင်း မိန့်ကြားခဲ့ သည်များကို လေ့လာမှတ်သားခဲ့ရပါ သည်။ မိန့်ကြားချက်အချို့ကို ကောက် နုတ်တင်ပြရလျှင်..

အိုဘယ့် အမရာ

အိုဘယ့် အမရာဟုဆိုသောကြောင့် စာရှုသူများအနေဖြင့် မဟော်သဓာဇာတ် တော်လာ ဇနီးအလိမ္မာကလေးအမရာ မိဖုရားကို ပြေး၍မြင်ယောင်မိချောမလား မသိပေ။ ကျွန်တော့်အမရာက ထိုအမရာ မိဖုရားကိုဆိုလိုတာမဟုတ်ပါ။ ငယ်ငယ်  တုန်းအခါဆီက သင်ယူခဲ့ဖူးသော အယူ ၀ါဒတစ်ခု၏ အမည်နာမ “အမရာ ဖြစ်ပါ ၏။ နာမည်အပြည့်အစုံမှာ “အမရာစိက္ခေ ပ၀ါဒ” ဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်  သည် သုတ္ထန်ဒေသနာ ဗြဟ္မဇာလသုတ် တော်၌ အကျယ်တ၀င့်ဟောကြားတော် မူခဲ့ပါသည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေကိုပဲ ထောက်ပြရုံ နဲ့ ပြီးမှာလား ဆရာတို့ရေ

၂၁-၂၇ ဇွန်လ ၂၀၁၂ ရက်နေ့ ထုတ် The Hot News Journal  အတွဲ(၂) အမှတ် (၉၅)စာမျက်နှာ (၂၉)မှာ““လူဝင် မှုကြီးကြပ်ရေးဥပပဒေကို လွှတ်တော် အမတ်တချို့ထောက်ပြမှုရှိပါ””ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာတွေကို စာရေးသူ ဖတ်လိုက်မှတ်လိုက်ရပါတယ်။

မြန်မာလူငယ်များကြား စိတ်ကြွဆေးသုံးစွဲမှုမြင့်တက်

Photo

မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု မြင့်မားလာနေပါသည်။
ခံစားနေရသည့် စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊ နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့်အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်း စိတ်ကြွဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာများရှိ အစိုးရက သိမ်းယူပြီးသော လယ်မြေများတွင် ၀ယ်ယူနေထိုင်မိသူများက မန္တလေးမြို့တော် မြို့တော်ဝန်အမိန့်ဖြင့် ၀င်းခြံများ လာရောက်ဖယ်ရှားသူ စည်ပင်ဝန်ထမ်းများအား မ ဖျက် ရန် တောင်း ပန်

ယနေ့ နံနက် ၉ နာရီက ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာများရှိ အစိုးရက သိမ်းယူပြီးသော လယ်မြေများတွင် ၀ယ်ယူနေထိုင်မိသူများက မန္တလေးမြို့တော် မြို့တော်ဝန်အမိန့်ဖြင့် ၀င်းခြံများ လာရောက်ဖယ်ရှားသူ စည်ပင်ဝန်ထမ်းများအား မ ဖျက် ရန် တောင်း ပန် ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်လုံးကျွတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ ဆရာမအင်အား ၁၂၀၀၀၀ ၀န်းကျင်ဖြင့် ဆောင်ရွက်သွားမည်

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမအင်အား ၁၂၀၀၀၀၀န်းကျင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွှဲမှားနေ


ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍ စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်
ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်း သိရှိရပါသည်။ စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင်မှားလို့ ကျနော့်ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause I planned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ် ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂလိပ်ဘာသာပြန်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

နံရံချပ်နှစ်ခု (ဟာသ)

တောရွာတစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးနဲ့ သူ့ဖခင်ဟာ ရှော့ပင်းမောတစ်ခုထဲ မှာ ရောက်ရှိနေကြ ပါတယ်။ တွေ့သမျှ၊ မြင်သမျှ ကို အံ့ဩတကြီးနဲ့ လိုက်ကြည့်နေကြရာက ငွေမင်ရောင် ပြောင်လက် နေပြီး ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့ နံရံချပ်နှစ်ခု ကို တွေ့လိုက်တဲ့ အခါမှာတော့ မှင်တက်မိသွားကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေး အမေရိကန် တံခါးဖွင့်

အမေရိကန် သမ္မတ ဘားရက်အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် ကို အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ- Reuters)
ယမန်နေ့က အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံပြီး ကွန်ဂရက်ကလည်း အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့တဲ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ရုတ်သိမ်းသွားခြင်းတို့ဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဏသစ်ဖွင့်ရန် မော်ကွန်းထိုးလိုက်ခြင်း ဖြစ်မည်။

အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို

မြန်မာလိင် လုပ်သားများအတွက် အခွင့်အရေးနှင့် ထိန်းချုပ်မှုများပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေများအား   ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများ အရေးဆောင်ရွက်ပေးနေသူများ ထံက သိရှိရသည်။
  လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV / AIDS ပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများလုပ်ဆောင်နေလျှင် တိုင်းပြည်အတွက်ဆိုးရွား သည့် အခြေအနေများ   ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။
 

သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကို အမေရိကန်၏ အရေးယူပိတ်ဆို့ထားသူစားရင်းမှပယ်ဖျက်

ဝါရှင်တန်၊ စက်တင်ဘာ - ၂၀ ပြုပြင်ပြောင်လဲမှုများပြုလုပ်လျက်ရှိသောလက်ရှိမြန်မာအစိုးရခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှစ်ဦးအပေါ် အမေရိကန်အစိုးရကချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို Wall Street ဂျာနယ်တွင်ဖော်ပြထားသည်။

