Tuesday, April 23, 2013

KIO/KIA အဖွဲ့သည် တရုတ်သဘော တူညီမှု ရရှိမှသာ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးေ ဆွးနွေးပွဲ ပြုလုပ်လိမ့်မည်ဟု ဝေဖန်မှုများ ထွက်ပေါ်

၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား၌ KIO/KIA အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO/KIA ဘက်မှ အကြောင်းပြချက် အချို့ဖြင့် ရွှေ့ဆိုင်းခဲ့ပြီးနောက်ပိုင်း သင်္ကြန် အပြီး ဧပြီလ ၂၂ ရက်နေ့၌ ဆွေးနွေးပွဲဖြစ်မြောက်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရှိရ သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိမည်

(၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန်အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် ဘရူးနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ဘရူးနိုင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း Eleven Media Group မှ သတင်း ယူရန် ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ကိုနေထွန်းနိုင်က သတင်းပေးပို့ခဲ့ပါသည်။

အီးယူ ပိတ်ဆို့မှုဖယ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် အမြင်

Photo: အီးယူ ပိတ်ဆို့မှုဖယ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် အမြင်
Tuesday, April 23, 2013


ဥရောပသမဂ္ဂ က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ဖယ်ရှားမှု နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က တယ်လီဖုန်း ဆက်သွယ်ပြီး၊ သီးသန့် မေးမြန်းခန်း ပြုလုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုကြောင်း၊ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ နဲ့ တွေ့တဲ့ အခါတိုင်း မှာလည်း ဒီအရေး ကိစ္စ ဆွေးနွေး ဖြစ်ကြောင်း၊ ဖြေကြားပါတယ်။ပိတ်ဆို့မှု တွေ အနက်၊ လက်နက်ရောင်းဝယ်မှု ဆက်လက် ပိတ်ပင်ထားမှု ကိုလည်း ဥရောပသမဂ္ဂ ရဲ့ သဘောထား ဖြစ်တဲ့ အတွက် လက်ခံနိုင်ပုံ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားတဲ့ နေရာမှာ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်နေဆဲမို့ စောလွန်းနေတယ် လို့ ထင်မနေဘူး လား ဆိုတဲ့ မေးခွန်းကိုတော့ ၊ ဒီအရေးကိစ္စ တွေဟာ ဥပဒေစိုးမိုးရေး နဲ့တခြား နိုင်ငံရေး ၊ လူမှုရေး ပြဿနာတွေ၊ နဲ့ သာ သက်ဆိုင်ပုံ၊ ပိတ်ဆို့မှု ဖယ်ရှားတာနဲ့ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှိတာနဲ့ အမျှ ပြည်သူတွေ စီးပွားရေး ကို ငြိမ်းချမ်းစွာ လုပ်နိုင် လာတာ နဲ့ လူမှုရေး ပြဿနာတွေ ပြေလည်ရေး အပိုင်း ကို အထောက်အကူ ပြုမယ် လို့ မျှော်လင့်ပုံ တွေ ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ ကို ပြောပြပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေး အပိုင်းမှာလည်း ပြည်ပ အထောက်အကူ၊ အချက်အလက် တွေ ထက်၊ အဓိက သော့ချက်ဖြစ်တဲ့ ပြည်တွင်းနိုင်ငံရေး အုပ်စု နဲ့ တပ်မတော် အပါအဝင် အင်အားစု တွေ အပေါ် မူတည်ကြောင်း ပြောပါတယ်။ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တွေ မှာ မွတ်ဆလင် တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုမှု မရှိလို့ ဝေဖန်သံတွေ ထွက်ပေါ်တဲ့ အပေါ်မှာတော့ သူ့အနေနဲ့ ဝေဖန်သံတွေ ကို မအံ့သြပုံ၊ သူကိုယ်တိုင်ရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါ ဘယ်လို အကြမ်းဖက် ပုံစံမျိုး ကိုမှ လက်မခံ၊ ဆန့်ကျင်ခဲ့ပုံ တွေ ပြောပါတယ်။ ဘက်လိုက်တဲ့ ပြောဆိုမှု ကို တော့ မပြောနိုင်ပုံ လည်းရှင်းပြပါတယ်။သူပြောသမျှတွေ ဟာ လူအများ ကျေနပ်အောင် ပြောနေတာ မဟုတ်သလို၊ အကြမ်းဖက်မှု တွေ ဟာ ဘယ်ပြဿနာ ကိုမှ လည်းပြေလည်အောင် လုပ်မပေးနိုင်ဘူး လို့ ဆိုပါတယ်။ လာမယ့် ရွေးကောက်ပွဲ ကို ဝင်ခြင်းအားဖြင့် ပြည်သူတွေ လိုလားတဲ့ အခြေအနေ တရပ် ကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေး တရပ်လို့ မြင်ပုံ တွေ ကို ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ သတင်းထောက် Fergal Keane ရဲ့ သီးသန့်မေးမြန်းခန်း မှာ ဖြေကြားသွားပါတယ်။
BBC ဥရောပသမဂ္ဂ က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ဖယ်ရှားမှု နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က တယ်လီဖုန်း ဆက်သွယ်ပြီး၊ သီးသန့် မေးမြန်းခန်း ပြုလုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုကြောင်း၊ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ နဲ့ တွေ့တဲ့

မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအားမဲမနှိုက်တော့ပဲ ဦးရာလူ စနစ်ဖြင့် ရောင်းမည်

Photo: မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအားမဲမနှိုက်တော့ပဲ ဦးရာလူ စနစ်ဖြင့် ရောင်းမည်
Tuesday, April 23, 2013

မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ်နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တန်းစီဦးရာလူစနစ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ဆင်းမ်ကတ် ၀ယ်ယူလိုသူတွေဟာ အိမ်ထောင်စုဇယားမူရင်း ပတ်စပို့ဓါတ်ပုံ နှစ်ပုံ ယူဆောင်လာဖို့လိုအပ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆင်းမ်ကတ်တစ်ကတ်နှုန်းသာရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးခရိုင်အတွင်း ဆင်းမ်ကတ်ပေါင်း ၃၂၄၀၀ ကတ် ရောင်းချပေးမှာဖြစ်ပြီး မြို့နယ်အလိုက် ဆင်းမ်ကတ် ခွဲတမ်း ရရှိမှုကို ဖော်ပြပါတယ်။

စဉ် မြို့နယ် ရရှိခွဲတမ်း(ကတ်)

၁။ အောင်မြေသာစံ ၄၅၀၀
၂။ ချမ်းအေးသာစံ ၃၅၀၀
၃။ မဟာအောင်မြေ ၃၅၀၀
၎။ ချမ်းမြသာစည် ၅၅၀၀
၅။ ပြည်ကြီးတံခွန် ၃၅၀၀
၆။ အမရပူရ ၅၉၀၀
ရ။ ပုသိမ်ကြီး ၆၀၀၀

(မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအတွက် ဆင်းမ်ကတ်ပေါင်း ၆၅၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်။)

The Modern News Journal
မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ် နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရခိုင်ပဋိပက္ခ ၅ ကြိမ်မြောက် အစီရင်ခံစာ သမ္မတထံ တင်ပြထား

Print This Post
ပဋိပက္ခ ပြီးခါစ စစ်တွေမြို့ကို တွေ့ရစဉ် (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ ၅ ကြိမ်မြောက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

စိန်စု လမ်းစဉ်နှင့် ဒီမိုကရေစီ အနာဂတ် (၁)

Print This Post
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး နောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေး အပြုသဘောဆောင် တိုးတက်လာခဲ့သည် (ဓာတ်ပုံ – သမ္မတ ရုံး)


မြန်မာနိုင်ငံရေး အခြေအနေ ဘယ်လို ရှိသလဲ။
ထိုမေးခွန်းကို မကြာခဏ ကျနော် အမေးခံရသည်။ ထိုင်နေကျ လက်ဘက်ရည် ဆိုင်ပိုင်ရှင်က ဖြစ်စေ၊ မိတ်ဆွေ တချို့ က ဖြစ်စေ၊ လမ်းတွင်ငှားစီးသည့် တက္ကစီ ကားဒရိုင်ဘာက ဖြစ်စေ၊

ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်

ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်
Tuesday, April 23, 2013

တနှစ်တာအတွင်း ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို ချီးမြှင့်ဖို့အတွက် ဆန်ကာတင် ကစားသမား ၆ ယောက်စာရင်းကို အက်ဖ်အေက တရားဝင်ကြေညာသွားခဲ့ပါပြီ။

ကစားသမား ၆ ယောက်စာရင်းမှာ မန်ယူမှ ဗန်ပါစီ၊ ကားရစ်တို့ ပါဝင်လာပြီး စပါးအသင်းမှ ဂါရက်ဘေးလ်၊  ချယ်ဆီးအသင်းမှ မာတာနဲ့ ဟာဇက်၊ လစ်ဗာပူးအသင်းမှ လူးဝစ် ဆွာရက်စ်တို့ ပါဝင်လာတာ ဖြစ်ပါတယ်။

အကောင်းဆုံး လူငယ်ကစားသမား စာရင်းမှာတော့ ဘေးလ်နဲ့ ဟာဇက်တို့ ထပ်မံပါဝင်လာပြီး အက်စတွန်ဗီလာမှ ဘန်တီကီ၊ ၀က်ဘရောင်းမှ လူကာကူ၊ မန်ယူမှ ဒန်နီဝဲယ်ဘက်နဲ့ အာဆင်နယ်မှ ဂျက် ၀ဲယ်ရှိုင်းယားတို့ ပါဝင်လာပါတယ်။

ဂါရက် ဘေးလ်က ၂၀၁၁ တုန်းက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိထားပြီး အရင်နှစ်ကတော့ ဗန်ပါစီက ရရှိထားပါတယ်။ ယခုနစ်ဟာ ဒီဆုကို စတင်ချီးမြှင့်လာတာ နှစ် ၄၀ မြောက် နှစ်ပတ်လည်ဖြစ်ပြီး ပထမဦးဆုံး ဆုကို လိဒ်ယူနိုက်တက် ကစားသမား နော်မန် ဟန်တာက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို ယခုလ ၂၈ ရက်နေ့မှာ ကြေညာပြီး ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီဆုကို ပရီးမီးယားလိဂ်မှ ကစားသမားများက မိမိတို့ကြိုက်နှစ်သက်တဲ့ တဖက်အသင်းမှ ကစားသမားကို မဲပေးရတာဖြစ်ပြီး မိမိအသင်းမှ ကစားသမားကို မဲပေးပိုင်ခွင့် မရှိပါဘူး။ ဆန်ကာတင်စာရင်းမှာ ထူးခြားစွာ ပါလာတဲ့ မိုက်ကယ် ကားရစ်နဲ့ ပတ်သက်ပြီး ဂေါ်ဒန်တေလာက “သူဟာ ကစားသမားတွေရဲ့ စိတ်ကြိုက် ကစားသမား တယောက်ပါပဲ၊ အားကစား သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ သူ့ကိုမတွေ့ရပေမယ့် သူဟာသူနဲ့ ဘ၀တူ ဘောလုံးသမားတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ ကစားသမားတဦးပါ” ဆိုပြီး ချီးကျူးပြောဆိုသွားပါတယ်။

