Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ

တိုင်းပြည်အကျိုးစီးပွားအတွက် ကော်မရှင်ကို ဦးဆောင်ခဲ့တာဖြစ်ကြောင်း ပြော



လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက်  ပြောကြားလိုက်ပါတယ်။

သမိုင်းကပြောလာတယ်။ ရိုဟင်ဂျာမရှိဘူး


w1-12-3-13၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ




ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော် သည် ပါတီမှ မတ်လ ၈ရက်နေ့တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

ယနေ့ညနေတွင် မုံရွာမှာ လက်ပတောင်း အစီရင်ခံစာ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မုံရွာမြို့ ၀င်းယူနတီဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု မုံရွာ NLD ပြန်ကြားရေးထံမှ သိရကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ ခန့်က မုံရွာမြို့အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ကြောင်းသိရသည်

နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော


နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့် ဘဏ္ဍာနှစ်သစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Tuesday, March 12, 2013

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့သည့်မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်တွင် တွေ့ဆုံခဲ့ကာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

'ရန်ကုန်ဟာ တကယ်ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အားလုံး ရှိနေပါတယ်'


ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ရှိ ကိုလိုနီဗိသုကာလက်ရာ အဆောက်အအုံများကို စနစ်တကျ ပြန်လည်ပြုပြင်
ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် Yangon Heritage Trust (YHT) အား
တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးအား လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ
နှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က မေးမြန်းထားသည်။

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်

Trust-Building-for-Peace-2

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
သျှမ်း- ကယား ညီလာခံ ဖိတ်စာ
 
“လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ” ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

  | |

မြန်မာနိုင်ငံက အကျဉ်းသား ရဲဘက်တချို့ (ဓာတ်ပုံ – japanfocus)


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

မြန်မာကို နမူနာအဖြစ် ကြည့်သင့်ကြောင်း မြောက်ကိုရီးယားကို အမေရိကန်အကြံပေးပုဂ္ဂိုလ် တိုက်တွန်း

မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့် စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်လိုသည့် သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။

ဦးရဲထွဋ် ပြောထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ်အကြောင်း

 
 
မိုဘိုင်း တယ်လီဖုန်းကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရှင်းလင်းထားပါတယ်။    "သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း

ချာဗက်ဇ်၏မိခင်ကို ပွေ့ဖက်မိသဖြင့် အီရန်သမ္မတ ပြည်တွင်းဝေဖန်မှုများကြုံ

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ်၏ မိခင်ကို ပွေ့ဖက်မိခြင်းကြောင့် အီရန် သမ္မတ မာမွတ် အမာဒီနီဂျက်တစ်ယောက် ပြည်တွင်းတွင် ဝေဖန် ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရသည်။ အီရန် သမ္မတသည် ကွယ်လွန်သူ ချားဗက်ဇ်၏ မိခင်ကို နှစ်သိမ့်သည့် အနေဖြင့် ပွေ့ဖက်ကာ နှစ်သိမ့် စကားပြောနေသည့် ဓာတ်ပုံများကို သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က အမာဒီနီဂျက် လုပ်ဆောင်သော ကိစ္စသည် ဘာသာရေးအရ လက်ခံနိုင်စရာ မရှိဟု အင်တာနက်တွင် ဝေဖန်မှုများ ပျံ့နှံ့လျှက် ရှိသည်။

ဆံပင်ဆိုးဆေးကြောင့် ဆံသားပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်နိုင်


 


  ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏအရောင်အရင့်ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။

Monday, March 11, 2013

ကျွဲ၊ နွားမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး လူသို့ ကူးစက်ပါက အရေပြားအနာများဖြစ်ကာ အသက်ဆုံးရှုံး ခြင်းများပင် ရှိနေ

3.11.1မန္တလေးတိုင်းဒေသကြီး၌ ရုတ်တရက်သေဆုံးပြီး နွားဒေါင့်သန်းရောဂါဟု သံသယရှိသည့်နွားကို သယ်ယူနေစဉ်
ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ်သည့် ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူများမှာ အရေပြားအနာများ

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးကို လာမည့်ဧပြီလအတွင်း ရွေးချယ်ပေးအပ်မည်