မြန်မာကလေးများကို လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်ချီးကျူး

ရန်ကုန် (မဇ္ဈိမ)။           ။ Digicel ဆက်သွယ်ရေးကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကလေးငယ်များကို ဘောလုံးပညာ ပို့ချပေးနေသော လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်က မြန်မာကလေးငယ်များ၏ ဘောလုံးစွမ်းရည်ကို ချီးကျူးသွားခဲ့ပြီး ကမ္ဘာ၏ မည်သည့်နေရာ၌ရှိသော ကလေးများနှင့် အရည်အသွေး အတူတူပ င်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

“MEC တန်ဖိုးနည်း စီဒီအမ်အေ 800 ဖုန်းရောင်းချခြင်း ဖြစ်နိုင်ဖွယ်မရှိဟု ဆက်သွယ်ရေး ပြောကြား”

ရန်ကုန် စက်တင်ဘာ ၂၀
မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ တန်ဖိုးနည်း CDMA 800 MHz ဖုန်းများ ရောင်းချပေးမည် ဆိုခြင်း အား ဖြစ်နိုင်ဖွယ် မရှိကြော င်းနှင့် ရောင်းချပိုင် ခွင့်မပေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်း ထွန်းအောင်က ပြောသည်။``ဆက်သွယ်ရေး ၀န်ဆောင်မှုပေးမည့် operator အဖြစ် ဆောင်ရွက် လိုသော အဖွဲ့အစည်း သည် ၀န်ဆောင်မှု လိုင်စင် ရရှိရေးအတွက် ဦးစီး ဌာနနှင့် ၀န်ကြီး ဌာန တို့တွင် လိုင်စင် လျှောက်ထားခြင်း၊ frequency အသုံးပြုခွင့် လျှောက်ထားခြင်း များ ပြုလုပ်ရပါကြောင်း၊ လက်ရှိတွင်

မုန်း၍မဟူ

ခုတလော မြဝတီက ဇာတ်ကားတွေတင်တော့ ကြည့်ဖြစ်သည်။ သို့သော် 
မနေ့ညက တစ်ခါကဧရာဝတီညများကို ပြန်ကြည့်ဖြစ်သည်။ ဝထ္ထုသည် ဝထ္ထုလို ရသပါသကဲ့သို့ ရုပ်ရှင်သည်လဲ အသက်ဝင်လှသည်။ အင်္ဂလိပ်ကို တော်လှန်သောမျိုးဆက်၊ ဂျပန်ကိုတော်လှန်သော မျိုးဆက်နှင့် နှောင်းပိုင်း မျိုးဆက် ၃ဆက်ကို ဆက်စပ်ပြထားသော ဝထ္ထုနှင့်စာလျင် ပေးသည့်ရသနည်းသော်လည်း အပြင်အဆင်၊ အလင်းအမှောင်၊ ဇာတ်ဆောင်တွေ မြိုင်မြိုင်ကြီးနဲ့မို့ တစ်သက်တာအတွင်း အတော်ကြိုက်သော

SME များ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ဆောင်ရွက်ပေးတော့မည်

မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
အသေးစား၊ အလတ်စား (SME) စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ်တိုး သက်သာစွာ ငွေချေးနိုင်ရန် နိုင်ငံပိုင်ဘဏ်တခု ထူထောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“SME အတွက် အတိုးနှုန်း သက်သာမှ SME ဖွံ့ဖြိုးမယ်။ ဒီဘက်ကို နိုင်ငံပိုင်ဘဏ် အဖြစ် ထားဖို့ စဉ်းစားနေတယ်။ Policy Bank တခုအနေနဲ့ SME တွေအတွက် ရပ်တည်ဖို့၊ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်မယ့် ဘဏ်မျိုးပေါ့” ဟု  မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောသည်။

မယ်တော်ဆေးခန်း ထိုင်းတွင် ဆက်ရှိဦးမည်

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ဒေါက်တာ စင်သီယာမောင် (ဝဲဘက်အစွန်) နှင့် မန္တလေး ဆေးရုံကြီး မှ ဒေါက်တာ ဝေဝေသာနှ င့် တွေ့ဆုံစဉ် (ဓာတ်ပုံ – MK)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ မယ်တော်ဆေးခန်းက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ကျန်းမာရေး ၀န်ဆောင်ပေးမှုတွေ ဆက်လက်ကူညီပေးဖို့ လိုအပ်နေသေး တာကြောင့် မြန်မာပြည်တွင်းထဲ ပြန်ဝင်ဦးမှာ မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

သတ္တုတွင်းနှင့် Voice အမှုစွဲချက်တင်ရန် ဒဂုံမြို့နယ်တရားရုံးဆုံးဖြတ်

ရန်ကုန် စက်တင်ဘာ ၂၀
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice Weekly ၏ အမှုကိုစွဲချက်တင်ရန်ဆုံးဖြတ်ကြောင်း ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄ကြိမ်မြောက်ရုံးချိန်းတွင် ဒဂုံမြို့နယ်တရားရုံးတရားသူကြီးဒေါ်ခင်သန့်ဇင်က ဆုံးဖြတ်သည်။
ဝန်ကြီးဌာနအချို့၏ ကျပ်သန်းထောင်ချီငွေကြေးအလွဲသုံးစားမှုများ
တွေ့ရှိဟူ သည့် The Voice Weekly ၏ ရေးသားဖော်ပြချက်သည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟု တရားရုံးကယူဆသောကြောင့် သတ္တုတွင်းဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးဇော်ကိုကို