အသက် ၂၃ နှစ်ရှိ ဂါရက်ဘေးလ်ဟာ တော့တမ်ဟမ်အတွက် လက်ရှိအချိန် ၃၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူပေးထားသလို စပါးအသင်း ချန်ပီယံလိဂ် ပြန်ဝင်ရေးအတွက် အဓိက တိုက်ပွဲဝင်နေသူတဦး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဂေါ်ဒန်တေလာက သူဟာကွင်းထဲမှာ ထင်ရှားနေအောင် ကစားတတ်တဲ့သူပါ။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး ကလပ်တွေက သူ့ကိုရယူဖို့ ကြိုးစားနေတာကို မအံ့သြပေမယ့်လို့ ပရီးမီးယားလိဂ်မှာပဲ ဆက်နေမယ်လို့ မျှော်လင့်ပါတယ်။

အာဆင်နယ်အသင်းနဲ့ နောက်ဆုံးရာသီမှာ ၃၇ ဂိုးသွင်းပြီး မန်ယူအသင်းသို့ ပြောင်းရွှေ့ လာတဲ့ ဗန်ပါစီဟာလည်း ဆုရရှိဖို့ ရေပန်းစားနေပြီး မန်ယူအသင်းအတွက် ဖလားရရှိရေးမှာ သူရဲ့ ဂိုးတွေက အခရာကျနေပါတယ်။

နောက်ထပ် ရေပန်းစားနေတဲ့ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၂၃ ဂိုး သွင်းယူထားတဲ့ ဆွာရက်စ်ဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၂၉ ဂိုး သွင်းယူထားပါတယ်။ ဥရုဂွေး ကစားသမား ဆွာရက်စ်နဲ့ ပတ်သတ်ပြီး ဂေါ်ဒန်တေလာက ပြဿနာပေါင်းစုံနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ ဆွာရက်စ်ကို  ပြဿနာတွေနဲ့ သူရဲ့အရည်အချင်းကို ခွဲမြင်တတ်ဖို့ လိုပါလိမ့်မယ်။ ဒါဟာ ဘောလုံးကစားရာမှာ ထူးချွန်တာကို ပေးတဲ့ဆုပါလို့ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးကစားသမား ၂ ဦးဖြစ်တဲ့ မာတာနဲ့ ဟာဇက် တို့ဟာလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နေတဲ့ ကစားသမားတွေဖြစ်ပြီး ဂေါ်ဒန်တေလာက မာတာဟာ ချယ်ဆီးအသင်းအတွက် ဒီနှစ်မှာလည်း အဓိက အင်ဂျင်စက် တလုံးပါဆိုပြီး ချီးကျုးပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဆုရရှိခဲ့တဲ့ အကောင်းဆုံး ကစားသမားများ

၂၀၁၁-၂၀၁၂  (ဗန်ပါစီ – အာဆင်နယ်)
၂၀၁၀-၂၀၁၁  (ဘေးလ် – စပါး)
၂၀၀၉-၂၀၁၀ (၀ိန်း ရွန်နီ – မန်ယူ)
၂၀၀၈-၂၀၀၉ (ရိုင်ယန်ဂစ် – မန်ယူ)
၂၀၀၇-၂၀၀၈ (စီရော်နယ်ဒို – မန်ယူ)

ဧရာဝတီ

တနှစ်တာအတွင်း ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို ချီးမြှင့်ဖို့အတွက် ဆန်ကာတင် ကစားသမား ၆ ယောက်စာရင်းကို အက်ဖ်အေက တရားဝင်ကြေညာသွားခဲ့ပါပြီ။

ရဟန်းဘ၀ ခံယူခဲ့တဲ့ သူဌေးကြီး ဦးတေဇ

မြန်မာနိုင်ငံက သူဌေးကြီး ဦးတေဇဟာ အခုတလော ဆက်တိုက်ဆိုသလို အလှူတွေပေးနေတာပါ။ မကြာသေးမီကလည်းနယ်စွန်နယ်ဖျားတွေ သွားပြီး မျက်စေ့ အလင်းရစေတဲ့ အလှူတွေလည်း လုပ်ဆောင် ခဲ့သေးပါတယ်။


 ဦးတေဇ ရဟန်းဘောင်ဝင်စဉ်၊ ဓာတ်ပုံများ- ဦးတေဇ၏ ဖေ့စ်ဘုတ်စာမျက်နှာ

အခု နောက်ဆုံး သူကိုယ်တိုင် ရဟန်းဘ၀ ခံယူခဲ့တဲ့ ဖြစ်စဉ်ကို သူ့ရဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဖော်ပြလာပါတယ်။ 

ဘော်စတွန် ဗုံးခွဲမှု သံသယ တရားခံကို စစ်ဆေးမေးမြန်းရန် စောင့်ဆိုင်းနေရဆဲ

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနှင့် စပ်လျဉ်းသည့် သံသယ တရားခံကို မေးမြန်း စစ်ဆေးရန် အကြမ်း ဖက်မှု တိုက်ဖျက်ရေး အရာရှိများက အနေဖြင့် စောင့်ဆိုင်းနေရဆဲဟု သိရှိရသည်။

" ဗန်ပါစီရဲ့ ဟက်ထရစ်ဂိုးနှင့် အတူ မန်ယူအသင်း အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံ ဖလားအတွက် အောင်ပွဲခံခဲ့ "