Education-9-march11ရန်ကုန်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေစဉ်
အဆင့်မြင့်ပညာကဏ္ဍ၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါဆုကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက်၊ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နယူးဒေလီမုဒိမ်းမှုတွင် အဓိကသံသယရှိသူ ရမ်ဆင်း အကျဉ်းထောင်အတွင်း ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သော အသက်၂၃ နှစ် အရွယ် ဆေးကျောင်းသူ တစ်ဦးအား ဘတ်စ်ကား တစ်စီးပေါ်၌ အသက်သေစေသည်အထိ အုပ်စုဖွဲ့ ရိုက်နှက် မုဒိမ်းကျင့်မှုတွင် အဓိကသံသယရှိသူ ရမ်ဆင်းကို မတ် ၁၁ ရက်တွင် အကျဉ်းခန်းအတွင်း၌ ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်
====================
 အဲရစ်ရှမစ် (ဓာတ်ပုံ – Reuters)

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။
ဧရာဝတီ

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ မြင်ကွင်းဓါတ်ပုံများ


Sunday, March 10, 2013

အသုံးပြုသူစိတ်ကြိုက် သတင်းအပြင်အဆင် ထားနိုင်မှုနှင့် ပိုမိုကြီးမားသော ဓာတ်ပုံများ ပါဝင်သည့် ပင်မစာမျက်နှာသစ် Facebook မိတ်ဆက်

weeklyeleven-10-march10Facebook စာမျက်နှာတွင် မိတ်ဆွေများ၏ သတင်းများနှင့် ကမ္ဘာ့သတင်းများကို စိတ်ကြိုက်ပြင်ဆင်ကာ personalized news paper အဖြစ်ပြောင်းလဲနိုင်သော ၀က်ဘ်ဆိုက်စာမျက်နှာသစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း Facebook က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး
နေပြည်တော် မတ် ၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်မည့် ပညာရပ်ဆိုင်ရာ ထူးချွန်ဆု ယခုနှစ် စတင်မည်




အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် သီးသန့်ချီးမြှင့်သော ပညာရပ်ဆိုင်ရာ ထူးချွန်ဆုကို ယခုနှစ်တွင် ပထမအကြိမ် စတင်မည်ဖြစ်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ “အများပြည်သူကို အကျိုးပြုတဲ့၊ လူမှုစီးပွားရေး နယ်ပယ် တိုးတက်ဖို့အတွက် အကျိုးပြု အသုံးချနိုင်တဲ့ တီထွင်ကြံဆတဲ့ ပညာရပ်ဆိုင်ရာ

ဆန္ဒဖော်ထုတ်မှုအချို့ နောက်ကွယ်၌ ...


အောင်ခိုင်၊ရန်မျိုးနိုင်၊ထွန်းခိုင်
သံဃာတော်များနှင့် လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာခဲ့သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် ဆန္ဒပြပွဲများအား အင်အားသုံးဖြေရှင်းခဲ့သော တပ်မတော်အစိုးရကို ဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရသစ်သည် ဆန္ဒပြပွဲများအား ၂၀၁၂ ဇူလိုင်လမှစတင်ပြီး တရားဝင်ပြသခွင့်ကို ပေးခဲ့သည်။

Friday, March 8, 2013

ယာဉ်မောင်းလိုင်စင်လျှောက်ထားရာ၌ ကျရှုံးသူများနေကြောင်း သိရ



ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။
 
 ``အခု ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့ ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။

ရွှေကြာပင်လေး UAV

Share
ခုတလောနိုင်ငံပိုင်သတင်းစာတွေထဲမှာ ပုဂ္ဂလိက စာစောင်တွေဂျာနယ်တွေမှာ ခပ်စိပ်စိပ် ရေးသား ဖော်ပြလာကြတဲ့ သတင်းအချက်အလက်တချို့ကို သတိထားမိမယ် ထင်ပါတယ်။

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ



မန်စီ မတ် ၆ ရက်
မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့တွင်

အမေရိကန် Cisco အဖွဲ့က သတင်းနည်းပညာ သင်တန်းများ ပေးမည်


နည်းပညာဆိုင်ရာ အဖွဲ့ဖြစ်သည့် Cisco က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် သတင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ Rajiv Shah က ရန်ကုန်တွင်

ယနေ့ လူငယ်အားကစားသမားများ မြင်စေချင်ပါသည်

 
၁၉၆၄ ခုနှစ် ဂျပန် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာပြည်မှ တင်ထွန်းနှင့် အင်္ဂလန်နိုင်ငံမှ ဂျွန်စမစ်တို့ ထိုးသတ်နေကြသည့် မှတ်တမ်းပုံများ