Photo: " ဗန်ပါစီရဲ့ ဟက်ထရစ်ဂိုးနှင့် အတူ မန်ယူအသင်း အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံ ဖလားအတွက် အောင်ပွဲခံခဲ့ "

ဧပြီ ၂၂ ရက်နေ့က  ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)၏ ပွဲကျန်တစ်ပွဲဖြစ်သော မန်ယူအသင်းနှင့် အက်စတွန်ဗီလာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်ယူအသင်းက တိုက်စစ်မှူး ဗန်ပါစီ၏  ဟက်ထရစ်ဂိုးနဲ့ အနိုင်ရရှိခဲ့သည်။ 

၎င်းပွဲ အနိုင်ရခဲ့ခြင်းကြောင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲပြီး ဆုံးရန် ၄ ပွဲအလို၌ ဒုတိယနေရာမှ ပြိုင်ဘက် မန်စီးတီးအသင်းကို ပြတ်ပြတ်သားသား အမှတ်ဖြတ်ကာ အကြိမ်၂၀ မြောက် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အဖြစ်အောင်ပွဲခံနိုင်ခဲ့သည်။ z

photo - the sun

ဧပြီ ၂၂ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)၏ ပွဲကျန်တစ်ပွဲဖြစ်သော မန်ယူအသင်းနှင့် အက်စတွန် ဗီလာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်ယူအသင်းက တိုက်စစ်မှူး ဗန်ပါစီ၏ ဟက်ထရစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့သည်။

"နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက် အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက် ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

ဦးနှောက်လှိုင်း အသုံးပြု အပြန်အလှန် ဆက်သွယ်စေခိုင်းနိုင်မည့် ထိတွေ့မှုမဲ့ tablet ထုတ်လုပ်နိုင်ရန် Samsung ကြိုးစား



tablet နှင့် smartphone များကိုအသုံးပြုသူ၏ စိတ်ကူးအကြံဖြင့် ထိန်းချုပ်စေစားနိုင်မည့် နည်းပညာကို Samsung ကုမ္ပဏီမှတီထွင် ကြံဆလျှက်ရှိသည်ဟု သိရသည်။ လတ်တလောတွင် ဦးနှောက်လှိုင်း အာရုံခံ ကိရိယာခေါင်းစွပ် EEG caps ပါဝင်သော ပရောဂျက်တစ်ခုကို တက္ကဆပ် တက္ကသိုလ်ရှိ သုတေသန ပညာရှင် များနှင့် ဆောင်ရွက်လျှက် ရှိသည်။

မိုင်းရှုးမြို့ နယ်တွင် SSA (၀မ်ဟိုင်း) အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

Photo: မိုင်းရှုးမြို့ နယ်တွင် SSA (၀မ်ဟိုင်း) အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ
Tuesday, April 23, 2013

ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းရူးမြို့ နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ယမန်နေ့က SSA (၀မ်ဟိုင်း) အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားခဲ့သည်ဟု ဒေသခံဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရ သည်။
“ ဟိုတစ်နေ့ မနက်ပိုင်းက ရွာထဲကို ရှမ်းစစ်သားတွေ ၀င်လာတယ်၊ တစ်အိမ်ကို ၁၀၀၀ ကနေ ၁၀၀၀၀ အထိ ကောက်သွားတာပဲ၊ တိုက်ပွဲတွေဖြစ်နေတဲ့ ကာလမှာ သူတို့ကို ဆက်ကြေးပေးနေရတာဟာ ကျွန်တော်တို့ ဒေသခံတွေအတွက် အများကြီးနစ်နာပါတယ်၊ အခုမိုင်းရှုး - တန့်ယန်းကားလမ်းကလည်း ပိတ်ထားတယ်၊ မီးသွေးဖုတ်ထားတာတွေ ဘယ်ကိုမှ သွားမရောင်းရဲဘူး၊ လမ်းမှာစစ်ဆေးမေးမြန်းတာတွေ လုပ်တယ်၊ အခန့် မသင့်ရင် ထိုးကြိတ်ရိုက်ပုတ်တာ ခံရသေးတယ်၊ ကိုယ့်မိသားစုအတွက်တောင် စားဖို့မနည်းရှာဖွေနေရတဲ့ ကာလမှာ အဲဒီလို ဆက်ကြေးတွေပေးရတာ မတရားဘူးလို့ ထင်တယ်ဗျာ၊ ဒီဝဋ်က ဘယ်တော့ကျွတ်မလဲ မသိပါဘူး ” ဟု ၀မ်လွယ် ရွာသားတစ်ဦးက ပြောပြသွားသည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မိုင်းရှုးမြို့နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာများ၌ နေ့စဉ် လှည့်လည် သွားလာပြီး ဆက်ကြေးများကောက်ခံလျှက်ရှိကြောင်း ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအား သွားရောက် သတင်း ပေးပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ အချို့ရွာများမှ မိသားစုဝင်များမှာ တန့်ယန်း မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မိုင်းရှုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း မိုင်းရှုးမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စော်ဘွားလေး 
ရှမ်းသတင်းစဉ်
ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းရူးမြို့ နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ယမန်နေ့က SSA (၀မ်ဟိုင်း) အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားခဲ့သည်ဟု ဒေသခံဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရ သည်။

EU က မြန်မာအပေါ်လက်နက် ကလွဲရင် ပိတ်ဆို့မှုအားလုံး ရုတ်သိမ်း

Photo: EU က မြန်မာအပေါ်လက်နက် ကလွဲရင် ပိတ်ဆို့မှုအားလုံး ရုတ်သိမ်း
Tuesday, April 23, 2013

အီးယူ ဥရောပ သမဂ္ဂ ကနေ မြန်မာ နိုင်ငံ အပေါ် ချမှထားတဲ့ စီးပွါးရေး ဒါဏ်ခတ်ပိတ်ဆို့မှု မှန်သမျှကို လက်နက်ရောင်းချခွင့်မှ တပါး အားလုံး ဖယ်ရှားလိုက်ပြီလို့ အီးယူက ကြေငြာ လိုက်ပါတယ်။

လူပုဂ္ဂိုလ် တဦးချင်းစီ နာမည်နဲ့ သတ်မှတ် ပိတ်ဆို့ထားမှု အားလုံးကို လဲ မနေ့က စပြီး ရုပ်သိမ်းပးလိုက်ပြီ ဖြစ်ပါတယ်။

EU စီးပွါးရေ ဒါဏ်ခတ်မှု မှာ မြန်မာ နိုင်ငံက ကုမဏီ ပေါင်း ၁၀၀၀ နီးပါး ရဲ့ ငွေကြေး တွေကို ဒါဏ်ခတ်ပိတ်ဆို့ ထားပြီး၊ မြန်မာ နိုင်ငံက တသီး ပုဂ္ဂလ ယောက် ၅၀၀ ကိုလဲ နာမည် နဲ့ EU နိုင်ငံ တွေကို ဝင်ခွင့်ပိတ်ဆို့ထားတဲ့ အပြင်၊ EU နိုင်ငံတွေကို စစ်လက်နက် ဆိုင်ရာကူညီမှုတွေ၊ တွင်းထွက်
ပစ္စည်း နဲ့ သစ်ထုတ်လုပ်ရေး ဆိုင် ရာ တွေ စီးပွါးရေး ရင်းနှီး မြှုပ်နှံမှု တွေ ကိုလဲ ပိတ်ဆို့ခဲ့ပါတယ်။

ကုန်သွယ်ခွင့်၊စီးပွားရေး ဆောင်ရွက်ခွင့် လမ်းပြန်ဖွင့်ပေးလိုက်တာဟာ မြန်မာ
နိုင် ငံ က ပြုပြင် ပြောင်းလဲမှု တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ ဆောင်ရွက်
တာ ဖြစ်တယ်လို့သိရပါတယ်။

EUက မနှစ်တုန်းက ပိတ်ဆို့မှုတွေ ကို ယာယီ ရုပ်သိမ်း ပေးခဲ့တာ ဖြစ်ပြီး၊ အခုတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု တွေဟာ ဆက်လက်ထွန်းကားဖို့ ရှိတယ်ဆိုတဲ့ အမြင်တွေ နဲ့ ဆက်လက်ရုပ်သိမ်းမှုကို ထားရှိသွားမယ်လို့ လဲသိ ရ ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက အီးယူ ဥရောပသမဂ္ဂကနေ မြန်မာ
နိုင်ငံအပေါ်ချမှထားတဲ့ စီးပွါးရေးဒါဏ်ခတ်ပိတ်ဆို့မှုတွေ စောစောပိုင်းက ယာယီခမှတ်ခဲ့တာကို အပြီးအပိုင် ချပေး ဖို့ ပြောဆိုခဲ့ပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကလည်း အပြီးတိုင် ရုပ်သိမ်းသင့်တဲ့အခြေအနေ ဖြစ်လာ
ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မိထ္ထီလာ အရေး အခင်းစတင်ဖြစ်ပွါးခဲ့ချိန်က ပဋိပက္ခတွေ ကို ရဲတွေ က နေ တားဆီးမှု မပြုခဲ့ တဲ့ပုံတွေ၊ ဖေးမကူညီမှု မပြုခဲ့တာတွေ၊ လျှစ်လျှူရှုခဲ့တဲ့ ပုံ တွေ အပြင်၊ သံဃာတော်တွေပါဝင်နေ တဲ့ သက်သေ အထောက်အထားပုံတွေ ကို BBCက ရုပ်သံတွေ က ထုတ်ဖေါ်ခဲ့ပြီး နောက်၊ အခုလို ဆန်ရှင်ဒါဏ်ခတ်မှု ရုပ်ပေး လိုက်တာကို လူ့အခွင့်အရေးအဖွဲ့ က စောသေးတဲ့ အကြောင်း၊မှားယွင်းတဲ့လုပ်ဆောင်မှု ဖြစ်လို့မလုပ်သင့်သေး
ဘူးလို့ ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆန်ရှင်ဒါဏ်ခတ်မှုတွေကို အကြမ်းဖက်
မှုတွေ နဲ့ ဆက်စပ် မထားသင့်တဲ့အကြောင်း၊ အကြမ်းဖက်မှုတွေဟာ ဥပဒေ စိုးမိုးရေး ကြောင့် တခြားလူမှုရေးနဲ့ နိုင်ငံရေး ပြဿနာတွေ ကြောင့်ဖြစ်
တယ်လို့ ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ကတော့ လက် ရှိ အပြောင်း အလဲတွေ ကြောင့် ဆန်ရှင်တွေ ရုပ်သိမ်းဖို့ အကြောင်းပြချက်လုံလောက်တဲ့
အကြောင်း၊ မြန်မာ နိုင်ငံတွင်းမှာ လူမျိုး ရေး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဥရောပ သမဂ္ဂ အနေနဲ့ ပါဝင်ပေး ဖို့ လို အပ်တဲ့အကြောင်း၊ ရဲတပ်ဖွဲ့တွေကို သတင်တန်းပေး တာတွေ၊ ဘာသာရေး ပေါင်းစုံ တွေ့ဆုံဆွေးနွှေးမှု တွေ ပြု လုပ်ပေး ဖို့ ပန့် ပိုး မှုတွေ လို အပ်တဲ့အကြောင်းတွေကို ပြောသွားပါတယ်။