7Day News Hero ဆုရှင် မစုပုံချစ်

Photo: 7Day News Hero ဆုရှင်

မစုပုံချစ်

ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက်မသန်စွမ်းကလေးငယ်တစ်ဦးအဖြစ်မွေးဖွားလာခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူတစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူစရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ မသန်စွမ်းက လေးငယ်များ၏လမ်းပြသူတစ်ဦးအဖြစ် မီဒီယာများမှတဆင့်လူသိများလာခဲ့ခြင်းဖြစ်သည်။
ခြေထောက်ဖြင့်စာရေးကာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်ဖြေဆိုအာင်မြင်ခဲ့သည်။ သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘာသာရပ်ဖြင့်နည်းပညာ တက္ကသိုလ်တက်ရောက်ခဲ့သည်။ ယခု မဟာဘွဲ့အတွက်အတွက် နည်းပညာတက္ကသိုလ်တွင်ပင်တက်ရောက်နေဆဲဖြစ် သည်။ 
မဟာဘွဲ့တက်ရောက်နေဆဲမှာပင် ယခုလအတွင်းသူမ၏ကြိုးစားအားထုတ်မှုအဖြေရလဒ်ထွက်လာခဲ့သည်။ ပြည်ပပညာတော်သင်ဆုရရှိသောမြန်မာနိုင်ငံ၏ ပထမဆုံးမသန်စွမ်းတစ်ဦးအဖြစ်မှတ်တမ်း ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့တွင် သွား ရောက်သင်ယူရန်ပညာသင်ဆုရခဲ့သည်။ ခြေထောက်တစ်ချောင်းသာ အများသူငါနည်းတူရှိသည့်မသန်စွမ်း အမျိုးသမီးတစ်ဦးအတွက် အကြီးမားဆုံး သောအောင်မြင်မှုပန်းတိုင်လည်းဖြစ်သည်။ ထိုကဲ့သို့မစုပုံချစ်၏ စွမ်းဆောင်မှုများက ကျောင်းသားလူငယ် လူရွယ်များကြား နမူနာစံပြလူငယ်တစ်ဦးအဖြစ်ရှုမြင်ခံစားလာစေခြင်းကြောင့် 7 Day News အယ်ဒီတာအဖွဲ့က သူရဲကောင်းဆုချီးမြှင့်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

Hero ဆုကို ပညာတော်သင်သွားရောက်နေသဖြင့် မစုပုံချစ်ကိုယ်စား ၄င်း၏မိဘနှစ်ပါးက တက်ရောက်လက်ခံခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက် မသန်စွမ်းကလေးငယ်တစ်ဦးအဖြစ်မွေးဖွားလာခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူတစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူစရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊

7Day News Hero ဆုရှင် လေယာဉ်မှူး ဦးသန်းထွေး( မြန်မာ့လေကြောင်း)

Photo: 7Day News Hero ဆုရှင်

လေယာဉ်မှူး ဦးသန်းထွေး
မြန်မာ့လေကြောင်း

ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုတစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
ထားဝယ်မြို့လေဆိပ်မှ လေယာဉ်ထွက်ခွာရန်တံခါးပိတ်ပြီးနောက် လေယာဉ်တံခါးပေါက်မှတဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ်တစ်ဦးအားပွေ့ချီလျက်လေယာဉ်ဆီအော်ဟစ်ပြေးလွှားလာနေသူများကို လေယာဉ်ပြ တင်းမှတဆင့် လေယဉ်မှုး ဦးသန်းထွေးတွေ့ခဲ့ရသည်။
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည့်အခါ လေယာဉ်မှုး တစ်ဦးလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို မေ့ဖောက်လျက်အရေးပေါ်အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့် အရေးပေါ်လူနာနှင့် လူနာရှင်များအားလေယာဉ်ပေါ်တွင်တင် ဆောင်လာရန်ဆုံး ဖြတ်ခဲ့သူဖြစ်သည်။
မိမိအလုပ်၊ နေရာနှင့်ရင်းကာ လူသားစိတ်အပြည့်ဖြင့်အသက်တစ်ချောင်းကယ်တင်ရန်ကြိုးစားခဲ့သော ဦးသန်းထွေး၏ သူရဲ ကောင်းစိတ်ဓာတ်ကြောင့် 7Day News သူရဲကောင်းအဖြစ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှု တစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။