ABC Radio Australia

အီးယူ ဥရောပ သမဂ္ဂ ကနေ မြန်မာ နိုင်ငံ အပေါ် ချမှထားတဲ့ စီးပွါးရေး ဒါဏ်ခတ်ပိတ်ဆို့မှု မှန်သမျှကို လက်နက်ရောင်းချခွင့်မှ တပါး အားလုံး ဖယ်ရှားလိုက်ပြီလို့ အီးယူက ကြေငြာ လိုက်ပါတယ်။

[ကောင်းမှုတစ်ခုနေ့စဉ်ပြု။]

*နေ့စဉ်သရဏဂုံဆောက်တည်ပါ။
*နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (သုးံခေါက်)

မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ

ကျပ် နှစ်သိန်းဖြင့် ရောင်းချခဲ့သော CDMA 800 MHz မိုဘိုင်း ဆင်းကဒ်များကို ကျပ် ၁,၅၀၀ ဖြင့် ဝယ်ယူ ခွင့်ရရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ လျှောက်လွှာများ စတင်ဖြည့် သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။

သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး

သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး

သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။
အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

သန္ဓေသားအနေအထား အိပ်စက်တတ်သူလား

အိပ်တဲ့အခါ ဘောလုံး တစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်တတ် သူလား။ လေ့လာမှုအရ လူတစ်ဝက် ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ် တယ်လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာက သက်သောင့် သက်သာရှိပြီး စိတ်ပူ ပင်သောကတွေ လျော့ပါး သွားပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန် တာဝန် သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။

သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား

လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေ အထားအတိုင်း အိပ်စက်တတ် သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ်တုံးတစ်တုံးချထားသလို အိပ်စက်တတ်တယ်လို့ သိရပါတယ်။ ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့် တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာ ခံစားရတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ကြွက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း သီးသန့်နေတတ်ပြီး သမားရိုးကျ ဘဝမျိုးမှာ နေတတ်ပါတယ်။

ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား

သင်က ဘေးစောင်းပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေ အထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ် တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေ မိတတ်ပါတယ်။

မှောက်လျက် အိပ်တတ်သူလား

ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ်တတ်သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှု အရ သိရပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ

မှောက်ရက် အိပ်တတ်သူ အများစုက အချိန်ကို စီမံခန့်ခွဲ တတ်ကြပါတယ်။ ဘယ်တော့မဆို နေရာ ရအောင် ယူတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့် သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။

သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။
အတွေ့ရများတဲ့ အိပ်စက်ပုံတွေကို ခန္ဓာကိုယ်ဘာသာစကား ကျွမ်းကျင်သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံအနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာ ယူတတ်သူလားဆိုတာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

၁၅၀၀တန် ဆင်းကဒ်များ မဲနှိုက်စနစ်ဖြင့်ရောင်း ၊ ကိုယ်တိုင် မနှိုက်ရ

၁၅၀၀တန် ဆင်းကဒ်များ မဲနှိုက်စနစ်ဖြင့်ရောင်း ၊ ကိုယ်တိုင် မနှိုက်ရ
Tuesday, April 23, 2013 

တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း
ပြည်သူများ အနေဖြင့် မဲလိပ်များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးများမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်နံနက် ၈း၃၀ နာရီ အချိန်မှစပြီး တန်ဖိုးနည်း CDMA ၈၀၀ ဖုန်း အလုံး (၃၆၀) ကို မဲစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မဲများအားစီစစ် ရေတွက်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဧပြီ ၂၄ရက်နေ့တွင် မဲပေါက်သူများကို အိမ်တိုင်ရာရောက် ဆင်းကဒ်များ လိုက်လံပေးမည်ဟု အဆိုပါ ရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးမှ သိရသည်။

“ မဲက ကိုယ်တိုင် မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့ သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊ ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။ နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ကိုသန်းမြင့်က မဇ္ဈိမကို ပြောသည်။

တလမ်းလျှင် ခြောက်လုံးနှုန်း မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက် ပို့ပေးမည်ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက် ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရ
မည်ဟု မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။

မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများ
ပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ဦးလှထွန်းက " မနက် ၈နာရီခွဲလောက်ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။ ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေပဲ နှိုက်တာ။ ဘုန်းကြီးတွေ အတွက်ကော မယ်သီလရှင်တွေအတွက်ကော အကုန်ပါ
တယ်" ဟုဆိုသည်။

ယခုလို မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်
အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။

မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက“ကျွန်မ
တို့ အခုဆင်းကဒ်ရောင်းတဲ့ စနစ်ကို သိပ်စိတ်အလိုမကျဘူး။ သမာသမတ် မကျဘူးလို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက်ရဘူး။ ရောင်း
တဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်းအားလုံးထုတ်ပြီး ရောင်းလိုက်အဲဒါရှင်းတယ်။ ”သူမ၏ အမြင်ကိုပြော
သည်။

၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည်ဖြစ်ကာ အကယ်၍ မဖြည့်
သွင်းနိုင်ပါက ဖုန်းကဒ်သည်အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း
ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲ
ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆင်းကဒ် တသိန်း
နှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်
ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူတည်၍ ရောင်းချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။

Mizzima - News in Burmese

တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း ပြည်သူများ အနေဖြင့် မဲလိပ် များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူး ရုံးများ မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံပေါ် အီးယူ ပိတ်ဆို့မှုများ ရုပ်သိမ်း

မြန်မာနိုင်ငံပေါ် အီးယူ ပိတ်ဆို့မှုများ ရုပ်သိမ်း
Tuesday,April23,2013

အီးယူ ဥရောပ သမဂ္ဂ ကနေ မြန်မာ နိုင်ငံ အပေါ် ချမှထားတဲ့ ကုန်သွယ်ခွင့်၊ စီးပွားရေး နဲ့ လူပုဂ္ဂိုလ် တဦးချင်းစီ ဆိုင်ရာ ပိတ်ဆို့မှု အားလုံးကို ဒီကနေ့က စလို့ အပြီးတိုင် ပြန်ရုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်တာဟာ မြန်မာ နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကိုအသိအမှတ် ပြု တုံ့ပြန် ဆောင်ရွက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ အပေါ်လက်နက် ရောင်းချခွင့် ပိတ်ပင်ထားတာ ကိုတော့ ဆက်ထားဦးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ပိတ်ဆို့မှုတွေကို ယာယီ ရုပ်သိမ်း ပေးခဲ့တာ ဖြစ်ပြီး၊ အခုတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ အပြီးတိုင် ရုပ်သိမ်းသင့်တဲ့ အခြေအနေ ဖြစ်လာခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ပြောပါတယ်။

BBC News
အီးယူ ဥရောပ သမဂ္ဂ ကနေ မြန်မာ နိုင်ငံ အပေါ် ချမှထားတဲ့ ကုန်သွယ်ခွင့်၊ စီးပွားရေး နဲ့ လူပုဂ္ဂိုလ် တဦးချင်းစီ ဆိုင်ရာ ပိတ်ဆို့မှု အားလုံးကို ဒီကနေ့က စလို့ အပြီးတိုင် ပြန်ရုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး

မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင် ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်အဆစ် ချိုးလျှင်


လက်အဆစ် ချိုးလျှင်
Tuesday,April23,2013

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။

သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။

Ref: medic-facts

လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။
သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင်ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုး ကျိုးတော့ ရှိပါတယ်။

ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု


ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု
Tuesday,April23,2013

ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ရသည်ဟု သိရသည်။


ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် တနေ့လုံးရောင်းချထားသော ငွေများပျောက်ဆုံးနေကြောင်း၊ ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများနှင့် သေဆုံးနေကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ပြောသည်။


သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက  ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။

ကောင်းမြတ်မင်း ~



   ဧရာဝတီ

ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။

တရုတ်နိုင်ငံမှာ ပညာသွားသင်သော ကချင်လူငယ်များ၏ အနာဂတ် KIA လက်ထဲမှာ ရှိနေ

တရုတ်နိုင်ငံမှာ ပညာသွားသင်သော ကချင်လူငယ်များ၏ အနာဂတ် KIA လက်ထဲမှာ ရှိနေ
Tuesday,April23,2013

ကချင်ပြည်နယ် မိုင်ဂျာယန် အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားကျောင်းသူ (၆) ဦးသည် ယမန်နေ့ က တရုတ်နိုင်ငံသို့ ပညာသင်ကြားရန် ထွက်ခွာသွားခဲ့သည်ဟု မြို့ ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။


“ ဆယ်တန်းကျောင်းသား / ကျောင်းသူတွေချည်းပါ ၊ ကျောင်းသား (၃) ယောက် ၊ ကျောင်းသူ (၃) ယေက် စုစုပေါင်း (၆) ယောက်ပေါ့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ ကူမင်းမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ တစ်နည်းခေါ်တာကတော့ ဘာသာပြန် သင်တန်း ဖြစ်ပါတယ်၊ ၂ နှစ်တက်ရမယ်လို့တော့ အကြမ်းဖျဉ်းသိရတယ်၊ အဲဒီသင်တန်းကိုသွားတက်ဖို့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA အဖွဲ့က ထောက်ပံ့ပေးတာလို့ ကလေးတွေ ရဲ့ မိဘတွေဆီက ပြန်ကြားရတာပဲ ၊ သင်တန်းဆင်းပြီး ပြန်လာရင်တော့ ကချင် ပြည်နယ်အတွက် အလုပ် အကျွေးပြုမလား၊ ဒါမှမဟုတ် KIA အဖွဲ့ရဲ့ အခိုင်းအခံဘ၀ရောက် မလား အသေအချာ မပြော နိုင်သေးပါဘူး” ဟု မိုင်ဂျာယန်အထက်တန်းကျောင်းမှ ဒေသခံဆရာတစ်ဦးက ပြောပြသွားခဲ့ သည်။

၎င်းကျောင်းသား/ကျောင်းသူ(၆)ဦးအား KIA အဖွဲ့က မိုင်ဂျာယန်ကနေတစ်ဆင့် တရုတ်နိုင်ငံ ယန်ကျန်းမြို့ လမ်းကြောင်း အတိုင်း မံရှိလေဆိပ်လို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
http://www.kachindailynews.com/

ကချင်ပြည်နယ် မိုင်ဂျာယန် အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားကျောင်းသူ (၆) ဦးသည် ယမန်နေ့ က တရုတ်နိုင်ငံသို့ ပညာသင်ကြားရန် ထွက်ခွာသွားခဲ့သည်ဟု မြို့ ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်

4.22.6
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Monday, April 22, 2013

"အာဆီယံဂီတ ပွဲတော်တွင် အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) ၏ Blood Sugar Politik ပါဝင်ဖျော်ဖြေမည်"


Photo: "အာဆီယံဂီတ ပွဲတော်တွင် အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) ၏ Blood Sugar Politik ပါဝင်ဖျော်ဖြေမည်"

ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် CAMA Vietnam တို့စီစဉ်တင်ဆက်သော " Artwork is Work: ASEAN Music Festival " အာဆီယံဂီတဖျော်ဖြေပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၁၁ 
ရက်နေ့၌ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) က ၎င်း၏ ဂီတအဖွဲ့တစ်ခုဖြစ်သော Blood Sugar Politik အဖွဲ့အနေဖြင့် ပါဝင်ဖြေဖျော်မည်ဖြစ်သည်။ 

ထို အာဆီယံဂီတဖျော်ဖြေပွဲတွင် တခြားအာဆီယံနိုင်ငံများမှ ဂီတအဖွဲ့များလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ MOLAM INTERNATIONAL အဖွဲ့ ၊ ဗီယက်နန်မှ 18 + အဖွဲ့ နှင့် TBD အဖွဲ့ ၊ 
စင်ကာပူမှ MUON အဖွဲ့ ၊ ဖိလစ်ပိုင်မှ PULSO အဖွဲ့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။ Z

ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် CAMA Vietnam တို့စီစဉ်တင်ဆက်သော " Artwork is Work: ASEAN Music Festival " အာဆီယံဂီတဖျော်ဖြေပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၁၁ရက်နေ့၌

Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ

Photo: Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
Monday ,April22 ,2013

နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့်

အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင် များသုံး POS ပစ္စည်းများလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Taiwan နိုင်ငံမှ တင်သွင်းသော BIRCH Brand အမည်ဖြင့် POS နှင့် ဆက်စပ် သုံးရသော  Barcode Label Printer, Thermal & Dot Matrix Receipt Printer, Barcode Laser Scanner၊ ယင်းတို့၏ ဆက်စပ်ပစ္စည်း များအား  မှန်ကန်သော ဈေးနှုန်းများဖြင့်   ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

POS ပစ္စည်းများ အနေဖြင့် Gun Type Barcode Scanner တွင် Auto Sensor, Liner Image CCD, Long Range CCD, CCD Scanner များကို လည်းကောင်း၊ Barcode Printer တွင် Barcode Label Printer, Receipt Printer (Doxtmatrix/ Thermal) များကို လည်းကောင်း၊  POS Cash Drawer, 15" Touch Screen USB Hub နှင့် POS Display များကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Market အရောင်းဆိုင်များတွင် မရှိမဖြစ် ထားရှိရမည့် Digital Video Recorder (DVR) လုံခြုံရေး ကင်မရာ ဖမ်းစက်နှင့် CCTV လုံခြုံရေး ကင်မရာ များကိုလည်း ဆိုင်အ ရောက် လိုက်လံ တပ်ဆင်ကာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့  ဗိုလ်ချုပ် လမ်းမပေါ်ရှိ Smart Computer ဆိုင်များမှ သိရသည်။

 မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”

Photo: “ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”
Monday ,April22 ,2013

အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီအစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့်ကျက် လေ့လာနေခြင်း ဖြစ်သည်။

ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန်ဆိုးရွားလှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေးအနက် ယုံကြည်ထားသည်။

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ 

FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 

Planet Myanmar Network
အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိကသံသယတရားခံ

နေ့စဉ်မိုးလေ၀သသတင်း


(၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး

Photo: တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး
Monday ,April22 ,2013

တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့မြေငလျှင်ဟာ ပြင်းအား ၇ ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ Sichaun ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Sichaun ပြည်နယ်ထဲမှာရှိတဲ့ လူရှန်နဲ့ လောင်မင် မြို့တွေဟာ ငလျှင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ငလျှင်ဒဏ်ခံခဲ့ရသူတွေကို ကူညီကယ်ဆယ်နေကြပြီး အခုဆိုရင် ငလျှင်ဒဏ်ပြင်းထန်ဆုံးခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ Baoxing မြို့ကို ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။ ငလျှင်ဒဏ်ကြောင့် မြေပြိုတာတွေ လျှပ်စစ်မီးပျက်စီးတာတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက တချို့နေရာတွေကို ခြေလျှင်နဲ့ သွားရောက်ကူညီရတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရရုပ်မြင်သံကြားသတင်းက ကူညီကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ အခုဆိုရင် ငလျှင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ Baoxing မြို့ကို ခြေလျှင်နဲ့ရောက်ရှိနေပြီးလို့ ဖော်ပြထားပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေထိခိုက်ထား တာတွေကြောင့် ပုံတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ကူညီ ကယ်ဆယ်ရေးအတွက် စစ်သားပေါင်း တစ်သောင်းခုနှစ်ထောင်နဲ့ ရဲတွေကိုလည်း ပို့ထားတယ်လို့သိရပါတယ်။

ABC radioaustralia
တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်


Photo: မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ် 
Monday ,April22 ,2013

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လမ်း စ တွေ ဖြစ်ပေါ် ပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံမှာ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နေချိန်မှာပဲ အိန္ဒိယ နိုင်ငံကလည်း ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ S Ramdorai က ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဟိန္ဒူစတန်ထိုင်းမ်စ် သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပါ ကူညီမှာဖြစ်သလို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖာလာစေ့စိုက်ပျိုးမှု တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ စက်မှုဆိုင်ရာ သင်တန်းစင်တာကို ပုခုက္ကူမြို့မှာ ဖွင့်လှစ်ပြီး မြင်းခြံမြို့မှာလည်း ဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ကွန်ပြုတာဆိုင်ရာစင်တာတွေလည်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ABC radioaustralia
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်   အောင် ကူညီဆောင်ရွက်သွားမယ် လို့ သိရပါတယ်။